GodGivesGrace

GodGivesGrace

Share

ကျမ်းစာပုံများကို လွတ်လပ်စွာ ကူးယူနိုင်ပါတယ်
CREDIT ပေးစရာမလိုပါ.
သခင်ယေရှု တပါးတည်းသာ ချီးမွမ်းခြင်း၊ ချီးမြှောက်ခြင်း၊ အားလုံးခံထိုက်တော်မူသည်၊ Amen

29/01/2026

⭐️⭐️⭐️2️⃣0️⃣2️⃣6️⃣⭐️⭐️⭐️
ဘုရားသခင်၏သတိပေးစကား
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥
🔰ထာဝရဘုရားသည် တရားစီရင် ဆုံးဖြတ်တော်မူခြင်း အားဖြင့် ထင်ရှားတော်မူ၏။ (ဆာလံ ၉:၁၆)

🇺🇸အမေရိကန်နိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ကြည့်ခြင်းအားဖြင့် နောက်ဆုံးသော ကာလမှာ ဘုရားသခင် လုပ်မဲ့အရာတွေကို သင် မြင်တွေ့ရမှာ ဖြစ်တယ်။

🔰လယ်ကား ဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသားဖြစ်၏။ (မဿဲ 13:38)

🔰တောမျိုးစေ့ကိုကြဲသော ရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သော ကာလကား ဤကမ္ဘာကုန်သော ကာလဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။ (မဿဲ 13:39)

🔰တောပင်တို့ကို ရွေးနှုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ ဖြစ်လတံ့။ (မဿဲ 13:40)

🔰ကိုယ်တော်ကလည်း၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော် စိုက်တော်မမူသော အပင်ရှိ သမျှတို့ကို နှုတ်ရလိမ့်မည်။ (မဿဲ 15:13)

(Deportation) နှင်ထုတ်ခြင်း
🧜‍♂️🧜🏽‍♀️🧜‍♂️🧜🏽‍♀️🧜‍♂️🧜‍♂️🧜‍♂️🧜‍♂️
🔰လူသားသည် 🧚‍♂️ #မိမိကောင်းကင်တမန် တို့ကို စေလွှတ်ပြီးလျှင်၊ 1️⃣ #မှားယွင်းစေသောသူ တို့နှင့် 2️⃣ #မတရားသောအမှုကိုပြုသောသူ ရှိသမျှတို့ကို #နိုင်ငံတော်ထဲက ရွေးနှုတ်၍၊ (မဿဲ 13:41)

🔰ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ ချကြလတံ့။ (မဿဲ 13:42)

🇺🇸အမေရိကန်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ဒီအရာတွေဟာ ကျမ်းစာထဲမှာ ဘုရားသခင်က ကမ္ဘာကုန်သော ကာလမှာ #တောပင် တို့ကို ရွေးနှုတ်မယ်၊ #မှားယွင်းစေသောသူ တို့နှင့် #မတရားသောအမှုကိုပြုသောသူ ရှိသမျှတို့ကို #နိုင်ငံတော်ထဲက ဖယ်ရှား နှင်ထုတ် မယ်လို့ ကြိုပြောထယ်တယ်။ ဒါတွေဟာ ရှေ့ပြေး နိမိတ်တွေဖြစ်တယ်။

🔰အိမ်ရှင်က ဤအမှုကား ရန်သူပြုသောအမှုတည်းဟု ဆို၏။ အကျွန်ုပ်တို့သည်သွား၍ တောပင်တို့ကို ရွေးနှုတ်စေခြင်းငှါ အလိုတော်ရှိသလောဟု လျှောက်ကြလျှင်၊ (မဿဲ 13:28)

🔰အိမ်ရှင်က ထိုသို့ငါအလိုမရှိ။ တောပင်တို့ကို ရွေးနှုတ်လျှင် စပါးပင်တို့ကိုရောနှော၍ နှုတ်မိမည် စိုးရိမ်စရာ အကြောင်းရှိ၏။ (မဿဲ 13:29)

😎လူသား ( ❄️ရေခဲ )တွေက ရန်သူစိုက်တဲ့ #တောမြက်ပင် ကို ရွေးနှုတ်တဲ့အခါ မှားယွင်းပြီး #စပါးပင်တွေ ကို နှုတ်မိတတ်တယ်။ ဒါပေမဲ့ ဘုရားသခင် စေလွတ်လိုက်တဲ့ 🧚‍♂️ #ကောင်းကင်တမန် ( ❄️ရေခဲ ) တွေလာရင် မမှားမယွင်းပဲ ရန်သူစိုက်တဲ့ တောမြက်ပင်ကိုပဲ ရွေးနှုတ်သွားမှာ ဖြစ်တယ်။

👉သင်ဟာ
1️⃣ #မှားယွင်းစေသောသူ လား ❓
2️⃣ #မတရားသောအမှုကိုပြုသေ သူလား ❓

🔰ထိုနည်းတူ ကမ္ဘာအဆုံး၌ 🧚🏿‍♀️ #ကောင်းကင်တမန် တို့သည် ဆင်းလာပြီးလျှင်၊ #ဖြောင့်မတ်သောသူ တို့အထဲမှ #ဆိုးသောသူ တို့ကို နှုတ်ယူခွဲထား၍၊ (မဿဲ 13:49)

🔰ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ ချကြလတံ့။ (မဿဲ 13:50)

😈 #ဆိုးသောသူ တွေဟာ ဘယ်မှာ ရှိလဲ #ဖြောင့်မတ်သောသူ တို့အထဲမှ ရှိတယ်လို့ ကျမ်းစာကဆိုတယ်။

လက္ခဏာတူ
☝️☝️☝️☝️☝️
1️⃣ကောင်းသောစပါးနှင့် #လက္ခဏာ တူသော 2️⃣တောမျိုးစေ့လို့ ကျမ်စာက ဆိုတယ်။ ဒါကြောင့် ရိုးရိုး သာမန်လူက မခွဲခြားတတ်ဘူး။ (မဿဲ 13:25)

👉သင်ဟာ
1️⃣ #ဖြောင့်မတ်သောသူ လား ❓
2️⃣ #ဆိုးသောသူ လား ❓

🔰နိုင်ငံတော်သားတို့သည်လည်း
☝️☝️☝️☝️☝️☝️☝️☝️
🔰နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ နှင်ချခြင်းကို ခံရကြလတံ့ဟု နောက်တော်သို့ လိုက်သောသူတို့အား မိန့်တော်မူပြီးမှ၊ (မဿဲ 8:12)

👉သင့်ရဲ့ မတရားမူ၊ အဓမ္မအမူ ( Criminal Case ) တွေ ဘုရားသခင်မှာ ရှိတယ်။

🔰အဓမ္မလူတို့မူကား၊ ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသော သူတို့သည် နှုတ်ပစ်ခြင်းကို ခံရကြလိမ့် မည်။ (သုတ္တံကျမ်း။ 2:22)

🔰သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍၊ ကောင်းသောအသီး မသီးသောအပင် ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရ၏။ (မဿဲ 3:10)

🔰မတရားသောသူသည် ဘုရားသခင်ကို အဘယ်ကြောင့် မထီမဲ့မြင် ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ်တော်မမူဟု အဘယ်ကြောင့် အောက်မေ့ရပါအံ့နည်း။ (ဆာ​လံ 10:13)

မြင်တော်မူပြီ
👀👀👀👀👀
🔰သို့သော်လည်း၊ ကိုယ်တော်သည် မြင်တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်းစေခြင်းနှင့် နှောင့်ရှက်စေခြင်း ကို လက်ဝါးတော်၌ မှတ်သားမည်ဟု ကြည့်ရှုတော်မူ တတ်ပါ၏။ (ဆာ​လံ 10:14)

🤴ကိုယ်တော် မမြင်ဘူးလို့ သင်ထင်နေလား ❓

🔰မင်းကြီးသည် ပွဲ၌ လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကို ❌မဝတ်သောသူတယောက်ကိုမြင်လျှင်၊ (မဿဲ 22:11)

🔰အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့်ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူ သည် မပြောနိုင်ဘဲနေ၏။ (မဿဲ 22:12)

🔰ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ၏လက်ခြေကိုတုပ်နှောင်လော့။ ငိုကြွေးခြင်း အံသွားခဲ ကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏။ (မဿဲ 22:13)

