GEM Technology

GEM Technology

Share

Local Business

11/04/2018

မင်္ဂလာပါ 🙏

ချစ်ခင်လေးစာအပ်ပါသော မိတ်ဖက်လုပ်ငန်းရှင်များနှင့် ဧည့်သည်တော်များရှင့် 🙏

GEM တွင် အစဉ်မပြတ်ဝယ်ယူအားပေးလျက်ရှိသော မိတ်ဖက်လုပ်ငန်းရှင်များနှင့် ဧည့်သည်တော်များအားလုံး မြန်မာနှစ်သစ် အခါသမယမှာ ကျန်းမာရွှင်လန်းပြီး စီးပွားလာဘ်လာဘများ ဆထက်တံပိုး တိုးပွားအောင်မြင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါရစေ။🙏

😎GEM သည် အကောင်းဆုံးဝန်ဆောင်မှုများပေးလျက်ရှိရာ မြန်မာနှစ်ကူး သင်္ကြန်ရုံးပိတ်ရက်များဖြစ်သော (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ ၀န်ဆောင်မှုများကို ခေတ္တရပ်နားထားမည်ဖြစ်ပြီး ဧပြီလ (၁၈) ရက်မှစပြီး ပုံမှန်ရုံးချိန်အတိုင်း ၀န်ဆောင်မှုကို ပြန်လည်ပေးသွားမည်ဖြစ်ကြောင်းလေးစားစွာ ကြိုတင် အသိပေးအကြောင်းကြားအပ်ပါသည်။😎

မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ ပျော်ရွှင်စွာ အတာရေနှင့်အတူ အေးချမ်းကြပါစေ.. 🙏

ဆုမွန်ကောင်းတောင်းလျက်

GEM မိသားစု

Photos 20/02/2018

👉ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားပြီး တနိုင်တပိုင် စီးပွားရေးလုပ်ငန်းလေးစလုပ်ချင်ပြီလား?
👉အရင်းအနှီးနည်းနေလို့ လုပ်ရမှာ မ၀ံ့မရဲဖြစ်နေလား??
👉ခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် အတွေ့အကြုံမရှိလို တွေဝေနေလား???
🙅‍♀️စိတ်ပူပန်နေမှုတွေကိုမေ့ထားလိုက်ပြီး www.travels.com.mm ကိုသာအမြန်ဆုံးဆက်သွယ်လိုက်ပါ။
🤗 www.travels.com.mm ကသင့်အမြန်ဆုံးလုပ်ငန်းစတင်လို့ရအောင် အကူအညီပေးဖို့ အဆင်သင့်ရှိနေပါပြီ။

🤔www.travels.com.mm ဆိုတာဘာလဲ?
👉www.travels.com.mm သည် Online Travel Platform တစ်ခုဖြစ်ပါတယ်။

👫www.travels.com.mm က ဘယ်သူတွေအတွက်လဲ?
😎ကိုယ်ပိုင်လုပ်ငန်းကို အရင်းအနှီးနည်းနည်းနှင့် လုပ်ကိုင်လိုသူများ ၊ ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားပြီး စတင်လုပ်ကိုင်လိုသူများ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူများ၊ လက်ရှိခရီးသွားလုပ်ငန်းကို လုပ်ကိုင်နေပြီး ထပ်မံတိုးချဲ့ကာ market ရှာလိုသူများအတွက် အဆင်သင့်ရှိနေပါပြီ။💪

🤔www.travels.com.mm မှာဘာတွေရနိုင်လဲ?
🛫ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ်များ (Nok Air, Thailion, Air Asia, Jetstar, MNA, MAI, TG, PG, Silkair စသည့်လေကြောင်းလိုင်းပေါင်း ၇၅၀ ကျော်)
🏘️ပြည်တွင်းပြည်ပ ဟိုတယ်အခန်းများ (ဟိုတယ်ပေါင်း သုံးသိန်းကျော်)
🚗ပြည်တွင်း ပြည်ပ ကားအငှား ၀န်ဆောင်မှု လုပ်ငန်းများ (၂ ယောက်စီးမှ ၄၅ ယောက်စီးအထိ)
🚌ပြည်တွင်း ဘတ်စ်ကားလက်မှတ်များ (Elite, JJ , Mandalarmin, Famous, etc)
🎫ကစားကွင်းလက်မှတ်များ (ဘန်ကောက်၊ စင်ကာပူ) အစရှိသဖြင့်
မိမိတို့ customerများ၏ လိုအပ်ချက်များကို one stop service အနေနှင့် တစ်ထိုင်တည်း အားလုံးကို လျင်မြန်စွာ ရောင်းချနိုင်ပါတယ်။

🤔ဘာကြောင့် www.travels.com.mm ကိုရွေးချယ်သင့်လဲ?
👍ရင်းနှီးငွေ ဒေါ်လာ ၂၀၀ (မြန်မာကျပ် ၃ သိန်းခန့်) ရှိရုံဖြင့် စတင်လို့ရပါပြီ။
👩‍🏫Online System ဖြစ်လို့ အသုံးပြုရလွယ်ကူပြီး သီးသန့် Training ပေးပါတယ်။
Cross Platform ဖြစ်တဲ့အတွက် internet ရှိတာနဲ့ ဘယ် device နှင့်မဆို အလွယ်တကူ အသုံးပြုလို့ရပါတယ်။
😎24/7 customer support system လည်းရှိတာဖြစ်တဲ့အတွက် အခက်အခဲတစ်ခုခုရှိတာနှင့် အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အသေးစိတ်ကို ဆက်သွယ်မေးမြန်းချင်တယ်ဆို
📞09 5148 458, 09 76 5148 458, 09 454800571

ရုံးတည်နေရာက
🏠အမှတ် (၁၆)၊ ပျဉ်းမလမ်း၊ ကြည်မြင်တိုင်၊ သီရိမင်္ဂလာဈေးဟောင်းအနီး၊ ရန်ကုန်။

Photos 27/01/2018

👉အသေးစား၊ အလတ်စား ကုမ္ပဏီများ ဘာကြောင့်ကိုယ်ပိုင် website တစ်ခုရှိထားသင့်သလဲ?

🤗သင့်အနေနှင့် တစ်နိုင်တစ်ပိုင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း အဖြစ်ကနေ တစ်ဆင့်တိုးတက်စေချင်ရင်တော့ ကိုယ်ပိုင် website တခုကို ဖန်တီးထားသင့်ပါသည်။ မျက်မှောက်ခေတ်မှာတော့ ကိုယ်ပိုင် website တည်ဆောက်ရတာ မခက်ခဲတော့သလို ငွေကြေးလည်း သိပ်မကုန်တော့ပါဘူး။ နောက်ပြီးတော့ သင့်အနေနှင့် ရှုပ်ထွေးတဲ့ နည်းပညာပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး ကျွမ်းကျင်နားလည်ထားဖို့ မလိုတော့ပါဘူး။ ကိုယ်ပိုင် website ဖွင့်ထားခြင်းဖြင့် သင့်ရဲ့ ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုကို စားသုံးသူတွေ သိရှိအောင် ကြော်ငြာနိုင်ဖို့ အကောင်းဆုံးသော စင့်မြင်တခုဖြစ်ပါသည်။

ကိုယ်ပိုင် website တည်ထောင်တားခြင်းရဲ့ ကောင်းကျိုးတွေ ထဲက အချို့ကိုလဲ အောက်မှာ ထုတ်နူတ်တင်ပြလိုက်ပါရစေ။ 👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

၁။ သင့်ရဲ့ စားသုံးသူက website တည်ထောင်ဖို့ မျှော်မှန်းထားခြင်း ။
ဒီအချက်က ထိပ်ဆုံးမှာကို ဖော်ပြသင့်တဲ့ အကြောင်းအရာဖြစ်ပါသည်။ အမှန်က စားသုံးသူက မျှော်လင့်ထားတယ်ဆိုတာကိုက website တည်ထောင်ဖို့ ၁၀၀% လုံလောက်နေပါပြီ။ လေ့လာတွေရှိ ချက်တွေအရ စာသုံးသူ ၁၀ ယောက်မှာ ၆ ယောက်ဟာဆိုရင်ဖြင့် ၄င်းတို့ သုံးစွဲမည့် ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မူ အကြောင်းကို ပိုမိုသိရှိနိုင်အောင် သက်ဆိုင်ရာ website တွေဟာ ၀င်ရောက်လေ့လာကြည့်ဖို့ စိတ်အားထက်သန်မူရှိနေကြပါသည်။
တကယ်လို သင့်မှာသာ ကိုယ်ပိုင် website တစ်ခု မရှိထားဘူးဆိုရင် စားသုံးသူတွေဟာ website တည်ဆောက်ထားတဲ့ ပြိုင်ဘက်တွေစီကို ရောက်သွားမည်ဆိုတာ သတိပြုထားသင့်ပါတယ်။

၂။ လူထုရဲ့ အင်တာနက် အွန်လှိုင်းကို သုံးစွဲမူ မြင့်တက်လာခြင်း။
ယနေ့ခေတ်အခါလိုမျိုး ဆက်သွယ်ရေးနည်းပညာ တဟုန်ထိုးတက်နေတဲ့ အခါမှာ အင်တာနက် အွန်လှိုင်း သုံးစွဲမူဆိုတာ ဟိုးခေတ်ကလိုမျိုး အင်တာနက် ကဖေး ကို တကူးတက အချိန်ပေးသွားထိုင်မှ ချိတ်ဆက်နိုင်တဲ့ အရာမျိုးမဟုတ်တော့ပါဘူး။ မိမိတို့ရဲ့ ဖုန်း ဒါမှဟုတ် Tablet ကနေ အချိန်မရွေး နေရာမရွေး ချိတ်ဆက် နိုင်နေပြီဖြစ်ပါသည်။ ဥပမာ ပြရမည်ဆိုရင် ရန်ကုန်လိုမျိုး မြိုပြမှာ နေထိုင်သူတွေရဲ့ အားလပ်ချိန်ရှားပါးပြီး သွားလာရခက်ခဲတဲ့ မြို့ပြမှာ စားသုံးသူဟာ မိမိအလိုရှိတာကို မိမိတိုရဲ့ ဖုန်း ကနေတဆင့် Google လို အွန်လိုင်း Search engine ကိုသုံးစွဲ ရှာဖွေမူ တွေလုပ်လာကြပါသည်။ အဲဒီကနေ တဆင့် သက်ဆိုင်ရာ website များကို ၀င်ရောက်ကြည့်ရူ လေ့လာတက်ကြပါသည်။
ဒါကြောင့် သင့်မှာ website တခု တည်ဆောက်မထားဖူးဆိုရင် အထက်ပါ အလားလာရှိတဲ့ စားသုံးသူမျိုးကို ဆုံးရူံးသွားမှာအသေအချာပင်ဖြစ်ပါသည်။

၃။ Facebook စတဲ့ ဆိုရှယ်မီဒီယာများမှာ ကုန်ပစ္စည်းကြော်ငြာမှုတွင် အကန့်အသတ်ရှိမူ
ယနေ့ခေတ်အခါတွေ ကုမ္ပဏီတော်တော်များများ ဟာ Facebook လို ဆိုရှယ်မီဒီယာက တဆင့် မိမိတို့ရဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မူကို ချပြကြော်ငြာပြီး ဆွဲဆောင်နေကြပါသည်။ အဆိုပါ နည်းလမ်းဟာ အလွန်ပဲ ထိရောက်ပေမယ့် ကြော်ငြာမှုဟာ အကန့်အသတ်တွေရှိနေပါသည်။ ကုန်ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မှုအကြောင်းကို အတွင်းကျကျ ပြည့်ပြည့်စုံစုံ သိချင်တဲ့ စားသုံးသူများအတွက် ဆိုရှယ်မီဒီယာ ဟာ အပြည့်အ၀ စိတ်ကျေနပ်မူ ပေးနိုင်လိမ့်မည် မဟုတ်ပါ။ အကောင်းဆုံး နည်းကတော့ website တခုတည်ဆောက်ပြီး Facebook လိုမျိုး ဆိုရှယ်မီဒီယာနဲ့ ချိတ်ဆက်ထားပေးလိုက် ခြင်းဖြစ်ပါသည်။

၎။ မိမိ website ဟာ မိမိရဲ့ ကိုယ်ပိုင် စင်မြင့်
သင့်အနေနှင့် သင့်ရဲ့ ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုနှင့် ပတ်သက်ပြီး တစ်ချို့လူတွေ အထူးသဖြင့် လူမှုကွန်ရက် ပေါ်မှာ မဟုတ်မမှန်သတင်းများကို ထင်မြင်ရေးသား ဖြန့်ဝေနေတာကို တားဆီးလို့ရမှာတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် သင့်မှာ ကိုယ်ပိုင် website တခုရှိထားမယ် ဆိုရင်တော့ အဆိုပါမဟုတ်မမှန် သတင်းကို မိမိရဲ့ ဆိုဒ်ပေါ်ကနေ တဆင့် တရားဝင်ကြေငြာချက်ထုတ်ခြင်း ၊ အရည်အသွေးကို သက်သေပြတဲ့ ဗီဒီယိုဖိုင်များ တင်ပြခြင်း စတဲ့ ခုခံချေပမှုတွေ လုပ်နိုင်ပါသည်။ တစ်နည်းဆိုရမည် ဆိုရင်တော့ ကိုယ်ပိုင် website တခုရှိထားခြင်းဟာ လုပ်ငန်းရှင်တစ်ယောက်အတွက်တော့ မိမိရဲ့ ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုနဲ့ ပက်သတ်ပြီး ထုတ်ဖော်တင်ပြ ကြော်ငြာနိုင်တဲ့ စွယ်စုံရ စင်မြင့်ထက် တခုဖြစ်နေပါတယ်။

၅။ သင့်ရဲ့ ၀န်ထမ်းတွေ အတွက်လဲ အကျိုးပြုမည့် အရင်းအမြစ် စင်တာ

Website တခုဟာ စာသုံးသူအတွက် အကျိုးရှိစေယုံသာမက သင့်ရဲ့ ၀န်ထမ်းတွေအတွက်လဲ အသုံးတည့်စေမည့် အရင်းအမြစ် စင်တာကြီး တခုဖြစ်နေပါသည်။ website မှာ တင်ထားတဲ့ ကုမ္ပဏီ ရဲ့ Vision ၊ Mission objective များကို လေ့လာနိုင်သလို ကိုယ့်ရဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မှုနဲ့ပတ်သတ်ပြီး ပိုမိုသိရှိနားလည်အောင် အမြဲတစေ သင်ယူလေ့လာနိုင်တဲ့ အရင်းအမြစ် စင်တာကြီး ဖြစ်နေပါသည်။

နောက်ဆုံးအချုပ်ဆိုရမယ်ဆိုရင် ကိုယ်ပိုင် website တစ်ခုရှိထားခြင်းက လုံးဝ အရှုံးမရှိတဲ့အပြင် ကမ္ဘာဈေးကွက်ကို သွားဖို့ ခြေတစ်လှမ်းဖြစ်စေပါတယ်။

IT နှင့်ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးချင်တယ်ဆို GEM Technology ကို ဆက်သွယ်ဖို့ ဖိတ်ခေါ်ပါရစေ။
GEM Tech က Website ရေးသားခြင်း၊ E-commence၊ Mobile Application၊ Website Email Account၊ Customer Data Base စတဲ့ ၀န်ဆောင်မှုများကို သင့်တင့်သော ဈေးနှုန်း၊ မြန်ဆန်သော ၀န်ဆောင်မှုနှင့် ဆောင်ရွက်ပေးနေပါပြီ။

📞09 450 126 397, 09 76 5148 458
🏠အမှတ် (၁၆)၊ ပျဉ်းမလမ်း၊ ကြည်မြင်တိုင်၊ သီရိမင်္ဂလာဈေးဟောင်းအနီး၊ ရန်ကုန်မြို့။

Photos 22/01/2018

💡IT ခေတ်ကြီးထဲမှာ ကိုယ့်ကုန်ပစ္စည်း နှင့် ၀န်ဆောင်မှုတွေကို သမာရိုးကျပဲရောင်းနေတော့မှာလား? 🤔ဘယ်လိုဆန်းသစ်တဲ့နည်းတွေနှင့်ရောင်းကြမလဲဆိုတာကို စဉ်းစားရကျပ်နေပြီလား? GEM Technology ကကူညီပေးပါရစေ…😎

💁‍♀️GEM Tech က ယခုလက်ရှိမှာ အလတ်စားလုပ်ငန်းတွေနှင့် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းတွေအတွက် IT နည်းပညာတွေကို အသုံးပြုပြီး လုပ်ငန်းတိုးတက်အောင် ဆောင်ရွက်ပေးနေပါတယ်။

GEM Tech မှရရှိနိုင်တဲ့ ၀န်ဆောင်မှုတွေက
💻Website ရေးဆွဲခြင်း
💻Mobile Application ရေးဆွဲပေးခြင်း
💻Online Shopping များအတွက် E-commerce Web Portal များ
💻စားသောက်ဆိုင်များအတွက် Table Reserve နဲ့ Online Order & Delivery များလုပ်ဆောင်နိုင်သော Web Application များ
💻page ထောင်ခြင်းနဲ့ Boost လုပ်ခြင်းများ
💻Vinyl / Poster / Flyer/ Pamphlet Design များ
💻Website Email Account များဖွင့်ပေးခြင်း
💻Customer Database များတည်ဆောက်ပေးခြင်း
💻IT နှင့် ပတ်သက်ပြီး အကြံပေးဆွေးနွေးပေးခြင်း

စတဲ့ဝန်ဆောင်မှုများအပြင် IT နှင့်ပတ်သက်သော အမျိုးမျိုးသော ၀န်ဆောင်မှုများကို ပေးနေပါပြီ။

အသေးစိတ်ကို
📞09 76 5148 458, 09 450 126 397 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ရုံးလိပ်စာက
🏠အမှတ် (၁၆)၊ ပျဉ်းမလမ်း၊ ကြည်မြင်တိုင်၊ သီရိမင်္ဂလာဈေးဟောင်းအနီး၊ ရန်ကုန်မြို့။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No 16/A, Pyinma Street, Kyimyindine Township
Yangon

Opening Hours

Monday 09:30 - 18:00
Tuesday 09:30 - 18:00
Wednesday 09:30 - 18:00
Thursday 09:30 - 18:00
Friday 09:30 - 18:00
Saturday 09:30 - 14:00