MM Cardistry Channel

MM Cardistry Channel

Share

Cardistry performance and tutorial videos.

11/01/2024

I have reached 3.5K followers!

Thank you for your continued support.
I could not have done it without each of you.

🙏🤗🎉

07/11/2023

WoW ! Bicycle

20/09/2023

" Drill Bit " by Carter

Credit : Fontaine Cards

12/09/2023

+ =

17/07/2021

ကျန်းမာရေးဂရုစိုက်ကြပါ

23/12/2020
Photos from MM Cardistry Channel's post 21/12/2020

Q : Cardistry အတွက် ဘယ်လိုဖဲထုပ်မျိုးဝယ်ရမလဲ ?

A : Cardistry အတွက် ဖဲထုပ်ရွေးချယ်မည်ဆိုပါက တတ်နိုင်လျှင် Quality ကောင်းတဲ့ဖဲထုပ်တွေကိုပဲ ရွေးချယ်ဝယ်ယူစေချင်ပါတယ်။

Plastic နဲ့ပြုလုပ်ထားတဲ့ ဖဲချပ်တွေကိုတော့ မရွေးချယ်
စေချင်ပါဘူး။ ဥပမာ Royal လို Plastic နဲ့လုပ်ထားတဲ့ဖဲချပ်တွေက အကြမ်းခံတယ် ရေဆိုခံတယ် ဆိုပေမယ့် Cardistry အတွက်သင့်တော်တဲ့ ဖဲထုပ်အမျိုးအစားမဟုတ်ဘူးလို့အကြံပေးချင်ပါတယ်။

နောက်ပြီး ပြည်တွင်းမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ 888၊ 999၊ 8888၊ 9999 လို စက္ကူအသားနဲ့ပြုလုပ်ထားတဲ့ ဖဲချပ်များကိုလည်း မရွေးချယ်စေချင်ပါဘူး။
အဲ့လို ဖဲချပ်တွေနဲ့ Cardistry ကစားလို့မရဘူးလားဆိုတော့ ကစားလို့ရပါတယ်။ သို့သော် မရွေးချယ်စေချင်ပါ။
အဘယ်ကြောင့်ဆိုသော် ဖဲချပ်များ၏ အရွယ်အစား ( Size ) မမှန်ကန်ခြင်း၊ ဖဲချပ်များကိုပြုလုပ်ထားသည့် စက္ကူအသား အရည်အသွေး ( Quality ) မှာ Cardistry အတွက်
ကိုက်ညီမှုမရှိခြင်း တို့ကြောင့်ဖြစ်ပါသည်။

ဒါဆို ဘယ်လို ဖဲထုပ်မျိုးတွေနဲ့ကစားရမှာလဲ ?
တတ်နိုင်လျှင် USA မှထုတ်လုပ်တဲ့ Size မှန်ပြီး အရည်အသွေးကောင်းတဲ့ Bicycle ဖဲထုပ်များထဲက ဈေးနှုန်းသက်သာတဲ့ Bicycle Rider Back တို့၊
Bicycle Standard တို့လို ဖဲထုပ်များဖြင့် စတင်လေ့ကျင့်စေချင်ပါတယ်။ ဈေးနှုန်းကတော့ တစ်ထုပ်ကို မြန်မာငွေ 5000 ကျပ် နှင့် 10000 ကျပ်ကြားတွင်ရှိပါသည်။

Tally-Ho ဖဲထုပ်အမျိုးအစားသည်လည်း Cardistry အတွက် သင့်တော်သော ဖဲထုပ်အမျိုးအစားဖြစ်ပါသည်။
Tally-Ho ဖဲထုပ်တွင် Fan Back နှင့် Circle Back ဟူ၍ ဒီဇိုင်း ၂ မျိုးရှိသည်။ ထုတ်လုပ်သည့်ခုနှစ်၊ ဈေးကွက်တွင် ရှားပါးမှု နှင့် အရောင်များ၊ Edition များအပေါ်မူတည်၍ မြန်မာငွေ 10000 ကျပ် ဝန်းကျင်လောက်မှစ၍ ရှိသည်။

Custom Playing Cards များထဲတွင် လှပသောဒီဇိုင်း
ကာလာများဖြင့် အရည်အသွေးကောင်းမွန်ပြီး Cardistry အတွက်သင့်တော်သော ဖဲထုပ်အမျိုးအစားများစွာရှိသည်။

Custom ဖဲထုပ်များမှာ အရည်အသွေးကောင်းမွန်ခြင်း၊ ဒီဇိုင်းလှပခြင်း၊ ဈေးကွက်တွင်ရှားပါးခြင်း၊ Limited Edition များဖြင့်ထုတ်လုပ်ခြင်း၊ အရောင်များ၊ ထုတ်လုပ်သည့်ခုနှစ်များ၊ Version အမျိုးမျိုး၊ Edition အမျိုးမျိုး နှင့် Brand အမျိုးအစားများအပေါ်မူတည်၍ ဖဲထုပ်တစ်ထုပ်လျှင် မြန်မာငွေ ကျပ် ၁၀၀၀၀ ကျော် ၂၀၀၀၀ ကျော် မှစ၍ သိန်းကျော်တန်အထိ အမျိုးအစားများစွာရှိသည်။

အရည်အသွေးကောင်းမွန်သော ဖဲချပ်များဖြင့် Cardistry လေ့ကျင့်ခြင်း၊ ကစားခြင်းများ ပြုလုပ်ပေးခြင်းဖြင့် Cardistry skill များ တိုးတက်မှုမြန်ဆန်လာခြင်း၊ Cardistry ဆော့ကစားရာတွင် လက်များသပ်သပ်ရပ်ရပ်
ရှိလာခြင်း၊ Cardistry ကစားကွက်များ၏ သဘောတရားများကို အလွယ်တကူ သိမြင်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူး များရရှိနိုင်မည်ဖြစ်ပါသည်။

Photos from MM Cardistry Channel's post 21/12/2020

Q : What is " Cardistry " ?

A : ဖဲချပ် ( သို့မဟုတ် ) ကတ်ပြားများကို
လှပသေသပ်စွာ ဆော့ကစားခြင်းဖြစ်သည်။

18/12/2020

Cardistry is easy to learn but hard to be BCA

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon