escape
Escape from Your Daily Life and be ready for Tomorrow with escape.
29/11/2022
15 Secrets
Successful People Know About Time Management
By
E + 3C
E= Energy
C= Capture
C= Calendar
C= Concentrate
Energy
၁။ အချိန်သည် ရှားပါးသော အရင်းအမြစ်တစ်ခုဖြစ်၍ အကျိုးရှိရှိ အသုံးပြုရန်
၂။ အလုပ်တွင်ကျယ်မှု့သည် ခွန်အားနှင့် အာရုံစူးစိုက်မှု့တို့နှင့်သာ သက်ဆိုင်၍ ကြာချိန်နှင့် မသက်ဆိုင်ပါ။
၃။ အကျိုးရလာဒ်၏ ၈၀% သည် ၂၀% သော အလုပ်တို့မှ ပေါ်ထွက်လာခြင်းပင်ဖြစ်သည်။
၄။ တခြားသူတို့၏ အချိန်ကို ဝယ်သုံးပါ။ ကိုယ့်အချိန်ကို သုံးသင့်တဲ့ နေရာမှာသာ အသုံးပြုပါ။
Capture
၅။ အရေးအကြီးဆုံး အလုပ်တစ်ခုကို ကွေးချယ်ကာ ကျန်အလုပ်အားလုံးထက် ဦးစွာ လုပ်ကိုင်လိုက်ပါ။
၆။ အရေးကြီးအလုပ်ကို အထောက်အကူ မဖြစ်စေတဲ့ အရာမှန်သမျှကို No ဟုပြောပါ။
၇။ မှတ်စု စာအုပ် တစ်အုပ်ကို အမြဲဆောင်ထားပါ။
Calendar
၈။ To_do_list နှင့် အလုပ်လုပ်မည့်အစား Calendar နှင့်အလုပ်လုပ်ပါ
၉။ နေ့ရက်တစ်ခုရဲ့ ပထမဆုံး မိနှစ်၆၀ကို စိတ်နဲ့ကိုယ်အား အားဖြစ်စေမည့် လေ့ကျင့်ခန်းများနှင့်စတင်ပါ။
၁၀။ လုပ်စရာအလုပ်တွေက အမြဲတမ်း မကုန်နိုင် မခမ်းနိုင် ရှိနေမည်ဆိုတာကို လက်ခံပါ
၁၁။ မတူညီသည့်နေ့ရက်များတွင် မတူညီသည့် ပုံစံ Theme တွေနှင့် အလုပ်လုပ်ပါ
၁၂။ တခြားဆက်သွယ်စရာနည်းလမ်းများ မရှိတော့သည့် အခြေအနေမျိုးမှသာ အစည်းအဝေးပြုလုပ်ပါ
၁၃။ Email Inbox ကို ထိန်းချုပ်ထားပါ
၁၄။ Email ၏ Subject တွင် အဓိက လုပ်ဆောင်ရမည့် ကိစ္စကိုသာ ရေးသားပါ
၁၅။ Email ကို တတ်နိုင်သမျှ တိုတိုရေးပါ
ယခုစာအား Swe Note App မှ Kelvin Kruse ရေးသားသော စာအုပ်မှ ထုတ်နှုတ်ပါသည်
ကျွန်တော်တွေးမိတဲ့ အာဏာတည်ဆောက်ခြင်း - ၁
ကျွန်တော်တို့ Leadership အကြောင်း ပြောတိုင်း မပါမဖြစ်ဆွေးနွေးရတဲ့ အကြောင်းက Power and Influence ပါ။
Leader တစ်ယောက်ဖြစ်လာဖို့ အလိုအပ်ဆုံးအချက်တွေပြပါဆိုရင် Influenceက မပါမဖြစ် ပါလာမှာဖြစ်ပါတယ်။ ဒီလိုပဲ ဒီ Influence ကို power တစ်ခုအဖြစ်အသုံးချရာမှာလည်း ဒီ Power ဖြစ်ပေါ်လာရာ အခြေခံ အကြောင်းတရားတွေပေါ်မှာ မူတည်ပြီး အသုံးချပုံ နည်းလမ်းနဲ့ ပြန်လည်ရရှိမယ့် အကျိုးရလဒ်တွေ ကွဲပြားလေ့ရှိပါတယ်။ ဒီနေရာမှာ Power ကို အဓိက စောင်းပေးပြောချင်လို့ သူနဲ့ ဆက်နွယ်နေတဲ့ အခြားအကြောင်းအရာတွေကို ခဏ ဖယ်ထားလိုက်ပါမယ်။
Power ဖြစ်ပေါ်လာရခြင်းအကြောင်းအရာတွေကို အခြေခံအားဖြင့် ၃နေရာအနေနဲ့ ပြောလေ့ရှိပါတယ်။ ပထမ နေရာကတော့ Position လို့ခေါ်တဲ့ ရာထူး ဌာနန္ဒြပါ။ လူတစ်ယောက်မှာ အဖွဲအစည်းက သတ်မှတ်ထားတဲ့အတွက် ရာထူးတစ်ခုနဲ့အတူ လုပ်ပိုင်ခွင့်ပါရရှိထားပြီဆိုရင် သူ့မှာ အသုံးချလို့ရတဲ့ အာဏာလို့ခေါ်တဲ့ Power ရရှိနေပါပြီ။ ဒီပါဝါကို ဘယ်လိုအသုံးချလို့ရမလည်းကိုလည်း အဖွဲ့အစည်းတွေမှာ သတ်မှတ်ထားလေ့ရှိပါတယ်။ သို့သော်ငြားလည်း ခေါင်းဆောင်လုပ်သူများက လူတွေဖြစ်နေလို့ ရရှိလာတဲ့ Powerကို အသုံးချပုံတိုင်းက အဖွဲ့အစည်းက သတ်မှတ်ထားသလို အမြဲ လိုက်နာနေရဲ့လားဆိုတာကတော့ အမြဲ အငြင်းပွားနေရဦးမယ့် မေးခွန်းပါပဲ။ ဒီလိုတွေကြောင့်လည်း Ethics ဆိုတဲ့ ကျင့်ဝတ်ဆိုင်ရာ ပြဌာန်းမှု့တွေ တိုင်းတာမှု့တွေ လူ့ပတ်ဝန်းကျင်ထဲ ဝင်ရောက်လာကြတာပါ။ အာဏာပြတာတွေ အာဏာအလွဲသုံးစားလုပ်တာတွေ အာဏာကို ကာကွယ်ချင်လာတာတွေက ဒီ Position ပါဝါ တစ်ခုတည်းကိုသာ အားကိုးရာအဖြစ် ဒီခေါင်းဆောင်လုပ်သူက အသုံးချနေလို့လို့ မြင်ပါတယ်။ ဒီရာထူးသာမရှိတော့ရင် ငါဘာဖြစ်သွားမှာလည်းဆိုတဲ့ ကြောက်ရွံ့မှု့က အာနာကို ဖက်တွယ်ချင်စိတ်တွေ စိုးမိုးပြီး ကျင့်ဝတ်နဲ့ ညီမညီတောင် မစဉ်းစားနိုင်တော့တဲ့ အဖြစ်တွေအထိ ရောက်ကုန်တာကနေ လူတွေရဲ့ ကဲ့ရဲ့ခံတွေဖြစ်လာ ဒါကပဲ သူ့ကို ပိုစိုးရိမ်မှု့တွေဖြစ် အဲဒီမှာပဲ အရင်ထက်ဆိုးတဲ့ ဆုံးဖြတ်ချက်တွေချပြီး အာဏာ လက်မလွှတ်ရေးသည်သာ ဘဝ ဖြစ်သွားကြတဲ့လူတွေ ထုနဲ့ ဒေး မျက်မြင်ကိုယ်တွေ့ တွေ့နေကြရတာပါပဲ။ ဒီတော့ ခေါင်းဆောင်လုပ်သူတွေမှာ နေရာအရ ရရှိနေတဲ့ ဒီ အာဏာဟာ ရာထူးနဲ့ အတူ ပျောက်ကွယ်သွားနိုင်တယ်ဆိုပေမယ့် တခြား အာဏာရဲ့ ဖြစ်ထွန်းရာ နေရာနှစ်ခုကိုလည်း တစ်ပြိုင်တည်းတည်ဆောက်ထားနိုင်မှသာ ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နိုင်မှာပါ။ နောက်ထပ်နှစ်ခုကတော့ Personal နဲ့ Reference ပါ။ ဒီနှစ်ခု အကြောင်းကတော့ နောက်များကြမှပဲ ထပ်ရေးပါ့မယ့်။
ခုကတော့ လက်ရှိဖြစ်ပျက်နေတာတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုလည်း သတိပေးရင်း ရေးတာဖြစ်လို့ ဒီ position ဆိုတဲ့ အပိုင်းလေးကိုပဲ မီးမောင်းထိုးထားချင်လို့ပါ။ ဒီတော့ Power တစ်ခုရဖို့ Position တွေတည်ဆောက်တာ ကောင်းပါတယ်။ ဒါပေမယ့် ဒီ Position တွေဆိုတာက လူတွေရဲ့ နှလုံးသားကို ထိမ်းချုပ်နိုင်ဖို့ ခက်ပါမယ့်။ ဒါကြောင့် အရမ်းထိခိုက်ပျက်စီးလွယ်တဲ့ Position ပေါ်မှာတည်ထားတဲ့ Power ကို တည်ဆောက်ထားရင်တောင် ကိုယ့်နောက်လိုက်တွေရဲ့ ရင်ထဲထိရောက်နိုင်မယ့် တစ်နည်း သူတို့ရဲ့ စိတ်နှလုံးကို လွှမ်းမိုးနိုင်မယ့် တစ်ခြားနည်းလမ်းတွေကိုလည်း ကျင့်သုံးသင့်ပါတယ်လို့ အကြံပေးလိုက်ချင်ပါတယ်။
ဒီစာလေး ဖတ်မိလိုက်လို့ အကျိုးတစ်ခုခု ရသွားရင်ပဲဖြစ်ဖြစ် အတွေးတစ်ခုခု ရသွားရင်ပဲဖြစ်ဖြစ် ကျွန်တော် ဝေမျှရကျိူးနပ်ပါတယ်ခင်ဗျား။
အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါ။
Moe Kyaw
မြန်မာပြည်သူအားလုံးနှင့်အတူ စိတ်နှလုံး မသာမယာ ဖြစ်ရပါတယ်
မိတ်ဆွေများအားလုံး ကျန်းမာရေးဂရုစိုက်ပါ
အခြေအနေအရပ်ရပ်ကို အမြန်ဆုံး ညှိနှိုင်းအဖြေရှာနိုင်ပြီး ငြိမ်းချမ်းစွာ ကျော်ဖြတ်နိုင်ပါစေလို့ escape page ကနေ ဆုတောင်းပါတယ်
အတူတူကျော်ဖြတ်ကြပါစို့
28/01/2021
Credit ပိုးစုန်းကြူး page
"ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်" စာအုပ်ထဲက မှတ်သားစရာ သင်ခန်းစာ (၁၀) ချက် "ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်" စာအုပ်ထဲက မှတ်သားစရာ သင်ခန်းစာ (၁၀) ချက်
24/01/2021
#တစ်ပိုင်းတစ်စပုံပြင်
20 ရာစုအစပိုင်းမှာ Ford
မော်တော်ကားကုမ္ပဏီသည်
များပြားလှသောအမှာစာများကို
အလျင်မှီအောင်
ထုတ်လုပ်နိင်ရန်အတွက်
ကားစက်ရုံအသစ်ကြီးများကို
အလျင်အမြန်ဆောက်လုပ်ခဲ့ကြသည်...။
ပြဿနာက အဲဒီမှာစတာပဲဗျ...
စက်ရုံကြီးလည်းပြီးရော
test run လုပ်တဲ့အချိန်မှာ
အရေးကြီးတဲ့
လျှပ်စစ်မော်တာတစ်ခုက
စပြီးဖေါက်ပါလေရော....
