Medi-Link
ဆေးဆိုင်ဖွင့်လိုသူတိုင်းနဲ့ဆေးဝါးအကူအဖြစ်လုပ်ကိုင်လိုသူတွေအတွက် Online ကနေ အထိရောက်ဆုံးသင်ကြားနိုင်မယ့်နေရာ 🩺
22/06/2026
မိုးရာသီမှာ ဖျားနာခြင်းကင်းပြီး ကျန်းမာနေစေဖို့ ဘာတွေစားကြမလဲ ⁉️
မိုးရာသီရောက်ပြီဆိုရင် အေးမြတဲ့ရာသီဥတုကြောင့် စိတ်အပန်းပြေရပေမယ့် တစ်ဖက်မှာလည်း တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ကပ်ပါလာတတ်ပါတယ်ရှင့်
ဒီလိုအချိန်မှာ ဆေးခန်းမပြေးရဘဲ အိမ်မှာတင် ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်ဖို့ မိုးရာသီမှာ မဖြစ်မနေ စားပေးသင့်တဲ့ အစားအစာ (၅) မျိုး ကို မျှဝေပေးလိုက်ပါတယ် 👇
(၁) ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်း
မိုးအေးအေးမှာ ဟင်းခါးပူပူလေး သောက်ရတာ လူကို လန်းဆန်းစေပါတယ် ✅
ဂျင်းနဲ့ ကြက်သွန်ဖြူမှာ ပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိပြီး၊ ငရုတ်ကောင်းက လည်ချောင်းနာတာနဲ့ နှာပိတ်တာတွေကို သက်သာစေပါတယ် ✅
(၂) ဗီတာမင် C ကြွယ်ဝသော အသီးအနှံများ
ရှောက်သီး၊ သံပရာသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရု (Grapefruit) နဲ့ ပန်းသီး တို့ဟာ ကိုယ်ခံအားစနစ်ကို အကောင်းဆုံး မြှင့်တင်ပေးနိုင်ပါတယ် ✅
မိုးရာသီမှာ အလွယ်တကူ ဝင်ရောက်တတ်တဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ဖို့ ဗီတာမင် C က မရှိမဖြစ်လိုအ@ပ်ပါတယ် ✅
(၃) နနွင်း
နနွင်းမှာ ပါဝင်တဲ့ Curcumin ဓာတ်ဟာ ရောင်ရမ်းမှုကို ကျစေပြီး ကိုယ်ခံအားကို တက်စေပါတယ် ✅
ညအိပ်ခါနီးမှာ နွားနို့ပူပူလေးထဲ နနွင်းမှုန့် အနည်းငယ်ထည့်သောက်ပေးရင် မိုးရာသီ တုပ်ကွေးရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ် ✅
(၄) လတ်ဆတ်ပြီး ချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက်များ
ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားတာထက် သေချာဆေးကြောပြီး ချက်ပြုတ်စားသောက်တာက ပိုစိတ်ချရပါတယ် ✅
အထူးသဖြင့် ဗူးသီး၊ ခါကြက်ဥ (မုန်လာဥနီ) တို့လို အစာခြေလွယ်တဲ့ အသီးအနှံတွေကို ပိုစားပေးသင့်ပါတယ် ✅
(၅) ဒိန်ချဉ် (Yogurt)
မိုးရာသီမှာ အစာခြေစနစ် အားနည်းတတ်တာကြောင့် အစာအိမ်ထဲက အကျိုးပြုဗက်တီးရီးယား (Probiotics) တွေကို မြှင့်တင်ပေးဖို့ ဒိန်ချဉ် သောက်ပေးသင့်ပါတယ် ✅
သူက ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ် ✅
⚠️ မိုးရာသီမှာ
လမ်းဘေးစာများနှင့် အအေးစာများ၊ ယင်နားစာများကို တတ်နိုင်သမျှ ရှောင်ပါ ‼️
အသုပ်စုံများနှင့် အဝတ်အထည်များ သေချာမဆေးရသေးသော အစိမ်းစားရသည့် အသီးအရွက်များကို သတိထားပါ ‼️
သေချာမဆေးရသေးသော အစိမ်းစားရသည့် အသီးအရွက်များကို သတိထားပါ ‼️
ရေကို ကျိုချက်ပြီးမှ သောက်ပါ ✅
🔺 မိမိရဲ့ ကျန်းမာရေးက မိမိနေ့စဉ် စားသောက်လိုက်တဲ့ အစားအစာတွေအပေါ်မှာ အများကြီး မူတည်ပါတယ် 🔺
အားလုံးပဲ မိုးရာသီမှာ အဖျားအနာကင်းဝေးပြီး ကျန်းမာပျော်ရွှင်ကြပါစေရှင့် ✨
#ဆေးဆိုင်ဖွင့်ချင်သူများအတွက် #ဆေးဝါးကျွမ်းကျင်သင်တန်း #ဆေးဝါး
18/06/2026
အိမ်မှာနေရင်း လွယ်လွယ်ကူကူ လေ့လာနိုင်မယ့် ဆေးဝါးကျွမ်းကျင် Online Class💊✨
ကိုယ်ပိုင်ဆေးဆိုင် ဖွင့်လှစ်ဖို့ ပြင်ဆင်နေသူတွေနဲ့ ဆေးဝါးပညာရပ်ကို စနစ်တကျ လေ့လာချင်သူများအတွက် သတင်းကောင်း!
MEDI-LINK ဆေးဝါးကျွမ်းကျင်သင်တန်း ရဲ့ July လ တန်းခွဲအသစ် အတွက် အပ်နှံမှုများ စတင်လက်ခံနေပါပြီ 🙌
အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ အချိန်မပေးနိုင်မှာ စိုးရိမ်နေစရာမလိုဘဲ အိမ်ကနေတင် အလွယ်တကူ Online ကနေ ထိရောက်စွာ သင်ယူနိုင်မယ့် အခွင့်အရေးပါရှင့် ✨
📚 သင်ကြားမည့်ဘာသာရပ်များ
ဆေးဝါးကျွမ်းကျင်ဘာသာရပ် (ဆေးဝါးအမျိုးအစားများနှင့် အသုံးပြုပုံများ)
ဆေးဆိုင်စီမံခန့်ခွဲမှု (ကိုယ်ပိုင်ဆေးဆိုင်ကို စနစ်တကျ အောင်မြင်အောင် လည်ပတ်မည့် နည်းလမ်းများ)
==================================
✨ ဘာကြောင့် MEDI-LINK မှာ တက်ရောက်သင့်လဲ?
🔺 အခြေခံ လုံးဝမရှိသူများလည်း နားလည်လွယ်အောင် အသေးစိတ် သင်ကြားပေးခြင်း
🔺 အချိန်ကုန်သက်သာပြီး မိမိအိမ်ကနေတင် အဆင်ပြေပြေ လေ့လာနိုင်ခြင်း
✅ သင်တန်းကြေး ၁၇၀,၀၀၀ ကျပ်သာ
✅ သင်တန်းကာလ(၂ )လ
အပတ်စဉ် တနင်္လာ နှင့် အင်္ဂါနေ့ (ည ၈:၀၀ မှ ၉:၃၀ နာရီအထိ)
✅ သင်တန်းစတင်မည့်ရက် [ 7. 7. 2026]
July လ တန်းခွဲအသစ်မှာ Smart ကျကျ ဆေးဝါးကျွမ်းကျင်သူတစ်ယောက် ဖြစ်လာဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ 💼🚀
📩 အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်
☎️ 09-780 310 992
#ဆေးဝါးကျွမ်းကျင်သင်တန်း
#ဆေးဆိုင်ဖွင့်ချင်သူများအတွက် #ဆေးဝါး
14/06/2026
ဒီဘက်ခေတ် နေအပူရှိန်နဲ့ဆိုရင် “ရေသောက်လိုက်ရုံ” နဲ့တင် တကယ်ရော လုံလောက်ရဲ့လား? 🤔☀️
နေပူထဲကပြန်လာလို့ ပင်ပန်းနွမ်းနယ်တဲ့အခါ၊ ချွေးတွေအများကြီးထွက်ထားတဲ့အခါမှာ ရေချည်းပဲသောက်နေရုံနဲ့ ခန္ဓာကိုယ်က ချက်ချင်းလန်းဆန်းမလာနိုင်ပါဘူး‼️
ဘာဖြစ်လို့လဲဆိုတော့ ချွေးနဲ့အတူ ရေဓာတ်တင်မကဘဲ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ဆားဓာတ် (Electrolytes) တွေပါ ဆုံးရှုံးသွားလို့ပါ♨️
ဒါကြောင့် နေပူလို့ ပင်ပန်းနွမ်းနယ်တဲ့အခါ ရေဓာတ်ရော၊ အားအင်ပါ ပြန်ပြည့်ဝစေဖို့ ဒါလေးတွေ တွဲလုပ်ပေးဖို့ လိုအပ်ပါတယ်ရှင့်👇
(၁) ဓာတ်ဆားရည် သောက်ပေးပါ💧
ချွေးထွက်လွန်ပြီး မူးဝေတာ၊ ကြွက်တက်တာ၊ နုံးခွေတာတွေဟာ Sodium နဲ့ Potassium ဓာတ်တွေ ဆုံးရှုံးသွားလို့ပါ ✅
ရေကျက်အေးထဲမှာ ဓာတ်ဆားထုပ်စပ်သောက်တာ ဒါမှမဟုတ် Sport Drinks တစ်ခွက် သောက်ပေးတာက ခန္ဓာကိုယ်ကို အမြန်ဆုံး လန်းဆန်းသွားစေပါတယ် ✅
(၂) သဘာဝအသီးဖျော်ရည်နဲ့ အုန်းစိမ်းရည် 🥥
အုန်းစိမ်းရည်ဟာ သဘာဝကပေးတဲ့ အကောင်းဆုံး အမောပြေဓာတ်ဆားရည်ပါ ✅
ဒါတွေအပြင် ဗီတာမင်စီပါတဲ့ သံပရာရည်၊ လိမ္မော်ရည် သောက်ပေးခြင်းကလည်း ပင်ပန်းနွမ်းနယ်မှုကို ယူပစ်သလို ပျောက်ကင်းစေပါတယ်ရှင့် ✅
(၃) အပူရှိန်ချက်ချင်းလျှော့ချဖို့ အနားယူပါ 🌬️
နေပူထဲကပြန်လာပြီး တန်းရေသောက်ရုံနဲ့ မပြီးပါဘူး
လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့နေရာမှာ ခဏထိုင်ပါ၊ ဝတ်ထားတဲ့အဝတ်အစားတွေကို ချောင်ချောင်ချိချိဖြစ်အောင်လုပ်ပြီး ခန္ဓာကိုယ်အပူချိန် ပုံမှန်ပြန်ဖြစ်အောင် အရင်အနားယူပါ ✅
🔺 ကဲ... ဒီရက်ပိုင်း အပူရှိန်က တကယ် Extreme ဖြစ်နေတာမို့ ရေသောက်ရုံတင်မကဘဲ ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့ မမေ့ကြနဲ့ဦးနော် 🔺
#ဆေးဝါးကျွမ်းကျင်သင်တန်း
10/06/2026
ချောင်းဆိုးရင် ပိုးသတ်ဆေး တန်းသောက်ဖို့ လိုလား❓
"ချောင်းဆိုးနေတာ ရက်နည်းနည်းကြာလာပြီ... ပိုးသတ်ဆေးတစ်ကတ်လောက် ဝယ်သောက်လိုက်ရင် ကောင်းမလား" 🤔
ဒီလိုမျိုး စဉ်းစားပြီး ဆေးဆိုင်မှာ ပိုးသတ်ဆေး အလွယ်တကူဝယ်သောက်လေ့ရှိတဲ့ အလေ့အထက ကျွန်မတို့ ပတ်ဝန်းကျင်မှာ တော်တော်လေး ခေတ်စားနေပါတယ်💢
ဒါပေမဲ့ ဒါဟာ တကယ်ပဲ မှန်ကန်တဲ့ နည်းလမ်းဟုတ်ရဲ့လား?
အဖြေကို အတိုဆုံးပြောရရင်တော့ "ချောင်းဆိုးတိုင်း ပိုးသတ်ဆေး သောက်ဖို့မလိုပါဘူး" ❌
ဘာဖြစ်လို့လဲဆိုတာ 👇
(1) ချောင်းဆိုးခြင်းရဲ့ ၈၀% ကျော်က ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ 🦠
ရာသီတုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးတာ အများစုက ဗိုင်းရပ်စ် (Virus) ကြောင့် ဖြစ်တာပါ♨️
ပိုးသတ်ဆေးဆိုတာ ဗက်တီးရီးယားကိုပဲ သတ်နိုင်တာဖြစ်ပြီး ဗိုင်းရပ်စ်ကို မသတ်နိုင်ပါဘူး❌
ဒါကြောင့် ဗိုင်းရပ်စ်ကြောင့် ချောင်းဆိုးတာမှာ ပိုးသတ်ဆေးသောက်ရင် အလကားဖြစ်မယ့်အပြင် ဘေးထွက်ဆိုးကျိုးပဲ ခံရပါလိမ့်မယ်♨️
⚠️ (2) ဆေးယဉ်ပါးမှုအန္တရာယ်
မလိုဘဲနဲ့ ပိုးသတ်ဆေးတွေ ခဏခဏသောက်ရင် ခန္ဓာကိုယ်ထဲက ဗက်တီးရီးယားတွေက ဆေးကို ခံနိုင်ရည်ရှိသွားပြီး "ဆေးယဉ်ပါး" သွားတတ်ပါတယ်♨️
နောက်တစ်ခါ တကယ်ပြင်းထန်တဲ့ ရောဂါပိုးဝင်လို့ ပိုးသတ်ဆေး တကယ်သောက်ဖို့ လိုလာတဲ့အခါမှာ ဘယ်ဆေးမှ တိုးတော့မှာ မဟုတ်တဲ့အတွက် အသက်အန္တရာယ်အထိ စိုးရိမ်ရနိုင်ပါတယ်‼️
💡 ဒါဆို ဘယ်အချိန်မှာ ပိုးသတ်ဆေး သောက်ဖို့ လိုမလဲ?
❗️သလိပ်က ဝါညစ်ညစ် သို့မဟုတ် အစိမ်းရောင်တွေ ထွက်လာရင်
❗️အဖျားကြီးပြီး ရက်အတော်ကြာအောင် မကျရင်
မောလာရင်၊ အသက်ရှူရ ခက်ခဲလာရင်
❗️ဆရာဝန်က စစ်ဆေးပြီး ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ပိုးဝင်ခြင်း (သို့) အာသီးရောင်ခြင်းလို့ အတည်ပြုရင် သောက်ဖို့ လိုအပ်ပါတယ်
အရေးကြီးဆုံးကတော့ ဆေးဝါးတွေကို ကိုယ့်သဘောနဲ့ကိုယ် ဝယ်မသောက်ဘဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှသာ သောက်သုံးဖို့ တိုက်တွန်းပါရစေ ရှင့်❤️
#ဆေးဝါး #ဆေးဆိုင်စီမံခန့်ခွဲ
အခုမှစဖွင့်မယ့် ဆေးဆိုင်တစ်ဆိုင်အတွက် System တစ်ခုဘယ်လိုတည်ဆောက်မလဲ!
#ဆေးဆိုင်ဖွင့်ချင်သူများအတွက်
#ဆေးဆိုင်
#ဆေးဝါးကျွမ်းကျင်သင်တန်း
03/06/2026
ဆေးဆိုင်တစ်ဆိုင်ဖွင့်တော့မယ်ဆိုရင် "ရင်းနှီးနိုင်တဲ့ပမာဏ" တစ်ခုတည်းနဲ့တင် မလုံလောက်ပါဘူး
တကယ်တမ်း ဆိုင်တံခါးမဖွင့်ခင်ကတည်းက အရှုံးအမြတ် (Profit & Loss) ကို ကြိုတင်မှန်းဆတွက်ချက်တတ်မှသာ ရေရှည်မှာ အရင်းပြုတ်မသွားဘဲ အောင်မြင်နိုင်မှာပါ✅
