Media Ribbon Publishing House
Online Book Store in Yangon
၃ အောက် ၂၀၁၇ ညနေ ၆နာရီခန့်က မြန်မာမှုဒီဇိုင်းဆရာကြီး ဦးအေးမြင့် ၈၈နှစ်ကွယ်လွန်ကြောင်း ကြားသိရတဲ့အတွက် Media Ribbon Publishing House ကကျန်ရစ်သူဆရာကြီးရဲ့ မိသားစုနဲ့ အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲမိပါတယ်။
ကိစ္စကိုမနက်ဖြန် နေ့ လယ် ၂နာရီ စီစဉ်ထားကြောင်းသိရပါတယ်။
09/03/2017
“ဘဝဓားသွားပေါ်က ခါးသီးတဲ့ပျားရည်စက်”(နောက်ဆုံးအပိုင်း)
ရေးသူ။ ။ဦးသိန်းသန်းဦး (မြန်မာနိုင်ငံရှေ့နေများကွန်ရက်)၊
SPEAKER Journal Vol.(1) No(15) March (2 – 8) 2017
“ထက်မြက်တဲ့ဓားသွားပေါ်ကချိုချိုမြမြပျားရည်စက်” စာအုပ်က နောက်တစ် ချက်ပေးလိုက်သည့် ‘အသိ’ မှာ ကျွန်တော့်အတွက် အဖိုးတန်လှသည်။ စစ်
အစိုးရအဆက်ဆက်ကျောင်းသားလှုပ်ရှားမှုများကို အရောင်အ အမျိုးမျိုးဆိုး၊ တံဆိပ်အမျိုးအမျိုးကပ်သည်က ထုံးစံ။ ၁၉၇၄ ဦးသန့်အရေးအခင်းကို ‘ပြည်ပြေးအဖျက်သမား လှုပ်ရှားမှု’၊ ၁၉၇၅ ကျောင်းသားသပိတ်ကို ‘ဗကပဩဇာခံများ’၊ ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသားအရေးတော်ပုံ ကို ‘ဆူပူလှုံ့ဆော်သူကျောင်းသားဆိုးများ’ဟု အမည်တပ်ခဲ့သည်။ ဤသည်မှာ စစ်အာဏာရှင်တို့၏လုပ်ရပ်သာ ဖြစ်ပြီး ဖဆပလ အစိုးရမပါဟု အထင်ရောက် ခဲ့သည်။ အရပ်သားအစိုးရ၊ ဒီမိုကရေစီအစိုးရ၊ ဝန်ကြီးချုပ်ဦးနု အစိုးရကိုး။
သို့ရာတွင် ဤစာအုပ်ဖတ်ရတော့ ဝန်ကြီးချုပ်ဦးနုက တက္ကသိုလ်သမဂ္ဂတက်ကြွ လှုပ်ရှားသူ ‘မောင်သိန်းလှိုင်ခေါ်အက်ဒီဟုတ်ဝမ်အား ကျောင်းသား လှုပ်ရှားမှု များတွင်မပါဝင်အောင် ထိန်းပေးနိုင်လျှင် ဖခင်ဦးဟုတ်ဝမ်ကို ဆီစက်လိုင်စင် ချပေးမည်ဟု ဖြားယောင်းသည်ကိုတွေ့ရသည်။ ဦးဟုတ်ဝမ်ကလက်မခံ…။
ထို့အတူဆရာဝန်မောင်သိန်းလှိုင်က အလုပ်သင်ဆရာဝန်တွေ လစာရဖို့ ဦးဆောင်စည်းရုံးပြီး ရန်ကုန် ဆေးရုံကြီးတွင်ဆန္ဒပြသည်။ အစိုးရတာဝန်ရှိသူ များက မောင်သိန်းလှိုင်ကိုအကျပ်ကိုင်ပြီး ယခုလှုပ်ရှားမှုများမှာ တောတွင်း ဗကပတို့၏ညွှန်ကြားစေခိုင်းချက်အရ လုပ်ရပါသည်ဟု လက်မှတ်ထိုးပေးလျှင် အလုပ်သင်ဆရာဝန် များကိုလခပေးမည်ဟုဆိုသည်။ မောင်သိန်းလှိုင်ခမျာ မျက်ရည်စက်လက်နှင့် လက်မှတ်ထိုးပြီး အလုပ်သင်ဆရာ ဝန်များအတွက် သူ့နိုင်ငံရေးဘဝကို နင်းခြေဖျက်ဆီးစတေးပေးလိုက်ရသည်။ ရက်စက် ယုတ်မာလှပါတကား။ အာဏာရှင်ဟူသည် အရပ်သားဖြစ်ဖြစ်၊ စစ်သားဖြစ်ဖြစ် တစ်သွေးတည်း၊ တစ်ရောင်တည်းပါတကား။
ဤစာအုပ်နှင့်ကျွန်တော့်ပဌာန်းဆက်ကို ပြောချင်ပါသေးသည်။ ကာယကံ ရှင်ဒေါက်တာသိန်းလှိုင်ကို ကျွန်တော်သိသည်။ စာရေးသူဗိုလ်ညိုမှာ ရဲဘော်၊ လုပ်ဖော်ကိုင်ဖက်၊ ‘ဓားသွား’သုံးတွဲလုံးစုပေါင်းထုတ်ဝေသည့် “စန်းယု”(ကျွန်တော်တို့ကစန်းပုဟုခေါ်သည်)မှာ ၁၉၈၉-၉၀ စစ်အာဏာရှင် ဆန့်ကျင်ရေး မန္တလေးကျောင်းသား တိုက်ပွဲ၊ လူထုတိုက်ပွဲများတွင် ဦးဆောင် ပါဝင်ခဲ့သူ။ ထိုစဉ်ကာလ သူဟာ ဗကသ(အထက်ဗမာပြည်) အထွေထွေ အတွင်းရေးမှူးထင်သည်။
ကျွန်တော့်ကိုဖမ်းမိတော့ ထောက်(၁)မှာ သူနှင့်ပတ်သက်ပြီး သုံးရက်ဆော် ပလော်တီးခံရသည်။ ကျွန် တော်ကသူ့ကို နာမည်သာသိသည်။ လူမမြင်ဖူးဘူး။ အီကြာကွေး၊ဒူး၊တံတောင်၊ကျင်စက်၊အစာဖြတ်၊ရေဖြတ် စသည်ဖြင့် ဗိုလ်ခင် ညွန့် ပါးကွက်သားများက နည်းလမ်းပေါင်းစုံသုံး ညှင်းပန်းသည်။ တတိယ ရက်ရောက်တော့ ကျွန်တော်ကလက်မရွံ့များကို ရေတိုက်လျှင် စန်းယု အကြောင်းပြောမည်ဟု ပြောလိုက်သည်။ ထောက်များက ဝမ်းမြောက်ဝမ်း သာဖြင့် ရေသာမကကော်ဖီနှင့် မုန့်လုံးကြီးကြော်များပါကျွေးသည်။ ကျွန်တော်က ထောင်အခေါ် အဝေါ် (Bread Dawn ကာလမို့) ရေမတိုက်၊ အစာမကျွေးသည့်ကာလမို့ ရေတစ်ပေါက်၊ ထမင်းတစ်လုတ်မရ သည်မှာ ၁၀ ရက်ရှိပြီ။
ကျွန်တော်က ရေကိုကရားအိုးဖြင့် နှစ်အိုးတိတိတောင်းသောက်သည်။ ရေဓာတ်ချို့ယွင်း သဖြင့် လျှာမှာသစ်သားချောင်းပမာ ဖြစ်နေ၏။ ပြီးတော့မှ စန်းယု အကြောင်းပြောသည်။ စန်းယုမိသားစုက ၇၃ မင်္ဂလာလမ်းတွင် တည်းခိုခန်း ပိုင်ကြောင်း၊ စန်းယုအခု ဗရိုင်ရှန်နွားမွေးမြူရေးလုပ်ကြောင်း၊ သူ့မိန်းမကစိန်ပွဲ စား လုပ်သည်ဟုကြားကြောင်း စသည်ဖြင့် စီကာပတ်ကုံးပြောသည်။ ထောက် က “မင်း ဘယ်စန်းယု ပြောတာလဲ”ဟု မေး၏။ “ဗိုလ်ချုပ်ကြီးစန်းယုလေ ကျွန်တော်ကသူ့ပဲသိတာ”။ တပ်ကြပ်ကြီး စစ်မင်းဆိုသည့်ငတိက ပါးရိုက်လိုက် ရာမျက်မှန်လွင့်စင်သွားသည်။ နောက်အုပ်စုလိုက်ဝိုင်းသမကြပြီး ရေညာသောက်သည်ဆိုကာ ကျောကုန်းကိုဖ နောင့်ဖြင့်ပေါက်ကြသည်။ ရေတွေအန်ထွက်သည်။ ဤကား စန်းယုနှင့်ကျွန်တော် ပဌာန်းဆက်။
ထောင်ထဲရောက်ပြီးမကြာမီ ဒင်းရောက်လာတော့မှ ဇာတ်ပေါင်းမိကြသည်။ ယခုအနှီ စန်းပုက ဓားသွား ကိုစုပေါင်း ထုတ်ဝေခဲ့သည်။ ဤစာအုပ်ကို ဖတ်၍ နှောင်းခေတ်ဆရာဝန်များ ဒေါက်တာသိန်းလှိုင်နမူနာကိုယူကာ ဖဝါးခြေထပ် ပြည်သူကိုအလုပ်အကျွေးပြုကြပြီဆိုလျှင် ရေးသူရော၊ထုတ်ဝေသူပါ မြတ်စွန်းလှပါပြီ။ ဆရာသိန်း လှိုင်လို နှလုံးလှဆရာဝန်များ အများအပြားပေါ်ထွန်းလာပါစေ….။
(ပြီးပါပြီ။)
07/03/2017
“ဘဝဓားသွားပေါ်က ခါးသီးတဲ့ပျားရည်စက်”(အပိုင်း-၂)
ရေးသူ။ ။ဦးသိန်းသန်းဦး (မြန်မာနိုင်ငံရှေ့နေများကွန်ရက်)၊
SPEAKER Journal Vol.(1) No(15) March (2 – 8) 2017
နိုင်ငံတကာဝါဒကိုအကောင်အထည်ဖော်သွားသော တော်လှန်ရေးသမား ဆရာဝန်တစ်ဦး၏ဘဝ။ စပိန် ပြည်တွင်းစစ် ဖက်ဆစ်ဖရန်ကို တပ်နီတော် တပ်သားများက ဖက်ဆစ်ဂျပန်တို့နှင့် ရင်ဆိုင်အတွေ့ လှံနှင့်ထိုးတိုက်ရာ တွင် မော်စီတုန်းနာမည်မကြွေးကြော်၊ ချူအင်လိုင်းနာမည် မကြွေးကြော်၊ “ပိုင်ချူအင်”ဆိုသည့် တရုတ်ဘာသာ ဖြင့် ဗက်သွန်းအမည်ကိုကြွေးကြော် စစ်ထိုးခဲ့ကြသည်။
ဗက်သွန်းကွယ်လွန်တော့ တရုတ်ပြည်သူအားလုံးငိုကြွေးခဲ့ကြသည်။ ဥက္ကဌမော်က ‘ဒေါက်တာဗက် သွန်းအတွက် တရုတ်ပြည်သူသန်း ၇၀၀ ရဲ့မျက်ရည်တွေနဲ့ငိုကြွေးနေရုံနဲ့ သူ့ဂုဏ်ပုဒ်ကိုမီမယ်မထင်ဘူး။ သမုဒ္ဒရာ ခုနစ်စင်းပြည့်အောင် ငိုကြွေးရင်လည်းမလုံလောက်နိုင်ဘူး”ဟုပြောသည်။ ကျွန်တော်မှားခဲ့ပြီ။ ဗက်သွန်းလိုဆ ရာဝန်မဖြစ်နိုင်တော့။ ပဲခူးရိုးမတစ်နေ ရာတွင်ကျဆုံးခဲ့သော သူရဲကောင်းဆရာဝန် ဒေါက်တာနက်(ခ)ရဲဘော် ထွန်းမောင်လို တော်လှန်ရေးသမားဆရာဝန် မဖြစ်နိုင်တော့။ ဒါက ‘ပထ မနောင်တ’….။
ဒုတိယအကြိမ် ဆရာညီပုလေးရဲ့ “ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်”စာအုပ်ထူကြီး။ ညီ ပုလေးကို ကျွန်တော်က’ဗိုလ်ညို’ဟုခေါ် သည်။ ဗိုလ်ညိုကတစ်အုပ်ချင်းလက်ဆောင်ပေးသည်။ ကျွန်တော်တို့က သူ့ အမေနှင့် နိုင်ငံရေး သွေးသားရင်းချာများ။ ဗိုလ်ညိုနှင့်လည်း ဒီဖက်ခေတ်မှာ လုပ်ဖော်ကိုင်ဖက်ဖြစ်ပါသည်။ “လမင်းရဲ့ချိုသာတဲ့လက်ခုပ်သံ”မှာ သူ့ကို ဝတ္ထုရှည်ဆရာအဖြစ် အသိအမှတ်ပြုပါသည်။ အနှီ”ဓားသွား”စာအုပ် ကတော့ ကျွန်တော်အကြိုက်ဆုံး ဝတ္ထုရှည်များစာရင်းတွင် သွင်းလိုက်နိုင်ပါပြီ။
ဒေါက်တာသိန်းလှိုင်ကို ကျွန်တော်တို့ဆေးတက္ကသိုလ်ကျောင်းသား ဘဝကတည်းက ပုံပြင်သဖွယ်ကြား ဖူးနေသည်။ နာဂသိန်းလှိုင်ဟုခေါ်သည့် အကြောင်း၊ ထိုဆရာဝန်က ခေါင်းကိုအပေါင်ထား၍ ကုပ်ပေါ်မိုးထား သည့် ဓားအောက်တွင် လည်ပင်ကြီးရောဂါခွဲပေးသည့်အကြောင်း၊ သို့ရာတွင် ထိုအချိန်က ဆေးပညာလောက တွင် ဆရာသိန်းလှိုင်ကို ဗျူရိုကရက်ဆရာဝန် ကြီးများက စိတ်မမှန်သူလို့ သဘောထားခဲ့ကြသည်။ နောက်ဆရာ ကြီး မန္တလေးသို့ မီးရထားဆရာဝန်ကြီးအဖြစ်ရောက် လာကြောင်းကြားရ သည်။ မေမြို့တွင်လူနာတွေ ခွဲစိပ်ပေး နေသည့်အကြောင်း စသည် စသည်….။
ဗိုလ်ညို၏စာအုပ်လက်ဆောင်ရတော့ ဝမ်းသာအယ်လဲဖတ်မိသည်။ လက်ကမချနိုင်တော့…။ တစ်တွဲပြီး တစ်တွဲ မျှော်ရသည်။ အားလုံးဖတ်ပြီးတော့ ဘဝတွင် ဆရာသိန်းလှိုင်လို ပြည်သူကို အမှန်တကယ်အလုပ် အ ကျွေးပြု သည့်’နှလုံးလှဆရာဝန်’မျိုး ကျွန်တော်မဖြစ်နိုင်တော့ပြီဟု ဒုတိယ အကြိမ်နောင်တရသည်။
ဗိုလ်ညိုရေးခဲ့သည့်”မြေးသူကြီး”ကမူလတန်းအဆင့်ဖြစ်ပြီး ဒီစာအုပ် ကတော့သူ၏ ဂန္ဃဝင်မြောက်လက် ရာ (Masterpiece)ဟု ဆိုချင်သည်။ ပရော်ဖက်ရှင်နယ်သမားတစ်ဦးကို အပျော်တမ်းကစားသမားက အကဲဖြစ်ရ တာတော့ အားနာပါသည်။ စာအုပ်အကြောင်းအရာနှင့် ဆရာသိန်းလှိုင်၏ ကြမ်းတမ်းပြင်းထန်လှသည့်ဘဝက သယ်သွား၍ထင်သည်။ ဗိုလ်ညိုရေးဟန် သွက်လက်ပြီးပြောင်းသွားသည်။ ရွှန်းစိုချိုမြနေသည်။ ဆရာသိန်းလှိုင်၏ အချစ်ခရီး၊ အိမ်ထောင်ရေး၊ ပုဂ္ဂိုလ်ရေးခံစားချက်များကတော့ မှိန်ဖျော့နေ၏။ အထူးသဖြင့် ဆရာသိန်းလှိုင်၏ဖ ခင်ကြီးအခန်း အနည်းငယ်မျှသာ ပါဝင်သော်လည်း ဇာတ်ကောင်စရိုက် ပြိုးပြက်ထိုးထွက်နေသည်။ ကာယကံ ရှင် ပြောသမျှအပေါ် မျောပါသွားသဖြင့် ရသဟန်ရင်ခုန်သံအချို့တော့ ပြယ်နေ သည်ဟုတော့ဆိုချင်ပါသည်။ ဒီစာအုပ်သည် လှပသောအဆိပ်ပန်းများမ ဟုတ်။ ပြည်သူ့ဆရာဝန် နှလုံးလှဆရာဝန်ဆိုတာ ဒါပဲဟေ့ဟု လက်ခ မောင်းခ တ်ပြနိုင်သည့် စာအုပ်ဖြစ်သည်။
အပိုင်း - ၃ နောက်ဆုံးအပိုင်းတွင်ဆက်ဖတ်ပါ။ တကယ့်ဇာတ်လိုက်အကြောင်းက အပိုင်း-၃ နဲ့ဇာတ်သိမ်း ထားလို့ပါဗျ။
ဆရာနန္ဒာစိုး [ဆင်ဖြူကျွန်း] ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် Media Ribbon Publishing House မိသားစုမှ ကြေကွဲမဆုံးပါ ဆရာ...
07/03/2017
“ဘဝဓားသွားပေါ်က ခါးသီးတဲ့ပျားရည်စက်”
ရေးသူ။ ။ဦးသိန်းသန်းဦး (မြန်မာနိုင်ငံရှေ့နေများကွန်ရက်)၊
SPEAKER Journal Vol.(1) No(15) March (2 – 8) 2017
ဖော်ဖော်ဝါရီ ၁၂ ရက်ကမန္တလေးမြို့ မြဝတီကျောင်းတိုက်တွင်ကျင်းပသော “မြောက်ပိုင်းအေဘီ လူသတ်ပွဲကြီး အတွင်း ကျဆုံးရဲဘော်များ အောက်မေ့ဖွယ်အခမ်းအနား”တက်ရောက်ခဲ့သည်။ ကျွန်တော်က “လူသတ်ဝါဒ ကျဆုံးပါစေ”ခေါင်းစဉ်ဖြင့် ပါဝင်တင်ပြခဲ့သည်။ နောက်ရက် ၁၃ ရက်တွင် မန္တလေးလူထုနေရာ၌ ဆရာညီပုလေး ၏စာအုပ်”ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်”ဆုပေးပွဲအခမ်းအနားတွင် မုဒိတာ စကားပြောရမည်။ သို့ရာတွင် ၁၂ ရက်ညကတည်းက အပြင်းဖျားပြီး ၁၃ ရက်မနက်တွင်ဆေးရုံပေါ် ရောက်သွား သည်။ ခေါင်းမထောင်နိုင်သဖြင့် ဖုန်းဆက်အကြောင်းမကြားနိုင်။ အခမ်းအနားလည်းမတက်တော့။ ကျွန်တော် ပြောချင်သည် များကိုရေးလိုက်ပါပြီ…..။
ကျွန်တော် ၁၉၆၉ ခုနှစ်မတ်လတွင် ဆယ်တန်းအောင်ပြီး ၁၉၆၉ ခုနှစ် စက်တင်ဘာ ၁ ရက် တွင်မန္တလေးဆေးတက္ကသိုလ်စတက်သည်။ ဆရာဝန်မဖြစ်ခဲ့။ ၁၉၆၉ ခုနှစ်တွင် ဆေးတက္ကသိုလ်တက်ရောက်ပြီး ၁၉၈၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (စာပေးစာယူသင်တန်းမှ) ရူပဗေဒဖြင့် သိပ္ပံဘွဲ့ရသည်။ ၁၉၈၃ ခုနှစ်တွင် အထက်တန်းရှေ့နေအဖြစ် စတင်လိုက်ပါသည်။ နိုင်ငံတော်အစိုးရမင်းများကမူ သူပုန်အဖြစ် သတ်မှတ်ပြီး “နရသိန်စံအိမ်တော်”တွင် နှစ်ရှည်လများ စောင့်ရှောက်ထားသည်။
ဆရာဝန်မဖြစ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဘဝတွင်တစ်ကြိမ်မှ နောင်တမရခဲ့ဘူး။(စာအုပ်နှစ်အုပ်မ ဖတ်ရသေးခင် အချိန်ထိ) စာပေအနုပညာစိတ်ဝင်စားသော်လည်း ဆရာဝန်စာရေးဆရာများ စိတ်မဝင်စား။ သူတို့၏ ဆေးပညာဝတ္ထုများကိုမကြိုက်။ ဒေါက်တာမောင်သင်ကိုပင် “တူပျော်ပျော်ဘယ်ခါ”ဝတ္ထု ဖတ်ရတော့မှ မောင်သင်ဟု အသိအမှတ်ပြုခဲ့သည်။ မန္တလေးဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ကော်မတီဝင်အဖြစ် (၁၉၇၁) ဒု တိယအကြိမ်နှင့် တတိယအကြိမ် မဂ္ဂဇင်းကိုင်ခဲ့ရသည်။ ထိုကာလများကလည်း မဂ္ဂဇင်းတွင် ဆေးပညာပေးများ ပါလာလျှင် ကျွန်တော်မဲမပေးခဲ့။ ခေတ်ကိုဖော်ကျူးထင်ဟပ်သည့် ခေတ်ပြိုင်စာများသာ ရွေးချယ်ခဲ့သည်။
၁၉၇၄-၇၅-၇၆ ကျောင်းသားသပိတ်၊ အလုပ်သမားသပိတ်ကြီးများကို ဖြတ်သန်းပြီး ကျွန်တော် အင်းစိန် တောရတွင် ခုနစ်နှစ်တက်ရောက် ပညာသင်ကြားခွင့်ရသည်။ ထိုစဉ်က အင်းစိန်ထောင်ဆရာဝန်ကြီးမှာ ဒေါက်တာသန်းထွန်းဖြစ်သည်။
အလွန်သဘောကောင်းပြီး ကျောင်းသားလူငယ်များကို ဂရုစိုက်သည်။ ဆေးတက္ကသိုလ်ကျောင်းသား များကို တတ်နိုင်သမျှကူညီသည်။ သူ့ထံဆေးရုံတက်စဉ် စာအုပ်တချို့ဖတ်ရရာ O’ Henery’s Amrican Scence စာအုပ်ပါလာသည်။ နောက်စာအုပ်မှာ ကျော်အောင်ဘာသာပြန်သည့် “နှလုံးလှဆရာဝန်”ဖြစ်သည်။ တရုတ် ပြည်တော်လှန်ရေးတွင် အသက်စွန့်အလုပ်အကျွေးပြုခဲ့သော ကနေဒါနိုင်ငံသား ဒေါက်တာ နော်မန်ဗက်သွန်းအ ကြောင်းဖြစ်သည်။ ထိုစာအုပ်ကို ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ကြွေးကြော်သံ ဗမာပြည်သူ့အသံမှ လွှင့်သည်။ ကျွန်တော်စိတ်မဝင်စား။ ယခုဖတ်ရပြီ။ ဘာသာပြန်ကလည်းကောင်းတော့ လက်ကမချနိုင်တော့။
(ဆက်လက်ဖော်ပြပါမည်)
07/03/2017
လူထုစာအုပ်ဆိုင်
၈၄ လမ်းနဲ့ ၃၃ လမ်းဒေါင့်
ရွှေမန္တလေးမြို့ မှာဝယ်လို့ရပါပြီ
07/03/2017
ပထမနဲ့ဒုတိယအကြိမ်တွေမှာမရလိုက်သောစာပေချစ်သူများ
ဆုတွေရလွန်းလို့သတိထားမိပြီးမှစာအုပ်ဝယ်မရသောစာဖတ်ချင်သူများ
ဘာများကောင်းလို့လဲကွာဆိုပြီးခပ်ထေ့ထေ့နဲ့ကြိတ်ခိုက်နေသောသူများ စသည်ဖြင့်ပေါ့
မနက်ဖြန်နေ့ခင်းဖက် လူထုကြီးပွားရေးစာအုပ်တိုက်မှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါလိမ့်မယ်လို့...
အဲလာပြောတာပါ..,
ဘာလားလို့မမေးကြေးနော်။
ဆေးဘက်ဆိုင်ရာကျောင်းအသီးသီးက ကျောင်းသားသမဂ္ဂများအတွက် အထူးအစီအစဉ်နဲ့ ရောင်းပေးချင်လို့
Media Ribbon Publishing House
09 420084736 ကိုဖုန်းဆက်ပြီးစုံစမ်းနိုင်ပါတယ်ဗျ။
24/02/2017
လိုက်ခဲ့ဖို့ခေါ်ချင်ပါတယ်
သို့မဟုတ် သင်တို့ရဲ့ စာအုပ်အ၀ယ်တော်
၂၆.၂.၁၇ တွင်ဖွင့်လှစ်တော့မယ့် Yangon Book Plaza ကြီးထဲတွင် WE Distribution ရဲ့ ဆိုင်ခန်းလည်း ပါရှိပါတယ်။ စာအုပ်တိုက်ပေါင်းစုံက စာအုပ်ပေါင်းစုံကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
WE Distribution စာအုပ်ဆိုင်ကတော့ အခြားစာအုပ်ဆိုင်တွေနဲ့မတူဘဲ နည်းနည်း ထူးခြားတာလေးတွေ ရှိပါသေးတယ်။
Yangon Book Plaza ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် YBP မှာ ပါဝင်တဲ့ စာအုပ်တိုက် ၃၀ ကျော်တို့က အနည်းဆုံး ၁၀%ကနေ ၅၀% ထိ လျှော့ဈေးတွေနဲ့ ၂၆.၂.၁၇ မှ ၇.၃.၁၇ ထိ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Yangon Book Plaza မှာ အခါအားလျှော်စွာ စာအုပ်ဈေးလျှော့ရောင်းချခြင်း၊ စာရေးသူများ အမှတ်တရ လက်မှတ်ရေးထိုး ရောင်းချခြင်း၊ မိတ်ဆက်ပွဲတို့လည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။
