TeleMobile
ဖုန်းစျေးနှုန်း၊ ပစ္စည်း မှန်ရမည်။
ဖုန်းမျိုးစုံကို အမြန် ပြုပြင်ဆောင်ရွက်ပေးနေပါသည် Sale & Services Center
ဆိုင်ပိတ်ချိန် ပြောင်းလဲခြင်း
TeleMobile ရဲ့ ဝန်ထမ်းများ အိမ်ပြန်ချိန် အဆင်ပြေစေရန်နှင့် ဈေးဝယ်လည်း နည်းပါးလာပါသောကြောင့် ယခင် ဆိုင်ပိတ်ချိန် ညနေ ၇ နာရီမှ ညနေ ၆ နာရီသို့ ပြောင်းလဲထားပါသည်။
TeleMobile ကို လာအားပေးကြတဲ့ Customer တွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါပါတယ်။
ဟိုအရင်နှစ်တွေတုန်းကဆို နိုင်ငံခြားသား Customer တွေ တော်တော်များပါတယ်။
အဲဒီတုန်းက နိုင်ငံခြားသားဆိုရင် SIM Card လာဝယ်တာလည်း များပါတယ်။
Passport လေးတောင်း၊ Registration တင်ပေး၊
Telenor၊ Ooredoo၊ MPT တို့ရဲ့ App လေးတွေ ထည့်ပေး၊
အသုံးပြုနည်းလေး ရှင်းပြပေးလိုက်ရင် ပြီးပါပြီ။
အခုလို Registration ကိစ္စတွေ၊ စောင့်ဆိုင်းရတာတွေ၊ App တွေ၊ Verification တွေကြောင့် အချိန်အများကြီး မကုန်သေးပါဘူး။
အခုတော့ အခြေအနေက နည်းနည်းပြောင်းသွားပါပြီ။
နိုင်ငံခြားသား Customer တစ်ယောက် SIM Card လာဝယ်ပြီဆိုရင်…
SIM Card တစ်ကဒ်ရောင်းတာထက် Customer Service Counter ဖွင့်ပြီး ဆွေးနွေးနေရသလို ဖြစ်လာပါတယ်။ 😂
Registration တင်ရမယ်။ Approved ကျတာ စောင့်ရမယ်။
App ထည့်ပေးရမယ်။ ပြီးတော့ ဘယ်လိုသုံးရတယ်ဆိုတာ Pan တွေ ရှင်းပြရမယ်။
တစ်ခါတလေ Customer က မေးတာနဲ့ ဝန်ထမ်းက ဖြေတာနဲ့…
Google Translate ကိုပါ ဝန်ထမ်းတစ်ယောက်အဖြစ် ခန့်ထားရမလို ဖြစ်ပါတယ်။ 😂
တချို့က Requirement လေးနည်းနည်းများရင်တော့…
“ဒီတစ်ခါ SIM Card တစ်ကဒ်ရောင်းပြီးရင် ဆိုင်ပိတ်ချိန်ရောက်သွားတော့မလား” ဆိုပြီးတောင် တွေးရပါတယ်။ 🤣
အဲဒါကြောင့် အခု TeleMobile မှာ နိုင်ငံခြားသားဆိုရင် SIM Card မရောင်းတော့ပါဘူး။
ယနေ့ 06 Aug 2026 တွင် TeleMobile, New Day ဖုန်းဆိုင်နှင့် ရွှေဖူးသစ် ရှမ်းခေါက်ဆွဲဆိုင်များ ပြန်ဖွင့်ပါပြီ။
ဖုန်းဝန်ဆောင်မှုများရပ်နားလိုက်ရလို့ အဆင်မပြေမှု့များကို သည်းခံပေးကြသော ကျွန်တော်တို့ရဲ့ Customers များကို အထူးကျေးဇူးတင်ပါတယ်။ ပြန်လည် အဆင်ပြေအောင် ဆောင်ရွက်ပေးပါမည်။
ကျွန်တော်တို့ ရဲ့ ၉လပဲ ရှိသေးတဲ့ သမီးလေးဟာ ရုတ်တရက်ကျန်းမာရေးဖောက်သွားရာကနေ ဆုံးပါးသွားသည့်အတွက် TeleMobile, New Day ဖုန်းဆိုင် နှင့် ရွှေဖူးသစ် ရှမ်းခေါက်ဆွဲဆိုင်များကို ရက်အနည်းငယ် ခေတ္တပိတ်ထားလိုက်ရပါတယ်။
ကိုယ်တိုင်အတွက်ရော တခြားသူအတွက်ပါ ကျန်းမာရေးကို ဂရုစိုက်ကြပါ ခင်ဗျ။
မဖြစ်နိုင်မှန်း သိပေမယ့်
-------------–------------
Service Center တွေကလည်း အာမခံဆိုတာနဲ့ Customer ကို အပြုံးမပျက် လဲပေးတယ်။ 😀
လက်ကားဖြန့်ကုမ္ပဏီတွေကလည်း တာဝန်ယူမှုအပြည့်နဲ့ ဖြေရှင်းပေးတယ်။😁
ဆိုင်တွေကလည်း Customer အကျိုးကို အရင်စဉ်းစားတယ်။😁
Customer တွေကလည်း ဝယ်ထားတဲ့ပစ္စည်း အရည်အသွေးကောင်းလွန်းလို့ Complaint တောင် မတက်ရဘူး။😬
အကုန်လုံး စိတ်ချမ်းသာ...
စိတ်ချမ်းသာ...
စိတ်ချမ်းသာ...
စိတ်ချမ်းသာ...
တကယ်တော့....😳 တကယ်တော့..😂 တကယ်တော့ 😱
အဲ့လိုများ ဖြစ်များ ဖြစ်နိုင်မလား ရေးကြည့်တာပါ ဆိုနေ..
29/07/2026
ဓမ္မစက်ြာ အခါတော် နေ့ထူးနေ့မြတ်နေ့ အချိန်ကာလဖြစ်သော
ဝါဆိုလပြည့် ဗုဒ္ဓဟူးနေ့မှာ "သဗ္ဗ မင်္ဂလာ" ဂါထာ ရွတ်ဆိုရင်း စီးပွားဥစ္စာတိုးပွားကြပါစေ။
ဖုန်းဈေးတွေ ဒီလောက်တက်နေတာကို ကြည့်ရင်း စဉ်းစားမိတာတစ်ခုရှိတယ်...
"ဒီလိုဈေးတွေ တက်နေရင် ဖုန်းဆိုင်တွေ ဖုန်းရောင်းနေကြသေးရဲ့လား... ဒါမှမဟုတ် စိတ်ရှည်ခြင်းကိုပဲ ရောင်းနေကြတာလား?" 😅
အပြင်ကကြည့်ရင်တော့ "ဈေးတက်တော့ အမြတ်ပိုရမှာပေါ့" လို့ ထင်လွယ်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဈေးတက်လေလေ၊ ရောင်းရခက်လေလေ၊ ဖောက်သည်ကလည်း စဉ်းစားချိန် ပိုယူလေလေ ဖြစ်နေပါတယ်။
Marketing Techniques တွေနဲ့ အခြေအနေကို အတတ်နိုင်ဆုံး ထိန်းနိုင်ပေမယ့်... အဲ့ဒီနည်းလမ်းတိုင်းမှာလည်း သူ့ရဲ့ Reverse Force နောက်ဆက်တွဲ သက်ရောက်မှုတွေက ရှိစမြဲပါပဲ။
"တူဖြစ်လည်း စံ၊ ပေဖြစ်လည်း ခံ" ဆိုတဲ့စကားရှိပေမယ့်... ကိုယ်တွေကတော့ ပေလောက် မမာသေးတော့ စွန့်စားရမယ့် အချိန်မှာလည်း နှစ်ခါ ပြန်စဉ်းစားရတဲ့ အခြေအနေပါ။
ဒီအချိန်မှာ စီးပွားရေးလုပ်နေတဲ့သူတိုင်း အလားတူခံစားနေရမယ်ထင်ပါတယ်။
ခင်ဗျားတို့ရော... အခုလိုဈေးတက်နေတဲ့အချိန်မှာ အခက်ခဲဆုံးက ဘာလဲ?
22/07/2026
နည်းပညာတွေက အချိန်နဲ့ အမျှတိုးတက်နေတယ်။
USB Port တွေနေရာကို Type C Port တွေ ပြောင်းလာနေကြပြီ။ Computer မှာ ရှိတဲ့ USB Port ကို Type C Port ပြောင်းချင်တယ်ဆို.. 👆
🔌 HOCO U107 USB Male to Type-C Female Adapter Cable (10cm)
USB Port ပါတဲ့ Device တွေကို Type-C Port အဖြစ် ပြောင်းလဲအသုံးပြုနိုင်တဲ့ Adapter Cable လေး ရောက်ရှိပါပြီ။
✨ Product Features
✅ USB Male ➜ Type-C Female Adapter
✅ Charging + Data Transfer နှစ်မျိုးလုံး အသုံးပြုနိုင်
✅ အရှည် 10cm – သယ်ဆောင်ရလွယ်ကူ
✅ 2A Charging ကို Support လုပ်ပေးနိုင်
✅ အလူမီနီယမ် (Aluminum) Shell ဖြင့် ပြုလုပ်ထားလို့ အပူထွက်နည်းပြီး အသုံးခံပါတယ်။
✅ ကျစ်လစ်တဲ့ ကြိုးဒီဇိုင်းကြောင့် ချိုးကွေးဒဏ်ကို ပိုမိုခံနိုင်ရည်ရှိပါတယ်။
✅ Computer, Laptop, Power Bank, Car Charger နဲ့ USB Charger မျိုးစုံမှာ အသုံးပြုနိုင်ပါတယ်။
📱 အသုံးပြုနိုင်သောနေရာများ
✔️ USB Port ကနေ Type-C Cable နဲ့ ဖုန်းအားသွင်းရန်
✔️ Type-C Data Cable ကို USB Port နဲ့ ချိတ်ဆက်ရန်
✔️ Data Sync နှင့် File Transfer ပြုလုပ်ရန်
💰 ဈေးနှုန်း – 18,000 Ks
to Type C Female
⌚ BOROFONE DBW02 AMOLED Smart Watch ✨
Smart ကျကျ၊ လှပကျကျနဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်နိုင်မယ့် BOROFONE DBW02 ရောက်ရှိထားပါပြီ။
🔥 AMOLED Display
အရောင်စိုပြေ၊ ကြည်လင်ပြတ်သားပြီး နေရောင်အောက်မှာလည်း မြင်ရလွယ်ကူပါတယ်။
💧 IP67 Waterproof
လက်ဆေးခြင်း၊ မိုးရေစိုခြင်းတို့အတွက် စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ (ရေကူးခြင်းနှင့် ရေနွေးပူတွင် အသုံးပြုရန် မသင့်တော်ပါ)
❤️ Heart Rate Monitoring
နှလုံးခုန်နှုန်းကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်ပြီး မြင့်လွန်း/နိမ့်လွန်းပါက သတိပေးနိုင်ပါတယ်။
😴 Sleep Monitoring
အိပ်စက်ချိန်နဲ့ အိပ်စက်အရည်အသွေးကို မှတ်တမ်းတင်ပေးလို့ အိပ်ရေးဝဝ အနားယူနိုင်ဖို့ အထောက်အကူပြုပါတယ်။
🏃 Daily Activity Tracking
လမ်းလျှောက်အရေအတွက်၊ လေ့ကျင့်ခန်း၊ ကယ်လိုရီလောင်ကျွမ်းမှုတို့ကို မှတ်တမ်းတင်ပေးပါတယ်။
📲 Smart Notifications
ဖုန်းခေါ်ဆိုမှု၊ Facebook၊ Messenger၊ Telegram နဲ့ App Notification တွေကို လက်ကောက်ပေါ်မှာ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။
✨ အခြား Function များ
✅ Multiple Sports Modes
✅ Custom Watch Faces
✅ Alarm / Stopwatch / Timer
✅ Sedentary Reminder
✅ Find Phone Function
💰 ဈေးနှုန်း – 130,000 Ks
📍 TeleMobile
19/07/2026
📱 iPhone ကို USB Device တွေနဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်မယ့် HOCO UA31A OTG Adapter
iPhone / iPad ထဲက ဖိုင်တွေကို USB Flash Drive နဲ့ အလွယ်တကူ ကူးယူချင်တာပဲဖြစ်ဖြစ်၊ Keyboard / Mouse / Card Reader စတာတွေကို ချိတ်ဆက်အသုံးပြုချင်တာပဲဖြစ်ဖြစ် HOCO UA31A က အဆင်ပြေတဲ့ OTG Adapter လေးပါ။
✨ အဓိက Features ✅ Lightning (iP) Male ➜ USB-A Female Adapter
✅ USB 2.0 Data Transfer (480Mbps)
✅ iPhone / iPad OTG Support
✅ USB Flash Drive မှ ဖိုင်များကို တိုက်ရိုက်ဖတ်ရှုနိုင်
✅ Keyboard / Mouse ချိတ်အသုံးပြုနိုင်
✅ Card Reader / USB Hub / Network Card / Gamepad စတာများနှင့် တွဲဖက်အသုံးပြုနိုင်
✅ Aluminum Alloy Body – အကြမ်းခံပြီး အပူထွက်နည်း
✅ Mini Size – သေးငယ်ပေါ့ပါး၊ သယ်ဆောင်ရလွယ်ကူ
✅ 18 Months Warranty
📏 Product Size • 32 × 21.5 × 11 mm
💡 အသုံးဝင်မယ့်သူများ 📂 USB Flash Drive ထဲက Data တွေကို iPhone ထဲသို့ ကူးချင်သူ
🖱️ Keyboard / Mouse နဲ့ အလုပ်လုပ်ချင်သူ
📷 Camera / Card Reader က Data တွေကို အလွယ်တကူ ပြောင်းရွှေ့ချင်သူ
📩 စျေးနှုန်း -19,000
Category
Contact the business
Telephone
Website
Address
No. 19, U Chit Maung Road ( West Horse Race RD), Bahan Township
Yangon
11181
Opening Hours
| Monday | 08:30 - 18:30 |
| Tuesday | 08:30 - 18:30 |
| Wednesday | 08:30 - 21:00 |
| Thursday | 08:30 - 22:00 |
| Friday | 08:30 - 22:00 |
| Saturday | 08:30 - 22:00 |
| Sunday | 08:30 - 22:30 |