ဒါကြောင့်ကိုယ်တိုင်တွက်ချက်ကြည့်နိုင်ဖို့ အခြေခံအဆင့် (၃) ဆင့်ကို မျှဝေပေးလိုက်ပါတယ်ရှင့်💢
(၁) ပုံသေကုန်ကျစရိတ်တွေကို အရင်ရှာပါ (Fixed Costs)
ဆေးရောင်းရသည်ဖြစ်စေ၊ မရောင်းရသည်ဖြစ်စေ လစဉ်မပျက်မကွက် ပေးနေရမယ့် စရိတ်တွေကို အရင်စုပြီး စာရင်းလုပ်ရပါမယ်
ဥပမာ-ဆိုင်ခန်းခ၊ဝန်ထမ်းခနဲ့ မီတာခ စသည်တို့ပါ
(၂) ပြောင်းလဲနိုင်တဲ့ကုန်ကျစရိတ်တွေကိုတွက်ပါ (Variable Costs)
Variable Costs ဆိုတာ ပုံသေပေးရတဲ့ဆိုင်လခ (Fixed Cost) လိုမျိုး မဟုတ်ဘဲ အရောင်းအဝယ်အပေါ် မူတည်ပြီး လိုက်ပြောင်းနေတဲ့ စရိတ်တွေဖြစ်လို့ ဆိုင်ရဲ့ အမြတ်အစွန်းကို တွက်ချက်တဲ့အခါ ဒါတွေကို သေချာသိထားဖို့ အရမ်းအရေးကြီးပါတယ်
ရိုးရိုးရှင်းရှင်းပြောရရင် “ဆေးတွေ အများကြီးရောင်းရလေလေ၊ ပိုကုန်လေလေဖြစ်ပြီး ဆေးမရောင်းရရင် လုံးဝမကုန်တဲ့ စရိတ်မျိုး” ကို ပြောတာပါ။
ဥပမာ ဆေးရောင်းတဲ့အခါ သုံးစွဲသူကို ထည့်ပေးလိုက်ရတဲ့ ဆေးပုလင်းတွေ၊ ဆေးကတ်တွေထည့်ပေးရတဲ့ ဆေးအိတ်အကြည်အသေးလေးတွေ၊ ဆိုင်အိတ် (Plastic Bags/Paper Bags) တွေ ဖြစ်ပါတယ်။
လူနာတွေ ဆိုင်ကို အယောက် ၁၀၀ လာရင် အိတ် ၁၀၀ ကုန်ပြီး အယောက် ၁,၀၀၀ လာရင် အိတ် ၁,၀၀၀ ကုန်မှာဖြစ်လို့ အရောင်းပေါ်မူတည်ပြီး ကုန်ကျစရိတ် တိုက်ရိုက်လိုက်ပြောင်းနေပါတယ်။
နောက်တစ်ခုက သင့်ဆေးဆိုင်ကနေ အိမ်တိုင်ရာရောက် (Home Delivery) ဝန်ဆောင်မှုပေးတယ်ဆိုရင် အော်ဒါတွေ ပို့ပေးရတဲ့ ဆီဖိုး ဒါမှမဟုတ် Delivery ပို့ခ တွေ ဖြစ်ပါတယ်။
ဒါကြောင့် ဆေးတွေကို စျေးနှုန်းသတ်မှတ်တဲ့အခါ ဆေးဝါးဝယ်ရင်းစျေး (Variable Cost) အပြင် အိတ်ဖိုးနဲ့တခြားကုန်ကျနိုင်ခြေတွေကိုပါ ထည့်တွက်ပြီးမှ အမြတ်တင်ရပါမယ်။
(၃) ဝင်ငွေနှင့် အမြတ်အစွန်းကို မှန်းဆတွက်ချက်ခြင်း
ဆေးဆိုင်တစ်ဆိုင်ရဲ့ ဝင်ငွေနဲ့ အမြတ်အစွန်းကို အရှင်းဆုံး တွက်ချက်နည်းကတော့ ဆိုင်ထဲကို ဝင်လာသမျှ ဆေးရောင်းရငွေ အားလုံးကို ဝင်ငွေ (Revenue)လို့ ခေါ်ပြီး အဲဒီဝင်ငွေထဲကနေ ဆေးဝယ်ရင်းစျေး (အရင်း) တစ်ခုတည်းကိုပဲ နှုတ်လိုက်ရင် ဆေးရောင်းလို့ရတဲ့ အကြမ်းဖျင်းအမြတ် (Gross Profit) ကို ရမှာဖြစ်ပြီး
အဲဒီအကြမ်းဖျင်းအမြတ်ထဲကမှ ဆိုင်လခ၊ဝန်ထမ်းလစာ၊မီးဖိုးနဲ့ ဆေးအိတ်ဖိုးစတဲ့ ဆိုင်ရဲ့ ကုန်ကျစရိတ်အားလုံးကို ထပ်နှုတ်ပယ်ပြီး ကိုယ့်အိတ်ကပ်ထဲမှာ တကယ်ကျန်မယ့်ပိုက်ဆံကိုတော့ အသားတင်အမြတ် (Net Profit)လို့ ခေါ်ပါတယ်
ဒီအချက်တွေကို ကြိုတွက်ပြီး ဆေးဆိုင်တစ်ဆိုင် ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင် အနည်းဆုံး ၆ လစာ လည်ပတ်ငွေကို အရန်သင့်ချန်ထားပြီးမှ စတင်သင့်ပါတယ်
‼️ဒါကြောင့်စာရင်းဇယား သေချာတွက်ချက်ပြီးမှ ရဲရဲဝံ့ဝံ့ ခြေလှမ်းလှမ်းကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ရှင့်💼✨
#ဆေးဆိုင်ဖွင့်လှစ်ခြင်း #စီးပွားရေးအကြံပြုချက်
31/05/2026
ဆေးဆိုင်စီမံခန့်ခွဲမှု (Pharmacy Management) ကိုပါ ထပ်ပေါင်းသင်ယူရမယ့်
Medi-Link ရဲ့ ဇွန်လ ဆေးဝါးကျွမ်းကျင်နှင့် ဆေးဆိုင်စီမံခန့်ခွဲမှုသင်တန်း ရုံးချိန်လွတ် 𝗭𝗼𝗼𝗺 𝗖𝗹𝗮𝘀𝘀 စဖို့
[ (၅) ရက်ပဲ လိုပါတော့တယ် ! ]
📌သင်တန်းစမည့်နေ့ - 𝟱.𝟲.𝟮𝟬𝟮𝟲 (သောကြာနေ့)
❗ သင်တန်းကာလနဲ့သင်တန်းကြေး
သင်တန်းကြေး - ၁၇၀,၀၀၀ ကျပ်
(သင်တန်းကြေးထဲမှာ သင်ခန်းစာစာအုပ် + PDF file နဲ့ သင်တန်းဆင်းလက်မှတ်အတွက်ပါပြီးသားမလို့ထပ်မံကုန်ကျစရာမလိုတော့ပါဘူးနော်) 🤍
⏰ သင်တန်းချိန် - ကြာသပတေး၊သောကြာ နေ့တွေရဲ့
ည 8:00-9:30 နာရီအထိ
📆 သင်တန်းကာလ - (၂) လတိတိ
📃 အခြေခံပညာ အလယ်တန်းအဆင့်အထိ တက်ရောက်ဖူးသူတိုင်းအပြင် ဆေးပညာကိုစိတ်ပါဝင်စားရင် တက်ရောက်နိုင်ပါပြီ
သင်တန်းအပ်ပြီးတာနဲ့သင်ခန်းစာစာအုပ်ကိုအိမ်အရောက်ပို့ဆောင်ပေးမယ့်အပြင်
သင်တန်းကာလပြီးတဲ့အခါ online စာမေးပွဲဖြေဆိုရမှာဖြစ်ပြီး သင်တန်း 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲ကိုလည်း အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။
ဒါကြောင့်အခုပဲ 𝗠𝗲𝗱𝗶-𝗟𝗶𝗻𝗸 ရဲ့ဆေးဝါးကျွမ်းကျင်သင်တန်းကိုတက်ရောက်ပြီး 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗰𝗮𝗿𝗲𝗲𝗿 တစ်ခုကို ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းလိုက်ပါ။
အသေးစိတ်သိရှိလိုတယ်ဆိုရင် ဖုန်းနံပါတ် 𝟬𝟵𝟳𝟴𝟬𝟯𝟭𝟬𝟵𝟵𝟮 ကို ဖုန်းဆက်ပြီး(သို့) viber ကနေလည်း လာရောက်မေးမြန်းနိုင်သလို
Page messanger ကနေလည်း သိလိုတာတွေကိုအချိန်မရွေးလာရောက်စုံစမ်းနိုင်ပါတယ်...
#ဆေးဝါးကျွမ်းကျင်သင်တန်း
#ဆေးဆိုင်ဖွင့်ချင်သူများအတွက်
28/05/2026
🚨 "ဆေးသောက်မှားတာထက် ဆေးအကြောင်းမသိတာက ပိုပြီး အသက်အန္တရာယ်နီးစပ်ပါတယ်"
♨️လူတော်တော်များများက ဆေးတစ်ခါသောက်မှားရင် အရမ်းလန့်သွားတတ်ကြပါတယ်
‼️ဒါပေမဲ့ တကယ်တမ်း ပိုကြောက်ဖို့ကောင်းတာက "မိမိသောက်နေတဲ့ဆေး၊ ရောင်းနေတဲ့ဆေးအကြောင်းကို ရေရေရာရာမသိတာ" ပဲ ဖြစ်ပါတယ်
ဘာကြောင့် ဆေးအကြောင်းမသိတာက ပိုကြောက်ဖို့ကောင်းတာလဲ❓
💢 ဆေးတစ်ခါမှားသောက်မိရင် ချက်ချင်းလက္ခဏာပြလို့ ကုသလို့ရနိုင်ပေမဲ့ ဆေးအကြောင်းမသိဘဲ ရေရှည်စွဲသောက်နေမိရင်
(ဥပမာ - အကိုက်အခဲပျောက်ဆေးတွေကို တန်ဆေးလွန်ဘေး ဖြစ်မှန်းမသိ သောက်နေတာမျိုး) ကျောက်ကပ်နဲ့ အသည်းကို တဖြည်းဖြည်း ပျက်စီးလာစေပါတယ်
💢 မိမိကိုယ်တိုင်တင်မကဘဲ ကိုယ့်အိမ်က မိသားစုဝင်တွေ၊ ကလေးငယ်တွေ နေမကောင်းဖြစ်တဲ့အခါ ဆေးအညွှန်းနဲ့ ဆေးပမာဏကို အတိအကျမသိဘဲ တိုက်ကျွေးမိရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်
✅ ဒါကြောင့် ဆေးဝါးတွေအကြောင်းကို စနစ်တကျနဲ့ ကျွမ်းကျင်စွာ သိရှိထားဖို့က လူတိုင်းအတွက် မရှိမဖြစ် လိုအပ်လာပါပြီ✨
ကျန်းမာရေးကိစ္စတွေမှာ "နောင်တ" မရစေဖို့နဲ့ မိမိကိုယ်တိုင်ရော မိသားစုပါ ဘေးကင်းစိတ်ချရဖို့အတွက်
ဆေးဝါးနဲ့ရောဂါအကြောင်းတွေကို အသေးစိတ် သင်ကြားပေးမယ့် 𝗠𝗲𝗱𝗶-𝗟𝗶𝗻𝗸 ရဲ့
❗ ဆေးဝါးကျွမ်းကျင်နဲ့ ဆေးဆိုင်စီမံခန့်ခွဲမှုသင်တန်း June Zoom Class (ဇွန်လရုံးချိန်လွတ်တန်းခွဲ)" ကို လာမယ့် 𝟱.𝟲.𝟮𝟬𝟮𝟲 မှာ ထပ်မံဖွင့်လှစ်သွားမှာဖြစ်ပါတယ်✅
📩 အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်
☎️ 09-780 310 992
#ဆေးဝါးကျွမ်းကျင်သင်တန်း
#ကျန်းမာရေးဗဟုသုတ
26/05/2026
မွန်ပြည်နယ်၊မုဒုံမြို့နယ် တစ်ဝိုက်က မိဘပြည်သူတွေအတွက် မုဒုံမြို့နယ်၊ကျိုက်ရွဲကျေးရွာမှာ
”ပိတောက်ဖူး” ဆေးဆိုင်သစ်ကို ဖွင့်လှစ်ထားပါတယ်နော်
🔶 𝗠𝗲𝗱𝗶-𝗟𝗶𝗻𝗸 မှာ သင်ယူခဲ့တဲ့ ဆေးဝါးသိုလှောင်မှု၊ ဆေးဆိုင်စီမံခန့်ခွဲမှုနှင့် ဆေးပညာကျင့်ဝတ်တွေကို အသုံးချပြီးဖွင့်လှစ်ထားတာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ စိတ်ချလက်ချ ဝယ်ယူနိုင်မှာဖြစ်ပါတယ်
✅ အခုလို လုပ်ငန်းရှင်တစ်ယောက်အဖြစ် ခြေလှမ်းသစ်စတင်နိုင်ခဲ့ပြီဖြစ်လို့ ရှေ့ဆက်ပြီးတော့လည်း
ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနိုင်ပါစေကြောင်း 𝗠𝗲𝗱𝗶-𝗟𝗶𝗻𝗸 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏
#ဆေးဝါးကျွမ်းကျင်သင်တန်း
#ပိတောက်ဖူးဆေးဆိုင်
25/05/2026
💊 ဆေးဆိုင်မှာ ဆေးဝယ်ရင် ဒါတွေ သတိထားပါ
(1) ဆေးအမည်နဲ့ အာနိသင်ကို သေချာမေးပါ
တချို့ဆေးတွေက နာမည်တူပြီး အာနိသင် မတူတာမျိုး ရှိတတ်ပါတယ်💢
မိမိသောက်ရမယ့် ဆေးအမျိုးအစား ဟုတ်မဟုတ် ဆေးအရောင်းပြခန်း တာဝန်ခံ ( သို့မဟုတ် ) ဆေးဝါးကျွမ်းကျင်ပညာရှင်ထံ သေချာမေးမြန်း အတည်ပြုပါ💢
(2) သက်တမ်းကုန်ဆုံးရက် (Expiry Date)ကိုစစ်ဆေးပါ
ဆေးဗူး သို့မဟုတ် ဆေးကတ်ရဲ့ ဘေးပတ်ပတ်လည်မှာ ရိုက်နှိပ်ထားတဲ့ EXP (Expiry Date) ကို မဖြစ်မနေ အရင်ဆုံး စစ်ဆေးပါ💢
(3) သောက်သုံးရမယ့် အညွှန်းကို ရှင်းရှင်းလင်းလင်း သိပါစေ
"တစ်ခါသောက် ဘယ်နှလုံးလဲ၊ တစ်နေ့ ဘယ်နှကြိမ်လဲ၊ အစာမစားခင်လား/ အစာစားပြီးမှလား" ဆိုတာကို အသေအချာ မေးမြန်းမှတ်သားပါ💢
(4) ကိုယ့်မှာရှိတဲ့ ရောဂါအခံနဲ့ ဆေးမတည့်တာတွေကို ကြိုပြောပါ
တခြားစွဲသောက်နေတဲ့ ဆေးရှိရင်ဖြစ်စေ၊ ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်မိခင် ဖြစ်ရင်ဖြစ်စေ၊ မိမိနဲ့ မတည့်တဲ့ ဆေးအမျိုးအစားရှိရင်ဖြစ်စေ ဆေးမဝယ်ခင် ဆေးဆိုင်ကို ကြိုတင်ပြောပြဖို့ အရေးကြီးပါတယ်💢
(5) ဆေးထုပ်ပိုးမှု စုတ်ပြဲယိုစိမ့်မှု ရှိမရှိ ကြည့်ပါ
ဆေးကတ်တွေ လေဝင်နေတာ၊ အရောင်ပြောင်းနေတာ၊ ဆေးဗူးတံဆိပ် ပျက်စီးနေတာမျိုးတွေကို ရှောင်ကြဉ်ပြီး အသစ်အဆန်း အကောင်းပကတိအတိုင်း ရှိတဲ့ ဆေးဝါးများကိုသာ ရွေးချယ်ဝယ်ယူပါ💢
ကျန်းမာရေးဆိုတာ ပေါ့ဆလို့မရတဲ့ အရာမို့ ဆေးဝယ်တိုင်း ဒီအချက်လေးတွေကို စက္ကန့်ပိုင်းလောက် အချိန်ပေးပြီး သေချာစစ်ဆေးဝယ်ယူကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင့်✨
✅ ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ ဆေးဝါးအကြောင်းတွေအပြင်
ဆေးဆိုင်စီမံခန့်ခွဲမှု (𝗣𝗵𝗮𝗿𝗺𝗮𝗰𝘆 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁)ကိုပါ သင်ယူရမယ့်
𝗠𝗲𝗱𝗶-𝗟𝗶𝗻𝗸 ရဲ့ ဆေးဝါးကျွမ်းကျင်သင်တန်း 𝗭𝗼𝗼𝗺 𝗖𝗹𝗮𝘀𝘀 (ဇွန်လရုံးချိန်လွတ်တန်းခွဲ) ကို လာမယ့် 5.6.2026 မှာ ပြန်လည်စတင်သွားမှာဖြစ်ပါတယ်ရှင်✅
📩 အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်
☎️ 09-780 310 992
#ဆေးဝါးကျွမ်းကျင်သင်တန်း
#ဆေးဆိုင်
#ဆေးဆိုင်ဖွင့်ချင်သူများအတွက်
#ရုံးချိန်လွတ်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon