Myanga
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanga, Comic Bookstore, No. 17, 4th & 5th Floor, Bo Min Gaung Street, Bo Sein Mhan Quarter, Tarmwe Township, Yangon.
25/06/2020
- Myanga Myanmar Online Class လေးအကြောင်းသိပြီးကြပြီလား‼️
Digital Illustration ကို အခြေခံကနေစပြီး စနစ်တကျလေ့လာချင်တယ်၊ Covid 19 ကိုစိတ်မချလို့ အိမ်ကနေပဲအေးဆေးသင်ယူချင်တယ်ဆိုရင်တော့ စနစ်ကျပြီးထိရောက်မှုရှိတဲ့ ဒီ Online Classလေးကသင့်အတွက်ပါ။
‼️Online Class မို့ ထိရောက်မှုရှိပါ့မလား။
ပုံဆွဲအခြေခံကို အရင်စနစ်တကျသင်ကြားပြီးမှ Lessonတွေကိုစတင်သင်ကြားတာမို့ မိမိတို့အနေနဲ့ အခြေခံနဲ့အိမ်စာတွေကိုသာ သေခြာလိုက်လုပ်ပေးမယ်ဆိုရင် စိတ်ပူစရာမလိုပါဘူး။
အခြေခံကအစ သင်ခန်းစာတွေအဆုံး စနစ်တကျပြင်ဆင်သင်ကြားပေးလျက်ရှိပြီး knowledge sharing ကဏ္ဍများ၊ resource sharing များနဲ့ အခြား exclusive offersတွေပါ ပါဝင်မှာဖြစ်ပါတယ်။
‼️ဒါဆို သင်တန်းကြေးဘယ်လောက်လဲ။
အောက်ဖော်ပြပါ ပုံတွေကအတိုင်း သင်ခန်းစာခေါင်းစဉ်ကြီး 5 ခုအပြင် ( free basic lesson, အသိပညာဝေမျှခြင်း ကဏ္ဍ၊ resource များဝေမျှခြင်းကဏ္ဍနဲ့ အခြားသောအထူးအစီအစဉ်များစွာအပါအဝင် )ကို
သင်တန်းကြေး 50,000 ကျပ်တည်းသာ ဖြစ်ပါတယ်။
အခြားသင်ခန်းစာနဲ့ပက်သက်သည်များကို အောက်ဖော်ပြပါပုံလေးတွေမှာ သေခြာလေ့လာနိုင်ပါတယ်။
for more details:
09 254 060 337, 09 952703293, 09 77350 3773
15/06/2020
Yangonbee, Social Security Board, Myanga, Viberတို့ ပူးပေါင်း ဖန်တီးထားတဲ့ " တူတူကျော်ဖြတ်ကြပါစို့ "ဆိုတဲ့ Official Viber Sticker လေးတွေကို Viber မှာ ဒေါင်းလို့ရပါတယ်ဆိုတဲ့အကြောင်း သတင်းပါးလိုက်ပါတယ်ခင်ဗျာ။ "Let's Overcome This Together " ဆိုတဲ့ခေါင်းစဉ်နဲ့ sticker market မှာအလွယ်သကူ ရှာလို့ရသလို အောက်က link လေးမှာလည်းဒေါင်းယူလို့ရပါတယ်။
https://stickers.viber.com/pages/SSBMyanmar
31/05/2020
မင်္ဂလာပါ။
Batch ( I ) လေး June 6 ရက်နေ့မှာ စတင်ဖွင့်လှစ်ပါတော့မယ်။
‼️Online Drawing Class ဖြစ်လို့ ထိရောက်မှု နဲ့ ပြီးပြည်စုံမှု မရှိမှာကို စိတ်ပူနေပါသလား။
သင်တန်းကြေး အင်မတန်သက်သာပြီး အကျိုးရှိရှိအောင် သေခြာစနစ်တကျနဲ့ အချိန်ယူပြင်ဆင်ထားပြီးမှ ဖွင့်လှစ်ပေးတာဖြစ်တယ်။
( အခြေခံ software အသုံးပြုနည်း နဲ့ အခြေခံပုံဆွဲခြင်းသင်ခန်းစာများ ) ကိုလည်း လုံးဝလုံးဝ သင်ကြားပေးသွားမှာဖြစ်တယ်။
အတတ်ပညာသင်ကြားရေးပိုင်း တစ်ခုတည်းမဟုတ်ပဲ ( အသိပညာဝေမျှခြင်း ကဏ္ဍ၊ senior artist များနှင့် interview ကဏ္ဍ၊ တရားဝင် လိုင်စင်ဖြင့်ဝယ်ယူထားသော exclusive resource များဝေမျှခြင်းကဏ္ဍ အစရှိသည်တို့အပြင် အခြားသော အထူးအစီအစဉ်များစွာ ) ပါဝင်တဲ့ အဖိုးတန် Online Class အနှစ်ကြီးဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်။
‼️Online Class ဖြစ်ရခြင်းရဲ့ အားသာချက်တွေကဘာတွေလဲ။
- သင်တန်းချိန်ဆိုပြီး အကန့်အသတ်မရှိတော့တာကြောင့် မိမိတို့အားတဲ့အချိန် စိတ်ကြိုက် သင်ယူလေ့လာနိုင်ပါပြီ။သေခြာစနစ်တကျလိုက်လုပ်ပြီး အိမ်စာတွေတော့ မပျက်မကွက်လုပ်ပေးဖို့တော့ လိုပါတယ်။
- သင်ခန်းစာများကို ပြည့်ပြည့်ဝဝ သင်ကြားပို့ချပေးရုံတင်မဟုတ်ပဲ အလားတူများ ဖန်တီးနိုင်အောင် concept thinking ကိုပါ ပြောပြပေးနေမှာဖြစ်ပါတယ်။
- မရှင်းတာ နားမလည်လိုက်တာကို ပြန်လည်မေးမြန်းရန် ဆရာနှင့် Live Session လည်းပါဝင်မှာပါ။
- ပိုမိုသက်သာသော သင်တန်းကြေး အပြင် ပေးရသည်ထက် များစွာတန်သော Exclusive Offer များပါဝင်တာကြောင့် လုံးဝ လုံးဝ လက်မလွှတ်ပဲ တက်ရောက်ဖို့ နှိုးဆော်အပ်ပါတယ်ခင်ဗျာ။
‼️သင်တန်းကြေးကတော့ 50000 ကျပ်တိတိ သာဖြစ်ပါတယ်။
‼️တက်ရောက်မယ့်သူများက Applicant form ကို Message box မှတောင်းယူပြီးအရင်ဆုံး Submit လုပ်ပေးရမှာဖြစ်ပါတယ်။ form များကို သေချာ စစ်ဆေးပေးပြီးမှ တက်ရောက်ခွင့်ရရှိပြီး Payment လွှဲပေးရမှာပါ..။
for more details:
09 254 060 337, 09 952703293, 09 77350 3773
10/04/2020
‼️ Butman : Stay At Home ‼️
သင်္ကြန်ပိတ်ရက်လေးမှာ အိမ်တွင်းအောင်းနေကြတဲ့ ပြည်သူအပေါင်းအတွက်...
တို့ဆြာ Butman စွန်းစားခန်း ဇာတ်လမ်းအသစ်
Butman : Stay At Home လေးကိုတင်ဆက်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
22/03/2020
Coronavirus (Covid-19) ကို ကာကွယ်ရာမှာ လူ့ခန္ဓာကိုယ်အပြင်ပန်းနဲ့ပက်သက်ပြီး ကာကွယ်နေထိုင်ပုံတွေကို အားလုံးလည်းသိရှိပြီးကြပြီဖြစ်ပါတယ်။
ဒါပေမဲ့ အပြင်ပန်းတင်ကာကွယ်ရုံမဟုတ်ပဲ လူ့ခန္ဓာကိုယ်အတွင်းပိုင်းအထိပါ ကာကွယ်ကြဖို့ရာ ကိုယ်ခံအားကောင်းဖို့အပြင် မိမိတို့အဆုတ်အားကောင်းအောင် စားသုံးပေးသင့်တဲ့ ဈေးအသင့်အတင့်၊အလွယ်တကူလည်းဝယ်ယူလို့ရသော အစားအသောက်လေးတွေကို ကျွန်တော်တို့မြန်ဂမှ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
အားလုံးပဲ ဂရုစိုက်ကြပါ။
လက်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောကြဖို့
ကိုယ်ခံအားကောင်းမွန်အောင်နေထိုင်ကြဖို့
ကြိုတင်ကာကွယ်ကြဖို့
နိုးဆော်တိုက်တွန်းလိုက်ပါတယ်နော်။
10/03/2020
စာမေးပွဲကြီးအတွက်
ဂွတ်လက်..ဖိုက်တင်း..ယူခန်ဒူးဒစ်..ဂေ့ဖ်ယွာဘက်စ်
10/03/2020
အခြေခံ Drawing နဲ့ Character တွေဖန်တီးကြမလား⁉️
Chibi လေးတွေ ဖန်တီးကြမလား ⁉️
မြန်ဂမှ March လအတွင်း ဖွင့်လှစ်သင်ကြားပေးတော့မှာဖြစ်တဲ့ အတန်းသစ်လေး ၂ ခုကိုဖော်ပြပေးလိုက်ပါတယ်။
---------------------------------------------------------------------------
‼️မိမိစိတ်ကူးအိမ်မက်တွေဖြစ်တဲ့ comic, animation, game, movie တွေကို ဖန်တီးဖို့အတွက် ပထမဆုံးခြေလှမ်း၊ ဒီဇိုင်းနယ်ပယ်နဲ့ သက်ဆိုင်ပြီးလိုအပ်လာမဲ့ ပုံဆွဲခြင်းကို သင်ယူလိုချင်ပါက
-အသိပညာ၊ဗဟုသုတ နဲ့ အကိုးအကား
- မတူညီတဲ့ ခန္ဓာဗေဒ အချိုးအစားများ
- commercial အတွက်အသုံးဝင်တဲ့ ပုံဆွဲနည်း
- Design နဲ့ Drawing ပေါင်းစပ်ခြင်း
- ဖန်တီးမှုအဆင့်များ အစရှိတာတွေကို သင်ကြားပေးမဲ့ Learn Basic Drawing with Myanga အတန်းကို တက်ရောက်လိုက်ပါ။
---------------------------------------------------------------------------
‼️Commercial မှာ လွန်စွာအသုံးဝင်တဲ့ Chibi လေးတွေကို ရေးဆွဲတတ်လိုပါသလား။
Chibi လေးတွေဖန်တီးတဲ့ အခါ အရေးကြီးတဲ့
- ရေးဆွဲဟန် နဲ့ စစ်မှန်တဲ့ အချိုးများ
- လှုပ်ရှားပုံများ
- ဆောင်ရန်၊ ရှောင်ရန်များ ကိုသင်ကြားပေးမဲ့
Create Dynamic Chibi with Myanga အတန်းကို တက်ရောက်လိုက်ပါ။
---------------------------------------------------------------------------
သင်ကြားရေးအပိုင်းအတွက် သင်တန်းသားများလွယ်ကူစွာ ရေးဆွဲနိင်အောင် နဲ့ လေ့လာနိင်ရန်
♦️ Screen ပေါ်မှာတင်တန်းဆွဲလို့ရတဲ့ Monitor Tablet များအသုံးပြုသင်ကြားပေးမှာပါ။
♦️ Concept art book များ၊ Digital Art magazine များ၊ Comic စာအုပ်များရှိတဲ့ Library ထားရှိပေးထားပါတယ်။
❗သင်တန်းသားဟောင်းလေးတွေအတွက်လည်း Discount ရှိပါတယ်ဆိုတာလေးလည်း သိစေချင်ပါတယ်နော် ❗
သင်တန်းနေရာ
Hexagon Institute of Art & Design
No (17), 4th & 5th floor, Bo Min Khaung Street, Bo Sein Mhan Quarter, Bahan Township.
------------------------------------------
သင်တန်းအကြောင်းကိုအသေးစိတ် မေးမြန်းချင်တယ်ဆိုရင်တော့ -
ဖုန်းနံပါတ် - 09421102218, 09443079419, 09773503773 များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
See You Guys Soon❗
01/03/2020
မတ်လ (၂) ရက်နေ့လေးကတော့ မြန်မာနိုင်ငံရဲ့တောင်သူလယ်သမားနေ့ဖြစ်ပါတယ်။
လက်မှုလယ်ယာခေတ်မှစတင်ပြီး ယနေ့ စက်မှုလယ်ယာခေတ်ထိတိုင်အောင် စိုက်ပျိုးရေးလုပ်ငန်းဖြင့် တိုင်းပြည်အကျိုးကိုတစ်ဖက်တစ်လမ်းမှ သယ်ပိုးပေးကြသော တောင်သူများအားလုံးကို မြန်ဂမှလည်း အစဉ်အမြဲကျေးဇူးတင်လေးစားစွာဖြင့်ဂုဏ်ပြုလိုက်ရပါတယ်..။
'Day
28/02/2020
မင်္ဂလာပါ
ဖေဖော်ဝါရီလ ၂၉ရက်နေ့မှာပြုလုပ်မယ့် HUION SUMMIT 2020 ပွဲကို လာခဲ့ဖို့အသင့်ပဲလား ????
နိုင်ငံပေါင်း(၅) နိုင်ငံမှ Huion Family Member တွေက မြန်မာနိုင်ငံမှ Huionistတွေဆီ ချစ်ခင်ရင်းနှီးစွာ လာရောက်လည်ပါတ်ရင်း အသိပညာ အတတ်ပညာများ ဆွေးနွှေးဖလှယ်ကြမယ့် HUION SUMMIT 2020 ပွဲမှာထူးခြားပြီး ဗဟုသုတရစေမယ့် စိတ်ဝင်စားဖွယ်အစီအစဉ်တွေအပြင်... Digital Drawing, Illustration, Graphic Design နဲ့ပက်သက်တဲ့ အကြောင်းအရာတွေလည်း ပါဝင်မှာပါ..။
ဒီပွဲလေးမှာ အထူးခံစားခွင့်အနေနဲ့
‼️Manga စာအုပ် (သို့) Yangonbee Sketchbook လေးတွေဝယ်ယူတိုင်း ( 100% ) အခမဲ့ သင်တန်းတက်ခွင့်ကူပွန်အပြင် အခြားဗလာမပါ ကံစမ်းမဲလေးတွေ ကံထူးနိုင်မယ်~
‼️Hexagon မှ မည်သည့်သင်တန်းမဆိုအပ်နှံပါက ( 20% ) discount ကူပွန်လေးတွေရရှိမယ်~
‼️Manga စာအုပ်လေးတွေကို ( ၅၀၀၀ကျပ် ) တည်းနဲ့ရောင်းချပေးမဲ့အပြင် မြန်ဂ sticker လေးတွေပါ မေတ္တာလက်ဆောင်ပါဝင်မယ်~
ဒါအပြင် စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များပါဝင်မှာ ဖြစ်လို့ မဖြစ်မနေ လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
နေရာ။ ။IBC Grand Ballroom၊ IBC ခန်းမ၊ ပြည်လမ်း၊ ရန်ကုန်မြို့။
နေ့ရက်။ ။ဖေဖော်ဝါရီလ၊ ၂၉ရက်(စနေနေ့)
အချိန်။ ။ နေ့လည် ၁ နာရီမှ ၅ နာရီထိ
26/02/2020
‼️Feb 29 မှာ ဟွေယွန်း နဲ့အတူ မြန်ဂလည်းရှိနေပါမယ်ဗျို့ ‼️
Huion Summit 2020 (Myanmar)
မြန်မာနိုင်ငံမှာ ပထမဦးဆုံး အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပမည့် Huion Summit 2020 (Myanmar) ပွဲကို နိင်ငံပေါင်း 5 နိင်ငံမှ Huion family member တွေက မြန်မာနိုင်ငံ က Huionist တွေ ဆီ ချစ်ကြည်ရေး လာရောက် လည်ပါတ်ရင်း အသိပညာ အတတ်ပညာများ ဆွေးနွေးဖလှယ်ကြမဲ့ပွဲကြီးဖြစ်ပါတယ်။
ဒီပွဲလေးမှာ #မြန်ဂ လည်းရှိနေမှာဖြစ်ပြီး
‼️ စိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဉ်လေးတွေနဲ့ စောင့်ကြိုနေမှာပါ။
‼️Digital Drawing and Illustration, Graphic Design နဲ့ပက်သက်သမျှ သိလိုရာများကိုလည်း လာရောက်ဆွေးနွေး တိုင်ပင်ကြမလား။
‼️ဒီပွဲလေးကို လာရောက်လေ့လာရင်း Hexagon နဲ့ မြန်ဂမှ မကြာခင်ဖွင့်လှစ်မဲ့ သင်တန်းများကို အထူး Discount⁉️ များနဲ့ အပ်နှံကြမလား။
-----------------------------------
နေရာ ။ ။ IBC Grand Ballroom
IBC ခန်းမ၊ ပြည်လမ်း၊ ရန်ကုန်မြို့။
(အင်းလျားကန်ဘောင်၊ တံတားဖြူ မှတ်တိုင်အနီး)
နေ့ရက်။ ။ ဖေဖော်ဝါရီလ၊ ၂၉ ရက် (စနေနေ့)
အချိန်။ ။ နေ့လည် ၁ နာရီ မှ ၅ နာရီထိ။
🎯 FREE to come, open to public မို့ သေခြာပေါက် အရောက်လာခဲ့ကြပါဗျို့
21/02/2020
Myanga presents our pathway to Digital Art!
အခုနောက်ပိုင်း ရုပ်ပြလောကကို လူငယ်တွေစိတ်ဝင်စားလားတာကိုေတွ့ရတာ ဝမ်းသာစရာပါပဲ။ ဒါပေမယ့်လည်း ကိုယ်လိုချင်ရာလမ်းကြောင်းပေါ်ရောက်ဖို့ ဘယ်လိုသွားရမလဲ၊ ဘယ်လိုအတန်းမျိုးတွေတက်သင့်သလဲဆိုတာကို လမ်းပျောက်နေတဲ့သူတွေအတွက် pathway လေးတင်ပေးလိုက်ပါတယ်။
------------------------------------------------------------------------
အရင်ဆုံး digital art/ Illustration ဆိုတာဘာလဲသိချင်သူတွေအတွက်ကတော့ 10K workshop လေးတွေရှိပါတယ်။ အကြောင်းအရာတစ်ခုကိုပဲ သင်ပေးတာမလို့ မြည်းစမ်းချင်သူများအတွက် အသင့်တော်ဆုံးပါပဲ။
ဒါမှမဟုတ်ကိုယ်က digital art ကိုစိတ်ဝင်စားပြီ၊ တကယ်လိုက်စားမယ်လို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့ Basic class ကစတက်တက်ဖို့ အကြံပြုပါရစေ။
Basic class ပြီးရင်တော့ designer လုပ်မယ့်သူ၊ စီးပွားရှာမယ့်သူတွေအတွက်ကတော့ Create Dynamic Chibi with Myanga, Commercial Drawing Course ရက်တိုသင်တန်းတွေရှိပါတယ်။
သို့မဟုတ်၊ ရုပ်ပြလောကထဲဝင်ချင်တယ်၊ ပညာရပ်အဆုံးထိလိုက်ချင်တယ်ဆိုရင်တော့ Create Character Design with Myanga class လေးကို တက်ရောက်သင့်ပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့ဆီမှာ နောက်ဆုံးအနေနဲ့ Go Advance with Myanga class လေးရှိပါတယ်။
သင်တန်းတွေလိုက်တက်နေရမှာ စိတ်ရှုပ်တယ်၊ တစ်ခုတည်းနဲ့ပြီးချင်တယ်ဆိုရင်တော့ မကြာခင် အချိန်တွေမှာ 3 months Professional Course ရှိပါတယ်။ သို့ပေမယ့် သင်ရိုးတွေပြင်ဆင်နေပြီမို့ မကြာခင်ကြေညာပေးပါတော့မယ်
ဆိုတော့...... Let's Learn with Myanga!!!
14/02/2020
FA ဘက်တော်သား ဆရာဘတ်လေးတစ်ယောက် တနေ့လုံး ဘယ်လိုတွေဖီးလ်ခဲ့လဲ ဆိုတာလေးထပ်တူခံစားကြည့်ကြပါစို့။
ခံစားချက်ခင်းတူရင် အသည်းလေးတွေနဲ့ ဖေးမပေးခဲ့လိုက်ပါအုံးဗျာ။
'sDay
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 17, 4th & 5th Floor, Bo Min Gaung Street, Bo Sein Mhan Quarter, Tarmwe Township
Yangon
11211
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |
| Sunday | 09:00 - 20:00 |