MASG

MASG

Share

Myanmar Architectural Solution Group for all kinds of Architectural related services.

22/11/2025

🎉 Assistant Project Coordinator အဖွဲ့ဝင်သစ် ခေါ်ယူနေပါပြီ! ✨

ဒီဇိုင်းတွေကို စိတ်ဝင်စားပြီး၊ အလုပ်တွေကို စနစ်တကျ စီမံခန့်ခွဲရတာ ဝါသနာပါတဲ့အပြင်၊ အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်ဖို့ အသင့်ဖြစ်နေသူလား?
MASG Co., Ltd. က ချင်းမိုင်မြို့မှာရှိတဲ့ ကျွန်တော်တို့ရဲ့ Architectural Visualization Studio အတွက် အသေးစိတ်ကျပြီးတော့ တက်တက်ကြွကြွရှိတဲ့ Assistant Project Coordinator အဖွဲ့ဝင်သစ်ကို ရှာဖွေနေပါတယ်!

🎯 ဒီရာထူးမှာ ဘာတွေလုပ်ရမလဲ?

• စီမံကိန်းတွေ၊ အချိန်ဇယားတွေနဲ့ အဖွဲ့ရဲ့ အလုပ်တွေကို သပ်သပ်ရပ်ရပ် စီစဉ်ပေးဖို့ ကူညီရမယ်။
• ဒီဇိုင်နာတွေနဲ့ နိုင်ငံတကာ ဖောက်သည်တွေကြား ဆက်သွယ်ပေးရမယ်။
• မှတ်စုတွေနဲ့ စာရွက်စာတမ်းတွေကို ဘာသာပြန် ပြင်ဆင်ပေးရမယ် (အင်္ဂလိပ်-မြန်မာ၊ ဂျပန်ဘာသာရရင် အမှတ်ပိုရမယ်နော်!)
• အစည်းအဝေးတွေ၊ တင်ဆက်မှုတွေနဲ့ နေ့စဉ်အလုပ်တွေကို ကူညီပံ့ပိုးပေးရမယ်။

🧩 ဘယ်လိုလူမျိုးကို ရှာဖွေနေလဲ?

• ဘွဲ့မလိုပါဘူး — ကျောင်းပြီးခါစ မောင်မယ်များလည်း စိတ်အားထက်သန်စွာ လျှောက်ထားနိုင်ပါတယ်။
• ဒီဇိုင်း ဒါမှမဟုတ် ဗိသုကာပညာနယ်ပယ်မှာ စိတ်ဝင်စားမှုရှိသူ 🎨
• အင်္ဂလိပ်နဲ့ မြန်မာဘာသာစကားကို ပိုင်နိုင်ပြီး၊ ဂျပန်ဘာသာစကားရရင် ပိုကောင်းပါတယ်။
• အလုပ်ကို သေသေချာချာ စနစ်တကျ လုပ်တတ်သူ၊ ဖော်ရွေသူ၊ နဲ့ အမြဲသင်ယူချင်စိတ်ရှိသူ။
• Google Drive၊ Excel၊ ဒါမှမဟုတ် အခြေခံဒီဇိုင်း tools တွေကို နားလည်အသုံးပြုနိုင်သူ။

💡 ဒီမှာ ဘာလို့ အလုပ်လုပ်သင့်လဲ?

• 🌍 နိုင်ငံတကာက ပရောဂျက်တွေနဲ့ စိတ်ကူးစိတ်သန်းတွေ ရှင်သန်တဲ့ ပတ်ဝန်းကျင်တစ်ခု။
• 🧠 ဒီဇိုင်းနဲ့ ညှိနှိုင်းဆောင်ရွက်မှုမှာ လက်တွေ့ကျတဲ့ သင်ယူမှု အတွေ့အကြုံကောင်းတွေ ရရှိမယ်။
• 💬 တစ်ယောက်ကိုတစ်ယောက် အမြဲကူညီတတ်တဲ့ အဖွဲ့နဲ့ ပွင့်လင်းလွတ်လပ်တဲ့ ဆက်သွယ်မှုပုံစံ။
• 🚀 Project Coordination ဒါမှမဟုတ် Design Coordination ဘက်ကို ဆက်လက်တိုးတက်နိုင်မယ့် အခွင့်အရေး။

📩 လျှောက်ထားချင်ရင်တော့...
comment မှာရှိတဲ့ link က form မှာ အချက်အလက်များဖြည့်သွင်းနိုင်ပါတယ်။

Photos from MASG's post 28/05/2025

Interactive VR တွေက New Era of Architectural Visualization ဖြစ်လာနိုင်မလား?

Arch Viz လောကရဲ့ နောက်ထပ်ခြေလှမ်းအသစ်

Design ပြုလုပ်နေဆဲ၊ ဆောက်လုပ်ဆဲ အဆောက်အဦး exterior, interior, landscape စသည်တို့ကို designer မှ သက်ဆိုင်ရာ အိမ်ပိုင်ရှင်၊ အဆောက်အဦးပိုင်ရှင်ကို ပုံဖော်ပြချင်တဲ့အခါမှာ Arch Viz ဆိုတဲ့ပေါင်းကူးတံတားလိုအပ်ပါတယ်။
Arch viz ကို ဖန်တီးရာမှာ လက်ပန်းချီရေးဆွဲခြင်းကနေပြီးတော့ CGI လို့ခေါ်တဲ့ (Computer Generated Image) စသည်အထိ အဆင့်ဆင့်တိုးတက်လာခဲ့ကြသည်။
လက်ရှိ လုပ်ငန်းလည်ပတ်နေကျသော Arch Viz products များမှာ Still image, VR image, Animation စသည်တို့သည် အသုံးများဆုံး Products များဖြစ်ကျသည်။ အခြားသော products များဖြစ်သည့် interactive VR, AR products များမှာ စျေးနှုန်းကြီးမြင့်ခြင်း၊ အချိန်ကြာမြင့်ခြင်း၊လက်တွေ့တွင် ဖန်တီးရန် ခက်ခဲသည့်အတွက် အသွင်းဝင်မှုအားနည်းခဲ့သည်။
သို့သော် ယခုအခါ ကျနော်တို့ MASG အဖွဲ့သားများမှ Interactive VR projects ကို လက်တွေ့ကျသည့် ကုန်ကျစရိတ်ဖြင့်၊ ကြာမြင့်ချိန်သိပ်မရှိဘဲဖန်တီးနိုင်ခဲ့ပါတယ်

Interactive VR ရဲ့အားသာချက်များမှာ-

1. End User ကိုယ်တိုင် architecture space ကို ရှုထောင့်ပေါင်းစုံကနေ လှည့်ပတ်ခံစားနိုင်ခြင်း။
2. End User ကိုယ်တိုင် Material Options, Lighting Options, Furniture Options, Design Options များစွာကို တမျိုးနဲ့တမျိုး ယှဉ်တွဲခံစားနိုင်ခြင်း။
3. Builder များအနေနဲ့လည်း တည်ဆောက်နေစဉ်အတွင်း Design နားလည်မှုလွှဲမှားခြင်းများကို လျော့ချပေးနိုင်ခြင်း

စသည့်အချက်များကြောင့် Designer နဲ့ Client, Builder ကြားတွင် နားလည်မှုလွှဲကွာဟခြင်းများကို အကျဉ်းမြောင်းဆုံးဖြစ်အောင်လျော့ချပေးနိုင်ပါသည်။

ဘယ်လို project တွေမှာ interactive VR ကိုသုံးသင့်လဲ?

1. High-spec Architecture Project များ
2. Still image များနဲ့ ရှင်းပြရန်ခက်ခဲသော Architecture Space များ
3. Commercial Space များ
4. Residential Apartment များ စသည်တို့တွင် အသုံးပြုနိုင်ပါတယ်။

ဘယ်လိုလူတွေအတွက်အသုံးဝင်မလဲ?

1. Architect, Designer များ
2. Real Estate Developer များ
3. Builder များ
4. အိမ်ပိုင်ရှင်၊ အဆောက်အဦးပိုင်ရှင်များ စတဲ့သူများ အတွက်အသုံးဝင်နိုင်ပါတယ်။

လက်ရှိကျနော်တို့ MASG အဖွဲ့သားများမှ Moverse Architects ရဲ့ Architecture Design တခုကို Animation နဲ့ Interactive VR ကိုပြုလုပ်ပေးခဲ့ပါတယ်။ အောက်က comment မှာ sample video ကို link ကနေသွားကြည့်လို့ရပါတယ်။

Photos from MASG's post 06/05/2025

🎉 MASG ၁၀ နှစ်ပြည့်အထိမ်းအမှတ် – Community Support Program Annoucement🎉

MASG ၏ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့
MASG & Neutron Viz School ပူးပေါင်းပြီး Scholarship Program အတွက်ရွေးချယ်ခံရတဲ့လူစာရင်းကို ကြေညာလိုက်ပါတယ်။

Congratulations!

1️⃣ KAUNG SOE HEIN
2️⃣ BUM RING NAW
3️⃣ YAR ZAR KOKO

✅ရွေးချယ်ခံရတဲ့လူတွေအတွက် official annoucement letter ကိုသက်ဆိုင်ရာ email ကနေပို့ထားပြီးဖြစ်ပါတယ်။

✅ရွေးချယ်ခံရတဲ့လူတွေအနေနဲ့ official annoucement letter နဲ့အတူ ကိုယ်တက်ချင်တဲ့ course ကိုရွေးချယ်ပြီး Neutron Viz School ရဲ့ Page messenger မှာသွားရောက်ဆက်သွယ်ရမှာဖြစ်ပါတယ်။

Congratulations to the chosen candidates.

11/03/2025

🎉 MASG ၁၀ နှစ်ပြည့်အထိမ်းအမှတ် – Community Support Program🎉

MASG ၏ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့
MASG & Neutron Viz School ပူးပေါင်းပြီး Scholarship Program တစ်ခု စီစဉ်လိုက်ပါတယ်!

📢 Neutron Arch Viz School?

ဆရာ အောင်ရဲကျော် ဦးစီးသင်ကြားနေသည့် Neutron Viz School သည် Architects, Designers, Architecture Students, Design Students များအတွက် အထောက်အကူဖြစ်စေမယ့်် Visualization နည်းပညာများကို Theory မှ လုပ်ငန်းခွင်အသုံးချနိုင်သည်အထိ သင်ကြားပေးနေသော Training School တစ်ခုဖြစ်ပါသည်။

📌 MASG x Neutron Scholarship Program

Neutron Viz School မှ လက်ရှိသင်ကြားနေသော သင်တန်းများမှာ

✅ 1. Essential Modelling for Architectural Visualization ( 3DS Max Modelling and UVW Mapping)
✅ 2. Advanced Rendering Techniques ( 3DS Max - Vray )
✅ 3. Advanced Rendering, Animation & Walkthrough Visualization (D5 Render)

စသည့်ထဲက ကြိုက်နှစ်သက်ရာ သင်တန်းတစ်ခု ကို သင်တန်းသား (၃) ဦးအတွက် 100% Scholarship ပေးအပ်သွားမည်ဖြစ်သည်။

📍 တက်ရောက်လိုသူများအတွက် လျှောက်ထားရန် စည်းမျဉ်းများ

✔ အသက် (၂၈) နှစ်အောက်ဖြစ်ရမည်။
✔ Design Industry ကို စိတ်ဝင်စားသူဖြစ်ရမည်။
✔ Creative Work Samples (၅) ခု တင်ရမည်။
(📌 Hand Sketch ✍, Photography 📸, 3D Modeling 🎨, Rendering 🖥️ စသည်တို့)

⏳ လျှောက်ထားရမည့် နောက်ဆုံးနေ့ - 31 March 2025 မတိုင်ခင်

🔗 Apply Here: (လျှောက်ထားရန် Link)
https://forms.gle/wEVzVmAR9CeW75GX7

20/11/2020

MASG အတွက် Architectural Visualizer (၂)ဦးခေါ်ပါမယ်။

3D Studio Max, Photoshop အသုံးပြုနိုင်ပြီး Visualization ကို တစိုက်မတ်မတ်ရေရှည်လုပ်ရန် စိတ်ပါဝင်စားသူများလျှောက်ထားနိုင်ပါတယ်။

လိုအပ်ချက်များ
- designer မှပေးအပ်သော ဒီဇိုင်းပုံများကို အပြင်လောကတွင် တည်ဆောက်ပြီးသားပုံနဲ့အနီးစပ်ဆုံးတူညီအောင် ပြုလုပ်ရမည်။
- 3ds max နှင့် photoshop software များအဓိကအသုံးပြုရမည်။

နယ်မှလာသူတွေအတွက် ရုံးနဲ့ ကပ်လျက်လမ်းမှာ နေဖို့အဆောင် စီစဉ်ပေးထားပါတယ်။

ဘာလိုသေးလဲ ?
စိတ်ပါဝင်စားတယ်ဆိုရင် C.V form နဲ့ portfolio ကို [email protected] ပို့လိုက်ဖို့ပါပဲ...

Photos from MASG's post 07/02/2020

နေပြည်တော် ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်တု၏ အောက်ခြေခုံ ကို ဗိသုကာပုံစံ ရေးဆွဲပေးခဲ့ပါတယ်။

လူနေအဆောက်အဦးမဟုတ်ဘဲ အထိမ်းအမှတ် အဆောက်အဦးဖြစ်တဲ့အတွက် ပုံသဏ္ဌာန်က အဓိကကျပါတယ်။
ရုပ်တုတည်နေရာက အချက်အခြာကျတဲ့ လမ်းလေးခွဆုံဖြစ်တဲ့ အတွက်ကြောင့် အောက်ခံခုံပုံစံ စဉ်းစားရာမှာ အပိတ်ပုံစံ မဖြစ်အောင် အခြေခံစဉ်းစားပါတယ်။ မြန်မာ့အငွေ့အသက်လဲ ပါ၀င်ပြီး ရေရှည် အကြည့်ခံဖို့လဲ(timeless design) လိုအပ်ပါတယ်။
အဲ့ဒိအတွက်ကြောင့် မြန်မာမှု သရက်ကင်းလှေကားကို အခြေခံပြီး အခြေတွင် အဆုံးသပ်နေနဲ့ ဒေါင့်ခလုတ်ကို ထည့်သွင်း ပုံစံ ပြုလုပ်ထားပါတယ်။

ရုပ်တုရဲ့ ပန်းပုဆရာကတော့
ဒေါက်တာမြင့်စံ (အငြိမ်းစားပါမောက္ခ)
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်

တည်ဆောက်ရေးလုပ်ငန်းများကိုတော့
အာရုဏ်ဦးဆောက်လုပ်ရေးမှ တာဝန်ယူပြီး

ခိုင်ခံ့မှုတွက်ချက်ရေးဆွဲခြင်းကိုတော့
Min Zaw & Associate မှရေးဆွဲတာဝန်ယူထားပါတယ်။

တည်နေရာ နေပြည်တော် သပြေကုန်းအဝိုင်း

photo credit to original media

05/02/2020

3D Visualizer ( 3 )posts

Skill - 3dsmax, Vray, Photoshop
....................................................

Send your CV & portfolio to
[email protected]

27/12/2019

MASG wish you HAPPY NEW YEAR!!!

See you next year!!!........……...................

Holiday Announcement!!

Our office will close from 28 Dec to 5 Jan.

Photographer ကတော့ bro Min Maung Han ပါ

26/07/2019

ဘယ္မွာ အလုပ္လုပ္ရမွာလဲ?
- ရန်ကင်းမြို့နယ်၊ သစ္စာလမ်း သံလမ်းမှတ်တိုင်အနီးမှာရှိတဲ့ MASG Co.,Ltd မှာပါ။

MASG ကဘာတွေလုပ်တဲ့ လုပ်ငန်းလဲ?
- ဂျပန်နှင့် မြန်မာ မှာရှိတဲ့ အဆောက်အဦးများကို ပုံစံဒီဇိုင်းများ၊ Drawing များ၊ 3D Render image များ ရေးဆွဲပြုလုပ်နေသော company ဖြစ်ပါတယ်...

MASG မှာ အောက်ဖော်ပြပါ ၀န်ထမ်းနေရာများလိုအပ်လျက်ရှိလို့ စိတ်ဝင်စားပြီး မိမိနဲ့ ကိုက်ညီမယ်ဆိုရင် လာရောက် လျှောက်ထားနိုင်ပါတယ်...

Office Assistant (2 posts)

Age 18-28
Yangon /Yankin

တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူဖြစ်ရမည်...
တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိထားသူဦးစားပေးမည်...
English စာအနည်းငယ် ရေးတတ် ဖတ်တတ်ရမည်
Computer အခြေခံနားလည်ရမည်...

ရုံးလုပ်ငန်းနှင့်သက်ဆိုင်သော ကိစ္စများကို ကူညီလုပ်ကိုင်ရမည်...
ကျန်းမာရေးကောင်းမွန်ပြီး သွက်လက်ဖြတ်လတ်၍
ပေးအပ်သော တာဝန်များကို ကျေပြွန်စွာထမ်းဆောင်နိုင်ရမည်...

အပတ်စဉ် တနင်္လာမှ သောကြာ နံနက် 8:30 မှ ညနေ 6:30 အထိ ...
လိုအပ်လျင် အချိန်ပိုလုပ်နိုင်ရပါမည်...

အစမ်းခန့်ကာလအတွက် အခြေခံလစာ ၁၅၀,၀၀၀ ကျပ် နှင့်အတူ အရည်အချင်းအပေါ်မူတည်၍ လစာတိုးမြင့်ပေးပါမည်


Female 2 post
Yangon /Yankin

ဂျပန်စာ N-2 (သို့) N-3 အောင်မြင်ပြီး N-2 ဖြေဆိုရန်ကြိုးစားနေသူများ
လျောက်ထားနိုင်သည်။
English စာ အနည်းငယ်ရေးတတ်ဖတ်တတ်ရမည်။
Computer အခြေခံနားလည်ရမည်။

အဆောက်အဦး နှင့်ပတ်သတ်သော Drawing များကို ပုံဆွဲသူများနှင့် Client များကြားချိတ်ဆက်လုပ်ကိုင်ပေးရမည်ဖြစ်သည်...
မိမိ senior များမှပေးအပ်သော တာဝန်များကိုလဲ ကျေပြွန်စွာလုပ်ကိုင်နိုင်ရမည်။
ရုံးလုပ်ငန်းနှင့်သက်ဆိုင်သော ကိစ္စများကို ကူညီလုပ်ကိုင်ရမည်။
ကျန်းမာရေးကောင်းမွန်ပြီးသွက်လက်ဖြတ်လတ်၍ပေးအပ်သော တာဝန်များကို ကျေပြွန်စွာထမ်းဆောင်နိုင်ရမည်။......................................

လျောက်ထားလိုသူများအနေဖြင့် ကိုယ်ရေးအကျဉ်းကို
[email protected]
[email protected]
[email protected] သို့ပေးပို့လျောက်ထားနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက
09444450684
09953232682

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Shwe Thitsar Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00