Missed

Missed

Share

Online Weight Loss Camp
Online Fitness Program
Online Trainer

29/12/2021

ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။
လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % )

ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိူးနိူး၊ ဒီဟာလုပ်ရင် ကောင်းနိူးနိူးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများတစ်ပုံကြီးပါ။ မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။

၂။ အချိန်ဆွဲခြင်း ( ၉%)

လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။ ခဏမှလုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ်မှ စလိုက်မယ် ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရူံးစေတဲ့ အဓိက အကြောင်းအရာထဲမှာ ပါပါတယ်။

၃။ ကောက်ရိုးမီး အကျင့် ( ၈%)

ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာမျိုး၊ စာတစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရူ့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။ သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်။ အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်။ ချလေဝလေ ဖြစ်သွားတယ်။ လုပ်ငန်းတစ်ခု စလုပ်တယ်။ အစတော့ အားတက်တရော၊ စိတ်ရောကိုယ်ပါ ကြိုးစားပါတယ်။ အလုပ်တောင်ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွားတာမျိုးကို ဆိုလိုပါတယ်။

၄။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း ( ၇%)

ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစားစကားမပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။ အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။ ကိုယ်စတောင် မစရသေးဘူး၊ သူများငြင်းဆိုမယ်ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး။

၅။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )

ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်။ လုပ်ကိုင်ဖို့ အခွင့်အရေး လည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငှဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။ ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာဖြစ်တယ်။ ဟိုအလုပ်မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး၊ ဘာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီးရှိပါသေးတယ်။

၆။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ( ၇%)

လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ။ စိတ်ကူးယာဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယာဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ။ ဘာမဆို အလကားလိုချင်တယ်။ အလုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေတတ်တယ်။ အချိန်ရှိတိုင်း ထီပဲပေါက်နေချင်တယ်။ နေ့ချင်းညချင်း ချမ်းသာချင်တယ်။

ရ။ ဆင်ခြေများလွန်းခြင်း ( ၂၂ % )

ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်း ဟာ ဘ၀ဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါ၀င်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေတတ်တယ်။ လုပ်ဖေါ်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြေင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်။ သူတို့ကိုသူတို့ ဘယ်သောအခါမှ မစမ်းစစ်ပါ။

၈။ သင်ယူရန် ငြင်းဆန်ခြင်း ( ၁၁ % )
သင်ယူတယ်ဆိုတာ ပင်ပမ်းရပါတယ်။ အားထုတ်ရပါတယ်။ ဦးနောက်သုံးရပါတယ်။
သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာလုပ်ပါတယ်။ ၀တ်ကျေတန်းကျေ လုပ်ပါတယ်။ အပြစ်တင်လွတ်အောင်သာ လုပ်ပါတယ်။ ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ မသိကြပါ။ သိရင်လည်း မလုပ်လိုကြပါ။ အလုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုင်ဖုန်းဆော့နေကြပါတယ်။ လ္ဘက်ရည်ဆိုင်ထိုင်ကြပါတယ်။ စကားပြောနေကြပါတယ်။

.......ဖတ်စရာမှတ်စရာ

သီဟစိုး ( 24.12.2021 )
ပြန်လည်ကူးယူမျှဝေသည်။

Photos from Missed's post 15/08/2020

ကဲ

မူးပြီး မှောက်နေကြပြီလေ

12/08/2020

မင်းတို့လင်မယား ကြည့်ရတာ တော်တော်ချစ်ပြီး အိမ်ထောင်ရေးလဲ သာယာတယ်နော်၊ ရန်တွေဘာတွေ ဖြစ်တာလဲ မတွေ့ရဘူး။ နည်းလမ်းရှိရင် မျှပါဦး

- ဒီလိုကွ စအိမ်ထောင်ကျကတည်းက ငါတို့ ၂ ယောက် နားလည်မှုတစ်ခုယူထားတယ်။ ဘယ်လိုမျိုးလဲဆိုတော့ သိပ်အရေးမကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ငါ့မိန်းမက ဆုံးဖြတ်မယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုတော့ ငါက ဆုံးဖြတ်မယ် ပေါ့ကွာ

- တယ်ဟုတ်ပါလား။ နည်းနည်း ရှင်းပြစမ်းပါဦး။

- ဥပမာကွာ ငါ့မိန်းမက ဘယ်လိုကိစ္စမျိုးတွေ ဆုံးဖြတ်လဲဆိုတော့ အိမ်ကို ဘာအရောင် ဆေးသုတ်တာတို့၊ TV အသစ် ဝယ်မဝယ်တို့၊ ငါ သူငယ်ချင်းတွေနဲ့ ဘီယာဆိုင် သွားရ မရတို့ အဲလိုမျိုးပေါ့

- အမ် ဒါဆို မင်းကရော

- ငါကျတော့ တရုတ်နဲ့ အမေရိကန် စစ်ဖြစ်သင့်မဖြစ်သင့်တို့၊ Covid ကုသဆေး ရှာဖွေတာ ဘယ်နိုင်ငံက အဖြစ်သင့်ဆုံးလဲတို့၊ နျူကလီးယားထိပ်ဖူး ဘယ်နှခုပဲ ခွင့်ပြုသင့်တယ် တို့လို ကမ္ဘာနဲ့ချီပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရတာပေါ့ကွာ ဟဲဟဲ

🤧

Credit to original poster

22/04/2020

Immune system and exercise intensity (ကိုယ်ခံအားနှင့်လေ့ကျင့်ခန်းပြင်းထန်မှု)...

လှုပ်လှုပ်ရှားရှားမရှိသူတွေဟာတစ်နေ့ကိုမိနစ်40လောက်လမ်းလျှောက်ပေးတဲ့လူတွေထက်ပိုပြီးအအေးမိဖျားနာကြလေ့ရှိတယ်။

လေ့ကျင့်ခန်းမလုပ်သူ,ကိုယ်လက်လှုပ်ရှားနည်းသူတွေမှာUpper respiratory tract infections (URTIs) အအေးမိ,တုပ်ကွေး,အာသီးရောင်,viral infectionဝင်တဲ့နှုန်းကလေ့ကျင့်ခန်းပုံမှန်လုပ်သူတွေထက်ပိုများလေ့ရှိတယ်။

​ဒီလိုကိုယ်ခံအားကောင်းမွန်လာတာကိုပြင်းအားအလယ်အလတ်တန်းစားလေ့ကျင့်ခန်းလုပ်ချိန်တွေမှာရကြတယ်။
လေ့ကျင့်ခန်းလုပ်စဉ်မှာimmune cellတွေခန္ဓာကိုယ်ထဲလှည့်ပတ်မှုလျင်မြန်လာသလိုmacrophages တွေယာယီမြင့်တက်လာတာတွေရှိတယ်။ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာဟာကိုယ်ခံအားစံနစ်ကိုကောင်းစေတာတွေ့ရတယ်။
ဒါပေမဲ့
ပြင်းထန်တဲ့exerciseတွေကိုအချိန်ကြာကြာလုပ်မိသူတွေမှာလေ့ကျင့်ခန်းပြီးနောက်ကိုယ်ခံအားကျဆင်းမှု post-exercise immune function depressionကိုခံစားကြရလေ့ရှိပြီးဒီperiodကတခါတရံ 72 နာရီလောက်အထိကြာလေ့ရှိတယ်။
ဒီတော့ရောဂါကာကွယ်ဖို့ဆိုရင်
-moderate intensity လေ့ကျင့်ခန်းတွေဖြစ်သင့်တယ်။
-တစ်နေ့ကိုအကြမ်းဖျဉ်း30မိနစ်လောက်နဲ့
-တစ်ပါတ် 5 ရက်လောက်လုပ်ပေးပြီး
-အာဟာရမျှတအောင် balanced dietစားပေးတာ
-အိပ်ရေးဝအောင်အိပ်တာ
-stress နည်းပါးအောင်နေတာ
-mindful breathing/meditation,တရားထိုင်ပေးတာမျိုးတွေသင့်လျော်ပါတယ်ခင်ဗျား...

ZAYAR CIFA

11/04/2020
Photos from Missed's post 17/02/2020

Calories ဆိုတာ

ကားတစ်စီး တဝူးဝူးမောင်းနိုင်ဖို့ မရှိမဖြစ်ဟာ လောင်စာဆီဆို အစားအသောက်ဟာလဲလူတစ်ယောက် အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ လောင်စာဆီ စွမ်းအင်ပါပဲ။

" စွမ်းအင် " လို့ ဆိုတော့ တင်စားပြောဆိုနေပြန်ပြီလား။ အဲ၊ သိပ္ပံအရသတ်မှတ်ထားတာလဲ အစားအသောက်ဟာ စွမ်းအင်ပဲမလို့ တင်စားတာမဟုတ်ပါ။

ထမင်းတစ်ပွဲ ဘယ်လောက် ကယ်လိုရီ(Calories) ဆိုတာ ထမင်းစားရင် ဘယ်လောက်စွမ်းအင်ရတယ်ကို ပြောတာပေါ့။

“ Calories “ လို့ခေါ်တဲ့ စွမ်းအင်ကို ခန္ဓာကိုယ်ထဲ ထည့်သမျှ အရာတွေဆီက ရပါတယ်။ အသားငါး ၊ အသီးအနှံ၊ အရေမျိုးစုံ၊ ဆေးမှုန့်၊ ဆေးသွင်းတာ ဘာမဆိုတော်တော်များများမှာ Calories ပါပါတယ်။ တစ်ချို့အရာတွေက Calories များပြီး တစ်ချို့အရာတွေကတော့ နည်းပါတယ်။

ဒါဟာ Gym သွားတဲ့သူတွေ၊ Healthy lifestyle နေတဲ့သူတွေရဲ့ ပါးစပ်ဖျားမှာ အမြဲပြောနေတဲ့ Calories ဆိုတဲ့အရာပေါ့။ ဘာ့ကြောင့် ဒီစွမ်းအင် Calories ဆိုတာကြီးက အခြေခံကျလဲဆိုတာ ကြည့်လိုက်ကြပါစို့။

Calories surplus and deficit

ပူဖောင်းတစ်လုံးကို ကြီးလာအောင်လုပ်ချင်ရင် လေတွေပို မှုတ်ထည့်ရသလို သေးသွားစေချင်ရင် လျှော့ထုတ်ပြစ်ရတယ်ဟုတ်။

ဒီလိုပါပဲ။ လူတစ်ယောက်ကို အကောင်သေးညှက်လာချင်ရင် Calories တွေ နှုတ်ပြစ်ရပြီး ကြီးထွားလာချင်ရင် ပိုပေါင်းထည့်ရပါတယ်။ ဒါကို English လိုဆို surplus = ပိုလျှံခြင်း နဲ့ deficit = လျော့နည်းခြင်းလို့ ခေါ်ပါတယ်။

surplus

Calories surplus ဆိုတာ ခန္ဓာကိုယ်ကတစ်နေ့တာ သုံးတဲ့ စွမ်းအင်ပမာဏထပ် ပိုရနေခြင်းကိုဆိုလိုပါတယ်။ ဒီလိုပိုရနေတဲ့အခါ ဖြစ်နိုင်ခြေ နှစ်မျိုးရှိလာပါတယ်။ ပိုနေတဲ့အစားအစာတွေကို အဆီအဖြစ်စုမလား၊ ကြွက်သားအဖြစ်စုမလားပေါ့။

ကျွန်တော်တို့ခန္ဓာကိုယ်က အကျင့်မကောင်းဘူးဗျ။ သူ့မှာတောင်းဆိုမှုတွေရှိတယ်။ အစာတွေပိုစားပေမယ့် လှုပ်လှုပ်ရှားရှားမလုပ်ရင်၊ ကြွက်သားတွေကို လေးလံတဲ့အရာတွေနဲ့ Challenge မလုပ်ရင် အဲ Calories အပိုတွေကို အဆီအဖြစ်စုပြစ်လိုက်ရော။
ဒါ့ကြောင့် အစားအများကြီးစားပြီး တစ်ချို့ကဝတုတ်လာပေမယ့်၊ တစ်ချို့အလုပ်ကြမ်းလုပ်ရသူတွေကျ ကြွက်သားတွေနဲ့ ကြည့်ကောင်းနေတတ်တာပါပဲ။ အလုပ်ကြမ်းနေ့စဉ်လုပ်တယ်ဆိုတာလဲ Gym သွားတာမဟုတ်ပေမယ့် သူ့နည်းသူ့ဟန်လေးနဲ့တော့ ကြွက်သားတွေကို စိန်ခေါ်နေတာပဲကိုး။

(၁)အဆီတက်၊
(၂)ကြွက်သား + အဆီတက်။
ဒါက Calories surplus ဖြစ်ရင် ဖြစ်လာနိုင်တဲ့ အခြေအနေ ၂မျိုး။

deficit

Calories surplus ဆိုတာ ခန္ဓာကိုယ်ကတစ်နေ့တာ သုံးတဲ့ စွမ်းအင်ပမာဏထပ် လျှော့ပြီးရနေခြင်းကို ဆိုလိုပါတယ်။ ဒီလိုလျှော့ပြီးရတာများလာ ကြာလာတဲ့အခါ ခန္ဓာကိုယ်က တစ်နေရာရာကနေ လိုအပ်တဲ့ စွမ်းအင်ကိုယူရပါတော့မယ်။ သုံးစွဲစရာမလောက်တဲ့အခါ ပေါင်နှံ ချေးငှားရသလိုသဘောအတိုင်းပဲ ကြံရဖန်ရတော့မယ်။

ဒီနေရာမှာ ခန္ဓာကိုယ်အတွက်ယူစရာ နှစ်နေရာရှိတယ်။
တစ်က အဆီတွေဆီက၊ နှစ်က ကြွက်သားတွေဆီက။

အခြေအနေအပေါ်ကြည့်ပြီး အဆီကနေ လိုတဲ့စွမ်းအင်တွေယူချင်ယူမယ်၊ ကြွက်သားတွေဆီက ယူချင်ယူမယ်၊ ဒါမှမဟုတ် တစ်ခါတစ်လေ အဆီရော ကြွက်သားရောဆီက ယူတယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်က Smart ဖြစ်တယ်။ ကြွက်သားတွေကို ထိန်းထားချင်ရင် ကြွက်သားတွေကို အသုံးချနေကြောင်း သူ့ကို အသိပေးဖို့လိုအပ်တယ်။ ဒီလို အသိပေးဖို့က အလေးဆော့တာ၊ အလေးလွတ်ကြွက်သားတွေကိုဆော့တာမျိုး ဆော့နေရမယ်။ ဒီလို မဆော့ပဲ Calories လျှော့စားတာကြာလာတဲ့အခါ ကြွက်သားတွေ မလိုတော့ဘူးလို့ မှတ်ယူပြီး ကြွက်သား ပမာဏလျော့နည်းသွားတတ်တယ်။

ဒါပေမယ့် ကြွက်သားတွေကို စိန်ခေါ်ပြီး Calories deficit ဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်က အဆီတွေကို ပိုကျစေမှာဖြစ်ပြီး ကြွက်သားတွေကို ရနိုင်သလောက်ထိန်းထားမယ်။ တဖြည်းဖြည်း ပေါင်ချိန်ကျလာတဲ့အခါ အသွင်အပြင်က ပိုကြည့်ကောင်းလာမယ်။ ဒါကလဲ ရှေ့ကအခန်းတွေမှာပြောခဲ့သလို ပုံထွက်လှဖို့က ကြွက်သားတွေနဲ့ ထုဆစ်မှ ရတယ်ဆိုတဲ့အချက်ကြောင့်။

ဒီတော့ Calories deficit ဖြစ်ရင်
(၁) ကြွက်သားကျပြီး လှမလာတာရယ်၊
(၂) အဆီကျပြီး ကြွက်သားထိန်းထားနိုင်လို့ လှနေတာရယ် ရှိပါ့ဗျား။
________________

ဒါကတော့ ပြောပြောနေကြတဲ့ Calories ဆိုတာဘာလဲရယ်၊ ဒီ Calories က ပမာဏအ‌ပေါ် မူတည်ပြီး ခန္ဓာကိုယ်ကို ဘယ်လိုဖြစ်စေနိုင်သလဲဆိုတဲ့ အခြေခံဗဟုသုတပါပဲ။ Golden_Dreamers တွေကို အစား စမ်းတ၀ါးဝါးစားနေတာမျိုးထက် အဓိပ္ပါယ်လေးသိပြီး စားစေချင်တာမလို့ ဆောင်းပါးအဖြစ်တင်လိုက်ပါတယ်။

ဘာ့‌‌ကြောင့် အစားလျှော့ပြီးစားဖို့လိုတယ်၊ ဘာ့‌‌ကြောင့်ပိုပြီးစားဖို့လိုတယ် သိအပြီးမှာ Result တွေရဖို့ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်အပေါ်မူတည်ပြီးစားပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျား။ 😊

အခြား Fitness/Wellness tips တွေအတွက်လဲ Golden_Dreams page ထဲ ဝင်လည်ဖို့၊ Like/See first လုပ်ထားဖို့ မမေ့နဲ့အုန်းနော်😊 ❤️

________________

(Zawgyi Below) 👇👇👇
ကားတစ်စီး တဝူးဝူးမောင်းနိုင်ဖို့ မရှိမဖြစ်ဟာ လောင်စာဆီဆို အစားအသောက်ဟာလဲလူတစ်ယောက် အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ လောင်စာဆီ စွမ်းအင်ပါပဲ။

" စွမ်းအင် " လို့ ဆိုတော့ တင်စားပြောဆိုနေပြန်ပြီလား။ အဲ၊ သိပ္ပံအရသတ်မှတ်ထားတာလဲ အစားအသောက်ဟာ စွမ်းအင်ပဲမလို့ တင်စားတာမဟုတ်ပါ။

ထမင်းတစ်ပွဲ ဘယ်လောက် ကယ်လိုရီ(Calories) ဆိုတာ ထမင်းစားရင် ဘယ်လောက်စွမ်းအင်ရတယ်ကို ပြောတာပေါ့။

“ Calories “ လို့ခေါ်တဲ့ စွမ်းအင်ကို ခန္ဓာကိုယ်ထဲ ထည့်သမျှ အရာတွေဆီက ရပါတယ်။ အသားငါး ၊ အသီးအနှံ၊ အရေမျိုးစုံ၊ ဆေးမှုန့်၊ ဆေးသွင်းတာ ဘာမဆိုတော်တော်များများမှာ Calories ပါပါတယ်။ တစ်ချို့အရာတွေက Calories များပြီး တစ်ချို့အရာတွေကတော့ နည်းပါတယ်။

ဒါဟာ Gym သွားတဲ့သူတွေ၊ Healthy lifestyle နေတဲ့သူတွေရဲ့ ပါးစပ်ဖျားမှာ အမြဲပြောနေတဲ့ Calories ဆိုတဲ့အရာပေါ့။ ဘာ့ကြောင့် ဒီစွမ်းအင် Calories ဆိုတာကြီးက အခြေခံကျလဲဆိုတာ ကြည့်လိုက်ကြပါစို့။

Calories surplus and deficit

ပူဖောင်းတစ်လုံးကို ကြီးလာအောင်လုပ်ချင်ရင် လေတွေပို မှုတ်ထည့်ရသလို သေးသွားစေချင်ရင် လျှော့ထုတ်ပြစ်ရတယ်ဟုတ်။

ဒီလိုပါပဲ။ လူတစ်ယောက်ကို အကောင်သေးညှက်လာချင်ရင် Calories တွေ နှုတ်ပြစ်ရပြီး ကြီးထွားလာချင်ရင် ပိုပေါင်းထည့်ရပါတယ်။ ဒါကို English လိုဆို surplus = ပိုလျှံခြင်း နဲ့ deficit = လျော့နည်းခြင်းလို့ ခေါ်ပါတယ်။


surplus

Calories surplus ဆိုတာ ခန္ဓာကိုယ်ကတစ်နေ့တာ သုံးတဲ့ စွမ်းအင်ပမာဏထပ် ပိုရနေခြင်းကိုဆိုလိုပါတယ်။ ဒီလိုပိုရနေတဲ့အခါ ဖြစ်နိုင်ခြေ နှစ်မျိုးရှိလာပါတယ်။ ပိုနေတဲ့အစားအစာတွေကို အဆီအဖြစ်စုမလား၊ ကြွက်သားအဖြစ်စုမလားပေါ့။

ကျွန်တော်တို့ခန္ဓာကိုယ်က အကျင့်မကောင်းဘူးဗျ။ သူ့မှာတောင်းဆိုမှုတွေရှိတယ်။ အစာတွေပိုစားပေမယ့် လှုပ်လှုပ်ရှားရှားမလုပ်ရင်၊ ကြွက်သားတွေကို လေးလံတဲ့အရာတွေနဲ့ Challenge မလုပ်ရင် အဲ Calories အပိုတွေကို အဆီအဖြစ်စုပြစ်လိုက်ရော။
ဒါ့ကြောင့် အစားအများကြီးစားပြီး တစ်ချို့ကဝတုတ်လာပေမယ့်၊ တစ်ချို့အလုပ်ကြမ်းလုပ်ရသူတွေကျ ကြွက်သားတွေနဲ့ ကြည့်ကောင်းနေတတ်တာပါပဲ။ အလုပ်ကြမ်းနေ့စဉ်လုပ်တယ်ဆိုတာလဲ Gym သွားတာမဟုတ်ပေမယ့် သူ့နည်းသူ့ဟန်လေးနဲ့တော့ ကြွက်သားတွေကို စိန်ခေါ်နေတာပဲကိုး။

(၁)အဆီတက်၊
(၂)ကြွက်သား + အဆီတက်။
ဒါက Calories surplus ဖြစ်ရင် ဖြစ်လာနိုင်တဲ့ အခြေအနေ ၂မျိုး။

deficit

Calories surplus ဆိုတာ ခန္ဓာကိုယ်ကတစ်နေ့တာ သုံးတဲ့ စွမ်းအင်ပမာဏထပ် လျှော့ပြီးရနေခြင်းကို ဆိုလိုပါတယ်။ ဒီလိုလျှော့ပြီးရတာများလာ ကြာလာတဲ့အခါ ခန္ဓာကိုယ်က တစ်နေရာရာကနေ လိုအပ်တဲ့ စွမ်းအင်ကိုယူရပါတော့မယ်။ သုံးစွဲစရာမလောက်တဲ့အခါ ပေါင်နှံ ချေးငှားရသလိုသဘောအတိုင်းပဲ ကြံရဖန်ရတော့မယ်။

ဒီနေရာမှာ ခန္ဓာကိုယ်အတွက်ယူစရာ နှစ်နေရာရှိတယ်။
တစ်က အဆီတွေဆီက၊ နှစ်က ကြွက်သားတွေဆီက။

အခြေအနေအပေါ်ကြည့်ပြီး အဆီကနေ လိုတဲ့စွမ်းအင်တွေယူချင်ယူမယ်၊ ကြွက်သားတွေဆီက ယူချင်ယူမယ်၊ ဒါမှမဟုတ် တစ်ခါတစ်လေ အဆီရော ကြွက်သားရောဆီက ယူတယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်က Smart ဖြစ်တယ်။ ကြွက်သားတွေကို ထိန်းထားချင်ရင် ကြွက်သားတွေကို အသုံးချနေကြောင်း သူ့ကို အသိပေးဖို့လိုအပ်တယ်။ ဒီလို အသိပေးဖို့က အလေးဆော့တာ၊ အလေးလွတ်ကြွက်သားတွေကိုဆော့တာမျိုး ဆော့နေရမယ်။ ဒီလို မဆော့ပဲ Calories လျှော့စားတာကြာလာတဲ့အခါ ကြွက်သားတွေ မလိုတော့ဘူးလို့ မှတ်ယူပြီး ကြွက်သား ပမာဏလျော့နည်းသွားတတ်တယ်။

ဒါပေမယ့် ကြွက်သားတွေကို စိန်ခေါ်ပြီး Calories deficit ဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်က အဆီတွေကို ပိုကျစေမှာဖြစ်ပြီး ကြွက်သားတွေကို ရနိုင်သလောက်ထိန်းထားမယ်။ တဖြည်းဖြည်း ပေါင်ချိန်ကျလာတဲ့အခါ အသွင်အပြင်က ပိုကြည့်ကောင်းလာမယ်။ ဒါကလဲ ရှေ့ကအခန်းတွေမှာပြောခဲ့သလို ပုံထွက်လှဖို့က ကြွက်သားတွေနဲ့ ထုဆစ်မှ ရတယ်ဆိုတဲ့အချက်ကြောင့်။

ဒီတော့ Calories deficit ဖြစ်ရင်
(၁) ကြွက်သားကျပြီး လှမလာတာရယ်၊
(၂) အဆီကျပြီး ကြွက်သားထိန်းထားနိုင်လို့ လှနေတာရယ် ရှိပါ့ဗျား။
________________

ဒါကတော့ ပြောပြောနေကြတဲ့ Calories ဆိုတာဘာလဲရယ်၊ ဒီ Calories က ပမာဏအ‌ပေါ် မူတည်ပြီး ခန္ဓာကိုယ်ကို ဘယ်လိုဖြစ်စေနိုင်သလဲဆိုတဲ့ အခြေခံဗဟုသုတပါပဲ။ Golden_Dreamers တွေကို အစား စမ်းတ၀ါးဝါးစားနေတာမျိုးထက် အဓိပ္ပါယ်လေးသိပြီး စားစေချင်တာမလို့ ဆောင်းပါးအဖြစ်တင်လိုက်ပါတယ်။

ဘာ့‌‌ကြောင့် အစားလျှော့ပြီးစားဖို့လိုတယ်၊ ဘာ့‌‌ကြောင့်ပိုပြီးစားဖို့လိုတယ် သိအပြီးမှာ Result တွေရဖို့ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်အပေါ်မူတည်ပြီးစားပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျား။ 😊

Credit. Golden_Dream Page

15/02/2020

တပါတ် အတွင်း ၂-၃ ပေါင် အထိကျ နိုင်သော ကျန်းမာရေးနှင့် အညီ ဝိတ်ချနည်း

💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪

(Day 1)

Breakfast
-မနက်စာကို ကယ်လိုရီနည်းမယ့် ဂျုံကြမ်းပေါင်မုန့်နဲ့ အဆီထုတ်ထားတဲ့ နို့တစ်ခွက် အအေးခွက်တစ်ခွက်လောက်ပေါ့ ( ဂျုံကြမ်းပေါင်မုန့်ဆိုပေမယ့် အခု ထွက်တဲ့ ဂျုံးကြမ်းပေါင်မုန့်တွေက အရသာမဆိုးပါဘူး ပြီးတော့ သူက ပိုပြီးတခြားပေါင်မုန့်အချောတွေထက် ပိုအဆာခံပါတယ်)
Lunch
- နေ့လည်စာဆိုရင်တော့ ထမင်းမစားခင်မှာ ပာင်းရည်တစ်မျိုးမျိုး အရင်သောက်ပေးပါ။ ထမင်းကို ပန်းကန်လုံးတစ်လုံး နဲ့ ကြက်သား100 gram (6ကျပ်သား) လောက်ကို ပြုတ်/ပေါင်း၊ ပြီးတော့ အရွက်ကြော်တစ်မျိုးမျိုး (ဆီနည်းနည်းပဲထည့်ပြီး)နဲ့ စားပါ။အနည်းဆုံး ၁၅ မိနစ်ကြာအောင်စားပေးပါ။
Dinner
- ညနေပိုင်းလောက်ကို အဆာပြေအနေနဲ့ သစ်သီးတစ်မျိုးမျိုး နဲ့ဒိန်ချဉ် တွဲစားလို့ရပါတယ်။ အဲ့ဒါကလည်းထမင်းတစ်ပန်းကန်လုံးလောက်ပဲစားပါ။
-ညစာကတော့ လုံးဝရှောင်နိုင်ရင် အကောင်းဆုံးပါ။

(Day 2)

Breakfast
-မနက်စာ ကို အသီးတစ်မျိုးမျိုးနဲ့ ကြက်ဥပြုတ်တစ်လုံး နဲ့ ပေါင်မုန့်ကြမ်းတစ်ချပ် စားပေးပါ။
Lunch
-နေ့လည်စာကို ပာင်းရည်တစ်မျိုနဲ့ အရွက်များများ ကြာဇံ အနည်းငယ် ထည့်ပြုတ်ထားတာစားပါ။
Dinner
-ညနေစာအတွက်ကတော့ ကန်စွန်းဥ အလယ်အလတ် တစ်လုံး သို့ နှစ်လုံးလောက်စားပါ။(သူက အဆာတော်တော်လေးခံပါတယ်)

(Day 3)

Breakfast
-မနက်စာ ကို အဆီထုတ်ထားတဲ့ နွားနို့ ဖန်ကွက်တစ်ခွက် (200 ml) နဲ့ ပေါင်မုန့်မီးကင် နှစ်ချပ် စားပေးပါ။
Lunch
-နေ့လည်စာကို အရွက်ကြော် (မုန့်ညှင်း ကန်စွန်း ပာင်းနုနွယ် မုန်လာဥနီ) ကို ထမင်းစားပန်ကန်လုံး နှစ်လုံးစာ နှင့် ထမင်းမစားပဲ မနေနိုင်ပါက တရုတ်ထမင်း ပန်းကန်လုံး တစ်ဝက် စားပါ။
Dinner
-ညနေစာအတွက်ကတော့ အရွက်သုတ် တစ်ခုခု (ဆီလုံးဝမပါ/ mayonnaise လုံးဝမပါ) စားပါ။

(Day 4)

Breakfast
-မနက်စာ ကို ပေါင်မုန့်မီးကင် နှစ်ချပ် နဲ့ ကြက်ဥပြုတ်တစ်လုံး စားပေးပါ။
Lunch
-နေ့လည်စာကို ပာင်းချိုတစ်မျိုးမျိုး (မုန့်ညှင်း ကန်စွန်း ပာင်းနုနွယ် မုန်လာဥနီ) ကြက်သား အနေတော် နှစ်တုံး (၆ကျပ်သားခန့်) တို့ထည့်ပြီး ပန်းကန်လုံး နှစ်ခွက်စားပေးပါ။
Dinner
-ညနေစာအတွက်ကတော့ အရွက်သုတ် တစ်ခုခု (ဆီလုံးဝမပါ/ mayonnaise လုံးဝမပါ) စားပါ။

(Day 5)

Breakfast
-မနက်စာ ကို ပေါင်မုန့်မီးကင် နှစ်ချပ် နဲ့ ကြက်ဥပြုတ်တစ်လုံး စားပေးပါ။
Lunch
-နေ့လည်စာ မစား ခင် ရေတစ်ခွက် ဝအောင်သောက်ပေးပါ။ ပြီးရင် ငါးပေါင်း အနေတော် အတုံးနှစ်တုံး (၆ကျပ်သားခန့်) လောက်ကို ထမင်း ၅ ဇွန်းစာ စားပေးပါ။
Dinner
-ညနေစာအတွက်ကတော့ ပန်းသီးတစ်လုံး နဲ့ အရွက် ပြုတ်ပာင်းချို တစ်ခွက်လောက် စားပါ။

(Day 6)

Breakfast
-မနက်စာ ကို ပေါင်မုန့်မီးကင် နှစ်ချပ် နဲ့ လိမ္မော်သီး သို့မပာုတ် ပန်းသီးဖျော်ရည် စားပေးပါ။
Lunch
-နေ့လည်စာ မစား ခင် ရေတစ်ခွက် ဝအောင်သောက်ပေးပါ။ ပြီးရင် ကြက်ပေါင်းအနေတော် အတုံးနှစ်တုံး (၆ ကျပ်သားခန့်) လောက်ကို (ဆီတတ်နိုင်သလောက်လျှော့ပါ) နဲ့ ထမင်း ၅ ဇွန်းစာ စားပေးပါ။
Dinner
-ညနေစာအတွက်ကတော့ အရွက် ပြုတ်ပာင်းချို ကို ကြာဆံ လက်တစ်ဆုပ်စာ ထည့်ပြီး တစ်ခွက်လောက် စားပါ။

(Day 7)

Breakfast
-မနက်စာ ကို နွားနို့ တစ်ခွက် (200 ml) နဲ့ နံပြား တစ်ချပ် သို့မပာုတ် ပေါင်မုန့် နှစ်ချပ် စားပေးပါ။
Lunch
-နေ့လည်စာ မစား ခင် ရေတစ်ခွက် ဝအောင်သောက်ပေးပါ။ ပြီးရင် ကြာဇံ နည်းနည်း အသီးအရွက်များများထည့်ပြီး ပြုတ်စားပါ။
Dinner
-ညနေစာအတွက်ကတော့ အသီးတစ်မျိုးမျိုး (ပန်းသီး သစ်တော်သီး ဖရဲသီး) စားပါ။

အသီးအရွက်များ က အမျှင်ဓါတ် fibre ပါဝက်မှု့ များတဲ့ အတွက် ဝမ်းမချုပ်စေတဲ့ အပြင် သွေးတွင်း ကိုလက်စထရော ကိုပါ ကျစေပါတယ်။(အသီးအရွက် စားတဲ့ အခါမှာ ပါဝင်တဲ့ အာပာာရ များ ပြည့်ပြည့် ဝဝ ရစေရန်အရမ်းအပူပေးပြီးချက်တာ အကြာကြီး ပြုတ်တာမျိုး များ ရှောင်ကြင် ရန်)

Credit _ဒေါက်တာညီညီကျော်

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No. 566, Myin Taw Thar Road, ThaKeTa Township
Yangon