Kennel Neptune - Myanmar
Pure Breed Dog ❤️ Best One for your Beloved ❤️
29/07/2025
ကျတော် လှလား ဗျ
တချိန်လုံး ဒီ နား ပဲ လာလာကပ်နေလို့ စိတ်တွေလဲ လေနေပြီဗျာ
NyoChaw of Neptune MM
FCI Pedigree
Offspring of Ukraine Bloodline and Russia Bloodline
13/07/2025
Hello Everyone,
မင်္ဂလာရှိသော တနင်္ဂနွေလေးပါရှင်
မျိုးဆက်သစ် လူငယ်များအတွက် အထူးအခွင့်အရေးတစ်ခုအကြောင်း သတင်းကောင်းပါးပါရစေရှင်
ယခုကျင်းပမယ့် 6 Years Anniversary Dog Show ကြီးမှာ မြန်မာနိုင်ငံသား မျိုးဆက်သစ်လူငယ်များအတွက် အထူးအခွင့်အလမ်းအနေဖြင့် Local Handlers Competition ကို ကျင်းပသွားမည်ဖြစ်ပါတယ်ရှင့်
လူငယ်များအတွက် လှပသော အနာဂါတ်အခွင့်အလမ်းများဖန်တီးနိုင်ဖို့ အစဉ်တစိုက် အားထုတ်လျှက်ရှိသော MKC ကို အသိအမှတ်ပြုသောအားဖြင့် မျိုးဆက်သစ်လူငယ်များကလဲ ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာဖြင့် ဖိတ်မံတကပြုအပ်ပါတယ်ရှင် ❤️
ပြိုင်ပွဲအတွက် ကြိုတင်သိရှိလိုသည်များရှိပါကလဲဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်
ပိုမိုစနစ်ကျသော လူငယ်ပညာရှင်များစွာပေါ်ထွက်လာရေးအတွက် လူငယ်တို့ရဲ့ ပူးပေါင်းပါဝင်မှုကို အထူးလေးစားတန်ဖိုးထားရပါတယ်ရှင်
စိတ်ပါဝင်စားသော လူငယ်မျိုးဆက်သစ်များရဲ့ အကြံညဏ်များ ဖန်တီးနိုင်မှုစွမ်းအားများကိုလဲ ရင်ခုန်စွာဖြင့် မျှော်လင့်ရပါတယ်ရှင်
Sat/ Sun ၂ ရက်လုံးတွင် ညနေ ၃ နာရီတိုင်း Local Handlers ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး မတူညီသော Judges ၂ ဦးမှ တစ်ဦးလျှင် ဆု ၂ စီ ချီးမြှင့်သွားမှာဖြစ်ပါတယ်ရှင်။
ပြိုင်ပွဲဆုကြေးများအနေဖြင့်
ပထမဆု - ၃ သိန်းကျပ်
ဒုတိယဆု - ၁ သိန်းကျပ် တို့ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်ရှင်
မည်သည့်ကလေးအမျိုးအစားနှင့်မဆို ပါဝင်ယှုဉ်ပြိုင်နိုင်ပြီး Handler တစ်ယောက် အခြေခံရှိသင့်သည့် ကိုယ်နေဟန်ထား ဝတ်စားဆင်ယင်မှု အလိုက်သင့် လှုပ်ရှားနိုင်မှုစွမ်းရည်တို့ကို international judge များမှ အကဲဖြတ်ပေးမှာဖြစ်ပါတယ်ရှင်
အတွေ့အကြုံများစွာရရှိနိုင်မည့်အပြင် အနာဂါတ်မှာများစွာသော အခွင့်အလမ်းများကိုဖန်တီးနိုင်မည့် အခွင့်အရေးဖြစ်ပါတယ်ရှင်
ချစ်ခင်လေးစားစွာဖြင့်
Myanmar Kennel Club
06/07/2025
N Litter of Neptune Doberman
11 weeks old
FCI pedigree
Sunny Sunday ☀️
နေပွင့်တုန်းလေး ခဏထွက်ဆော့
06/07/2025
တပင်တိုင်စံ ရွှေဘုံနန်းစိတ်
ထည်ဝါစွာ အစဉ်လန်းဖို့
အပိုအာရုံ မယူဘူးဟေ့
သကာယောင်ဆောင် အချဉ်ဖမ်းမယ့်
ကိုလူလည် လာရာလမ်းအတိုင်း
အချိန်မလွန်ခင် ပြန်ပါဦးလေ
☺️☺️☺️
ခင်ကြီးအလှ ခင်ကြီးဘဝနော် 😍
အရမ်းချစ်ခံရမှန်းသိတော့ အရမ်းချေပဲ 😅
Daughter of Arapin Timit-Tor
Arapin Timit-Tor owned by PM Rott
Daughter of Luxury of Ace MM
~ Grand Daughter of World Champion Virtus from Royal Breed
03/07/2025
Hello July.
Time to MKC 6th Year Anniversary Dog Show
🐕🦺🐕🦺🐕🦺
20/06/2025
မင်္ဂလာပါရှင်
Kennel Neptune မှ ကလေးငယ်လေးများ ဝေမျှခြင်းနဲ့ပတ်သတ်ပြီး ပြောပြစရာလေးရှိလို့ပါရှင် ❤️
ကျမတို့ခြံရဲ့ အလေ့အထအရ ကလေးလေးတွေကို ပထမအကြိမ်ကာကွယ်ဆေးကို ၆ ပတ်သားမှာ စတင်ထိုးနှံပါတယ်ရှင် ထိုအသက်မှစပြီး ၃ ပတ်ခြားလျှင် တကြိမ်ဖြင့် အသက် ၃ ကျော်အထိ ကျမတို့ရဲ့စောင့်ရှောက်မှုဖြင့် မွေးဖွားကြီးပြင်းစေပါတယ်ရှင် 🫶
ကာကွယ်ဆေးစုံပြီးမှသာလျှင် မိသားစုအသစ်ထံသို့ လွဲပြောင်းပေးလေ့ရှိသောအလေ့အရ ကျမတို့ရဲ့ကလေးများကို ၃ လကျော်မှသာ လွဲပြောင်းပေးလေ့ရှိပါတယ်
ကလေးငယ်လေးများကို ငယ်စဉ်ကပင်စိတ်ဝင်တစား ချစ်ခင်ပေးကြသူများကိုကျေးဇူးအထူးတင်ရှိပါသည်ရှင် 🙏
သို့သော် တချို့သောမိသားစုအသစ်များမှာ မရမှာစိုးရိမ်သောစိတ်ဖြင့် ကျမတို့အား ခဏခဏဖုန်းဆက်မေးမြန်းကြသည်ကို များစွာအားနာရပါသည်ရှင်
ဓါတ်ပုံတင်လိုက်ပါက မိသားစုအသစ်များမှ ချက်ချင်းလိုချင်သော သဘောသဘဝများရှိခြင်းကြောင့် ကာကွယ်ဆေးစုံမှသာ ဓါတ်ပုံတင်ရခြင်းကို နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံပါတယ်ရှင် ❤️
ကျမတို့အနေဖြင့် ကလေးပေါက်ငယ်လေးများ များစွာမမွေးပေးနိုင်ခြင်း
မှာထားသော မိသားစုအသစ်များကို လုံလောက်စွာမပေးနိုင်ခြင်း အားနည်းချက်များရှိသော်လဲ ကလေးလေးများပိုင်ဆိုင်ရတိုင်း ကျမတို့တတ်နိုင်သမျှ အထူးကြိုးစားချစ်ခင်စောင့်ရှောက်လျှက်ရှိပါတယ်ရှင် ❤️
ကျမတို့အနေဖြင့် ပေးပါမည်ဟု ကတိပေးထားသော ပိုင်ရှင်များကို အမှန်တကယ် ပေးအပ်လေ့ရှိပါတယ်ရှင်
သို့သော်အချို့သော မိသားစုအသစ်များမှာ မရလိုက်မှာစိုးရိမ်သောကြောင့် စိုးရိမ်ပူပန်စွာ ဖုန်းဆက်မေးမြန်းမှုများကို များစွာ အားနာစွာဖြင့် လက်ခံရရှိပါတယ်ရှင် 🙏
