Platinum Coffee
လန်းဆန်းမှု အစစ်အမှန် ပလက်တီနမ်
15/06/2026
🙏 နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ 🙏
Platinum မိသားစု၏ မွန်မြတ်လှသော ကျောင်းဆောင်လှူဒါန်းပွဲနှင့် ဆွမ်းကပ်ပွဲ အခမ်းအနား
ကျေးဇူးတော်ရှင် အဘိဓဇမဟာရဋ္ဌဂုရု ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒကုမာရမဟာထေရ်မြတ်ကြီး သီတင်းသုံးတော်မူရန်အတွက် ကမ္ဘာအေးကုန်မြေ ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်( ရန်ကုန်) ဝန်းတွင် Sunday မိသားစုမှ ဥဿာဟစိုက်ထုတ်၍ ဆောက်လုပ်ပူဇော်ခဲ့သော အဂ္ဂါဘိဓဇပါမောက္ခချုပ် ကျောင်းတော်သစ်ကြီး၏ ရေစက်ချအမျှပေးဝေပွဲနှင့် သံဃာတော်အရှင် သူမြတ်များအား ဆွမ်း ၊ ခဲဖွယ် ၊ ဘောဇဉ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို (၁၃.၆.၂၆) နေ့တွင် ဝမ်းမြောက်ကြည်နူးဖွယ်ရာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ခေတ္တခဏမျှ ရရှိခဲလှသော လူ့ဘဝခရီးတွင် သာသနာ့အာဇာနည် မဟာထေရ်မြတ်ကြီး သီတင်းသုံးမည့် ကျောင်းဒါယကာ ၊ ကျောင်းဒါယိကာမ ကောင်းမှုကုသိုလ်ရှင်အဖြစ် ဆောက်လုပ်လှူဒါန်းခွင့်ရရှိခြင်းသည် Platinum မိသားစုအတွက် ဘဝမှတ်တိုင်တစ်ခုကဲ့သို့ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။
ဤကျောင်းတော်ကြီးကို အကြောင်းပြု၍ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးများအဆက်ဆက် သီတင်းသုံးနေထိုင်ရင်း သာသနာပြုလုပ်ငန်းများကို စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း၊ ဓမ္မမိတ်ဆွေအပေါင်း ထပ်တူထပ်မျှ ကုသိုလ်ရစေရန် ရေစက်သွန်းချ မျှဝေအပ်ပါသည်။
အားလုံးပဲ သာဓု... သာဓု... သာဓု ခေါ်ဆိုနိုင်ကြပါစေသော်.... 🙏🙏🙏
&teamix
#နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်( ရန်ကုန်)
#အလှူတော်မင်္ဂလာ
14/06/2026
လန်းဆန်းဖို့လိုအပ်တဲ့ အခိုက်အတန့်တိုင်းမှာ Platinum Strong က အကောင်းဆုံး အဖော်မွန်ပဲလေ...☕💯
#လန်းဆန်းဖို့လိုအပ်တဲ့အခိုက်အတန့် #အကောင်းဆုံးအဖော်မွန်
12/06/2026
သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ပြိုင်ပွဲကြီးတစ်ခု ဖြစ်လာဖို့ ရှိနေတဲ့ 2026 FIFA World Cup (ကမ္ဘာ့ဖလားပြိုင်ပွဲ)ကြီးကို အားပေးဖို့အသင့်ပဲလား 📣📣📣
မြန်မာစံတော်ချိန်အနေနဲ့ ဇွန်လ ၁၂ရက်နေ့မှာ အဖွင့်ပွဲစဉ်ကို အိမ်ရှင်နိုင်ငံအဖြစ် အမေရိကန် ၊ မက္ကဆီကို ၊ ကနေဒါနိုင်ငံတို့က လက်ခံကျင်းပပေးသွားမှာဖြစ်ပါတယ်။
ယခင်ကမ္ဘာ့ဖလားပြိုင်ပွဲတွေနဲ့မတူဘဲ အသင်းအရေအတွက်ကို ယခင် ၃၂ နိုင်ငံမှ ၄၈ နိုင်ငံအထိ တိုးမြှင့်သွားတဲ့အတွက် ပွဲစဉ်အရေအတွက်ကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုအားပေးနိုင်မှာပဲဖြစ်ပါတယ်။
ဒါနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်တွေက ညဉ့်နက်ပိုင်းနဲ့ မနက်အစောပိုင်းတွေချည်းပဲဆိုတော့ အိပ်ငိုက်လို့ ဘယ်ဖြစ်မလဲ?
ကမ္ဘာ့ဖလားပွဲစဉ်တွေရဲ့ ရင်ခုန်သံ၊ ပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံတွေနဲ့အတူ အရသာအရှိဆုံး ပေါင်းစပ်မှုနဲ့ ပွဲစဉ်တိုင်းမှာ လန်းဆန်းနေစေဖို့ Platinum strong ရှိရင်ရပြီပေါ့
ပွဲကစားချိန်တစ်လျှောက်လုံး အားအပြည့်နဲ့ အားပေးနိုင်ဖို့ စိတ်ရောလူပါ Active ဖြစ်နေစေမယ့် Platinum Strong အရသာက သင့်ရဲ့ အကောင်းဆုံးအချိန်တွေကို ဖန်တီးပေးနိုင်မှာပါ
ကဲ... ဒီနှစ် ၂၀၂၆ FIFA World Cup မှာ ဘယ်အသင်းက ချန်ပီယံ ဖလားကြီးကို သိမ်းပိုက်သွားမလဲ? ကိုယ်အားပေးတဲ့အသင်းကို ကော်မန့်မှာ ချပြခဲ့ဦးနော်!
10/06/2026
ဒီနေ့ရဲ့ Mood က ဘာဖြစ်မလဲ?
ပြတင်းပေါက်အပြင်ဘက်မှာ မိုးစက်တွေ တဖွဲဖွဲကျနေတဲ့အချိန်... သင့်ရဲ့ စိတ်အခြေအနေက ဘယ်ဘက်ကို ပိုနီးစပ်နေမလဲ?
မိုးအေးအေးမှာ အနားယူချင်တဲ့အခါ... Platinum White Coffee ရဲ့ နူးညံ့တဲ့ ကော်ဖီအရသာက သင့်ကိုနွေးထွေးတဲ့ ကမ္ဘာလေးထဲ ခေါ်ဆောင်သွားပါလိမ့်မယ်။ဒါမှမဟုတ် မိုးအေးလို့ ထိုင်းမှိုင်းနေတဲ့ စိတ်ကို ခါထုတ်ပြီး တက်ကြွလန်းဆန်းချင်တယ်ဆိုရင်တော့ Platinum Strong Coffee ရဲ့ ပြင်းရှတဲ့ ကော်ဖီအရသာက သင့်ကို ခွန်အားအပြည့်နဲ့ ပြန်လည်နိုးထစေမှာပါ။ဘယ်လို ရာသီဥတုမျိုးမှာပဲဖြစ်ဖြစ် သင့်စိတ်နဲ့ ထပ်တူကျမယ့် အရသာက Platinum မှာ ရှိနေပါတယ်။
#ကော်ဖီချစ်သူများ
#မိုးရာသီ
ပြည့်စုံတဲ့ မနက်ခင်းကို platinum White Coffee နဲ့အတူဖြတ်သန်းလိုက်ပါ...
02/06/2026
မိုးအေးအေးမှာ... အဖော်မရှိဘူးလို့ ခံစားနေရလား?
ဇွန်လရဲ့ မိုးစက်တွေနဲ့အတူ
ချမ်းအေးနေတဲ့အခါ... သင့်ကို
အနွေးထွေးဆုံး ဖေးမပေးဖို့ Platinum White Coffee ရှိပါတယ်။☕🤍
ရနံ့သင်းသင်းလေးနဲ့ ဆိမ့်သက်နူးညံ့တဲ့ အရသာက ချမ်းအေးမှုတွေကိုကင်းဝေးစေပြီး ရင်ထဲအထိ နွေးထွေးသွားစေမှာပါ။ သူက ကော်ဖီတစ်ခွက်ထက်ပိုတဲ့... မိုးရာသီရဲ့ အကောင်းဆုံး အဖော်မွန်ပေါ့။
ကဲ... မိုးအေးအေးမှာ Platinum White Coffee တစ်ခွက်နဲ့ အပန်းဖြေလိုက်ရအောင်။
28/05/2026
အရသာမရှိတဲ့ ကော်ဖီတစ်ခွက်က သင့်ရဲ့ တစ်နေ့တာလုံးကို ပျက်စီးစေနိုင်တယ်ဆိုတာ သိပါသလား?❗
ကိုယ့်စိတ်ကြိုက်မဟုတ်တဲ့ အရသာကို အောင့်သက်သက် သောက်နေမယ့်အစား... Platinum မှာ သင့်လျှာနဲ့ အကိုက်ညီဆုံးကို ရွေးချယ်လိုက်ပါ။
🤍 ☕နူးညံ့တာကြိုက်ရင် Platinum White
❤ ☕ပြင်းတာကြိုက်ရင် Platinum Strong
🧡 ☕မြန်မာလက်ဖက်ရည်ကိုမှကြိုက်ရင် Platinum Teamix
ဒါကြောင့်လည်း အရသာတွေ မတူပေမယ့် Platinum ဆိုရင် အကုန်အဆင်ပြေတယ် ဆိုသူတွေကတော့ Platinum Coffee & Teamilk ကို အခုပဲ ရွေးချယ်ကြတာပေါ့။🤗
25/05/2026
စိတ်ဖိစီးမှုတွေ များနေတဲ့နေ့မှာ သင့်ကို ကုစားပေးမယ့် အရာတစ်ခုရှိပါတယ်။
ရှုပ်ထွေးလှတဲ့ လောကကြီးထဲမှာ ခဏတာ အနားယူဖို့ Platinum Teamix တစ်ခွက်ကို ဖျော်လိုက်ပါ။ သူ့ရဲ့ နို့လက်ဖက်ရည်ရနံ့သင်းသင်းလေးနဲ့ သူ့ရဲ့စွဲမက်ဖွယ်အရသာလေးက သင့်ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ကုစားပေးပြီး စိတ်ကျေနပ်မှုအပြည့်နဲ့ ပြုံးပျော်စေမှာပါ။
ဖိစီးမှုတွေရဲ့အလွန်မှာ ပျော်ရွှင်ခြင်းကို ရှာတွေ့ဖို့ platinum Teamix က တာဝန်ယူပါရစေ။
#စိတ်အပန်းဖြေ
Platinum White Coffee ရဲ့ နူးညံ့တဲ့အရသာကို ငြိမ့်ငြိမ့်လေးခံစားကြည့်ပါ။ 🤍☕
#နူးညံ့တဲ့အရသာ
16/05/2026
Platinum White Coffee အကြောင်း သိကောင်းစရာများ!!!
Platinum White Coffee ဟာ အရည်အသွေးမြင့် ကော်ဖီစေ့တွေကို အသုံးပြုထားတာကြောင့် နူးညံ့ပြီး ဆိမ့်သက်တဲ့ အရသာကို ပိုင်ဆိုင်ထားပါတယ်။ ကော်ဖီရဲ့ မူလအရသာကို မပျက်စေဘဲ smooth ဖြစ်တဲ့ ခံတွင်းတွေ့မှုကို ပေးစွမ်းနိုင်ဖို့ နို့နဲ့ Creamer တို့ကို အချိုးကျ ပေါင်းစပ်ဖန်တီးထားပါတယ်။
Platinum White Coffee ကို မနက်စာနဲ့အတူ၊ နေ့လယ်စာစားပြီး အနားယူချိန်၊ ညနေခင်း အပန်းဖြေချိန်တွေမှာ သောက်သုံးကြည့်ပါ။ စိတ်ကို ကြည်လင်လန်းဆန်းစေပြီး ပေါ့ပါးတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။
#နူးညံ့ဆိမ့်သက်တဲ့အရသာ
#မျှဝေခြင်း"
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 89 Mat Kha Yar Min Thar Gyi Maung Pyoe Street Industrial Zone(2)
Yangon
11401
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |