NOVA VITA Learning Center
သင့်စီးပွားရေးလုပ်ငန်းကို NOVA VITA နဲ့ ယ?
စွန့်ဦးတီထွင်လုပ်ငန်းရှင်များ နှင့် စီးပွားရေးလုပ်ငန်းစတင်ပြုလုပ်ချင်သူများအတွက် Business & Marketing Plan ရေးဆွဲနည်းများကို Action Learning Circle ဖြင့် ကိုယ်တိုင်ပြုလုပ်ရေးဆွဲတတ်စေဖို့ NOVA VITA မှကူညီပေးပါစေ
အလုပ်ခွင်မှာ ၀န်ထမ်းကို ဘယ်လို အကဲဖြတ်ကြပါသလဲ?
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
နိုင်ငံခြားတိုင်းပြည်တွေမှာ သွားရောက်အလုပ်လုပ်တာပဲ ဖြစ်ဖြစ်၊ ပြည်တွင်းကုမ္မဏီတစ်ခုမှာ အလုပ်၀င်လုပ်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းများနဲ့ အလုပ်စုပြီး လုပ်တာပဲဖြစ်ဖြစ်၊ လူငယ်များအတွက် အလုပ်ခွင်မှာ လူကို အကဲဖြတ်တဲ့နည်းများ သိရှိထားရင် များစွာအထောက်အကူဖြစ်ပါလိမ့်မယ်။
အရည်အချင်းတို့၊ ဘွဲ့ဒီဂရီတို့ဟာ အရေးကြီးပါတယ်။
ဒါပေမဲ့ အရည်အချင်းထက် အရေးကြီးတာက လူတစ်ဦးရဲ့ အမူအကျင့်ပါ။ ဘယ်လောက်ပဲတော်တော် အမူအကျင့်မကောင်းတဲ့ လူတစ်ယောက်ကို တာ၀န်ကြီးကြီးပေးဖို့၊ ရာထူးကြီးကြီးပေးဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ အောက်ပါအချက်များဟာ အလုပ်ခွင်တွေမှာ အရည်အချင်းထက် အရေးကြီးပါတယ်။
၁။ သစ္စာရှိခြင်း
ကုမ္မဏီအပေါ်၊ အလုပ်အပေါ် သစ္စာရှိခြင်းကို ဆိုလိုပါတယ်။ ကုမ္မဏီရဲ့ အကျိုးကို ကာကွယ်စောင့်ရှောက်ခြင်း၊ မြူစွယ်မူအောက်မှာ ကြံကြံခံ သစ္စာစောင့်သိနိုင်ခြင်းများကို ဆိုလိုပါတယ်။
၂။ အလုပ်ကိုလေးစားခြင်း
အလုပ်လုပ်ခြင်းဟာ လုပ်ခလစာသက်သက်အတွက် မဖြစ်သင့်ပါ။ ကျရာတာ၀န်ထက် ပိုမိုသော ၀န်ဆောင်မူ၊ ပိုမိုသော ကြိုးစားမူ များဖြင့် အားထုတ်သင့်ပါတယ်။ အလုပ်ကို လေးစားတဲ့လူဟာ အလုပ်ကို ခင်တွယ်သွားပါတယ်။ အလုပ်မှာပျော်သွားပါတယ်။
၃။ မိမိအသိဖြင့် လုပ်ဆောင်ခြင်း
ပြောမှသိ၊ ခိုင်းမှလုပ်တာမျိုး မဖြစ်သင့်ပါ။ “ ငါကိုလုပ်ခိုင်းတယ်” ဆိုတာထက် “ ငါကိုယ်တိုင်လုပ်ရမယ်” ဆိုတဲ့အသိ ၀င်သွားပါစေ။ အပြောထက် အလုပ်က စောနေပါစေ၊
၄။ တာ၀န်ယူမူ
တာ၀န်ယူမူ၊ တာ၀န်ခံမူ ဆိုတာ ယနေ့ခေတ်မှာ ရေပန်းစားနေတဲ့ ဝေါဟာရ ဖြစ်တယ်။ အလုပ်ကို သေးသေးမွှားမွှားကအစ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ခြင်း၊ ပြောတဲ့အတိုင်းဖြစ်အောင်လုပ်ခြင်း၊ အကြောင်းပြချက်များ၊ ဆင်ခြေများ မရှာဖွေခြင်း၊ ပြသနာကို ကိုယ့်ရဲ့လက်ထဲမှာ ဆုံးစေခြင်း၊ပေါ့ဆမူများကို လုံး၀လက်မခံခြင်း စသည်တို့ ပါ၀င်ပါတယ်။
၅။ အကျိုးထိရောက်မူ
အချိန်ဆွဲတတ်ခြင်းဟာ အကျိုးထိရောက်မူ ရဲ့ အဓိကရန်သူဖြစ်ပါတယ်။ အရေးကြီးတဲ့ကိစ္စကို ဦးစားပေး ကိုင်တွယ်ဖြေရှင်းတတ်ခြင်းဟာ အကျိုးထိရောက်မူကို ပိုမိုဖြစ်ပေါ်စေပါတယ်။ အလုပ်အပေါ် လုံး၀စိတ်၀င်စားခြင်း၊ ထဲထဲ၀င်၀င်သိရှိခြင်း၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်းတို့ဟာ အကျိုးထိရောက်စေတဲ့ အကြောင်းတရားများ ဖြစ်ပါတယ်။
၆။ အကျိုးရလဒ်
အလုပ်ကို အစကတည်းက ဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတာ ကြံဆောင်ထားသင့်ပါတယ်။ နည်းလမ်းဟာ အခက်အခဲထက် များစမြဲပါ။ သေသေချာချာစဉ်းစားပြီး တစ်ကြိမ်တည်းနဲ့ မှန်ကန်အောင်လုပ်ကိုင်နိုင်ခြင်းဟာ အကျိုးရလဒ်များကို ဖြစ်ပေါ်စေတဲ့ အရည်အချင်းဖြစ်ပါတယ်။
၇။ ဆက်ဆံရေး ကောင်းမွန်ခြင်း
လူတိုင်းနဲ့ တည့်အောင် စကားပြောတတ်တယ်။ လုပ်ချင်အောင် ခိုင်းတတ်တယ်။ စည်းရုံးရေးကောင်းတယ်။ ဒါတွေအားလုံးဟာ ဆက်ဆံရေးကောင်းတဲ့ လက္ခဏာများ ဖြစ်ပါတယ်။
၈။ ပူးပေါင်းဆောင်ရွက်တတ်ခြင်း
အသင်းအဖွဲ့နဲ့ အလုပ်လုပ်တတ်ခြင်းကိုဆိုလိုတာပါ။ တစ်ခုခုကို ဖြေရှင်းတော့မယ်ဆိုရင်အကြံအဥာဏ်တောင်းတယ်။ ဆွေးနွေးကြတယ်။ အစည်းအဝေးမှ ငြင်းကြခုန်ကြမယ်။
ဆုံးဖြတ်ချက်ချပြီဟေ့ဆိုရင် သဘောတူတူမတူတူ အဲဒီဆုံးဖြတ်ထားတဲ့အချက်ကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖေါ်ကြမယ်။ အသင်းအဖွဲ့ထဲမှာ ကိုယ်က နောက်ယှက်သူ လုံး၀မဖြစ်စေရဘူး၊ အတားအဆီး အဖြစ်မခံဘူး။
၉ ။ အပြုသဘောဆောင် ကြိုးစားမူ
အလုပ်အပေါ် ထားတဲ့စိတ်သဘောထားပါ။ သင်ယူတဲ့စိတ်ဓါတ်မွေးမြူမယ်၊ ၀န်ဆောင်တဲ့စိတ်ဓါတ်မွေးမြူမယ်၊ သူများတွေ မဖြစ်နိုင်ဘူးဆိုတဲ့ ရူ့တောင့်ကနေ ဆွေးနွေးနေတဲ့အချိန်မှာ ကိုယ်က ဖြစ်နိုင်တဲ့ဘက်ကနေ စဉ်းစားမယ်။ အပေါင်းလက္ခဏာဆောင်မယ်။ အပြုသဘောနဲ့ ကြိုးစားမယ်။
၁၀။ သိုသိုသိပ်သိပ် နေတတ်ခြင်း
အရည်အချင်းအတွက်နဲ့ ဘယ်တော့မှ မမောက်မာဘူး၊ အရည်အချင်းကြီးပြီး အလုပ်သေးသေးလုပ်နေတဲ့ စိတ်ထားမျိုး ရှောင်ကျဉ်ရမယ်။ ဟိတ်ကြီးဟန်ကြီးနဲ့ မနေဘူး၊ လူတိုင်းကို လေးစားတတ်အောင် ကြိုးစားမယ်။
၁၁။ ချွေတာတတ်ခြင်း
စက္ကူတစ်ရွက်ကအစ၊ မလိုအပ်ရင် အဖြုန်းတီးဘူး၊ ချွေတာလို့ရရင် ဘတ်ဂျက်တစ်ပြားမှ ပိုမသုံးဖြစ်အောင် ကြိုးစားဆောင်ရွက်မယ်။
၁၂။ ကျေးဇူးသိတတ်ခြင်း
အလုပ်ရှင်ကို ကျေးဇူးတင်တတ်မယ်၊ စားသုံးသူကို ကျေးဇူးတင်တတ်မယ်၊ လုပ်ဖေါ် ကိုင်ဘက်ကို ကျေးဇူးတင်တတ်မယ်၊ ၀န်ထမ်းအားလုံးကို ကျေးဇူးတင်တတ်မယ်။ ကျေးဇူးတင်တတ်တဲ့လူဟာ တန်ဖိုးထားတတ်တဲ့လူဖြစ်ပါတယ်။ သင်ယူတတ်သူဖြစ်ပါတယ်။ အခွင့်အရေးကို မြင်အောင်ကြည့်တတ်ပြီး အမိအရ ဆုပ်ကိုင်တတ်တဲ့သူလည်းဖြစ်ပါတယ်။
Trust ဖြစ်ဖို့ဆိုရင် ယုံကြည်ရဖို့ဆိုရင် 3C လိုပါတယ်။ Communication, Competency နဲ့ Character ပါ။ တစ်ချို့လူတွေကျတော့ Communication ကောင်းပြီး Character မကောင်းကြဘူး၊တစ်ချို့ကျတော့လည်း Communication ကစမကောင်းသလို Competency ပါမပြည့်ဝတော့ Character ဘယ်လောက်ကောင်းကောင်း ဘယ်နေ့ပြသနာထဖြစ်မလဲ ၊ဘာတွေလိုက်ရှင်းရမလဲ စိုးရိမ်နေတာနဲ့ တစ်ခုခုတာဝန်ပေးမယ်ဆို လုံးစုံယုံလို့မရပြန်ဘူး။တစ်ချို့ကျတော့လည်း Competency နဲ့ Character ကောင်းပေမယ့် လူမှန်ကြီးဖြစ်ပေမယ့် စကားပြောတာ အထာမကျ သလို သတင်းအချက်အလက် မျှဝေရမှန်းမသိတော့လည်း အဆင်မပြေပြန်ဘူး။ Communication နဲ့ Character နှစ်ခုဘဲကောင်းပြီး Competency မရှိရင်လည်း ဘာတာဝန်ပေးပေး results ကထွက်မလာပြန်ဘူး။အလွဲပေါင်းအမှားပေါင်းများစွာနဲ့ ပြင်ဆင်နေရတာနဲ့ ချာလပတ်ရမ်းနေလို့ရှေ့မရောက်နိုင်ပြန်ဘူး။ ကိုယ့်အဖွဲ့အစည်းအောင်မြင်ချင်ရင် ၊အသင်းအဖွဲ့တွေ အောင်မြင်ချင်ရင် အဖွဲ့ဝင်တွေအားလုံး 3C ပြည့်ဝဖို့လိုပါတယ်။ ဒါမှ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုအပြည့်အဝထားလို့ရပြီး ပြေးသလောက် ခရီးရောက်မှာပါ။
Maymyo
Intrapersonal skills
---------------------
Intrapersonal (“within the self”) skills are the internal abilities and behaviors that help you manage emotions, cope with challenges, and learn new information.
*Self-confidence.
*Persistence.
*Being open to change and new ideas.
*Ability to overcome distractions.
*Time Management.
*Resilience.
*Self discipline.
When you have strong intrapersonal skills, you take personal responsibility for your own feelings and emotions.
This mindset is also known as intrapersonal intelligence.
You learn how to focus your attention, set priorities and goals, and engage in purposeful thinking and problem-solving.
Interpersonal Skills
----------------------
Interpersonal skills synonyms encompass people skills, soft skills, emotional intelligence or even employability skills. The true meaning behind the term boils down to your ability to communicate with others and form relationships.
This is why strong interpersonal social skills can contribute to reducing stress levels, increasing life satisfaction, and improving your overall health.
To sum up—
Interpersonal communication skills are an extremely important part of your personal and professional life.
You can say that interpersonal skills are not only another word for people skills but they also indicate emotional intelligence, attitude, and behavior.
Here’s a list of interpersonal skills:
Communication
Conflict resolution
Decision making
Leadership
Relationship building
Mediation
Problem-solving
Teamwork / Collaboration
Negotiation
Listening
23/10/2020
ယခုလို Covid ကာလအတွင်းမှာ မဖြစ်မနေဖွင့်လှစ်လုပ်ဆောင်နေရတဲ့ လုပ်ငန်းတွေနဲ့ မိမိလုပ်ကိုင်နေသော လက်ရှိလုပ်ငန်းများကို ရန့်တန့်မနေဘဲ ဆက်လက်လုပ်ကိုင်ခွင့်ရရှိရေးအတွက် စီစဉ်ကြိုးပမ်းနေသော လုပ်ငန်းရှင်များ နှင့် လုပ်ငန်းစီမံအုပ်ချုပ်နေသူများ၊ ကိုယ်ပိုင်လုပ်ငန်း တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေသော အသေးစား အလတ်စား SME လုပ်ငန်းရှင်များအတွက် NOVA VITA Learning Center မှ လက်တွေ့အသုံးချ လုပ်ဆောင်ရမည့် အစီအစဉ်လေးတစ်ခုကို ပညာဒါန သင်တန်းလေးအဖြစ်ဖွင့်လှစ် ပေးသွားမှာဖြစ်ပါတယ်။
Covid ရောဂါမပျောက်ကွယ်သွားသေးသ၍ ၎င်းနှင့်အတူယှဉ်တွဲနေထိုင်လုပ်ကိုင်နိုင်ဖို့အတွက်ဆိုရင် "လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု နှင့် ကျန်းမာရေး" Occupational Safety & Health သည် အလုပ်ရှင်တွေအတွက်ရော အလုပ်သမားများအတွက်ပါ အင်မတန်အရေးကြီးလှပါတယ်။
စီးပွားရေး လုပ်ငန်းများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုက်နာဆောင်ရွက်ထားရှိပြီး A အဆင့်ရရှိမှပြန်လည်လုပ်ကိုင်ခွင့်ပြုနိုင်သည် ဆိုတဲ့ သတင်းကို လူကြီးမင်းတို့ အနေဖြင့်လည်းသိရှိထားပြီးဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းခွင်ကို ဘေးကင်းလုံခြုံစွာ ပြန်လည်စတင်နိုင်ဖို့ နဲ့ ပြန်လည် လည်ပတ်နိုင်ဖို့ ဒီသင်တန်းလေးကိုပြုလုပ်ပေးရခြင်းဖြစ်ပါတယ်။ အထူးသဖြင့် SME လုပ်ငန်းများဖြစ်သော စားသောက်ဆိုင်၊ဟိုတယ်နှင့်တည်းခိုခန်းများ၊ဝန်ဆောင်မှုလုပ်ငန်းများ နှင့် လက်လီဆိုင်များ အနေဖြင့်ဒီသင်တန်းလေးကို မဖြစ်မနေတက်ရောက်သင့်ပါတယ်။
World Health Organization နဲ့ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန တို့ရဲ့ Guideline အတိုင်း ILO Geneva မှ သင်ရိုးဆွဲပေးထားတဲ့ Occupational Safety & Health
သင်တန်းကို NOVA VITA Learning Center မှ ပင်တိုင်ဆရာမတစ်ဦးဖြစ်တဲ့ ILO Certified Trainer ကနေ အခမဲ့သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။
ပိုင်ရှင်အပါအဝင် စီမံအုပ်ချုပ်နေများသူများ တက်ရောက်သင့်ပါတယ်။
သင်တန်းနေ့ရက် - 29 - 30 Oct , 2020
သင်တန်းအချိန် - 3:00 PM ~ 6:00 PM
သင်တန်းနေရာ - Zoom Meeting (Online)
သင်တန်းစာရင်းပေးရန် - Comment Box or Messenger
အောက်ပါ link ကိုနှိပ်၍လည်းစာရင်းပေးသွင်းနိုင်ပါတယ်။
https://forms.gle/x8J9svUWmtpwmjke9
သင်တန်းသားဦးရေ ၂၅ယောက်သာ လက်ခံပေးနိုင်မှာမို့
အမြန်ဆုံးစာရင်းပေးသွင်းလိုက်ကြပါနော်။
သင်တန်းပြီးဆုံးပါက ILO မှပေးအပ်သော အသိအမှတ်ပြု Certificate ရရှိမှာဖြစ်ပါတယ်။
Occupational Safety & Health Online Training (29& 38 Oct ,2020@Zoom Meeting) 3:00PM~6:00PM
23/10/2020
ယခုလို Covid ကာလအတွင်းမှာ မဖြစ်မနေဖွင့်လှစ်လုပ်ဆောင်နေရတဲ့ လုပ်ငန်းတွေနဲ့ မိမိလုပ်ကိုင်နေသော လက်ရှိလုပ်ငန်းများကို ရန့်တန့်မနေဘဲ ဆက်လက်လုပ်ကိုင်ခွင့်ရရှိရေးအတွက် စီစဉ်ကြိုးပမ်းနေသော လုပ်ငန်းရှင်များ နှင့် လုပ်ငန်းစီမံအုပ်ချုပ်နေသူများ၊ ကိုယ်ပိုင်လုပ်ငန်း တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေသော အသေးစား အလတ်စား SME လုပ်ငန်းရှင်များအတွက် NOVA VITA Learning Center မှ လက်တွေ့အသုံးချ လုပ်ဆောင်ရမည့် အစီအစဉ်လေးတစ်ခုကို ပညာဒါန သင်တန်းလေးအဖြစ်ဖွင့်လှစ် ပေးသွားမှာဖြစ်ပါတယ်။
Covid ရောဂါမပျောက်ကွယ်သွားသေးသ၍ ၎င်းနှင့်အတူယှဉ်တွဲနေထိုင်လုပ်ကိုင်နိုင်ဖို့အတွက်ဆိုရင် "လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု နှင့် ကျန်းမာရေး" Occupational Safety & Health သည် အလုပ်ရှင်တွေအတွက်ရော အလုပ်သမားများအတွက်ပါ အင်မတန်အရေးကြီးလှပါတယ်။
စီးပွားရေး လုပ်ငန်းများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုက်နာဆောင်ရွက်ထားရှိပြီး A အဆင့်ရရှိမှပြန်လည်လုပ်ကိုင်ခွင့်ပြုနိုင်သည် ဆိုတဲ့ သတင်းကို လူကြီးမင်းတို့ အနေဖြင့်လည်းသိရှိထားပြီးဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းခွင်ကို ဘေးကင်းလုံခြုံစွာ ပြန်လည်စတင်နိုင်ဖို့ နဲ့ ပြန်လည် လည်ပတ်နိုင်ဖို့ ဒီသင်တန်းလေးကိုပြုလုပ်ပေးရခြင်းဖြစ်ပါတယ်။ အထူးသဖြင့် SME လုပ်ငန်းများဖြစ်သော စားသောက်ဆိုင်၊ဟိုတယ်နှင့်တည်းခိုခန်းများ၊ဝန်ဆောင်မှုလုပ်ငန်းများ နှင့် လက်လီဆိုင်များ အနေဖြင့်ဒီသင်တန်းလေးကို မဖြစ်မနေတက်ရောင်သင့်ပါတယ်။
World Health Organization နဲ့ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန တို့ရဲ့ Guideline အတိုင်း ILO Geneva မှ သင်ရိုးဆွဲပေးထားတဲ့ Occupational Safety & Health
သင်တန်းကို NOVA VITA Learning Center မှ ပင်တိုင်ဆရာမတစ်ဦးဖြစ်တဲ့ ILO Certified Trainer ကနေ အခမဲ့သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။
ပိုင်ရှင်အပါအဝင် စီမံအုပ်ချုပ်နေများသူများ တက်ရောက်သင့်ပါတယ်။
သင်တန်းနေ့ရက် - 29 - 30 Oct , 2020
သင်တန်းအချိန် - 3:00 PM ~ 6:00 PM
သင်တန်းနေရာ - Zoom Meeting (Online)
သင်တန်းစာရင်းပေးရန် - Comment Box or Messenger
အောက်ပါ link ကိုနှိပ်၍လည်းစာရင်းပေးသွင်းနိုင်ပါတယ်။
http://forms.gle/CFViEJNs1j8zbLW36
သင်တန်းသားဦးရေ ၂၅ယောက်သာ လက်ခံပေးနိုင်မှာမို့
အမြန်ဆုံးစာရင်းပေးသွင်းလိုက်ကြပါနော်။
သင်တန်းပြီးဆုံးပါက ILO မှပေးအပ်သော အသိအမှတ်ပြု Certificate ရရှိမှာဖြစ်ပါတယ်။
Occupational Safety & Health Online Training (29& 38 Oct ,2020@Zoom Meeting) 3:00PM~6:00PM
22/09/2020
NOVA VITA ရဲ့ ပင်တိုင်ဆရာမတစ်ဦး ကိုယ်တိုင်သင်ကြားမယ် OSH ( Occupational Safety and Health for COVID-19) 100% ပညာဒါန သင်တန်း လေး စိတ်ဝင်စားတဲ့ မည်သူမဆို တက်ရောက်နိုင်ပါတယ်နော်
လူဦးရေလေးကန့်သတ်ထားလို့ မြန်မြန်လေး စာရင်းပေးမှ စိတ်ချရမယ်နော်
=== 😊 သင်တန်းရက်စွဲ ။ 28-9-2020 မှ 30-9-2020
=== 😊 အချိန် ။ 6-45 to 9:45 pm
=== 😊 With zoom apps
Training Registration OSH Batch-1
25/12/2019
Merry Christmas!
03/06/2019
SME လုပ်ငန်းကို စတင်လုပ်ကိုင်ဆောင်ရွက်ချင်သူများနှင့်လက်ရှိလုပ်ငန်းလုပ်နေသူများအတွက် ကောင်းမွန်တဲ့ Business Plan တစ်ခု
ို ကိုရေးဆွဲပြီးလက်တွေ့ ကျကျ လုပ်ဆောငနိုင်ရန် အတွက် လက်တွေ့ သ်ကြားပေးမယ့် Business Plan for Your Business Course လေးကို July လဆန်းပိုင်းမှာ ပြန်လည်ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပါတယ်။စိတ်ဝင်စားသူများတက်ရောက်ချင်သူများ messenger မှ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်။
01/06/2019
TQM & QCC Training
[ လုပ်ငန်းစတင်ချင်သူတွေအတွက် မီလျှံနာတစ်ဦးရဲ့ အကြံပြုချက် ]
Redline Steel လုပ်ငန်းရဲ့ CEO ဖြစ်သူ Colin Wayneဟာ ဘွဲ့ဒီဂရီတွေမရရှိပေမယ့် ၂နှစ်အတွင်း မီလျှံနာဖြစ်လာသူပါ ။ သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး လုပ်ငန်းစတင်မည့်သူတွေကို အခုလိုအကြံပေးထားပါတယ် ။
" ကျွန်တော်က အထက်တန်းကျောင်းကထွက်ခဲ့ရသူပါ ။ ပညာရေးလည်းကောင်းကောင်းမသင်ခဲ့ရပါဘူး ။ စီးပွားရေးသင်တန်းတွေလည်း မတက်ခဲ့ဖူးပါဘူး ။ ဒါပေမယ့် ၂၀၁၆မှာ ကျွန်တော်ဟာ steel manufacturing company တစ်ခုကိုစတင်လုပ်ဆောင်ခဲ့ပါတယ် ။ အဲ့တစ်နှစ်အတွင်းမှာပဲ ကျွန်တော့်လုပ်ငန်းဟာ သန်း၃၀လောက်အမြတ်ထွက်ခဲ့ပါတယ် ။ ကျွန်တော်ဒီလုပ်ငန်းစတင်ခဲ့တုန်းက ကျွန်တော်မှာဒီလုပ်ငန်းတဲ့ပက်သက်ပြီး ဘာမှသေချာမသိခဲ့ပါဘူး ။ ဒါပေမယ့် ကျွန်တော်ပြောနိုင်တာတစ်ခုရှိပါတယ် ။ အဲ့ဒါကလည်း ကျွန်တော့်အောင်မြင်ရတဲ့လှို့ဝှက်ချက်ပဲဖြစ်မယ်ထင်ပါတယ် "
“ အဲဒါကတော့ ကျွန်တော်စလုပ်ဖြစ်ခဲ့တာပါ ”
ကျွန်တော်ဟာ စွန့်ဦးတီထွင်သူတစ်ယောက်လည်းမဟုတ်ပါဘူး ။ ကျွန်တော့်မှာ အရမ်းကောင်းမွန်တဲ့ Plan လည်းမရှိဘူး ၊ အရင်းအနှီးလည်းဟုတ်တိပက်တိမရှိခဲ့ပါဘူး ။ ဒီလုပ်ငန်းနဲ့ပက်သက်ပြီးလည်း ဘာမှသေချာမသိခဲ့ဘူး ။ ဒါပေမယ့် ကျွန်တော်သိခဲ့တာတစ်ခုရှိပါတယ် ။ ကျွန်တော်လုပ်နေတဲ့အလုပ်အပေါ် ယုံကြည်ချက်အပြည့်အ၀ရှိနေတာပါ ။ ပြီးတော့ ကျွန်တော်အမြဲတမ်းလေ့လာသင်ယူတယ် ။ အဲ့အချက်ကလည်း အရေးကြီးဆုံးဖြစ်မယ်ထင်ပါတယ် ။ ကျွန်တော်အရမ်းကြိုးစားခဲ့တယ် ။ ဒါမလွယ်ကူမှန်းသိပေမယ့် လုပ်နိုင်မယ်ဆိုတာလည်း ကျွန်တော်ယုံကြည်တယ် ။
✔ ထူးခြားနေစရာမလိုပါဘူး ကိုယ်လုပ်တဲ့အလုပ်ကိုယုံကြည်နေဖို့ပဲလိုတယ်
ဘ၀မှာတစ်ခါမှ အိမ်တွင်းအပြင်အဆင်လုပ်ငန်းမျိုးလုပ်ကိုင်ရလိမ့်မယ် ။ တစ်ခါမှမတွေးဖူးဘူး ။ ဒါပေမယ့် ကျွန်တော်အခွင့်အလမ်းတွေကို မြင်ခဲ့တယ် ။ သားဖြစ်သူနာမည်ထိုးထားတဲ့ Steel Baseball တစ်ခုကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆီမှာ စတင်တွေ့ရှိခဲ့ပါတယ် ။ ကျွန်တော့်သားအတွက်လည်း အဲ့ဒါမျိုးလေးလုပ်ပေးချင်တာနဲ့ ကျွန်တော် Google တစ်ဆင့်ရှာဖွေခဲ့တယ် ။ Steel နဲ့ စာတန်းထိုးအလှဆင်တဲ့လုပ်ငန်းတွေဟာ အနည်းငယ်သာရှိပြီး ၊ ပြိုင်ဘက်လုပ်ငန်းတွေလည်း နည်းနေတာကို ကျွန်တော်စတင်သတိထားမိခဲ့တယ် ။ Steel နဲ့ဒီထက်ပိုပြီး လုပ်ဆောင်နိုင်မယ်ဆိုရင် ကျွန်တော့်မှာ Customer တွေများလာမယ်ဆိုတာ
ကျွန်တော်ယုံကြည်ခဲ့တယ် ။ အဲ့အတွက် ဒီလုပ်ငန်းကိုစတင်ခဲ့တယ်။
✔ အရင်းအနှီးထက် စလုပ်ဖြစ်ဖို့ပဲလိုတယ်
လုပ်ငန်းကြီးတစ်ခုမစတင်ခင်မှာ အရင်းအနှီးက အတားအဆီးမဟုတ်ပါဘူး ။ ငွေကငွေကိုဖန်တီးနိုင်တယ်ဆိုပေမယ့် ကွဲပြားခြားနားစွာနဲ့ ကိုယ့်ရဲ့ပန်းတိုင်ဆီအရောက်သွားနိုင်ပါတယ် ။ အကြောင်းပြချက်တွေက ကျွန်တော်တို့ဘ၀ကိုရှေ့ကိုမရောက်ဖို့ တားဆီးနေပါတယ် ။ အများကြီးမစွမ်းဆောင်နိုင်ရင်တောင် လုပ်နိုင်တဲ့အနေအထားကနေ စတင်သင့်ပါတယ် ။
✔ Plan ကောင်းတွေမလိုဘူး ၊ လုပ်နေရင်းလေ့လာဖို့သာလိုအပ်ပါတယ်
ကျွန်တော်ပထမဆုံး Partner တစ်ယောက်နဲ့စတင်လက်တွဲခဲ့တယ် ။ စက်ပစ္စည်းတစ်ခုဟာ ဘယ်လောက်အသုံးဝင်နိုင်တယ်ဆိုတာသိရှိပြီးတဲ့နောက်မှာ ကျွန်တော်ရင်းနှီးမြှပ်နှံ့မှုတွေစတင်ပြုလုပ်ခဲ့ပါတယ် ။ လုပ်နေရင်းနဲ့စက်ပစ္စည်းတွေအကြောင်းသေချာလေ့လာရင်း သုံးလလောက်ကြာတဲ့အခါ ကောင်းကောင်းအသုံးချနိုင်လာပါတယ် ။
✔ ဈေးကွက်ကိုသိဖို့ထက် မားကတ်တင်းကိုနားလည်ဖို့လိုအပ်ပါတယ်
ကျွန်တော်အစကပြောခဲ့သလိုပဲ ဒီလုပ်ငန်းနဲ့ပက်သက်ပြီး ဘာမှသိထားတာမရှိခဲ့ပါဘူး ။ ဈေးကွက်အနေအထားကအစ ပြန်လေ့လာခဲ့ရပါတယ် ။ အဲ့နောက်မှာ လက်လီရောင်းချမှုတွေအတွက် Digital Marketing ကလည်းများစွာအသုံးဝင်တယ်ဆိုတာ သိလာပါတယ် ။ Marketer တွေရဲ့နည်းလမ်းတွေကိုလေ့လာပြီး ၊ Traffic ဖြစ်မည့်အကောင်းဆုံး Website တွေ ၊ Social Media Advertising တွေကိုလည်း ကောင်းကောင်းအသုံးချဖို့ကြိုးစားခဲ့ပါတယ် ။
✔ အောင်မြင်ဖို့အတွက် အရေးကြီးဆုံးက အမှန်တကယ်ကြိုးစား
နေဖို့ပါ
လုပ်ငန်းတစ်ခုစတင်ပြီးဆိုကတည်းက ရူးသွပ်စွာလုပ်ဆောင်ပါ ၊ သက်တောင့်သက်သာနေတဲ့အချိန်တွေလျော့ပြီး အချိန်ပေါင်းများစွာအလုပ်အတွက် ရင်းနှီးထားဖို့လိုပါတယ် ။ မအောင်မြင်ခဲ့တဲ့နေ့ရက်တွေ ကျော်လွန်ပြီးတဲ့နောက်မှာ ကျွန်တော်တို့အိမ်မက်တွေက တစ်ဖြည်းဖြည်းနီးကပ်လာနိုင်ပါတယ် ။
Credit
လင်းမိုးစက် ( Smart Life )
Click here to claim your Sponsored Listing.
Contact the school
Telephone
Website
Address
No(23) 109th Street Mingalar Taung Nyunt
Yangon