ACE square - Construction

ACE square - Construction

Share

Design & Construction

15/11/2024

🪔တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ 🪔

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ဤယနေ့တွင်ကျရောက်သော မြန်မာလူမျိုးတို့အထွတ်အမြတ်ထားရာ တန်ဆောင်မုန်းလပြည့်နေ့အခါသမယမှာ 🌕

🪔စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး
🪔စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ခြင်း
🪔 မှီဝဲရာဆေးတိုင်း ဆေးပေါင်းခပြီး ရောဂါဘယကင်းရှင်းခြင်း
🪔ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ခြင်းစတဲ့ ဆုမွန်ကောင်းများကို မတောင်းဘဲပြည့်၊မတလည်းရကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။ 🙏

16/04/2024

PAE ဆိုတာ ဘာလဲ ?

ကန်ထရိုက်တာတွေ ပြောပြောနေကြတဲ့ “PAE PAE “ ဆိုတာဘာလဲ။

PAE နှုန်းဆိုတာ Plinth Area အပေါ်မှာ မူတည်ပြီး ခန့်မှန်းခြေတွက်တဲ့ နှုန်းထား တစ်ခုဖြစ်ပါတယ်.

ဥပမာ ပြောရရင် -

၃၀x၃၀ပေ ပတ်လည် (၁) ထပ် အိမ်တစ်လုံးဆို Plinth Area ဟာ အလျား၃၀ပေ အနံ၃၀ ပေ မြှောက်ထားတဲ့ တန်ဖိုး ၉၀၀ စတုရန်းပေ ဟာ အဲ့ဒီအိမ်ရဲ့ စုစုပေါင်း Plinth Area ပါ.
(အဲ့ဒီမှာ (၂) ထပ်အိမ်ဆို ၂ နဲ့မြှောက်ပြီး (၃)ထပ်အိမ်ဆို ၃ နဲ့ ထပ်မြှောက်ရပါတယ် )

( Plinth Area Estimate )PAEနှုန်းဆိုတာကတော့ တစ်ပေပတ်လည် (၁) စတုရန်းပေပေါ်မှာ တွက်ထုတ်ထားတဲ့ ကုန်ကျစရိတ်ဖြစ်ပါတယ်. Estimate ရဲ့အဓိပ္ပာယ်အတိုင်း ခန့်မှန်းခြေကုန်ကျစရိတ်သာဖြစ်ပါတယ်…

ခန့်မှန်းခြေကုန်ကျစရိတ်တစ်ခု တွက်ထုတ်ဖို့အတွက်

(၁) ကိုယ်က ဘယ်လိုအိမ်မျိုးဆောက်မှာလဲ ?
(၂) ဘယ်လို ပစ္စည်းမျိုး သုံးမှာလဲ ?
(၃) အခန်းဖွဲ့ တွေ အများကြီးလိုချင်တာလား ?
(၄) Transportation ကရော ဘယ်လိုရှိလဲ ?
(၅ ) ဒေသပေါက်စျေးကရော ဘယ်လောက်ရှိလဲ ?
စသဖြင့် အများကြီး ပေါ်မူတည်ပြီး စျေးနှုန်းတွေ ကွာခြားသွားပါတယ်…

ဒါကို အိမ်ရှင်ကိုယ်တိုင် လက်သမားပန်းရံငှါးပြီးအိမ်ဆောက်တဲ့အခါမျိုးမှာ “ဟျောင့်ရေ ကျုပ်ကတော့ ၄၀၀ လောက်ပဲကုန်မယ်ထင်တာ စာရင်းချုပ်လိုက်တော့ ၆၀၀ နီးနီး ကုန်သွားတယ်ကွာ. ဘယ်တွေဝင်လဲ မသိဘူး “ စသဖြင့် အပေါ်က အကြောင်းအရာတွေကြောင့်နဲ့ ပဲ မှန်းထားတာထက် ပိုကုန်ကျသွားတယ် ဆိုပြီး ဖြစ်လာတာပါ. ဒါမျိုးက ခုခေတ် အခြေအနေမှာ ကန်ထရိုက်တွေလည်း ကြုံရပါတယ်.. ငွေကြေးဖောင်းပွလာခြင်းရဲ့ နောက်ဆက်တွဲများပါပေါ့…

ဆိုတော့ PAE rate ဆိုတာ ကိုယ်သုံးမယ် ပမာဏကို limit လုပ်လိုက်တဲ့သဘောပါပဲ…

အဲ့ဒီမှာ အားနည်းချက်တွေရှိပါတယ်.

PAE နှုန်းထားဆိုတာ ဒီဇိုင်းတစ်ခုပေါ်မှာ မူတည်ပြီး Detail Estimate ထုတ်ထားတဲ့ကုန်ကျစရိတ် တွက်ထုတ်ထားတဲ့ ခန့်မှန်းခြေ နှုန်းတစ်ခုသာဖြစ်ပါတယ်. ဒီဇိုင်းမတူတဲ့အခါ ဒီနှုန်းတွေဟာ ကုန်ကျစရိတ်ကွာဟမှုတွေ အများကြီးရှိနိုင်ပါတယ်.
ရှင်းအောင်ပြောရရင်- စတုရန်းပုံစံရှိ အိမ်ချင်းတူရင်တောင်မှ အခန်းဖွဲ့နှင့် Wall Height တွေ စသဖြင့် တူညီမှသာ PAE နှုန်းထားကို တူညီတယ်ယူဆလို့ရမှာ ဖြစ်ပါတယ်.
အတိုချုပ် ဒီဇိုင်းတူမှ နှုန်းထားတူယူတွက်လို့ရပါမယ်.

ပြီးတော့ ငွေကြေးဖောင်းပွမှုပါ …
ဒါကတော့ ခုခေတ်အခြေအနေမှာ သက်ရောက်မှုအရှိဆုံးပါ. ကုန်စျေးနှုန်းတွေက အချိန်နဲ့အမျှပြောင်းလဲနေချိန်မှာ ဒီနေ့ ဒီစျေးနဲ့ PAE နှုန်းကို သတ်မှတ်ထားပေမဲ့ နောက်နေ့ စျေးခုန်တက်သွားရင် စာချုပ်ချုပ်ပြီးလုပ်ငန်းလက်ခံတဲ့ ကန်ထရိုက်တွေဆိုသည်မှာ အရှုံးခံဆောက်ရတော့တာပါပဲ…

အားသာချက်ကတော့ ခေါင်းမရှုပ်တော့ဘူးပဲ ပြောရမှာပေါ့ ..

အိမ်တစ်လုံးဆောက်ရင် ပေစား ကျင်းစား နဲ့ အုတ်စီ မလား အချောကိုင်မလား ဆေးသုတ်မှာလား ပတ်တီးရိုက်မှာလား စသဖြင့် အလုပ်သမား တစ်ဖွဲ့စီရဲ့ နှုန်းထားတွေ စသဖြင့် အိမ်တစ်လုံးဆောက်တဲ့အခါ ကုန်ကျစရိတ်ကို ကြိုခန့်မှန်းဖို့မလွယ်ပါဘူး. PAE နှုန်းနဲ့ကျ ဒါတွေ ခေါင်းထဲ ထည့်စရာ မလိုတော့ဘူး.
နောက်တစ်ခု ကုန်စျေးနှုန်း အတက်အကျတွေ စိတ်ပူစရာ မလိုတော့ပဲ လုပ်ငန်းတိုးတက်မှုနဲ့ စာချုပ်ပါ ကွာလတီ ဖြစ်မဖြစ်ဖို့နဲ့ကိုပဲ အိမ်ရှင်က အာရုံစိုက်စရာလိုတော့မယ်…

ပြီးတော့ တွက်ချက်ရလွယ်ပြီး PAE Rate နဲ့ စကားပြောတဲ့အခါ လူတိုင်းသဘောပေါက်လွယ်တဲ့အတွက် အိမ်ရှင် နဲ့ ကန်ထရိုက်၊ ကန်ထရိုက်နဲ့ လေဘာကန်ထရိုက်ကြားမှာပါ အဆင်ပြေတဲ့ အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်. ဒါတွေက အားသာချက်တွေပဲဖြစ်ပါတယ်..

ခုခေတ်မှာတော့ အိမ်ဆောက်မယ်ဆို အင်ဂျင်နီယာ နဲ့ ပညာရှင်တွေ အပါ ဖွဲ့စည်းထားတဲ့ ကန်ထရိုက်တာတွေကို အိမ်ရှင်အနေနဲ့ လိုချင်တဲ့အိမ်ပုံစံနဲ့ဒီဇိုင်းပြပြီး လိုချင်တဲ့အခန်းဖွဲ့ စသဖြင့် ပြောပြရုံနဲ့တင် အိမ်တစ်လုံးရဲ့ ကုန်ကျစရိတ်အပြီးအစီး PAE နှုန်းတစ်ခုကို အနီးစပ်ဆုံး တွက်ချက်လာနိုင်ပြီဖြစ်ပါတယ်…

အိမ်တစ်လုံးဖြစ်ဖို့ မလွယ်တဲ့အတွက် PAE နှုန်းထားကို မကြည့်ပဲ စိတ်ချရတဲ့ ကန်ထရိုက်တွေကို ရွေးချယ်ဖို့ အကြံပေးပါရစေ…

လူတိုင်း ခိုင်ခံပြီး လှပတဲ့ အိမ်လေး ပိုင်ဆိုင်နိုင်ပါစေ 🏡

Ace Construction

Photos from ACE square - Construction's post 14/04/2024

၁.၁ ။ အဆောက်အဦများတွင် အက်ကွဲကြောင်းများသည် အနည်းနှင့်အများဆိုသလို ဖြစ်ပေါ်လေ့ရှိသည်။ ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာတစ်ရပ်ဖြစ်သည်။ အဆောက်အအုံ အစိတ်အပိုင်းတခုသည် ၎င်းတောင့်ခံနိုင်သော ပမာဏထက် ကျော်လွန်သည့် သက်ရောက်အားများကို ခံစားရသည့်အခါတိုင်း အက်ကြောင်းများ ပေါ်ပေါက်လာတတ်သည်။ အဆောက်အဦ၏ ကိုယ်ထည် အလေးဝန်၊ နံရံ အစရှိသည့် မရွေ့လျားနိုင်သော ဝန်သေများ (dead loads) ၊ ပရိဘောဂနှင့် လူအစရှိသည့် ရွေ့လျားနိုင်သော ဝန်ရှင်များ (live loads) ၊ လေပြင်းအားနှင့် မြေငလျင်ကဲ့သို့သော ဘေးတိုက်တွန်းသည့်သဖွယ် သက်ရောက်သော အားများ (wind or seismic loads) ... ... ... အစရှိသည့် ပြင်ပ အင်အားများ (externally applied loads) ကြောင့် အဆောက်အအုံ အစိတ်အပိုင်းများတွင် ဒဏ်အား (stresses) များ ခံစားရလာစေသည်။ တဖန် မြေဝင်ဖောင်ဒေးရှင်း ကျွံကျမှု (foundation settlement) သို့မဟုတ် အဆောက်အဦအစိတ်အပိုင်းအဖြစ် တည်ရှိနေပြီဖြစ်သော ဝတ္ထုပစ္စည်းများ၏ အပူချိန်ကြောင့် ကျုံ့မှု-ဆန့်မှု (thermal movements) များ၊ အစိုဓါတ် ကိန်းအောင်းမှု - အစိုဓါတ်ထိတွေ့မှုတို့ကြောင့် ပွခြင်း-ကျစ်လျစ်ခြင်း (moisture changes) နှင့် ဓါတုဓါတ်ပြုမှုကြောင့် ဖောက်ပြန်ခြင်း ( chemical actions) ... ... ... အစရှိသည့် အခြေအနေများကြောင့် အဆောက်အအုံ အစိတ်အပိုင်းတို့၏ ကိုယ်ထည်အတွင်းပိုင်း၌ ရုပ်ဂုဏ်သတ္တိပြောင်းလဲမှုများ ဖြစ်ပွားကာ၊ ထိုမှတဆင့်လည်း ဒဏ်အား (stress) များ ခံစားရတတ်ပြန်သည်။

၁.၂ ။ အက်ကွဲကြောင်းများကို ယေဘုယျအားဖြင့် အမျိုးအစား (၂) ရပ် ခွဲခြားနိုင်သည်။ အဆောက်အအုံ၏ ရေရှည်ကြံ့ခိုင်တောင့်တင်းမှုကို ဥပဒ်ဖြစ်စေတတ်သော အက်ကွဲရာ အမျိုးအစား ( structural crack) နှင့် အကျည်းတန်ရုံသာ ဖြစ်ပြီး အဆောက်အဦ၏ ကြံ့ခိုင်မှုအပေါ် အကျိုးသက်ရောက်မှု မဖြစ်စေတတ်သော အက်ကွဲရာ အမျိုးအစား (non-structural crack) ဟူ၍ ဖြစ်သည်။

အဆောက်အအုံခိုင်ခံ့မှု ဒီဇိုင်းတွက်ချက် ပုံထုတ်စဥ်ကတည်းက အယူအဆနှင့် တွက်ချက်မှု မှားယွင်းခြင်း (incorrect design) ကြောင့်သော်လည်းကောင်း၊ တည်ဆောက်ရေးလုပ်ငန်းအဆင့်များတွင် ချို့ယွင်းချက်များ ရှိခဲ့ခြင်း (faulty construction) ကြောင့် သော်လည်းကောင်း၊ (သို့မဟုတ်) မျှော်မှန်းထားသည်ထက် ကျော်လွန်သည့် အလေးဝန်များကို အဆမတန် တင်ခဲ့ခြင်း (overloading) ကြောင့်သော်လည်းကောင်း အဆောက်အဦတွင် structural cracks များဖြစ်ပွားတတ်သည်။ ထို cracks အမျိုးအစားများသည် အဆာက်အအုံ၏ ရေရှည်တည်တံ့ခိုင်မြဲမှု၊ အဆောက်အဦတွင် နေထိုင်သူများ၏ စိတ်ချမ်းမြေ့စွာ ခိုလှုံနေထိုင်နိုင်မှု (safety of a building) တို့ အပေါ်တွင် ဆိုးကျိုးဒုက္ခများ ပေးတတ်သည်။ သံကူကွန်ကရိ ယက်မ (RCC beam) တခုတွင် cracks များ တဖြည်းဖြည်း တိုးပွား-ကျယ်ဟ လာခြင်း (extensive cracking) သည် structural cracking ၏ ဥပမာ တရပ်ဖြစ်သည်။

Non-structural cracks များ ဖြစ်ပွားရခြင်း၏ အများဆုံးအချက်မှာ ဆောက်လုပ်ရေးအခြေခံပစ္စည်းများ (building materials) တွင် အတွင်းပိုင်း (ရုပ်သဘော-ဓါတ်သဘော ဖောက်ပြန်ခြင်း) မှတဆင့် အတွင်းဒဏ်အားများ (internally induced stresses) ပေါ်ပေါက်လာြခင်းကြောင့် ဖြစ်သည်။ ယေဘုယျအားဖြင့် ၎င်းတို့သည် အဆောက်အအုံ၏ တည်တံ့ခိုင်မြဲမှုကို ဘေးဥပဒ်ပေးခြင်းမရှိ။ သို့ရာတွင် တခါတရံ၌ non-structural cracks များအတွင်းသို့ အစိုဓါတ်-ရေဓါတ်များ စိမ့်ဝင်သွားသောအခါတွင်လည်းကောင်း၊ လေဒဏ်-မိုးဒဏ်-ရေတိုက်စားမှုဒဏ် ကဲ့သို့သော ရာသီဥတု တိုက်စားမှုုဒဏ်တို့သည် non-structural crack မှတဆင့် အဆောက်အအုံ၏ ဝန်ထမ်းဆောင်နေသော ထုတ်၊ ယက်မ၊ တိုင်၊ စလပ်ပြား (beams, columns, slabs) တို့၏ အတွင်းသားအထိ စိမ့်ဝင်သောအခါတွင် လည်းကောင်း သံကူကွန်ကရိတို့၏ အားကူသံချောင်းများ သံချေးပွတက်ကာ structure ပိုင်းဆိုင်ရာ ယိုယွင်းမှုများ ဖြစ်ပွားကောင်း ဖြစ်ပွားတတ်သည်။ ရှည်လျားသော နံရံ ( a long compound wall) တွင် ဒေါင်လိုက် အက်ရာများ (vertical cracks) ဖြစ်ပွားတတ်ခြင်းသည် အပူချိန်ကြောင့် ကျုံ့ခြင်း-ဆန့်ခြင်း ( shrinkage or thermal movement) ဖြစ်ရပ်ကြောင့် ဖြစ်သည်။ ၎င်းသည် non-structural cracking ၏ ဥပမာ တရပ်လည်းဖြစ်သည်။

Non-structural cracks များသည် အဆောက်အဦ၏ တည်တံ့ခိုင်မြဲမှုကို အန္တရာယ်မပေး တတ်သော်လည်း ၎င်းအက်ရာများ ပေါ်ပေါက်ခြင်းကြောင့် အဆောက်အဦ၏ အလှရသကို အကျည်းတန်စေသည်။ ဥပဓိရုပ်ကို ဖျက်တတ်သည်။ တာဝန်ယူ ဆောက်လုပ်သူ၏ ပုံရိပ်ကို ကျဆင်းစေသည်။ non-structural cracks များ ဖြစ်ပေါ်နေပါက ထိုအဆောက်အဦတွင် နေထိုင်သူ ကိုယ်တိုင် (သို့မဟုတ်) ကြည့်ရှုမိသူများသည် အဆောက်အဦနှင့် ပတ်သက်ပြီး တောင့်တင်းခိုင်မာမှု မရှိသော/ တိုက်သား မကောင်းသော အဆောက်အဦ ဖြစ်ပေလိမ့်မည် ဟူသည့် ထင်ကြေး-ကောက်ချက်ချမှု-ခံစားရမှု (a feeling of instability) ဖြစ်သွားတတ်သည်။ တခါတလေတွင် ၎င်း cracks များမှတဆင့် အစိုဓါတ်၊ ရေဓါတ်၊ ဓါတုဓါတ်များ စိမ့်ဝင်ကာ အဆောက်အဦအတွင်းရှိ ဆေးသုတ်ထားသော ဆေးသားများ ကွက်ခြင်း၊ နံရံကပ် အလှဆင်ပစ္စည်းများ ယိုယွင်းခြင်း/ ဆွေးမြေ့ခြင်း၊ ကြမ်းခင်းပါကေးများ ကြွတက် ပျက်စီးခြင်း အစရှိသဖြင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားကာ ပြင်ဆင်ပြုပြင်ရန် အပိုငွေကုန်တတ်သည်များ ဖြစ်တတ်ပြန်သည်။ သို့ဖြစ်၍ အဆိုပါ ပြဿနာများ မဖြစ်စေရန် (သို့မဟုတ်) ကာကွယ်ရန် cracks များ နည်းနိုင်သမျှ နည်းအောင် စီမံ ဆောက်လုပ်သင့်သည်။

======================================
Handbook on Causes and Prevention of Cracks in Buildings_Bureau of Indian Standards စာအုပ် ကို တိုက်ရိုက်ဘာသာပြန်ဆိုသည်။

Photo - Internet
======================================

ဆက်ပါဦးမည်။

======================
လွတ်လပ်စွာ ရှယ်နိုင်ပါသည်။

Crd - Kyaw Zaw Hein

13/04/2024

"မြန်မာ့ရိုးရာ အိမ်ဆောက်လ နှင့် အိမ်ဆောက်ရက်၊ ကြိုးကိုင်ပန္နက်ချနေ့သား ရွေးနည်း"

▪▪▪▪▪▪▪▪▪▪▪▪▪

"အိမ်ဆောက် လ ရွေးနည်း"
*************************
"လင်္ကာ"
~~~~~
လတန်ခူးမှာ၊အိမ်ဆောက်ခါ၊ချမ်းသာပြည့်ကြွယ်ဝ။
လကဆုန်ကား၊ဆန်စပါး၊ပေါများကြွယ်တက်လှ။
ဝါခေါင်လမှာ၊အိမ်ဆောက်ခါ၊ဥစ္စာတိုးပွားရ။
နတ်တော်လတွင်၊အိမ်ဆောက်လျှင်၊ပေါ်ထင်ကျော်စောစွ။
ပြာသိုလမှာ၊လူတကာ၊များစွာချီးမွမ်းရ။
တပေါင်းလဝယ်၊ချမ်းသာကြွယ်၊ဆောင်ဖွယ်ဤခြောက်လ။ လို့ဆိုပါတယ်။

တန်ခူး လ မှာအိမ်ဆောက်လျှင်ချမ်းသာကြွယ်ဝမည်။

ကဆုန် လ မှာအိမ်ဆောက်လျှင်ဆန်ရေစပါးပေါကြွယ်ဝမည်။

ဝါခေါင် လ မှာအိမ်ဆောက်လျှင်ပစ္စည်းဥစ္စာပေါကြွယ်ဝမည်။

နတ်တော် လ မှာအိမ်ဆောက်လျှင်ပေါ်လွင်ထင်ရှားကျော်ကြားမည်။

ပြာသို လ မှာအိမ်ဆောက်လျှင်လူအများ၏ချီးမွမ်းခြင်းခံရမည်။

တပေါင်း လ မှာအိမ်ဆောက်လျှင်ကြွယ်ဝချမ်းသာမည်။

တချို့ကျမ်းတွေမှာ"ကဆုန်၊ဝါဆို၊ပြာသို၊တပေါင်း၊လေးလကောင်း၊အိမ်ကျောင်းဆောက်ကုန်ကြ၊ကြွင်းရှစ်လတွင်၊ဆောက်ခဲ့လျှင်၊မရွှင်စိတ်သောက"။လို့ဆိုပါတယ်။
~~
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"အိမ်ဆောက် ရက် ရွေးနည်း"
***************************

တနင်္ဂနွေ နေ့မှာအိမ်ဆောက်လျှင် ဆင်းရဲဒုက္ခကြုံရတက်သည်၊စိတ်သောကရောက်တက်သည်။

တနင်္လာ နေ့မှာအိမ်ဆောက်လျှင် ( ၂ )လကျော်ရင်ချမ်းသာသုခရရှိမည်။

အင်္ဂါ နေ့မှာအိမ်ဆောက်လျှင်ပျက်စီးတက်သည်။

ဗုဒ္ဓဟူး နေ့မှာအိမ်ဆောက်လျှင်ရတနာတိုးပွားမည်။

ကြာသပတေး နေ့မှာအိမ်ဆောက်လျှင်အနာရောဂါကင်းပြီးစီးပွားရေးတိုးတက်မည်။

သောကြာ နေ့မှာအိမ်ဆောက်လျှင်ချမ်းသာသုခပြည့်စုံမည်။

စနေ နေ့မှာအိမ်ဆောက်လျှင်အနာရောဂါများ၍စီးပွားရေးအဆင်မပြေဖြစ်တက်သည်။

