Excellent Trip

Excellent Trip

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Excellent Trip, Travel Agency, No. 20, Third Floor, Nanda Wun Street, Sanchaung Township (JC Suites), Yangon.

Excellent Trip is providing a wide range of travel-related services such as Package Tours, International & Domestic Air Ticketing, World Wide Hotel Reservation, World Wide Insurance, Visa Services, Local Car Rental.,etc.

Photos from Excellent Trip's post 22/03/2026

🚨 IMPORTANT TRAVEL UPDATE ✈️
Due to the current fuel shortage in Myanmar, Myanmar Airways International (MAI) has temporarily revised baggage allowances for all international flights.

🧳 Economy: 20kg (1 bag)
🧳 Business: 30kg (1 bag)
🎒 Hand Carry: 7kg (max 2 pieces)
⚠️ Excess baggage: Max 5kg (subject to approval)

Please pack carefully — excess or non-compliant baggage may be offloaded, but will be delivered within 72 hours. Prepaid excess baggage will be refunded.

We sincerely apologize for the inconvenience and appreciate your understanding as we continue operating flights without disruption.

🙏 Thank you for your support
----------------------------------------------------------------------

🚨 အရေးကြီး ခရီးသွားသတိပေးချက် ✈️

မြန်မာနိုင်ငံတွင် Jet A1 လေယာဉ်ဆီ မလုံလောက်မှုကြောင့် Myanmar Airways International (MAI) သည် နိုင်ငံတကာလေကြောင်းခရီးစဉ်များအတွက် ခရီးဆောင်အလေးချိန်ကို ယာယီ ပြင်ဆင်သတ်မှတ်ထားပါသည်။

🧳 Economy: 20kg (အိတ် ၁ လုံးသာ)
🧳 Business: 30kg (အိတ် ၁ လုံးသာ)
🎒 Hand Carry: 7kg (အများဆုံး ၂ လုံး)
⚠️ Excess Baggage: အများဆုံး 5kg (လေဆိပ်မှ ခွင့်ပြုချက်ပေါ်မူတည်)

ကျေးဇူးပြု၍ အလေးချိန်ကို စနစ်တကျ စီမံထည့်သွင်းပါရန် မေတ္တာရပ်ခံပါသည်။ သတ်မှတ်ချက်မကိုက်ညီသော ခရီးဆောင်အိတ်များကို လေဆိပ်တွင် မတင်ဆောင်နိုင်ပါက ၇၂ နာရီအတွင်း ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး ကြိုတင်ဝယ်ယူထားသော အပိုအလေးချိန်များကို ပြန်လည်ငွေထုတ်ပေးမည် ဖြစ်ပါသည်။

ယခုအခက်အခဲများအတွက် တောင်းပန်အပ်ပါသည်။ ခရီးစဉ်များကို ဆက်လက်ပြေးဆွဲနိုင်ရန် သင့်တော်သော ဆုံးဖြတ်ချက်ဖြစ်ပါကြောင်း နားလည်ပေးပါရန် မေတ္တာရပ်ခံပါသည်။

ခရီးသွားမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာချမ်းသာ၍ လုံခြုံအေးချမ်းစွာ ခရီးသွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🌸

💼 Book With Confidence!
Excellent Trip Travels – Your Trusted Travel Agent
📞 0943125250 | 09793325250 | 09421083899 | 09799878433
📧[email protected]

#အရေးကြီးသတိပေးချက် #ခရီးသွားသတင်း

01/03/2026

တောင်သူလယ်သမားနေ့
(၂၀၂၆ ခုနှစ် မတ်လ (၂) ရက်နေ့)

ယနေ့ ကျရောက်သော တောင်သူလယ်သမားနေ့တွင်
မြေကိုချစ်၍ ချွေးနှင့်ရင်းနှီးကာ စားနပ်ရိက္ခာနှင့် အနာဂတ်ကို စိုက်ပျိုးပေးနေသော
တောင်သူလယ်သမားအပေါင်းအား လေးစားဂုဏ်ယူစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။

ကျွန်တော်တို့ရဲ့ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသော
တောင်သူလယ်သမားများ၏ ကြိုးပမ်းအားထုတ်မှုများသည် အဖိုးတန်လှပါသည်။

တောင်သူလယ်သမားဦးကြီးများ ကျန်းမာချမ်းသာကြပါစေ 🙏 ၊
စိုက်ပျိုးသမျှ အောင်မြင်ဖြစ်ထွန်းပြီး
သီးနှံများ ရိတ်သိမ်းရောင်းချသည့်အခါတိုင်းလည်း ဈေးကောင်းများ ရရှိကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏

🌾🌾🌾

01/03/2026

✈️ Dubai သို့ ပျံသန်းပြေးဆွဲမည့် MAI ခရီးစဉ်များ ယာယီ ရပ်ဆိုင်းခြင်း

ရန်ကုန် ✈️ ဒူဘိုင်း MAI ခရီးစဉ်များအား မတ်လ (၁) ရက်နေ့မှ စတင်၍ ယာယီ ရပ်ဆိုင်းထားပါသည်။

🎫 Excellent Trip Travels မှ လက်မှတ် ဝယ်ယူထားသော ခရီးသည်များအနေဖြင့် တစ်ကြိမ် ရက်ချိန်း အခမဲ့ ပြောင်းလဲနိုင်ပါသည်။
(ပြောင်းလဲလိုသော ရက်ရှိ ခုံလက်ကျန်အပေါ် မူတည်ပါသည်။)

🛡️ ခရီးသည်များ၏ လုံခြုံရေးကို ပထမဦးစားပေးထားသဖြင့် ခရီးစဉ် ရပ်ဆိုင်းမှုကြောင့် အဆင်မပြေမှုများ ဖြစ်ပေါ်ပါက နားလည်ပေးပါရန် နှင့် တောင်းပန်အပ်ပါသည် 🙏

ခရီးသွားမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာချမ်းသာ၍ လုံခြုံအေးချမ်းစွာ ခရီးသွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🌸

💼 Book With Confidence!
Excellent Trip Travels – Your Trusted Travel Agent
📞 0943125250 | 09793325250 | 09421083899 | 09799878433
📧[email protected]

28/02/2026

🇲🇲✈️🇰🇭 Yangon – Phnom Penh (PNH) တိုက်ရိုက်လေကြောင်းခရီးစဉ်ဖြင့် Cambodia သို့ လွယ်ကူအဆင်ပြေစွာ ခရီးထွက်လိုက်ပါ!

Cambodia နိုင်ငံ၏ မြို့တော် ဖနွန်ပင် (Phnom Penh) သည် သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များ၊ ခေတ်မီမြို့ပြအလှတရားများနှင့် သဘာဝအလှများ ပေါင်းစပ်တည်ရှိသော ဆွဲဆောင်မှုအပြည့်ရှိသည့် မြို့တစ်မြို့ ဖြစ်ပါသည်။

🌅 လှပသည့် Mekong Riverfront အလှတရားများ
🏛️ သမိုင်းဝင်နေရာများနှင့် ယဉ်ကျေးမှုအမွေအနှစ်များ
🍜 အရသာထူးခြားသော Khmer အစားအစာများ
🛕 ကမ္ဘာကျော် Angkor Wat သို့ အလွယ်တကူ ခရီးဆက်နိုင်ခြင်း

အထက်ပါအချက်များကြောင့် ဖနွန်ပင်မြို့သည် ခရီးသွားမိတ်ဆွေများအတွက် မဖြစ်မနေသွားသင့်သည့် ခရီးသွား နေရာတစ်ခုဖြစ်ပါသည်။

ယခုအခါ Yangon – Phnom Penh (PNH) လမ်းကြောင်းအား Myanmar Airways International (MAI) မှ တိုက်ရိုက်လေယာဉ်ဖြင့် နေ့စဉ်ပျံသန်းပြေးဆွဲလျက်ရှိ သဖြင့် အချိန်ကုန်သက်သာစွာ၊ အဆင်ပြေလွယ်ကူစွာ ခရီးထွက်နိုင်ပါပြီ။

လေယာဉ်လက်မှတ်များ ကြိုတင် ဝယ်ယူလိုပါက Excellent Trip Travels သို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ပါသည်။

ခရီးသွားမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာချမ်းသာ၍ လုံခြုံအေးချမ်းစွာ ခရီးသွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🌸

💼 Book With Confidence!
Excellent Trip Travels – Your Trusted Travel Agent
📞 0943125250 | 09793325250 | 09421083899 | 09799878433
📧[email protected]

27/02/2026

မင်္ဂလာပါရှင့် ✨

မန်းရတနာပုံ လေကြောင်းလိုင်းမှ မြန်မာပြည် အောက်ပိုင်းမြို့များဖြစ်သော ထားဝယ် နှင့် ကော့သောင်း မြို့များသို့ ထပ်တိုးခရီးစဉ်များကို မတ်လ (၅) ရက်နေ့မှ စတင်၍ ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ ✈️

မြန်မာပြည် အောက်ပိုင်းခရီးစဉ်များအတွက် လေယာဉ်လက်မှတ်များကို Mann Yadanarpon Airlines ၏ တရားဝင် PSA Agent တစ်ခုဖြစ်သော Excellent Trip Travels တွင် ယုံကြည်စိတ်ချစွာ၊ လွယ်ကူမြန်ဆန်စွာ ဝယ်ယူနိုင်ပါတယ်ရှင့်။

ခရီးသွားမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာချမ်းသာ၍ လုံခြုံသက်သာစွာ ခရီးသွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🌸

💼 Book With Confidence!
Excellent Trip Travels – Your Trusted Travel Agent
📞 0943125250 | 09793325250 | 09421083899 | 09799878433
📧[email protected]

24/02/2026

မင်္ဂလာပါရှင့် ✨

Air Thanlwin မှ
မန္တလေး – ဟုမ္မလင်း ခရီးစဉ်အသစ်ကို မတ်လ (၁) ရက်နေ့မှ စတင်၍ တိုက်ရိုက် (Direct Flight) ပြေးဆွဲသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ ✈️

🗓 Flight Schedule

🔹 Tuesday
ST 741 မန္တလေး ➝ ဟုမ္မလင်း 12:15 – 13:15 (Direct Flight)

🔹 Sunday
ST 742 ဟုမ္မလင်း ➝ မန္တလေး 13:30 – 14:30 (Direct Flight)

ဟုမ္မလင်း ခရီးစဉ်အတွက် လေယာဉ်လက်မှတ်များကို Air Thanlwin ရဲ့ တရားဝင် PSA Agent တစ်ခုဖြစ်တဲ့ Excellent Trip Travels တွင် ယုံကြည်စိတ်ချစွာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်ရှင့်။ 💼

ခရီးသွားမိတ်ဆွေများအားလုံး ကိုယ်၊ စိတ် နှစ်ပါးလုံး ကျန်းမာချမ်းသာ၍ လုံခြုံသက်သာစွာ ခရီးသွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🌸

💼 Book With Confidence!
Excellent Trip Travels – Your Trusted Travel Agent
📞 0943125250 | 09793325250 | 09421083899 | 09799878433
📧 [email protected]

23/02/2026

✈️ မန္တလေး – ချင်းမိုင် တိုက်ရိုက် လေယာဉ် ခရီးစဉ် ✈️

MAI က အရင် တစ်ပတ် မှာ ၂ ကြိမ်သာ ပျံသန်းပြေးဆွဲ ပေးတဲ့ ခရီးစဉ်ကို အခု ၃ ကြိမ်အထိ တိုးချဲ့ပေးလိုက်ပါပြီ! 🛫

ချင်းမိုင်ရဲ့ အေးချမ်းတဲ့ ရာသီဥတု နဲ့ ရှေးဟောင်းယဉ်ကျေးမှု ကို တိုက်ရိုက်ခံစားလိုက်ရအောင်… 🌿🏯

💺 လေယာဉ် လက်မှတ် စီစဉ်ဖို့ လိုအပ်ရင် Excellent Trip Travels မှာ ဝယ်ယူအားပေးနိုင်ပါတယ် ရှင့် –

ခရီးသွားမိတ်ဆွေများအားလုံး ကိုယ်၊စိတ် နှစ်ပါးလုံး ကျန်းမာ၊ချမ်းသာပြီး သာယာပျော်ရွှင်သော ခရီးစဉ်များသာ ဖြစ်ပါစေရှင်…🙏🙏🙏

💼 Book With Confidence!
Excellent Trip Travels – Your Trusted Travel Agent
📞 0943125250 | 09793325250 | 09421083899 | 09799878433
📧 [email protected]

23/02/2026

မြစ်ကြီးနား ခရီးစဉ် ခေတ္တ ရပ်ဆိုင်းခြင်း။

ပြည်တွင်း ခရီးစဉ် တစ်ခုဖြစ်သည့် မြစ်ကြီးနား သို့/မှ ခရီးစဉ်များအားလုံး ယာယီ ရပ်ဆိုင်းမည် ဖြစ်ပါသဖြင့်။

Excellent Trip မှ လက်မှတ်ဝယ်ယူထားသည့် ခရီးသွားမိတ်ဆွေများ ဝယ်ယူထားသည့် ခရီးစဉ်အတွက် -

၁။ ရက်ချိန်း တစ်ကြိမ် အခမဲ့ ချိန်းပေးခြင်း။ (သို့မဟုတ်)
၂။ ငွေအပြည့် ပြန်လည်အမ်းပေးခြင်း များကို ဆောင်ရွက်ပေးပါမည်။

🙏အဆင်မပြေဖြစ်သွားရသည့်အတွက် လေကြေင်းလိုင်းများကိုယ်စား အနူးညွတ်တောင်း ပန်အပ်ပါသည်။🙏

ခရီးသွားမိတ်ဆွေများအားလုံး ကိုယ်၊စိတ် နှစ်ပါးလုံး ကျန်းမာ၊ချမ်းသာပြီး သာယာပျော်ရွှင်သော ခရီးစဉ်များသာ ဖြစ်ပါစေရှင်…🙏🙏🙏

💼 Book With Confidence!
Excellent Trip Travels – Your Trusted Travel Agent
📞 0943125250 | 09793325250 | 09421083899 | 09799878433
📧 [email protected]

25/12/2025

🎄 Merry Christmas from Excellent Trip Travels & Tours Co.,Ltd🎄

May this festive season bring you joy, peace, and unforgettable moments.

Thank you for trusting us in arranging all your travel related services this year !

✨ We look forward to serving you more in the year ahead!

🌍✈️ “Wishing our beloved customers and travelers happiness, good health, and safe journeys always.”🙏🎊💖

💼 Book With Confidence!
✨ Excellent Trip Travels – Your Trusted Travel Agent
📞 0943125250 | 09793325250 | 09421083899
📧 [email protected]

01/10/2025

✨ အားလုံး မင်္ဂလာပါရှင့် ✨

📢 ဒီနေ့ အောက်တိုဘာ ၁ ရက်နေ့မှ စတင်ပြီး မြန်မာပတ်စ်ကိုင်ဆောင်သူများအတွက် 🇲🇾 မလေးရှားနိုင်ငံသို့ ဗီဇာမလိုအပ်ဘဲ (Visa-Free) သွားရောက်ခွင့် ပြုလုပ်လိုက်ပါပြီ 🎉

✅ ဗီဇာမလိုပဲ ဝင်ရောက်သူများအတွက် ၁၄ ရက်အထိ နေထိုင်ခွင့်ရရှိမည် ဖြစ်ပါတယ်။
👉 အကယ်၍ ၁၄ ရက်ထက်ပိုနေမည်ဆိုပါက eVisa ကို အရင်အတိုင်း ကြိုတင်လျောက်ထားရန်လိုအပ်ပါသည်။

🛂 ထို့အပြင် ဗီဇာကြေးပေးပြီး eVisa ရယူပြီးသားသူများအနေဖြင့် ဗီဇာသက်တမ်းအတွင်းဝင်ရောက်ပါက ယခင်အတိုင်း ၃၀ ရက် နေထိုင်ခွင့် ရရှိမည်ဖြစ်ပါတယ်။

📌 🇲🇾 မလေးရှားသို့ ဝင်ရောက်ရန်လိုအပ်ချက်များ
1️⃣ အနည်းဆုံး ၆ လသက်တမ်းကျန်ရှိသည့် ပတ်စ်ပို့
2️⃣ ခရီးစဉ်အတွင်း တည်းခိုရန်နေရာ စီစဉ်ထားမှု
3️⃣ အသွား–အပြန် လေယာဉ်လက်မှတ်
4️⃣ ခရီးစဉ်အတွက် ငွေကြေး အထောက်အပံ့
5️⃣ MDAC (Malaysia Digital Arrival Card) ကို ခရီးမထွက်မီ ၇၂ နာရီအတွင်း အွန်လိုင်းမှ ဖြည့်ရန် လိုအပ်ပါသည်။

🌟 ခရီးစဉ် စီစဉ်ဖို့အတွက် အကူအညီလိုပါက 👉 Excellent Trip Travels ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ရှင့် 🙏

🌍✈️ ခရီးသွားမိတ်ဆွေများအားလုံးကို ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာချမ်းသာပြီး ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်များသာဖြစ်ပါစေရှင်🙏🎊💖

💼 Book With Confidence!
✨ Excellent Trip Travels – Your Trusted Travel Agent
📞 0943125250 | 09793325250 | 09421083899
📧 [email protected]

