Design House

Design House

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Design House, Architectural Designer, .

01/04/2024

အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ 🚨 🚨 🚨

Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။

🔥အပူချိန် 35°C - 37°C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1

🔥 37°C ကနေ upper 40°C ထိတိုးလာရင် Level 2 danger ပါ ။

ကလေးငယ်‌ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) အခုဒီမှာမီးပြတ်နေတော့ပိုတောင်ဆိုးမှာပါ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်မသင့်ရင်လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။

ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ဖစ်အောင် သောက်ပေးသင့်တယ်။ ရေခဏခဏသတိရတိုင်းသောက်ပါ။

အိမ်ကို လိုက်ကာကာပါ။ အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ။
လေဝင်လေထွက်ရှိ အပူထွက်လွယ်တာဝတ်ပါ။
အသောက်အစားလေးခဏလျှော့ပါ။
Gym အပြင်းအထန်လုပ်တာလျှော့။
Sunglasses, sun cream 2-3 hours နေတခါ ထပ် on, ထီး၊ ဦးထုပ်မ‌ဖြစ်မနေဆောင်။
Aircon, fan directly အေးစက်အောင်မထားပါနဲ့။ အပြင်ရုတ်တရက်ထွက်မိရင် shock ရှိ။

အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြ‌နော် ။

ချစ်တဲ့သူတွေကို share ပေးပြီး ဂရုတစိုက်သတိပေးပါ။

Take care all

to original post

11/03/2024

🏡🏡🏡
ပုံဆွဲပြီးအိမ်ဆောက်ခြင်း ကောင်းကျိုးနဲ့..
ပုံမဆွဲဘဲအိမ်ဆောက်ခြင်း ၊ဆိုးကျိုး>>>
============================
အရပ်ထဲ အိမ်ဆောက်တဲ့အခါ အိမ်ရှင်တွေအနေနဲ့ ပုံဆွဲခပျမ်းမျှ လေးငါးသိန်းး ဝန်းကျင်ပေးရမှာ အလွန်နှမျှောကြပါတယ်။ သူတို့အနေနဲ့ စက္ကူပေါ် ပုံလေးဆွဲတာ အဲ့လောက်ငွေ ပေးစရာလားးလို့ အမြင်ရှိတတ်ပါတယ်။ အဲတော့ fb ပေါ်က အိမ်ပုံလေးတွေ ကန်ထရိုက်တာကို ပြပြီးဆောက်ခိုင်းပါတယ် ။ ကန်ထရိုက်တာက အလုပ်ရရှိရေးတွက် ဖြစ်တယ်ဆိုပြီးး ဆောက်ပေးတာ တွေ့နေရပါတယ်။
အဲတော့ ဆိုးကျိုးတွေ အများကြီး ထွက်ပေါ်လာတတ်ပါတယ်။

- ပုံစံ မရှိတဲ့အတွက် ပစ္စည်းဒေသပေါက်စျေးနဲ့ တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို မရနိုင်ပါဘူးး။ အဲ့တော့ ကိုယ်က သိန်းတစ်ရာ မှန်းထားပေမယ့် နှစ်ရာလဲ ဖြစ်သွားတတ်ပါတယ်။ အိမ်က မပြီးတပြီးနဲ့ တန်းလန်းတွေ ဖြစ်တတ်ပါတယ်။
- တိကျတဲ့ ပုံစံ မရှိတဲ့အတွက် ဖြတ် ညှပ် ဆက် တွေများနိုင်ပါတယ်။ ပစ္စည်းအလေအလွင့်တွေများမယ်၊ မကုန်သင့်တာတွေ ပိုကုန်မယ်၊ အဆောက်အဦး အရည်အသွေးတွေ ကျဆင်းမယ်၊ အခန့်မသင့်ရင် မိမိတို့ သိန်းရာချီ အကုန်အကျခံပြီးး ဆောက်ထားတဲ့အိမ် အဟောသိကံ ဖြစ်နိုင်ပါတယ် ။
- ပြီးတော့ ကိုယ်လိုချင်တဲ့ အခန်းအကျယ်၊ အရည်အတွက် ရချင်မှ ရနိုင်မယ် ၊ ရအောင် လိုက်လုပ်မယ်ဆိုလဲ ဖြတ်ညှပ်ဆက်တွေ များနိုင်ပြီးး အန္တရာယ် များတဲ့ အခြေအနေ ရောက်သွား နိုင်ပါတယ်။
- အိမ်ပြီးသွားတော့လဲ fb ပေါ်က ကိုယ်ပြထားတဲ့ အိမ်ပုံစံမျိုးထွက်မလာပဲ ကိုယ်လိုချင်တာတစ်ခြား ဖြစ်လာတာတစ်ခြားး ဖြစ်လာပြီး တစ်သက်လုံးး စိတ်မချမ်းမြေ့ဖွယ် နေထိုင်သွားရတတ်ပါတယ်။
- ပြီးတော့လဲ ကန်ထရိုက်နဲ့ ။ ပုံစံ မရှိတဲ့ အတွက် သူက အမှားလုပ်နေလဲ ကိုယ်ကမပြောနိုင်ပဲ ကြည့်နေရမယ့် အခြေအနေ ပါ။
ပုံံစံ မရှိတဲ့ အတွက် အခြားဆိုးကျိုး အများကြီးရှိနိုင်ပြီးး ပုံဆွဲခလေး နှမျောမိတာနဲ့ ပုံဆွဲခထက်ပိုပြီး သိန်းပေါင်းများစွာ ပိုကုန်သွားတက်ပါတယ်။ ပိုကုန်သွားတတ်တာမဟုတ်ဘူးး ကြိမ်းသေ ပိုကုန်မှာပါ။ တိကျတဲ့ ပုံစံမရှိတဲ့အတွက် structure ပိုင်းး အရမ်းအားနည်းသွားမှာ ကြိမ်းသေပါ ။
ဒါက ပုံမဆွဲ ခြင်းရဲ့ ဆိုးကျိုးတွေပါ ။
🏠 ပုံဆွဲပြီးး အိမ်ဆောက်မယ်ဆို တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို ရရှိမှာပါ။ မိမိလက်ရှိငွေနဲ့ ချိန်လို့ရပါတယ်။
- မိမိစိတ်ကြိုက် ပုံဖော်လို့ ရတာမို့ အိမ်မပြီးခင်ကတည်းက ကျေနပ်တဲ့ စိတ် ခံစားရပြီးး မကျေနပ်သေးရင် ပုံဆွဲအင်ယာနဲ့ တိုင်ပင်ပြီးး ပြင်လို့ရပါသေးတယ်။
- ဖြတ် ညှပ် စပ် တွေမရှိသလောက်ဖြစ်သွားပြီးး အားကောင်းတဲ့ structure တစ်ခုကို ရရှိမှာပါ။
- ပစ္စည်း အလေအလွင့်တွေနည်းသွားပြီးး မကုန်သင့်တဲ့ ငွေကြေးအချို့ဟာ အိပ်ထဲ ပြန်ဝင်လာမှာပါ။
- တိကျတဲ့ပုံစံရှိတဲ့အတွက် ကန်ထရိုက်လဲ ဂျင်းထည့်လို့မရတော့သလို သူအမှားလုပ်ရင်လဲ ဝင်ပြောလို့ရပြီးး စာချုပ် ချုပ်ထားလျှင်လျော်ခိုင်းလို့ရပါတယ်။
- အိမ်ပြီးသွားတဲ့အခါ မိမိလိုချင်တဲ့ အိမ်ပုံစံလေး ကြိမ်းသေ ရရှိလာမှာဖြစ်ပြီး သားစဉ်မြေးဆက် ကျေနပ်တဲ့စိတ်နဲ့ နေထိုင်သွားရမှာပါ ။
အဲ့တော့ အိမ်ကို ပုံစံဆွဲပြီးး ဆောက်သင့် မဆောက်သင့် ကိုယ်တိုင် စဉ်းစားကြပါခဗျာ🙄

#အိမ်ရှင်များအတွက်သာရည်ရွယ်ပါသည်။

29/01/2024

ပုသိမ်ထီးလေးနဲ့ တမျိုးတမည်ယဉ်သူ မမပုသိမ်သူတို့ မြို့လေးမှာ မကြာမှီ ပြီးစီးတော့မယ့် Bar & Restaurant လေးကို Design House မှ သက်၀င်ခံစား ဖန်တီးပေးထားပါတယ် ☺️☺️☺️

20/12/2023

မင်္ဂလာပါခင်ဗျာ ... 🙏🙏🙏

ကျွန်တော်တို့

Architectural Design & Decoration မှ

-လူကြီးမင်းတို့ရဲ့ အိမ်များ ဆိုင်များ ရုံးခန်းများ အသစ်ဆောက်လုပ်ချင်တယ်ပဲဖြစ်ဖြစ် အဟောင်းပြန်ပြင်ချင်တယ်ပဲဖြစ်ဖြစ် လှပသေသပ်တဲ့ Architectural design
ပုံများလက်ခံရေးဆွဲပေးပါတယ်...

•လူနေအိမ် လုံးချင်း၊ အထပ်နိမ့်၊

အထပ်မြင့်များ၊ ကုမ္ပဏီရုံးခန်း၊ ကျောင်း

မင်္ဂလာခန်းမအဆောက်အဦများ

စားသောက်ဆိုင်၊ Cafe ၊ Bar ၊

Shop House ဒီဇိုင်းများ

စူပါမားကတ်၊ မီနီမားကတ် ဒီဇိုင်းများ

အလုပ်ရုံ၊ ဂိုဒေါင် အဆောက်အဦ ဒီဇိုင်းများ

ဟိုတယ်၊ မိုတယ်၊ Rest camp ဒီဇိုင်းများ

အစရှိသည်တို့ကို လူကြီးမင်းတို့ စိတ်တိုင်းကျ

ဒီဇိုင်းရေးဆွဲ ဝန်ဆောင်မှု ပေးပါတယ် 😊

🤗 ဆောက်လုပ်ရေးလုပ်ငန်းများအတွက် 👉
Drawing လိုအပ်သော်လည်ကောင်း၊ တင်ဒါတင်ရန်အတွက်လိုအပ်သော 2D, 3D , Proposal design, plan,section, elevation, detail အစအဆုံးသေချာဆွဲပေးပြီး... Rendering ပိုင်းအထိ ပြီးပြည့်စုံစွာတာဝန်ယူရေးဆွဲပေးပါသည်။

🤗 ကုမ္ပဏီများတွင်လည်း
In house designer လိုအပ်နေပြီး အခက်ခဲရှိနေပါက
Freelance အနေဖြင့် လိုအပ်တဲ့ 2D, 3D ,plan,section ,elevation, detail များမှအစ Rendering ပိုင်းအထိ ပြီးပြည့်စုံစွာ တာ၀န်ယူရေးဆွဲပေးနေပါတယ်..

(ဗိသုကာပိုင်းနှင့်ပတ်သတ်ပြီးဆွေးနွေးတိုင်ပင်လိုပါကလည်း
Design House မှ လိုင်စင်ရဗိသုကာ (License Architect) နှင့် တွေ့ဆုံနွေးခြင်းများပြုလုပ်နိုင်ပါသည်။)..



* Our Service *




& E Design



#ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက -

📲09977219724
📲09421011265,09954211265
သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

20/11/2023

Design House လေး အလုပ်တွေများပြီး post အသစ်တွေ
မတင်နိုင်သေးလို့နော် အလုပ်တွေ လုပ်နေပါတယ်လို့ ☺️

Design house ရဲ့ own design လှလှလေးတွေ တင်ပေးအုန်းမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကျပါအုန်းနော် 🤗

29/09/2023

Two Storeyed Tiny house design @
Mingalardone Township

Photos from Design House's post 25/09/2023

Simple and smart ❤️

Photos from Design House's post 27/08/2023

🏠စည်ပင်နယ်နိမိတ်အတွင်း
အဆောက်အဦး ဆောက်တော့မယ်ဆိုရင်

ပထမဆုံး ဆောက်လုပ်ခွင့်
တင်ပြရပါတယ်။

မြေယာဌာနမှာ
---------------------
- ​ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်
- အဲဒါလျှောက်ဖို့ က
- မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
(ဂရံ ၊ မြေပေးမိန့်)
- ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ
ဆောင်ပြီးကြောင်း ပြေစာ
( အဲဒါမပါရင် မရဘူး)
သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ သွားဆောင်
- တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင်
GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊
အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး
- လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
- စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
- ဌာနက M/S တင်
- တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
- ၁၀၅ /၁၀၆ အတွက် ငွေသွင်း
(ဧက ကွက်မဟုတ်ရင် သောင်းဂဏန်းပါပဲ)
- အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏

----------------------------------------------------------

- ၁၀၅ / ၁၀၆ ရရင်
ဆောက်လုပ်ခွင့်အတွက်

အဆောက်အဦဌာနမှာ
-------------------------------
- လျှောက်လွှာထုတ်
- မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
- လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
- မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
- မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား
ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
- အနားလေးရပ် ထောက်ခံချက်ယူ
- အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
- အဆောက်အဦ Drawing (၃)စုံ
- Drawing မှာ စည်ပင်က လိုင်စင်ရ
အင်/ယာ လက်မှတ်ထိုးရတယ်။
လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။
(အခြား အင်/ယာ ထိုးလို့မရ)
- ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
- မြိုနယ်စည်ပင် EO က လက်မှတ်ထိုး
ရုံးအပေါ်စာနဲ့ တင်
- အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့်
(Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
- မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
- ဌာနက M/S ရေး EC တင်
- EC က ပြန်ကျရင်
ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
(သောင်းဂဏန်းပါပဲ)
- Green Board ထုတ် မြေကွက်မှာကပ်
- ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က
အကြောင်းကြားရင် သွားထုတ်
- တင်ပြထားတဲ့ Design အတိုင်း ဆောက်

----------------------------------------------------

၆ လ လောက်အကြာ
အဆောက်အဦ ဆောက်ပြီးရင်
ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်

- မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
- ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
- ယခင်က ငွေသွင်းချလံမိတ္တူ
- လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
- ပြီးစီးကြောင်း အတွက် ငွေသွင်း
( မပြီးသေးရင် Ex ထပ်တိုးတင်)
- တစ်ပတ်စောင့် ကွင်းလာဆင်း
- EC မှာ ပြန်တင်
- ဆောက်လုပ်ပြီးစီးကြောင်း စာရွက်ထွက်
- ဌာနကို သွားယူ

အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း
မိမိ အဆောက်အဦ ဆောက်လုပ်မှူကိစ္စ
အဝဝ ပြီးမြောက်၏။

Photos from Design House's post 18/06/2023

မိတ်ဆွေတို့စိတ်ကူးထဲကအတိုင်း
မိမိအိမ်လေးကို
အကောင်းဆုံးပုံဖော်ချင်တယ် ဆောက်လုပ်ချင်တယ်ဆို
ိရလိုက်ပါ
🤗🤗🤗

လူသတင်းလူချင်းဆောင်သလို
လူချင်းမတွေ့ဘူးမသိပဲ
Design အပ်နေကြ Construction company က နေ လမ်းညွှန်မှုနဲ့ Architectural Design ကို စင်္ကာပူကနေလှမ်းအပ်တဲ့ အစ်ကိုတစ်ယောက်ရဲ့
အိမ်ဒီဇိုင်းလေးပါ ။
အိမ်ရှင်စိတ်တိုင်းကျ အကောင်းဆုံးပုံဖော်ရေးဆွဲပေးထားပါတယ်ရှင့်။


Architectural Design & Decoration

~~~~~~~~~~~~

34 ' x 51 '
&_half_Storeyed_Building_Design
Oaklarpa

* Our Service *






& E Design



Contact us :

📲09 - 977219724, 09 - 458588925
📲09 - 421011265, 09 - 954211265

Photos from Design House's post 27/05/2023

မိတ်ဆွေတို့စိတ်ကူးထဲကအတိုင်း
မိမိအိမ်လေးကို
အကောင်းဆုံးပုံဖော်ချင်တယ် ဆောက်လုပ်ချင်တယ်ဆို
ကျွန်တော်တို့ကိုသတိရလိုက်ပါ။
🤗🤗🤗


Architectural Design & Decoration

~~~~~~~~~~~~

18 ' x 40 '



- RDS Construction Company

* Our Service *






& E Design



Contact us :

📲09 - 977219724, 09 - 458588925
📲09 - 421011265, 09 - 954211265

Photos from Design House's post 23/02/2023

#2023 #နှစ်သစ်မှာ

မိတ်ဆွေတို့စိတ်ကူးထဲကအတိုင်းအကောင်းဆုံးပုံဖော်ချင်တယ်, ဆောက်လုပ်ချင်တယ်ဆို ကျွန်တော်တို့ကိုသတိရလိုက်ပါ။ 🤗🤗🤗


Architectural Design & Decoration

~~~~~~~~~~~~

33 ' x 40 '


- Ko Paing Zin Lwin Oo

* Our Service *






& E Design



Contact us :

📲09 - 977219724
📲09 - 421011265, 09 - 954211265

Photos from Design House's post 15/01/2023

#2023 #နှစ်သစ်မှာ

မိတ်ဆွေတို့စိတ်ကူးထဲကအတိုင်းအကောင်းဆုံးပုံဖော်ချင်တယ်, ဆောက်လုပ်ချင်တယ်ဆို ကျွန်တော်တို့ကိုသတိရလိုက်ပါ။ 🤗🤗🤗


Architectural Design & Decoration

~~~~~~~~~~~~

20 ' x 56 '


* Our Service *






& E Design



Contact us :

📲09 - 977219724
📲09 - 421011265, 09 - 954211265

Telephone

Website