🤴မင်းကြီးကို ခြံရံနေတဲ့ 🧚🏿‍♀️ကောင်းကင်တမန် ( ❄️ရေခဲ ) တွေက မင်္ဂလာဆောင်ပွဲ အဝတ်ကို မဝတ်တဲ့ အဓိလူရဲ့ လက်ခြေကို တုပ်နှောင်ပြီး ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြတယ်။

👉သင်မှာ
1️⃣ #မင်္ဂလာဆောင်ပွဲအဝတ် ရှိရဲလား ❓2️⃣ #မင်္ဂလာဆောင်ပွဲအဝတ် ဝတ်ထားရဲ့လား ❓

သင် အဆင်သင့် ဖြစ်ပြီလား ❓
👉 နောင်တရပါ 👈

🔰ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် #ကိုယ်တော်အခွင့် နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ #ကိုယ်တော်အခွင့် နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ #ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ (မဿဲ 7:22)

🔰ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ #အဓမ္မအမှုကိုပြုသောသူ တို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။ (မဿဲ 7:23)

👉သင်ဟာ ဘုရားအမူတော်ထဲမှာ 😈 #အဓမ္မအမူကိုပြုနေသောသူ လား ❓

🤴နောက်ဆုံးသော အချိန်မှာ သင်နဲ့အတူ ဘုရားကျောင်းတတ်နေတဲ့သူ၊ ဝတ်ပြုကိုးကွယ် နေတဲ့သူ၊ ဆုတောင်း သက်သေခံနေတဲ့သူ၊ အစည်းအဝေးတိုင်းမှာ တက်ကြွစွာ ပါဝင်နေတဲ့သူ၊ သင့်ကို တရားဟောနေတဲ့သူ၊ သင်းအုပ်ဆရာ၊ အမူတော်ဆောင်၊ နိုင်ငံတော်သားပါလို့ ပြောနေတဲ့ သူတွေကို 🧚ကောင်းကင်တမန် ( ❄️ရေခဲ) တွေက လက်ခြေတွေကို တုပ်နှောင်ပြီး (Deportation) နှင်ထုတ်တဲ့အခါ သင် အံ့ဩရတဲ့ အချိန် ရောက်လာမယ်။

🔰ထိုကြောင့် သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။ (မဿဲ 24:44)

🔰ထိုအခါ ဖြောင့်မတ်သော သူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့ အဘ၏ နိုင်ငံတော်၌ ထွန်းလင်းကြ လတံ့။ ကြားစရာနား ရှိသောသူသည် မည်သည်ကား ကြားပါစေ။ (မဿဲ 13:43)

🙏🙏🙏
ယေရူခရစ်အားဖြင့်
ဘုရားသခင် ဘုန်းကြီးပါစေ။
သင့်ကို ဘုရားသခင်ကောင်းကြီး ပေးပါစေ။
သင့်အားဖြင့် သူတပါး ကောင်းကြီး ခံစားရပါစေ။ ။ အာမင်။-။ 💟
🔥🔥🔥🔥🔥🔥🔥
👂ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည်ကား ကြားပါစေ။
🦻🦻🦻🦻🦻

17/11/2025

💩အမျိုးအနွယ် စောင့်ခြင်းမှ
လွတ်မြောက်လာသူ မောဘလူမျိုးရုသ👩🏻‍🦰
👸🏼👸🏼👸🏼👸🏼👸🏼👸🏼👸🏼👸🏼👸🏼
🔰လာကြ။ ငါတို့အဘကို 🍇စပျစ်ရည် တိုက်ကြစို့။ ငါတို့အဘ၏ “အမျိုးအနွယ်ကို စောင့်မ” ၍ သူနှင့် အိပ်ကြစို့ဟု ညီမကို ပြောဆို၏။ (ကမ္ဘာ​ဦး 19:32)

စပျစ်ရည်တိုက်၍
အမျိုးအနွယ်ကို စောင့်မခြင်း
🍷🍷🍷🍷🍷
🔰ထိုသို့ သူတို့သည် အဘကို 🍇စပျစ်ရည်တိုက်ပြီးလျှင်၊ 👩🏾‍🦰သမီး (၂) ယောက်တို့သည် ဝင်၍ အဘနှင့်အိပ်လေ၏။ (ကမ္ဘာ​ဦး 19:33-35)

🔰ထိုသို့လောတ၏ သမီးနှစ်ယောက်တို့သည်၊ မိမိအဘအားဖြင့် 👼🏻ပဋိသန္ဓေ စွဲနေ၏။ (ကမ္ဘာ​ဦး 19:36)

🪾🌴🌱🌿☘️
🔰သမီးအကြီးသည် သားကိုဘွား၍ 1️⃣မောဘအမည်ဖြင့် မှည့်လေ၏။ ( ကမ္ဘာ​ဦး 19:37)

💩“အမျိုးအနွယ်ကို စောင့်မခြင်း” ဆိုတဲ့ ခေါင်းစဉ် အောက်မှာ သမီးအကြီးက 🙈 “ဇာတိ” အားဖြင့် မွေးဖွားလာတဲ့ 👿 “မောဘ” လူမျိုးတွေနေတဲ့ 🤯မောဘပြည်မှာ 🥷😇ဘုရားသား/သမီး၊ ဘုရားလူမျိုး၊ ဘုရားအသင်းတော်၊ “ဝိညာဉ်”လူတွေဖြစ်ကြတဲ့ ဧလိမလက်နဲ့ နောမိတို့ဟာ သွားရောက် နေထိုင်ကြတယ်။

“ဝိညာဉ်”လူတွေဟာ
ဇာတိပကတိမှာ ကျွန်ခံခြင်း
👳‍♂️👳‍♂️👳‍♂️👳‍♂️👳‍♂️👳‍♂️👳‍♂️
🔰တရားသူကြီး အုပ်စိုးသောကာလ၊ တရံရောအခါ ဣသရေလပြည်၌ အစာအာဟာရ ခေါင်းပါး၍ ယုဒပြည် ဗက်လင်မြို့သား တယောက်သည်၊ မယားနှင့် သားနှစ်ယောက်ပါလျက် 💩မောဘပြည်၌ တည်းခိုခြင်းငှါ သွား၏။ (ရု​သ 1:1)

🔰သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ဇာတိပကတိအတိုင်း ကျင့်ရမည် အကြောင်း၊ ဇာတိပကတိ၏ ကျွန် ဖြစ်ကြသည် မဟုတ်။ (ရော​မ 8:12)

🔰ယခုမူကား သင်တို့သည် ဘုရားသခင်ကို သိပြီးမှဟု၍မဆို၊ ဘုရားသင်သည် သင်တို့ကို သိတော်မူပြီးမှ၊ အားမရှိ၊ ချမ်းသာ ❌ မပေးနိုင်သော တရားနုဘက်သို့ အဘယ်ကြောင့် တဖန်ပြောင်းလဲကြသနည်း။ ထိုလောကီ တရား၌ တဖန် ကျွန်ခံခြင်းငှါ အလိုရှိကြပြီတကား။ (ဂ​လာ​တိ 4:9)

🔰ထိုသူ၏အမည်ကား ဧလိမလက်။ မယားအမည်ကား 🤦🏼‍♀️နောမိ။ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း။ သူတို့သည်ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သား ဖြစ်လျက်၊ 💩မောဘ ပြည်သို့သွား၍ နေကြ၏။ (ရု​သ 1:2)

🔰သားတို့သည် မောဘပြည်သူ 👩🏿‍🦰ဩရပနှင့် 🙎‍♀️ရုသအမည်ရှိသော မိန်းမနှစ်ယောက်တို့နှင့် စုံဘက်ခြင်းကို ပြု၍၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှ နေပြီး (ရု​သ 1:4)

🔰ထိုသားနှစ်ယောက် မဟာလုန်နှင့်ခိလျုန်တို့သည် သေ၍ နောမိသည် သား 🙅‍♂️မရှိ၊ ခင်ပွန်းလည်း 🙅မရှိ ကျန်ရစ်လေ၏။ (ရု​သ 1:5)

😇“ဝိညာဉ်”လူတွေဟာ ဇာတိပကတိ ဆိုတဲ့ “အမျိုးအနွယ်ကို စောင့်ခြင်း” တရားအောက်မှာ သွား​နေရင် သေမှာဖြစ်တယ်။ ဘာတခုမှာ အသီးအပွင့်ဆိုတဲ့ မွေးဖွားခြင်း တွေရမှာ မဟုတ်ဘူး။ အခုတော့ 👰‍♀️နောမိဟာ ဇာတိကို ပုံဆောင်တဲ့ 💩မောဘပြည်မှာ ယောင်္ကျားနဲ့ သား(၂) ယောက် ဆုံးရှုံးပြီး ချွေးမ (၂) ယောက်နဲ့ ကျန်ရစ်ခဲ့တယ်။

🔰ဇာတိပကတိ စိတ်သဘောသည် သေခြင်းအကြောင်း ဖြစ်၏။ (ရော​မ 8:6)

🔰သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏ အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။ (ရော​မ 8:13)

😭ပျောက်သောသားလို့
နောင်တရပြီး ပြန်လာဖို့ ဖြစ်တယ်။😭

🔰တဖန်ထာဝရဘုရားသည် မိမိလူတို့ကို အကြည့်အရှုကြွ၍ မုန့်ကိုပေးသနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည်၌ ကြားသောအခါ၊ 💩မောဘပြည်မှ ပြန်သွားမည်ဟု ချွေးမနှစ် ယောက်နှင့် အတူထ၍၊ (ရု​သ 1:6) ယုဒပြည် ဗက်လင်မြို့ကို ပြန်လာကြတယ်။

မောဘလား ❓
ယုဒလား ❓ရွေးပါ
❎✅❎✅❎✅
💁‍♀️လမ်းခရီးမှာ 👉 တယောက်ပြန်သွားပြီး တယောက် နေရစ်ခဲ့တယ်။
🔰 ထိုအခါ ဩရပသည် ယောက္ခမကို နမ်း၍ 👩🏿‍🦰မိမိအမျိုးသားတို့ထံ ပြန်သွား၏။ ရုသမူကား၊ ယောက္ခမ၌ မှီဝဲဆည်းကပ်လျက် နေသေး၏။ (ရု​သ 1:14)

ဇာတိလား ❓ဝိညာဉ်လား ❓
🔰ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိနှင့် စပ်ဆိုင်သော အရာတို့ကိုစွဲလမ်းသော စိတ်သဘောရှိကြ၏။ ဝိညာဉ်ပကတိရှိသော သူတို့မူကား၊ ဝိညာဉ် ပကတိနှင့်စပ်ဆိုင်သော အရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။ (ရော​မ 8:5)

သခင်၂ဦး အစေခံလို့ မရဘူး
🙅‍♂️🙅🏼‍♀️🙅🙅‍♂️🙅🏼‍♀️🙅🙅‍♂️🙅🏼‍♀️🙅
🔰ထိုသို့သောသူသည် စိတ်နှစ်ခွ ရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည် သောသူဖြစ်၍၊ 🔰ထာဝရ ဘုရား၏ လက်တော်မှ တစုံတခုကို ရမည်ဟု မထင်မမှတ်စေနှင့်။ (ယာ​ကုပ် 1:8)

🔰နောမိကလည်း၊ သင့်အစ်မသည် 👩🏿‍🦰အမျိုးသားရင်း ဘုရားရင်းတို့ထံသို့ ပြန်သွားပြီ။ အစ်မနောက်သို့ လိုက်သွားပါဟု ဆိုသော်၊ (ရု​သ 1:15)

🔰ရုသက၊ ကျွန်မသည် ကိုယ်တော်ကို မစွန့် ပါရစေနှင့်။ နောက်တော်သို့ မလိုက်ဘဲ ပြန်သွားစေခြင်းငှါ မပြုပါနှင့်။ ကိုယ်တော် သွားလေရာရာသို့ ကျွန်မ လိုက်ပါမည်။ ကိုယ်တော် အိပ်လေရာရာ၌ ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည် ကျွန်မဘုရားဖြစ်ပါစေ။ (ရု​သ 1:16)

🔰ကိုယ်တော် သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတပါး၊ အခြားသောအမှုကြောင့် ကိုယ်တော်နှင့် ကျွန်မကွာလျှင်၊ ထာဝရဘုရားသည် ကျွန်မ၌ ထိုမျှမကပြုတော် မူပါစေသောဟု ပြန်ဆို၏။ (ရု​သ 1:17)

💁‍♀️ရုသဟာ လူမျိုး၊ မိဘ၊ ညီအကို၊ မောင်နှမနှင့် တိုင်းနိုင်ငံတွေကို စွန့်ပြီး ဘာမှမျော်လင့် စရာမရှိတဲ့ မုတ်ဆိုးမ ကြီး 👩🏿‍🦰နော်မိ နောက်ကို လိုက်ခဲ့တယ်။

🔰အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူ သည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ (မဿဲ 10:37)

🔰အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက်မတန်။ (မဿဲ 10:38)

🔰ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများ ကို၎င်း၊ လက်ဝါး ကပ်တိုင်မှာ ရိုက်ထားကြပြီ။ (ဂ​လာ​တိ 5:24)

🔰ငါသည်ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်းအသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ယခုငါရှင်သော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည်၏။ သားတော်သည်ငါ့ကိုချစ်၍ ငါ့အဘို့ ကိုယ်ကို ကိုယ်စွန့်တော်မူ၏။ (ဂ​လာ​တိ 2:20)

🙎‍♀️ရုသဟာ “အမျိုးအနွယ်ကို စောင့်ခြင်း” ဆိုတဲ့ 💩ဇာတိပကတိ တရားအောက်ကနေ 🔥ဝိညာဉ်တော်တရားနောက်ကို လုံးလုံး လိုက်ခဲ့တဲ့အတွက် စစ်သူရဲ ဒါဝိတ်ကို မွေဖွားတဲ့ အမျိုး၊ ကယ်တင်ရှင် မေရှိယကို ဖွားမြင်တဲ့ အနွယ် ဖြစ်လာတယ်။

🔰ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်။ (ဂ​လာ​တိ 5:16)

🔥ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏ အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။ (ရော​မ 8:13)

💁‍♀️ရုသဟာ ဘုရားလူမျိုးတွေ နေထိုင်တဲ့ ယုဒပြည် ဗက်လင်မြို့ကို ရောက်လာပြီး မုတ်ဆိုးမကြီး 👰‍♀️နော်မိရဲ့ သွန်သင်ဆုံးမတဲ့အတိုင်း လိုက်နာနေထိုင် အသက်ရှင်ခဲ့တယ်။

🔰ဘုရားသခင်၏ 🔥ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော် မူသမျှသော သူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ (ရော​မ 8:14)

သင်ဟာ 🔥ဝိညာဉ်တော် ဘုရားရဲ့ ဆုံးမပဲ့ပြင်ခြင်းကို ခံယူသူလား ❓
ဘာသာတရား၊ ဂိုဏ်းဂဏရဲ့ ချုပ်နှောင်ခံရသူလား ❓

🔰သခင်ဘုရားဟုဆိုသော် 🔥ဝိညာဉ်တော်တရားကို ဆိုလိုသတည်း။ သခင်ဘုရား၏ 🔥ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ်၏။ (၂ ကော 3:17)

🔰ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ 🔥ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည့်အတိုင်း၊ ငါတို့သည် ဘုန်းအသရေ တိုးပွါး၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲ ခြင်း ရှိရကြ၏။ (၂ ကော 3:18)

🔰ဗောဇသည် ရုသကိုသိမ်း၍ စုံဘက်လျက် ဆက်ဆံသောအခါ၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ရုသသည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဘွားမြင်လေ၏။ (ရု​သ 4:13)

🔰အိမ်နီးချင်း မိန်းမတို့ကလည်း၊ နောမိသည် သားယောက်ျားကို ရပြီဟုဆိုလျက်၊ ထိုသူငယ်ကို ဩဗက်အမည်ဖြင့် မှည့်ကြ၏။ ဩဗက်သားကား ယေရှဲ။ ယေရှဲသားကား ဒါဝိဒ်တည်း။ (ရု​သ 4:17)

🔰သင့်အမှု၏အကျိုးကို ထာဝရဘုရား ပေးတော်မူပါစေသော။ သင်သည် အတောင်တော်အောက်၌ ခိုလှုံခြင်းငှါ ချဉ်းကပ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် စုံလင်သောဆုကို ချတော်မူပါစေသော ၊ Amen 🙏 (ရု​သ 2:12)

Want your place of worship to be the top-listed Place Of Worship in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon