Blue Temple

Blue Temple

Share

Architecture design studio in Myanmar

12/06/2026

Interesting event tomorrow Saturday the 13th at the French Institut on Pyay Rd.

www.blue-temple.com

🔼

Night of Ideas 2026 - Opening the Way for Sustainability

🇲🇲 အတွေးအမြင် ဖလှယ်ညှိနှိုင်း စကားဝိုင်း ၂၀၂၆ - ရေရှည်တည်တံ့နိုင်ရေးအတွက် လမ်းဖွင့်ခြင်း

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက် (စနေနေ့) တွင် ပြင်သစ်ယဉ်ကျေးမှုဌာနသည် ၂၀၂၆ ခုနှစ် "အတွေးအမြင် ဖလှယ်ညှိနှိုင်း စကားဝိုင်း” များကို တင်ဆက်ပုံ အသစ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

ယခုနှစ်တွင် လူငယ်များကို ဦးတည်သည့် အစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်ပြီး စိတ်ဝင်စားဖွယ် စကားဝိုင်းဆွေးနွေးပွဲတစ်ခုချင်းစီ၌ နိုင်ငံတကာမှ ဖိတ်ကြားထားသော ဧည့်သည်တော်များလည်း ပါဝင်ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။ စကားပြန်နားကြပ်ကိရိယာများမှတစ်ဆင့် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ တိုက်ရိုက်ဘာသာပြန်ဆိုချက်ကို နားဆင်နိုင်ရန်လည်း စီစဉ်ထားပါသည်။

၎င်းအပြင် လူငယ်များအတွက် စကားပြောစွမ်းရည်ပြိုင်ပွဲ (Eloquence Contest) ပါ ပါဝင်မည် ဖြစ်ပြီး အကောင်းဆုံး ပြောဆိုနိုင်မှုများအတွက် ဆုလက်ဆောင်များ ချီးမြှင့်ပေးသွားမည်လည်း ဖြစ်ပါသည်။

စကားဝိုင်းများမှ ထွက်ပေါ်လာသော အတွေးအမြင်များကို မြန်မာ့ဒီဂျစ်တယ်အနုပညာကဏ္ဍထဲ ရောက်ရှိသွားစေရန် ဖန်တီးမှု အပြည့်ရှိသော Webtoon အခန်းဆက်များကိုလည်း တင်ဆက်ပေးသွားဦးမည် ဖြစ်ပါသည်။

💡 ယခုနှစ် အတွေးအမြင် ဖလှယ်ညှိုနှိုင်း စကားဝိုင်းကို သာမန်ဆွေးနွေးပွဲတစ်ခုအဖြစ် မကဘဲ ပြည်တွင်းနှင့် နိုင်ငံတကာအမြင်များကို ချိတ်ဆက်ပေးကာ၊ မြန်မာ့လူငယ်များ မိမိတို့၏အသံကို ထုတ်ဖော်ပြီး အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်ခွင့်များကို ပံ့ပိုးမြှင့်တင်ပေးမည့် ဆွေးနွေးတိုင်ပင်မှု၊ တီထွင်ဖန်တီးမှုနှင့် အမြင်ချင်းဖလှယ်မှုတို့ ပေါင်းစပ်ထားသော အစီအစဉ်တစ်ခုအဖြစ် တင်ဆက်သွားမည် ဖြစ်ပါသည်။

အတွေးအမြင် ဖလှယ်ညှိနှိုင်း စကားဝိုင်း ၂၀၂၆ - ရေရှည်တည်တံ့နိုင်ရေးအတွက် လမ်းဖွင့်ခြင်း
📅 နေ့ရက် - ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက် (စနေနေ့)
⏱ အချိန် - ညနေ ၄:၃၀ မှ ၇:၀၀ ထိ
📍 နေရာ - လမ်းဆုံအနုပညာနေရာ၊ ပြင်သစ်ယဉ်ကျေးမှုဌာန
👥 အခမဲ့တက်ရောက်နိုင်ပါသည် (စကားပြန်ဆိုမှုနားကြပ်များကို အခမဲ့ အသုံးပြုနိုင်ပါသည်။)

အတွေးအမြင်သစ်များ၊ အသံသစ်များနှင့် မိုးကုတ်စက်ဝိုင်းအသစ်များဆီသို့ ဦးတည်သည့် လမ်းများ အတူတူ ဖွင့်လှစ်ကြပါစို့။

---

📌 ပါဝင်ဆွေးနွေးသွားမည့် ပုဂ္ဂိုလ်များ

▪️ Do Van Nguyet (ဗီယက်နမ်၊ Live and Learn Environmental Education)
အရှေ့တောင်အာရှတစ်လွှားရှိ လူငယ်များကို အသိပညာပေးနေသည့် ပညာရှင်တစ်ဦး ဖြစ်ပြီး လူထုအခြေပြု ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားမှုများကို မောင်းနှင်ရာတွင် နှစ်ပေါင်း (၂၀) ကျော် အတွေ့အကြုံရှိသည့် ထိပ်တန်း လူမှုစီးပွားစနစ်စွမ်းဆောင်ရှင်တစ်ဦး ဖြစ်ပါသည်။

▪️ ကျော်သူထက် (Myanmar Innovative Life Sciences)
မြန်မာနိုင်ငံတဝှမ်းတွင် ရေရှည်တည်တံ့သော စိုက်ပျိုးရေး-စားသောက်ကုန် အခြေခံအဆောက်အဦများ၊ နိုင်ငံတကာ စားသောက်ကုန် ဘေးကင်းလုံခြုံမှု စံနှုန်းများကို တည်ဆောက်ရန်အတွက် MILS ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် လူမှုအကျိုးပြု လုပ်ငန်းရှင်တစ်ဦး ဖြစ်ပါသည်။

▪️ ပြုံးသန္တာခိုင် (၂၀၂၆ ခုနှစ်၊ ပြင်သစ်ပညာတော်သင်ဆုရှင်)
မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းနှင့် ရေဝပ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးကို အထူးပြုသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး သုတေသီတစ်ဦး ဖြစ်ပါသည်။ ရုက္ခဗေဒဘွဲ့ရတစ်ဦး ဖြစ်ပြီး သုတေသနစာတမ်းများ ရေးသားတင်သွင်းထားကာ ဂေဟစနစ်ကာကွယ်ရေး၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနှင့် လူထုအခြေပြု သယံဇာတ စီမံခန့်ခွဲမှုတို့ကို ချိတ်ဆက်ပေးသည့် ဘက်ပေါင်းစုံချဉ်းကပ်မှုနည်းလမ်းများဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည့် ပညာရှင်တစ်ဦး ဖြစ်ပါသည်။

📌 အစီအစဉ် ဦးဆောင်တင်ဆက်မည့် ပုဂ္ဂိုလ်

▪️ ထူးအောင် (Housing Now & Blue Temple Architecture)
ကွန်ပျူတာသုံး ပုံစံထုတ်လုပ်ခြင်း၊ ဝါးအဆောက်အအုံများ တည်ဆောက်ခြင်းနှင့် မြန်မာနိုင်ငံရှိ စားသုံးသူများကို ဗဟိုပြုခြင်းတို့ကို ပေါင်းစပ်ကာ ဗိသုကာလုပ်ငန်းများကို လုပ်ဆောင်နေသည့် မြန်မာဗိသုကာပညာရှင်တစ်ဦး ဖြစ်ပါသည်။

---

Night of Ideas အကြောင်း

ပါရီမြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာန (ဌာနချုပ်) က ၂၀၁၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော အတွေးအမြင် ဖလှယ်ညှိနှိုင်း စကားဝိုင်း အစီအစဉ်သည် အသိပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြန်အလှန် အတွေးအမြင် ဖလှယ်ခြင်းအတွက် နှစ်စဉ် ကျင်းပမြဲဖြစ်သော ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုဖြစ်ပါသည်။ ပြင်သစ်နိုင်ငံတွင် စတင်ခဲ့ရာမှ ယခုအခါ နိုင်ငံပေါင်း (၁၀၄) နိုင်ငံရှိ မြို့ပေါင်း (၁၉၀) တွင် ကျင်းပနေသည့် အစီအစဉ် တစ်ခု ဖြစ်လာခဲ့ပါသည်။ မြန်မာနိုင်ငံ၌ ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာန (IFB) သည် ဤအစီအစဉ်ကို ၂၀၂၂ ခုနှစ်အထိ နှစ်စဉ် ပြုလုပ်ကျင်းပခဲ့ပြီး နှစ်နှစ်ကြာ ရပ်နားခဲ့ပြီးနောက်၊ တွေ့ဆုံဆွေးနွေးမှုနှင့် အပြန်အလှန်နားလည်မှုတို့ကို မြှင့်တင်အားပေးရန် ရည်သန်၍ ၂၀၂၅ ခုနှစ်တွင် အသွင်သစ်ဖြင့် ပြန်လည် တင်ဆက်ခဲ့ပါသည်။

---

၂၀၂၆ ခုနှစ်တွင် ပါဝင်လာမည့် အကြောင်းအရာသစ်များ

ရန်ကုန်မြို့တွင် ကျင်းပမည့် အတွေးအမြင် ဖလှယ်ညှိနှိုင်း စကားဝိုင်း၊ ၂၀၂၆၊ အစီအစဉ်ကို ပိုမိုကျယ်ပြန့်သော အစီအစဉ်များဖြင့် ကျင်းပသွားမည် ဖြစ်ပြီး ပြည်တွင်းမှ ပညာရှင်များနှင့်အတူ နိုင်ငံတကာမှ ပညာရှင်များပါ ပါဝင်၍ အင်္ဂလိပ်ဘာသာဖြင့် ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။ မြန်မာဘာသာသို့ တိုက်ရိုက်စကားပြန်ဆိုမှု အစီအစဉ်လည်း ထည့်သွင်းပေးထားပါသည်။ ယခုနှစ်၌ အစိတ်အပိုင်းအသစ်နှစ်ခုအဖြစ် မြန်မာလူငယ်များ၏ နှုတ်မှုစွမ်းရည်ကို မြှင့်တင်ပေးမည့် ပြိုင်င်ပွဲ (Eloquence Contest)၊ အဓိကအတွေးအမြင်များကို စိတ်ဝင်စားဖွယ် ဒစ်ဂျစ်တယ်ဇာတ်လမ်းများအဖြစ် ပုံဖော်သွားမည့် Webtoon အစီအစဉ်တို့ကို ထည့်သွင်းစီစဉ်ထားပါသည်။ လူငယ်များ၏ ပါဝင်ပတ်သက်မှုကို ပိုမိုအားကောင်းစေကာ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အတွေးအမြင် ဖလှယ်မှုများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

-----

-----

🇬🇧 Night of Ideas 2026 - Opening the Way for Sustainability

On Saturday 13 June 2026, the Institut français de Birmanie (IFB) invites you to a bold new edition of the Night of Ideas for 2026.

This year, the format expands with a youth‑focused programme: international guests will join each of the dynamic panel discussions, with simultaneous English–Burmese interpretation available via earphones, a public Eloquence Contest for young voices with prizes for the best speeches, and a creative Webtoon series to carry the ideas from the discussions across Myanmar’s digital space.

💡 It’s more than a conference, it’s a stage for dialogue, creativity, and exchange, connecting local and international perspectives while empowering Myanmar’s youth to speak up and shape the future.

Night of Ideas 2026 - Opening the Way for Sustainability
📅 Saturday 13 June 2026
⏱ 4:30 - 7:00 p.m.
📍 Lann Sone, Institut français de Birmanie
👥 Free Entry - Interpretation devices available for free.

Join us as we open the way to new ideas, new voices, and new horizons.

---

📌 Panellists:

▪️ Do Van Nguyet (Vietnam, ​​Live and Learn Environmental Education)
Leading social entrepreneur with 20+ years of experience mobilizing youth and driving community-led climate action across Southeast Asia.

▪️ Kyaw Thu Htet (Myanmar Innovative Life Sciences)
An impact-driven entrepreneur, serving as Founder and CEO of MILS, to build resilient, sustainable agri-food trust infrastructures and international food safety standards across Myanmar.

▪️ Pyone Thandar Khaing (Winner of French Scholarship 2026)
Environmental researcher specialising in coastal and wetland conservation in Myanmar. A botany graduate and published researcher, she works through interdisciplinary approaches linking ecosystem protection, sustainable agriculture, and community‑driven resource management.

📌 Moderator

▪️ Htoo Aung (Housing Now & Blue Temple Architecture)
Architect from Myanmar, carrying out a practice that overlaps computational design, bamboo structures, and Myanmar users at the core.

---

About Night of Ideas

Launched in 2016 by the Institut français in Paris, the Night of Ideas is an annual global event dedicated to intellectual and cultural exchange. What began in France has since grown into a worldwide programme spanning 190 cities across 104 countries. The Institut français de Birmanie (IFB) hosted the event annually until 2022 and, after a two‑year pause, relaunched it in 2025 with a renewed commitment to fostering dialogue and understanding. In 2026, IFB presents the second consecutive edition of this new cycle.

---

What’s new in 2026

The Night of Ideas 2026 in Yangon with an expanded programme featuring international speakers joining local peers in English‑language discussions, supported by simultaneous Burmese interpretation. This edition introduces two new elements: an Eloquence Contest empowering young Myanmar voices, and a Webtoon series translating key ideas into engaging digital stories. Together, they strengthen youth engagement, foster international exchange, and extend the event’s reach across Myanmar.

Photos from Blue Temple's post 07/06/2026

Our third clinic is now complete in Yangon!!
300m2; bamboo; Hlaing Thar Yar

Construction: Housing NOW; Ko Zin
Many thanks to Pierre Boucher for the engineering
Photographer: Nyan Zay Htet

www.blue-temple.com

🔼

Photos from Housing NOW's post 29/05/2026

From Myanmar to World Urban Forum 13.
Congratulations to our sister company, Housing NOW!

www.blue-temple.com

🔼

Blue Temple 08/05/2026

We've just updated the website with 10 new completed projects:

Blue Temple architecture studio based in Myanmar.

Photos from Blue Temple's post 04/03/2026

AI ဉာဏ်ရည်တုနည်းပညာက စာတွေ၊ ပုံတွေအပြင် 3D model တွေကိုပါ မိနစ်ပိုင်းအတွင်း ထုတ်ပေးနိုင်နေပါပြီ။ [English below]
နောင်လာမယ့် အနုပညာပြပွဲများအတွက် စမ်းသပ်အသုံးပြုနေတဲ့ AI Workflow ကို မျှဝေပေးလိုက်ပါတယ်။ စိတ်ဝင်စားလို့ အသေးစိတ်သိချင်တာရှိရင် Messenger ကနေတစ်ဆင့် လာရောက်မေးမြန်းနိုင်ပါတယ်ခဗျ။

From text and images to full 3D models, AI can now generate content in a matter of minutes.
We’re excited to share a look at the AI workflow we’re testing for our upcoming art installations. If you're curious about the details, feel free to drop us a message on Messenger.

www.blue-temple.com


🔼

Photos from Blue Temple's post 24/02/2026

Digital Prefabrication ဆိုတာဘာလဲ?
တပ်ဆင်အသုံးပြုမယ့် အစိတ်အပိုင်းတွေကို ကွန်ပျူတာနဲ့ ဒီဇိုင်းဆွဲပြီး စက်နဲ့ တိတိကျကျ ထုတ်လုပ်တာကို ဆိုလိုတာပါ။

အောက်ကပုံလေးတွေထဲမှာ Digital Prefabrication နည်းလမ်းကို သုံးပြီး Art Installation တစ်ခုကို အစအဆုံး ဘယ်လိုအဆင့်ဆင့် လုပ်ခဲ့သလဲဆိုတာ သေချာရှင်းပြပေးထားပါတယ်။

ဒီနည်းလမ်းကိုအသုံးပြုပြီး အဆောက်အအုံမျက်နှာစာဒီဇိုင်းများ၊ အတွင်းပိုင်း အလှဆင်ခြင်းများ၊ ပရိဘောဂများ နှင့် အခြားဗိသုကာဒီဇိုင်းနှင့် ဆက်စပ် လုပ်ငန်းများစွာတို့ကို ဒီဇိုင်းကနေဆောက်လုပ်ရေးအထိ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

www.blue-temple.com

🔼

Photos from Blue Temple's post 20/02/2026

Last week, I spoke at the Asia-Pacific Shelter & Settlements Forum 2026 in Karachi on “Resilient by Design: Housing Strategies for a Changing Climate.”

I shared our field experience from Myanmar — how passive design, modular bamboo systems, and prefabrication can deliver low-carbon, disaster-resilient housing that is fast, affordable, and built with communities.

www.blue-temple.com

🔼

Photos from Blue Temple's post 20/02/2026

Parametric Design ကလုပ်ရခက်ပြီး ဈေးကြီးမယ်လို့ ထင်နေတာလား?

Parametric Design ဆိုတာ အလှအပသက်သက်အတွက်တင် မဟုတ်ပါဘူး။ Systematic တွက်ချက်မှုတွေအပေါ် အခြေခံထားတာကြောင့် အလေအလွင့် အနည်းဆုံးနဲ့ အထိရောက်ဆုံး၊ အလွယ်တကူ တည်ဆောက်နိုင်တဲ့ နည်းပညာရပ်တစ်ခု ဖြစ်ပါတယ်။
အခုပြထားတဲ့ ပုံတွေကတော့ Blue Temple ရန်ကုန်ရုံးခန်းမှာ ကိုယ်တိုင်ပြုလုပ် အသုံးပြုနေတဲ့ လှေကားနဲ့ ပစ္စည်းတင်စင် (Shelf) ကို တစ်ဆက်တည်းဖြစ်အောင် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။
သစ်သားပြားတွေကို CNC စက်နဲ့ တိတိကျကျ ဖြတ်တောက်ထားလို့ တပ်ဆင်ရတာ Puzzle ဆက်သလိုပဲ မြန်ဆန်လွယ်ကူပါတယ်။
ကွန်ပျူတာစနစ်နဲ့ သေချာတွက်ချက်တာကြောင့် ကုန်ကြမ်းအလေအလွင့်ကို အနည်းဆုံးအဆင့်ထိ လျှော့ချနိုင်ပြီး ကုန်ကျစရိတ်ကို သက်သာစေပါတယ်။
ဒီလို Parametric Design ကို အသုံးပြုပြီး သင့်အိမ် ဒါမှမဟုတ် လုပ်ငန်းခွင်အတွက် Interior ဒီဇိုင်းတွေနဲ့ ပရိဘောဂတွေကို ဒီဇိုင်းကနေ ဆောက်လုပ်ရေးအထိ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။
စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ အသေးစိတ် ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ် Blue Temple ကို အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျ။

www.blue-temple.com

🔼

Photos from Blue Temple's post 11/02/2026

တတိယမြောက် ဝါးဆေးခန်းကို ရန်ကုန်မှာဆောက်နေပါပြီ။
Our third bamboo clinic under construction in Yangon.

www.blue-temple.com

🔼

Photos from Blue Temple's post 09/02/2026

Proud to contribute to UN-Habitat Myanmar's Yangon City Co-Design Workshop (ASUS Phase 2), sharing lessons from our 4 years of social research and development works along the Gyo Phyu Pipeline. We had several engaging discussion sessions with participants from diverse professional backgrounds and made meaningful connections that we look forward to turning into future collaborations.

www.blue-temple.com

🔼

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Address


Yangon