Shwe OO

Shwe OO

Share

knowledge of life & business

05/03/2026

တိုးတက်ချင်ရင် ကိုယ်တိုင်
ငါကြောင့်ဆိုတဲ့ အရာကိုလက်ခံရမယ်။
ဘာကြောင့်လဲကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ရအောင်။

ငွေ..
လောကမှာအပေါဆုံးပဲ
ငါ့မှာပဲမရှိသေးတာ။

အချိန်...
လူတိုင်း ၂၄နာရီထက်ပိုမရဘူး
ငါပဲစီမံမှုအားနည်းနေလို့ အချိန်မရှိတာ
ဒါမှမဟုတ် ဘာမှမလုပ်လို့ကို အချိန်ပေါနေတာ။

အခွင့်အလမ်း
လောကမှာ အခွင့်အလမ်း တွေအများကြီး
ငါကိုယ်တိုင်က မြင်အောင်မကြည့်လို့မမြင်သေးတာ။

တိုးတက်မှု
တိုးတက်ပြောင်းလဲ နေတဲ့သူတွေအများကြီးပဲ
ငါပဲ တိုးတက်ရကောင်းမှန်းမသိလို့ မတိုးတက်သေးတာ။.

အရာရာ
ဖြစ်အောင်လုပ်ပြနေတဲ့သူတွေအများကြီးထဲမှာ
ငါပဲ ​အသုံးမချပဲ အသုံးမကျသေးတာ

ငါဆိုတဲ့ မိမိကိုယ်မိမိ အာရုံစိုက် ပီး
ဆုံးမရမယ်။
ဆင်ခြေတွေလျှောက်မပေးပဲ အရာရာ ငါကိုယ်တိုင်ပဲလို့ခံယူရမယ်။
မသိတာတွေအများကြီးနဲ့ သိချင်ယောင်ဆောင်မှုတွေထဲမှာငါမနေဘူး။

ပီးရင် လျှောက်လှမ်းဖို့လမ်းကိုရွေးချယ်ပီး
ဘာကြီးပဲဖြစ်ဖြစ် ရအောင်လှမ်းဖို့ ကြိုးစားမယ်။
နည်းနည်းလေးလုပ်ပီး အများကြီးလုပ်လိုက်တယ်လို့ ငါမခံယူဘူး။

ဒီလို ငါဆိုတဲ့ကောင်ကို ပဲအရင်ဆုံး
နိုင်အောင်ထိမ်းသိမ်းလိုက်ပါ ။
တိုးတက်လာပါလိမ့်မယ်။

တိုးတက်ခြင်းကသင့်ရဲ့super powerဖြစ်လိုက်ပါ။

Shwe OO

Photos from Knowledge Sharing Channel's post 10/02/2026
10/02/2026

နေ့ချင်းညချင်း အောင်မြင်ချင်လား

ဒါဆိုရင် ဒီမှတ်စုတိုကို ဆက်မဖတ်ပါနဲ့။

အောင်မြင်တယ် တိုးတက်တယ်ဆိုတာ အရှင်မွေးနေ့ချင်းကြီး တာမျိုး မဟုတ်ဘူးဆိုတာ ခဗျားတို့ သိပြီးသား။
ဒါပေမယ့် အခုချက်ချင်းကို အောင်မြင်သွားမတတ် ရေးထားတဲ့ #တက်ကျမ်း တွေ၊ ‌ဟောပြောပွဲတွေ၊ သင်တန်းတွေဆိုရင် စိတ်ဝင်တစားဖြစ်လွန်းတာလည်း
ခဗျားတို့ ကျုပ်တို့ပဲ။

နည်းမှန်လမ်းမှန်နဲ့ တိုးတက်ဖို့၊ အောင်မြင်ဖို့ဆိုတာ ကျောက်စက်ရေကို စုရသလို #မူးစုပဲစု စုဆောင်း ဖြည့်ဆည်းရတာမျိုးကလား။
ဒါကို လက်ခံတယ်ဆိုရင် ခဗျား ဆက်ဖတ်ကြည့်လို့ရပြီ။

👉Start small and steady
သေးသေးက စ၊ ပုံမှန်တော့လုပ်။

👉Keep your emotions in check
ခံစားမှုကိုထိန်း။

👉Make habits non-negotiable
တကူးတကန့်မဟုတ်ဘဲ အကျင့်အဖြစ် စွဲနေပါစေ။

👉Stay accountable
တာဝန်ယူမှုရှိနေပါစေ။

ဒီအထိက ခဗျားရဲ့ တကိုယ်ရည်တကာယ ကျင့်ကြံသင့်တာတွေ။ ဆက်ပြောမှာက ခဗျားရဲ့ အလုပ်ကို အောင်မြင်တိုးတက်စေဖို့ အရာတွေဖြစ်တယ်။

👉Build systems, not just goals
ပန်းတိုင်ပဲမချနဲ့၊ စနစ်ကိုပါတည်ဆောက်။

👉Track micro wins
မိုင်တိုင်တခုချင်းစီကို ကျော်ဖြတ်၊
ပန်းတိုင်ကိုလည်းမျက်ခြေမပြတ်နဲ့။

👉Simplify your process
လုပ်ငန်းစဉ်တွေ လွယ်ကူ‌နေပါစေ။

👉Automate decisions
ဆုံးဖြတ်ချက်တွေကို
လုပ်ရိုးလုပ်စဉ်အသွင်ဆောင်ပါစေ။

ဒီအချက် ၈ ချက်က ခဗျားတို့ ဘဝ၊ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်း တိုးတက်ဖို့ လိုက်နာ ကျင့်ကြံရမယ့်အရာတွေဖြစ်တယ်။

ဒီအရာတွေက ခဗျားတို့ ကျုပ်တို့ တနေ့တရက် ကျင့်ကြံလိုက်ရုံနဲ့ တမဟုတ်ချင်း ရလဒ်တွေ အောင်မြင်မှုတွေ ရလာစေမှာ မဟုတ်ဘူး။
နေ့စဉ် ပြုမူဆောင်ရွက်နေမှသာ တိုးတက်မှုနဲ့ အောင်မြင်မှုကို ရစေတာဖြစ်လို့ ဇွဲခတ်ဖို့ လိုတာပေါ့ရောင်းရင်းတို့။

ယူတို့ရဲ့ချစ်လှစွာသော
အီစကို
success tips habits Passionate

07/02/2026

လက်ခုပ်တီးပေးနေသူတိုင်း သင့်ကို တကယ် အားပေးနေတာ မဟုတ်ပါဘူး။

လူတချို့က သင်တိုးတက်တာကို သဘောကျပေမယ့် အဲဒါက သူတို့နေရာကို မခြိမ်းခြောက်သရွေ့၊ သူတို့ရဲ့ အရေးပါမှုကို မထိခိုက်သရွေ့ပဲ။ သင်က စိတ်အားတက်ဖွယ်လောက်လေး တိုးတက်နေတာကိုပဲ သူတို့က ကြိုက်တယ်။ ဒါပေမယ့် သူတို့စိတ်ထဲက သတ်မှတ်ထားတဲ့ နယ်နိမိတ်ကို ကျော်လွန်သွားတာကိုတော့ မကြည့်ချင်ကြဘူး။

ဒါက ဘဝရဲ့ မသက်မသာဖြစ်ရတဲ့ အမှန်တရားပါပဲ။ သင်တိုးတက်လာမှုကြောင့် သူတို့ကိုယ်တိုင်ဟာ တနေရာမှာပဲ ရပ်တန့်နေကြောင်း မျက်ဝါးထင်ထင်တွေ့လာရတဲ့အခါ ပံ့ပိုးမှုတွေမှာ အကန့်အသတ်ရှိလာတယ်။ သင် ပိုမြန်သွားတယ်၊ ပိုကြီးတဲ့ အိပ်မက်တွေမက်လာတယ်၊ ပိုမြင့်တဲ့ ပန်းတိုင်တွေဆီကို ရောက်လာတယ်ဆိုရင် သူတို့ရဲ့ ပြုံးရယ်တာတွေ ပျောက်သွားတယ်။ အားပေးမှုတွေ တိတ်ဆိတ်သွားတယ်၊ တစ်ခါတစ်ရံ တိတ်တိတ်လေး ဆန့်ကျင်လာတာတောင် မြင်ရတယ်။ ဒါက သင့်စရိုက်ကြောင့် မဟုတ်ဘူး။ သူတို့စိတ်ရဲ့ မလုံခြုံမှုကို ထင်ဟပ်ပြနေတာပါ။

ဒီအမှန်တရားကြောင့် သင့်စိတ်ကို မခက်ထန်စေပါနဲ့၊ မခါးသီးစေပါနဲ့။ သတိရှိနေဖို့ပဲလိုပါတယ်။ လိုအပ်ရင် တိတ်ဆိတ်စွာ လုပ်ဆောင်ပါ။ သင့်ကို စိတ်ထဲမှာ ယှဉ်ပြိုင်နေကြတဲ့ လူတွေဆီက အတည်ပြုချက် မလိုအပ်ဘဲ သင့်အောင်မြင်မှုတွေကို ဂုဏ်ယူပါ။

သင့်လမ်းကြောင်းက တခြားသူတွေ သက်သာအောင် စီစဉ်ပေးရမှာ မဟုတ်ဘူး။ သင့်တာဝန်က တခြားသူတွေ ကြီးမားနေအောင် သင်သေးငယ်နေရမှာ မဟုတ်ဘူး။ သင့်တာဝန်က သင့်ရဲ့ အကောင်းဆုံးပုံစံကို ဖန်တီးဖို့ပါ။ အဲဒါကို လူတချို့ကတော့ သဘောကျမှာမဟုတ်ဘူးပေါ့။ တိုးတက်မှုဟာ သင့်အတွက် ဘယ်သူ တကယ်ဝမ်းသာနေသလဲ၊ သင်နောက်ကျနေချိန်မျိုးမှာပဲ ဝမ်းသာခဲ့တဲ့သူက ဘယ်သူလဲဆိုတာကို အမြဲထင်ထင်ရှားရှား ပြပေးပါလိမ့်မယ်။

Not everyone who claps for you is truly cheering for you. Some people are comfortable with your progress only as long as it does not challenge their position or threaten their sense of importance. They like seeing you improve just enough to stay inspiring, but not enough to outgrow the box they quietly placed you in.

This is one of life’s uncomfortable truths. Support often has limits, especially when your growth forces others to confront their own stagnation. When you start moving faster, dreaming bigger, or reaching higher, the smiles can fade and the encouragement can turn into silence or subtle resistance. That is not a reflection of your character, it is a mirror of their insecurity.

Do not let this reality harden you or make you bitter. Let it make you aware. Move in silence when necessary. Celebrate your wins without needing validation from people who secretly measure themselves against you. Your journey was never meant to be managed by other people’s comfort levels.

Remember that your responsibility is not to stay small so others can feel big. Your responsibility is to become the best version of yourself, even if that makes some people uncomfortable. Growth will always reveal who is genuinely happy for you and who was only happy while you were behind.✅

English text - Face the Reality
မေတ္တာဖြင့်
ဒေါက်တာစိုးသန်း

02/02/2026

ချမ်းသာချင်ရင် စွန့်လွှတ်ရမယ့် အရာ ၈ ခု

လူတိုင်းချမ်းသာချင်ကြပါတယ်။ ဒါပေမယ့် ချမ်းသာချင်သူတိုင်း မချမ်းသာကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ချမ်းသာကြွယ်ဝလာဖို့က လွယ်ကူတဲ့ အလုပ်တစ်ခုမဟုတ်သလို စွန့်လွှတ်ပေးဆပ်ရတာတွေလည်း ရှိတာကြောင့်

ပါ။

သင့်ဘဝမှာ ချမ်းသာချင်တယ်ဆိုရင် စွန့်လွှတ်သင့်တာတွေကို စွန့်လွှတ်လိုက်မှသာ ဖြစ်နိုင်ပါလိမ့်မယ်။ ဘာတွေကို စွန့်လွှတ်ရမလဲဆိုတာ လေ့လာကြည့်လိုက်ပါ။

၁။ အဆင်ပြေချောမွေ့တဲ့ဘဝ။

သင့်အနေနဲ့ လက်ရှိအနေအထားမှာ အားလုံးအဆင်ပြေချောမွေ့ပြီး အသားကျနေမယ်ဆိုရင် ပြောင်းလဲတိုးတက်လာနိုင်မယ့် အကြောင်းရင်းရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သက်တောင့်သက်သာရှိမှုကို စွန့်လွှတ်ပါ။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပါ။ ဒါမှသာ ချမ်းသာကြွယ်ဝမှုကို ရရှိနိုင်မှာပါ။

၂။ ဆုံးရှုံးမှာကို စိုးရိမ်စိတ်။

ဆုံးရှုံးမှုတွေ၊ ကျရှုံးမှုတွေအားလုံးက လမ်းဆုံးမဟုတ်ပါဘူး။ သင်ဖြစ်ချင်တာတွေ ဖြစ်လာဖို့ လိုအပ်တဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ ဆုံးရှုံးမှာကို ကြောက်တဲ့စိတ်နဲ့ ဒီအတိုင်း ထိုင်နေမယ်ဆိုရင်တော့ ဘာမှဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။

၃။ အမှားအတွက် အပြစ်တင်တတ်တဲ့ အကျင့်။

သင့်ရဲ့ အမှားအတွက် အခြားသူတွေ၊ အခြားအရာတွေကို အပြစ်တင်လိုက်တာက လွယ်ကူပါတယ်။ သင့်အနေနဲ့ ကိုယ့်အမှားကို ကိုယ်တိုင်သိနေမယ်ဆိုရင် မဆိုင်တာတွေကို အပြစ်တင်နေမယ့်အစား တာဝန်ယူဖြေရှင်းပါ။

သင့်ဘဝကို ပြောင်းလဲဖို့ သင်ကိုယ်တိုင်မှာပဲ တာဝန်ရှိပါတယ်။ သင့်အိပ်မက်တွေကို သင်ကိုယ်တိုင်ပဲ အကောင်အထည်ဖော်ရမှာပါ။

၄။ အိပ်စက်မှု။

သင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာမူတည်ပြီး နောက်ကျမှ အိပ်ရာဝင်တတ်တာလား၊ စောစောထလေ့ရှိတာလား ဆုံးဖြတ်

ပါ။ ငွေကြေးချမ်းသာမှုကို တည်ဆောက်ရာမှာ သင့်ရဲ့ အိပ်ချိန်တွေကို စွန့်လွှတ်ဖို့ လိုပါတယ်။

၅။ ဆိုရှယ်မီဒီယာနဲ့ တီဗွီ။

သင့်ရဲ့အချိန်တွေကို တီဗီ၊ ဖုန်းနဲ့ ကွန်ပျူတာ မျက်နှာပြင်တွေမှာ အလဟဿအဖြစ်မခံပါနဲ့။ Lamborghini

ပြိုင်ကားတွေကို ဘယ်တော့မှ တီဗီမှာ မကြော်ငြာပါဘူး။ ဘာကြောင့်လဲဆိုတော့ Lamborghini ဝယ်စီးနိုင်တဲ့ လူတွေက တီဗီကြည့်လေ့သိပ်မရှိလို့ပါပဲ။ ဒါ့ကြောင့် သင့်ရဲ့ အချိန်ကို အကျိုးရှိရှိအသုံးချပါ။

၆။ ရည်မှန်းချက်မရှိသူတွေနဲ့ ဆက်ဆံရေး။

ဘဝမှာ ရည်မှန်းချက်ရေရေရာရာမရှိတဲ့သူတွေနဲ့ ပေါင်းသင်းပြီး အချိန်ကုန်နေမယ်ဆိုရင် သင်ကိုယ်တိုင်လည်း ဦးတည်ရာမဲ့ လမ်းပျောက်နေမှာပါပဲ။ ဒါ့ကြောင့် ရည်မှန်းချက်မရှိသူတွေ၊ အချိန်ဖြုန်းတတ်သူတွေ၊ အဆိုးမြင်စိတ်များသူတွေနဲ့ ဝေးဝေးမှာနေပါ။ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ တွန်းအားပေးနိုင်သူတွေနဲ့ ပေါင်းသင်းပါ။

၇။ ခေတ်ရေစီးကြောင်းလိုက်တဲ့ အကျင့်။

လူချမ်းသာတွေက တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတွေကို နောက်ဆုံးမှဝယ်လေ့ရှိပြီး ငွေကြေးအခက်အခဲရှိသူတွေကတော့ အရင်ဆုံးဝယ်လေ့ရှိပါတယ်။ သင့်အပေါ် လူတွေ အထင်ကြီးလာဖို့ သင့်အတွက် အမှန်တကယ်မလိုအပ်တဲ့ ခေတ်စားနေတဲ့အသုံးအဆောင်ပစ္စည်းတွေကို မဝယ်ပါနဲ့။

၈။ စိတ်မရှည်မှု။

ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ရာမှာ ဖြတ်လမ်းမရှိပါဘူး။ ခုရေတွင်းတူး ခုရေကြည်သောက်လို့ မရဘူးဆိုတာ မှတ်ထားပါ။ စိတ်ရှည်သည်းခံဖို့ လိုပါတယ်။

27/01/2026

“အရာအားလုံးမှာ စည်းမျဉ်းတွေ ရှိတယ်!”

ငွေရှာနေ၊ ငွေသုံးနေရင် ငွေရဲ့သဘာဝကို သိထားရမှာဖြစ်သလို လူဖြစ်နေရင် လူရဲ့သဘော သဘာဝကိုလည်း သိထားရမှာ ဖြစ်ပါတယ်။

အောက်ပါအချက်တွေက လူရဲ့သဘော သဘာဝတချို့ဖြစ်ပါတယ်။

▪မိနစ် 20

လူဆိုတာ မိနစ် 20 အတွင်းမှာပဲ လေ့လာသင်ယူမှုအသစ်တွေရဲ့ အများစုကိုမေ့သွားလေ့ရှိတယ်။ ဒါ့ကြောင့် အသစ်တွေသင်ယူတဲ့အခါ မိနစ် 20 မှာတကြိမ် ပြန်စဥ်းစားတွေးတောပါ၊ စာဖတ်တဲ့အခါလည်း အတူတူပါပဲ။

▪မိနစ် 90

လူရဲ့ စိတ်စုစည်းနိုင်မှုဆိုတာ အလွန်ဆုံးမိနစ် 90 ဖြစ်ပါတယ်။ တခုခုကိုသင်ယူတာ၊ သင်ပြတဲ့အခါ အလွန်ဆုံး မိနစ် 90 ခန့်မှာတကြိမ် နားချိန်ယူပါ။

▪7 နာရီ 30 မိနစ်

လူ့အတွက် တညအိပ်ချိန် 7 နာရီခွဲက ဦးနှောက်နှင့် ကိုယ်ခန္ဓာအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ့်ရဲ့စွမ်းဆောင်ရည် ကျနေတဲ့အခါမျိုးမှာဆို အိပ်ချိန်ကို ပြည့်ပြည့်ဝဝနှင့် စောစောအိပ် စောစောထတဲ့အခါမျိုးမှာ စွမ်းဆောင်ရည်တက်ပြီး အလုပ်ပိုတွင်ကျယ်လာမှာဖြစ်ပါတယ်။ စစ်တမ်းအရ တနေ့လျှင် 8 နာရီထက် ပိုအိပ်သူတွေက အသက်တိုလေ့ရှိတယ်လို့ သိရပါတယ်။

▪5 နာရီ

စာကျက်ချိန်၊ သင်ယူလေ့လာချိန်က တနေ့ကို 5 နာရီအတွင်းမှာ လေ့လာသင်ယူတာက ထိရောက်မှုရှိပါတယ်။ 5 နာရီ ဒလဟောမဟုတ်ပဲ ကြားမှာ 4 - 5 ကြိမ် နားချိန်ယူပြီး ကျက်သင့်ပါတယ်။

▪မိနစ် 150

လူတဦးရဲ့ တပတ်လျှင် လိုအပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုက အနည်းဆုံး မိနစ် 150 ဖြစ်ပါတယ်။ အမြဲကျန်းမာနေဖို့ အတွက်က အနည်းဆုံး 1 ပတ်လျှင် မိနစ် 150 လမ်းလျှောက်တာ၊ ကိုယ်လက်လှုပ်ရှားတာ စတဲ့ ကျန်းမာရေးလိုက်စားဖို့ လိုမှာဖြစ်ပါတယ်။

▪66 ရက်

လူတဦးပြောင်းလဲဖို့ လိုအပ်တဲ့နေ့ရက်က 66 ရက်ဖြစ်ပါတယ်။ လူ့ရဲ့အကျင့်ကို ပြောင်းလဲဖို့အတွက်က 66 ရက်တာ ရက်မပြတ်၊ မပျက်မကွက် ကြိုးစားယူရမှာဖြစ်ပါတယ်။ စောစောအိပ် စောစောထတာကို အကျင့်ဖြစ်ဘို့ အနည်းဆုံး 66 ရက် ဆက်တိုက်လုပ်ယူပါ။

▪30 ရက်

ရည်မှန်းချက်ဖြစ်မြောက်ဖို့ ရက်ပေါင်း 30 ဖိလုပ်ပါ။ ရက်ပေါင်း 30 နည်းနည်းစီ စဥ်ဆက်မပြတ်အားထုတ်တဲ့အခါ ရလာဒ်ကောင်းတွေရလေ့ရှိပါတယ်။

▪15 မိနစ်

စိတ်ဖိစီးမှုလျှော့ကျဖို့အတွက် အနည်းဆုံး 15 မိနစ် လမ်းလျှောက်ပါ။ စိတ်ဖိစီးစရာတွေကို အရင်းနှီးဆုံးလူနှင့် တိုင်ပင်တာ၊ နှစ်ဦးသားတိုင်ပင်တဲ့အခါ အတူတူလမ်းလျှောက်ပြီး တိုင်ပင်တာကလည်း ဆုံးဖြတ်ချက်တွေ မှန်ကန်လာစေမှာဖြစ်ပါတယ်။

▪5 မိနစ်

တရက် 5 မိနစ် တရားထိုင်ပါ။ နေ့စဥ် နံနက် 5 မိနစ် တင်ပြင်ခွေထိုင်ပါ၊ ဝင်လေထွက်လေသာမှတ်ပါ၊ အောင်မြင်သူဖြစ်ဖို့ ဖြတ်လမ်းလို့တောင် ပြောလို့ရပါတယ်။

▪7 မိနစ်

စိတ်စုစည်းမှုအတွက် 7 မိနစ် တေးသီချင်းနားထောင်ပါ။ ကိုယ်ကြိုက်တဲ့ တေးသီချင်းကို 7 မိနစ် နားထောင်တဲ့အခါ စိတ်စုစည်းမှုမြင့်လာပြီး ဦးနှောက်အတွက် စွမ်းအားဖြစ်စေပါတယ်။

▪25 မိနစ်

ဒါက Pomodoro technique ဖြစ်ပါတယ်။ အလုပ်တခုလုပ်တဲ့အခါ 25 မိနစ်လုပ်ပြီး 5 မိနစ် နားတဲ့အလေ့အကျင့်က စိတ်စုစည်းမှုမြင့်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ အနေအထားကို ထိန်းထားနိုင်မှာဖြစ်ပါတယ်။ 4 ကြိမ် ဒီနည်းအတိုင်းလုပ်ပြီးတဲ့အခါ နာရီဝက်ခန့်နားတာက ပိုထိရောက်စေမှာဖြစ်ပါတယ်။ (pomodoro ဆိုတာ အီတလီစကားရဲ့ ခရမ်းချဥ်သီးကို ခေါ်တာဖြစ်ပါတယ်)

▪7 စက္ကန့်

တဦးနှင့်တဦးစကားပြောတဲ့အခါ အချိတ်အဆက် မိ/မမိကို 7 စက္ကန့်မှာ အဆုံးအဖြတ်ပေးပါတယ်။ အချင်းချင်းပြောတဲ့အခါ အပေါက်အလမ်း တည့်မတည့်၊ စိတ်ပါဝင်စားခြင်းရှိမရှိကို စပြောတဲ့ 7 စက္ကန့်က အဖြေပေးလေ့ရှိပါတယ်။

▪3 ခု

သေးသေးမွှားမွှားဖြစ်ပါစေ၊ တရက်လျှင် လုပ်စရာ ၃ ခု ပန်းတိုင်ထားပါ။ ပန်းတိုင်အကြီးတွေကို ခွဲခြမ်းလိုက်ပါ။ ဒီပန်းတိုင်ကြီးရောက်ဖို့ ပန်းတိုင်သေးသေးလေး 3 ခုဆီကို နေ့စဥ် ပစ်မှတ်ထားပြီးလုပ်ပါ။ အောင်မြင်သူအများစုက ဒီလိုနည်းနှင့်လုပ်ကြပါတယ်။

▪30 မိနစ်

ကိုယ့်ရဲ့အလုပ် ပိုတွင်ကျယ်ဖို့ မိနစ် 30 အချိန်ယူပြင်ဆင်ပါ။ အလုပ်တခုခုလုပ်ဖို့ မစတင်မှီ မိနစ် 30 ဒီအတွက်ကြိုတင်ပြင်ဆင်ပါ၊ ဒီလိုလုပ်ခြင်းက အလုပ်ကို 2 ဆပိုပြီး တွင်ကျယ်စေမှာဖြစ်ပါတယ်။

▪7 စက္ကန့်

အပေါင်းလက္ခဏာဆောင်တဲ့ စဉ်းစားဥာဏ်ထွက်ပေါက်အတွက် 7 စက္ကန့်သာလိုပါတယ်။ စိတ်အပြောင်းအလဲဖြစ်ချင်တဲ့အခါ ကိုယ့်ရဲ့စိတ်သဌာန်ကို အကောင်းမြင်စိတ်ပြောင်းဖို့က 7 စက္ကန့်သာ လိုတယ်ဆိုတာ သိထားပါ။ အတွေးအခေါ်အပြောင်းအလဲကို သတိမူနိုင်လျှင် ဘဝက တိုးတက်ပြောင်းလဲမှာဖြစ်ပါတယ်။

▪48 နာရီ

ကိုယ်ခန္ဓာကို အနားပေးလိုတဲ့အခါ 48 နာရီသုံးပါ။ ပင်ပန်းနွမ်းနယ်တာ၊ ခန္ဓာကိုယ် မလန်းတဲ့အခါ 48 နာရီ အေးဆေးစွာအနားယူခြင်းက အသင့်တော်ဆုံးဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ကို အတင်းအကျပ်ခိုင်းခြင်းကို မလုပ်သင့်ပါ၊ ကားလိုမျိုး ပြောင်းစီးလို့မရတာ သိထားရမှာပါ၊ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ၊

ဒီအထဲကအချက်တွေက ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲတဲ့အခါ ဒါမှမဟုတ် လုပ်ငန်းခွင်မှာ စီမံခန့်ခွဲတဲ့အခါလည်း အသုံးချလို့ရမှာပါ။ ခေါင်းဆောင်တယောက်အနေနှင့်လည်း သိထားသင့်တဲ့အချက်တွေဖြစ်ပါတယ်။ အထက်ပါအလေ့အကျင့်ကို လက်တွေ့လုပ်နိုင်တယ်ဆိုရင် ယုံကြည်မှုအပြည့်နှင့် အောင်မြင်တဲ့သူဖြစ်မှာ ကျိန်းသေပါတယ်။

物事にはルールがある!

𝘾𝙧𝙚𝙙𝙞𝙩 𝙩𝙤 TIM/KIM with respect.
📚‌စာဖတ်ခြင်းဖြင့် ဘဝကိုမြှင့်တင်ပါ📚

27/01/2026

ကံနိမ့်၊ ကံညံ့သူများအတွက်
🙏 ကံချေကန်တော့ခြင်း အဓိဋ္ဌာန် 🙏

▪️နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ (၃) ကြိမ်

▪️ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ

🔺တောင်းပန်ခန်း🔺

▪️အရှင်ဘုရား၊ တပည့်တော်သည် ဘဝအဆက်ဆက်၊ ဘဝအဖုံဖုံမှ ယနေ့ယခုဘဝ ယခုအချိန်ထိ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ၊ ခင်ပွန်းကြီးဆယ်ပါးနှင့် မပြစ်မှားထိုက်သောသူတို့ကို ကာယကံ၊ ဝစီကံ၊ မနောကံ တို့မှတစ်ပါးသောကံတို့ဖြင့် မသိစိတ်နှင့်ဖြစ်စေ၊ သိစိတ်နှင့်ဖြစ်စေ ပြစ်မှားကျူးလွန်မိသည်များ ရှိခဲ့ပါလျှင် တင်ရှိနေသော ဝဋ်ကြွေးသံသရာ ဒုက္ခများကို ယခုကန်တော့ရခြင်းမှ ရရှိသော အကျိုးကျေးဇူးများကြောင့် ကင်းစင်ကျေပျောက်ရပါလို၏ အရှင်ဘုရား။

🔺မိမိကိုယ်ကို မေတ္တာပို့ခြင်း🔺

▪️အရှင်ဘုရား၊ တပည့်တော်သည် ဘဝအဆက်ဆက်၊ ဘဝအဖုံဖုံမှ ယနေ့ယခုဘဝ ယခုအချိန်ထိ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ၊ ခင်ပွန်းကြီးဆယ်ပါးနှင့် မပြစ်မှားထိုက်သောသူတို့ကို ကာယကံ၊ ဝစီကံ၊ မနောကံတို့မှတစ်ပါးသောကံတို့ဖြင့် မပြုခဲ့မိသော် ကောင်းမှုကံစေတနာ ပါရမီအရှိန်အဟုန်တို့သည် ယနေ့ယခုဘဝ ယခုအချိန်တွင် ခံစားရပြီး ဖြစ်ပေါ်နေသော ဒုက္ခဝဋ်ဆင်းရဲများမှလည်း ကင်းစင်ကျေပျောက်ရပါလို၏။

▪️ငါ့ခန္ဓာနှင့် ငါ၏ ကိုယ်စောင့်နတ်လည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းပါစေ။ သူတော်ကောင်းတရားနှင့်အညီ နေနိုင်၊ သွားနိုင်၊ စားနိုင်၊ အိပ်နိုင်ပါစေ။ မကောင်းသောစိတ်၊ မကောင်းသောအကြံအစည်၊ မကောင်းသော ပတ်ဝန်းကျင်၊ မကောင်းသော မိတ်ဆွေယုတ်များနှင့် မကောင်းသောအိပ်မက်ဆိုးများမှလည်း ကင်းဝေးပါစေ။

🔺မိမိအိမ်သူအိမ်သားများအား မေတ္တာပို့သခြင်း🔺

▪️ဤအိမ်တွင်ရှိသော ခုနစ်ရက်သားသမီးနှင့် ခုနစ်ရက်သားသမီးအပေါ် စောင့်ကြပ်နေသော ကိုယ်စောင့်နတ်များလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းပါစေ။ သူတော်ကောင်းတရားနှင့်အညီ နေနိုင်၊ သွားနိုင်၊ စားနိုင်၊ အိပ်နိုင်ပါစေ။ မကောင်းသောစိတ်၊ မကောင်းသောအကြံအစည်၊ မကောင်းသောပတ်ဝန်းကျင်၊ မကောင်းသော မိတ်ဆွေယုတ်များနှင့် မကောင်းသောအိပ်မက်ဆိုးများမှလည်း ကင်းဝေးပါစေ။

🔺အိမ်တွင်ရှိသော (၃၁) ဘုံသားများအား မေတ္တာသီးသန့်ပို့ခြင်း🔺

▪️ဤအိမ်တွင်ရှိသော အိမ်စောင့်နတ်များ၊ နတ်ကောင်းနတ်မြတ်များနှင့် မကျွတ်မလွတ်သေးသော ပုဂ္ဂိုလ်များ၊ မြင်အပ်၊ မမြင်အပ်၊ ကြားအပ်၊ မကြားအပ်၊ သိအပ်၊ မသိအပ်သော (၃၁) ဘုံသားအားလုံးတို့သည် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းပါစေ။
(ဘဝအဆက်ဆက်၊ ဘဝအဖုံဖုံမှ မိမိပြုခဲ့သော ကောင်းမှုကံပါရမီတို့နှင့် လူတကာတို့ ပေးဝေငှနေသော မေတ္တာဘာဝနာများကို သိမြင်ကြားသိ သာဓုခေါ်နိုင်ပြီး ဤဘုံ၊ ဤဘဝမှ ကျွတ်လွတ်၍ ဤထက် များစွာမြင့်မြတ်သော ဘုံဘဝသို့ ရောက်ရှိပါစေ။ နေစရာမရှိသူများလည်း နေစရာရပါစေ၊ စားစရာမရှိသူများလည်း စားစရာရပါစေ၊ ဝတ်စရာမရှိသူများလည်း ဝတ်စရာရပါစေ။ ဤဘုံ၊ ဤဘဝမှ ကျွတ်လွတ်၍ လူ့ဘဝသို့ အမြန်ဆုံးရောက်ရှိပြီး သူတော်ကောင်းတရားနှင့်အညီ နေနိုင်၊ သွားနိုင်၊ စားနိုင်၊ အိပ်နိုင်ကာ နိဗ္ဗာန်ရောက်ရာ လမ်းကြောင်းများကိုလည်း အမြန်ဆုံး ရှာဖွေတွေ့ရှိနိုင်ကြပါစေ။)

🔺အကျဉ်းကျခံနေရသူ သတ္တဝါအားလုံးတို့အား သီးသန့်မေတ္တာပို့ခြင်း🔺

▪️ဤကမ္ဘာပေါ်တွင်ရှိသော အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ထောင်၊ အချုပ်ခန်းများနှင့် မည်သည့်နေရာတွင်မဆို အကျဉ်းကျ၊ အချုပ်အနှောင်ခံနေရသူများသည် သူတစ်ပါး၏ ထောင်ချောက်၊ အချုပ်အနှောင်မှ ကျွတ်လွတ်၍ ကျန်ရှိ
သည့်လူ့ဘဝတစ်လျှောက်လုံး သူတော်ကောင်းတရားနှင့် နေနိုင်၊ သွားနိုင်၊ စားနိုင်၊ အိပ်နိုင်ကြပါစေ။

ထူး /မ ထူးဆိုတာကိုတော့ လိုက်လုပ်ကြည့်မှ သိပါလိမ့်မယ်။

(မကျွတ်မလွတ်သူများကြားရာရောက်ရာမြင်ရာအရပ်ကနေသာဓုခေါ်ဆိုနိုင်ပါစေ)
လို့ ဆုတောင်းပေးပါ ။🙏🙏🙏

22/01/2026

အခြားသူတွေထက် ခြေတစ်လှမ်း အမြဲသာနေစေမယ့် Checklist (၁၀၀)

၁။ စိတ်ဓာတ်နှင့် ခံယူချက် (Mindset)
1. ရှင်းလင်းတဲ့ ပန်းတိုင်တစ်ခု အမြဲရှိပါစေ။
2. ကိုယ့်ကိုယ်ကိုယ် အမြဲယုံကြည်မှုရှိပါ။
3. မဖြစ်နိုင်ဘူးဆိုတဲ့ စကားကို ဖယ်ထုတ်လိုက်ပါ။
4. ရှုံးနိမ့်မှုကို သင်ခန်းစာအဖြစ်ပဲ မြင်ပါ။
5. တခြားသူနဲ့ ကိုယ့်ကိုကိုယ် မနှိုင်းယှဉ်ပါနဲ့။
6. အကောင်းမြင်စိတ်ကို အလေ့အကျင့်လုပ်ပါ။
7. ပြဿနာထက် အဖြေကိုပဲ အာရုံစိုက်ပါ။
8. အပြောင်းအလဲတွေကို လက်ခံရဲတဲ့သတ္တိရှိပါ။
9. အမှားလုပ်မိရင် ဝန်ခံရဲပါစေ။
10. အတိတ်က နာကျင်မှုတွေကို သင်ခန်းစာယူပြီး မေ့ပစ်ပါ။
11. သူတစ်ပါး အောင်မြင်မှုကို ဝမ်းမြောက်နိုင်ပါစေ။
12. ကျေးဇူးတင်တတ်တဲ့စိတ် (Gratitude) ထားပါ။
13. စိတ်ရှည်သည်းခံတတ်ပါစေ။
14. "ငါသိပြီးသား" ဆိုတဲ့ မာန်မာနကို ချထားပါ။
15. ကိုယ့်ထက်တော်တဲ့သူတွေဆီက သင်ယူပါ။
16. အချိန်တိုင်းမှာ ရိုးသားမှုကို အရင်းခံပါ။
17. ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပါ။
18. ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ပါစေ။

၂။ နေ့စဉ်အလေ့အကျင့်နှင့် ကျန်းမာရေး (Habits & Health)
19. မနက်စောစော ထတတ်တဲ့ အကျင့်လုပ်ပါ။
20. တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက် သောက်ပါ။
21. ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု နေ့တိုင်းလုပ်ပါ။
22. အိပ်ချိန် (၇-၈) နာရီ မှန်ပါစေ။
23. အဆင်ပြေသလို မစားပါနဲ့၊ အာဟာရရှိတာကို ရွေးစားပါ။
24. တစ်နေ့ကို စာအုပ် အနည်းဆုံး (၁၀) မျက်နှာဖတ်ပါ။
25. အရေးကြီးတဲ့အလုပ်တွေကို မနက်ခင်းမှာ အပြီးလုပ်ပါ။
26. ဖုန်းသုံးချိန်ကို ကန့်သတ်ပါ။
27. တရားထိုင်ပါ ဒါမှမဟုတ် ငြိမ်ငြိမ်လေး အနားယူပါ။
28. နေ့စဉ် မှတ်တမ်း (Journal) ရေးပါ။
29. မနက်ဖြန်အတွက် လုပ်ရမယ့်စာရင်း (To-do list) ကို ညကတည်းက ကြိုရေးပါ။
30. ကိုယ်နေဟန်ထား (Posture) ကို မတ်မတ်ထားပါ။
31. သန့်ရှင်းသပ်ရပ်စွာ ဝတ်စားပါ။
32. အပြုံးနဲ့ နေ့ရက်ကို စတင်ပါ။
33. အမြန်စာ (Fast food) တွေကို လျှော့စားပါ။
34. တစ်ပတ်မှာ တစ်ရက်တော့ နည်းပညာနဲ့ ဝေးဝေးနေကြည့်ပါ။
35. အလုပ်ခွင်နဲ့ အိမ်ကို သန့်ရှင်းသပ်ရပ်အောင် ထားပါ။

၃။ အလုပ်နှင့် စွမ်းဆောင်ရည် (Work & Productivity)
36. အချိန်ကို တန်ဖိုးထားပါ။ (အချိန်နောက်မကျပါနဲ့)
37. အလုပ်တစ်ခုကို စပြီးရင် ဆုံးအောင်လုပ်ပါ။
38. အရေးကြီးတာနဲ့ အရေးမကြီးတာကို ခွဲခြားတတ်ပါစေ။
39. "ဟန်ဆောင်" မနေပါနဲ့၊ "တကယ်" လုပ်ပါ။
40. ပေါင်းသင်းဆက်ဆံရေး (Networking) ကောင်းအောင် တည်ဆောက်ပါ။
41. နည်းပညာအသစ်တွေကို လေ့လာပါ။
42. ဝေဖန်မှုတွေကို အပြုသဘောနဲ့ လက်ခံပါ။
43. ငြင်းသင့်တဲ့အရာကို "မရဘူး" လို့ ရဲရဲပြောပါ။
44. အလုပ်လုပ်ရင် အာရုံစိုက်ပြီးလုပ်ပါ (Deep Work)။
45. ကိုယ့်အလုပ်အပေါ် စေတနာထားပါ။
46. တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိပါစေ။
47. တစ်ကြိမ်မှာ အလုပ်တစ်ခုပဲ အာရုံစိုက်ပါ။ (No Multitasking)
48. အခွင့်အရေးကို ထိုင်မစောင့်ပါနဲ့၊ ကိုယ်တိုင်ဖန်တီးပါ။
49. ရလဒ်ထွက်အောင် အလုပ်လုပ်ပါ။
50. အသေးအမွှားလေးတွေကအစ ဂရုစိုက်ပါ။
51. ကိုယ့်ထက်တော်တဲ့သူတွေနဲ့ ဝန်းရံထားပါ။
52. လုပ်ငန်းခွင်မှာ အဆိပ်အတောက်ဖြစ်စေသူတွေကို ရှောင်ပါ။
53. အမြဲတမ်း သင်ယူနေသူ (Lifelong Learner) ဖြစ်ပါစေ။

၄။ ငွေကြေးစီမံခန့်ခွဲမှု (Finance)
54. အသုံးစရိတ်ကို သေချာမှတ်တမ်းတင်ပါ။
55. မသုံးခင် အရင်စုပါ။
56. ကြွေးမြီကင်းအောင် နေပါ။
57. ဝင်ငွေလမ်းကြောင်း တစ်ခုထက်မကရှိအောင် ကြိုးစားပါ။
58. မလိုအပ်တဲ့ ပစ္စည်းတွေကို ကြွားချင်လို့ မဝယ်ပါနဲ့။
59. ရေရှည်အတွက် ရင်းနှီးမြှုပ်နှံပါ။
60. အရေးပေါ်ရန်ပုံငွေ (Emergency Fund) ထားပါ။
61. ငွေကြေးအသိပညာ (Financial Literacy) ကို လေ့လာပါ။
62. အလကားရတဲ့အရာကို မက်မောမနေပါနဲ့။
63. အလှူဒါန ပြုပါ။
64. စျေးဆစ်တာထက် တန်ဖိုး (Value) ကို ကြည့်ပါ။
65. ချမ်းသာချင်ယောင်ဆောင်တာထက် တကယ်ချမ်းသာအောင် လုပ်ပါ။

၅။ လူမှုဆက်ဆံရေး (Relationships)
66. နားထောင်သူကောင်း ဖြစ်ပါစေ။
67. ကတိတည်ပါ။
68. မိသားစုကို အချိန်ပေးပါ။
69. သူတစ်ပါးအတင်းကို ဘယ်တော့မှမပြောပါနဲ့။
70. ကူညီနိုင်တဲ့နေရာမှာ ကူညီပါ။
71. အမှားလုပ်မိရင် တောင်းပန်ဖို့ ဝန်မလေးပါနဲ့။
72. ကျေးဇူးတင်စကားကို မကြာခဏပြောပါ။
73. တစ်ဖက်သားကို လေးစားမှုရှိပါစေ။
74. အငြိုးအတေးတွေကို လွှတ်ချလိုက်ပါ။
75. မိတ်ဆွေကောင်းကို တန်ဖိုးထားပါ။
76. ကိုယ့်ရဲ့ အောင်မြင်မှုကိုပဲ ကြွားမနေပါနဲ့။
77. မနာလိုစိတ်ကို ထိန်းချုပ်ပါ။
78. တခြားသူရဲ့ ကိုယ်ရေးကိုယ်တာ (Boundary) ကို လေးစားပါ။
79. ကတိမပေးခင် သေချာစဉ်းစားပါ။
80. ချစ်ရတဲ့သူတွေကို ချစ်ကြောင်း ဖော်ပြပါ။

၆။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ဖြိုးမှု (Personal Growth)
81. ကိုယ့်ရဲ့ ဝါသနာ (Passion) ကို ရှာဖွေပါ။
82. ခရီးသွားပါ။ ဗဟုသုတအသစ်တွေရှာပါ။
83. ဘာသာစကားအသစ်တစ်ခု သင်ယူပါ။
84. လူရှေ့မှာ စကားပြောရဲအောင် လေ့ကျင့်ပါ။
85. ကိုယ့်ရဲ့ အားနည်းချက်ကို သိအောင်လုပ်ပါ။
86. မကြောက်ပါနဲ့၊ စွန့်စားရဲတဲ့စိတ်ရှိပါ။
87. ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ (Self-reflection)။
88. အချိန်တိုင်းမှာ ရည်မှန်းချက်ကို မျက်ခြည်မပြတ်ပါစေနဲ့။
89. သဘာဝတရားနဲ့ နီးစပ်အောင် နေပါ။
90. ဝါသနာတူတဲ့ အသိုက်အဝန်းထဲ ဝင်ပါ။
91. တီထွင်ဖန်တီးနိုင်စွမ်းရှိအောင် ကြိုးစားပါ။
92. ကိုယ့်ရဲ့ တန်ဖိုး (Values) ကို ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့။
93. ဘဝရဲ့ ပျော်ရွှင်မှုကို ငွေတစ်ခုတည်းမှာ မရှာပါနဲ့။
94. စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းရှာထားပါ။
95. ဒီနေ့ထက် မနက်ဖြန် ပိုတော်အောင် ကြိုးစားပါ။
96. အပေးနဲ့ အယူ မျှတပါစေ။
97. ကိုယ့်ရဲ့ လွတ်လပ်မှုကို တန်ဖိုးထားပါ။
98. လောကကြီးအတွက် အကျိုးရှိတာတစ်ခုခု လုပ်ခဲ့ပါ။
99. ဘယ်တော့မှ လက်မလျှော့ပါနဲ့။
100. အခုချက်ချင်းပဲ စတင်လိုက်ပါ။

ကိုယ်ပိုင်လုပ်ငန်းတရားဝင်စတင်ဖို့တစ်ရက်ပဲလိုတယ်

MTZ BusinessIQ

22/01/2026

Liquor, Lady and Leverage
လူတစ်ယောက်ကို ပျက်စီး စေတဲ့ ခွက်ဆွဲသွားစေမယ့် L သုံးလုံးရှိပါတယ်တဲ့။ ဒါတွေက liquor, lady နဲ့ Leverage ပါတဲ့။
Liquor ဆိုတဲ့ အရက်ကတော့ သိပ်အထူးပြောစရာမလိုပါဘူး ။ အရက်စွဲလို့ ဘဝပျက်သွားတာ တွေကလဲ အတော်များများ တွေ့ရပါတယ်။ မသောက်ရမနေနိုင်ဖြစ်လို့ ရှိသမျှကုန် အလုပ်ပျက်တာအပြင် ကျန်းမာရေးထိရင်လဲ ငွေအတော်ကုန်မှာပါပဲ။ ကျွန်တော် ကတော့ သောက်တတ် တယ်။ ဒါပေမယ့် သောက်တာ ချင်းအတူတူ လူကို ထိတာ သက်သာမယ့် အရက်ကောင်းကောင်းပဲ သောက်တယ်။နောက် တစ်လ ဘယ်နှစ်ရက်လောက်ပဲ သောက်မယ်။ နောက်တစ်ခါ Limit ထားတယ်။ ကျွန်တော့် အသောက်သမိုင်းတလျှောက် အမူးလွန်ပြီး ကားမမောင်းနိုင်ဘူးဆိုတာမျိုး တစ်ခါမှ မရှိဘူး။ ဆိုတော့ Social Drink လေးတွေ တစ်ခါတစ်လေ ရက်ဆက် တတ်တာမျိုး ရှိပေမယ့် ပြန်ထိမ်းထား နိုင်တဲ့ သဘောပါပဲ။
ဒုတိယ ကတော့Lady ပေါ့။ ဒီနေရာမှာ အမှတ်မှား ကြတာက မိန်းမ ရှုပ်ပြီး ပေးရ အမ်းရတာနဲ့ တင်ကုန် တာမျိုး ချည်းမဟုတ်ပဲ လက်တွဲဖော် တစ်ယောက်ထဲ ကနေလဲ ဘဝပျက်သွားအောင် လုပ်နိုင်သေးတယ်ရယ်။ သင်္ဘောသားဘဝက သင်္ဘောသားတစ်ယောက် သူ့ကောင်မလေးကို လတိုင်းရှာသမျှအပ်၊ နှစ် ပေါင်းများစွာ သင်္ဘောလိုက်၊ ဒီတစ်ခါပြန်လာရင် ယူမယ် လုပ် ထားရင်း သူပြန်ခါနီး လပိုင်းအလိုကျမှ ဟိုက မင်္ဂလာဆောင်သွားလေတော့ ရှာထားသမျှလဲပါ၊ လူလဲပါ ဘဝပါပျက်တော့တာပဲ။ ဒါကတော့ မိန်းမ ယောက်ျားရယ်လို့မဟုတ်ဘူး။ အဆင်မပြေတဲ့ သူ နဲ့ ညှိမိတာနဲ့ ပျက်တာပဲ။
တတိယ ကတော့ Leverage ပေ့ါ။ ဒါကို အဓိက ပြောချင်တာ အရာတိုင်းမှာ Timing ရှိတယ်။ ဖြစ်ချိန်တန်မှ ဖြစ်တာ အကောင်းဆုံးပဲ ။ အချိန်မတန်တဲ့ အရာတိုင်းဟာ ပျက်စီးခြင်းကို ဦးတည်လေ့ရှိတယ်။ အချိန်ကိုက် လှုပ်ရှားလိုက်ရင် အကောင်းဆုံး အခွင့်အရေးတွေကို ရနိုင်သလို အချိန်မတိုင် ခင် စောသွားတဲ့ အရာတွေကလဲ ထင်သလောက် အကျိုးမရောက်ဖြစ်တတ်လေ့ရှိပါတယ်။
Leverage ဆိုတာ ကတော့ ရုတ်တရက် ငွေ အများကြီး အကြီးအကျယ် ရသွားတာ၊ ပွပေါက်တိုးသွားတာ မျိုးကို ဆိုလိုတာဖြစ်ပါတယ်။ နောက် ထပ် Finance အသုံးအနှုန်း အနေနဲ့ကတော့ အကြွေးယူ ပြီး လုပ်ငန်းတွေ လုပ်ကိုင်တာမျိုးပါပဲ။
ပထမ အဓိပ္ဗာယ် ဖွင့်ဆိုချက် ကို ဥပမာပေးရရင် လူက အဆင့်သင့်မဖြစ်သေးပဲ၊ တစ်နည်းအားဖြင့် ငွေတွေကို ဘယ်လိုစီမံမယ် ထိန်းသိမ်းမယ် တိုးပွားစေမယ် ဆိုတဲ့ ပင်ကိုယ်အခံ မရှိသေးပဲ ရုတ်တရက် ချမ်းသာ သွားရင် ရသမျှ ပြန်ကုန်ကာ ယခင်ထက် ပိုနိမ့်ကျတဲ့ ဘဝကို ရောက်သွား တတ်လေ့ရှိပါတယ်။ ပိုပြီး ဘဝပျက်တတ်ပါတယ်။ ချမ်းသာစဉ် က နေထိုင်သုံးစွဲမှုတွေကိုပဲ သတိရနေပြီး အထည်ကြီး ပျက် ဘ၀ ဖြစ်ကာ တော်ရုံ အလုပ်ကိုလဲ စိတ် ပါလက်ပါ မလုပ်လို့တော့ပဲ ပျက်စီးခြင်းကို ဦးတည်တာပါပဲ။ ထီပေါက်သွားတဲ့ လူတွေကို လေ့လာတဲ့ အခါ ဆယ်စုနှစ် တစ်ခု အကြာမှာ အများစု က နဂို ထက်ပိုအခြေအနေ ဆိုးကုန်ကြပါတယ်တဲ့။ ပိုးတုံးလုံးလေး ဘ၀ ကနေ လိပ်ပြာ ဘ၀ ကိုကူးရာမှာ အခွံလေး ကို အားနဲ့ ခွဲထုတ် မှသာ လိပ်ပြာအဖြစ် ပျံသန်းနိုင်မှာပါ။ ဒါကို ရုန်းကန်နေရတာ သနားလို့ဆိုပြီး လူက အခွံကို ခွာပေး လိုက်ရင် အတောင်ပံတွေ မသန်မာတော့ပဲ မပျံသန်းနိုင်တော့ပါဘူးတဲ့။ ဆိုတော့ အချိန်ကိုက် ဆိုတဲ့ စကား ဟာ အတော်လေး တာ သွားပါတယ်။ အရေးကြီးပါတယ်။
ဒါကြောင့် အမွေတွေ ရုတ်တရက်ရတာ၊ ထီပေါက်တာလိုမျိုးအပြင် လုံလောက်တဲ့ ရင့်ကျက်မှု အတွေ့အကြုံမရှိသေးပဲ လုပ်ငန်းက ရုတ်တရက် အရမ်းကြီးသွားတာတွေဟာ လည်း ဒီပျက်စီးတတ်တဲ့ တတိယ L မှာ ပါဝင်တတ်တာပါပဲ။ ဒီအတွက် ဖြတ် လမ်း နည်းနဲ့ ချမ်းသာ အောင်ကြိုးစားမယ့် သူတွေ ဟာ အများစု က နဂိုထက်ပို ဆိုးတဲ့ အခြေအနေကိုရောက်တတ်ပါတယ်။ ဒီတော့ နှေးချင်နှေးပါစေ နည်းမှန်လမ်းမှန်နဲ့ အချိန် မှန်သာ ဖြစ်ပါစေ။
နောက်တစ်ခု. Leverage ရဲ့ အဓိပ္ဗာယ်က အကြွေးလို့ အဓိပ္ဗာယ်ရပြန်ပါတယ်။ လုပ်ငန်းတစ်ခု လည်ပတ် လာလို့ အဆင်ပြေလာတဲ့ အခါ ဈေးကွက်ကောင်းတုန်း များများ ရင်းဖို့၊ မိုးရွာတုန်းရေခံဖို့ လိုတယ် ဆိုပြီး ချေးငွေ တွေ ယူကာ လည်ပတ်ကြပါတယ်။ သာမာန်အားဖြင့်တော့ ဖြစ်သင့်တဲ့ ချေးငွေ ပမာဏ ဟာ လုပ်ငန်းကို ပိုလို့တောင် တိုးတက်စေပါတယ်။ ဒါပေမယ့် အတိုင်းအဆမရှိပဲ ချေးငွေ ယူမိရင်ရင် တော့ လုပ်ငန်း ကအကျ၊ ပေးစရာတွေ စုံ၊ အတိုး က များနဲ့ ကြုံလိုက်ရင်တစ်ချက်ထဲ ပွဲသိမ်း သွား တတ် ပါသေးတယ်။ ဆိုတော့ ဒါကို သတိ ထားဖို့လိုပါတယ်။
ဒါ့အပြင် ငွေပြန်ဝင်အောင် လုပ်တာမဟုတ်ပဲ ၊ မိမိရဲ့ ငွေကြေးစီမံမှု အားနည်းချက်ကြောင့် အသုံးစရိတ် အနေနဲ့ကိုလိုနေလို့ ငွေချေးယူရတယ် ဆိုရင်တော့ ပိုဆိုးတာပါပဲ။ လွယ်လွယ်ချေး လို့ရလို့ချေးလိုက် ငွေရရင် ပြန်ဆပ်လိုက် လိုရင် ပြန်ချေး အေးဆေး ဆိုပေမယ့် ဒီသံသရာလည်ပြီး နှစ်တွေသာ ကုန်သွားမယ် စုမိဆောင်းမိ အခြေအနေတစ်ခုကို မရောက်နိုင်ပြန်ပါဘူး။
ဒါကြောင့် L သုံးလုံးအနက်က နောက်ဆုံး L က အဓိက အကျဆုံးနဲ့ သတိထားဖို့ အလိုအပ်ဆုံးလို့သာ ဆိုချင်ပါတော့တယ်။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေ ကိုလွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။
Kaung Hein Soe - Strategic
Business Consultant

22/01/2026

မင်း အောင်မြင်မှာကို သူတို့
မလိုလားဘူး။
မင်း အဆင်ပြေနေတဲ့ပုံကို သူတို့
ကြည့်လို့မရဘူး။
အဲဒါ လူတိုင်းတော့ မဟုတ်ပေမယ့်
ဘယ်သူတွေ ဖြစ်နိုင်လဲဆိုတော့
မင်း ပတ်ဝန်းကျင်မှာရှိတဲ့ အနီးဆုံးဆိုတဲ့
လူတွေ ဖြစ်နိုင်တယ်။
မင်းနဲ့ နယ်ပယ်တူတဲ့လူတွေ ဖြစ်နိုင်တယ်။
မင်းကို လိုက်ပြိုင်နေတဲ့သူတွေ ဖြစ်နိုင်တယ်။

သူတို့ကမင်းကို ဒုက္ခတွေနဲ့ပဲတွေ့ပြီးတော့
ရုန်းကန်နေရတာကိုပဲ ကြားချင်တာ။
အဆင်မပြေဖြစ်နေတာကိုပဲ မြင်ချင်တာ။

အဲ့လို မင်းအဆင်ပြေနေတာကို မတွေ့ချင်တဲ့
လူတွေက မင်းကိုသတ်မှတ်ထားတဲ့ စံနှုန်းတခု
ရှိတယ်။
အဲဒါကို ကျော်မလာနဲ့။
ကျော်လာရင် သူတို့နေလို့မရတော့ဘူး။
ကျော်လာရင် သူတို့ နည်းမျိုးစုံနဲ့
ပူလောင်မှူ့တွေ ဖြစ်ကြလိမ့်မယ်။

သူတို့သတ်မှတ်ထားတဲ့ စံနှုန်းဆိုတာက
မင်း တခုခုလုပ်ပြီးတော့ အခက်အခဲတွေ
တွေ့နေရပြီ၊ လက်မြှောက်ပြီးတော့ ပြန်လှည့်
သွားရတဲ့အခါ "မင်းဘယ်လောက်လုပ်နိုင်မလဲ"
"ငါပြောသားပဲ၊ ဖြစ်လာမှာ မဟုတ်ဘူးလို့" ဆိုပြီး
သူတို့ကမင်းကို တနေရာမှာ တစ်သွားစေချင်တာ။
လစ်သွားစေချင်တာ။
ရပ်သွားစေချင်တာ။
အဲဒီနေရာက သူတို့မင်းအပေါ် သတ်မှတ်ထားတဲ့
စံနေရာပဲ။

မင်းအနေနဲ့က ကိုယ့်စံနှုန်းကိုယ်
သတ်မှတ်ရမယ်။
ကိုယ့် Level ကိုယ် သတ်မှတ်ရမယ်။
Level မတူရင် လာမတိုင်းစေနဲ့။
Level မတူရင် လာမညှိစေနဲ့။
ကိုယ့်ရဲ့ စံနှူန်းတွေကို အထိမခံနဲ့။

မင်း သတ်မှတ်ထားတဲ့ စံနှုန်း
မင်း သတ်မှတ်ထားတဲ့ Level ရောက်ဖို့
တာဝန်အရှိဆုံးပုဂ္ဂိုလ်က မင်း ကိုယ်တိုင် ပဲ
ဖြစ်တယ်ဆိုတာ သဘောပေါက်

limit

Photos from Shwe OO's post 18/01/2026

ဘန်ကောက်မှာ စားသောက်ဆိုင် သို့မဟုတ် ပီဇာဆိုင်တစ်ဆိုင် ဖွင့်မယ်ဆို အခြေခံစရိတ်တွေကို ဘယ်လိုမှန်းဆတွက်ချက်မလဲ ???

၁။ ဆိုင်ခန်းငှားခ (၁၅% စည်းမျဉ်း)

# အရောင်းဝင်ငွေရဲ့ ၁၅% ထက် မကျော်သင့်
ဥပမာ တစ်လ ငှားခ ဘတ် ၂၀,၀၀၀ ဆိုရင်
၂၀,၀၀၀ × ၁၀၀ ÷ ၁၅ = ၁၃၃,၃၃၃ ဘတ်

# တစ်လ ရောင်းအား ၁၃၃,၃၃၃ ဘတ် အနည်းဆုံး ရှိရပါမယ်။

# ရောင်းအားများလာလေ၊ ဆိုင်ခန်းငှားခ % လျော့လာလေ။

▪️

၂။ တစ်လကို ပီဇာ ဘယ်နှစ်ခု အနည်းဆုံးရောင်းရမလဲ ???

# ပီဇာတစ်ခု ဘတ် ၃၀၀ နဲ့ ၁၃၃,၃၃၃ ဘတ် ရဖို့
၁၃၃,၃၃၃ ÷ ၃၀၀ ≈ ၄၄၄ ခု
တစ်လကို ပီဇာ ၄၅၀ ဝန်းကျင် ရောင်းရမယ်။

# ၄၅၀ ÷ ၃၀ ရက် = ၁၅ ခု
တစ်နေ့ကို ၁၅ ခု Target ထား အနည်းဆုံး ရောင်းရမယ်။

▪️

၃။ အခြားကုန်ကျစရိတ်များ

# ဆိုင်ခန်းငှားခအပြင် ဒီစရိတ်တွေပါ ထည့်တွက်

လုပ်သားခ (ရောင်းအားရဲ့ ၂၀%)
ကုန်ကြမ်း (၃၅–၄၀%)
မီတာခ/ရေဖိုး (၅%)
ကြော်ငြာစရိတ် (၁၀%)
အမြတ် (၁၀–၂၀%)

▪️

၄။ စရိတ်ကြေခြင်း vs အမြတ်

# ဥပမာ တစ်လကို ဘတ် ၁၃၃,၃၃၃ ဖိုး ရောင်းပြီး ၂၀% အမြတ်ဆို အမြတ် = တစ်လကို ၂၆,၆၆၆ ဘတ်

# ဒီပမာဏက သိပ်မကိုက်တာကြောင့် ဒီထက်အမြတ်များအောင် ဘာလုပ်ရမလဲ ?

# ရောင်းအားတက်အောင် ကြိုးစား (ဥပမာ တစ်လကို ဘတ် ၂၀၀,၀၀၀)

# စရိတ်လျှော့ချ (ဥပမာ ငှားခ သက်သာတဲ့နေရာ၊ ဝန်ထမ်းအချိန် စီမံခန့်ခွဲ စသဖြင့်)

▪️

၅။ အရေးကြီးဆုံးအချက်များ

# အသေးစားနဲ့ စတင်ပါ (ဝန်ထမ်းအနည်းငယ် သို့မဟုတ် မိသားစုဝင် ၂–၃ ယောက်နဲ့ စပါ)

# စရိတ်စကတွေကို စောင့်ကြည့်ပါ။ % နဲ့ အချိုးချပြီး ခြေရာခံပါ (ဆိုင်ခန်းငှားခ၊ လုပ်သားခ၊ ကုန်ကြမ်းစရိတ် စသဖြင့်)။

# နေ့စဉ် အရောင်း Target ထားပါ (ဥပမာ တစ်နေ့ကို အနည်းဆုံး ၁၅-၂၀ ခု ရောင်း)။

# ရောင်းအား တဖြည်းဖြည်းမြှင့်တင်ရင်း စရိတ်လျှော့ချပါ။ (ကြော်ငြာ၊ ပရိုမိုးရှင်း၊ အချိန်ပိုင်းဝန်ထမ်း၊ ကုန်ကြမ်းဈေးနှုန်း)

▪️

အထက်ပါ အခြေခံတွက်ချက်နည်းက မလိုအပ်ဘဲ ဆုံးရှုံးမှုများ မဖြစ်စေဖို့ရာ အလွယ်တကူ ကြိုတင်တွက်ချက် မှန်းဆနိုင်ဖို့ပါ။

ရေရှည်အောင်မြင်ဖို့/ အမြတ်ရဖို့ဆို တဖြည်းဖြည်းနဲ့ "အရောင်းပမာဏတိုး + စရိတ်ထိန်း + ဖောက်သည်တည်ဆောက်" ရမှာ ဖြစ်ပါတယ်။

Shwe OO
Businessknowledge

18/01/2026

✨ 1% အလေ့အကျင့် ၏စွမ်းအား

ကြီးမားတဲ့ အောင်မြင်မှုတွေဟာ တစ်ညတည်းနဲ့ ရုတ်တရက် ဖြစ်လာတာ မဟုတ်ပါဘူး။ အဲဒီအစား၊ ကျွန်တော်တို့ နေ့စဉ်လုပ်ဆောင်တဲ့ အလေ့အကျင့်တွေ (Habits) ကို စုစည်းထားခြင်းပဲ ဖြစ်ပါတယ်။ ဒါကို "1% စွမ်းအား (The Power of 1%)" လို့ ခေါ်ဆိုနိုင်ပြီး၊ နေ့စဉ် အနည်းငယ် တိုးတက်ပြောင်းလဲမှုလေးတွေက ရေရှည်မှာ ကျွန်တော်တို့အတွက် အများကြီးအကျိုးဖြစ်ထွန်းစေတယ်ဆိုတာကို လေ့လာမှုတွေအရ တွေ့ရပါတယ်။

ဒီ နေ့စဉ် အလေ့အကျင့်ငယ် (၇) ခုကို ကျွန်တော်တို့ရဲ့ ဘဝထဲမှာ ထည့်သွင်းကျင့်သုံးပြီးကြီးမားတဲ့ ရလဒ်တွေကို ဘယ်လို ပိုင်ဆိုင်နိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်။

၁။ 📖 နေ့စဉ် စာမျက်နှာ (၁၀) မျက်နှာ ဖတ်ခြင်း
တကယ်လို့သာ ကျနော်တို့က နေ့တိုင်း စာ ၁၀ မျက်နှာ ဖတ်မယ်ဆိုရင် တစ်နှစ်ကို စာအုပ် ၁၂ အုပ်မှ ၁၈ အုပ်အထိ ဖတ်ပြီးသား ဖြစ်သွားမှာပါ။ ဒါဟာ တစ်လကို စာအုပ်တစ်အုပ် ဒါမှမဟုတ် ဒီထက် ပိုဖတ်ခြင်းဖြစ်ပြီး၊ ကျွန်တော်တို့ရဲ့ အသိပညာ၊ ဝေါဟာရနဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။

၂။ 💰 နေ့စဉ် (၅) ဒေါ်လာ စုဆောင်းခြင်း
နေ့တိုင်း (၅) ဒေါ်လာ စုဆောင်းမယ်ဆိုရင် တစ်နှစ်ကို ဒေါ်လာ ၁,၈၂၅လက်ထဲမှာ စုဆောင်းရရှိပြီးသား ဖြစ်နေမှာပါ။ ဒီပမာဏဟာ အားလပ်ရက် အပန်းဖြေခရီးတစ်ခု၊ ကွန်ပျူတာအသစ်တစ်လုံး သို့မဟုတ် အရေးပေါ် ရန်ပုံငွေ အတွက် လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။

၃။ 🧘 နေ့စဉ် (၁၀) မိနစ် တရားထိုင်ခြင်း
နေ့တိုင်း (၁၀) မိနစ် တရားထိုင်ခြင်း သို့မဟုတ် စိတ်ငြိမ်သက်အောင် အချိန်ပေးလိုက်မယ်ဆိုရင် တစ်နှစ်ကို စုစုပေါင်း (၆၁) နာရီ တရားထိုင်ပြီးသား ဖြစ်သွားမှာပါ။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ရှင်းလင်းပြတ်သားမှု ရရှိဖို့အတွက် တစ်ပတ်ကို တစ်နာရီ ကိုယ့်ကိုယ်ကိုယ် ပေးလိုက်တာနဲ့ တူညီပါတယ်။

၄။ 🧠 အပတ်စဉ် စွမ်းရည်အသစ် (၁) ခု သင်ယူခြင်း
အပတ်စဉ် စွမ်းရည်အသစ် (၁) ခုကို သင်ယူဖို့ အချိန်ပေးလိုက်မယ်ဆိုရင်တစ်နှစ်ကို စွမ်းရည်အသစ် (၅၂) ခု သင်ယူပြီးသား ဖြစ်သွားမှာပါ။ ဒါဟာ ဟင်းချက်ခြင်း ဒါမှမဟုတ် ဒီဇိုင်းရေးဆွဲခြင်းလိုပဲ တစ်ပတ်ကို စွမ်းရည်အသစ် တစ်ခုနှုန်း တိုးတက်လာတာဖြစ်ပါတယ်။

၅။ 🤝 လူသစ် (၁) ယောက်နဲ့ တွေ့ဆုံ ဆက်သွယ်ခြင်း
နေ့တိုင်း ကိုယ်မသိတဲ့လူသစ် (၁) ယောက်နဲ့ တွေ့ဆုံဆက်သွယ်ဖြစ်ခဲ့မယ်ဆိုရင် တစ်နှစ်ကို မိတ်ဆွေသစ် (၅၂) ယောက် ရရှိမှာဖြစ်ပါတယ်။ဒါဟာ ကျွန်တော်တို့ရဲ့ ပရော်ဖက်ရှင်နယ် ကွန်ရက်ကို အစွမ်းထက်တဲ့ တွန်းအားတစ်ခု ပေးပြီး အခွင့်အလမ်းတွေ ပိုမို ရရှိစေနိုင်ပါတယ်။

၆။ 😊 နေ့စဉ် လူ (၁) ဦးကို ချီးကျူးစကား ပြောခြင်း
နေ့တိုင်း လူ (၁) ဦးကို ချီးကျူးစကား ပြောတဲ့အလေ့အထကို လုပ်ကြည့်မယ်ဆိုရင်တစ်နှစ်ကို အပြုံး ပေါင်း (၃၆၅) ခု ဖန်တီးပေးနိုင်မှာပါ။ ဒါဟာ နေ့တိုင်း နီးပါး ပိုမို ခိုင်မာတဲ့ လူမှုဆက်ဆံရေးတွေကို တည်ဆောက်ပေးနိုင်ပါတယ်။

၇။ 📝 နေ့စဉ် အောင်မြင်မှု အသေးစား (၁) ခုကို မှတ်တမ်းတင်ခြင်း
နေ့တိုင်း ကိုယ်လုပ်နိုင်ခဲ့တဲ့ အောင်မြင်မှု အသေးစား (Win) တစ်ခုကို မှတ်တမ်းတင်လိုက်မယ်ဆိုရင်
တစ်နှစ်စာအောင်မြင်မှု မှတ်တမ်းတွေ ရရှိလာမှာပါ။ဒါဟာ ကျွန်တော်တို့ရဲ့ တိုးတက်မှုနဲ့ ကြီးထွားမှုအတွက် အစွမ်းထက်တဲ့ မှတ်တမ်းတစ်ခုဖြစ်လာပါလိမ့်မယ်။

📝 နိဂုံးချုပ်
ကျွန်တော်တို့ရဲ့ ဘဝကို အသွင်ပြောင်းလဲဖို့အတွက် ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်စရာ မလိုပါဘူး။ ဒီ 1% စွမ်းအား နိယာမက ပြသနေတာကတော့ နေ့စဉ် လုပ်ဆောင်တဲ့ သေးငယ်တဲ့ အလေ့အကျင့်လေးတွေဟာ စုပေါင်းလိုက်တဲ့အခါ မယုံနိုင်စရာ ကြီးမားတဲ့ ရလဒ်တွေကို ဖန်တီးပေးနိုင်တယ်ဆိုတာပါပဲ။ ကျွန်တော်တို့ရဲ့ နေ့စဉ် လုပ်ဆောင်ချက်တွေကို စတင် ပြောင်းလဲပြီး အောင်မြင်တဲ့ အနာဂတ်ကို တည်ဆောက်လိုက်ရအောင်။

ဒီ အလေ့အကျင့် (၇) ခုထဲက ကျွန်တော်တို့ရဲ့ ဘဝမှာ အရင်ဆုံး စတင် ပေါင်းစပ်ချင်တဲ့ အလေ့အကျင့်တစ်ခုကိုပြောပါဆိုရင် ဘယ်တစ်ခု ဖြစ်မလဲဗျာ?

minkhaung
amaraconsulting

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon
095

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00