လောလောဆယ်မှာကိုပဲ ၄.၃.၁၇ မှာ ဆရာနေဘုန်းလတ်ရဲ့ စာအုပ်မိတ်ဆက်ပွဲအဖြစ် စာအုပ်လက်မှတ်ရေးထိုးခြင်း၊ စာအုပ်ဈေးလျှော့ခြင်းတို့နဲ့အတူ ကျင်းပမှာ ဖြစ်သလို၊ ၁၂.၃.၁၇ ရက်မှာ ဦးဝင်းတင် မွေးနေ့ စာပေပွဲတော်၊ ၁၈.၃.၁၇ မှာ မြန်မာဝတ္ထုတိုရာပြည့်ပွဲတော်တို့ ကျင်းပသွားဖို့ ရှိနေပါတယ်။
ဝတ္ထုတိုရာပြည့်ပွဲတော်မှာဆိုရင် စိတ်ကူးကူးချိုချို၊ မဟာစာပေနဲ့ ငါတို့စာပေ တိုက်ထုတ် ၀တ္ထုတိုပေါင်းချုပ်စာအုပ်အားလုံးကို ၃၀%လျှော့ ရောင်းချပေးမှာ ဖြစ်ပါတယ်။
ဆိုတော့ကာ အဆိုပါ ပွဲကြီးပွဲကောင်းတွေကို မြန်မာတစ်ပြည်လုံးက စာပေချစ်သူတွေလည်း ပါဝင်ဆင်နွှဲချင်ကြမယ်လို့ ယုံကြည်ပါတယ်။
Yangon Book Plaza မှာ ကျင်းပမယ့် ပွဲတိုင်းကို WE Distribution ကနေ လူကြီးမင်းတို့ကိုယ်စား စာအုပ် အ၀ယ်တော် အဖြစ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အထူးလျှော့ဈေးများ၊ စာရေးဆရာ အမှတ်တရ လက်မှတ်များ ရရှိသွားအောင် ၀န်ဆောင်မှူပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် YBP ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး စာအုပ်တွေရွေးချယ်ကာ မိမိတို့ ချစ်ရခင်ရသူတွေဆီ လက်ဆောင်ပေးပို့လိုပါကလည်း WE Distribution ကောင်တာကနေ တစ်ဆင့် မြန်မာတစ်ပြည်လုံးကို ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
လူကိုယ်တိုင် လာရောက်ဖို့ အဆင်ပြေသူများအနေနဲ့လည်း လမ်းမတော် သံဈေး ငါးလွှာမှာရှိတဲ့ Yagon Book Plaza ကို တစ်ခေါက်တစ်ခါ အရောက်လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Yangon Book Plaza အကြောင်း အသေးစိတ် သိရှိလိုသူများအနေနဲ့လည်း အောက်ပါလင့်ကို သွားရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/yangonbookplaza/
13/02/2017
Media Ribbon Publishing House အတွက်ဂုဏ်ယူဖွယ်စီစဉ်ထုတ်ဝေမှုမှာ သဟာယစာပေဆု တက်ရောက်လက်ခံရယူပေးတဲ့ ဆရာညီပုလေးအား အထူးကျေးဇူးတင် ဂုဏ်ပြုပါတယ်
04/02/2017
Media Ribbon Publishing House ကစီစဉ်တဲ့ ကျွန်တော့်ရဲ့ဒီစာအုပ် Yangon Book ပလာဇာရဲ့ ၂၀၁၆ လက်ရွေးစဉ် ၁၂ အုပ်ဆု အဖြစ်ရွေးချယ်ခံရပါတယ်။ ဒီဆုကို ဆရာညီပုလေး တက်ရောက်လက်ခံရယူပေးပါတယ်။ ဂုဏ်ယူပါတယ်ဆရာခင်ဗျား
15/01/2017
အိပ်ယာနိုးကတည်းက အပေါ်နှုတ်ခမ်းတွေလှုပ်နေလို့ သတင်းကောင်းမျှော်မိတုန်း မိုးကုတ်ကဖုန်းဆက်ပါတယ်။ ကျွန်တော့်ရဲ့ Media Ribbon Publishing House ကထုတ်ဝေတဲ့ဒီစာအုပ် မိုးကုတ်မြို့ သဟာယစာပေဆု အဖြစ်ရွေးချယ်ခံရပါ တယ်ဗျာ။ ပျော်လိုက်တာဗျာ။ ဆရာညီပုလေး၊မျက်နှာဖုံးပုံရိုက်ပေးတဲ့ Andy၊ အဖုံးဒီဇိုင်းလုပ်ပေးတဲ့ မိုးမြင့်စံ၊ ထုတ်ဝေမှုရပ်သွားသော Treasure Land မဂ္ဂဇင်းမှအဖွဲ့သားများ၊ ကျွန်တော့်အကို ဒေါက်တာနေဝင်း(မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး) ဖြန့်ချိပေးတဲ့မျိုးဆက်သစ်စာပေနဲ့ လူထုကြီးပွားရေးစာအုပ်တိုက်၊ ကိုဇော်ကြီးရဲ့ Colour Zone ပုံနှိပ်တိုက်၊ စာအုပ်ချုပ်ပေးတဲ့ ကိုရဲထွန်း၊ ပါဝင်ပတ်သက်ကြသူအားလုံးနဲ့ စာပေချစ်သူများအား အထူးပဲကျေးဇူးတင်မှတ်တမ်းပြုပါတယ်။
03/12/2016
- အာဏာရှင်စနစ်ဆိုးတွေဟာ
လူယုတ်မာတွေကိုမွေးဖွားပေးသလို သူရဲကောင်းတွေကိုလည်း တပြိုင်တည်းပေါ်ထွန်းစေပါတယ်။
- ဦးနေဝင်းရဲ့တစ်ပါတီအာဏာရှင်စနစ်ဆိုးအောက်မှာ
ဗိုလ်ကြီးအုန်းကျော်မြင့်လိုသူရဲကောင်းတွေပေါ်ထွန်းလာသလို
ဒေါက်တာသိန်းလှိုင်လိုဆရာဝန်လူစွမ်းကောင်းတွေကိုလည်းမွေးထုတ်ပေးခဲ့တယ်။
- ဆရာညီပုလေးရဲ့"ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်"မှာတော့
ဒေါက်တာသိန်းလှိုင်ဘယ်လိုလူ၊ဘယ်လောက်စွမ်းပြီး၊ဘယ်လိုကောင်းတယ်ဆိုတဲ့ အကြောင်းတွေ သိအောင်ရေးထားတာထက်၊ စနစ်ဆိုးအောက်က ကျန်းမာရေးဝန်ထမ်းလောက အကြောင်း တစေ့တစောင်း
မှတ်တမ်းရှည်ကြီးဆို ပိုမှန်ပါလိမ့်မယ်။
- ပညာဆိုတာ အာဏာကိုအန်တုနိုင်တဲ့အကြောင်းနှောင်းလူများသိစေချင်လို့ ဒီစာအုပ်ကို"မျိုးဆက်သစ်"စာပေမှတဆင့်အောက်ပါနေရာတွေမှာ ရောင်းချပေးနေပါတယ်။
(၁) ဒီဇင်္ဘာ (၃/၄)၊မနက် (၉) နာရီမှညနေ (၅)နာရီအထိ၊ သိမ်ဖြူလမ်းနှင့် အနော်ရထာလမ်းဒေါင့် ခေတ်ပြိုင်နိုင်ငံရေး စာပေစာတန်းဖတ်ပွဲအထိမ်းအမှတ် စာအုပ်ဈေးပွဲတော် ဆိုင်ခန်းအမှတ် (၆) မြေညီထပ်၊ ဝင်ပေါက်ဘယ်ဖက်ခြမ်း။
- နေ့လည် (၁၂) နာရီမှ ည (၁၁) နာရီအထိ အလုံမြို့နယ်ခန်းမ၊ စာအုပ်ဈေးပွဲတော်။
(၂)ဒီဇင်္ဘာ (၆/၇/၈/၉) မနက်(၉) နာရီမှညနေ (၅) နာရီအထိ ရန်ကုန်တက္ကသိုလ် အခန်း (၈) ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ် စာအုပ်ဈေးပွဲတော်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11062