Automobile knowledge Sharing

Automobile knowledge Sharing

Share

Knowledge sharing

06/01/2017

Scanner မသုံးပဲ Nissan စလိုးချိန်နည်း(Idle Air Volume Learning)

Nissan ကားများသည် battery ဖြုတ်/လဲ, Throttle(လေတံခါး) ဖြုတ်/တပ်, လဲ သို့မဟုတ် ချေးဆေး မိလျှင်ပင် စလိုးမရတော့ပဲ ပြန်ချိန်ပေးရတတ်ပါတယ်။ Scanner အလွယ်တကူမရ မရှိသူများအတွက် manual စလိုးချိန်နည်း procedure ကိုဖော်ပြပေးလိုက်ပါတယ်။

စလိုးမချိန်မီရှိရမည့် အခြေအနေများ
-ECT(ရေအပူချိန်) - 73~93°C
-Gear Position - P or N
-Electrical Load - အကုန်ပိတ်(အဲကွန်း, မီး,
ဖန်, ဟိတာ စသည်)
-Steering Wheel - Center တည့်တည့်
-Vehicle Speed -Stopped
-Transmission - Warmed up(အနည်းငယ်
ပတ်မောင်းပြီး)
1
ဦးစွာ APP & TPS idle/closed position Learning လုပ်ရပါမယ်။
-လီဗာလွှတ်ထား IG on(သော့နှစ်ထစ်ဖွင့်), 3 sec စောင့်
-သော့ပိတ် 12 sec စောင့်
-သော့ဖွင့် 3 sec စောင့်
-သော့ပိတ် 12 sec စောင့်

2
Idle Air Volume Learning(စလိုးချိန်)
-သော့ပိတ် 12 sec စောင့်
-လီဗာလွှတ်ထား သော့ဖွင့် 3 sec စောင့်
-လီဗာ အဆုံးနင်း ပြန်လွှတ်ကို 5 sec အတွင်း 5 ခါလုပ်ပါ။
-7 sec စောင့်, ပြီးလျှင် လီဗာအဆုံးနင်းထား ခဏကြာလျှင် ချက်မီးမှိတ်တုပ်ဖြစ်လာမည်။ ချက်မီးမှိတ်တုပ်ပျောက်ပြီး အသေလင်းသည်အထိ (စက္ကန့် 20 ခန့်) ဆက်နင်းထားပါ။
-ချက်မီး မီးသေလင်းသွားလျှင် 3 sec အတွင်း လီဗာပြန်လွှတ်ပါ။
-စက်နှိုးပါ, လီဗာမနင်းပါနှင့်
-စက္ကန့်နှစ်ဆယ်စောင့်ပါ။
-လီဗာနှစ်ချက် သုံးချက်နင်းပြီး စလိုးပြန်ကျမကျ မှန်မမှန် စစ်ပါ။

မရသေးလျှင် ထိပ်ဆုံးရှိရေးထားသောအချက်များထဲမှ တစ်ခုခု လိုနေသေး၍ ဖြစ်နိုင်ပါသည်။ အစမှ နောက်တစ်ကြိမ် ပြန်လုပ်ပါ။ ချက်မီးလင်းနေလျှင် (DTC ရှိနေလျှင်) Learning မရပါ scanner ဖြင့်စစ်ဆေး၍ အရင်ပြုပြင်ပါ။ အားလုံးအဆင်ပြေကြပါစေ။