အဲဒါကြီးအလုပ်မလုပ်တော့
ကျန်တဲ့အလုပ်တွေကလည်း
ဆက်သွားလို့မရတော့ဘူး
ရပ်ထားရတာပေါ့...။
၀ယ်သူတွေက တန်းဆီပြီးစောင့်နေတဲ့
အချိန်မှာ ဒီစက်ရုံကြီးသာ
ကားတွေမထုတ်နိုင်ဘူးဆိုရင်
ပြဿနာအကြီးအကျယ်တက်မှာ
အသေချာပဲ..။
ကုမ္ပဏီအုပ်ချုပ်ရေးပိုင်းက
လူကြီးတွေက တစ်မြို့လုံးမှာ
ရှိသမျှ တက်ဂနစ်ရှင်၊ အင်ဂျင်နီယာ၊
ဖိုမင်တွေနဲ့တိုင်ပင်ပြီး
အမြန်ဆုံးပြုပြင်စေပါတယ်...။
ဒါပေမယ့် ပြင်ဖို့နေနေသာသာ
ဘယ်နေရာမှာပျက်နေသလဲဆိုတဲ့
ပြစ်ချက်ကိုရှာလို့မတွေ့ဘူး
ဖြစ်နေတော့ မခက်ပေဘူးလား..။
အဲဒါနဲ့ တစ်နိုင်ငံလုံးမှာမော်တာ
ကျွမ်းကျင်တဲ့ပညာရှင်တွေကို
ရှာဖွေရတော့တာပေါ့...။
ပညာရှင်တစ်ချို့
ညွန်းလိုက်တာကြောင့် မြို့တစ်မြို့က
မော်တာကျွမ်းကျင်ပညာရှင်
Mr. Charles Proteus Steinmetz ကို
ဖိတ်ခေါ်လိုက်ပါသည်..။
Stanmetz စက်ရုံကိုရောက်လာတော့
ပထမဆုံး ကော်ဇောလေးတစ်ချပ်
တောင်းလိုက်ပါတယ်...
ပြီးတော့ ကော်ဇောကို မော်တာကြီးရဲ့
ဘေးမှာခင်းကာ ထိုင်ချီ၊ အိပ်ချီနဲ့
တစ်ရက်လုံး မော်တာမောင်းတဲ့အသံကို
နားထောင်ပါသည်။
နောက်နေ့ကြတော့
လှေခါးလေးတစ်ခုတောင်းကာ....
မော်တာပေါ်တက်လိုက်
ပြန်ဆင်းလိုက်အကြိမ်ကြိမ်လုပ်ပြီး
မြေဖြူလေးတစ်ခုကိုယူကာ
မော်တာပေါ်တွင် မျဉ်းကြောင်း
တစ်ကြောင်းဆွဲလိုက်သည်... ။
“ဒီနေရာမှာ ကွိုင်ကို 16 ပတ်လောက်
ပိုပတ်ထားမိတယ်..
ဒါလေးကိုပြင်လိုက်ပါ... " လို့
ပြောလိုက်သည်...။
Stanmetz ပြောတဲ့အတိုင်းလေး
လုပ်လိုက်တော့ မော်တာကြီးက
အံ့သြဖွယ်ကောင်းလောက်အောင်ကို
ကောင်းသွားပါသည်..။
အဲဒီမှာ မန်နေဂျာက အားရ၀မ်းသာနဲ့
ပြင်ခဘယ်လောက်ပေးရမလဲလို့
မေးလိုက်သည်...။
Stenmetz က " သိပ်မများပါဘူး
ဒေါ်လာ တစ်သောင်းပဲပေးပါ.. " လို့
ပြောလိုက်သည်...။
မန်နေဂျာ မျက်လုံးကြီးပြူးသွားသည်...
ပြူးလောက်စရာပါပဲလေ
အဲဒီခေတ်က ဒေါ်လာတစ်သောင်းဆိုတာ
အလုပ်သမားတစ်ယောက်ရဲ့
တစ်သက်စာလစာလောက်ရှိတာကိုး...
" ဟ...ခင်ဗျားဟာက လွန်တာပေါ့ဗျ...
မျဉ်းကြောင်းကလေးတစ်လိုင်းဆွဲတာကို
ဒေါ်လာ တစ်သောင်းဆိုတော့... "
" မှားနေပြီ မန်နေဂျာကြီး...
ကျွန်တော်က မျဉ်းဆွဲခကို
တစ်ဒေါ်လာပဲယူတာပါ....
ဘယ်နေရာမှာဆွဲရမလဲဆိုတဲ့
ပညာခကို
9999 ဒေါ်လာယူထားတာပါ.. " လို့
အေးအေးဆေးဆေးပြန်ပြောလိုက်သည်..။
မန်နေဂျာကြီးလည်း ကျေနပ်စွာနဲ့
ဒေါ်လာတစ်သောင်းကိုထုတ်ပေး
လိုက်သည်။
တော်တော်များများက ပုံပြင်ကို
ဒီမှာပဲရပ်ထားလိုက်ကြပြီး....
ပုံပြင်ရဲ့ အနှစ်သာရဖြစ်တဲ့
အသိပညာ အတတ်ပညာရဲ့တန်ဖိုးကို
အကျယ်ချဲ့ပြီးပြောကြပါတယ်...။
How to get knowledge and then
gain wealth through knowledge ဆိုပြီး
motivation အနေနဲ့
ဒီပုံပြင်ကိုပြောပြကြတယ်။
တစ်ကယ်တော့ ဒီပုံပြင်က
ဒုတိယပိုင်းရှိပါသေးတယ်ဗျ...။
Charles Proteus Steinmetz ဟာ
ဂျာမနီနိုင်ငံက လျှပ်စစ်မော်တာ
ဂျနရေတာ အင်ဂျင်နီယာတစ်ယောက်ပါ...။
ဒုတိယကမ္ဘာစစ်အပြီးမှာ
စစ်ဒဏ်ကြောင့် ဂျာမနီစီးပွါးပျက်တော့
အမေရီကန်ကိုရောက်လာရပါတယ်..။
ရောက်ရောက်ချင်း
အလုပ်လက်မဲ့ဖြစ်နေတော့
ငတ်တစ်လှည့်ပြတ်တစ်လှည့်နဲ့
ဒုက္ခတွေ့ခဲ့တယ်..။
အဲဒီအချိန်မှာပဲ မော်တာထုတ်တဲ့
စက်ရုံသေးသေးလေးတစ်ခုက
သူ့ကိုအလုပ်ခန့်ခဲ့တယ်..။
Steinmetz လည်း အလုပ်ရှင်ကို
ကျေးဇူးတင်တဲ့အနေနဲ့ မော်တာတွေကို
ပိုကောင်းအောင် အားစိုက်ပြီး
ပြုလုပ်ပေးခဲ့တယ်..။
သူရဲ့အရည်အချင်းကြောင်း
မော်တာစက်ရုံလေးလည်း
ရောင်းအားတက်လာကာ
အမှာစာများ
အများအပြားရရှိခဲ့သည်...။
Mr. Ford က သူ့စက်ရုံကို
ဒေါ်လာတစ်သောင်းနဲ့ ပြင်ပေးသွားတဲ့
Steinmentz အကြောင်းကိုသိရော
အရမ်းစိတ်၀င်စားသွားကာ
ကိုယ်တိုင်သွားပြီး Ford မှာ
အလုပ်လာလုပ်ဖို့ကမ်းလှမ်း
လိုက်ပါသည်..။
သို့သော် Steinmentz က
ငြင်းခဲ့ပါသည်...
အကြောင်းပြချက်ကတော့
ဒီမော်တာစက်ရုံပိုင်ရှင်က
သူဒုက္ခရောက်နေချိန်မှာ
နေစရာပေးခဲ့ စားစရာပေးခဲ့တယ်
အလုပ်ပေးခဲ့တယ်...ကျေးဇူးရှိခဲ့တယ်..။
သူ့အနေနဲ့အခုချိန်အလုပ်ထွက်လိုက်ရင်
မော်တာစက်ရုံလေး
စီးပွါးပျက်သွားနိုင်တယ်...
ဒါကြောင့်ဖို့ဒ်ကိုမလာနိုင်ဘူးလို့
ပြောသည်။
အဲဒီအချိန်က Ford ကားကုမ္ပဏီရဲ့
image က ဘုန်းမီးနေလ
တောက်နေချိန်...
အလုပ်လုပ်ချင်လွန်းလို့ တန်းစီ
နေတဲ့သူတွေ တပုံတစ်ပင်ကြီးပါ...။
အငြင်းခံလိုက်ရတဲ့ Mr. Ford အတွက်
အီလည်လည်ကြီးခံစားနေရတာပေါ့...။
ဒါပေမယ့် Steinments ရဲ့ attitude နဲ့
ခံယူချက်ကို ပိုသဘောကျသွားကာ....
ဇွဲမလျော့ပဲ မော်တာစက်ရုံလေးကို
၀ယ်ယူလိုက်သည်။
Ford ရဲ့ BOD တွေကတော့
မကျေနပ်ပဲ စောဒကတက်လာသည်....
ဒီဘာမဟုတ်တဲ့ စက်ရုံသေးသေးလေးကို
ဘာလို့၀ယ်ရတာလဲပေါ့...။
Mr. Ford ကတစ်ခွန်းတည်းပဲ
ပြောလိုက်ပါတယ်..
"ဒီစက်ရုံမှာ သစ္စာတရားကို
တန်ဖိုးထားတဲ့၊
ကျေးဇူးတရားကိုသိတတ်တဲ့၊
ပညာရပ်ပိုင်းဆိုင်ရာမှာလည်း
တော်တဲ့ Steinments လိုလူမျိုး
ရှိနေလို့၀ယ်တာပါ..."
ဒီခေတ်ကြီးမှာ
ကျွန်တော်တို့အားလုံးက
ပညာရပ်ပိုင်းဆိုင်ရာနောက်ကို
လိုက်နေကြတယ်...
ကျောင်းတက်ဘွဲ့ယူ..ဘွဲ့ရရင်
အလုပ်ခွင်၀င်ဖို့အတွက်
ကွန်ပျူတာပညာ၊
စာရင်းအင်းပညာ၊ စီးပွါးရေးပညာ၊
ဘာသာစကားတွေ သင်ယူကြတယ်...
ရည်ရွယ်ချက်က ပညာပိုတတ်ရင်
အလုပ်ကောင်းကောင်းရမယ်
လစာကောင်းကောင်းရမယ်လေ..။
ကျွန်တော်လည်း ဒီတိုင်းပဲလုပ်ခဲ့တာ...
တက်လိုက်ရတဲ့သင်တန်းတွေ
ကျောင်းတွေဆို မနည်းဘူး...။
Knowledge is wealth ကိုး....
မှန်ပါတယ်...ဒါပေမယ့်
ဒါနဲ့တင်လုံလောက်ပြီလားဆိုတော့.....
မပြည့်စုံသေးပါ။
ကျွန်တော်တို့ ပညာရေးရဲ့
ဆောင်ပုဒ်အတိုင်း စိတ်ဓါတ်၊
စည်းကမ်း၊ ပညာ ဆိုသလို
စိတ်ဓါတ်နဲ့ စည်းကမ်းလေးပါ
ကောင်းမှ တိုးတက်မှာ
အသေချာပင်ဖြစ်သည်..။
ကျွန်တော့် ဆရာ
ဒေါက်တာဇော်မင်းအောင် ပြောသွားတဲ့
အတိုင်း knowledge နဲ့ skill ရှိရုံနဲ့မရပါ...၊
Attitude ကိုမှန်အောင်ထားပြီး
Ethic ကိုလည်းစောင့်ထိန်းနိုင်မှ
တန်းဖိုးရှိသောသူဖြစ်မည်။
ဘာပဲလုပ်လုပ်
မေးခွန်းလေး ၂ ခုမေးကြည့်မိသည်...။
What is grateful ?
What is responsibility ?
အဖြေသိရင် အလုပ်ဖြစ်မည်။
မူရင်း ရေးသားသူကိုပေးပါသည်။
CV နဲ့ Resume ဘာကွာခြားသလဲ
ကျွန်တော်တို့တွေ့နေရတဲ့အလုပ်ခေါ်စာတွေ မှာ တစ်ခါ တစ်ရံ CV နဲ့လျှောက်ခိုင်းပြီး တစ်ခါ တစ်ရံ Resume နဲ့လျှောက်ခိုင်းတာမျိုး တွေ့ရပါတယ်..လူတော်တော်များများကတော CV နဲ့ Resume ကို တူတူလို့ထင်ပြီး တင်လိုက်ကြတာပါပဲ ..ကျွန်တော်လည်း အဲ့လို မျိုး တင်ခဲ့မိတာ တော်တော်များပါတယ်..အယင်ကဆို နားလည်ထားတာက CV ဆိုတာ British usage, Resume ဆိုတာ US usage ဆိုပြီးတောင် ထင်ထားမိတာပါ။
အခုနောက်ပိုင်းကျမှ CV နဲ့ Resume မတူတာကို ပိုပြီးနားလည်လာပါတယ်…. CV နဲ့ Resume မှာ ကွဲပြားခြားနား ချက်တော်တော် ရှိပါတယ်..တူမလို ထင်ရပေမယ့် တကယ်တော့ မတူပါဘူး…
CURRICULUM VITAE သို့ 'CV'
CV ဆိုတာ Latin စကားအရ “Course of Life” လို့ဖွင့်ဆိုထားပါတယ်…. သူ က Professional documentation တစ်ခုဖြစ်ပြီး သူ့အထဲမှာ CV ပိုင်ရှင် ရဲ့ အချက်အလက် အသေးစိပ်ပါပါတယ်… ပုံမှန် ပြည့်စုံတဲ့CV တစ်ခုမှာ CV ပိုင်ရှင်ရဲ့ပညာရေး၊ သင်ကြားရေး အတွေ့အကြုံ၊ သုတေသနအတွေ့အကြုံ၊ စာတမ်းပြုစုထားမှု၊ စာတမ်း တင်ပြထားမှု၊ ဆု၊ ဘွဲ့ထူး များ ရရှိထားမှု၊ scholarship ထောက်ပံ့ခံရမှု စတဲ့ အသေးစိပ်အချက်အလက်များပါပါတယ်…သင့် အနေနဲ့Linkedin profile ကို သုံးပါက သတိထားမိမှာပါ… Linkedin ရဲ့ format က CV format ကို ယူထားတာပါ။
RESUME ခေါ် 'Résumé'
လူတော်တော်များများက resume လို့ဆိုလိုက်ယင် CV လို့ထင်ကြပါတယ်… အခုနောက်ပိုင်း company တော်တော် များများ ရဲ့ HR သမားတွေက Resume စတိုင်နဲ့ရေးထားတဲ့ အလုပ်လျှောက်လွာတွေကို ပိုပြီးသဘောကျလာပါတယ်..
Resume မှာ ပါ၀င်တာကတော့ သင့်ရဲ့လုပ်ငန်းအတွေ့အကြုံ များ ၊ ကျွမ်းကျင်မှုများ၊ လျှောက်မည့် အလုပ်နဲ့ကိုက်ညီမယ့် လုပ်ဆောင်နိုင်ရည်များ စသည်တို့ပါ၀င်ပါတယ်… သူ့ကို ကြည့်လိုက်တာ နဲ့ သင့် ရဲ့အရည်အချင်း ကျွမ်းကျင်မှုများနဲ့လျှောက်တဲ့အလုပ်ကိုက်ညီမှု ရှိမရှိကို သိနိုင်ပါတယ်…
အဓိကကွာခြားချက်များ
အဓိကကွာခြားချက်များကို သိထားခြင်းဖြင့် အလုပ်ခေါ်စာကိုကြည့်ပြီး ဘာကို တင်သင့်လဲ ဆိုတာ သိရှိလာမှာပါ။
CV အသုံးပြုရမည့် နေရာများ
CV ရဲ့သဘောသဘာ၀အရ အသေးစိပ်ကျမှုကို ဦးစားပေးပါတယ်… အဲ့ဒါဆို CV ကို အဓိက လိုတဲ့အလုပ်တွေက ပညာရေးနဲ့ဆိုင်တဲ့ အလုပ်တွေ များတတ်ပါတယ်..ဥပမာ professor တစ်ယောက် က university တစ်ခုမှာ လျှောက်မယ်ဆိုယင် သူ့ရဲ့ education life တစ်လျှောက် အလုပ် လုပ်နေတဲ့ ကာလတစ်လျှောက် ဘာ သုတေသနတွေ လုပ်ခဲ့လဲ…ဘာ ဆုတွေ ရခဲ့လဲ..ဘယ်ကျောင်းတွေမှာလုပ်ခဲ့လဲဆိုတဲ့အသေးစိပ်အချက်အလက်တွေ လိုအပ်ပါတယ်..
ကျောင်းအလုပ်တွေအပြင် CV ကို အတောင်းများတဲ့ လုပ်ငန်းတွေကတော့ မိမိရဲ့နောက်ကြောင်းကို အသေးစိပ် သိဖို့ရာလိုအပ်တဲ့လုပ်ငန်းတွေ ဖြစ်ပါတယ်..ဥပမာ တပ်မတော်အရာရှိ၊ ရေနံတွင်း အင်ဂျင်နီယာ၊ အစိုးရ အရာရှိ။ စသည်တို့ပါ။
အလားတူ စကော်လာရှစ်တော်တော်များများနဲ့ကျောင်း၀င်ခွင့်တော်တော်များများက CV ကို တောင်းလေ့ ရှိပါတယ်…
Resume ကတော့ အလုပ် ရှာသူတော်တော်များများ အတွက် မရှိမဖြစ် ရှိရမယ့် အရာပဲဖြစ်ပါတယ်.. Resume မှာ သင့် ရဲ့ ပညာအရည်အချင်းပါမယ်… အလုပ် အတွေ့အကြုံပါမယ်… အဲ့ဒီ ပညာအရည်အချင်းနဲ့အတွေ့အကြုံကို ဖော်ပြရာမှာ ရှိသမျှ ပညာ အရည်အချင်း အတွေ့အကြုံများကို ဖော်ပြစရာမလိုပါ။ ကိုယ်လျှောက်မယ့်အလုပ်နဲ့ကိုက်ညီတဲ့အရာများကို သာ ဖော်ပြရပါမယ်….အလုပ်လျှောက်သူတော်တော်များများကို Resume ကို သေချာ မရေးကြပါဘူး…အလုပ် အမျိုးအစားပေါ်မူတည်ပြီးကိုယ့်ရဲ့ resume က ပြောင်းလဲ မှု ရှိရမှာပါ…အခုအခါမှာ Resume ကို profit ကော non-profit အဖွဲ့အစည်းတွေမှာ တော်တော် များများ သုံးလာကြပါတယ်…အလုပ်ရှင်တွေအနေ နဲ့လဲ Resume ကို ပိုပြီး တောင်းဆိုလာကြပါတယ်..
အောက်မှာ ဖော်ပြထားတာတွေကတော့ CV နဲ့Resume မှာ ပါ၀င်ရမယ့် အချက်တွေပါပဲ။
STRUCTURE/CONTENT
CV
– Though structures varies from CV to CV, they essentially contain the following sections;
1. Name and contact information
2. Areas of interest
3. Education, Thesis and Dissertations
4. Grants, Honors and Awards
5. Publications and presentations
6. Employments and Experience till date.
7. Scholarly and Professional memberships
8. References and Citations (though very rare)
Resume
- For a resume the structure is not so-much as elaborate and detailed as that of the CV, a typical resume will usually have the following structure;
1. Name and contact information
2. Education
3. Work experiences
4. Relevant skills and expertise
Credit to twitter
ဘာသာပြန်သူ Prospect Myanmar
မြန်မာလူငယ်များအတွက် - Tips for Job Seekers and Employers
21/01/2021
ညှိနှိုင်းရေး သမားကောင်း ဖြစ်လာစေဖို့ နည်းလမ်း (၇)မျိုး
ကျွန်တော်တို့ရဲ့ နေစဥ်ဘ၀မှာ မနက်မိုးလင်းကနေ စပြီး ညမိုးချုပ်အိပ်ရာ၀င်တဲ့အချိန်အထိ အရေးမကြီးတဲ့ ညှိနှိုင်းမှု တွေကနေပြီး တကယ်ကို အရေးကြီးတဲ့ ညှိနှိုင်းမှုတွေကို ပြုလုပ်နေရပါတယ်။ စစ်တမ်းအရဆိုရင်လည်း လူတွေက တစ်နေကို ညှိနှိုင်းမှု ၃ ခုကနေ ၇ခု ကြားလုပ်ဆောင်နေရပါတယ်။
လုပ်ငန်းရှင်နဲ့ မန်နေဂျာတွေကြားမှာလည်း ညှိနှိုင်းမှုတွေ လုပ်ရသလို၊ ၀ယ်သူနဲ့ အရောင်းသမား၊ မိဘနဲ့ သားသမီးး၊ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်၊ နောက်ဆုံး မိတ်ဆွသူငယ်ချင်းတွေကြားမှာတောင် ညှိနှိုင်းမှုတွေပြုလုပ်ရပါတယ်။
ဒါကြောင့် ညှိနှိုင်းမှု ကျွမ်းကျင်ဖို့၊ ညှိနှိုင်းရေး ကောင်းဖို့ အရမ်းအရေးကြီးပါတယ်။ ဒါမှပဲ ကျွန်တော်တို့ က ကိုယ်လိုချင်တဲ့ရလာဒ်ကို ခင်မင်မှုမပျက်၊ ပြဿနာမဖြစ်ပဲနဲ့ အေးအေးဆေးဆေး ရယူနိုင်မှာဖြစ်ပါတယ်။
ညှိနှိုင်းရေးသမားကောင်းဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ ပြုပြင်လို့၊ သင်ယူလို့ရနိုင်လားလို့ မေးရင် ဟုတ်ကဲ့ ရပါတယ်လို့ ဖြေချင်ပါတယ်။
ညှိနှိုင်းရေးသမားကောင်းဖြစ်ချင်သူတွေအတွက် သိသင့်တဲ့ အခြေခံ နည်းလမ်း (၅) မျိုးကို ရှဲပေးချင်ပါတယ်။
၁) ကိုယ်လိုချင်တဲ့ ရလာဒ်ကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ။
ကိုယ်လိုချင်တဲ့ ရလာဒ်ကို ကိုယ်ကိုတိုင်မှ မရှင်းလင်းဘူး၊ မပြတ်သားဘူးဆိုရင် တခြားလူတစ်ယောက်ကို လက်ခံလာအောင် ဘယ်လိုမှုညှိနှိုင်းလို့မရပါဘူး။ ဒါကြောင့် ကိုယ်ဘာလိုချင်လဲ၊ ကိုယ်ဘယ်လို ရလာဒ်မျိုးရချင်တာလဲ ဆိုတာမျိုးကို အရင်သိပြီးမှပဲ ညှိနှိုင်းမှုပြုလုပ်ပါ။
၂) ပြင်ဆင်ပါ။
ကိုယ် ညှိနှိုင်းမှု လုပ်ရမယ့်သူက ဘယ်သူလဲ။ ၀ယ်သူဖောက်သည်လား၊ ကိုယ့် supplier လား၊ ကိုယ့် သူဌေးလား၊ ဒါမှ မဟုတ် ကိုယ့် ချစ်သူ၊ အိမ်ထောင်ဖက်လား၊ ကိုယ့်မိဘလား။ ကိုယ့် ညှိနှိုင်းရမယ့် တစ်ဖက်လူပေါ်မူတည်ပြီး ပြင်ဆင်မှုတွေလုပ်ရပါမယ်။ တစ်ဖက်လူရဲ့ ညှိနှိုင်းမှု power ဘယ်လောက်ရှိလဲ။ ကိုယ်လိုချင်တဲ့ရလာဒ်ကို ဘယ်လို နား၀င်အောင်၊ လက်ခံအောင် ဆွဲဆောင်မှုလုပ်မလဲ။ ယုံကြည်လက်ခံလောက်တဲ့ Data တွေ၊ အချက်လက်တွေ လိုနိုင်လား။ ဒါမျိုးတွေကို ကြိုစဥ်းစားထားပြီး ပြင်ဆင်ထားဖို့လိုပါတယ်။
၃) ညှိနှိုင်းမှု ရွေးချယ်စရာတွေကြိုစဥ်းစားထားပါ။
တစ်ခါတစ်လေ ညှိနှိုင်းမှုလုပ်တဲ့အခါမှာ တစ်ခုတည်းကိုပဲ ဦးတည်ပြီးစဥ်းစားလို့မရပါဘူး။ ဖြစ်နိုင်ချေတွေ၊ အခြားရွေးချယ်မှုတွေ ကြိုပြီးစဥ်းစားထားဖို့ လိုပါတယ်။
ဥပမာ - ကိုယ်က ၁၂၀၀ နဲ့ရောင်းချင်တာကို ၀ယ်သူကလည်း ၁၀၀၀ မှမရရင် မ၀ယ်နိုင်တာမျိုးဖြစ်လာတဲ့ အခြေနေမျိုးမှာဆိုရင် ၁၀၀၀ နဲ့ရောင်းပေးမယ်၊ ပစ္စည်းအနည်ဆုံး ဘယ်နှခု ၀ယ်ရမယ်၊ နောက်တစ်မျိုးက ငွေ လက်ငင်းခြေစနစ်၊ Installment စနစ်စတာတွေကိုလည်း အခြား ရွေးချယ်စရာအနေနဲ့ ညှိနှိုင်းလို့ရပါတယ်။ ကိုယ်က ၁၂၀၀ နဲ့မရောင်းလိုက်ရပေမယ်၊ ပစ္စည်းအရေးအတွက် များများပိုရောင်းလိုက်နိုင်တာဖြစ်တဲ့အတွက် ဒါကို အောင်မြင်တဲ့ ညှိနှိုင်းမှုလို့ သတ်မှတ်လို့ရပါတယ်။
၄) မေးခွန်းမေးပါ။
ကိုယ်လိုချင်တာတဲ့ရလာဒ်ကို ညှိနှိုင်းတဲ့အခါမျိုးမှာ တစ်ဖက်လူက ကိုယ့်ကို လက်ခံတာမျိုးလည်းရှိနိုင်သလို၊ ငြင်းပယ်တာမျိုးလည်းရှိနိုင်ပါတယ်။ အဲ့ဒီအခါမျိုးမှာ ကျွန်တော်တို့က မှန်ကန်ထိရောက်တဲ့ မေးခွန်းမေးတတ်ဖို့လိုပါတယ်။ အဲ့ဒါမှ သူလက်ခံရင်လည်း ဘာကြောင်လက်ခံတာမျိုး၊ လက်မခံရင်လည်း သူဘာလို့ လက်မခံတာမျိုးဆိုတာကို သေသေချာချာ
သိသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မေးခွန်းမေးတတ်ဖို့လည်း အရမ်းအရေးကြီးပါတယ်။
၅) နားထောင်ပါ။
ဒီနေရာမှာ နားထောင်ပါဆိုတာက open-minded နဲ့ နားထောင်တတ်ဖို့လိုပါတယ်။ ကိုယ်လိုချင်တဲ့ ရလာဒ်ကို တဖက်လူက လက်ခံတာဆိုရင် ပျော်တဲ့စိတ်နဲ့ နား၀င်ကြပေမယ်၊ ကိုယ်လိုချင်တာ မရဘူးဆိုရင် နားထောင်နေပေမယ့်လည်း စိတ်ထဲမှာတော့ ပြန်ပြောနေတာမျိုး၊ ပြန်ငြင်းနေတာမျိုး ဖြစ်တဲ့အခါကျရင် တဖက်လူပြောနေတာမျိုး ကို အပြည့်အ၀နားမထောင်နိုင်ဖြစ်ပြီး နားမလည်ဘူးဖြစ်ပြီး
ဆက်ပြီး ညှိနှိုင်းမှုမလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အပြည့်အ၀ "open-minded" နဲ့ နားထောင်ပါ။
၆) စဥ်းစားဖို့ အချိန်တစ်ခုပေးပါ။
ညှိနှိုင်းမှုတစ်ခုပြုတဲ့အခါ နှစ်ဦးနှစ်ဖက်လုံးအတွက် စဥ်းစားဖို့အချိန်လိုအပ်ပါတယ်။ ကိုယ့်အတွက်လည်း လိုသလို တစ်ဖက်လူအတွက်လည်း ဆုံးဖြတ်ချက်ချဖို့ အချိန်တစ်ခုလိုအပ်ပါတယ်။ ဒါကြောင့် အချိန်တစ်ခုသတ်မှတ်ပြီး စဥ်းစားချိန်ပေးပါ။ အရမ်းတွန်းတဲ့ပုံစံမျိုးမလုပ်မိဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် စဥ်းစားဖို့ အချိန်မပေးနိုင်တဲ့အခါ ကိုယ့်ဆုံးဖြတ်ချက်ရော၊ သူ့ဆုံးဖြတ်ချက်ရော မှားနိုင်ပြီး နှစ်ဦးကြားက ရေရှည်ဆက်ဆံရေးထိခိုက်နိုင်ပါတယ်။
၇) ရေရှည် ဆက်ဆံရေးကို ထိန်းသိမ်းပါ။
ညှိနှိုင်းမှုဆိုတာ အနိုင်အရှုံး Game တစ်ခုမဟုတ်ပါဘူး။ အကောင်းဆုံး ညှိနှိုင်းမှုဆိုတာ တစ်ဖက်လူက သူတို့အတွက် အကျိုးရှိတယ်၊ တန်ဖိုးတစ်ခုရှိတယ် ဆိုတာမျိးကို ကျေကျေနပ်နပ်လက်ခံသွားတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ညှိနှိုင်းမှုလုပ်ရတဲ့အခါ ကိုယ့်ဘက်ကလည်းအရမ်းမပေးမိအောင်၊ ကိုယ့်ဘက်ကလည်း အသာစီးယူမိတယ်ဆိုတဲ့ ပုံစံမျိူးမဖြစ်အောင် အရမ်းဂရုစိုက်ဖို့လိုပါတယ်။ နှစ်ဦးနှစ်ဖက်လုံး အတွက် အကျိုးရှိပြီး ရေရှည် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်အောင်ကြိုးစားဖို့လိုပါတယ်။
ဒီလောက်ဆိုရင် ညှိနှိုင်းမှုလုပ်တဲ့အခါ ဘယ်လိုတွေလုပ်ရမလဲ၊ ညှိနှိုင်းရေးသမားကောင်းဖြစ်လာဖို့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာသိသွားလောက်ပါပြီ။
ညှိနှိုင်းမှုတွေကိို အကောင်းဆုံးပြုလုပ်နိုင်ဖို့ စိတ်၀င်စားတဲ့လူတွေအတွက်လည်း ကျွန်တော်တို့ Better Version မှ ဖွင့်လှစ်သင်ကြားပေးနေတဲ့ “Better Negotiator” ဆိုတဲ့ သင်တန်းကို တက်ရောက်လို့ရပါတယ်။
သင်တန်းတက်ချင်တဲ့သူများ အနေနဲ့လည်း comment (သို့) မက်ဆေ့မှတစ်ဆင့် “BNO” လို့ ပို့ပေးပြီး သင်တန်း အပ်နှံနိုင်ပါတယ်။
Credit to BetterVersion
04/01/2021
Managing 365 ရဲ့ နောက်ဆုံးအပိုင်းအနေနဲ့ အလုပ်ခွင်မှာ အများတကာထက်သာလွန်အောင် ဘယ်လိုလုပ်လို့ရနိုင်မလည်းနှင့် Management လုပ်ရခြင်း၏ အဓိက ရည်မှန်းချက်သို့မဟုတ် Management လုပ်ရင် ဘယ်ကိုဦးတည်ရမလည်း ဆိုတာတွေရဲ့အကြောင်း ရှင်းပြထားပါတယ်။
escape Page မှ 2021 နှစ်သစ်မေတ္တာလက်ဆောင်အနေနှင့် Supervisor Level ကနေ Middle Management Level တို့အတွက် Management လုပ်ချိန်တွင် ထည့်သွင်းစဉ်းစားရမည့် အခြေခံ အချက်များနှင့် ရည်မှန်းချက်များကို ရှင်းပြထားသည့် Managing 365 ဆိုသည့် ၁၀မိနစ်ခန့်ကြာသော Video Clip ၄ခုအား ဝေမျှပေးလိုက်ပါသည်။
အောက်ပါ Link တစ်ခုခြင်းစီအား အစဉ်လိုက် ကြည့်ရှု့ပြီး အသုံးတည့်နိုင်သည့် မိမိ မိတ်ဆွေများအားလည်း လက်ဆောင်အဖြစ် ဝေမျှပေးရင်း escape Page ကိုလည်း Like လုပ်ပေးထားကြပါဦးခင်ဗျား။
(အထက်ပါ Video တွင်ပါရှိသော အကြောင်းအရာ များသည် escape Page ၏ ကိုယ်ပိုင်အချက်အလက်များ ဖြစ်ပါသဖြင့် စီးပွါးဖြစ် ပြန်လည်ဝေမျှခြင်း သင်ကြားခြင်း ရောင်းချခြင်းများ မပြုလုပ်ပါရန် လေးစားစွာ တောင်းပန်အပ်ပါသည်)
Managing 365 by Moe V4 This video is own by escape Page and it is about Management for supervisor to middle management level in the corporate life.
04/01/2021
Managing 365 ရဲ့ တတိယပိုင်းအနေနဲ့ Manage လုပ်ချိန်မှာ ထိစပ်နေတဲ့ Area ၆ခုမှ ကျန်တဲ့ Area ၃ခု အကြောင်း ရှင်းပြထားပါတယ်။
escape Page မှ 2021 နှစ်သစ်မေတ္တာလက်ဆောင်အနေနှင့် Supervisor Level ကနေ Middle Management Level တို့အတွက် Management လုပ်ချိန်တွင် ထည့်သွင်းစဉ်းစားရမည့် အခြေခံ အချက်များနှင့် ရည်မှန်းချက်များကို ရှင်းပြထားသည့် Managing 365 ဆိုသည့် ၁၀မိနစ်ခန့်ကြာသော Video Clip ၄ခုအား ဝေမျှပေးလိုက်ပါသည်။
အောက်ပါ Link တစ်ခုခြင်းစီအား အစဉ်လိုက် ကြည့်ရှု့ပြီး အသုံးတည့်နိုင်သည့် မိမိ မိတ်ဆွေများအားလည်း လက်ဆောင်အဖြစ် ဝေမျှပေးရင်း escape Page ကိုလည်း Like လုပ်ပေးထားကြပါဦးခင်ဗျား။
(အထက်ပါ Video တွင်ပါရှိသော အကြောင်းအရာ များသည် escape Page ၏ ကိုယ်ပိုင်အချက်အလက်များ ဖြစ်ပါသဖြင့် စီးပွါးဖြစ် ပြန်လည်ဝေမျှခြင်း သင်ကြားခြင်း ရောင်းချခြင်းများ မပြုလုပ်ပါရန် လေးစားစွာ တောင်းပန်အပ်ပါသည်)
Managing 365 by Moe V3 This video is own by escape Page and it is about Management for supervisor to middle management level in the corporate life.
Click here to claim your Sponsored Listing.
Category
Website
Address
Yangon