ရက်၏စင်ကြယ်မှုကိုအိမ်ဆောက်မည့် လ တွင် သေချာရွေးချယ်ရန်လိုပေမည်။
~
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"ကြိုးကိုင်ပန္နက်ချနေ့သားရွေးနည်း"
**********************************
တနင်္ဂနွေသားသမီးတို့အိမ်ဆောက်မည်ဆိုပါက ကြာသပတေးသားနှင့်သောကြာသားကို ကြိုးကိုင်စေပါ၊စနေသားကိုပန္နက်နှက်စေပါ။

တနင်္လာသားသမီးတို့အိမ်ဆောက်မည်ဆိုပါက သောကြာသားနှင့်စနေသားကို ကြိုးကိုင်စေပါ၊တနင်္ဂနွေသားကိုပန္နက်နှက်စေပါ။

အင်္ဂါသားသမီးတို့အိမ်ဆောက်မည်ဆိုပါက စနေသားနှင့်တနင်္ဂနွေသားကို ကြိုးကိုင်စေပါ၊တနင်္လာသားကိုပန္နက်နှက်စေပါ။

ဗုဒ္ဓဟူးသားသမီးတို့အိမ်ဆောက်မည်ဆိုပါက တနင်္ဂနွေသားနှင့်တနင်္လာသားကို ကြိုးကိုင်စေပါ၊အင်္ဂါသားကိုပန္နက်နှက်စေပါ။

ကြာသပတေးသားသမီးတို့အိမ်ဆောက်မည်ဆိုပါက တနင်္လာသားနှင့်အင်္ဂါသားကို ကြိုးကိုင်စေပါ၊ဗုဒ္ဓဟူးသားကိုပန္နက်နှက်စေပါ။

သောကြာသားသမီးတို့အိမ်ဆောက်မည်ဆိုပါက အင်္ဂါသားနှင့်ဗုဒ္ဓဟူးသားကို ကြိုးကိုင်စေပါ၊ကြာသပတေးသားကိုပန္နက်နှက်စေပါ။

စနေသားသမီးတို့အိမ်ဆောက်မည်ဆိုပါက ဗုဒ္ဓဟူးသားနှင့်ကြာသပတေးသားကို ကြိုးကိုင်စေပါ၊သောကြာသားကိုပန္နက်နှက်စေပါ။

အထက်ပါနေ့သားသမီးအလိုက် ကြိုးကိုင်ပန္နက် နှက်ပါက စည်းစိမ်ချမ်းသာရခြင်း၊အနာရောဂါကင်းခြင်း၊အသက်ရှည်ခြင်း၊မျက်နှာပွင့်လန်းခြင်းစသည့်ကောင်းကျိုးချမ်းသာများရရှိပါမည်။
~~

မိမိတို့အိုးအိမ်တိုက်တာများဆောက်လုပ်ရာတွင် လ နှင့်ရက်များ သေချာစီစစ်ရွေးချယ်၍ဆောက်လုပ်နေထိုင်ခြင်းဖြင့် စီးပွားဥစ္စာများဖြစ်ထွန်းပြီး အနာရောဂါကင်း၍သက်ရှည်ကျမ်းမာစွာမိသားစုများအေးချမ်းစွာနေထိုင်ရမည်ဖြစ်ပေသည်။

Credit: ဆရာအောင်စေဗေဒင်သုတေသီ

Photos from ACE square - Construction's post 28/02/2024

ခြံဝန်းကျယ်ကျယ်လေးနဲ့ တစ်ထပ်အိမ်ပုံစံ လှလှလေးတွေ …

from Pinterest

Photos from ACE square - Construction's post 26/02/2024

ပေ 40x60 မှာဆောက်လို့ရမယ့် Modern Design နှစ်ထပ်အိမ်လှလှလေးများ 🏠🏘️

Crd _ Pinterest photos

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00