ACH
Do it now!
14/09/2024
SSC Computer Centre မှ ရေဘေးအတွက်လှူဒါန်းငွေသည် မည်သူတစ်ဦးတစ်ယောက်စီကမှ အလှူငွေကောက်ခံခြင်းမရှိ SSC တည်ထောင်သူ Aye Chan Hlaing တစ်ဦးတည်း၏လှူဒါန်းငွေများသာဖြစ်ပါသည်
ရေဘေးအတွက်နှင့် ရေဘေးပြန်လည် ထူထောင်ရေးအတွက် လှူဒါန်းလိုသူများကို စိတ်ချရသော အလှူငွေ လက်ခံသူများဖြင့် ချိတ်ဆက်ပေးပါသည်
#ရမည်းသင်း #ရေဘေး
06/09/2024
I will try to make my life brighter ♥Therefore, I will not trip anyone on my path, and I will not care about anyone
15/04/2024
မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလည်းလေ လောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ ပွင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။
တဝါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့သလား။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။
မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလည်းလေ လောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ ပွင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။
တဝါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့သလား။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။
ဆရာဇော်ဂျီ
15/04/2024
Let us read books avidly, non-stop. Because achieving success requires people to be knowledgeable and competent.
12/04/2024
မိဘပြည်သူများအားလုံး ဘေးရန်ကင်းဝေး၍ အေးချမ်းသော နှစ်သစ် မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး စိတ်ချမ်းသာ , ကိုယ်ကျန်းမာစွာနှင့် စီးပွားဉစ္စာများ ဒီရေအလား တိုးတက်ကြပါစေကြောင်း SSC ပညာရေးမိသားစုမှ ဆုမွန်ကောင်းတောင်းအပ် ပါသည်
# Aye chan hlaing
12/04/2024
12/04/2024
ကြောက်တတ်တဲ့ ဦးနှောက်မှာ
အိမ်မက်တွေမရှင်သန်နိုင်ဘူး ...💥💥💥 *********
#တကယ်ကိုမရှင်သန်တာဗျ...
ကျွန်တော်တို့ရဲ့အောင်မြင်မှုကို အကြီးမားဆုံး ပိတ်ဆို့တားစီးထားတဲ့အရာက ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်ပဲ ဖြစ်ပါတယ်။
လူအများစု အောင်မြင်မှုမရပဲ အခွင့်အလမ်းတွေနဲ့ လွဲချော်ရခြင်းရဲ့ အဓိကအားနည်းချက်ကလည်း သူတို့တွေဟာ အောင်မြင်မှုကြောင့်ရလာတဲ့ ပျော်ရွှင်ရမယ့်ခံစားချက်ထက် ရှုံးနိမ့်ပြီးကြုံတွေ့ရမယ့် နာကျင်ခြင်းခံစားချက်ကို ပိုပြီး ကြောက်နေကြလို့ပါပဲ။
ဆိုရိုးစကားတစ်ခွန်းရှိတယ်။ "လူတွေက ကောင်းကင်ဘုံတော့ ရောက်ချင်ကြတယ်။ ဒါပေမယ့်ဘယ်သူမှမသေချင်ကြဘူး'' တဲ့။
အဲဒီလိုပါပဲ လူအများစုကချမ်းသာဖို့ စိတ်ကူးယဉ်ကြပေမယ့် ဆုံးရှုံးမှာကိုတော့ သေမလောက်ကြောက်ကြတယ်။ အဲဒီအတွက်ကြောင့်ပဲ သူတို့ဟာကောင်းကင်ဘုံကို ဘယ်တော့မှ မတွေ့ကြတာပေါ့။
ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာလည်း ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးမှ အောင်မြင်ခြင်းတွေ ရောက်ရှိလာလေ့ရှိကြောင်းကို သတိထားမိတယ်။ ကျွန်တော်စက်ဘီးမစီးတတ်ခင် အချိန်ထိ အကြိမ်ကြိမ်လဲကျခဲ့ဖူးတယ်။
ဂေါက်သီးတလုံးမှ မပျောက်ဖူးပဲ ဂေါက်ရိုက်တတ်သွားတဲ့ သူမရှိသလို တစ်ခါမှ ငွေကြေးမဆုံးရှုံးဖူးပဲ ချမ်းသာသွားတဲ့ သူဌေးတွေလည်း ကျွန်တော်မတွေ့ဖူးသေးဘူး။
ကျွန်တော်တို့ဘဝမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ကြောက်ရွံ့မှု (Fear) တွေ ကျွန်တော်တို့ရဲ့စိတ်ခံစားချက် (Emotion) တွေကို ထိန်းချုပ်ပြီး ဘယ်အရာကိုမဆို ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်ပြီး ရဲရဲရင်ဆိုင်ဖို့ အရေးကြီးပါတယ်။
ရောဘတ်ကီယိုဆာကီ
#လေးစားစွာဖြင့်
10/04/2024
" တာဝန်နှစ်ခု "
=========
မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်
မင်းတို့ရဲ့ဘဝကို
မင်းတို့မိဘတွေထက်
ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်
မင်းတို့ရဲ့သားသမီးတွေကို
မင်းတို့ဘဝတွေထက်ပိုပြီး
ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်
"အချိန်ဆိုတာ ဘဝ"
==============
မင်းအသက် ၃၀ ငါ့အသက် ၈၆
ဒါအချိန်ပဲ
အချိန်ကဘဝပဲ
အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး
မင်းဘဝကိုတန်ဖိုးထားရင်
မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်
" နှလုံးသားလှဖို့လိုတယ် "
===============
ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်
ငါအချစ်ဆုံးပဲ
သူတို့ကနှလုံးသားရှိလို့
ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး
သူတို့ကနှလုံးသားမရှိလို့
" အားခဲထားနိုင်ရမယ် "
=============
စိတ်ပျက်လက်ပျက်ဆိုတာမျိူးမဖြစ်စေနဲ့
စိတ်ပျက်ချင်ပျက် လက်တော့မပျက်နဲ့
ဆိုလိုတာက
လေ့ကျင့်ကြိုးပမ်းမှုကိုမလျော့လိုက်နဲ့
" အကျင့် "
========
လူတွေက
မကောင်းတာလုပ်ဖြစ်ရင်
မကောင်းအကျင့်ပါသွားမှာကျသိကြတယ်
ငါပြောမယ်
မကောင်းတာအကျင့်လုပ်ရင်
မကောင်းကျင့်ပါသွားမှာပဲ
အဲ့ဒီလိုပဲ
ကောင်းတာကိုလည်း
အကျင့်လုပ်ရင်
ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ
" ရခဲမှရတနာ"
==========
အောက်တန်းကျဖို့ဆိုတာ
ကြိုးစားနေဖို့မလိုဘူး
တစ်နေ့
ငါအောက်တန်းကျရမယ်လို့
အဓိဋ္ဌာန်ပြုနေဖို့မလိုဘူး
အောက်တန်းကျတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့
အထက်တန်းစားစိတ်ဓာတ်ဖြစ်ဖို့ကျ
ခဲယဉ်းသွားပြီ
" သတိမမူရင် ဂူမမြင်ဘူး "
===============
လူတွေက
သူများထီပေါက်ရင်သာ
ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ
သူများကားတိုက်ရင်
ငါလည်း ကားတိုက်ခံရနိုင်တယ်လို့
မတွေးကြဘူး
သူများအောင်မြင်ရင်သာ
ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ
သူများကျရှုံးရင်
ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး
သတိထား အစစအရာရာ
သတိဆိုတာ ပိုတယ်မရှိဘူး
" အခိုက်အတန့် "
===========
လူတွေက
ချမ်းသာခြင်းသာ
သင်္ခါရလို့ထင်တယ်
တစ်ကယ်တော့
ဆင်းရဲခြင်းလည်း သင်္ခါရပဲ
မင်းကြိုးစားနေသမျှကာလပတ်လုံး
အဆင်မပြေခြင်းက သင်္ခါရ
မင်း မကြိုးစားပဲ
ရေသာခို အချောင်နေနေသရွေ့
မင်းအတွက်ဆင်းရဲခြင်းက
ထာဝရပဲ
" တောင်းမှာအကွပ် "
=============
အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန်
ဝတ္တရားရှိသောသူတွေကိုက
ပစ်ပယ်လိုက်ပြီဆိုရင်တော့
အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့.
"စာနာမှု"
=======
"ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း
ကြည့်ပေးနိုင်တာကလည်း
ယဉ်ကျေးမှုပဲ"
"ရိုးသားပါ "
========
ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..
ကိုယ်မရသင့်တာကို ယူလိုက်မိရင်
ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်
" လူမိုက်နှင့် လူလိမ္မာ "
===============
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို
ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့
"ရင်ဆိုင်ပါယှဉ်ပြိူင်ပါ "
==============
တညည်းညည်း တညူညူနဲ့
"ငါတော့ ကံဆိုးတာပဲလို့
အောက်မေ့နေရင်
အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ
အောက်မေ့ပေတော့..
လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင်
တစ်သက်လုံးပြေးပေတော့..
အောင်မြင်မှု ဘယ်တော့မှ မရဘူး..
ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး..
ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ..။..........................&..............:.........
( ဆရာကြီး ဦးအောင်သင်း၏ ဒဿနများ )
SSC Centre
22/02/2024
19/02/2024
"တန်ဖိုးရှိသောစာ"
၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင်ပြန်ထနိုင်အောင်ကြိုးစားပါ ။
၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလည်းဆိုတာ အဓိကကျပါတယ် ။
၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်လိုက်ပါ ။
၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ် ။
၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတက်ပါစေ။
၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ ။
၇။ ဘယ်အလုပ်ကိုပဲ လုပ်ရသည် ဖြစ်စေ တန်ဖိုးထားတက်အောင်ကြိုးစားပါ ။
၈။ ပညာရှာတဲ့အရွယ်မှာ ပညာရှာ ၊ ကြင်ရာရှာတဲ့အရွယ်မှာ ကြင်ရာရှာပါ
ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့ ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခု
တည်ဆောက်နိုင်ဖို့ဆိုတာ မလု့လောက်သေးဘူး ။
၉။ အသိပညာအတွက် မရှက်ပါနဲ့
ပညာရှာ ပမာသူတောင်းစားတဲ့ ။
၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချိူ့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့
မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့စောင့်နေကြလိမ့်မယ်။
၁၁။ လူတိုင်းကို မယုံမိပါစေနဲ့ ။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ
မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတက်တယ် ။
၁၂။ ကိုယ့် အပေါ် မှာ အမှားလုပ်မိတဲ့အခါခွင့်လွတ်နိုင်ဖို့ကြိုးစားလိုက်ပါ ။
၁၃။ ငွေကြေးနဲ့ ပတ်သက်ရင် လူတိုင်းအပေါ် အယုံ မလွယ်ပါနဲ့ ။
၁၄။ အားနာရင်ခါးပါတက်တယ် ။
မဖြစ်နိုင်ရင် လိမ္မာပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။
၁၅။ မဖြစ်နိုင်တာကို မမျှော် လင့်ပါနဲ့
မျှော် လင့်ချက်တွေက တစ်နေ့ ဒုက္ခပေးတက် ပါတယ် ။
၁၆။ ချစ်တော့ ချစ်ပါ ။ နှလုံးသားနဲ့အရင် ခံစားပြီးမှ ဦးနှောက်နဲ့ ပြတ်ပြတ်
သားသားဆုံးဖြတ်လိုက်ပါ ။
၁၇။ ပေးကမ်းပါ စွန့်ကျဲပါ တစ်စုံတစ်ခုပြန်ရဖို့ မမျှောင့်လင့်ပါနဲ့ ။
၁၈။ လူတိုင်းကို မချစ်နိုင်ရင် တောင် မမုန်းမိအောင်ကြိုးစားပါ ။
၁၉။ စေတနာနဲ့ မထိုက်တန်ခဲ့ရင် ဉပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်း
ပါတယ် ။
၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ
ကွယ်ပျောက်သွားတက်ပါတယ် ။
၂၁။ အပြောမကောင်းရင်တောင်နားထောင်ကောင်သူတစ်ယောက် ဖြစ်အောင်
ကြိုးစားပါ ။
၂၂။ နည်းနည်းပြောပြီး များများ နားထောင်ပါ ။
၂၃။ မပေးကမ်းနိုင်ရင်တောင် တက်နိုင်သလောက်ကူညီပေးလိုက်ပါ
လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတက်ဖို့လည်း
လိုပါတယ် ။
၂၄။ ချွေတာသင့်တာ ချွေတာပြီး စုဆောင်းသင့်တာ စုဆောင်းပါ ။
ရေတစ်စက်တန်ဖိုးရေ ငတ်မှ သိ သလို ငွေတစ်ကျပ်တန်ဖိုး
ငွေပြတ်မှ သိလာလိမ့်မယ် ။
၂၅။ မသိရင် သိသလို မနေပါနဲ့ ။
မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပါ ။
၂၆။ တနေ့စာဖတ်ချိန် သိသန့်ထားပါ ။
စာဖတ်ခြင်းဖြင့်ဦးနှောက် လေ့ကျင့်ပျိူးထောင်ပါ ။
၂၇။ သူဘယ် လို လူလည်းဆိုတာထက် "ငါ" ဘယ် လို လူလည်းဆိုတာ
သုံးသပ်ပါ ။
၂၈။ သူတစ်ပါးလက်ညိုးမထိုးခင် ကိုယ်ကလက်မထောင်နိုင်အောင်ကြိုးစား
ပါ။
၂၉။ အချိန်မှီ ေကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်ပန်စကား
ပြောဖို့လည်း ဝန်မလေးမိပါစေနဲ့ ။
၃၀။ လူတချိူ့ က ဝေဖန်လာရင် လက်ခံနိုင်ဖို့ကြိုးစားပါ ။
အောင်မြင်တဲ့ လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်း ဒဏ်ကို
ခံနိုင်ရည် ရှိကြရတယ် ။ ရဲရဲရင်ဆိုင် ဖြတ်ကျော်ပါ ။
Computer
19/02/2024
အင်ကြင်ပန်းများနဲ့ အတူ Morning ပါ
#20.2.2024
20/11/2023
Click here to claim your Sponsored Listing.
Category
Address
Yangon
018083