Z.com Myanmar
Z.com Myanmar သည် Domain, Hosting,
Cloud, SSL နဲ့ Web Service များကို
ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
04/05/2026
Website လုံခြုံရေးကို Zcom Myanmar ရဲ့ Website Health Check Service နဲ့ အခမဲ့ စမ်းသပ်စစ်ဆေးကြည့်လိုက်ပါ။
Website မှာ လုံခြုံရေးအားနည်းချက် ဘယ်နှခုရှိနေလဲဆိုတာကို သိချင်ပါသလား?
အခုပဲ Zcom Myanmar ရဲ့ Website Health Check Service နဲ့ စစ်ဆေးလိုက်ပါ။
အထူးအစီအစဉ်အနေနဲ့ Zcom Myanmar ရဲ့ Website Health Check Service အသစ်ကို ပထမဆုံးအကြိမ် စတင်အသုံးပြုလိုသူတိုင်း၏ Domain တစ်ခုအတွက် "First Time Scan - Free" Promotion ကို ပေးအပ်နေပါပြီ။ ✨
ကုန်ကျစရိတ်မရှိဘဲ အောက်ပါတို့ကို စစ်ဆေးနိုင်မှာပါ-
✅ Website မှာ ရှိနေတဲ့ Critical Vulnerabilities (အားနည်းချက်များ)
✅ OS, server Ports များနဲ့ SSL အခြေအနေ စစ်ဆေးမှုများ
✅ IT system အတွင်း တရားဝင် software များအသုံးပြုမှု အခြေအနေ နဲ့ အခြားသော IT Assets စစ်ဆေးမှုများ
ကုန်ကျစရိတ်မရှိဘဲ သင့်လုပ်ငန်းရဲ့ လုံခြုံရေးအဆင့်အတန်းကို အခုပဲ မြှင့်တင်လိုက်ပါ။
Website Health Check Free ပြုလုပ်လိုသူများအနေဖြင့် လူကြီးမင်းတို့၏ လုပ်ငန်းသုံး Email ဖြင့် အောက်ဖော်ပြပါအချက်အလက်များကို Email ပေးပို့ရန်လိုအပ်ပါသည်။
Website Health Check ပြုလုပ်လိုသော Domain Name :
Company Name :
Phone Number :
Email Address :
မှတ်ချက်
Website Health Check ပြုလုပ်လိုသော Domain Name နှင့် Email ပေးပို့သူ၏ Email Address Domain Name တူညီရန် လိုအပ်ပါသည်။
Example: Domain- abc-test[.]com, Email- mgmg@abc-test[.]com
Email ပေးပို့ရန် : [email protected]
အသေးစိတ်သိချင်တာရှိရင် Messenger မှာ မေးမြန်းနိုင်သလို
Phone - 09 883 446 801
Phone - 09 892 017 386 ကိုလည်း
ဆက်သွယ်စုံစမ်းလို့ရပါတယ်။
01/05/2026
Zcom Myanmar ကနေ Website ရဲ့ လုံခြုံရေး အားနည်းချက် တွေကို စစ်ဆေးနိုင်မဲ့ "Website Health Check" Service စတင် မိတ်ဆက်လိုက်ပါပြီ 🎉
လူကြီးမင်းတို့ရဲ့ လုပ်ငန်းသုံး Website တွေမှာ သင်မသိသေးတဲ့ လုံခြုံရေးဟာကွက်တွေ ရှိနေနိုင်တယ်ဆိုတာ သိပါသလား❓
အပြင်ပန်းက ကြည့်ရင် အားလုံးအဆင်ပြေနေပုံရပေမယ့်၊ Hacker တွေကတော့ သင့် Website ရဲ့ မေ့လျော့နေတဲ့ Port တစ်ခု ဒါမှမဟုတ် Update မဖြစ်သေးတဲ့ Plugin Version တွေကို အမြဲစောင့်ကြည့်နေတတ်ပါတယ်။ 👀
ဒါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် Zcom Myanmar မှ Website Health Check အမည်ရှိ Service အသစ်ကို မိတ်ဆက်ပေးလိုက်ပါပြီ။ 🛡
✴Website Health Check က ဘာလုပ်ပေးမှာလဲ?
✅မိနစ်ပိုင်းအတွင်း IT Assets (Domains, IPs, Ports) တွေကို အမြန်ဆုံး Checking ပြုလုပ်ပေးခြင်း။
✅Website မှာ ရှိနေတဲ့ လုံခြုံရေးအားနည်းချက်တွေကို အဆင့်အလိုက် (Risk Levels) တိတိကျကျ ဖော်ပြပေးခြင်း။
✅Unknown Assets၊ Shadow IT နဲ့ Weak ဖြစ်နေတဲ့ WordPress Version, SSL တွေကို ရှာဖွေပေးခြင်း။
✅တွေ့ရှိချက်တွေအတွက် အသေးစိတ် Report နဲ့ ဖြေရှင်းနည်းလမ်းညွှန်ချက်များ ပါဝင်ခြင်း။
✴Website Health Check Service ကို ဘယ်သူတွေ သုံးသင့်လဲ?
✅Website မှတစ်ဆင့်Online ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင်များ။
✅Customer Data တွေကို လုံခြုံစွာ ထိန်းသိမ်းလိုသူများ။
✅မိမိလုပ်ငန်းရဲ့ IT Security အခြေအနေကို မျက်ခြေမပြတ် သိလိုသူများ။
လုပ်ငန်းရဲ့ IT "မျက်နှာစာ" တစ်ခုလုံးကို Check ပြုလုပ်ကာ "အားနည်းချက်" ရှိနေတဲ့နေရာတွေကို အတိအကျ ဖော်ပြပေးပြီး ပြုလုပ်သင့်တဲ့ Action များကိုပါ ပြောပြပေးနိုင်တဲ့ Zcom Myanmar ရဲ့ Website Health Check Service အကြောင်း အသေးစိတ်သိချင်တာရှိရင် Messenger မှာ မေးမြန်းနိုင်သလို
☎Phone - 09 883 446 801
☎Phone - 09 892 017 386 ကိုလည်း
ဆက်သွယ်စုံစမ်းလို့ရပါတယ်။
29/04/2026
ဒီနေ့မှာ ကျရောက်တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ
ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယတွင် မြန်မာပြည်သူ၊ ပြည်သား အားလုံး
ကိုယ်စိတ်နှလုံး သုံးပါးစလုံး ကျန်းမာချမ်းသာကြပါစေကြောင်း
Zcom Myanmar မှ ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
29/04/2026
❝ရုံးပိတ်ရက် အသိပေးကြေညာခြင်း ❞
ဧပြီလ ၃၀ ရက်နေ့ ❝ ကဆုန်လပြည့်နေ့ ❞ နဲ့
မေလ ၁ ရက်နေ့ ❝ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ❞ တို့သည်
အများပြည်သူရုံးပိတ်ရက်များ ဖြစ်တာကြောင့်
ဧပြီလ ၃၀ရက် ကနေ မေလ ၃ ရက်နေ့အထိ
Zcom Myanmar ရုံးခန်းကို ပိတ်ထားမည်
ဖြစ်ပါကြောင်း ကြိုတင်အသိပေးလိုပါတယ်ခင်ဗျ။
ဒါကြောင့် Zcom Myanmar ရဲ့
Customer တွေအနေနဲ့
Phone, Email, Messenger ကနေ
Reply ဖြေဆိုမှုတွေအနေနဲ့ ကြာမြင့်နိုင်မှာ
ဖြစ်ပါတယ်။
တကယ်လို့ ဒီပိတ်ရက်တွေမှာ
လူကြီးမင်းတို့အနေနဲ့ Urgent Case များ
ရှိခဲ့မယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့
Email Address တွေကို ပေးပို့ထားနိုင်ပါတယ်။
ဧပြီလ ( ၂၀) ရက်၊ တနင်္လာနေ့မှသာ
ပုံမှန်အတိုင်း ဝန်ဆောင်မှုတွေကို
ပြန်လည်ပေးသွားမှာဖြစ်ပါတယ် ခင်ဗျ။
📌𝐒𝐮𝐩𝐩𝐨𝐫𝐭 𝐓𝐢𝐜𝐤𝐞𝐭
Link : https://helpdesk.gmoace.com/support/tickets/new
📩𝐒𝐚𝐥𝐞𝐬
[email protected]
📩𝐖𝐞𝐛 𝐒𝐮𝐩𝐩𝐨𝐫𝐭
[email protected]
27/04/2026
လူကြီးမင်းရဲ့ Professional Career ကို နောက်တစ်ဆင့်တက်လှမ်းဖို့ အသင့်ဖြစ်ပြီလား?
Online ပေါ်မှာ ကိုယ့်ရဲ့ Portfolio ဒါမှမဟုတ် ကိုယ့်လုပ်ငန်းအကြောင်း ရှာလိုက်ရင် .com တစ်ခုတည်းနဲ့တင် မလုံလောက်တော့ဘူးလို့ ခံစားနေပြီဆိုရင်
Zcom Myanmar မှာ မိမိတို့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အလိုက် ပိုပြီး Professional ဆန်စေမယ့်၊ ကြည့်တာနဲ့ ဘာလုပ်ငန်းလဲဆိုတာ တန်းသိစေမယ့် Special Domains တွေကို ဝယ်ယူရရှိနိုင်ပါပြီ။
နယ်ပယ်အသီးသီးက ပညာရှင်တွေအတွက် ရွေးချယ်စရာများစွာထဲကမှ...
အနုပညာရှင်တွေအတွက် 👉 .actor
ဥပဒေရေးရာ ကျွမ်းကျင်သူတွေအတွက် 👉 .attorney သို့မဟုတ် .lawyer
သွားဘက်ဆိုင်ရာ ဆရာဝန်ကြီးတွေအတွက် 👉 .dentist
နည်းပညာနဲ့ တီထွင်ဖန်တီးသူ အင်ဂျင်နီယာတွေအတွက် 👉 .engineer
ဘာကြောင့် ဒီ Domain တွေကို သုံးသင့်တာလဲ? 🤔
✅Website လိပ်စာကို မြင်ရုံနဲ့တင် ဘာကျွမ်းကျင်သူလဲဆိုတာ တစ်ခါတည်း သိစေနိုင်လို့ "First Impression" ကောင်းစေပါတယ်။
✅နယ်ပယ်အလိုက် သီးသန့် Domain သုံးခြင်းက ပိုပြီး ယုံကြည်စိတ်ချရတဲ့ "Brand Authority" ကို ပေးစွမ်းပါတယ်။
✅သမားရိုးကျ Domain တွေထက် မှတ်မိရလွယ်ကူပြီး "Memorable" ဖြစ်စေပါတယ်။
ကိုယ့်ရဲ့ နာမည် ဒါမှမဟုတ် ကိုယ့်လုပ်ငန်းနာမည်နဲ့ ဒီ Domain လေးတွေ ရနိုင်သေးလားဆိုတာ အခုပဲ Zcom Myanmar မှာ စစ်ဆေးကြည့်လိုက်ရအောင်။
စစ်ဆေးရန် Link: https://domain.z.com/mm/
အသေးစိတ်သိချင်တာရှိရင် Messenger မှာ မေးမြန်းနိုင်သလို
Phone - 09 883 446 801
Phone - 09 892 017 386 ကိုလည်း
ဆက်သွယ်စုံစမ်းလို့ရပါတယ်။
27/04/2026
SMEလုပ်ငန်းများအတွက် Website Service အထူးPromotion 30% Off
🧨အခုလို တစ်နှစ်ပြီးတစ်နှစ်တိုးတက်နေတဲ့ နည်းပညာခေတ်မှာ သင့်လုပ်ငန်း
ဝန်ဆောင်မှုတွေကို ပုံမှန်သမရိုးကျ ဆက်သွယ်ရောင်းဝယ်တာတင် မဟုတ်ဘဲ
Onlineကနေပါ ဆက်သွယ်ရောင်းချနိုင်ပါမှ သင့်လုပ်ငန်းများ ကောင်းမွန်အဆင်ပြေစွာ တိုးတက်လည်ပတ်နိုင်မှာဖြစ်ပြီး ပြိုင်ဘက်များနှင့် ရင်ဘောင်တန်းနိုင်မှာပါ။
ကိုယ်ပိုင် Websiteရှိခြင်းအားဖြင့်
🎯ကိုယ့်Product/Serviceများကို အပြည့်စုံဆုံးနှင့် အရှင်းလင်းဆုံး တင်ပြနိုင်ခြင်း
🎯Customerတွေရဲ့ ယုံကြည့်စိတ်ချမှုကို ရရှိနိုင်ခြင်း
🎯သင့်လုပ်ငန်းရဲ့ပုံရိပ်ကို မြင့်မားစေခြင်း
🎯ဈေးကွက်ချဲ့ထွင်ပြီးသားလည်း ဖြစ်ခြင်း
🎯Googleပေါ်မှာ ကိုယ့်လုပ်ငန်းကို လူပိုသိခြင်း
🎯Onlineမှတစ်ဆင့် 24/7 Hours အရောင်းအဝယ် ပြုလုပ်နိုင်ခြင်း
🎯Orderတွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်ခြင်း
စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
🧨 ကျွန်တော်တို့ Z.comမှာ တစ်နိုင်တပိုင် အသေးစား/ အလတ်စားလုပ်ငန်းတွေမှစ
အကြီးစားလုပ်ငန်းများအထိ Website Packageလေးတွေရှိပြီး အထူးသဖြင့် …
✅Trading Company
✅Logistic Company
✅Pharmacy
✅Hotels
✅Wholesales/ Retails
✅Online Shop
✅Travels & Tours
✅School/ Instituteများအတွက် အထူးသင့်တော်ပါတယ်။
💡ဒါ့ကြောင့် သင့်လုပ်ငန်းအတွက် ကိုယ်ပိုင်Websiteတစ်ခု ဖန်တီးတည်ဆောက်ဖို့
မြန်မာနိုင်ငံမှာ Businessပေါင်း ၃၀၀ကျော်ကို Website Serviceဝန်ဆောင်မှုပေးနေတဲ့
ကျွန်တော်တို့ Z.comကို အခုပဲဆက်သွယ်လိုက်ပါ။
🤙Websiteနှင့်ပတ်သက်ပြီး အသေးစိတ်ပိုမိုသိရှိချင်တယ်၊ ဝန်ဆောင်မှုကို ရယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Z.com Facebook Messengerကနေတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
ဒါမှမဟုတ်
အောက်ပါဖုန်းနံပါတ်မှတစ်ဆင့် Sales Teamထံသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
☎️ဖုန်းနံပါတ် - 09 266030126, 09 898430788
😱ဒီPromotionကာလကတော့ မေလ ၃၁ ရက်နေ့အထိပဲမို့ အခုပဲ ဆက်သွယ် ရယူလိုက်ပါ!
24/04/2026
Hosting ရွေးရခက်နေပြီလား❓🤔
ဘယ် Hosting က သင့်အတွက် အကိုက်ညီဆုံးလဲဆိုတာ ကြည့်ရအောင်!👇
Website တစ်ခု စတင်တော့မယ်ဆိုရင် Hosting ရွေးရတာက တော်တော်လေး အရေးကြီးပါတယ်။ ကိုယ့်လုပ်ငန်းနဲ့ မကိုက်ညီတာကို ရွေးမိရင် ပိုက်ဆံပိုကုန်တာ ဒါမှမဟုတ် Website နှေးတာမျိုးတွေ ဖြစ်တတ်လို့ပါ။
Zcom မှာရွေးချယ်နိုင်တဲ့ Hosting အမျိုးအစားတွေကတော့
✅အသက်သာဆုံးနဲ့ အလွယ်ဆုံး စချင်ရင် 👉 Web Hosting
✅WordPress သီးသန့် အသုံးပြုချင်တာဆိုရင် 👉 WordPress Hosting
✅ လုပ်ငန်းအတွက် ပိုမြန်၊ ပိုငြိမ်တာ၊ Control Panel ပါတာလည်း လိုချင်ရင် 👉 Private Hosting
✅စွမ်းဆောင်ရည် အမြင့်ဆုံးနဲ့ စိတ်ကြိုက် Manage လုပ်ချင်ရင် 👉 Cloud VPS
ကိုယ့်လုပ်ငန်းအတွက် ဘယ်ဟာကို ရွေးရမလဲ ဝေခွဲမရဖြစ်နေရင် သို့မဟုတ် အသေးစိတ်သိချင်တာရှိရင် Messenger မှာ မေးမြန်းနိုင်သလို
☎Phone - 09 883 446 801
☎Phone - 09 892 017 386 ကိုလည်း
ဆက်သွယ်စုံစမ်းလို့ရပါတယ်။
22/04/2026
သင့် Website က အချိန်အကြာကြီး Loading ဖြစ်နေတုန်းလား? ⏱
Website တစ်ခုမှာ Domain Name ကောင်းကောင်း ရှိရုံနဲ့တင် မပြီးသေးဘူးနော်။ Customer တစ်ယောက် သင့် Website ထဲဝင်တဲ့အခါ စိတ်အနှောင့်အယှက်မဖြစ်ဖို့က "Website အမြန်နှုန်း" က အရမ်းအရေးကြီးပါတယ်။
ဘာလို့ Website နှေးရင် မဖြစ်တာလဲ? 🤔
1⃣ဘယ်သူမှ အကြာကြီးမစောင့်ချင်ကြဘူး: Website တစ်ခုက ၃ စက္ကန့်ထက် ပိုကြာရင် လာကြည့်သူ ၄၀% ကျော်က စိတ်မရှည်ဘဲ ပြန်ထွက်သွားတတ်ကြပါတယ်။ ဒါဟာ သင့်ရဲ့ အလားအလာရှိတဲ့ Customer တွေကို လက်လွှတ်လိုက်ရတာပါပဲ။
2⃣ Google Ranking နှင့် Website အမြန်နှုန်း : ကိုယ့်လုပ်ငန်းကို Google ရှာဖွေမှုရဲ့ ထိပ်ဆုံးမှာ ပေါ်စေချင်ရင် Website မြန်နေဖို့ လိုပါတယ်။ Website နှေးနေရင် Google က သင့်ကို Ranking အောက်ပို့လိုက်မှာပါ။
3⃣လုပ်ငန်းရဲ့ ယုံကြည်မှု: Website တစ်ခုက နှေးကွေးပြီး လေးလံနေရင် Customer က "ဒီလုပ်ငန်းကရော တကယ် စနစ်တကျရှိရဲ့လား" ဆိုပြီး သံသယဝင်သွားနိုင်ပါတယ်။ မြန်ဆန်တဲ့ Website က သင့်လုပ်ငန်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးပါတယ်။
Zcom က ဘယ်လို ကူညီပေးနိုင်မလဲ? 🤝
ကျွန်တော်တို့ Zcom ရဲ့ Hosting နဲ့ Cloud Server တွေမှာ သာမန် Hard Disk (HDD) တွေထက် အဆပေါင်းများစွာ မြန်တဲ့ High-speed SSD Storage ကိုပဲ အသုံးပြုထားပါတယ်။
SSD ဆိုတာဘာလဲ❓
ဖုန်းတွေ၊ ကွန်ပျူတာတွေမှာသုံးတဲ့ Memory ကတ်တွေလိုပဲ Data ဖတ်နှုန်း အလွန်မြန်တဲ့အတွက် Website ကို တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပွင့်လာစေမှာပါ။
ဒါ့အပြင် ကမ္ဘာ့အဆင့်မီ Infrastructure တွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ Traffic တွေ ဘယ်လောက်များများ တည်တည်ငြိမ်ငြိမ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
သင့်လုပ်ငန်းရဲ့ Website ကို အမြန်ဆုံး စွမ်းဆောင်ရည်နဲ့ လည်ပတ်နိုင်ဖို့ Zcom Server တွေနဲ့ အခုပဲ စတင်လိုက်ရအောင်လားခင်ဗျာ။ 🚀
အသေးစိတ်သိချင်တာရှိရင် Messenger မှာ မေးမြန်းနိုင်သလို
☎Phone - 09 883 446 801
☎Phone - 09 892 017 386 ကိုလည်း
ဆက်သွယ်စုံစမ်းလို့ရပါတယ်။
&Cloud
22/04/2026
We're Hiring
Position: RPA Developer
Location: MICT Park, Hlaing Township.
Salary: Negotiable
Working Hours: Monday to Friday, 8:30 AM – 5:30 PM
Off Days: Saturday, Sunday & Public Holidays
Email: [email protected]
Key Responsibilities
✅ Developing RPA workflows for automation process using such as UiPath, Automation Anywhere, Microsoft Power Automate Desktop.
✅ Setting up and testing automation workflows to ensure the business function is at optimum efficiency.
✅ Maintain and modify the existing automation tools and workflows.
✅ Understand the business flows and key points in order to automate the tasks.
✅ Ensuring the quality automation workflows using Quality Assurance process and prevent any potential issues.
✅ Develop automation documentation, user guides, and workflow diagrams.
✅ Monitor automation performance and continuously improve process efficiency.
✅ Ensure data security, compliance, and system reliability when implementing automation solutions.
Requirements
✅ Understanding basic programming concepts (loops, conditions, variables)
✅ Experience in any programming language such as C, C #, Python, PowerShell.
✅ Hand-on experience with RPA tools such as UiPath, Automation Anywhere, Power BI Microsoft Power Automate Desktop. (More prefer MS Power Automate)
Basic knowledge and experience in Google Spreadsheet, Excel, Email SMTP Outlook, Gmail.
✅ Experience in Databases service, such as MySQL, MSSQL etc.
✅ Problem Solving Skills
✅ Good Attention in details
✅ Strong teamwork and communication skills
✅ Willing to help and good relationships with other team members
✅ Polite and happy to help
Others Benefits
✅ Lunch provided
✅ Ferry provided (Near Route)
✅ Other benefits can be discussed during the interview
22/04/2026
We're Hiring
Position : WordPress Developer
Location: MICT Park, Hlaing Township, Yangon
Salary: Negotiable
Working Hours: Monday to Friday, 8:30 AM - 5:30 PM
Off Days: Saturday, Sunday & Public Holidays
Email: [email protected]
Viber: 09250662728
Qualifications & Requirements
✅Must be at least graduated with Computer Science or Information Technology or Other degree but have a proven experience in Software Development industry.
✅At least 2 years’ experience in web development with PHP, WordPress framework, HTML and CSS programming languages and API integration and database management.
✅Strong experience with Responsive Web Design (especially mobile-first view and PC view)
✅Must be good in English 4 Skills.
✅Strong communication skills and a strong understanding of the benefit of teamwork.
✅Strong in task management and time management skills
✅Opened-minded and willing to learn new things as an opportunity.
✅Ability to perform analysis, design and development, deployment, and support.
✅Ability to perform troubleshooting, problem-solving, and moving toward the solution
Responsibilities
✅Design, workflow, code, test, and implement web pages, often focusing on HTML, CSS, Java Script, PHP and WordPress framework on test and production environment.
✅Implementation and integration with internal and third-party API in related pages
✅Monitor and update existing pages to enhance performance and fix bugs.
✅Work in-person with manager, designers, customer support, sales & marketing team and other related team to gather requirements and create solutions.
✅Presentation and report current progress and status to manager and related teams regularly.
✅Maintain technical documentation for code and system architecture.
✅Implement security protocols and ensure high-performance standards.
✅Identify and resolve software issues, providing technical support.
✅Any other assigned tasks by manager (if has)
Others Benefits
✅ Lunch provided
✅ Ferry provided (Near Route)
✅ Other benefits can be discussed during the interview
20/04/2026
Domain ဝယ်ပြီးပြီ... ဒါဆို Website ရပြီလား? 🤔
ဒီမေးခွန်းအတွက် အဖြေကတော့ "မရသေးပါဘူး"
အင်တာနက်ပေါ်မှာ ကိုယ်ပိုင် Website တစ်ခုရှိဖို့ဆိုတာ အချက် (၃) ချက် လိုအပ်ပါတယ်
1️⃣Domain Name (အိမ်နံပါတ်/လိပ်စာ) : အရင် Post မှာ ပြောခဲ့သလိုပဲ Domain ဆိုတာ www.yourname . com ဆိုတဲ့ လိပ်စာပါ။ လူတွေ သင့်ဆီလာဖို့ "ဘယ်လမ်း၊ ဘယ်ရပ်ကွက်" ဆိုတာကို ပြောပြဖို့ လိပ်စာရှိရုံနဲ့တင် အိမ်ရှိပြီလို့ ပြောလို့မရသေးဘူးမလား။
2️⃣Hosting (မြေကွက်) : အိမ်ဆောက်ဖို့ မြေနေရာ လိုအပ်သလိုပဲ သင့် Website ထဲက စာသားတွေ၊ ပုံတွေ၊ ဗီဒီယိုတွေကို သိမ်းဆည်းထားဖို့ အင်တာနက်ပေါ်မှာ "နေရာ" တစ်ခု လိုပါတယ်။ အဲဒီနေရာလေးကို Hosting လို့ ခေါ်ပါတယ်။ မြေကွက်မရှိဘဲ အိမ်ဆောက်လို့ မရသလိုပဲ Hosting မရှိဘဲ Website လည်း ရှိမလာနိုင်ပါဘူး။
3️⃣Website Design (အိမ်အဆောက်အအုံ) :လိပ်စာလည်းရှိပြီ (Domain)၊ မြေကွက်လည်းရှိပြီ (Hosting) ဆိုရင်တော့ အဲဒီမြေကွက်ပေါ်မှာ "အိမ်" ကို စတင်ဆောက်လုပ်ရပါတော့မယ်။ ဒါကတော့ Website ထဲမှာ ဘယ်လိုပုံစံတွေ ပါမလဲ၊ ဘယ်လိုစာသားတွေ ရေးမလဲဆိုတဲ့ Design ပိုင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် Domain ရှိရုံနဲ့ Website ရှိပြီလို့ ပြောလို့မရဘဲ Hosting နဲ့ Website Design ပါ ရှိမှသာ လူတွေ ဝင်ကြည့်လို့ရတဲ့ Website တစ်ခု ဖြစ်လာမှာပါ။
Zcom မှာ ဘာတွေ လုပ်လို့ရလဲ? 🤔
Zcom မှာဆိုရင် မြန်မာကျပ် 5,000 ကနေ စတင်ပြီး Domain ဝယ်ယူနိုင်သလို၊ Hosting နဲ့ Website Development ဝန်ဆောင်မှုတွေကိုလည်း တစ်ပါတည်း ရယူနိုင်ပါတယ်။
ကိုယ့်ရဲ့ လုပ်ငန်းအတွက် Domain, Hosting နဲ့ Website စတင်ဝယ်ယူဖို့ စဉ်းစားနေပြီဆိုရင်တော့ ကျွန်တော်တို့ဆီမှာ အခုပဲ လာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ! 😊
အသေးစိတ်သိချင်တာရှိရင် Messenger မှာ မေးမြန်းနိုင်သလို
☎Phone - 09 883 446 801
☎Phone - 09 892 017 386 ကိုလည်း
ဆက်သွယ်စုံစမ်းလို့ရပါတယ်။
17/04/2026
SSL ဆိုတာ ဘာလဲ❓
Website တစ်ခုကို ဝင်ကြည့်တဲ့အခါ လိပ်စာတန်းလေးရဲ့ ဘေးမှာ "သော့ခတ်ထားတဲ့ ပုံစံလေး 🔒" ကို သတိထားမိကြမှာပါ။ အဲဒါလေးကို နည်းပညာစကားနဲ့ SSL လို့ ခေါ်ပါတယ်။
SSL ဆိုတာ ဘာလဲ❓🤔
အလွယ်ပြောရရင်တော့ SSL ဆိုတာ သင့် Website နဲ့ လာကြည့်တဲ့သူကြားက "လုံခြုံတဲ့ လမ်းကြောင်း" တစ်ခုပါ။
သင်က သူငယ်ချင်းတစ်ယောက်ဆီကို စာတစ်စောင် ပို့တယ်ဆိုပါစို့။
📩SSL မရှိရင်: စာအိတ်မပါဘဲ ပို့သလိုပါပဲ။ လမ်းမှာ တစ်ယောက်ယောက်က ဖွင့်ဖတ်ချင်ရင် အလွယ်လေး ဖတ်လို့ရနေပါတယ်။ (Data ခိုးယူခံရနိုင်ခြေများ)
🔐SSL ရှိရင်: စာကို ခိုင်ခံ့တဲ့ "သံသေတ္တာ" ထဲထည့်၊ သော့ခတ်ပြီးမှ ပို့သလိုပါပဲ။ ဒီသော့ကို သင်နဲ့ သင့်သူငယ်ချင်း (Website နဲ့ User) ပဲ ဖွင့်လို့ရတာကြောင့် ကြားထဲက ဘယ်သူမှဖတ်လို့ မရတော့ပါဘူး။
SSL က ဘာကြောင့် အရေးကြီးတာလဲ?
1⃣ကိုယ်ရေးအချက်အလက် ကာကွယ်ပေးတယ်: Website ပေါ်မှာ ရိုက်ထည့်လိုက်တဲ့ Password တွေ၊ ဖုန်းနံပါတ်တွေ၊ ငွေပေးချေမှု အချက်အလက်တွေကို သူခိုး (Hackers) တွေ မမြင်အောင် ဖုံးကွယ်ပေးထားပါတယ်။
2⃣ယုံကြည်မှု တိုးစေတယ်: Website ဘေးမှာ သော့ပုံစံလေး (HTTPS) ပေါ်နေရင် လာကြည့်တဲ့သူက "အော်... ဒီ Website က စိတ်ချရတာပဲ" ဆိုပြီး ပိုယုံကြည်သွားပါတယ်။
3⃣ Google Ranking ပိုကောင်းတယ်: SSL ရှိတဲ့ Website တွေက Google မှာ ရှာရင် ထိပ်ဆုံးက ပေါ်လာဖို့ အခွင့်အရေး ပိုများပါတယ်။
ကိုယ့် Website မှာ SSL ရှိ၊ မရှိ ဘယ်လိုကြည့်မလဲ?
Website လိပ်စာရဲ့ အရှေ့မှာ http:// မဟုတ်ဘဲ https:// (S ပါတာ) ဖြစ်နေရင် SSL ရှိတယ်လို့ ဆိုလိုတာပါ။
ဒါကြောင့် သင့်ရဲ့ Website ကို လူတိုင်း ယုံယုံကြည်ကြည်နဲ့ ဝင်ကြည့်နိုင်ဖို့ SSL အသုံးပြုထားဖို့က အင်မတန် အရေးကြီးပါတယ်နော်။ 💪
SSL နဲ့ပတ်သက်ပြီး အသေးစိတ် သိချင်ရင်တော့ Messenger မှာ မေးထားလို့ ရပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Building 18, 7th Floor, MICT Park, Hlaing Township
Yangon
11051
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |