Guitar Shape
Vlog
25/11/2023
Key A ၏ 1 4 5 ( ဒို ဖာ ဆို ) A D E major အသံကြီး( ၃သံ)
မှတ်သားထားရန်။
A E D E Guitar Chords and Rhythm LESSONS
15 4 5 Progression ; A
E chord လေ့ကျင့်ရတာ အစဉ်ပြေသွားရင်
A နဲ့ E တွဲ လေ့ကျင့်ရမယ် ဘာကြောင့်လဲဆိုတော့
A ကောဒ်ရဲ့ perfect သည် E ဖြစ်သောကြောင့်ဖြစ်ပါတယ်။
စသင်တဲ့အချိန်ကတည်းက perfect ကိုမှတ်သားထားဖို့
အရေးကြီးပါသည်။
Perfect =ပြီးပြည့်စုံသော ဂီတသံ ကို ဖြစ်စေသည်။
အခြေခံကစပြီး ဂစ်တာတီးသင်မယ့်သူများအတွက်
( ၆ )ကြိုးကဝေ ပညာဟာ နတ်ပြည်ခြောက်ထပ်ကိုခေါ်သွားနိုင်တဲ့အစွမ်းရှိပါတယ်။ ဂစ်တာကို စပြီး အတီးသင်တဲ့သူ
တွေမှာတစ်နေ ပရော်ဖက်ရှင်နယ်တစ်ယောက်
ဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက် ထားနိုင်ပါတယ်။
Beginner တစ်ယောက်အနေနဲ
ဒီအချက်တွေတော့ သိထားသင့်ပါတယ်။
အနုပညာမှာကျွမ်းကျင်ပြီးမှ ဖန်တီးနိုင်မှု့က နောက်ကနေ auto လိုက်လာပါတယ်။ကျွမ်းကျင်ဖို့ လေ့ကျင့်ဖို့လိုပါတယ်။
Beginner တစ်ယောက်အတွက်လေ့ကျင့်ခြင်းဟာ ပြီးပြည့်စုံခြင်းအတွက် လက္ခဏာကောင်း ဖြစ်ပါသည်။ ပရော်ဖက်ရှင်နယ် ဖြစ်ချင်လို့ပဲ ဖြစ်စေ အနုပညာမြတ်နိုးလို့ပဲ ဖြစ်စေ
ဂစ်တာသင်ရာမှာ လေ့ကျင့်မှုက အဓိကပါ။
ဥပမာ ။ မြန်မာ့လက်ရွေးစင် ဘောလုံးသမားကောင်း
တစ်ယောက်ဖြစ်ချင်ရင် နေ့စဉ့် ညနေတိုင်း
ဘောလုံးလေ့ကျင့်နေမှသာလျင်ဖြစ်လာနိုင်ပါတယ်။
ဂစ်တာတီးသင်တာဟာ ထင်သလောက်မလွယ်ပါဘူး။
သည်းခံစိတ်ရှည်နေဖို့လိုပါတယ်။စိတ်ဓါတ် ခိုင်မာမှု့ ရှိထားရပါတယ်။ ဘယ်လိုသီချင်းကို တီးတတ်ချင်တာလဲ။
အသင်ဘဝမှာ ရွေးချယ်ခွင့်မရှိနိုင်ပါဘူး။ ဆရာက သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့ သီချင်းတွေ ချပေးသွားပါလိမ့်မယ်။လမ်းကြောင်းအမှန်ကို ပြသနိုင်မယ့်
မိမိအားကိုးရမယ့် ဆရာ တစ်ယောက်ရှိထားဖို့ လိုပါတယ်။
ဒါမှခရီးရောက်မှာပါ။ သင်ကြားနေတဲ့ကာလမှာ စိတ်ဆန္ဒစော လို့မဖြစ်ပါဘူး။ဖြေးဖြေးမှန်မှန် လေ့ကျင့်သွားရပါတယ်။
ဆရာ့ ဆရာကြီးများပြောနေကျစကားတစ်ခွန်း ရှိပါတယ်။ လေ့ကျင့်နေတဲ့အချိန်မှာ
( မြန်ဖို့မလိုပါဘူး ဖြေးဖြေးနဲ့ မှန်နေဖို့ပဲ )လိုချင်တယ်။တဲ့ Ok
အခြေခံကစပြီး အတီးသင်ယူမယ့်သူတွေအတွက်အရေးကြီးတဲ့ နောက်ထပ်စည်းမျဥ်းတစ်ခုက လေ့ကျင့်ချိန်တိုင်းမှာ
အပြည့်အဝအာရုံစိုက်တာပါပဲ။လေ့ကျင့်မှုလုပ်နေတဲ့ အချိန်တိုင်းမှာ ကိုယ်ရဲ့သင်ကြားမှုကိုအနှောင့်အယှက်ဖြစ်စေမယ့် ဘယ်အာရုံကိုမဆို
ဖြတ်တောက်ထားဖို့လိုပါတယ်။
အတိုပြောရရင် စိတ်ခံစားမူ့ - ပေါ့
သီချင်းသံစဥ်တွေကို နားထောင်တဲ့စွမ်းရည်ကလည်း အရေးကြီးပါတယ်။ဂစ်တာ Player ကြီးတွေရဲ့လက်သံတွေကို အကြားအာရုံနဲ့မှတ်သား ခံစားတာမျိုး Face book -YouTube ကနေဂစ်တာတီးတဲ့နည်းစနစ်တွေကို နားထောင်
မှတ်သားထားတာမျိုးတွေဟာ ကိုယ့်ရဲ့Beginner ဘဝကနေ မြန်မြန်ဆန်ဆန် ကျွမ်းကျင်လာနိုင်အောင် ကူညီပေး
ပါလိမ့်မယ်။ ဆရာတွေ တီးပြတာတွေကို သေချာနားထောင်မှတ်သားသင့်ပါတယ်။
ပြောရမယ်ဆိုရင် earring ပေါ့။
ဂစ်တာတီးနည်းအမျိုးမျိုးကို Beginner အဆင့်မှကတည်းက
အခြေခံတွေ ပိုင်နိုင်ထားမယ် နားလည်ထားမယ်
ကောင်းစွာသင်ထားမယ် လေ့ကျင့်ထားမယ်ဆိုရင်
ဂီတလမ်းကြောင်းပေါ်ကို စတင်လျောက်လှမ်းနိုင်ပါပြီ။
ဂစ်တာတီးရတာဟာ စိတ်ညစ်စရာတွေကို ကျော်လွားနိုင်ပြီး ဘဝ တစ်ခုလုံးကို ပျော်စရာအဖြစ် ဖန်တီးမလား
အလွမ်းလေး တွေ ဖန်တီးမလား အရမ်းပဲ စိတ်ဝင်စားဖို့ကောင်းလာပါလိမ့်မယ်။
ဒီလိုဖြစ်ဖို့ ဂစ်တာကိုပုံစံမျိုးစုံနဲ့ လေ့ကျင့်ရပါတယ်။
ဥပမာ slow gogo လက်ခတ်နဲ့တော့ ပျော်စရာသီချင်းဖန်တီးလို့ မသင့်တော်ဘူးပေါ့။
ဂစ်တာဘာကြောင့်တီးတာလည်းဆိုရင် စိတ်ကိုEntertain ဖြစ်စေဖို့ပါ။ဂစ်တာတီးလေ့ကျင့်ရမယ့်အချိန်ရရင် ရသလို
ပျော်စရာပဲလို့ ခံယူပြီး မကျင့်ရမနေနိုင်အောင်
ဖြစ်လာရမယ်။
စွဲလမ်းနေတဲ့ အလေ့အကျင့်တစ်ခုဖြစ်လာပြီး ဂစ်တာနဲ့ လူ တစ်သားတည်း ဖြစ်ခဲ့ရင် အဆင့်အတန်းမြင့်တဲ့
ဂစ်တာ Playerတစ်ယောက်ဘဝသို့ ရောက်ရှိနိုင်ပါတယ်။
အစကောင်းမှအနှောင်းသေချာတယ် ဆိုသလိုပေါ့။
ဒီလိုဆိုရင် အစကောင်းအောင် ကြိုးစားကြပါလို့။။ ။
D A Rhythm Chords လေ့ကျင့်ရတာ အစဉ်ပြေသွားပြီဆိုရင် နောက်တပ်လေ့ကျင့်ရမှာက E chord ဖြစ်ပါတယ် ။
Ok မရသေးရင် လေ့ကျင့်လိုက်ပါ။
Rhythm exercise ; D A
Perfect 5 of D chord is A .
D chord ကိုင်တာအစဉ်ပြေပြီဆိုရင်
D နဲ့ A တွဲကျင့်ရပါမယ်~
D. A
| _ _ _ _ | _ _ _ _| _ _ _ _ | _ _ _ _ |
\/\/\/\/
1 2 3 4
လက်လေ့ကျင့်ခန်း (1 to 5 ) လုပ်ပြီးသွားရင်
Dကောဒ့် စတင်လေ့ကျင့်ရမည်ဖြစ်ပါတယ်~
Ok အစဉ်ကြပါစေ~
လက်လေ့ကျင့်ခန်းပြုလုပ်စဉ် ~
✓ × သတိထားရန်
Guitar fingers exercise 5
For beginners ; only ( 1 to 5 )
ဂစ်တာ လက်လေ့ကျင့်ခန်း ၄
အခြေခံကောင်းရလိုသူများအတွက်
ဂစ်တာ လက်လေ့ကျင့်ခန်း ( ၃ )
အခြေခံ စတင်လိုသူများအတွက်
Click here to claim your Sponsored Listing.
Category
Address
Dagon (east)
Yangon