Forever Memory Travels

Forever Memory Travels

Share

WE SERVE YOU PROUDLY

24/03/2026

Domestic Flight တွေ ပြန်ထွက် ပါ တော့ မည်

19/03/2026

⚠️ MAI လေကြောင်းလိုင်းနဲ့ နိုင်ငံတကာက ပြန်လာမယ့်သူတွေအတွက် သတိပြုရန် (၁၉ မတ် ၂၀၂၆)
အခု လေယာဉ်ဆီ (Jet A1) အခက်အခဲကြောင့် MAI လေကြောင်းလိုင်းရဲ့ ဝန်စည် (Baggage) စည်းကမ်းတွေ အတော်လေး တင်းကျပ်သွားပါပြီ။ ဒီကြေညာချက်က ထိုင်း (ဘန်ကောက်) တစ်ခုတည်းတင် မဟုတ်ဘဲ စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ တွေပါ MAI ပြေးဆွဲနေတဲ့ နိုင်ငံတကာခရီးစဉ်အားလုံး အတွက် အကျုံးဝင်ပါတယ်။

📌 သိထားရမယ့် အဓိက အချက်များ

၁။ ကီလိုပို (Excess Baggage) ကို ကြိုတင်ဝယ်ယူလို့ မရတော့ပါအရင်လို အွန်လိုင်းကနေဖြစ်ဖြစ်၊ အရောင်းကိုယ်စားလှယ်တွေ ဆီမှာဖြစ်ဖြစ် ကီလိုအပိုကို ကြိုတင်ဝယ်ယူထားလို့ မရတော့ဘူး။

၂။ Check-in Counter မှာပဲ ဝယ်ရမှာဖြစ်ပြီး "မသေချာပါ"လေဆိပ်ရောက်မှ Counter မှာ ကီလိုပို ထပ်ဝယ်လို့ ရ၊ မရ မေးရမှာပါ။ အဲ့ဒီနေ့ လေယာဉ်ပေါ်မှာ ဝန် (Weight) ကျန်သေးမှသာ အများဆုံး ၁၀ ကီလို (10KG) အထိပဲ ဝယ်ခွင့်ပေးမှာဖြစ်ပြီး ဝန်ပြည့်နေရင်တော့ လုံးဝ ဝယ်လို့ရမှာ မဟုတ်ပါဘူး။

၃။ အိတ် ၁ လုံးပဲ (1 Piece Concept) ပေးသယ်တော့တာပါဘယ်နှစ်ကီလိုပဲ ပါပါ အိတ်အရေအတွက်ကို ၁ လုံးပဲ ကန့်သတ်ထားတာမို့ အိတ်ခွဲမသယ်ဖို့ သတိပြုရပါတော့မယ်၊ ခရီးသည်တစ်ဦးကို Check in Luggage 1 လုံး၊ Hand carry 1 လုံးပဲ ပေးသယ်ပါတော့တယ်။

၄။ Member Benefits များ ယာယီရပ်ဆိုင်းSky Smile (Ruby & Diamond) အဖွဲ့ဝင်တွေ အရင်ရနေကျ "အခမဲ့ အလေးချိန်ပို" ခံစားခွင့်တွေလည်း လက်ရှိမှာ မရတော့ပါဘူး။

💡 ခရီးသွားမယ့်သူတွေအတွက် အကြံပြုချက် 💡

ပစ္စည်းလျှော့ဝယ်ပါ: "လေဆိပ်ကျမှ ကီလိုဝယ်မယ်" ဆိုတဲ့ စိတ်ကူးနဲ့ အများကြီး မဝယ်ပါနဲ့။ တကယ်လို့ ဝယ်လို့မရခဲ့ရင် လေဆိပ်မှာ ပစ္စည်းတွေ ထားခဲ့ရတာမျိုး ဖြစ်နိုင်လို့ပါ။

ဝန်ပွပစ္စည်းများ (ဒိုင်ဘာလိုမျိုး အိမ်သုံးပစ္စည်း): နေရာယူတဲ့ ပစ္စည်းတွေ သယ်မယ့်သူတွေအနေနဲ့ Vacuum Bag (လေစုပ်အိတ်) သုံးပြီး အိတ်တစ်လုံးတည်းထဲ ကျစ်ကျစ်လျစ်လျစ် ဝင်အောင် ထုပ်ပိုးပါ။

"လူကြုံ" လုံးဝ လက်မခံပါနဲ့: အခုအခြေအနေက ကိုယ့်ပစ္စည်းတောင် ပါဖို့ မသေချာတဲ့ အခြေအနေမို့ အားနာပြီး လူကြုံပစ္စည်း လက်မခံကြဖို့ တိုက်တွန်းချင်ပါတယ်။

အနှစ်ချုပ်: ကီလိုပိုက ကြိုဝယ်မရဘူး၊ လေဆိပ်ရောက်မှ ကံစမ်းရမှာဖြစ်ပြီး ရရင်တောင် အများဆုံး ၁၀ ကီလိုပဲ ရနိုင်တယ်။ ဒါဟာ MAI ပြေးဆွဲတဲ့ နိုင်ငံအားလုံးကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် ခရီးစဉ်အားလုံးအတွက် ဖြစ်ပါတယ်။ခရီးသွားမယ့်သူတွေ အားလုံး အဆင်ပြေ သတိပြုနေအောင် နားလည်ထားသမျှ စုပြီး ရေးပေးထားတာပါ။

Written by Carolyne

Photos from Job Opportunities - အလုပ် ခေါ်စာများ 's post 06/03/2026

For Opportunity

Photos from Royal Thai Embassy, Yangon's post 05/03/2026
05/03/2026

ဒွန်မောင်းလေဆိပ်မှာ Passport စစ်ဆေးတာ စက္ကန့်ပိုင်းပဲ ကြာတော့မယ်

ဘန်ကောက်၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ် (Terminal 1) မှာ ခရီးသည်တွေ လူဝင်မှုကြီးကြပ်ရေး (Immigration) ကို မြန်မြန်ဆန်ဆန် ဖြတ်ကျော်နိုင်ဖို့ Automated Border Control (ABC) စက် ၃၁ လုံးကို စတင်တပ်ဆင်လိုက်ပါပြီ။

ဒီစနစ်ကြောင့် အရင်လို ဝန်ထမ်းကောင်တာတွေမှာ အကြာကြီး တန်းစီစောင့်ဆိုင်းစရာမလိုဘဲ စက်နဲ့တင် Passport စစ်ဆေးပြီး အလွယ်တကူ ထွက်ခွာနိုင်တော့မှာပါ။ မတ်လ ၅ ရက်နေ့ကစလို့ ၂၄ နာရီပတ်လုံး အပြည့်အဝ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

အသုံးပြုမယ့်သူတွေ သိထားရမယ့် အချက်များ

လူအရပ် (သို့မဟုတ်) ခရီးဆောင်အိတ် အမြင့်သည် ၁၂၀ စင်တီမီတာထက် မကျော်ရပါ။

Passport သက်တမ်း အနည်းဆုံး ၆ လ ကျန်ရှိရပါမည်။

Passport အသစ်လဲထားသူဖြစ်ပါက ထုတ်ပေးသည့်ရက်မှ ၁၄ ရက်ကျော်မှသာ အသုံးပြုနိုင်မည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် Passport တွင် အဝင်/အထွက် တုံးထု (Physical Stamp) လိုချင်သူများကတော့ ပုံမှန် Manual Counter များတွင်သာ ပြသရပါမည်။

စက်တွေကို ဧပြီလအတွင်း အားလုံးအပြီးသတ် တပ်ဆင်သွားမှာဖြစ်ပြီး အသုံးပြုရတာ ပိုမိုမြန်ဆန်၊ လုံခြုံစိတ်ချရတဲ့ ခရီးစဉ်အတွေ့အကြုံသစ်ကို ပေးစွမ်းသွားမှာပါ။



#

04/03/2026

UK က မြန်မာကျောင်းသားတွေကို Student Visa မပေးတော့ဘူးလို့ ကြေညာသွားပါတယ်..

ကျောင်းသားဗီဇာနဲ့ လာကြပြီး အဆိုင်လမ် ခံကြလွန်းလို့ဆိုတဲ့ အကြောင်းပြချက်ကို ပေးပါတယ်..

ဗီဇာဘမ်းခံရတာ စုစုပေါင်း ၄ နိုင်ငံပါ..
Afghanistan,
Cameroon,
Myanmar,
Sudan

အာဖဂန်ကိုကတော့ အလုပ်ဗီဇာတွေပါ ချမပေးတော့ဘဲ ထားတာပါ.. မြန်မာက အလုပ်ဗီဇာ ရနိုင်သေးတဲ့ သဘောတော့ ရှိပါတယ်..

ယူကေက ဒါမျိုး လုပ်ရင် တခြားဥရောပ၊ ဩစတေးလျနဲ့ နယူးဇီလန်မှာလည်း ဒါမျိုး ကြုံလာနိုင်တာမို့ ကျောင်းလျှောက်မယ့်သူတွေ မြန်မြန် လျှောက်သင့်ပါတယ်..
Crd&&&&

25/02/2026

Chaung Thar Weather

12/02/2026

🇹🇭 ထိုင်းနိုင်ငံ ဗီဇာစည်းမျဉ်းသစ်များ - ကျောင်းသားဗီဇာဖြင့် အလုပ်လုပ်ခွင့် ရရှိတော့မည်! 💛

ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူများ၊ ကျောင်းတက်မည့်သူများနှင့် အလုပ်လုပ်ကိုင်လိုသူများအတွက် ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၆ တွင် ထွက်ပေါ်လာသော အထူးသတင်းကောင်းများကို Burmese Nomads မှ မိတ်ဆွေတို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကျောင်းသားဗီဇာ (Non-ED Plus) ဖြင့် တရားဝင် အလုပ်လုပ်နိုင်ခြင်း 🎓💼
ယခင်က ကျောင်းသားဗီဇာဖြင့် အလုပ်လုပ်ခွင့် မရှိသော်လည်း ယခုအခါ "Non-Immigrant ED Plus" ဗီဇာအမျိုးအစားသစ်ကို မိတ်ဆက်ပေးလိုက်ပါပြီ။

တက္ကသိုလ်အဆင့် (Bachelor’s degree နှင့် အထက်) ပညာသင်ကြားနေသော ကျောင်းသားများအနေဖြင့် ပညာသင်ကြားနေစဉ်အတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

ဘွဲ့ရပြီးနောက်တွင်လည်း အလုပ်ရှာဖွေရန် သို့မဟုတ် ခရီးသွားရန်အတွက် ထိုင်းနိုင်ငံတွင် (၁) နှစ် ထပ်မံနေထိုင်ခွင့် (Stay Extension) ကိုပါ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။

၂။ နိုင်ငံပေါင်း (၉၃) နိုင်ငံအတွက် ရက် ၆၀ Visa-Free Entry ✈️

သတ်မှတ်ထားသော နိုင်ငံပေါင်း ၉၃ နိုင်ငံမှ နိုင်ငံသားများသည် ယခင် Visa on Arrival (သို့မဟုတ်) ဗီဇာကင်းလွတ်ခွင့်များထက် ပိုမိုသက်တမ်းရှည်သော ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့် ကို ရရှိတော့မှာဖြစ်ပါတယ်။

၃။ Destination Thailand Visa (DTV) 💻

Remote အလုပ်လုပ်သူများ၊ Digital Nomads များနှင့် Freelancer များအတွက် ရည်ရွယ်သည့် DTV ဗီဇာသည်လည်း ပုံမှန်အတိုင်း ဆက်လက်ရှိနေမည်ဖြစ်ပြီး ရေရှည်နေထိုင်လိုသူများအတွက် အဆင်ပြေမှာဖြစ်ပါတယ်။

ယခုမူဝါဒသစ်များသည် ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် ခရီးသွားကဏ္ဍကို မြှင့်တင်ရန်အတွက် အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ်များကိုလည်း ယခင်ထက် ပိုမိုရိုးရှင်းအောင် (Category ၁၇ ခုမှ ၇ ခုအထိ) လျှော့ချသွားရန် စီစဉ်ထားကြောင်း သိရပါတယ်။

Ref: Bangkok Post
Source: Ministry of Foreign Affairs (MFA)

📅 Date: 11 February 2026

Photos from Forever Memory Travels's post 02/02/2026

🔶 မြန်မာနိုင်ငံသားတွေထိုင်းကို ၁ နှစ်မှာ၂ ကြိမ်ပဲလာလို့ရတော့မယ်နဲ့
🔶 ထိုင်းရောက်ရင် ၂ ကြိမ်ပဲသက်တမ်းတိုးလို့ရတော့မယ်ဆိုပြီး နားလည်မှုတွေလွဲနေလို့ ရှင်းပြပေးပါ့မယ်

✅ မြန်မာနိုင်ငံသားက free visa ၁၄ရက်ပဲရတာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံကို ၂ ကြိမ်ထက်မက ဝင်ထွက်လို့ရပါတယ်

✅ ထိုင်းရောက်ရင်လဲ ၂ ကြိမ်ပဲသက်တမ်းတိုးလို့ရမယ်ဆိုတာမဟုတ်ပါဘူး

Arrival Visa ၁၄ရက်ကို ၁ ခါသက်တမ်းတိုးရင် ၃၀ ရက်ရပြီး ၅ ကြိမ် ကနေ ၁၀ ကြိမ် အထိတိုးပြီးနေလို့ရပါတယ်

📣 ဘယ်သူတွေက ထိုင်းနိုင်ငံကို ၁ နှစ်မှာ ၂ ကြိမ်ပဲ ဝင်ထွက်လို့ရပြီတော့ ၂ ကြိမ် ပဲ သက်တမ်းတိုးလို့ရလဲဆိုရင်

Arrival visa ၆၀ ရက် ရနေတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်
သူတို့က သက်တမ်းတိုးရင်လည်း ရက်၃၀မရ ၇ရက် ပဲရတော့မှာဖြစ်ပါတယ်

✅TR visa 2လနဲ့လည်း ထိုင်း ကို ၁ နှစ်ထဲနဲ့ ၂ ကြိမ်မက ဝင်လို့ရပါတယ်
⭐️ဘာတွေကွာသွားလဲဆိုရင် ထိုင်းရောက်ပြီးသက်တမ်းတိုးတဲ့အခါ ထိုင်းကို ၁ နှစ်ထဲ မှာ TR visa နဲ့ နှစ်ကြိမ်မြောက်ဝင်တဲ့သူဆိုရင် ပထမလကစပြီး လတိုင်း သံရုံးထောက်ခံစာလိုအပ်မှာပါ

သူလဲ ထိုင်းမှာပုံမှန်အတိုင်း ၁၀ ကြိမ်အထိ တိုးပြီးနေလို့ရပါတယ်




to Originail Writer 🙏🏻

04/01/2026

ဘယ်နိုင်ငံ လေဆိပ်ရောက်ရောက် Food and Beverage တွေကို Buffet သုံးဆောင်နိုင်မယ့် Priority Pass VIP Airport Lounge Access

ကမ္ဘာတစ်ဝှမ်း Lounge ပေါင်း 1700 ကျော်မှာ အစားအသောက်၊ ဖျော်ရည်နဲ့ ယမကာတို့ကို စိတ်တိုင်းကျသုံးဆောင်နိုင်မယ့် အပြင် မိမိနဲ့အတူ ချစ်ရတဲ့ သူငယ်ချင်း၊ မိသားစု၊ ကြင်ယာဖက်တွေကိုပါ ခေါ်သွားလို့ရနိုင်တဲ့ Airport Lounge အသုံးပြုခွင့်များကို အကြိမ်အရေအတွက်နဲ့ဖြစ်စေ တစ်နှစ်စာ အကန့်အသတ်မဲ့ အသုံးပြုခွင့်နဲ့ဖြစ်စေ ရောင်းချပေးနေပါပြီ။

အဖျော်ယမကာများတွင် Coffee, Beer, Cocktails, Wine, Whisky အစရှိတဲ့အပြင် အစားအသောက်များတွင်လဲ နိုင်ငံလေဆိပ်အလိုက် အမျိုးအစားစုံလင်စွာရှိပါတယ်။ အချို့ Lounge များသည် 3-4 Star Hotel Buffet အဆင့်ရှိသော အစားအသောက်နဲ့ အဖျော်ယမကာများကို ဝန်ဆောင်မှုပေးပါတယ်။

အသုံးပြုနိုင်တဲ့ Lounge 1700 အနက် မြန်မာဧည့်သည်များ ခရီးအများဆုံးသွားတဲ့ နိုင်ငံတစ်ချို့မှာအသုံးပြုလို့ရတဲ့ Lounge တွေကိုလဲ ဖော်ပြပေးလိုက်ပါတယ်။

🇲🇲 Myanmar
* Mingalar Sky Business Class Lounge – Yangon International Airport (RGN)
* CIP Lounge – Mandalay International Airport (MDL) (ငလျှင်ကြောင့်လက်ရှိပြုပြင်နေဆဲကာလအသုံးပြု၍မရပါ)

🇹🇭 Thailand
* The Coral Executive Lounge – Bangkok Suvarnabhumi Airport (BKK)
* The Coral Executive Lounge – Don Mueang Airport (DMK)
* Miracle Lounge – Bangkok Suvarnabhumi Airport (multiple locations)
* Coral Executive Lounge – Phuket International Airport (HKT)
* The Coral Executive Lounge – Chiang Mai Airport (CNX)
* Coral Executive Lounge – Hat Yai Airport (HDY)

🇸🇬 Singapore
* Changi Lounge (Jewel, Singapore Changi Airport SIN)
* Plaza Premium Lounge (Terminal 1)
* SATS Premier Lounge (Terminal 1, 2, 3)
* Marhaba Lounge (Terminal 1, 3)
* Ambassador Transit Lounge (T2 & T3)

🇯🇵 Japan
* I.A.S.S Superior Lounge NOA – Narita Terminal 1
* I.A.S.S Executive Lounge 1 – Narita Terminal 1
* I.A.S.S Superior Lounge KoCoo – Narita Terminal 2
* I.A.S.S Executive Lounge 2 – Narita Terminal 2
* TIAT Lounge – Tokyo Haneda Terminal 3
* KIX Airport Cafe Lounge NODOKA – Osaka Kansai Airport (KIX)

🇰🇷 Korea (South Korea)
* Sky Hub Lounge – Incheon Airport (ICN) (Terminals 1 & 2)
* Asiana Business Lounge – Incheon (ICN)
* Matina Lounge – Incheon (ICN)
* Sky Hub Lounge – Gimpo International (GMP)
* Sky Hub Lounge – Busan Gimhae International (PUS)

🇹🇼 Taiwan
* Plaza Premium Lounge – Taipei Taoyuan (TPE) Terminal 1 Zone C
* Plaza Premium Lounge – Taipei Taoyuan (TPE) Terminal 2 Zone D
* More Premium Lounge – Taipei Songshan (SAE)

🇻🇳 Vietnam
* Le Saigonnais Business Lounge – Ho Chi Minh City Tan Son Nhat (SGN)
* Orchid Lounge – Da Nang International (DAD)
* Song Hong Business Lounge – Hanoi Noi Bai (HAN)
* CIP Orchid Lounge – Cam Ranh (CXR)

🇲🇾 Malaysia
* Plaza Premium Lounge – Kuala Lumpur (KLIA & KLIA2)
* Sama Sama Express Lounge – Kuala Lumpur (KLIA)
* Golden Lounge Domestic – Kuala Lumpur (KLIA)
* Plaza Premium Lounge – Penang International (PEN)
* Plaza Premium Lounge – Kuching International (KCH)

🇮🇩 Indonesia
* Concordia Lounge – Jakarta Soekarno-Hatta (CGK)
* Premier Lounge – Bali Ngurah Rai (DPS)
* Blue Sky Lounge – Surabaya Juanda (SUB)
* Concordia Lounge – Yogyakarta (YIA)
* Concordia Lounge – Medan Kuala Namu (KNO)

ရောင်းချပေးမယ့် အသုံးပြုခွင့်အမျိုးအစားများမှာ ၄ ကြိမ်စာအသုံးပြုခွင့် (တစ်ကြိမ်လျှင်လူတစ်ဦးနှုန်းဖြင့်)၊ ၁၀ ကြိမ်အသုံးပြုခွင့်၊ တစ်နှစ်စာအကန့်အသတ်မဲ့ အသုံးပြုခွင့် (ကတ်ပိုင်ရှင်တစ်ဦးတည်းသာ)၊ တစ်နှစ်စာအကန့်အသတ်မဲ့ အသုံးပြုခွင့် (ကတ်ပိုင်ရှင်နှင့် +၁)၊ တစ်နှစ်စာအကန့်အသတ်မဲ့ အသုံးပြုခွင့် (ကတ်ပိုင်ရှင်နှင့် +၂) တို့ဖြစ်ပါတယ်။ စျေးနှုန်းနဲ့ လျှောက်ထားရန်ကြာချိန်တို့ကို အောက်ပါဇယားကွက်ထဲတွင် ကြည့်ရှုနိင်ပါတယ်။

Mingala Moments Travel & Tours Co.,Ltd
Office address: No.304, Coner of Yadanar road & Thumingala road, South Okkala, Yangon.
Phone 09450961375, 09267496855
Viber 0940871652

04/01/2026

ထိုင်းငွေ ၃၁ ဘတ် (မြန်မာငွေ ကျပ် ၄ ထောင်🤩) ဝန်းကျင် ဖြင့် ဘန်ကောက်မြို့ မှ ပတ္တရားသို့ ကုန်ကျစရိတ် သက်သက်သာသာနဲ့ ရထားစီးပြီး သွားလို့ရပါတယ်
🔹ဘန်ကောက်မြို့ကနေ ပတ္တရားမြို့ကို ရထားစီးသွားမယ်ဆိုရင်တော့ Hua Lamphong Station ဘူတာကြီးကနေ စီးလို့ရပါတယ်။
🔹Hua Lamphong Station (ဘန်ကောက်) → Pattaya Station (သို့) Pattaya Tai Station
- ရထားထွက်ချိန် : မနက် ၆:၅၅
- လမ်းခရီးကြာချိန် : ၃ နာရီ ၃၀ မိနစ် ဝန်းကျင်
- ရထားမထွက်မီ ၃၀ မိနစ်မှ ၁ နာရီကြိုတင်ပြီး ရထားလက်မှတ်ကို ဝယ်ထားသင့်ပါသည်။
📌ရထားစီးခ - ၃၁ ဘတ် (မြန်မာငွေ ၄,၀၀၀ ကျပ် ဝန်းကျင်)
🔹ပတ္တရားမှာ ရထားဘူတာနှစ်ခုရှိပါတယ်။ Pattaya Station နဲ့ Pattaya Tai Station ဖြစ်ပါတယ်။
- Pattaya Station : Walking Street, Central Pattaya နှင့် နီးပါတယ်။
- Pattaya Tai Station : Jomtien Beach ဘက်သို့ လွယ်ကူစွာ သွားလာလို့ရပါတယ်။
📌 အကြံပြုချက်
- ထိုင်းဆင်း (SIM Card) ယူသွားပါ (Bolt/Grab ငှားရာတွင် အသုံးပြုရန်)
- နေပူကာကွယ်ရန် ဦးထုပ်၊ ရေဗူး ပြင်ဆင်သွားပါ။
"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"

❗️ထိုင်းနိုင်ငံသွားရင်တော့ ဒီဆော့ဝဲလ်တွေက မဒေါင်းမဖြစ်ပဲ...

✅ ထိုင်းတက်တဲ့အခါ အင်တာနက်မလိုပဲ မြေပုံကြည့်နိုင်ဖို ==> https://app.nextworm.com/archives/9881

✅ ထိုင်းမှာ ဘတ်စ်ကားမစီးတတ်မှာကြောက်နေရင် ==> https://app.nextworm.com/archives/5979

✅ MRT နဲံ BTSစီးရင်ဆောင်ကိုဆောင်ထားသင့်တဲ့ဆော့ဝဲလ် ==> https://app.nextworm.com/archives/6011

✅ ထိုင်းမှာတက်စီ လုံခြုံစိတ်ချစွာစီးနိုင်ဖို ==> https://app.nextworm.com/archives/6554

✅ True ဆင်းကတ်ကိုင်တဲ့သူတွေအတွက် ==> https://app.nextworm.com/archives/8125

✅ dtac ဆင်းကတ်ကိုင်တဲ့သူတွေအတွက် ==> https://app.nextworm.com/archives/8130

✅ AIS ဆင်းကတ်ကိုင်တဲ့သူတွေအတွက် ==> https://app.nextworm.com/archives/8119

*crd_to_owner

13/12/2025

ဒီနေ့တော့ ပြည်ပခရီးသွားမယ့်သူတိုင်း ရင်ခုန်ရဆုံး၊ စိတ်အလှုပ်ရှားရဆုံးဖြစ်တဲ့ လေဆိပ် Immigration (လူဝင်မှုကြီးကြပ်ရေး) ဖြတ်တဲ့အခါ ပြောဆိုရမယ့် ပုံစံတွေကို သင်ပေးချင်ပါတယ်။

အတွေ့အကြုံအရ ပြောရရင် Immigration က အရာရှိတွေက ကိုယ့်ကို အပြစ်ရှာချင်လို့ မေးတာမဟုတ်ပါဘူး။ ကိုယ်က တရားဝင်လာတာလား၊ ပြန်မယ့်ရက် အတိအကျရှိလား ဆိုတာကို သေချာချင်လို့ မေးတာပါ။

ဒါကြောင့် ကြောက်နေစရာမလိုဘဲ ယုံကြည်မှုရှိရှိ ဘယ်လိုဖြေမလဲဆိုတာ အမေးများဆုံး မေးခွန်း (၅) ခုနဲ့တကွ လေ့ကျင့်ကြည့်ကြရအောင်ပါ။

၁။ စာရွက်စာတမ်း တောင်းခံခြင်း (Asking for Documents)

ကောင်တာရှေ့ရောက်တာနဲ့ အရာရှိက ပတ်စ်ပို့ (Passport) နဲ့ ဗီဇာ (Visa) အရင်တောင်းပါလိမ့်မယ်။

Officer: "May I see your passport and visa, please?"
(မင်းရဲ့ ပတ်စ်ပို့နဲ့ ဗီဇာ ပြပေးပါလား)

You: "Yes, here you are."
(ဟုတ်ကဲ့၊ ဒီမှာပါခင်ဗျာ/ရှင့်)

(မှတ်ချက် - စကားအများကြီး ပြောစရာမလိုပါဘူး။ ယဉ်ယဉ်ကျေးကျေးနဲ့ ကမ်းပေးလိုက်ရင် ရပါပြီ)

၂။ လာရောက်သည့် ရည်ရွယ်ချက် (Purpose of Visit)

ဒါက အရေးအကြီးဆုံး မေးခွန်းပါ။ ဘာကိစ္စလာတာလဲ ဆိုတာကို တိတိကျကျ ဖြေရပါမယ်။

Officer: "What is the purpose of your visit?"
(ခင်ဗျား ဒီကိုလာတဲ့ ရည်ရွယ်ချက်က ဘာလဲ) (သို့မဟုတ်) "Why are you here?"

You (အလည်လာရင်): "I am here for a holiday." (သို့) "I am here on vacation." (အလည်အပတ် လာတာပါ)

You (အလုပ်ကိစ္စဆိုရင်): "I am here for a business trip." (အလုပ်ကိစ္စနဲ့ လာတာပါ)

You (ကျောင်းတက်ဖို့ဆိုရင်): "I am here to study." (စာလာသင်တာပါ)

၃။ နေထိုင်မည့် ကြာချိန် (Duration of Stay)

ဘယ်လောက်ကြာကြာနေမလဲဆိုတာ သူတို့ သိချင်ကြပါတယ်။ ကိုယ့်အပြန်လက်မှတ် (Return Ticket) နဲ့ ကိုက်ညီအောင် ဖြေဖို့ လိုပါတယ်။

Officer: "How long will you be staying?" (ဘယ်လောက်ကြာကြာ နေမှာလဲ)

You: "For one week." (တစ်ပတ်ပါ) You: "For 5 days." (၅ ရက်ပါ) You: "Just a few days." (ရက်အနည်းငယ်ပါပဲ)

(ရက်အတိအကျ မပြောချင်ရင်တောင် ခန့်မှန်းရက်ကို ပြောပြပေးပါ)

၄။ တည်းခိုမည့်နေရာ (Accommodation)

နိုင်ငံခြားရောက်ရင် ဘယ်မှာနေမလဲဆိုတာ အရေးကြီးပါတယ်။ ဟိုတယ် Booking စာရွက်လေး လက်ထဲအဆင်သင့် ကိုင်ထားရင် ပိုကောင်းပါတယ်။

Officer: "Where will you be staying?" (ခင်ဗျား ဘယ်မှာ တည်းမှာလဲ)

You: "I am staying at [Hotel Name]." (ကျွန်တော် [ဟိုတယ်နာမည်] မှာ တည်းမှာပါ) You: "I am staying with my friend." (သူငယ်ချင်းနဲ့ အတူနေမှာပါ - ဒါဆိုရင် သူငယ်ချင်းလိပ်စာ အပြည့်အစုံ ပြပေးရတတ်ပါတယ်)

၅။ အလုပ်အကိုင် (Occupation)

တချို့နိုင်ငံတွေမှာ ကိုယ်က ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခိုင်အမာရှိလားဆိုတာ စစ်ဆေးချင်လို့ မေးတတ်ပါတယ်။

Officer: "What do you do?" (ခင်ဗျား ဘာအလုပ်လုပ်လဲ)

You: "I am a teacher." (ကျွန်တော်က ဆရာပါ) You: "I work as an engineer." (ကျွန်တော် အင်ဂျင်နီယာ လုပ်ပါတယ်) You: "I am a student." (ကျွန်တော်က ကျောင်းသားပါ)

Immigration ဖြတ်တဲ့အခါ သတိထားရမှာလေးတွေ ရှိတယ်။

၁။ အဖြေကို တိုတိုပဲ ဖြေပါ - သူတို့မေးတာကိုပဲ ဖြေပါ။ မမေးဘဲနဲ့ လိုတာထက်ပိုပြီး ရှင်းပြနေရင် သူတို့က ပိုသံသယ ဝင်တတ်ပါတယ်။ (Less is more ပါ)။

၂။ မျက်လုံးချင်း ဆုံပါ (Eye Contact) - မျက်လုံးလွှဲနေရင်၊ ကြမ်းပြင်ကြည့်နေရင် မရိုးသားဘူး ထင်တတ်ကြတယ်။ အရာရှိကို ကြည့်ပြီး ပြုံးပြုံးလေး ဖြေပါ။

၃။ Return Ticket အဆင်သင့် ပြင်ထားပါ - "Do you have a return ticket?" လို့ မေးရင် ဖုန်းထဲကပဲဖြစ်ဖြစ်၊ စာရွက်နဲ့ပဲဖြစ်ဖြစ် ချက်ချင်းပြနိုင်အောင် ပြင်ထားပါ။

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
959