Photos from Automobile knowledge Sharing's post 17/11/2016

Wankel engine နှင့် RX-8။

စက်လုံးဝနှိုးလို့မရတော့တဲ့ RX-8 တစ်စီးဆီကိုလိုက်ကြည့်ပေးပါတယ်။ original engine လားဆိုတော့ ဟုတ်တယ်တဲ့ တွေ့ပြီပေါ့ wankel ရယ်။ ရောက်တော့ ထောက် battery ငှား စက်ထိုးပြီးစမ်း data တွေ ok No DTC။ ဒါနဲ့ ဆီpressure ကြည့်OK plug coil မီးထွက်စမ်း OK. Compression ပဲရှိတော့တယ်လေ။ အတွေ့အကြုံရှိတဲ့ တဥက္ကလာက ဆရာကိုနေလင်းကိုလှမ်းစားပြီး ပြန်ခေါ်နည်းလေးတောင်းပေါ့။ Plug ရှေ့ခြမ်း နှစ်လုံးဖြုတ်ကြည့်တော့ Fouling ဖြစ်နေတယ် ဆီနဲ့ အင်ဂျင်ဝိုင်လဲရွှဲပေါ့။ plug ဖြုတ်ရက်မွှေ့ထုတ် plug ဆေးပြန်တပ် မွှေ့ နှစ်ခါလောက်လုပ် ပြီးမှ အင်ဂျင်ဝိုင်နည်းနည်းထည့်ပြီး ထပ်မွှေ့။ ပလပ်ဖြုတ်ဆေးမွှေ့ထုတ် ပြန်တပ် မွှေ့ထုတ် ငါးခါလောက်ရှိမှ ပူလာပြီးနိုးသွားတော့တယ်။ Starter မလောင်အောင်လည်းနားရသေးတယ်။ အဲတော့မှ မီးခိုးကုန်အောင် နင်းထုတ် နှိုးထားလိုက်တယ်။ ဘာ engine oil ထည့်ထားလဲဆိုတော့ Castrol 20W-50 တဲ့။ 20-50 တွေက mineral လာတာများပေမဲ့ မသေချာလို့ နောက်နေ့ဆိုင်ခေါ်ပြီး Plug အကုန်ပြန်ဆေး Mineral 5W-40 ပြန်လဲ HHO နဲ့ Cleaning လုပ်ပေးလိုက်တယ်။ Wankel engine များဟာ မီးလောင်ခန်းထဲကို လေဝင် Inlet ကဖြစ်ဖြစ် rotor ကို direct sprayဖြစ်ဖြစ် အင်ဂျင်ဝိုင်ရောက်ပါတယ်။ ရိုးရိုး piston reciprocating အင်ဂျင်တွေက ring နဲ့ liner ကြားကို အောက်ကဆီကန်ကပက်ပြီးဆီရောက်ပါတယ်။ ဒီကောင်ကျတော့ သီးသန့်လမ်းကြောင်းနဲ့ပေးရပါတယ် apex seal နဲ့ rotor housing ကို ပွန်းစားမှုသက်သာအောင်ပါ။ 2 stroke ဆိုင်ကယ်များ 2T ထည့်ရသလိုပေါ့။ အဲဒီတော့ semi ဒါမှမဟုတ် synthetic ဆီများဟာ အပူဒါဏ်ခံနိုင် မီးလောင်ဖို့ခဲယဉ်း လောင်ရင်လည်းချိုးကျ ပြီး ပလပ်မှာလည်းကပ် မီးပေါက်မမှန်, ချိုးကပ်ပြီး apex seal နဲ့ housing ပွတ်ပစ်ပြီး နှစ်ခုလုံးနာပြီး compression မလုံ apex seal ကုန်သွားတတ်ပါတယ်။ Synthetic ထဲမှာ Wankel အတွက်သီးသန့်လို့ထုတ်ထားတဲ့ဆီမျိုးဆိုရင်တော့ရပါတယ်။ ဒါကြောင့် mazda က mineral oil ကိုပဲသုံးပါလို့ပြောတာပါ ဘာမှ အကျန်မရှိပဲ မီးအကုန်လောင်ပြီးထွက်သွားအောင်လို့ပါ။ ပေပါဆီလည်းရပါတယ် ဆီကောင်း Fully/Semi esynthetic လိုဟာမျိုးသွားထည့်ရင် သက်ဆိုးမရှည်တတ်ပါဘူး။ Mineral (ဆီကြမ်း) only ပဲသုံးကြပါ။ နောက် သူ့မှာသုံးရမဲ့ plug က surface spark type ဖြစ်ရပါမယ် Leading and Trailing နှစ်မျိုးရှိပါတယ် အပေါ်အောက်မှားမထည့်ရပါ။ တစ်မျိုးတည်းတူတူသုံးလို့ရသော်လည်း တတ်နိုင်လျှင် original အတိုင်းပဲနှစ်မျိုးသုံးပါ ။ plug နှစ်ခုသည် အပူဒဏ်ခံရတာမတူလို့ Heat range ကွဲပါတယ်။ မှားထည့်မိရင် အင်ဂျင်မမှန် အနှိုးခက် အခန့်မသင့်လျှင် ဗြင်းတဲ့အခါမျိုးမှာ plug coil တွေပါလောင်တတ်ပါတယ်။ NGK ဆိုလျှင် Mazda recommand အရ T/L ကို heat range 9/7 သုံးရပါတယ် pickup ပွင့်ရင်လဲခံနိုင်အောင် T ကို အအေးplug 9 သုံးထားတာပါ။ နောက် airfilter နဲ့ လေလိုင်းယိုစိမ့်မှုမရှိဖို့အရမ်းအရေးကြီးပါတယ်။ ဓာတ်ဆီသန့်ဖို့ကတော့ ဒီအချိန်မှာသိပ်ရွေးချယ်စရာမရှိသေးတော့ ကောင်းတဲ့ တစ်ဆိုင်နှစ်ဆိုင်လောက်ပုံသေထားသုံးပေါ့ဗျား နောက်များမှ energy company တွေဝင်လာရင် ok သွားမှာပါ။ နောက်မနှိုးတာရက်ကြာရင် အနှိုးရခက်တတ်ပါတယ် နေ့စဉ် warming up လုပ်ပေးပါ။ RX-8 owner များ ဂရုစိုက်ရန်အတွက်ပါ။ ဟုတ်ကဲ့ complete combustion ဖြစ်သော အင်ဂျင်ဝိုင်သာသုံးစွဲပါ ဈေးကြီးအကောင်းစားဖြစ်မှရယ်လို့မဟုတ်ပါခင်ဗျာ။

Photos 17/11/2016

အင်ဂျင်ကိုင်ပြီး စလိုးချိန်ပေးပါဆိုပြီး(Idle air volume learning) Nissan AD van တစ်စီးရောက်လာပါတယ်။ စက်သံကမမှန်ပါဘူး စက်ထိုးကြည့်တော့ စလိုးချိန်တာနဲ့မဆိုင်ပါဘူး VTC Angle က အတော်များနေပါတယ် idle မှာ 0 ပဲရှိရမှာပါ။ ဒါနဲ့ actuation test လုပ်တော့ အတက်မှာ ok ပဲ ပြန်လျှော့ဖို့ duty ratio 0 % ပေးတာတောင် VTC angle ပြန်မကျချင်ပါဘူး valve overlapping နဲ့ ဗားဟာပြီး စက်သေလိုက် မမှန်လိုက်ဖြစ်နေတာပေါ့။ အဲလိုစက်ထိုးထိုးသေလို့ အင်ဂျင်ကိုင်လိုက်တာတဲ့။ ဒါနဲ့ VTC solenoid ဖြုတ်ကြည့်တော့ ချေးတွေမဲနေတာပဲ spring ကပြန်မကန်နိုင်တော့ပဲ solenoid က ဆွဲထားတဲ့အတိုင်းကျန်ကျန်နေတာပေါ့။ သန့်ရှင်းရေးသေချာလုပ် ပြန်တပ်တော့ စက်မသေတော့ပါဘူး ဒါပေမဲ့ 15 deg လောက်တက်နေသေးတယ် ဒါနဲ့ အင်ဂျင်ကိုင်တဲ့ ws ကိုတိုင်မင်မှန်ရဲ့လားသေချာမေးကြည့်တော့ သေချာပါတယ်ဆိုတာနဲ့ ဒါဆိုနှစ်ရက်လောက်မောင်းလိုက်ပြီးမှ ပြန်လာခိုင်းပြီးစစ်လိုက်တော့မှ 0 ကျသွားတော့တယ်။ ပြောချင်တာ VTC acturator ထဲမှာပါ ချေးကပ်နေ ကျန်နေတာပါ ကစားတာများသွားမှ ပါသွားတာပေါ့။ အင်ဂျင်ကိုပြသနာအပေးဆုံးက အင်ဂျင်ဝိုင်နဲ့ ဓာတ်ဆီပါပဲ ကားmodelမြင့်လေ ပိုပြသနာပေးလေပဲ(မကောင်းတာသုံးမိရင်)။ အချို့ချက်ချင်းသိသာတယ် အချို့ကြာမှသိသာပြီး အင်ဂျင်ပါချရတယ်။ အင်ဂျင်ဝိုင်ကိုတော့ မနှမြောကြပါနဲ့ဗျာ အင်ဂျင်ပြန်ကိုင်လို့ရ အလုံးချိန်းလို့ရတယ်ဆိုပေမဲ့ မဖွင့်ရလေ မချိန်းရလေ အလုပ်ရှုပ်သက်သာ ပိုကောင်းတာပေါ့။ ဈေးသက်သာတာ မကောင်းတာကို ခဏခဏလဲတာနဲ့ ကောင်းတာကို ကြာကြာသုံးတာလည်းမတူပါဘူး ကုန်တာချင်းမကွာပေမဲ့ အင်ဂျင်သက်တမ်းကွာသွားပါတယ်။ အင်ဂျင်ဝိုင်များအကြောင်း ၁၂၃ ကို page ထဲမှာ ရှာဖတ်နိုင်ပါတယ်။ အင်ဂျင်ဝိုင်ဆိုးများနှိပ်စက်ခြင်းမှ ကင်းဝေးကြပါစေ။

Photos from Automobile knowledge Sharing's post 17/11/2016

Ford Mustang GT 4.6L V-8 USA version တစ်စီး စက်နိုးပြီးချက်ချင်းပြန်ရပ်ရပ်သွားလို့ လိုက်ပြင်ပေးရတဲ့ အတွေ့အကြုံလေးပါ။ ရောက်တော့ဆရာဝန်များလိုပဲ history taking ပေါ့ ဘယ်လိုဖြစ်လည်း ဘယ်ကစဖြစ်လည်း ကိုယ့်ရှေ့မှာလည်းလာစမ်းသွားတဲ့လူတွေရှိတော့ အကျိုးအကြောင်းမေးပေါ့။ သုံးယောက်ကသုံးမျိုးပြောပါတယ် သေရော။ နောက်ဆုံး FRP(fuel rail pressure sensor) လဲရမယ် လှမ်းမှာရမယ်ဆိုလို့ ခဏစောင့်ရင်း ကျွန်တော်နဲ့ချိတ်မိတာပါ။ စက်ထိုးကြည့်တော့ G-Scan2 က Ford>Mustang ထဲကချိတ်တာလုံးဝမရ။ ဒါနဲ့ elm327 wifi လေးနဲ့ ဖုန်းနဲ့စမ်းတော့ရသွားတယ် DTC'ကြည့်တော့ P0190, P0193 တွေ့တယ် fuel rail pressure code တွေပါ။ မေးတော့ ပထမလာကြည့်ပြီး ဆီပန့်ကြောင့်ဆိုပြီးလဲသွားတယ်တဲ့ မရတော့ sensor ဖြုတ်သွားပြီး computer နဲ့စမ်းပြီး ဒီကောင်လဲရမယ်လို့ ပြောပြီး spare ရှာတာမတွေ့လို့ မှာပေးမယ် လဲလိုက်ရင်လုံးဝကောင်းသွားမယ်ပဲပြောသွားတယ်တဲ့။ ဒါနဲ့ပတ်လည်စမ်းပါလေရော Supercharger ကြီး Modified တပ်ထားတာတွေ့တယ် နောက်TPS, Idle air control, vacuum leak, FRP sensor, Wiring တွေပေါ့ MAP or MAF ရှာတော့မတွေ့ FRP မှာ vacuum pipe ဝင်ထားတော့ combine ပဲလားပေါ့။ အကုန် normal, FRP ကိုmultimeterနဲ့သေချာစမ်းတော့ no pressureမှာ 0.5 V, စက်နှိုးလိုက်ရင် 3.5 V လောက်ထိတက်တယ် ဖတ်ခနဲပေါ့ စက်ရပ်တာနဲ့ fuel pressure release ဆိုတော့ 0.5 V ပြန်ကျတယ်။ Voltage တွေက ok ပဲ 50 psi ဆို 3.4 V ဝန်းကျင်ရှိတယ်။ သတိရလို့ ကိုဂျုံကို Messenger ကနေလှမ်းစားလိုက်သေးတယ်။ ဒါနဲ့ actual pressure တိုင်းဖို့ နီးနီးနားနားမြောက်ဒဂုံက New Power က ကိုကျော်မျိုးလင်းဆီ သွားငှား သူ့ဆီမှာ ondemand ခဏ ရှာဖတ် specs တွေမှတ်ပြီးပြန်လာစမ်းသပ် connection ဖြုတ်ပြီး သုံးငုတ်ပတ်လည် resistant တိုင်း ပုံမှန်ပဲ။ Variable resistor တပ်ပြီး ကလိကြည့်သေးတယ် မရဘူး။ FRP တော့မဟုတ်သလောက်ရှိပြီ မိုးချုပ်လို့ အကျိုးအကြောင်းပြောပြီး ထပ်မေးတော့ လမ်းမှာပြန်လာကတည်းကဖြစ်တာတဲ့ လီဗာလွှတ်လိုက်ရင်သေသေသွားလို့မနည်းမောင်းလာရတာတဲ့ အိမ်ရောက်တော့ N မှာ လီဗာတစ်ဆုံးသုံးချက်လောက်ပုတ်ပြီး သေသွားကတည်းကဒီလိုဖြစ်သွားတာတဲ့ ပြိုင်ကားပြင်တဲ့ကောင်လေးတစ်ယောက်ကိုခေါ်ပြတော့ FRP sensor မဟုတ်ဘူး wiring ပိုင်းလို့ပြောတယ်တဲ့။ ဒါနဲ့အိမ်ပြန်ရောက်တော့ Japan ကားပဲပြင်တာများလို့ မဖွင့်တာကြာတဲ့ Alldata လေးပြန်ဖွင့်ဖတ်မှတ်ပြီး နောက်နေ့အတွက်အုန်းစားပြီးအိပ်ကရော MAFS ပါကိုပါတယ်ဆိုတာတော့တွေ့ပြီလေ ဆရာသမားပျောက်နေလို့ ။ နောက်နေ့ထပ်သွားပြီး Scanner ပြောင်းစမ်းမယ်စဉ်းစားပြီးမှ elm327 နဲ့ရရင် OBD2 protocol ပဲဆိုတာစဉ်းစားမိသွားပြီး Gscan ထဲက OBD2 နဲ့ပဲ ကောက်ချိတ်လိုက်တာ 6 မျိုးထဲကတစ်ခုနဲ့ဝင်သွားရော OK လေ ထူပူပြီးမေ့နေတာ။ ဒါနဲ့ FRP, RPM, MAF သုံးခု graph ခေါ်ပြီး နှိုးလိုက်တာ Fuel က 50 psi ok regulator လည်းကောင်းတယ်။ RPM Ok, MAFS 0.33 V ကနေမလှုပ်။ ဒါနဲ့ supercharger ကနေ တစ်ဆုံးလိုက်နှိုက် အကုန်ခွာ သေချာရှာတော့မှ ပါးခြမ်းထဲနောက်ထိပ်မှာ တပ်ထားသဗျား တစ်ကယ့်ချောင်ထဲဗျာ ပျော်လဲပျော် ကိုယ့်ကိုကိုယ်လည်းဒေါသထွက် ဒီအခြေခံကျော်ပြီးမေ့ရသလားလို့ ပထမရက်က scanner ကလည်း data မစုံတော့ သတိမေ့နေတာ စာသေချာပြန်ဖတ်မှ သေချာပေါက်ပါတာသိတာကိုး။ ပုံမှန်လဲ တစ်ချို့ကားတွေ ပါးခြမ်းထဲကပဲ လေရှုပေါက်ယူထားတတ်တော့ သေချာမကြည့်မိတာ။ ဖိုင်းတဲ့လူကလဲ PVC ပိုက်နဲ့ ဆက်ထားပါသဗျား အဆက်ပြုတ် Air Filter ကလည်းပိတ်တော့ ရှေ့ကနည်းနည်းမှတောင်မဝင်ပဲ ပြုတ်တဲ့နေရာကပဲလေအကုန်ဝင်တော့ သေတာပေါ့ airfilter ကောင်းသေးရင် ဖွတ်ချက်လောက်ပဲဖြစ်မှာ။ ဒါနဲ့ရှေ့ဘီးဖြုတ် အကုန်ခွာထုတ် သေချာပြန်ထိုင် airfilter နဲ့ MAFS ဆေးပြီးပြန်တပ် စမ်း ဝုန်းခနဲ ဗြဲခနဲ။ အကုန်ပြန်တပ်ပြီး Roadtest သွားစမ်း data အားလုံး normal ပဲ။ EFI systemမှာ map and/or maf မပါပဲ မရပါ။ socket ဖြုတ်ထားတောင်ရင်အချို့နိုးတယ် socket တပ်ထားပြီး sensor လေဖြတ်မစီးရင်တော့(maf volt မတက်ရင်) လုံးဝမနိုးပါ နိုးလျှင်လည်းဆီမပေးပဲချက်ချင်းပြန်ရပ်ပါသည်။ ပထမနေ့က FRP နဲ့MAPပေါင်းများထားသလားလို့ ဇဝေဇဝါဖြစ်တာကိုးခံဟ။ ဘယ်ကား ဘယ်အင်ဂျင် ဘယ်နိုင်ငံထုတ်ထုတ် အခြေခံများ မပြောင်းလဲပါ detail သိချင်လျှင်တော့ ဖတ်ကြမှတ်ကြ စမ်းကြရတာပေါ့ဗျာ။ FRP dtc တွေကတော့ History တွေပါ active နဲ့ history နဲ့လည်း တစ်ချို့scanner တွေက ခွဲမပြပါဘူး ကိုယ်တိုင်ဆုံးဖြတ်ရတာပေါ့ ပထမရက်ကတော့ လမ်းကြောင်းအလိုက်လွဲလေခြင်းပေါ့ဗျာ ဒါပေမဲ့ အကုန်စစ်ပြီးဖြစ်သွားတာပေါ့။

04/11/2016

အခုမှ ကားတစ်စီးလုပ်ရင်းနဲ့ အရင်က ဖြစ်ဖူးတဲ့ ပြသနာပြန်သတိရသွားလို့ ရေးရဦးမယ်။ Probox တစ်စီး ကားကြီးထုံနေပြီး pickup လည်းမပါလို့ လာပြတာပါ။ ဒိုင်ခွက်မီးတွေကြည့်တော့လည်း ပုံမှန်ပဲ စမ်းမောင်းတော့ အတော်ကိုလေးကွေးနေတာ။ ဘာပဲဖြစ်ဖြစ် စက်ကတော့အရင်ထိုးစစ်ရမှာပဲ။ စစ်လိုက်တော့ active dtc ရှိနေပါတယ်။ knock sensor circuit ပါ။ ဒါနဲ့ ks voltage ကြည့်တော့ မတက်ပါဘူး။ Wiring စစ်ပါတယ် ပုံမှန်ပဲ ဆိုတော့ sensor ပျက်ပြီပေါ့ ဒါပေမဲ့သေချာအောင် socket ဖြုတ်ပြီး multimeter နဲ့ပဲ ထောက်စမ်းပြီး ဂွနဲ့ခေါက်ကြည့်တော့လာသဗျ။ ကြိုးပြန်နှိုက်ရပြီလေ အကုန်လိုက်ခွာတော့ ဆက်ထားတာတွေ့ရော ကြည့်လိုက်တော့ shield ကြိုးပါ ရောပြီး ပူးလိမ်ထားတယ် ရှင်းရော။ sensor နားရောက်ခါနီးမှာ shield ကြိုးဖယ်ပြီး ဒီဘက်ကိုတစ်ချောင်းတည်းလာတာပါ ks signal ကြိုးက။ ရောလိမ်တော့ signal ကြိုးပါ ground ကျပြီး DTC ပြနေပြီး ignition timing မတက်တော့ ထော့နေတာပေါ့။ KS က vibration ရင် AC volt အနည်းငယ်ထွက်တာပါ knocking ဖြစ်ရင် အတော်များများထွက်ပါတယ်။ အလွယ်ပြောရရင် KS က Ignition advance ကို မီးသံမခေါက်ပဲ အကောင်းဆုံးအခြေအနေမှာ ရှိနေအောင် ပြန်ပေးနေတဲ့ feedback ပါ။ Gasoline RON ပြောင်းရင်လည်း သူက learning လုပ်ပြီး အရင်ထက် တင်လို့ရရင်တင်ပေး လိုရင်ပြန်လျှော့ပေးပါတယ်(limit အတွင်းမှာပေါ့)။ ထွက်လာတဲ့ ac volt ကို အပြင်က interferance တွေမဝင်အောင် shield ကြိုးနဲ့ ကာပေးထားတာပါ။ ဒါနဲ့ ကြိုးပြန်ဖြတ် အတွင်းကအစ ပြန်ဖော် ပြန်ဆက်ပေးလိုက်တော့ လုံးဝ ok သွားပါတယ်။ အရင်လည်း ဖြစ်လို့ sensor ပါလဲပြီးသားမရလို့ပါတဲ့ ပြီးမှ ပြောပါတယ်။ engine check မီးကတော့ ထုံးစံအတိုင်း အင်ဂျင်ဝိုင်မီးနဲ့ပဲ တွဲလား charging မီးနဲ့ပဲတွဲဖျောက်ထားသလားမသိဘူး စက်ထိုးမှပဲdtcတွေ့တော့တာ လုပ်မရလို့မီးပျောက်ချလိုက်တာပေါ့။ တစ်ချို့ကားသမားက History မေးရင် ဘာကြောင့်မပြောကြလည်း ဆိုတာစဉ်းစားမရပါ ကောင်းမှပဲပြောတော့တယ် ပညာစမ်းတာလား မယုံတာလား ဘာမှန်းကိုမသိပါ History အကုန်သိရင် troubleshooting ကပိုမြန်ပါတယ် ဒါ့ကြောင့်လည်းအားလုံးသေချာ အတိအကျမေးရခြင်းပါ တစ်ချို့ အချက်တွေက အရေးမပါဘူးထင်ရပေမဲ့ သူ့ကြောင့် ဖြတ်ခနဲ အဖြေစဉ်းစားမိသွားတာမျိုးရှိတတ်ပါတယ။် ဒါဆို ယူလိုက်တော့မယ်တဲ့ သြော် ကောင်းရင် ယူမယ်ဆိုပြီး တေ့လာတဲ့ ရောင်းကားကိုးဗျ ပွဲခလေးတောင်းလိုက်ရမှာ ဟားဟား။

01/10/2016

စက်သံမမှန်ပဲ misfire ဖြစ်ဖြစ်နေတဲ့ ကားတွေ ခဏခဏ လုပ်ရပါတယ်။ Plug coil ပေါက်ပြီး ဘေးကိုမီးကူးတာမျိုး plug, injector မကောင်းတာမျိုးလည်းရှိသလို အတော်များများက wiring နဲ့ socket တွေကြောင့်ဖြစ်ကြတာပါ။ ကားတိုင်းမှာ misfire code မပါပါဘူး။ ပါတဲ့ကောင်တွေတွေ့နိုင်ပေမဲ့ မပါတာကျ မျိုးစုံစမ်းရပါတယ် IGF signal တောင်မပါတာတွေရှိပါတယ်။ လောလောဆယ်တစ်စီးဆို 660 hijet ပါ အခြားမှာလုပ်ခဲ့ပြီးပြီ plug & coil တွေလဲပြီးပြီ။ plug socket တွေချွတ်စမ်းတော့ No.3 က မထူးခြားဘူး။ ဒါနဲ့ No.1 နဲ့ coil ပြောင်းစမ်းတော့လည်း No.3 ပဲမလာတာဆိုတော့ ဒီကောင်ပဲပေါ့ ကြိုးပြတ်လား ECU ပဲလားနှစ်ခုပဲရှိတော့တယ်။ ကြိုးတွေ ကြည့်တော့ ခြေရာလက်ရာမပျက်ပဲ။ ဒါပေမဲ့ Socket အခြေနားကနေ တစ်ချောင်းချင်းစီ ဆွဲကြည့်တော့ တစ်ချောင်းက ပျော့ပြီးပါလာတယ်။ အပြင် insulation ကအကောင်း အတွင်းမှာပြတ်တာပါ။ ငုတ်ပြန်နှိုက်ထုတ်ပြန်ဆက်ပေးလိုက်ရပါတယ်။ အဓိကပြသနာက plug လဲ ဘာညာ လုပ်ချိန်မှာ socket က ကိုင်မချွတ်ပဲ ကြိုးကနေ ဆွဲဆွဲချွတ်ကြတဲ့ အကျင့်ကြောင့်ပါ။ ပြသနာ ခဏခဏ ပေးပါတယ် အခုက လုံးလုံးပြတ်လို့ပါ မဟုတ်ရင် ကောင်းလိုက် မကောင်းလိုက်နဲ့ အတော်ခေါင်းခြောက်ပါတယ်။ စစ်ရင်လည်း ဘာမီး ဘာdtc မှ မပြပါ အပြင်ပိုင်း wiring လဲ မသိသာပါ။ တတ်နိုင်သလောက် socket ကပဲ ကိုင်ပြီး ချွတ်ကြပါဗျာ။ ဒီ magnetic field tester လေးက အတော်အသုံးဝင်ပါတယ် သံလိုက်စက်ကွင်းရှိသမျှ acturator တွေ အကုန်စမ်းလို့ရပါတယ်။ Plug coil, injector, solenoid, ocv, scv စသည်တို့ကိုစမ်းရာမှာ အတော်လေးအချိန်ကုန်သက်သာ ခရီးရောက်ပါတယ်။ အနားမှာထောက်ကြည့်ရုံပါပဲ မီးလင်းပြီးပြပါတယ်။

30/09/2016

ကြုံရတဲ့စေတနာအမှား။
Honda civic hybrid တစ်စီး brake pad တွေလဲပြီးမှ brake warning မီးလင်းနေလို့ဆိုပြီး ရောက်လာပါရော။ ကိုယ်လည်းစစ်တာပေါ့ DTC ကြည့်တော့ ဘာမှ မပြဘူး။ ဘရိတ်ဆီကြောင့်လားဆိုပြီး တိုင်းကြည့်တော့ water content က 4% ကျော်နေတာနဲ့ DOT4 နဲ့ ဖောက်လဲကြည့်တယ် မထူးဘူး။ ဆိုတော့ကာ ခေါင်းကိုက်ပြီ လိုက်စစ်တော့ ထူးခြားတာက Hydraulic pump က လည်တယ် ရပ်ပြီး စက္ကန့်ပိုင်းပဲ ပြန်လည်လည်နေတယ်။ leakage လားဆိုတော့လည်း No. ပုံမှန်ဆို pump ကမောင်းပြီး pressure တင် accumulator ဗူးထဲမှာတောင့်ထား ဘရိတ်နင်းလို့ pressure ကျမှ ပန့်ပြန်လည်။ အခုက ဘာဘရိတ်မှ မအုပ်ပဲ ပန့်ကမရပ်ဘူးဆိုတော့ အဆန်းပေါ့။ နောက်မှ accumulator ဗူး ကိုကြည့်တော့ ထိပ်နတ်ခေါင်းပတ်လည်မှာဘရိတ်ဆီတွေ အဲကောင်ပါဖောက်ပြီးလေချူပေးလိုက်ဟန်တူတယ်။ သူက nitrogen နဲ့ အထဲကဆီကိုတောင့်ထားတာလေ အခြား Hydraulic system တွေမှာလည်းတွေ့နိုင်ပါတယ်။ အခုကျ nitrogen မရှိတော့တော့ ဗူးဆီပြည့်ရင် တောင့်ပြီးရပ် fluid ဆိုတော့ အဖိမခံဘူးလေ ပြီးနည်းနည်း ထွက်တာနဲ့ pressure ထိုးကျ ပန့်ပြန်လည် ဖြစ်နေတာပေါ့။ အဲကောင်လဲမှရမယ်ပြောပြီး Honda service က ဦးချစ်အောင်ဆီလှမ်းမေးတော့ သူတို့ဆီရှိတယ်ဆိုတာနဲ့ လွှတ်ပေးလိုက်ပါတယ်။ လဲပြီးမှ ပဲပြန်ကောင်းတော့တယ်ဗျာ။ ဒီမှာ nitrogen ထွက်သွားရင် ပြန်ထည့်စရာ pressure ပြန်ချိန်စရာ ပစ္စည်းဘာညာ ရှားပါတယ်။ လဲမှသာအဆင်ပြေတာပါ ဘရိတ်ပတ် လဲတဲ့ဆီက စေတနာပိုသွားလို့ ဖြစ်ရတာလို့ပဲမှတ်ယူရမှာပေါ့ဗျာ။

30/09/2016

အားတုန်း မတင်တာကြာလို့ ပြန်ရှယ်ပေးပါဦးမယ် တစ်လောကနယ်အထိလိုက်လုပ်ပေးရတဲ့ Crown Majesta လေး အကြောင်းပါ။ စဖြစ်တာက VSC TRC မီးတွေလင်းပြီး ဘရိတ်မမိချင်ဘူးဆိုပြီး WS ပြ ဟိုက လေခိုတာလားမသိဆိုပြီး ဖောက်ချူတော့ line က valve တွေပိတ်ပြီး ဘရိတ်ဆီပါမလာတော့ဘူး သုံးလုံးမလာတော့ပဲ တစ်လုံးပဲဆီလာတယ်ဆိုတော့ အကိုစက်ဆရာ ရောက်နေတုန်းဆိုတော့ ကျန်တာလိုက်စစ်တော့ shock absorber ရှေ့ညာ က ပေါက်နေတာတွေ့ရော။ ကျွန်တော့်ကို ဖုန်းဆက် လှမ်းမေးတော့ ဘာပဲဖြစ်ဖြစ်လဲရမှာသေချာတယ် ဆိုပြီးရန်ကုန်ပြန်ဆင်းလာ ပစ္စည်းဝယ်ပြီး ပြန်သွားတော့မှ လိုက်သွားပေးလိုက်ပါတယ်။ အသိတွေဆိုတော့ ညဘက်ကြီးပဲလိုက်သွားတာပေါ့ဗျာ မလိုက်ရင်လည်း ဘရိတ်မမိတော့ ကားနဲ့တင်လာဖို့ပဲရှိတယ်ဆိုတော့ ဟိုမှာလဲ လှမ်းပြောခိုင်းလို့ရတဲ့ အသိဘော်ဒါမရှိကိုး။ ဟိုရောက်တော့ အရင် shockabsober လဲရတာပေါ့ လေအိတ်နဲ့တွဲလျှက်လေ။ လဲပြီး စက်နဲ့ လေအိတ် height တွေပြန်ချိန် code တွေကြည့်တော့ အတော်များများက stability နဲ့ဆိုင်တာတွေပါပဲ။ shockabsorber ပေါက်ပြီး height မညီလို့ system unstable နဲ့ check မီးတွေ လင်းတာကို ဘရိတ်လေခိုတယ်ထင်ပြီး သွားဖောက်ချူတော့ leakage ဆိုပြီး abs အုံကဗားတွေပိတ်ပစ်တယ်လို့ယူဆရတာပဲ။ ပြီးတော့ ဒီကားတွေဘရိတ်က hydraulic pump နဲ့ accumulator နဲ့ system ပါ ဒါရိုက် cylinder နဲ့ servo(vacuum) နဲ့ မဟုတ်ပါဘူး။ ဒါနဲ့ code တွေအကုန်ဖျက် ပြီး scanner နဲ့ လေပြန်ချူရပါတယ်။ စက်ရဲ့ Special Functionထဲမှာ ဒီကောင်တွေအတွက်လေချူတဲ့ pattern 8 ခုလား 9 ခုလားပါပါတယ်။ Air bleeding japan domestic လို့ရေထားတာနဲ့ ဝင်ပြီးလုပ်ရတာပါ။ အားလုံးပြီးတော့ ဘီးလှိမ့်စမ်း ပြီးမှ road test စမ်းတော့ အားလုံးပုံမှန်အလုပ်လုပ်ပြီး အဆင်ပြေသွားပါတယ်။ ဒီကားတွေက stability နဲ့ပက်သက်လို့ abs vsc trc အစရှိတဲ့ system တွေ ပါပါတယ် အုံကတော့ abs အုံတစ်ခုပဲပေါ့ဗျာ သူ့ထဲမှာပဲ အဲဒီ systemတွေအတွက် valve တွေအများကြီးပါပါတယ်။

30/09/2016

ပြီးခဲ့တဲ့ လတွေထဲ ကားကြီးတွေ တွဲခေါင်းတွေနဲ့ ပက်သက်တာတွေလည်း အများကြီးရှင်းရပါတယ်။ အများဆုံက DPF နဲ့ commonrail pump/nozzel ပြသနာတွေပါပဲအခြား sensor ပိုင်းတွေလည်းနည်းနည်းပေါ့။ sensor ပိုင်းတွေက scanner ဖတ်တာနဲ့တန်းတွေ့တဲ့ကောင်တွေပါ ပညာသိပ်မပါပါဘူး။ 24 စက်ရှိဖို့ obdခေါင်းရှိဖို့ပဲလိုတာပါ။ Semiauto Gear box ပြသနာတွေလည်းနှစ်စီးလောက်ရှင်းရပါတယ်။Escort, smoother တွေပါ။ မှတ်မှတ်ရရ နှစ်စီးကပြသနာတစ်ခုတည်း Sign နှစ်ခုနဲ့ဆိုတော့ ပြောပြဖို့ပါ။ ကားကြီးနဲ့ ပက်သက်ရင်ကျတော့ မေးစရာ အသိ ဆရာ မရှိသလောက်ဆိုတော့ ကိုယ်တိုင်ပဲ အတော် အုန်းစားရပါတယ်။ ကားလေးတွေကတော့လှမ်းစားစရာ ဆရာများရှိသည်ပေါ့နော။ ပထမတစ်စီးက မောင်းရင်းနဲ့ အင်ဂျင်ဝပ်သွားပြီး လီဗာနင်းမရတော့ဘူး ချက်မီးလင်းတယ် သော့ပိတ်ပြန်နှိုးရင် တစ်ခါတစ်လေ ကောင်းသွားတယ် ။ သူ့ဟာသူလည်းပြန်ကောင်းတတ်တယ် ။ အဲဒါပြသနာ ပျက်ချင်ရင် တစ်ခါတည်းပျက် နို့မို့ရှာရအတော်ခက်သကိုး။DTC တွေဖတ်လိုက်တော့ အများကြီးပဲ History တွေလေ ဖြစ်ဖုးသမျှပေါ့ မဖျက်ထားတော့သေရော ဘယ်ဟာလဲပေါ့။ active လည်းတစ်ခုမှမပါ အားလုံး history။ Active ရှိရင် ဖျက်လိုက် သူကျန်ခဲ့တယ် ခုတော့ ss ရိုက်ပြီး အားလုံး clear လုပ်လိုက်တယ် ပြီးတော့ စက်ထိုးပြီးဘေးကလိုက်ပြီး road test စမ်းတယ် အတော်ဝေးဝေးထိ OK ကိုယ်လည်း ဖြစ်နိုင်တာတွေ graph ခေါ်ပြီး live ကြည့်နေတာပေါ့။ အတော် ကြာတော့ VSS signal ထခုန်တယ် ဟုတ်ပြီ နောက်တစ်ခါ ဒိုင်ခွက်က mileage.လဲဆောင့်တက်သွားတယ် သေချာပြီ ပြန်လှည့် ရုံပြန်မောင်း။ ရောက်တာနဲ့ စစ်ပေါ့ ဒီကောင်တွေက gearbox အထွက်က ယူတာပါ ကားဟောင်းတွေလိုပဲ, ကားလေးတွေလို abs ကမယူဘူး speed signal ကို။ sensor type က MRE ပါ sine wave ကို sensor ထဲမှာ square wave တစ်ခါတည်း ပြောင်းပြီးမှ ပို့တဲ့ ကောင်ပဲ။ ဖြစ်ပုံက ON state မှာ မထိတစ်ထိဖြစ်တော့ Square wave frequency စိတ်သွားတာကို ECU က km/h ဆောင့် တက်တယ်ဆိုပြီးပြ အင်ဂျင်ကထိန်းနဲ့ဖြစ်တာပါ။ ကြိုးတွေကောင်းပါတယ် socket ဖြုတ် သန့်ရှင်းရေးလုပ်ပြီး ပြန်တပ်တော့ ရှင်းသွားပါတယ်။

နောက်တစ်စီးကကျတော့ es**rt ဂီယာနဲ့ ဂီယာချိန်းမမှန်တော့တာဆိုပြီးရောက်လာတာ ဂီယာဝိုင် ဘာညာမေးပြီးတော့ scanner ထိုးတော့ VSS code ပါနေတယ်။ ဒက်ပြီလေ မိုင်းလိပ်အရမ်း ကစားလားမေးတော့ ဟုတ်တယ်တဲ့ ကြည့်တော့ socket အခြေကနေ ပြတ်လုပြတ်ခင်ပေါ့ မနည်း အစဆွဲထုတ်ပြီး ခဲဆော်ဆက်ပေးလိုက်ရတယ် ပြန်စမ်းတော့ သူမဟုတ်သလိုပဲ အေးဆေး။

30/09/2016

ကျွန်တော်နှင့် အင်ဂျင်ကိုင်ပြီး အင်ဂျင်လဲပြီး ကား ပြသနာများလည်း အတော်ရှင်းရသည်။ ယခုကားလည်း အင်ဂျင်ဝိုင်ငတ်သွား၍ အင်ဂျင်ပတ်ကားပြန်ကိုင်ထားသော်လည်း အင်ဂျင်ချက်မီးလင်းခြင်း ဆီစိမ်းနံ့ရနေခြင်းများကြောင့် ရောက်လာပါသည်။ Probox 2NZ-FE ပါ။ ဆီနံ့ ကိစ္စ ကတော့ စက်ဖုံးလှပ်ကြည့်လိုက်တာနဲ့ No.4 injector seal ပြတ်ပြီး ယိုနေတာပါ seal လဲပြီး OK ပဲ။ check မီးကိစ္စ ကတော့ မောင်းတာကြာမှလင်းလာတာ သော့ပိတ် ပြန်ဖွင့် ပျောက်ဆိုတော့ Too Lean/ Too Rich ဒါမှမဟုတ်VVT-i ပဲ အဖြစ်အများဆုံး။ scanner ထိုးလိုက်တော့ vvti code ပါပဲ။ Actuation test စမ်းတော့ အလုပ်မလုပ်ပါဘူး။ ဒါနဲ့ acturator (OCV) ကို ကြည့်တော့ ထိသွားလို့ အသစ်လဲထားတာတဲ့။ အထိုင်မတူတော့(2SZ ကကောင်လို့ထင်) ထောက်ပြီး valve က အဆုံးထိမဝင်ဘူး။ ဒါနဲ့ အထိုင်ကို ကွေး အပေါက်သစ်ဖောက်ပြီး စမ်းတော့လည်း အထိုင်တော့ကျပြီ မီးလဲရောက် valve လည်းကစားတယ် camshaft မလည်ဘူး။ ဆီပေါက်တွေပိတ်လား ချေးနဲ့ပဲ အထဲကဒလက်ကပ်နေလားပဲ။ နောက်မှ ပြန်ဖြုတ်ပြီး အဟောင်းနဲ့ ယှဉ်ကြည့်တော့မှ အပေါက်ပုံစံ အကုန်တူတယ် အလုံးမှာ အထိုင်ဆွဲတဲ့ကောင် နေရာက မတူတော့ အပေါက်နေရာလွဲပြီးအလုပ်မလုပ်တာပဲလို့ ကောက်ချက်ချပြီး သူ့ အော်တစ်လုံးသွားဝယ် တပ်စမ်းလိုက်မှ actuation test အလုပ်လုပ်တော့တယ်။ ပြီးမှ road test လုပ်ရင်း ဘေးကနေ scanner နဲ့ လိုက်စစ်တော့ vvti အလုပ်လုပ်ရမဲ့နေရာမှာ ပုံမှန်အတိုင်း ထိန်းနေတာသေချာမှ ကားပြန်အပ်လိုက်ပါတယ်။

Website

Address


Yangon