NSMS
အမျိုးသား မဟာဗျူဟာ စီမံခန့်ခွဲမှု လေ့လာခြင်း သင်တန်းကျောင်း
07/06/2026
သင်က လုပ်ငန်းတိုးချဲ့ဖို့ကိုပဲ အာရုံစိုက်လိုက်ပါ။
သင့်အတွက် စာရင်းကိုင်ခြင်းဆိုင်ရာ အလုပ်ရှုပ်သမျှကို ကျွန်တော်တို့ရဲ့ NSMS Professional Accounting Team က တာဝန်ယူပေးပါမယ်။
သင့်လုပ်ငန်းရဲ့ ဘဏ္ဍာရေးကို စနစ်တကျနဲ့ စိတ်ချရဖို့ [ National Strategy & Management Studies-NSMSရဲ့ Accounting Service] ရှိပါတယ်
သင့်လုပ်ငန်းမှာ ဒီပြဿနာတွေနဲ့ ရင်ဆိုင်နေရပါသလား.............
**အရောင်းအဝယ်တွေ ကောင်းနေပေမယ့် လကုန်ရင် အမြတ်ဘယ်လောက်ကျန်မှန်း မသိဖြစ်နေပါသလား?
**စာရင်းကိုင်ဝန်ထမ်းခန့်ဖို့ လစာစရိတ် ကြီးမြင့်နေလို့ စိတ်ညစ်နေရပါသလား?
ကျွန်တော်တို့ [National Stratudy Management Studies-NSMS] က အကောင်းဆုံး ဖြေရှင်းပေးပါရစေ။
ကျွန်တော်တို့ဆီမှာ ရရှိနိုင်မယ့် ဝန်ဆောင်မှုများ–
📊 နေ့စဉ်/လစဉ် ဝင်ငွေ၊ ထွက်ငွေ စာရင်းများ တိကျစွာ မှတ်တမ်းတင်ပေးခြင်း
📑 လစဉ် အရှုံး/အမြတ် (P&L) နှင့် ဘဏ္ဍာရေးရှင်းတမ်းများ ပြုစုပေးခြင်း
💻 Accounting Excel ဖြင့် စနစ်တကျ စာရင်းရေးသွင်းပေးခြင်းအဘယ်ကြောင့် ကျွန်တော်တို့ Accounting Service ကို ရွေးချယ်သင့်သလဲ?
တိကျသေချာခြင်း : စာရင်းအမှားအယွင်းမရှိစေဘဲ စနစ်တကျ ဆောင်ရွက်ပေးခြင်း။
လျှို့ဝှက်ချက်ထိန်းသိမ်းခြင်း : လုပ်ငန်းရဲ့ ဘဏ္ဍာရေးအချက်အလက်များကို ရာနှုန်းပြည့် လျှို့ဝှက်ပေးခြင်း။
အချိန်မှန်ခြင်း : လစဉ် သတ်မှတ်ရက်အတိုင်း ရှင်းတမ်းများကို အချိန်မှီ အပ်နှံပေးခြင်း။
✨ ထူးခြားချက် : ဝန်ထမ်းတစ်ယောက် အမြဲခန့်ထားစရာမလိုဘဲ ကုန်ကျစရိတ် သက်သက်သာသာနဲ့ အတွေ့အကြုံရင့် စာရင်းကိုင်ပညာရှင်တွေရဲ့ ဝန်ဆောင်မှုကို စိတ်ချလက်ချ ရရှိမှာဖြစ်ပါတယ်။
လုပ်ငန်းအသေးစိတ်ကို ဆွေးနွေးလိုပါက အခုပဲ Messenger ကနေ ဆက်သွယ်လိုက်ပါ သို့မဟုတ် ဖုန်းခေါ်ဆိုလိုက်ပါခင်ဗျာ။
📞 Hotline: [095163408]
📞 ဖုန်း: [095163408]
အသေးစိတ် ဝန်ဆောင်ခနှုန်းထားများနှင့် သိလိုသည်များကို Message (သို့) ဖုန်းဖြင့် အခမဲ့ ဆွေးနွေးမေးမြန်းနိုင်ပါသည်။
07/06/2026
📌📌📌
06/06/2026
ရုံးခန်းထဲက စာရွက်စာတမ်းတွေကို စနစ်တကျ ဘယ်လိုဖိုင်တွဲမလဲ? 📂
ရုံးလုပ်ငန်းတွေမှာ စာရွက်စာတမ်းတွေကို File Holder နဲ့ စနစ်တကျ သိမ်းဆည်းတဲ့အခါ (Locating and Fixturing) ဒီအမှား ၂ ချက်ကို ရှောင်ရပါမယ် -
၁။ စာရွက်နည်းနည်းကို ဖိုင်အကြီးကြီးနဲ့ မသိမ်းပါနဲ့ -
စာရွက်အနည်းငယ်ပဲရှိတာကို File Holder အကြီးကြီး သုံးမိရင် စာရွက်တွေ လိပ်ဝင်သွားတတ်ပါတယ်။ ဒါ့အပြင် နေရာလည်း အလကားပုပ်တာမို့ ရုံးခန်းကျဉ်းရင် ပိုအခက်တွေ့စေပါတယ်။
၂။ စာရွက်အများကြီးကို ဖိုင်အသေးလေးထဲ မထည့်ပါနဲ့ -
တစ်နှစ်ပတ်လုံး သိမ်းရမယ့် စာရွက်အများကြီးကို ဖိုင်အသေးလေးနဲ့ သိမ်းမိရင် ခဏခဏ ပြည့်သွားလို့ ဖိုင်အသစ်တွေ ထပ်လဲနေရပါလိမ့်မယ်။ အကြောင်းအရာတူ ဖိုင်တွေ ၃-၄ ခု ဖြစ်သွားရင် ပြန်ရှာရ ခက်တတ်ပါတယ်။
💡 အနှစ်ချုပ် -
ကိုယ့်စာရွက်စာတမ်း ပမာဏနဲ့ ကိုက်ညီမယ့် File Holder အရွယ်အစားကို သေချာဆန်းစစ်ပြီးမှ ဝယ်ယူအသုံးပြုပါဗျာ။
06/06/2026
📌📌📌
05/06/2026
Demand Forecasting (ဝယ်လိုအား ခန့်မှန်းခြင်း) အကျဉ်းချုပ် 📈
လုပ်ငန်းတစ်ခုမှာ ကုန်ကျစရိတ်သက်သာပြီး ပစ္စည်းမပြတ်စေဖို့ ဝယ်လိုအားကို ဒီ ၅ ဆင့်အတိုင်း ခန့်မှန်းရပါမယ် -
၁။ Demand Planning - ကိုယ့်ဖောက်သည် ဘယ်လောက်ရှိလဲ၊ ပစ္စည်း ဘယ်လောက်လိုမလဲ အရင်ဆန်းစစ်ပါ။
၂။ Expenses & Data - အသုံးစရိတ်ကို ညှိပါ။ အရင်ရောင်းအားမှတ်တမ်းနဲ့ အထောက်အထားတွေကို သေချာစုဆောင်းပါ။
၃။ Statistic Data - လူဦးရေဆိုင်ရာ ကိန်းဂဏန်းတွေပါ ထည့်တွက်ပြီး Actual Demand (လက်တွေ့ဝယ်လိုအား) ကို အနီးစပ်ဆုံး ရှာပါ။
၄။ Error Analysis - ခန့်မှန်းချက်ထဲက အမှားအယွင်းတွေကို ရှာဖွေပြီး ချက်ချင်း ပြန်ပြင်ပါ။
၅။ Monitor & Improve - လုပ်ငန်းစဉ်တစ်ခုလုံးကို အမြဲမပြတ် စောင့်ကြည့်ပြီး ပိုကောင်းအောင် ဆက်တိုက်ပြင်ဆင်ပါ။
ဒီလုပ်ငန်းစဉ်အတိုင်း သွားရင် လုပ်ငန်းခွင်မှာ အမှားအယွင်းနဲ့ လစ်ဟာချက် အနည်းဆုံး ဖြစ်သွားမှာပါ 👍။
04/06/2026
လူအများကြီးကို တစ်ပြိုင်နက်တည်း ဘယ်လို နှစ်သိမ့်ဆွေးနွေးပေးမလဲ? (Group Counseling)
မုန်တိုင်း၊ ရေကြီး၊ ငလျင် စတဲ့ သဘာဝဘေးအန္တရာယ်တွေ ကြုံရတဲ့အခါ စိတ်ဒဏ်ရာရသူတွေကို တစ်ယောက်ချင်းစီ လိုက်နှစ်သိမ့်ပေးဖို့ဆိုတာ အချိန်ရော လူအင်အားပါ မလွယ်ပါဘူး။
ဒါကြောင့် အချိန်တိုအတွင်း လူအများဆုံးကို ထိရောက်စွာ ကူညီနိုင်တဲ့ "အုပ်စုလိုက် ဆွေးနွေးပေးမှု (Group Counseling)" စနစ်ကို သုံးကြပါတယ်။
သူ့ရဲ့ စနစ်တကျ စီမံခန့်ခွဲပုံကတော့ -
Group Leader ရွေးချယ်ခြင်း - Counselor ကနေ လူအများကြီးကို လိုက်မပြောဘဲ ဒေသခံထဲက ကူညီချင်စိတ်ရှိသူတွေကို အဖွဲ့ခေါင်းဆောင်အဖြစ် အရင်ရွေးပါတယ်။
Train the Trainer - ရွေးထားတဲ့ ခေါင်းဆောင်တွေကို Counselor ကနေ နှစ်သိမ့်ဆွေးနွေးနည်းတွေ သေချာသင်ပေးပါတယ်။
၁၀ ယောက်တစ်ဖွဲ့ စနစ် - လူ (၁၀) ယောက်ကို တစ်ဖွဲ့စီ ဖွဲ့ပေးပြီး ခေါင်းဆောင်တွေကတစ်ဆင့် Counselor ကိုယ်စား ပြန်လည်နှစ်သိမ့်ပေးတာ ဖြစ်ပါတယ်။
ဒီနည်းလမ်းက လူအင်အားကို အထိရောက်ဆုံး စီမံခန့်ခွဲနိုင်တဲ့အပြင် ဒေသခံအချင်းချင်းမို့ ပိုပြီးတော့လည်း ပွင့်လင်းရင်းနှီးစေပါတယ် 👍။
03/06/2026
03/06/2026
သင်က လုပ်ငန်းတိုးချဲ့ဖို့ကိုပဲ အာရုံစိုက်လိုက်ပါ။
သင့်အတွက် စာရင်းကိုင်ခြင်းဆိုင်ရာ အလုပ်ရှုပ်သမျှကို ကျွန်တော်တို့ရဲ့ NSMS Professional Accounting Team က တာဝန်ယူပေးပါမယ်။
သင့်လုပ်ငန်းရဲ့ ဘဏ္ဍာရေးကို စနစ်တကျနဲ့ စိတ်ချရဖို့ [ National Strategy & Management Studies-NSMSရဲ့ Accounting Service] ရှိပါတယ်
သင့်လုပ်ငန်းမှာ ဒီပြဿနာတွေနဲ့ ရင်ဆိုင်နေရပါသလား.............
**အရောင်းအဝယ်တွေ ကောင်းနေပေမယ့် လကုန်ရင် အမြတ်ဘယ်လောက်ကျန်မှန်း မသိဖြစ်နေပါသလား?
**စာရင်းကိုင်ဝန်ထမ်းခန့်ဖို့ လစာစရိတ် ကြီးမြင့်နေလို့ စိတ်ညစ်နေရပါသလား?
ကျွန်တော်တို့ [National Stratudy Management Studies-NSMS] က အကောင်းဆုံး ဖြေရှင်းပေးပါရစေ။
ကျွန်တော်တို့ဆီမှာ ရရှိနိုင်မယ့် ဝန်ဆောင်မှုများ–
📊 နေ့စဉ်/လစဉ် ဝင်ငွေ၊ ထွက်ငွေ စာရင်းများ တိကျစွာ မှတ်တမ်းတင်ပေးခြင်း
📑 လစဉ် အရှုံး/အမြတ် (P&L) နှင့် ဘဏ္ဍာရေးရှင်းတမ်းများ ပြုစုပေးခြင်း
💻 Accounting Excel ဖြင့် စနစ်တကျ စာရင်းရေးသွင်းပေးခြင်း
အဘယ်ကြောင့် ကျွန်တော်တို့ Accounting Service ကို ရွေးချယ်သင့်သလဲ?
တိကျသေချာခြင်း : စာရင်းအမှားအယွင်းမရှိစေဘဲ စနစ်တကျ ဆောင်ရွက်ပေးခြင်း။
လျှို့ဝှက်ချက်ထိန်းသိမ်းခြင်း : လုပ်ငန်းရဲ့ ဘဏ္ဍာရေးအချက်အလက်များကို ရာနှုန်းပြည့် လျှို့ဝှက်ပေးခြင်း။
အချိန်မှန်ခြင်း : လစဉ် သတ်မှတ်ရက်အတိုင်း ရှင်းတမ်းများကို အချိန်မှီ အပ်နှံပေးခြင်း။
✨ ထူးခြားချက် : ဝန်ထမ်းတစ်ယောက် အမြဲခန့်ထားစရာမလိုဘဲ ကုန်ကျစရိတ် သက်သက်သာသာနဲ့ အတွေ့အကြုံရင့် စာရင်းကိုင်ပညာရှင်တွေရဲ့ ဝန်ဆောင်မှုကို စိတ်ချလက်ချ ရရှိမှာဖြစ်ပါတယ်။
လုပ်ငန်းအသေးစိတ်ကို ဆွေးနွေးလိုပါက အခုပဲ Messenger ကနေ ဆက်သွယ်လိုက်ပါ သို့မဟုတ် ဖုန်းခေါ်ဆိုလိုက်ပါခင်ဗျာ။
📞 Hotline: [095163408]
📞 ဖုန်း: [095163408]
အသေးစိတ် ဝန်ဆောင်ခနှုန်းထားများနှင့် သိလိုသည်များကို Message (သို့) ဖုန်းဖြင့် အခမဲ့ ဆွေးနွေးမေးမြန်းနိုင်ပါသည်။
02/06/2026
"အစည်းအဝေးတွေ များလွန်းလို့ အချိန်ကုန်နေပြီလား?"
ဘယ်လုပ်ငန်းမှာမဆို မဖြစ်မနေ လုပ်ကြရတဲ့ အစည်းအဝေးတွေကို အချိန်ကုန်သက်သာပြီး ထိရောက်မှုရှိစေဖို့ စီမံရေးရာဌာန (Admin) နဲ့ တာဝန်ခံ ပြင်ဆင်သူတွေ က ဒါတွေကို အဓိက ဂရုစိုက်ရပါမယ် 👇
✨ စနစ်တကျ ကြိုတင်ပြင်ဆင်ပါ: အရေးပေါ် အစီအစဉ်မျိုး မဟုတ်ဘဲ စနစ်တကျနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်ထားပါ။
✨ တာဝန်ခံမှု ရှိပါစေ: အစည်းအဝေးတစ်ခု အောင်မြင်ဖို့ဆိုတာ တာဝန်ခံ ပြင်ဆင်ဆောင်ရွက်သူတွေရဲ့ စနစ်ကျမှုအပေါ်မှာ အများကြီး တည်မှီနေပါတယ်။
✨ စောင့်ကြည့်စစ်ဆေးပါ: ပြင်ဆင်မှုတွေ ဘယ်လောက်အထိ အဆင်သင့်ဖြစ်နေပြီလဲဆိုတာကို သေသေချာချာ စောင့်ကြည့် နေရာချထားဖို့ လိုအပ်ပါတယ်။
အစကတည်းက စနစ်တကျ ပြင်ဆင်ထားတဲ့ အစည်းအဝေးတစ်ခုဟာ လုပ်ငန်းခွင်အတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံး ရလဒ်တွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်ဗျာ။ 🎯💼
01/06/2026
"စီးပွားရေးအရပဲ အဆင်ပြေပြီး ပတ်ဝန်းကျင်ကို ထိခိုက်နေရင် သင့်လုပ်ငန်းက ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ပါဘူး" 📉⚠️
လုပ်ငန်းမဟာဗျူဟာ ချမှတ်တဲ့အခါ Sustainability (ရေရှည်တည်တံ့ခိုင်မြဲမှု) ရှိဖို့ဆိုရင် CSR နဲ့ ISO စံနှုန်းတွေနဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။
💡 လုပ်ငန်းတိုင်း မရှိမဖြစ် ထိန်းညှိရမယ့် (၃) ချက်:
Economic (စီးပွားရေး): စီးပွားရေးအရ အကျိုးအမြတ်ရှိပြီး သင့်တော်ကောင်းမွန်ရမယ်။
Environment (ပတ်ဝန်းကျင်): စက်ရုံရေဆိုးတွေကို စနစ်တကျ သန့်စင်ပြီးမှ စွန့်ပစ်တာမျိုး၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရဘူး။
Social (လူမှုထု): လူထုနဲ့ ပတ်ဝန်းကျင်အတွက် ကောင်းမွန်တဲ့ သက်ရောက်မှု ရှိရမယ်။
ဥပမာ - ပလတ်စတစ်ဘူးခွံတွေဟာ စီးပွားရေးအရ တွက်ခြေကိုက်ပေမယ့် စနစ်တကျ စွန့်ပစ်မှုမရှိရင် အပင်တွေနဲ့ ရေနေသတ္တဝါတွေကို သေဆုံးစေလို့ CSR Activities နဲ့ မညီညွတ်တော့ပါဘူး။
ဒါကြောင့် စီးပွားရေးလည်း အဆင်ပြေ၊ ပတ်ဝန်းကျင်လည်း မပျက်စီး၊ လူမှုထုအတွက်လည်း ကောင်းမွန်တဲ့ ထုတ်ကုန်နဲ့ မဟာဗျူဟာမျိုးကိုပဲ အတူတူ ပုံဖော်သွားကြပါစို့။ 💼✨
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
BAYDAR SU STRET 1
Yangon
11041