Kevin Car Rental
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kevin Car Rental, Car rental, BLDG No. 253#16, East Yankin, Yankin Township, Yangon.
02/11/2020
ဗိုလ်အောင်ဒင် ကိုဖမ်းမိကြောင်းကြွားဖို့
မမြဝင်းအိမ်ခေါ်သွား
ထားခဲ့တဲ့ ကိုကိုချစ်အမှားလား
ဓားပြဗိုလ်ကိုမှ
စန္ဒယားပြင်ခိုင်းမိတဲ့ မမြဝင်းအမှားလား
လက်ထိပ်ဖြုတ်ပေးပြီး
ဓားပြဗိုလ်ရဲ့ စန္ဒယားလက်သံမှာ
မျောပါခဲ့တဲ့
ပုလိပ်သားလေးအမှားလား
ဗိုလ်အောင်ဒင်ကား ပြန်ပြတိုင်း
ဒီဇာတ်ဝင်ခန်းမှာ
ပုလိပ်သားလေးက ပါးချိတ်ယားနေပြီ။.................
"ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးနေပြန်ပြီ "
----------–----------------–-------–--------
(တခါက ရေးတင်ဖူးတဲ့ 'နှစ်ချို့ကဗျာ')
ဒီမြေ တကြော
ပေါလိုက်ပါတဲ့ နတ်ရုပ်တွေ
နတ်ရုပ်မြင်သမျှ
ချီလိုက်ရတဲ့ လက်အုပ်တွေ
အဲသလို တုတ်မိုး ဓါးမိုး ရှိကြီးခိုးက
ကဗျာ ရေးပေးပါတဲ့ ၊
ကဗျာ ရွတ်ပြပါတဲ့
“ ဟင်း.... ဟင်း...... ”
ဗိုလ်အောင်ဒင် ရယ်သလိုသာ ရယ်လိုက်ချင်
ကျီးလန့်စာစား နာရီတကြည့်ကြည့်
မီးနီ အမြဲတမ်း မိနေသူဆီက
ဘယ်လို ကဗျာ ရမှာလဲ....
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေဆိုတာ
ဂေါက်ရိုက်သွားမယ့် အန်ကယ်ကြီးအတွက်
မီးပွိုင့် အမြဲတမ်း စိမ်းပါစေ၊
ကောက်စိုက်သွားမယ့် လယ်သူမလေးအတွက်
ခတ္တာပန်းလေး ပန်ပါရစေ.. ဆိုတာမျိုးလား....
တူနီးရှားမှာ
သစ်သီးသည်လေး သူ့ကိုယ်သူ
မီးရှို့စတေးလိုက်ပြီးတဲ့နောက်
တူနီရှားမှာ
အီဂျစ်မှာ
လစ်ဗျားမှာ
အာရပ်နွေဦးမှာ
“ ဟင် ”
ဒီမှာကျတော့ ဒီဂလိုဘယ်ကြီးက
လိုက်ပြီးတော့ ဇေးမရှင်းဘူးပေါ့လေ...
ဟောဒီမြေမှာ
နတ်ရုပ်မြင်သမျှ
ကြာငုံအသွင် ချီခဲ့ရတဲ့ လက်အုပ်ကြီးက
ဘယ်လိုကဗျာမျိုး ရေးလို့ ရမှာလဲ...
မရိုးသားဘဲ ဘယ်တုန်းက ကဗျာ ရဖူးလို့လဲ...
အခု ကြည့်...
တို့စိတ်ထဲတော့
ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးနေပြီ
ဗိုလ်အောင်ဒင်ကို စန္ဒယားပြင်ဖို့
လက်ထိပ်ဖြုတ်ပေးလိုက်တဲ့အခါ
ဂန္တမာတောင် သံဆန်းကို စမ်းရင်း စမ်းရင်း
မျောပါသွားတဲ့ ပုလိပ်သားလေးရဲ့ပါးချိပ်ကြားကို
အားကုန် ကြုံးထိုးလိုက်တာ
ပြီးတော့ မမြ၀င်းကို သုတ်ပြေးတာ
အဲဒီဓာတ်ရှင်ပြန်ပြတိုင်း
ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးတော့မယ်ဆိုရင်
ပုလိပ်သားလေးက ပါးချိပ်ယားနေတယ်
အခုလည်း
ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးနေပြန်ပြီ
စန္ဒယားတီးနေပြီ ။..... ။
#မင်းကိုနိုင်
သူကြီးသားမက်သူငယ်ချင်း( ကဗျာပေါင်းချုပ်စာအုပ်)မှ
10/11/2018
ရဲတပ္ဖြဲ႕က ခရီးသြားလုပ္ငန္းရွင္တဦးကို မွားဖမ္းၿပီး ႏွိပ္စက္ ခရီးသြားလုပ္ငန္းတခု၏ ဒါ႐ိုက္တာ ကိုေအာင္စိုးထိုက္ကို အလုံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕က တရားခံႏွင့္မွားၿပီး ဖမ္းဆီးက...
24/10/2018
■ ယာဥ္စစ္လုပ္ငန္းကိုOnline Booking ယူၿပီး လာေရာက္မေဆာင္ရြက္ပါက တစ္လအတြင္း ယာဥ္စစ္ျခင္း ထပ္မံျပဳလုပ္ေပးမည္မဟုတ္ ■
ရန္ကုန္ ေအာက္တိုဘာ ၂၃
ယာဥ္မွန္မမွန္စစ္ေဆးေပးျခင္းကို Online Booking စနစ္ျဖင့္ေဆာင္ရြက္ေပးခဲ့ၿပီး အခ်ိဳ႕ပိုင္ရွင္မ်ားမွာ Online Booking ရယူထားေသာ္လည္း အမွန္တကယ္ လာေရာက္ေဆာင္ရြက္ျခင္း မရွိသည့္အတြက္ အျခားယာဥ္မ်ားအတြက္ အခ်ိန္နစ္နာမွဳမ်ား ျဖစ္ေပၚေနသျဖင့္ Online Booking ရယူၿပီး အမွန္တကယ္ ယာဥ္စစ္ျခင္း လာေရာက္မေဆာင္ရြက္သည့္ ကားမ်ားကို တစ္လအတြင္း ထပ္မံယာဥ္စစ္ေဆးမွဳ ျပဳလုပ္ေပးမည္ မဟုတ္ဟု ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမွဳ ဦးစီးဌာနမွ သိရသည္။
"ယာဥ္စစ္ဖို႔က တစ္ေန႔ကို အစီးေရဘယ္ေလာက္ဆို သတ္မွတ္ထားတယ္။ အဲဒီမွာ အမွန္တကယ္ လာမစစ္ျဖစ္ရင္ တျခား တကယ္စစ္မယ့္ ကားေတြအတြက္ နစ္နာတယ္။ Online Booking လုပ္ေပးထားတာက အားလံုးကိုအဆင္ေျပေစခ်င္လို႔ေလ။ ဒါေၾကာင့္ စာရင္းတင္ထားျပီး လာမစစ္ရင္ တစ္လအတြင္ ထပ္စစ္မေပးဖို႔ သတ္မွတ္ထားပါတယ္"ဟု ကညန တာဝန္ရွိသူတစ္ဦးက ဆိုသည္။
ကညနမွ Online Booking စနစ္ျဖင့္ ယာဥ္စစ္ျခင္း ဆဆာင္ရြက္ေပးရာတြင္ အမွန္တကယ္ လာေရာက္ေဆာင္ရြက္သည့္ ယာဥ္အေရအတြက္မွာ (၆၀)ရာခိုင္ႏွဳန္းခန္႔သာ ရွိေနသည္ဟု သိရသည္။
ယာဥ္မွန္မမွန္ စစ္ေဆးျခင္းအတြက္ သက္ဆိုင္ရာ ကညနရံုးမ်ားတြင္သာ တရားဝင္ စစ္ေဆးခြင့္ ျပဳထားျပီး ေဖာက္စြပ္ႏွင့္ အလံုးခ်ိန္းထားသည့္ ကားအစီးေရ (၂၅၀)ေက်ာ္ကို စစ္ေဆး ေတြ႔ရွိထားၿပီး ျဖစ္သည္။
AF-287
(Unicode)
ယာဉ်စစ်လုပ်ငန်းကိုOnline Booking ယူပြီးလာရောက်မဆောင်ရွက်ပါက တစ်လအတွင်ယာဉ်စစ်ခြင်းထပ်မံပြုလုပ်ပေးမည်မဟုတ်
ရန်ကုန် အောက်တိုဘာ ၂၃
ယာဉ်မှန်မမှန်စစ်ဆေးပေးခြင်းကို Online Booking စနစ်ဖြင့်ဆောင်ရွက်ပေးခဲ့ပြီး အချို့ပိုင်ရှင်များမှာOnline Bookingရယူထားသော်လည်းအမှန်တကယ်လာရောက်ဆောင်ရွက်ခြင်းမရှိသည့်အတွက်အခြားယာဉ်များအတွက်အချိန်နစ်နာမှုများဖြစ်ပေါ်နေသဖြင့် Online Bookingရယူပြီးအမှန်တကယ်ယာဉ်စစ်ခြင်းလာရောက်မဆောင်ရွက်သည့်ကားများကိုတစ်လအတွင်း ထပ်မံယာဉ်စစ်ဆေးမှုပြုလုပ်ပေးမည်မဟုတ်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
"ယာဉ်စစ်ဖို့က တစ်နေ့ကိုအစီးရေဘယ်လောက်ဆိုသတ်မှတ်ထားတယ်အဲဒီမှာအမှန်တကယ်လာမစစ်ဖြစ်ရင်တခြားတကယ်စစ်မယ့်ကားတွေအတွက်နစ်နာတယ်။Online Booking လုပ်ပေးထားတာက အားလုံးကိုအဆင်ပြေစေချင်လို့လေ။ ဒါကြောင့်စာရင်းတင်ထားပြီးလာမစစ်ရင်တစ်လအတွင် ထပ်စစ်မပေးဖို့သတ်မှတ်ထားပါတယ်"ဟု ကညန တာဝန်ရှိသူတစ်ဦးကဆိုသည်။
ကညနမှOnline Bookingစနစ်ဖြင့် ယာဉ်စစ်ခြင်းဆောင်ရွက်ပေးရာတွင် အမှန်တကယ်လာရောက်ဆောင်ရွက်သည့်ယာဉ်အရေအတွက်မှာ (၆၀)ရာခိုင်နှုန်းခန့်သာရှိနေသည်ဟုသိရသည်။
ယာဉ်မှန်မမှန်စစ်ဆေးခြင်းအတွက် သက်ဆိုင်ရာကညနရုံးများတွင်သာတရားဝင်စစ်ဆေးခွင့်ပြုထားပြီး ဖောက်စွပ်နှင့်အလုံးချိန်းထားသည့်ကားအစီးရေ(၂၅၀)ကျော်ကို စစ်ဆေးတွေ့ရှိထားပြီးဖြစ်သည်။
AF-287
Popular News
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
BLDG No. 253#16, East Yankin, Yankin Township
Yangon