EasyTicket
Selling intercity express bus ticket throughout Myanmar from various operators since 2009.
Call To Buy Ticket : 09-554 5454, 09-964 543354, 09-694 543354,
09-752 453354, 01-543354
23/07/2021
ဝါဆိုလပြည့်🌕🌖🌝
ဓမ္မစကြာနေ့ (သောကြာနေ့)
(၂၃-၇-၂၀၂၁)ဖြစ်ပါသည်၊၊
ဝါဆိုလပြည့်နေ့သည်......
၁။ ဂေါတမဘုရားလောင်း
တောထွက်တော် မူသောနေ့ဖြစ်ခြင်း။
၂။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ တရားစတင်ဟောတော်မူသောနေ့ဖြစ်ခြင်း။
၃။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကိုပြတော်မူသောနေ့ဖြစ်ခြင်း။
၄။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်ခြင်း။
၅။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်ခြင်း။
၆။ သံဃာရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်ခြင်း။
ရ။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင်ကြားရသော နေ့ဖြစ်ခြင်း
ဟူ၍ဖြစ်ပါသည် …။
ဓမ္မစကြာ တရားတော်ကို လေ့လာကြည့်လျှင်......
အစွန်း နှစ်ခု ကို ရှောင်ကြဉ်ရေး
မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ်ပါး လမ်းစဉ်မှန်ကို
ကျင့်သုံးရေးတို့ကို ညွှန်ကြားထားကာ
🙏 လောက၌
ဆင်းရဲဒုက္ခသည်အမှန်တကယ်ရှိ၏
🙏 ထိုဆင်းရဲဒုက္ခဖြစ်စေသည့်အကြောင်းရင်းမှန်မှာ စွဲလန်းတွယ်တာမှုကြောင့်ဖြစ်ပေ၏
🙏 ထိုဆင်းရဲဒုက္ခမှ လွတ်မြောက်ရာနိဗ္ဗာန်သည် အမှန်ရှိ၏
🙏 ထိုဆင်းရဲဒုက္ခမှလွတ်မြောက်ရာသို့ရောက်လိုလျှင် နည်းလမ်းအမှန်လည်းရှိ၏
ထိုနည်းလမ်းသည် မဂ္ဂင်(၈)ပါးအကျင့်ပေတည်း။
ဤသို့ လောက၌မှန်ကန်သော (သစ္စာလေးပါး) တရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သဘောတရားကို တွေ့မြင်နိုင်ပါသည်။
ထိုတရားတော်၏ အဆုံးဝယ်
"အရှင်ကောဏ္ဍည" သည်
လူသားများ အနက် ပထမဦးဆုံး
သောတာပတ္တိဖိုလ်၌ တည်လေ၏။
ထိုနေ့သည်
ဝါဆိုလပြည့်နေ့ ဖြစ်၏။
ထို့နောက်တဖန်
ဒေသနာကို ဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော်
( ၁ ) ရက်နေ့၌ အရှင်ဝပ။
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ။
( ၃ ) ရက်နေ့၌ အရှင်မဟာနာမ်။
( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည်
အသီးသီး သောတာပန် တည်ကြလေကုန်၏။
ပဉ္စဝဂ္ဂီ အားလုံးပင်
❝ ဧဟိဘိက္ခု ❞ ရဟန်း အဖြစ်ရောက်ကြလေသည်။
ဝါဆိုလပြည့်ကျော် ( ၅ )ရက်နေ့တွင်
မြတ်စွာဘုရားသည် ❝ အနတ္တလက္ခဏသုတ္တ ❞ ကို
ဟောကြား တော်မူခဲ့သည်။
ဤတွင် ငါးဦးလုံး
ရဟန္တာ ဖြစ်တော်မူကြလေသည်။
ရဟန္တာစတင်ပေါ်ထွန်းသောနေ့ဖြစ်၍ ထိုနေ့ကို ❝ ရဟန္တာနေ့ ❞ ဟု
ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။
ဝါဆို လပြည့်နေ့ကိုမူ
တရားဦး ဓမ္မစင်္ကြာ ဟောကြားသောနေ့ ဖြစ်၍
❝ ဓမ္မစင်္ကြာနေ့ ❞ ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။
01/01/2021
၂၀၂၁ နှစ်သစ်အခါသမယမှာ
တစ်ကမ္ဘာလုံး ကပ်ရောဂါဘေးက ကင်းဝေးပြီး၊
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေ။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်ချမ်းသာ၊
ကိုယ်ကျန်းမာခြင်းရှိကြပါစေလို့ EasyTicket မှ
ဆုတောင်းမေတ္တာများ ပို့သလိုက်ပါတယ်ရှင်။
31/10/2020
🪔သီတင်းကျွတ်ကာလ အခါသမယမှစ၍🪔
ကျန်းမာရွှင်လန်း စိတ်အေးချမ်းကြပါစေ။
ရောဂါဘယတွေဖြစ်ပွါးနေတဲ့ ကာလကနေ
ကူးစက်ခံရမှုမရှိဘဲ အမြန်ဆုံးကျော်လွှားနိုင်ပြီး
မိသားစုအားလုံးနှင့်အတူ စိတ်ကြည်နူးချမ်းမြေ့စရာ
သီတင်းကျွတ်ကာလလေးကို ဖြတ်သန်းနိုင်ပါစေလို့
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်...
ဒါန သီလ သမတ္ထ ဝိပဿနာများကို
မပျက်မကွက်ကြိုးစားအားထုတ်နိုင်ပြီး
အိုခြင်း ၊နာခြင်း ၊ သေခြင်းကင်းဝေးသော
မဂ် ဖိုလ် နိဗ္ဗာန်သို့
ဤဘဝ ဤခန္ဓာ ဤသာသနာအတွင်းမှာပင်
ရလွယ်ရောက်လွယ်နိုင်သောသူများ ဖြစ်ကြပါစေရှင်...
🙏🏻🙏🏻🙏🏻
EasyTicket
30/07/2020
🙏🏻 ပုဂံမှာ ဘုရားဖူးလို့ လည်ပတ်လို့ရတဲ့ နေရာလေးတွေ #ပုဂံ
17/04/2020
သက်ရှည်ကျန်းမာ နှစ်သစ်မှာ
ရောဂါကပ်ဘေး ကင်းစင်ဝေး
ငြိမ်းအေးချမ်းသာ မြဲပါစေ 🙏
08/03/2020
On this special day, celebrate life.
Take a break from your busy schedule.
Let your hair down, have fun and do what your heart says.
Because today is your day.
Have a great Women's Day!
EasyTicket
29/02/2020
EasyTicketရဲ့ဝန်ဆောင်မှု့ကို ဆယ့်တစ်နှစ်တိတိ
ယုံကြည်စွာအားပေးခဲ့ကြတဲ့ မိတ်ဆွေများကပေးတဲ့
ခြောက်ကြိမ်မြောက် ခွန်အားများပါရှင့်
ကျေးဇူးတင်ပါတယ်ရှင်..
EasyTicket
29th February 2020
01/01/2020
We are very happy to have clients like you.
You are warm and a pleasure to deal with.
We wish you a HAPPY NEW YEAR 2020 as cheerful as you.
#2020
17/04/2019
၁၃၈၁ခုနှစ် မြန်မာနှစ်သစ်ကူးအချိန်အခါသမယမှစ၍
မိတ်ဆွေများအားလုံး ဘေးဘယာဝေးကွာပြီး
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်
နေ့ရက်တိုင်းမှာပြုံးပျော်ရွှင်လန်းမှုရရှိပီး
ဘဝခရီးလမ်းဖြောင့်ဖြူးသာယာကြပါစေလို့
EasyTicket မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
11/04/2019
မြန်မာ့ရိုးရာအတာသင်္ကြန်ရေနှင့်အတူ
ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း
EasyTicket မှ
ဆုမွန်ကောင်းပို့သပါတယ်ရှင့်..
Category
Telephone
Website
Address
Deliver Tickets To All Townships Of Yangon(1178, 4th Floor, Thamadi Street, Myittanyunt Qtr. Tamwe)
Yangon