Nov

Nov

Share

Fashion & Design

Photos from Nov's post 15/02/2026

ကိုယ်က Man outfit အတွက် သိပ်မချုပ်ဖြစ်တော့ တအားတော့ မကျွမ်းပေါ့နော် 🤭
တခါတလေတော့ စမ်းကြည့်ချင်စိတ်ဖြစ်လာလို့ ချုပ်ဖြစ်မိတာလေးပေါ့နော် 🤍
ချည်ဂျင်းသားအဖြူလေးကို Reglan sleeve နဲ့ နောက်ကျော ဒီဇိုင်းရိုးရိုးကြီးဖြစ်မနေအောင် ချုပ်ပေးထားပါတယ် …
Simple is the best, but boring 🥱

The Nov on TikTok 11/02/2026

Tiktok လေး followကြပါအုံး ….
အကျီချုပ်နည်း ပက်တန်ဆွဲနည်း​လေး​တွေ တင်​ပေးမယ်​နော် 💜 💜

The Nov on TikTok 5 Followers, 5 Following, 28 Likes - Watch awesome short videos created by The Nov

10/02/2026

09/02/2026

How to sew TopCollar
No paper lining (it stain white fabric)
No fabric lining either
So I stacked 3 layers

08/02/2026

Photos from Nov's post 08/02/2026

Nov ဟိုတလောက ပိတ်စလေးတွေ ဝေပေးဖြစ်တယ်ပေါ့နော် …
အရင်ကအများကြီးဝယ်ထားဖြစ်ပြီး ကိုယ်လည်းအကုန်မချုပ်ဖြစ်တာနဲ့ လိုအပ်နေတဲ့သူတွေကို မျှပေးလိုက်တယ် …
မပေးခင်ကတော့ နှမျောသလိုပေမယ့် လိုအပ်လို့လာယူကြသူတွေ ပျော်ပြီးအဆင်ပြေသွားတာ မြင်ရတော့ စိတ်ချမ်းသာရတယ် …
ဘာလို့ပေးတာလဲဆိုရင် ဒီတိုင်းပေးချင်လို့ပေးတာမျိုးပဲ …
ပိတ်စတွေက ကိုယ့်အတွက်တော့ အစတစ်စဆိုတာထက်အများကြီး ပိုတယ် …
သူတို့ကိုကြည့်ပြီး အတွေးတွေရတယ် အများကြီးဖန်တီးဖြစ်ခဲ့တယ် …
နောက်လည်း အမြဲတမ်း ဖန်တီးဖြစ်နေအုံးမှာပါပဲ…
အမြဲတမ်းမဟုတ်ရင်တောင် ကိုယ့်ကိုဘယ်တော့မှ မလုပ်ဖို့ တားလို့မရတဲ့ အရာတစ်ခုပဲ …
ဆက်မလုပ်ဖြစ်တော့လို့ အားလုံးကိုပေးပြစ်လိုက်တာမဟုတ်ဘဲ ကိုယ့်လိုဝါသနာတူတွေအားလုံး အတူတူဆက်ရှိနေဖို့ ကိုယ့်ရှိတဲ့ထဲကမျှဝေပေးတာမျိုးပါပဲ …
ဆက်ပြီးမချုပ်ဖြစ်တော့လို့ မဟုတ်ဘူးရယ် … 🥲
ဘယ်သူ့အတွက်မှမဟုတ်ရင်တောင် ကိုယ့်အတွက်ကိုယ် ဆက်လုပ်ဖြစ်နေအုံးမှာပါလို့… 😎



&textile

29/01/2026

Edit : Sold Out

Shanmu size 86 - ပင်အပ်တစ်ဆုံးထိုးလို့ရတဲ့ အရုပ်လေး ပြန်ရောင်းချင်ပါတယ်ရှင့် …
လက်အမာနဲ့အပျော့ နှစ်ခုပါပါမယ်
ဂါဝန်နှစ်ထည်အတွက်ပဲ draping လုပ်ထားတာမို့ အသစ်အတိုင်းပါပဲရှင့် …
Oversea မှာဖြစ်နေတာမို့ သယ်ရခက်နေလို့ပြန်ရောင်းပေးတာပါ …
အရုပ်ကိုယ်ထည်နဲ့ လက်နှစ်စုံကိုမှ ၅သိန်း ၉သောင်းပဲ ပေးပါရှင့် …
အခုဆို အပြင်မှာ အရုပ်ကိုယ်ထည်ကြီးပဲ ၇ သိန်းကျော်လောက် ပေးဝယ်ရမဲ့အပြင် ဝယ်ရလဲအရမ်းခက်​နေတာမို့ အခုတန်တာ​လေးကိုယူထားပါ​နော် 🤩

Photos from Nov's post 25/01/2026

She slayed !!!
Designed with love 🤍
My Handmade white skirt & blouse set looking flawless on the beach 😎

Photos from Nov's post 20/01/2026

ချုပ်ဖြစ်တာလေး …

Blazer ကို smart wear တစ်ခုအ​နေနဲ့ မဟုတ်ဘဲ မြင်​နေကျထဲက ခွဲထွက်ပြီး စိတ်ကြိုက်ပုံ​ဖော်ကြည့်ရ​အောင်​နော် 💜💜

Simple is the best but boring 😉

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon