Young Insurance

Young Insurance

Share

The best insurance you can trust. Young Insurance: Protecting what matters most, simply and reliably.

Reliable insurance is an important aspect of economic prosperity of the people and Y.I.G is once again one of the pioneers in Myanmar providing insurance to the people of Myanmar.

Photos from Young Insurance's post 28/08/2026

ခေတ်မီဆန်းသစ်ပြီး ရေပန်းစားလာတဲ့ EV (လျှပ်စစ်ကား) တွေကို စီးနင်းကြတဲ့အခါ ကားအကြောင်း သိထားဖို့ လိုအပ်သလို၊ ကားနဲ့ သက်ဆိုင်တဲ့ အာမခံအယူအဆများ ကိုလည်း မှန်ကန်စွာ သဘောပေါက်ထားဖို့ အလွန်ရေးကြီးပါတယ်…

ဒါကြောင့် EV ကားပိုင်ရှင်အများစု မှားယွင်းထင်မှတ်ထားလေ့ရှိတဲ့ အမှားနဲ့ အမှန် အချက် (၄) ချက်ကို ယန်းအာမခံ (Young Insurance) ကနေ မျှဝေပေးလိုက်ပါတယ်။

❌ အမှား: "EV ကားတွေက ဆီဖိုးသက်သာသလို အာမခံကြေးလည်း ရိုးရိုးကားထက် အများကြီး ပိုသက်သာတယ်။"

✅ အမှန် : တကယ်တော့ EV ကားတွေရဲ့ စမတ်နည်းပညာတွေ၊ ဆင်ဆာ (Sensors) တွေနဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ ဘက်ထရီတန်ဖိုးက အဆမတန် များပြားတဲ့အတွက် မတော်တဆဖြစ်ရင် လျော်ကြေးကုန်ကျစရိတ် ပိုများတာကြောင့် အာမခံကြေးက ရိုးရိုးကားတွေထက် ပိုမြင့်ပါတယ်။

❌ အမှား : "EV ကားတွေက ဘက်ထရီ ရေဝင်ပျက်စီးရင်လည်း ရိုးရိုးကား အင်ဂျင်ရေဝင်သလို အာမခံက အကုန်အလိုလို လျော်ပေးမှာပါ။"

✅ အမှန် : EV ဘက်ထရီတွေက ရေစိုခံစနစ် ပါဝင်ပေမယ့် ရေကြီးနေတဲ့လမ်းကို တမင်ဖြတ်မောင်းလို့ ဘက်ထရီ အကြီးအကျယ် ပျက်စီးသွားရင်တော့ မိမိရဲ့ ပေါ်လစီထဲမှာ "Battery Cover" သို့မဟုတ် "Natural Disaster/Flood Cover" ပါဝင်မှသာ လျော်ကြေးရရှိမှာဖြစ်ပါတယ်။

❌ အမှား : "အာမခံထားထားရင် ကားတိုက်မိတဲ့အခါ ဘယ်ဝပ်ရှော့ခ်မှာမဆို စိတ်ကြိုက် သွားပြင်လို့ရတယ်။"

✅ အမှန် : EV ကားတွေက စမတ်နည်းပညာအသုံးပြုထားပြီး လျှပ်စစ်ဗို့အား မြင့်မားတာကြောင့် Official Showroom ရဲ့ ကျွမ်းကျင်အင်ဂျင်နီယာတွေပဲ ပြင်ဆင်နိုင်တာပါ။ ဒါကြောင့် အာမခံဝယ်ယူတဲ့အခါ "Authorized Dealer Workshop Option" ပါဝင်တဲ့ အာမခံမျိုးကိုပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။

❌ အမှား : "ကားအာမခံဆိုတာ လမ်းပေါ်မှာ မောင်းနေတဲ့ ကားတစ်စီးလုံးကိုပဲ ကာကွယ်ပေးတာ၊ ကျန်တာတွေ မဆိုင်ဘူး။"

✅ အမှန် : ခေတ်မီတဲ့ EV သီးသန့် အာမခံပေါ်လစီအချို့မှာ ကားတင်မကဘဲ အားသွင်းကြိုးတွေ မတော်တဆ ပျက်စီးတာ၊ မီးလောင်တာတွေကိုပါ အကာအကွယ် (Cover) ထဲ ထည့်သွင်းပေးထားပါတယ်။

သင့်ရဲ့ တန်ဖိုးကြီး EV ကားလေးအတွက် အာမခံဝယ်ယူတော့မယ်ဆိုရင် အယူအဆအမှားတွေမရှိဘဲ မိမိကားနဲ့ အကိုက်ညီဆုံး အကာအကွယ်စနစ်တွေကို ယန်းအာမခံ (Young Insurance) ရဲ့ ကျွမ်းကျင်သူများနှင့် အသေးစိတ် တိုင်ပင်ဆွေးနွေး ရွေးချယ်လိုက်ပါနော်...

“ယန်းအာမခံ ” နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက "ယန်းအာမခံ" ရဲ့ Claims Hotline ဖုန်း 09-448883300, 09-448883311 တို့ကို ဆက်သွယ်မေးမြန်းနိုင်သလို ယန်းအာမရဲ့ Sales Hotline ဖုန်းနံပါတ်တွေဖြစ်တဲ့ 09457741280, 09-457741363, 09-880915239, 09-880915219 တို့ကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

“The Best Insurance You Can Trust”

Address: No (886/888), Pyay Road, 9 Mile, Mayangone Township, Yangon, Myanmar.
✉️ Email: [email protected]
🌐 Website: www.younggeneralmm.com

25/08/2026

မမျှော်လင့်ထားတဲ့ အခက်အခဲတိုင်းအတွက် ယုံကြည်စိတ်ချရဆုံး အကာအကွယ် "ယန်းအာမခံ"

လမ်းခရီးမှာ သွားလာနေတဲ့အခါ ကိုယ်တိုင်ဘယ်လောက်ပဲ ဂရုစိုက်မောင်းနှင်ပါစေ မမျှော်လင့်ထားတဲ့ အခြေအနေတွေ၊ မတော်တဆမှုတွေဆိုတာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပါတယ်။
မကြာသေးမီက ရန်ကုန်မြို့မှ ပြည်မြို့သို့ သွားရောက်သော မော်တော်ယာဉ်တစ်စီးသည် ရွှေတောင်မြို့၊ လေးကျွန်းဆီမီးကျေးရွာအနီးအရောက်တွင် အခြားဆိုင်ကယ်တစ်စီးအား အရေးပေါ် ရှောင်တိမ်းရာမှ မမျှော်လင့်ဘဲ စလစ်ဖြစ်ကာ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။

ယန်းအာမခံအနေဖြင့် မိမိတို့၏ မိတ်ဆွေ customer များ အခက်အခဲကြုံတွေ့လာရချိန်တိုင်းတွင် အနီးကပ်ဆုံး ရပ်တည်ကူညီပေးလျက်ရှိရာ ယခု ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်အတွက်လည်း ထိခိုက်ဆုံးရှုံးမှုများအား အမြန်ဆုံး ကွင်းဆင်းစိစစ်ခဲ့ပါသည်။ ထို့နောက် နစ်နာမှုများအတွက် ထိုက်တန်သော လျော်ကြေးငွေကျပ် (၉၅,၆၀၀,၀၀၀) အတိကို အချိန်ဆွဲခြင်းမရှိဘဲ အချိန်တိုအတွင်း အပြည့်အဝ တာဝန်ယူ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

မိမိရဲ့ တန်ဖိုးထားရတဲ့ မော်တော်ယာဉ်နဲ့ ခရီးစဉ်တွေတိုင်း စိတ်ချလက်ချဖြစ်စေဖို့၊ လမ်းခရီးမှာ အကောင်းဆုံး အကာအကွယ်ပေးနိုင်ဖို့အတွက် ခိုင်မာယုံကြည်ရတဲ့ အာမခံတစ်ခု ရှိထားဖို့က မရှိမဖြစ် လိုအပ်ပါတယ်။ လူကြီးမင်းတို့၏ မော်တော်ယာဉ်များအတွက် အကောင်းဆုံးသော အကာအကွယ်ကို ရယူလိုပါက ယန်းအာမခံ သို့ ယခုပဲ ဆက်သွယ် စုံစမ်းနိုင်ပါပြီ။

Claims Service ရယူလိုသည့် မိတ်ဆွေများအနေဖြင့် "ယန်းအာမခံ" ၏ Claims Hotline ဖုန်း 09-448883300, 09-448883311 တို့ကို ဆက်သွယ်နိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

“ယန်းအာမခံ ” နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက "ယန်းအာမခံ" ရဲ့ Claims Hotline ဖုန်း 09-448883300, 09-448883311 တို့ကို ဆက်သွယ်မေးမြန်းနိုင်သလို ယန်းအာမရဲ့ Sales Hotline ဖုန်းနံပါတ်တွေဖြစ်တဲ့ 09457741280, 09-457741363, 09-880915239, 09-880915219 တို့ကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

“The Best Insurance You Can Trust”

Address: No (886/888), Pyay Road, 9 Mile, Mayangone Township, Yangon, Myanmar.
✉️ Email: [email protected]
🌐 Website: www.younggeneralmm.com

Photos from Young Investment Group's post 22/08/2026

🙏🙏🙏

21/08/2026

မော်တော်ယာဉ်မောင်းနှင်ရင်း လမ်းဆုံလမ်းခွတွေမှာ မတော်တဆမှုဖြစ်ရင် "ဘယ်သူ့အမှားလဲ" ဆိုတာ ခွဲခြားရတာ တကယ်ကို ခေါင်းခြောက်စရာပါပဲ။

ကဲ... အခုပေးထားတဲ့ ပုံလေးကို သေချာကြည့်ပြီး ဘယ်သူအမှားလဲ ဆိုတာ ကို အဖြေမစဉ်းစားခင် ဒီအချက်လေးတွေကို သေချာ ကြည့်ကြည့်ရအောင်—

၁။ လမ်းညွှန်ဆိုင်းဘုတ်: Stop သို့မဟုတ် Give Way ဆိုင်းဘုတ် ပါနေသလား?

၂။ယာဉ်မီးပွိုင့်: မီးပွိုင့်က ဘယ်သူ့ဘက်ကို မီးစိမ်းပြထားတာလဲ?

၃။ မောင်းနှင်သည့် လမ်းကြောင်း: ဘယ်ကားက ကွေ့နေပြီး၊ ဘယ်ကားက တည့်တည့်မောင်းလာတာလဲ?

၄။ ယာဉ်၏ အရှိန်: ကားနှစ်စီးရဲ့ မောင်းနှင်ရာ လမ်းကြောင်းနဲ့ အရှိန်က ဘယ်လိုရှိသလဲ?

၅။ သက်သေအထောက်အထား: Dash Cam (သို့) CCTV မှတ်တမ်းမှာ ဘာတွေတွေ့ရသလဲ?

အပေါ်ကအချက်လေးတွေကို သေချာစီစစ်ပြီးသွားပြီဆိုရင်တော့ ဘယ်သူ့အမှားလဲဆိုတာကို ကောမန့်မှာ ဖြေကြားခဲ့ပေးပါဦးနော်

A. ကားအပြာ
B. ကားအနီ
C. နှစ်ဦးလုံးမှာ အမှားရှိသည်

အဖြေမှန်နဲ့အတူ ဒီလို မတော်တဆမှုတွေဖြစ်လာရင် စနစ်တကျ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို

20/08/2026

မိုးရွာထဲ ကားမောင်းရင်း လမ်းပေါ်က ချိုင့်ခွက်တွေနဲ့ ကားအောက်ပိုင်း ညှိမိသွားတာမျိုး၊ မတော်တဆ ရေဝင်သွားတာမျိုးတွေကြုံလာရင်… EV ကားတစ်စီးရဲ့ အသက်ဖြစ်တဲ့ ဘက်ထရီ (Battery Pack) နဲ့ လျှပ်စစ်မော်တာ ပျက်စီးသွားမှာကို စိုးရိမ်နေရပါသလား?

ဘက်ထရီနဲ့ မော်တာ ပျက်စီးသွားခဲ့ရင် လဲလှယ်စရိတ်က တော်တော်လေး မြင့်မားတာမို့ EV ကားပိုင်ရှင်တိုင်းအတွက် ရင်မအေးနိုင်စရာပါပဲ။

ဒါပေမယ့့် ဒီလိုစိုးရိမ်မှုတွေကို ယန်းအာမခံ (Young Insurance) က ဘယ်လိုမျိုး အပြည့်အဝ တာဝန်ယူပေးထားသလဲဆိုတာကို ဒီဗီဒီယိုလေးထဲမှာကြည့်လိုက်ရအောင်နော်။
“ယန်းအာမခံ ” နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက "ယန်းအာမခံ" ရဲ့ Claims Hotline ဖုန်း 09-448883300, 09-448883311 တို့ကို ဆက်သွယ်မေးမြန်းနိုင်သလို ယန်းအာမရဲ့ Sales Hotline ဖုန်းနံပါတ်တွေဖြစ်တဲ့ 09457741280, 09-457741363, 09-880915239, 09-880915219 တို့ကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

“The Best Insurance You Can Trust”

Address: No (886/888), Pyay Road, 9 Mile, Mayangone Township, Yangon, Myanmar.
✉️ Email: [email protected]
🌐 Website: www.younggeneralmm.com

14/08/2026

လက်ရှိအချိန်မှာ လျှပ်စစ်ကား (EV) စီးနင်းသူတွေ ပိုမိုများပြားလာတာနဲ့အမျှ EV ကားပိုင်ရှင်တွေအတွက် အရေးကြီးဆုံး သိထားရမယ့် အာမခံဆိုင်ရာ ဗဟုသုတလေးတွေကို မျှဝေပေးချင်ပါတယ်။

EV ကားတွေက ရိုးရိုးကားတွေလိုပဲ သမားရိုးကျ အာမခံ စည်းကမ်းချက်တွေအတိုင်း ထားလို့ မရပါဘူး။EV ကားတစ်စီးရဲ့ တည်ဆောက်ပုံနဲ့ နည်းပညာတွေဟာ ပုံမှန် စက်သုံးဆီသုံးကားတွေနဲ့ အခြေခံအားဖြင့် မတူညီတာကြောင့် အာမခံထားရှိတဲ့အခါမှာလည်း အချက်အလက် အချို့ကို သေချာစိစစ် ရွေးချယ်ဖို့ လိုအပ်ပါတယ်။

EV ကား အာမခံထားတဲ့အခါ

၁။ High-Voltage Battery Pack နှင့် AOG အကာအကွယ်။

EV ကားတစ်စီး၏ တန်ဖိုး ၄၀% နီးပါးသည် ဘက်ထရီ ဖြစ်ပါသည်။ ဘက်ထရီသည် ယာဉ်၏ အောက်ပိုင်းတွင် တပ်ဆင်ထားသဖြင့် ရေဝင်နိုင်ခြေ ပိုများသောကြောင့် သဘာဝဘေး အကာအကွယ်ဖြစ်သော (AOG - Act of God) ကိုပါ မဖြစ်မနေ ပေါင်းစပ် ဝယ်ယူထားသင့်ပါတယ်။

၂။ Charging System နှင့် မီးလောင်မှု အကာအကွယ်။

EV ကားများ အားသွင်းနေစဉ် မတော်တဆ မီးလောင်မှုများအတွက် အာမခံ လျော်ကြေး ရရှိနိုင်ပါသည်။ (သို့သော် အားသွင်းစနစ်များကို စနစ်တကျ မဟုတ်ဘဲ မှားယွင်းစွာ အသုံးပြုခြင်းကြောင့် ပျက်စီးသွားပါက လျော်ကြေး အကျုံးမဝင်နိုင်ပါ)။

၃။ အာမခံ မရနိုင်သော အချက်များကို ကြိုတင်သိရှိထားခြင်း။

✅ EV ကားများ၏ System Error (Software) ကြောင့် ကားဘရိတ်မမိခြင်း သို့မဟုတ် System ကို Hack ခံရ၍ မတော်တဆမှု ဖြစ်ပွားခြင်း။

✅ အချိန်ကြာလာ၍ ဘက်ထရီ သက်တမ်းကုန်ဆုံးခြင်း သို့မဟုတ် Battery Life % ကျဆင်းသွားခြင်း။

(ဤအချက်များအတွက် အာမခံ လျော်ကြေး ရရှိမည် မဟုတ်ပါ)။

၄။ Workshop လွတ်လပ်စွာ ရွေးချယ်ခွင့်။

မတော်တဆ ဖြစ်ပွားပါက အာမခံ ကုမ္ပဏီနှင့် ချိတ်ဆက်ထားသော Workshop များအပြင် မိမိ ကြိုက်နှစ်သက်ရာ Workshop များတွင်ပါ လွတ်လပ်စွာ ပြုပြင်နိုင်ခွင့် ရှိမရှိ စိစစ်ရပါမည်။EV ကားတွေဟာ ပြုပြင်စရိတ် မြင့်မားသော်လည်း အာမခံကြေး (Premium) မှာ စက်သုံးဆီကားများနှင့် အတူတူပင် ဖြစ်ပါတယ်။

မိမိတို့ရဲ့ အဖိုးတန် EV မော်တော်ယာဉ်အတွက် အသင့်တော်ဆုံးနဲ့ အပြည့်အဝဆုံး အာမခံ အကာအကွယ်တွေကို အသေးစိတ် တိုင်ပင်ဆွေးနွေးလိုပါက ယန်းအာမခံ (YOUNG Insurance General) သို့ အခုပဲ ဆက်သွယ် စုံစမ်းနိုင်ပါပြီ…

“ယန်းအာမခံ ” နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက "ယန်းအာမခံ" ရဲ့ Claims Hotline ဖုန်း 09-448883300, 09-448883311 တို့ကို ဆက်သွယ်မေးမြန်းနိုင်သလို ယန်းအာမရဲ့ Sales Hotline ဖုန်းနံပါတ်တွေဖြစ်တဲ့ 09457741280, 09-457741363, 09-880915239, 09-880915219 တို့ကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

“The Best Insurance You Can Trust”

Address: No (886/888), Pyay Road, 9 Mile, Mayangone Township, Yangon, Myanmar.
✉️ Email: [email protected]
🌐 Website: www.younggeneralmm.com

Photos from Young Insurance's post 12/08/2026

(၂၀၂၆) ခုနှစ် ဇူလိုင်လအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သော ယန်းအာမခံကိုယ်စားလှယ်များ
အာမခံလုပ်ငန်းတစ်ခုကို ပိုမိုအောင်မြင်စေနိုင်တဲ့ သော့ချက်တွေထဲမှာ အာမခံကိုယ်စားလှယ်ရဲ့ အားထုတ်မှုကလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။
အာမခံလုပ်ငန်းနဲ့ အာမခံကိုယ်စားလှယ်တွေဆိုတာ လက်တွဲတူညီစွာနဲ့ အာမခံလုပ်ငန်းအောင်မြင်မှုဆီကို ရှေ့ရှုပြီး ရှေ့ဆက်သွားနေကြတာပဲ ဖြစ်ပါတယ်။
အာမခံလုပ်ငန်း ရေရှည်အောင်မြင် ရပ်တည်ဖို့အတွက်ဆိုရင် အာမခံလုပ်ငန်းအတွက်သာမက အာမခံနယ်ပယ်အတွက်ပါ မရှိမဖြစ်လိုအပ်တဲ့ အာမခံကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုချီးကျူးပေးရမှာလည်း အာမခံလုပ်ငန်းများရဲ့ တာဝန်ပဲဖြစ်ပါတယ်။
ဒါကြောင့် (၂၀၂၆) ခုနှစ် ဇူလိုင်လအတွက် ယန်းအာမခံလုပ်ငန်းရဲ့ ကိုယ်စားလှယ်များထဲမှ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ ကိုယ်စားလှယ်များကို ချီးကျူးဂုဏ်ပြုရင်း ဖော်ပြပေးလိုက်ရပါတယ်။
#ယန်းအာမခံ

09/08/2026

မိုးသည်းထန်စွာ ရွာသွန်းပြီး လမ်းချောနေတဲ့အခါ မတော်တဆမှုတွေ ဖြစ်ပွားဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ မလိုလားအပ်တဲ့ အန္တရာယ်တွေကနေ ကင်းဝေးစေဖို့ မိုးရွာထဲ ကားမောင်းတဲ့အခါ ဒီ (၅) ချက်ကို လုံးဝ မပြုလုပ်မိဖို့ သတိပေးပါရစေ။

၁။ Hazard Light (အရေးပေါ်မီး)ဖွင့်ပြီး မောင်းခြင်း

မိုးရွာရုံနဲ့ အရေးပေါ်မီး (မီးနှစ်ဖက်မှိတ်တုတ်မှိတ်တုတ်) မဖွင့်ပါနဲ့။ ဖွင့်ထားရင် ဘယ်ကွေ့/ညာကွေ့ Signal ပြတာကို နောက်ကားတွေက မမြင်နိုင်တော့ဘဲ လမ်းကြောင်းပြောင်းတဲ့အခါ မတော်တဆမှုတွေဖြစ်ပွားနိုင်ပါတယ်။ လမ်းမမြင်ရရင် ပုံမှန် မီးကြီး (Low Beam) ကိုပဲ ဖွင့်ထားပါ။

၂။ ရှေ့ကားနဲ့ ကပ်မောင်းခြင်း (Tailgating)

မိုးရွာတဲ့အခါ လမ်းချောတာကြောင့် ဘရိတ်အကွာအဝေး (Braking Distance) က ပုံမှန်ထက် ပိုရှည်သွားပါတယ်။ ဒါကြောင့် ရှေ့ကားနဲ့ ပုံမှန်ထက် (၂) ဆခန့် ပိုခွာပြီး ဘေးကင်းတဲ့ အကွာအဝေးကနေ မောင်းနှင်ပါ။

၃။ ဘရိတ်ကို ဆောင့်နင်းခြင်း

စိုစွတ်နေတဲ့ လမ်းပေါ်မှာ ဘရိတ်ကို ရုတ်တရက် ဆောင့်နင်းလိုက်ရင် ကားချော်တာ (Hydroplaning) သို့မဟုတ် ကားခေါင်းရမ်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဘရိတ်ကို ဖြည်းဖြည်းချင်း အရှိန်လျှော့ပြီးမှ အသာအယာ နင်းပေးပါ။

၄။ ရေနက်မယ့် လမ်းထဲ ဇွတ်တိုးမောင်းခြင်း

အနက်ကို မခန့်မှန်းနိုင်တဲ့ ရေအိုင်တွေထဲ ဇွတ်မတိုးပါနဲ့။ အင်ဂျင်ထဲ ရေဝင်သွားရင် စက်ထိုးရပ်ပြီး ကားအကြီးအကျယ် ပျက်စီးနိုင်သလို ကားမျောပါသွားတဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။

၅။ Cruise Control (အလိုအလျောက် အရှိန်ထိန်းစနစ်) သုံးခြင်း

မိုးရွာထဲ မောင်းတဲ့အခါ Cruise Control ကို လုံးဝ မသုံးပါနဲ့။ ကားဘီး ချော်သွားခဲ့ရင် စနစ်က အရှိန်ကို လျှော့မပေးဘဲ ပိုမိုးမောင်းနှင်နေမှာမို့ ကားထိန်းချုပ်ရခက်ပြီး တိမ်းမှောက်နိုင်ပါတယ်။

ခရီးလမ်းတိုင်းမှာ မတော်တဆမှုဆိုတာ ကြိုတင်မှန်းဆလို့ မရနိုင်တာမို့ သတိထား မောင်းနှင်ဖို့ လိုအပ်သလို အခက်အခဲကြုံလာရင် အကူအညီရနိုင်ဖို့ ခိုင်မာတဲ့ အာမခံထားရှိထားတာက အကောင်းဆုံး ပြင်ဆင်ခြင်းပါပဲ။

မိတ်ဆွေတို့ရဲ့ မော်တော်ယာဉ်တွေဘေးကင်းလုံခြုံစွာနဲ့ အနာဂတ်ခရီးကို စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်ဖို့ ယန်းအာမခံ က အစဉ်အမြဲ အပြည့်အဝ တာဝန်ယူ စောင့်ရှောက်ပေးလျက်ရှိပါတယ်။

“ယန်းအာမခံ ” နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက "ယန်းအာမခံ" ရဲ့ Claims Hotline ဖုန်း 09-448883300, 09-448883311 တို့ကို ဆက်သွယ်မေးမြန်းနိုင်သလို ယန်းအာမရဲ့ Sales Hotline ဖုန်းနံပါတ်တွေဖြစ်တဲ့ 09457741280, 09-457741363, 09-880915239, 09-880915219 တို့ကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

“The Best Insurance You Can Trust”

Address: No (886/888), Pyay Road, 9 Mile, Mayangone Township, Yangon, Myanmar.
✉️ Email: [email protected]
🌐 Website: www.younggeneralmm.com

04/08/2026

"ဘဝဆိုတဲ့ ခရီးလမ်းမှာ လူတိုင်းက မတူညီတဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေနဲ့ လျှောက်လှမ်းနေကြတာပါ..."
ဒါပေမဲ့ မမျှော်လင့်ထားတဲ့ အခက်အခဲနဲ့အန္တရာယ်တွေဟာ ဘယ်အချိန်မှာ ကြုံတွေ့လာရမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။

ဒါကြောင့် ရှေ့ဆက်ရမယ့် ခရီးလမ်းမှာ မလိုလားအပ်တဲ့ စိုးရိမ်စိတ်တွေ၊ သောကတွေကို ဘေးဖယ်ထားပြီး မိမိရဲ့ ရည်မှန်းချက်တွေကိုပဲ စိတ်အေးလက်အေး အကောင်အထည်ဖော်လိုက်ပါ။
သင့်ရဲ့ မိသားစုနဲ့ စီးပွားရေးလုပ်ငန်းတွေ လုံခြုံမှုရှိစေဖို့ "ယန်းအာမခံ " က ခိုင်မာတဲ့ ကတိကဝတ်၊ တိကျတဲ့ တာဝန်ယူမှုတို့နဲ့ အမြဲမားမတ်စွာ ရပ်တည်စောင့်ရှောက်ပေးနေမှာပါ။

"အနာဂတ်ခရီးကို စိတ်အေးချမ်းသာစွာ ဖြတ်သန်းပါ... ဘေးကင်းလုံခြုံဖို့ကိုတော့ ‘ယန်း’ က တာဝန်ယူပါတယ်။"

“ယန်းအာမခံ ” နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက "ယန်းအာမခံ" ရဲ့ Claims Hotline ဖုန်း 09-448883300, 09-448883311 တို့ကို ဆက်သွယ်မေးမြန်းနိုင်သလို ယန်းအာမရဲ့ Sales Hotline ဖုန်းနံပါတ်တွေဖြစ်တဲ့ 09457741280, 09-457741363, 09-880915239, 09-880915219 တို့ကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

“The Best Insurance You Can Trust”

Address: No (886/888), Pyay Road, 9 Mile, Mayangone Township, Yangon, Myanmar.
✉️ Email: [email protected]
🌐 Website: www.younggeneralmm.com

Photos from Young Investment Group's post 03/08/2026
Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 886/888, Pyay Street, 9Mile, Mayangone Tsp
Yangon
11062

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:00
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 08:00 - 17:00