မိတ်ဆွေတစ်ယောက်ဆိုလျှင် ခင်ဗျားစီက ဒိုဘာမင်စောင့်ရတာ နှစ်နှစ်ရှိပြီ မရသေးဘူးလား ဖုန်းဆက်ပြောတိုင်းကျမတို့တကယ်များစွာအားနာရပါတယ်ရှင်
ကျမတို့ခြံရဲ့ ပုံစံက ဝန်ထမ်းရယ်လို့မရှိပဲ ကိုယ်တိုင်ပြုစုစောင့်ရှောက်ရင်း ဝါသနာတူမျာဖြင့် မျှဝေခံစားသော ပုံစံဖြစ်နေတာကြောင့် လိုအပ်ချက်များစွာရှိနေနိုင်ပါတယ်ရှင်
ကျမတို့ခြံရဲ့ သဘာဝအရ ကလေးကိုဝေမျှမည်ဟုကတိပေးထားပြီးလျှင် ဝေမျှမည်ဟု အတိအကျ လက်ခံယုံကြည်ပေးနိုင်ပါတယ်ရှင်
စရံပေးထားရမလားမေးတိုင်း လက်ခံရန်ငြင်းဆိုရခြင်းမှာ မေတ္တာဖြင့်ငြင်းဆိုရခြင်းသာဖြစ်ကြောင်းနားလည်ပေးစေ့ချင်ပါတယ်ရှင်
ကျမတို့ခြံရဲ့သဘောမှာ ကလေးများကိုကာကွယ်ဆေးမတိုင်ခင် လာရောက် အကြောင်းကြားပါကဝေမျှနိုင်လျှင်ဝေမျှနိုင်မည်ဖြစ်ကြောင်း ကတိပေးလေ့ရှိသော်လဲ ကလေးများကာကွယ်ဆေးပြည့်လို့ အဆင့်သင့်ဖြစ်ပါက မိသားစုအသစ်ထံသွားရောက်အကြောင်းကြားပြီး သူတို့ဘက်မှ ပြန်လည်အကြောင်းမပြန်ပါကလဲ မည်သည့်အခါမှ စိတ်အနှောက်အယှက်မဖြစ်ရပါ
မိသားစုအသစ်ရဲ့ အကျိုးအကြောင်းမတိုက်ဆိုင်မှုကို ချစ်ခင်ရင်းနှီးစွာဖြင့် လက်ခံလေ့ရှိပါတယ်ရှင်
ဒါကြောင့် ငွေကြေးတစိတ်တပိုင်းအားဖြင့် လက်ခံလေ့မရှိခြင်းကိုနားလည်ပေးနိုင်ပါရန်နှင့် အကျိုးအကြောင်းမတိုက်ဆိုင်သေးလို့ မမွေးစားဖြစ်သေးပါကလဲ အားနာချင်းအလျင်းမရှိကြပါရန်အသိပေးအပ်ပါတယ်ရှင် 🙏
ဒါကြောင့် ကျမတို့ရဲ့ လိုအပ်ချက်များ နားလည်ပေးပါရန်မေတ္တာရပ်ခံရင်း ကျမတို့အပေါ် စိတ်ရှည်စွာဖြင့်စောင့်ဆိုင်းပေးကြသူတစ်ဦးတစ်ယောက်တိုင်းကိုကျေးဇူးအထူးတင်ရှိပါကြောင်း ဂါရဝပြုစကားပြောကြားပါတယ်ရှင်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Nyaung Gone Village, Hlegu Township
Yangon