19/09/2025

✨ မလေးရှား ခရီးသွားချင်သူများ သိထားသင့်တဲ့ အချက်အလက်များ ✨

မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသူများအတွက် မလေးရှားနိုင်ငံ သွားရောက်ရန် လိုအပ်သည့် အခြေခံအချက်များကို စုစည်းဖော်ပြပေးထားပါတယ်👇

၁။ 📘 ပတ်စ်ပို့ (Passport)
✅ အနည်းဆုံး (၆) လ သက်တမ်းကျန်ရှိရမည်။
👉 သက်တမ်းတွက်ချက်ခြင်းမှာ ခရီးစဉ် အပြီးသတ်ပြီးမှ စတင်တွက်ပါသည်။

၂။ 🛂 ဗီဇာ (Visa)
✅ မလေးရှားဝင်ရန် ဗီဇာလိုအပ်ပါသည်။

Visa Without Reference (VTR) ➡️ အများအားဖြင့် Tourist/Social Visit Visa (Single/Multiple Entry)
👉 Tourist Visa သက်တမ်း (၆) လ၊ တစ်ကြိမ်အများဆုံး ၃၀ ရက် နေထိုင်ခွင့်

Visa With Reference (VDR) ➡️ အလုပ်၊ ကျောင်း ဗီဇာ အမျိုးအစားများ

Malaysia Visa လျောက်ထားရန်အတွက် Link ကို Comment မှာပေးထားပါတယ်ရှင့်.....

၃။ 🎟️ လေယာဉ်လက်မှတ် (Air Ticket)
✅ အသွား + အပြန် လက်မှတ် တပြိုင်နက် ဝယ်ထားရန် လိုအပ်ပါသည်။

၄။ 🏨 ဟိုတယ် (Hotel)
✅ ခရီးစဉ်အတွင်း တည်းခိုမည့် Hotel Confirmation တင်ပြရန် လိုအပ်ပါသည်။

၅။ 💵 Show Money
✅ တိကျသတ်မှတ်ထားသည့် ပမာဏမရှိသော်လည်း အနည်းဆုံး USD 1000 (သို့မဟုတ် ညီမျှငွေ) ကို အခြေခံအသုံးစရိတ်အဖြစ် ပြသရန်ဆောင်လာပါက အဆင်ပြေပါသည်။ (သို့မဟုတ်)ခရီးစဉ်ကြာချိန်အပေါ်မူတည်ပြီး အခြေခံအသုံးစရိတ်များကို ကာဗာနိုင်မည့် ပမာဏ ရှိပါကလုံလောက်ပါသည်။

၆။ 🛂 Malaysia Digital Arrival Card (MDAC)
✅ မလေးရှားဝင်ရောက်မည့်နေ့မတိုင်မီ ၇၂ နာရီအတွင်း MDAC ကို ကြိုတင်ဖြည့်သွင်းရန် လိုအပ်ပါသည်။

MDAC ဖြည့်ရန်အတွက် Link ကို Comment မှာပေးထားပါတယ်ရှင့်....

👉 အထက်ပါ အချက်များကို ပြင်ဆင်ပြီးပါက မလေးရှားခရီးစဉ်ကို စိတ်ချလက်ချ၊ ချောချောမွေ့မွေ့နဲ့ ခရီးထွက်နိုင်ပါပြီ။
👉 မိမိကိုယ်တိုင် စီမံရန် ခက်ခဲမယ်ဆိုရင်တော့ Excellent Trip Travels မှ One-Stop Service (Visa + Hotel + Air Ticket + MDAC) ကို ဝန်ဆောင်မှုရယူနိုင်ပါတယ်နော်။

📢 ဒီလိုမျိုး အသုံးဝင်တဲ့ Knowledge Sharing Post လေးတွေကို အပတ်စဉ် သောကြာ နေ့တိုင်းမှာ တင်ပေးသွားမှာ ဖြစ်လို့ စိတ်ဝင်စားသူ ခရီးသွားမိတ်ဆွေများ အနေနဲ့ ကျွန်မတို့ Page ကို Like and Follow လုပ်ထားပါနော်...

ခရီးသွားမိတ်ဆွေများအားလုံး ကိုယ်၊စိတ် နှစ်ပါးလုံး ကျန်းမာ၊ချမ်းသာပြီး သာယာပျော်ရွှင်သော ခရီးစဉ်များသာ ဖြစ်ပါစေရှင်…🙏🙏🙏

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 20, Third Floor, Nanda Wun Street, Sanchaung Township (JC Suites)
Yangon
11111