Classic

Classic

Share

We're Selling Goods.

22/11/2016

October 2K16 အတွက် အော်ဒါမှာထားတဲ့ အကျီင်္တွေက အဆင်သင့်ဖြစ် နေပါပြီ။ အမှန်တစ်ကယ်က ကြိုတင်ပြောကြားထားတဲ့အတိုင်းပါ နိုဝင်ဘာလ ၂၀ ရက်နေ့ကတည်းက ရောက်လာတော့မှာပါ။

ဒါပေမယ့် မူဆယ် ကားလမ်းမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် မလိုအပ်ပဲ ကြန့်ကြာမှုတွေ ဖြစ်နေရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် အော်ဒါမှာယူထားတဲ့ အကျီင်္များ မှာယူသူ Customer လက်ထဲ ရောက်ရှိလာဖို့ အနည်းငယ် စောင့်ဆိုင်းရဦးမယ့် အကြောင်းကို ၀မ်းနည်းစွာ အသိပေး လိုပါတယ်။

ဖြေရှင်းဖို့ ခက်ခဲတဲ့ အခြေအနေ ဖြစ်နေတဲ့အတွက်လည်း နားလည် ပေးစေလိုပါတယ်။ ကြိုတင်ပြောကြားထားတဲ့အတိုင်း အတိအကျ ၀န်ဆောင်မှု မပေးနိုင်ခဲ့တဲ့အတွက်လည်း မှာယူအားပေးသူ မိတ်ဟောင်း/မိတ်သစ် Customer များအားလုံးကို အနူးအညွတ် တောင်းပန် အပ်ပါတယ်။ ပို့ဆောင်ဆက်သွယ်ရေး အဆင်ပြေသွားတာနဲ့ မှာယူထားသူများကို အသိပေး ဆက်သွယ် ပေးပါ့မယ်။ :-)

- Classic Online Store -

October 2k16 Collection(အော်ဒါများ စတင်လက်ခံနေပါပြီ) 25/10/2016

Classic Online Store ရဲ့  ၀ယ်ယူအားပေးသူ မိတ်ဟောင်း/မိတ်သစ် များ အားလုံး အတွက် အရင်တစ်ခေါက် ကလိုပဲ Pullover အနွေးထည် လေးတွေ ထပ်ပြီး တင်ပေးလိုက်ပါတယ်။

အောက်တိုဘာ ၂၇ရက်(ကြာသပတေးနေ့) မှာ အော်ဒါ ပိတ်မှာ ဖြစ်တဲ့အတွက် နှစ်သက်တာ တွေ့ခဲ့ရင် အမြန်ဆုံး အော်ဒါ တင်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

Pre-Order စနစ်ဖြစ်တဲ့အတွက် အော်ဒါမှာယူတဲ့နေ့ကစလို့ ၂ ပတ်ကနေ ၃ ပတ် အတွင်း ပစ္စည်းရောက်မှာဖြစ်ပြီး ကျသင့်ငွေကိုတော့ ပစ္စည်းရောက်မှာသာ ပေးချေရမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမယ့် Delivery စနစ်လည်း ရှိပြီး ပို့ခ အနေနဲ့ကတော့ မြို့နယ်အလိုက် ၁၅၀၀-၃၀၀၀ ကျပ် အထိ ကျသင့်မှာပါ။ နယ် က မှာယူသူများအတွက်တော့ အဝေးပြေး ကားဂိတ်က တဆင့် ပို့ဆောင်ပေးပါတယ်။

အော်ဒါမှာယူလိုတယ်ဆိုရင်တော့ Chatbox က ဖြစ်စေ ၊ 09-257218406 သို့ဖုန်းဆက်ပြီး ဖြစ်စေ လွတ်လပ်စွာ မေးမြန်းစုံစမ်းပြီး မှာယူနိုင်ပါတယ်။

Size နဲ့ ပတ်သက်ပြီး မိမိကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်နိုင်ဖို့အတွက် Size တစ်ခုချင်းစီရဲ့  ကိုယ်တိုင်း များကို အောက်မှာ ဖော်ပြပေးထားပါတယ်။

------------------------------------------------------

M - 43cm(ပခုံး) / 98cm(ရင်ဘတ်) / 64cm(အရှည်) / 62cm (လက်)

L - 45cm(ပခုံး) / 102cm(ရင်ဘတ်) / 67cm(အရှည်) / 63cm (လက်)

XL - 47cm(ပခုံး) / 108cm(ရင်ဘတ်) / 71cm(အရှည်) / 65cm (လက်)

XXL - 49cm(ပခုံး) / 112cm(ရင်ဘတ်) / 74cm(အရှည်) / 66cm (လက်)

Photos from Classic's post 16/10/2016

သီတင်းကျွတ် လပြည့်နေ့ လျှော့ဈေး - ၁၂၀၀၀ ကျပ်(In-Stock)
--------------------------------------------
Stussy အမှတ်တံဆိပ် နဲ့ Dickies အမှတ်တံဆိပ် Pullover အနွေးထည်အချို့ကို တစ်ထည် ၁၂၀၀၀ ကျပ်ဖြင့် ချက်ချင်း ရယူနိုင်ရန် ရောင်းချပေးနေပါပြီ!

အထည်အရေအတွက် အနည်းငယ်သာ ဈေးလျှော့ပေးထားတာမို့ အမြန်ဆုံး လာဝယ်မှ စိတ်ချရပါလိမ့်မယ်! :-D

ရရှိနိုင်မယ့် size တွေကိုတော့ ပုံတစ်ပုံချင်း အောက်မှာ ဖော်ပြပေးထားပါတယ်!

အသေးစိတ် သိရှိလိုပါက ၀၉၂၅၇၂၁၈၄၀၆ ကို ဖုန်းဆက်ပြီး ဖြစ်စေ chatbox က ဖြစ်စေ မေးမြန်းနိုင်ပါတယ်!

Photos 28/09/2016

Classic online store မှတဆင့် အော်ဒါမှာယူထားတဲ့ "September2K16" အတွက် အဝတ်အစား အများစု ရောက်လာပါပြီ!

မနက်ဖြန် မနက်က စတင်ပြီး မှာယူ ထားသူ တစ်ယောက်ချင်း ဆီကို ဖုန်းဆက် အကြောင်းကြား ပေးသွားမှာ ဖြစ်သလို Delivery ပို့ဆောင်ခြင်း နဲ့ ကိုယ်တိုင်လာယူခြင်း ကိစ္စရပ် များကိုလည်း အမြန်ဆုံး ဆောင်ရွက် ပေးသွားမှာပါ!

အခက်အခဲအချို့ကြောင့် အော်ဒါ အနည်းငယ်ကတော့ ဆက်လက် ကြန့်ကြာနေပြီး ထိုကြန့်ကြာမှုများ အတွက် လည်း အဆင်အပြေဆုံးဖြစ်စေဖို့ Customer များ ဆန္ဒ အတိုင်း ညှိုနှိုင်း ဆောင်ရွက်ပေးသွားပါမယ်!

အော်ဒါမှာယူထားသူများ အားလုံးကို Classic Online Store မှ အမြန်ဆုံး ဖုန်းခေါ်ဆိုပြီး ဆက်သွယ် အကြောင်းကြား သွားမှာ ဖြစ်ပါတယ် ခင်ဗျ! :-)

September 2K16 Collection (အော်ဒါပိတ်လိုက်ပါပြီ/ Order Closed) 29/08/2016

Classic Online Store ကနေ ပထမဆုံး Collection အဖြစ် လူငယ်တွေအနေနဲ့ တစ်စုတစ်စည်းတည်း ရန်ကုန်မှာ ရှာဖို့မလွယ်တဲ့ Pullover ဒီဇိုင်း အမိုက်စားတွေ ၊ ခေါင်းစွပ် Hoodie တွေနဲ့ ဘေ့စ်ဘော Jacket တွေကို တင်ပေးလိုက်ပါတယ်။ တစ်ထည်ချင်းစီရဲ့  ဈေးနှုန်း ၊ ကာလာနဲ့ ရရှိနိုင်တဲ့ ဆိုက်ဇ်တွေကို ပုံတစ်ပုံချင်းစီ အောက်မှာ ဖော်ပြပေးထားပါတယ်။

Pre-Order စနစ်ဖြစ်တဲ့အတွက် မှာယူပြီး ၂ ပတ် ကနေ ၃ ပတ်အတွင်း ပစ္စည်းရရှိမှာ ဖြစ်ပါတယ်။ မှာယူပြီး ၂ ရက်ကျော်သွားရင်တော့ Order ကို ပြန်ဖျက်လို့ မရပါဘူး။ ပစ္စည်းရောက်ရင် Delivery စနစ်နဲ့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမှာ ဖြစ်ပြီး ပို့ခကတော့ မြို့နယ်အလိုက် ၁၅၀၀ ကျပ်ကနေ ၃၀၀၀ ကျပ်အထိ ကျသင့်မှာပါ။

မှာယူမယ်ဆိုရင်တော့ Chatbox ကနေ မှာယူမယ့် item ရဲ့  ဓါတ်ပုံ (သို့) Code နံပါတ်ကို ပြပြီး မှာယူနိုင်သလို 09257218406 သို့ ဖုန်းဆက်ပြီး မှာယူနိုင်ပါတယ်။

( အမိုက်စားဒီဇိုင်းတွေလက်မလွှတ်လိုက်ရဖို့ ဓါတ်ပုံအားလုံးကို ကြည့်ရှုပေးဖို့ တိုက်တွန်းချင်ပါတယ် )

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00