ZOOX
IT - Laptop, Computer software and Hardware, Webcams, IT accessories, WIFI Routers, Networking, Elec
ထက်ထက်ထွန်းကို ကြည့်မရတဲ့ ဖာစီ
#ဖာစီ #ထက်ထက်ထွန်း
မိတ်ကပ် တစ်လောကလုံးကို ဒဲ့ဆော်ချလိုက်တဲ့ "မထက်" 😳😳😳😳😲😲
17/10/2020
အသစ်ထွက်ရှိလာတယ့် Oneplus 8t က
Design ပိုင်းအနေနဲ့ကော Features တွေ အနေနဲ့ကော oneplus user တွေအတွက် သိပ်ပြီး စိတ်ကျေနပ်စရာ မရှိဘူးဆိုရင် ...
Rumour ဆန်တဲ့ အသစ်ထပ်ထွက်လာမယ့်
Oneplus Nord N10 5G နဲ့ N100 ကကော အထွေအထူး ဘာမျှော်လင့်စရာရှိမလဲ?
Oneplus Nord တုန်းကလိုမျိုး Hype ဖြစ်နိုင်ဦးမလား?
ဒီနိုင်ငံရဲ့ Oxygen OS User ဆိုသူတွေအတွက်
တကယ်ကို Budget 5G Smart Phone တစ်ခုလို့ အမည်ခံထိုက်ဦးမလား?
15/10/2020
အသစ်ထွက်ရှိလာတဲ့ iPhone 12 models တွေရဲ့
Hype ဖြစ်ရခြင်း ထူးခြားချက်များ
-------------------------------------------------------------------------------
Apple ဟာ သူ့ရဲ့ အသစ်ထွက်ရှိလာမယ့်
iPhone 12, iPhone 12 mini, iPhone 12 pro နဲ့ iPhone 12 pro max တွေအတွက် မိတ်ဆက်ပွဲထွက်ရှိလာခဲ့ပြီးဖြစ်ပါတယ်
အသစ်ထွက်ရှိလာတဲ့ iPhone 12 models တွေမှာ ဘာတွေ ထူးခြားသွားလဲ?
Support for 5G networks
အကြီးမားဆုံး update coming အနေနဲ့
the next-generation wireless standard ဖြစ်တဲ့ 5G ကို iPhone 12 models တွေမှာ အသုံးပြုလို့ ရနိုင်မှာပါ။
New size options and a refreshed design
Apple ဟာ iPhone XS နဲ့ iPhone 11 မှာ Design ပိုင်း ထူးထူးခြားခြားပြောင်းလဲခြင်းမရှိခဲ့ပေမယ့် iPhone 12 series တွေမှာတော့ ယခင် iPhone 5 model တွေမှာလို flat-edge design နဲ့ မြင်တွေ့ရမှာပါ။
အရွယ်အစားအနေနဲ့လည်း iPhone 12 mini ဟာ edge-to-edge display 5.4-inch နဲ့ ကမ္ဘာ့ အသေးဆုံး အပါးလွှာဆုံး အပေါ့ဆုံး 5G Smart Phone အနေနဲ့ ထွက်ရှိလာမှာပါ။ ကျန်တဲ့ iPhone 12 models တွေအနေနဲ့ကတော့ iPhone 12 6.1-inch, iPhone 12 pro 6.1-inch နဲ့ iPhone 12 pro max ကတော့ 6.7-inch edge-to-edge display နဲ့ ထွက်ခဲ့ဖူးသမျှ iPhone တွေထဲမှာမှ အကြီးဆုံး အကျယ်ဆုံး screen display နဲ့ ထွက်ရှိလာဦးမှာပါ။ 12 models အားလုံးကိုတော့ Super Retina XDR Display အသုံးပြုထားမှာဖြစ်ပြီး Dolby Vision ပါ ရဦးမှာပါ။
Protected by Ceramic Shield front cover
iPhone 12 models အားလုံးမှာ
ဖုန်းမျက်နှာပြင်ထိခိုက်မှု သက်သာစေဖို့ Ceramic Shield နည်းပညာအသစ် ပါရှိမှာဖြစ်ပြီး အကြိမ်အရေအတွက်အနေနဲ့ ၄ ကြိမ်ထိ ပြုတ်ကျခြင်းကို ခံနိုင်ရည်ရှိစေမယ်လို့ Apple က ဆိုထားပါတယ်။
Innovative New Accessories with MagSafe
Magsafe ဟာ wireless charging ပြုလုပ်မှုကို အဆင်ပြေစေမှာဖြစ်ပြီးတော့ ဖုန်းအတွင်း wireless charging coil ပတ်လည်မှာ magnet ပါရှိမှာ ဖြစ်တဲ့အတွက် အခြား wireless charger တွေလိုမဟုတ်ပဲ အားသွင်းချိိန်မှာ လွယ်ကူစွာအားသွင်းနိုင်မှာပါ ဖြစ်ပါတယ်။ Magsafe Charger အပြင် Magsafe နဲ့တွဲ အသုံးပြုနိုင်တဲ့ Leather Wallet, Silicone Case နဲ့ Clear Case တွေကိုတော့ Apple Shop Accessories ကနေ ဝယ်ယူရရှိနိုင်မှာပါ။
Night mode that now works on the ultra wide-angle camera and selfie camera
Ultra-wide angle camera နဲ့ front-facing camera မှာ Night Mode ပါလာမှာဖြစ်ပြီးတော့ broader field-of-view ကိုလည်း standard lens တွေထက်ပို ရိုက်ယူနိုင်ဦးမှာပါ
LiDAR sensor
LiDar sensor ဟာ Augmented Reality (AR) applications တွေကို ဘယ်လောက် အကူအညီဖြစ်စေတယ်ဆိုတာ အရင်နှစ်တွေက iPad Pro မိတ်ဆက်ချိန်မှာ Apple က ပြောပြခဲ့ပြီးဖြစ်ပါတယ်။ iPhone 12 pro နဲ့ iPhone 12 pro max မှာ ဆိုရင်လည်း ဒီ sensor က နေ့စဥ် ကျွန်တော်တို့ ရိုက်ယူနေတဲ့ ဓာတ်ပုံတွေကို ဘယ်လောက် ပိုကောင်းမယ်ဆိုတာ သိနိုင်မယ်လို့ Apple က စကားဆွယ်ထားပါသေးတယ်။ ဒါ့အပြင် Social Media Apps တွေမှာ အခြားသော Mobile Phone တွေထက် အကောင်းဆုံး camera စွမ်းဆောင်ရည် ပေးနိုင်မယ်လို့လည်း မျှော်လင့်ရပါတယ်။
No power adapter or headphones in the box
iPhone 12 Models တွေမှာ Box အတွင်း
အရင်လို နားကြပ်နဲ့ အားသွင်းခေါင်းတွေပါရှိတော့မှာမဟုတ်ပဲ Phone နဲ့ အားသွင်းကြိုးသာ ပါရှိမှာဖြစ်ပါတယ်။ Box အထူကလည်း နဂိုထပ်ပိုပါးသွားမှာပဲဖြစ်ပါတယ်။
A14 Bionic processor
A14 Bionic chip ကတော့ fourth generation iPad Air မှာကတည်းက ပါရှိခဲ့ပြီးဖြစ်ပြီး ထွေထွေထူးထူးပြောစရာမလိုအောင် ဘယ်လောက်ကောင်းမွန်တယ်ဆိုတာ သိပြီးသားဖြစ်ပါလိမ့်မယ်။ 16-core Neural Engine နဲ့ 50% faster CPU than any other smart phone chip လို့တောင် Apple က ဆိုထားပါသေးတယ်။
ကဲ
ဒီလောက်ဆို
အသစ်ထွက်ရှိလာမယ့် iPhone 12 models
တွေနဲ့ အနည်းငယ် ရင်းနှီးမှု ရရှိလိမ့်မယ်လို့မျှော်လင့်ရပါတယ်
120 Hz Display နဲ့ လာလိမ့်မယ်လို့ rumour တွေထွက်ခဲ့ပေမယ့်
အခြား ဆွဲဆောင်မှုရှိတဲ့ spec တွေနဲ့တင်
Apple ရဲ့ iPhone 12 ဟာ နှစ်တစ်နှစ်ရဲ့ အကောင်းဆုံး phone ဖြစ်လာမယ်လို့ ထင်မြင်သုံးသပ်ရင်း ....
11/10/2020
Window Laptop တွေထဲမှာမှ Business ပိုင်းအသုံးပြုဖို့ ပေးရတဲ့စျေးနဲ့တန်စေမယ့် Lenovo Thinkbook 14IML
--------------------------------------------------------------------------------
Work from home ဆိုသူတွေ အတွက်
စျေနှုန်းသင့်တင့်ပြီး သပ်ရပ်တဲ့ Design၊
သင့်တင့်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ အိမ်မှာနေပြီး အလုပ်တွေ အဆင်ပြေ အချိန်မှီ ပြီးမြောက်ချင်တယ်ဆိုရင်တော့ Lenovo Thinkbook 14IML လေး
လိုအပ်မယ်ထင်ပါတယ်
ဘာကြောင့် ရွေးချယ်သင့်လဲ?
Design ပိုင်းအနေနဲ့
Aluminum ကိုယ်ထည်၊ Mineral Grey Colorနဲ့ တကယ်ကို ရိုးရှင်းပြီး Premium ဆန်စေတာမျိုး
Power Button ပါမှာတဲ့ Finger Scanner ရဲ့ အထိအတွေ့ကလည်း တကယ့်အရသာတစ်မျိုးနဲ့ Security ပိုင်း စိတ်ချရမှာဖြစ်ပြီး မိမိ Log In လုပ်တဲ့အခါတိုင်း လွယ်ကူ မြန်ဆန်စေမယ်
USB Port အနေနဲ့ USB 3.1 Gen 1 ကလည်း always-on feature ပါတဲ့အတွက် Laptop ကို ပိတ်ထားမယ်ဆိုရင်တောင် Mobile Phone အားသွင်းလို့ရမှာဖြစ်ပြီး အခြား USB 3.1 Gen 1 Type C Port နှစ်ခုလည်း ပါရှိဦးမယ်
Wireless Mouse အသုံးပြုတဲ့သူအတွက်
အကြိုက်တွေ့စေမှာက Hidden Usb 2.0 လေးပါရှိပြီး Wireless Mouse Dongle ကို မျက်စိနောက်သက်သာစေဦးမှာပါ
Keyboard အနေနဲ့ကလည်း လက်တင်ထားတာနဲ့ကို သက်တောင့်သက်သာရှိစေတဲ့ အနေအထားနဲ့
Backlit (Have Two Levels Of Brightness) ဆိုတော့ ညဘက် သုံးချင်တဲ့သူတွေ၊ Keyboard လေး လင်းနေမှ ကြိုက်သူတွေ အဆင်ပြေစေမှာဖြစ်ပြီး
14" FHD IPS Display နဲ့ဆိုတော့ မျက်လုံးအရမ်းထိခိုက်မှာလည်း စိုးရိမ်စရာမရှိတော့ဘူး
RAM 8 GB နဲ့ Storage 256 SSD ဆိုတော့
Office App တွေကို Loading ဖြစ်စေမှာမဟုတ်ပဲ Less Intensive Gaming အတွက်လည်း အဆင်ပြေစေဦးမှာပါ
Modern Standby Feature
လည်းပါတယ်ဆိုတော့ Boot Up Time ကို မြန်ဆန်စေမှာဖြစ်ပြီး Standby Mode မှာတောင် သီချင်းနားထောင်လို့ရနေဦးမယ်
စျေးနှုန်းကလည်း
Processor - Intel Core i5
Graphic - AMD Radeon 625 2GB
Memory - 8GB
Stroage - 512GB SSD ကို 789$ နဲ့
Processor - Intel Core i3
Graphic - Integrated
Memory - 8GB
Stroage - 256GB SSD ကို 499$ ဆိုတော့
မဆိုးဘူးပဲ ပြောရမှာပါ
ကဲ ဒီလောက်ဆို
Lenovo Thinkbook 14IML ဟာ
Business ပိုင်း အသုံးပြုဖို့ အတွက် Feature စုံ၊ Stylish ဖြစ်၊ Performance သင့်ပြီး ပေးရတဲ့စျေးနဲ့တန်စေမယ့်
Window Laptop ကောင်းတစ်ခုပါလို့ အကြံပြုရင်း...
Click here to claim your Sponsored Listing.
Category
Website
Address
Kan Street, Hlaing Township
Yangon
11051