AYA SOMPO Insurance
AYA SOMPO Insurance is a leading insurer, providing innovative insurance solutions in Myanmar.
29/05/2026
ကျွန်တော်တို့ AYA SOMPO အာမခံရဲ့ မိတ်ဖက်ကိုယ်စားလှယ်တွေအတွက် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုမိုလွယ်ကူမြန်ဆန်စေဖို့ မိတ်ဆက်ပေးခဲ့တဲ့ iVA Bot Induction အစီအစဉ်အပြီးမှာတော့ iVA Bot ရဲ့ အသုံးပြုရလွယ်ကူမှုနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ဘယ်လိုအထောက်အကူပြုနိုင်လဲဆိုတာကို မိတ်ဖက်ကိုယ်စားလှယ်များရဲ့ ပထမဆုံးအတွေ့အကြုံတွေနဲ့အတူ ယခုလိုပဲ မျှဝေပေးလိုက်ပါတယ်။
ဆက်လက်ပြီးတော့လည်း ကျွန်တော်တို့ရဲ့ မိတ်ဖက်ကိုယ်စားလှယ်တွေနဲ့ Policyholders တွေအတွက် ပိုမိုကောင်းမွန်တဲ့ အာမခံဝန်ဆောင်မှုတွေကို ခေတ်မီနည်းပညာများနဲ့အတူ ပေးစွမ်းနိုင်ဖို့ အမြဲကြိုးစားသွားမှာ ဖြစ်ပါတယ်။
AYA SOMPO Insurance - Your Partner for Life
25/05/2026
မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို ကွင်းထဲအထိ သွားပြီး အားအင်အပြည့်နဲ့ အတူတူ အော်ဟစ်အားပေးဖို့ အဆင်သင့်ပဲလား?
မဆုတ်မနစ်တဲ့ ဇွဲလုံ့လ၊ ခိုင်မာတဲ့ စိတ်ဓာတ်တွေနဲ့ နိုင်ငံဂုဏ်ဆောင်မယ့် ကျွန်တော်တို့ရဲ့ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာ “AYA Tri Nations Cup” ပွဲကြီးမှာ အကြိတ်အနယ် ယှဉ်ပြိုင်သွားတော့မှာပါ။
AYA SOMPO အာမခံအနေနဲ့လည်း Exclusive Insurance Partner အဖြစ် အသင်းနောက်ကွယ်မှ အားဖြည့်ပံ့ပိုးပေးထားပြီး မြန်မာအသင်းကို ကွင်းထဲအထိ သွားရောက် အတူတူ အားပေးနိုင်ဖို့ ဘောလုံးပရိသတ်တွေအတွက် ကံထူးရှင် (၁၅) ယောက်ကို တစ်ယောက် (၂) စောင်နှုန်းနဲ့ Giveaway Tickets (၃၀) စောင်ပေးသွားမှာပါ။
Giveaway မှာ ပါဝင်ကံစမ်းဖို့ဆိုရင်တော့
✅ဒီ Post ကို
Hashtag တွေနဲ့အတူ ကွင်းကိုအတူသွားချင်တဲ့ သူငယ်ချင်းကို Mention ခေါ်ပြီး Public နဲ့ Share ပေးပါ။
✅ပြီးရင် မြန်မာအသင်းအတွက် အားပေးစကားတစ်ခွန်းနဲ့အတူ Share ထားတဲ့ Screenshot ကို ဒီ Post ရဲ့ Comment မှာ လာရောက် မန့်ပေးရုံပါပဲ။
ကံထူးရှင်တွေကိုတော့ ဇွန်လ (၁) ရက်နေ့မှာ ကြေညာပေးသွားမှာမို့ ကွင်းထဲမှာတူတူ အားပေးဖို့အခုပဲ ပါဝင်လိုက်တော့နော်။
🏆 AYA Tri Nations Cup ပွဲစဉ်ဇယားများ
⚽ မြန်မာ vs ဥဇဘက်ကစ္စတန် | ၃ ဇွန်လ ၂၀၂၆ (ညနေ ၅:၀၀ နာရီ)
⚽ ထိုင်း vs ဥဇဘက်ကစ္စတန် | ၆ ဇွန်လ ၂၀၂၆ (ညနေ ၅:၀၀ နာရီ)
⚽ မြန်မာ vs ထိုင်း | ၉ ဇွန်လ ၂၀၂၆ (ညနေ ၅:၀၀ နာရီ)
AYA SOMPO Insurance - Your Partner for Life
24/05/2026
My AYASOMPO App ကနေတဆင့် Cashless Claim ဝန်ဆောင်မှုကို အသုံးပြုပြီး ကိုယ်တိုင်ငွေစိုက်ထုတ်စရာမလိုဘဲ လွယ်လွယ်ကူကူ ဆေးရုံတက်ကုသနိုင်ပါပြီ။
AYA SOMPO အာမခံနဲ့ ချိတ်ဆက်ထားတဲ့ ဆေးရုံတွေမှာ ဆေးရုံမတက်ခင် App မှတဆင့် (၂၄) နာရီကြိုတင်ပြီး Cashless Claim ဝန်ဆောင်မှုကို ရယူနိုင်တာဖြစ်လို့ ယုံကြည်စိတ်ချရမှုနှင့်အတူ ရိုးရှင်းလွယ်ကူတဲ့ အာမခံဝန်ဆောင်မှုတွေကိုပေးတဲ့ My AYASOMPO App ကိုအခုပဲရယူလိုက်ပါ။
Cashless Claim ဝန်ဆောင်မှုရယူပုံ အဆင့်ဆင့်ကို ဖော်ပြပါလင့်ခ် https://www.facebook.com/share/v/1D1woJri8f/?mibextid=wwXIfr တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
My AYASOMPO App ကို Download ရယူရန်
iOS: https://apple.co/49EVCxL
Android: https://9r.ai/1000kC
AYA SOMPO Insurance - Your Partner for Life
23/05/2026
တစ်ခါတစ်ရံမှာ သဘာဝပတ်ဝန်းကျင်ကို ပြောတဲ့အခါ သစ်ပင်တွေ၊ တောတောင်တွေကိုပဲ စဉ်းစားမိတတ်ကြပါတယ်။ ဒါပေမယ့် သဘာဝရဲ့ ဟန်ချက်ညီမှုကို ထိန်းသိမ်းပေးနေတဲ့ အရာတွေထဲမှာ သေးငယ်တဲ့ ဇီဝမျိုးစိတ်လေးတွေကလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေကြပါတယ်။
ဇီဝမျိုးစိတ်တစ်ခုချင်းစီဟာ သဘာဝတရားရဲ့ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၎င်းတို့ကို တန်ဖိုးထားကာ ကာကွယ်စောင့်ရှောက်ခြင်းက ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ဖန်တီးနေခြင်းပဲဖြစ်ပါတယ်။
ဒီလိုအဖိုးတန်တဲ့ မြန်မာ့ဇီဝမျိုးစုံမျိုးကွဲများအကြောင်း ပိုမိုနားလည်တန်ဖိုးထားနိုင်ဖို့အတွက် ဇီဝမျိုးကွဲများနှင့် သဘာဝထိန်းသိမ်းရေးဆိုင်ရာ စကားဝိုင်းတစ်ခုကို the Gallery by AYA SOMPO တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
သဘာဝကို စောင့်ရှောက်ခြင်းဆိုတာ ပတ်ဝန်းကျင်ကိုသာ ကာကွယ်ခြင်း မဟုတ်ပါဘူး။ အသက်ရှင်မှုတိုင်းရဲ့ တန်ဖိုးကို နားလည်ပြီး အတူယှဉ်တွဲ ရှင်သန်နေထိုင်နိုင်မယ့် အနာဂတ်ကို ထိန်းသိမ်းခြင်းလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ AYA SOMPO အနေဖြင့် လူမှုပတ်ဝန်းကျင်နှင့် အနာဂတ်မျိုးဆက်များအတွက် တန်ဖိုးရှိသော အရာများကို ဆက်လက်ဖန်တီးသွားမည်ဖြစ်ပြီး ရေရှည်တည်တံ့သော အနာဂတ်တစ်ခုကို လက်တွဲဖော်တစ်ယောက်အဖြစ် အတူတကွတည်ဆောက်သွားမှာ ဖြစ်ပါတယ်။
AYA SOMPO Insurance - Your Partner for Life
21/05/2026
AYA SOMPO အာမခံအနေနဲ့ Policyholder တွေရဲ့ လူမှုစီးပွားရေးနှင့် ဘဝများကို ကာကွယ်ပေးရုံတင်မကဘဲ၊ ကျွန်တော်တို့ အတူတကွ နေထိုင်ရာ ပတ်ဝန်းကျင်ကြီး ပိုမိုဘေးကင်း၊ စိမ်းလန်း၍ ရေရှည်တည်တံ့ စေဖို့အတွက်လည်း အစဉ်တစိုက် ဆောင်ရွက်လျက် ရှိပါတယ်။
ရုံးတွင်းနေ့စဉ်လုပ်ငန်းဆောင်တာများတွင်လည်း အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းနှင့် စာရွက်အသုံးပြုမှုလျော့ချခြင်းတို့ကို အလေးထားဆောင်ရွက်လျက်ရှိပြီး၊ စာရွက်အသုံးပြုမှုလျော့ချခြင်းမှတဆင့် သစ်ပင်ပေါင်း ၂,၂၀၀ ကျော်ကို ထိန်းသိမ်းကာကွယ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။
ယနေ့မှာတော့ Dowa နဲ့ အတူလက်တွဲပြီး "Green Recycling & Eco-System Physical Awareness Training Session" ကို AYA SOMPO အာမခံရုံးချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီ Training Session မှတဆင့် ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေဟာ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ ခွဲခြားပြီး နည်းမှန်လမ်းမှန် ပြန်လည်အသုံးပြုပုံ၊ လုပ်ငန်းခွင်အတွင်း ပစ္စည်းကိုင်တွယ်မှုစနစ်နဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အပြင် ရုံးတွင်းနေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ သန့်ရှင်းသပ်ရပ်ပြီး Carbon Footprint လျှော့ချနိုင်မည့်လမ်းညွှန်ချက်များကိုလည်း သိရှိနားလည်ခဲ့ရပါတယ်။
ကျွန်တော်တို့အနေနဲ့ ယနေ့ရရှိခဲ့တဲ့ အသိပညာတွေကို နေ့စဉ်လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချပြီး ပိုမိုစိမ်းလန်း၊ ဘေးကင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို အတူတူ ဖန်တီးသွားကြမယ့်အပြင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အမြဲတမ်း အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
AYA SOMPO Insurance - Your Partner for Life
19/05/2026
သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ ငလျင်လှုပ်ခတ်မှုအပြီးမှာ နောက်ဆက်တွဲလှုပ်ခတ်မှုများနှင့်အတူ အန္တရာယ်များရှိနိုင်သဖြင့် သတိထားနေထိုင်ခြင်းနှင့် မှန်ကန်သောကာကွယ်မှုများလုပ်ဆောင်ခြင်းဟာ မိမိနှင့် မိမိချစ်ခင်ရသူများရဲ့ လုံခြုံရေးအတွက် အလွန်အရေးကြီးပါတယ်။
ကျွန်တော်တို့ AYA SOMPO အာမခံအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်ကြုံတွေ့လာချိန်တိုင်းမှာ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေကို အဆင်သင့် ဆောင်ရွက်ပေးနိုင်ဖို့အတွက် သင့်ဘေးမှာ အမြဲရှိနေပါတယ်။
ကိုယ်တိုင်ကြိုးစားတည်ဆောက်ထားတဲ့ ပိုင်ဆိုင်မှုတွေကို မမျှော်လင့်တဲ့ သဘာဝဘေးအန္တရာယ်များနှင့်မတော်တဆမှုများကနေ ကြိုတင်ကာကွယ်ထားနိုင်ဖို့ အာမခံအမျိုးအစားများအကြောင်း အသေးစိတ် သိရှိလိုပါက Customer Service Hotline – 09 777 100 555 သို့ ဆက်သွယ်မေးမြန်းနိုင်သလို
https://drs.ayasompo.com/DigitalFire/fireinsurance မှတဆင့် လိုအပ်သောအချက်အလက်များကို ဖြည့်သွင်းပြီး စုံစမ်းနိုင်ပါတယ်။
AYA SOMPO အာမခံနဲ့အတူ ပိုမိုစိတ်ချရတဲ့ အာမခံဝန်ဆောင်မှုအတွေ့အကြုံကို ရယူလိုက်ပါ။
ဘေးအန္တရာယ်များ ကြုံတွေ့လာရတဲ့အခါ မိမိနှင့် မိမိချစ်ရသူတွေ ဘေးကင်းလုံခြုံစွာနဲ့ အတူတကွ ကျော်ဖြတ်နိုင်ဖို့ လိုအပ်တဲ့ အချက်အလက်လေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်။
AYA SOMPO Insurance - Your Partner for Life
17/05/2026
ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တိုင်းဟာ တန်ဖိုးရှိတဲ့ မိသားစုဝင်တွေဖြစ်တဲ့ အလျောက် လုပ်ဖော်ကိုင်ဖက် တစ်ဦးချင်းစီရဲ့ တိုးတက်မှုအတွက်သာမက သူတို့ရဲ့ မိသားစုဝင်တွေအတွက်ပါ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ အမြဲဦးစားပေးလျက်ရှိပါတယ်။
ဒါကြောင့် ကျွန်တော်တို့ AYA SOMPO အာမခံအနေနဲ့ လုပ်ဖော်ကိုင်ဖက်များရဲ့ ကလေးငယ်များ ပညာရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးနိုင်ရန် ရည်ရွယ်၍ “ပညာသင်ထောက်ပံ့ကြေး” များကို ၂၀၁၉ ခုနှစ်မှ စတင်ကာ နှစ်စဉ်ကလေး အယောက်(၅၀)ကျော်အတွက် ပံ့ပိုးလျက်ရှိရာယခု ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက်ကိုလည်း ဆက်လက်ပေးအပ်ခဲ့ပါတယ်။
ဒီလိုပံ့ပိုးမှုတွေကတဆင့် လုပ်ငန်းခွင်အတွင်းသာမက ကျွန်တော်တို့ AYA SOMPO အာမခံမိသားစုဝင်များရဲ့ ပညာသင်ယူနေဆဲ ကလေးငယ်များအတွက် ပိုမိုကောင်းမွန်တဲ့ ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် တောက်ပတဲ့ အနာဂတ်များဆီ လျှောက်လှမ်းနိုင်ရန် ဆက်လက်လက်တွဲကူညီပေးသွားမှာ ဖြစ်ပါတယ်။
AYA SOMPO Insurance – Your Partner for Life
15/05/2026
ကျန်းမာရေးအာမခံထားရှိတဲ့ ကျွန်တော်တို့ရဲ့Policyholder တွေအနေနဲ့ အရေးပေါ်ဖြစ်စေ၊ နာမကျန်းဖြစ်စေတဲ့အချိန်တွေမှာ အနီးဆုံး ဆေးရုံ၊ ဆေးခန်းတွေကို My AYASOMPO App ကနေ အလွယ်တကူ ရှာဖွေနိုင်ပါပြီ။
My AYASOMPO App မှာ ကျွန်တော်တို့ AYA SOMPO နဲ့ ချိတ်ဆက်ထားတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ဖော်ပြထားတာကြောင့် ဘယ်နေရာမှာပဲရှိရှိ စိတ်ချလက်ချနဲ့ အမြန်ဆုံး ကုသမှုရယူနိုင်မှာဖြစ်ပါတယ်။
ပိုမိုလွယ်ကူအဆင်ပြေပြီး စိတ်ချရတဲ့ကျန်းမာရေးအာမခံဝန်ဆောင်မှုအတွေ့အကြုံကို My AYASOMPO App နဲ့အတူ ရယူလိုက်ပါ။
My AYASOMPO App ကို Download ရယူရန်
iOS: https://apple.co/49EVCxL
Android: https://9r.ai/1000kC
AYA SOMPO Insurance – Your Partner for Life
13/05/2026
Business Trip ပဲဖြစ်ဖြစ်၊ မိသားစုနဲ့အတူ အပန်းဖြေမယ့် Holiday Trip ပဲဖြစ်ဖြစ်... ဘယ်လိုခရီးစဉ်မျိုးမှာမဆို အခက်အခဲမရှိ ချောမွေ့အဆင်ပြေပြီး စိတ်အေးချမ်းသာစွာ သွားလာနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ။
လေယာဉ်နောက်ကျတာ၊ အထုပ်အပိုးပျောက်ဆုံးတာအပြင် ခရီးသွားနေစဉ် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးပြဿနာတွေ အားလုံးအတွက် စိတ်ပူစရာမလိုဘဲ ခရီးသွားနိုင်ဖို့ ကျွန်တော်တို့ရဲ့ AYA Go၊ AYA Joy ခရီးသွားအာမခံက သင့်ဘေးနားအကာအကွယ်ပေးဖို့ ရှိနေမှာပါ။
AYA Go၊ AYA Joy ခရီးသွားအာမခံ ကို My AYASOMPO App မှတဆင့် အလွယ်တကူဝယ်ယူ ရရှိနိုင်ပါတယ်။
My AYASOMPO App ကို Download ရယူရန်
iOS: https://apple.co/49EVCxL
Android: https://9r.ai/1000kC
AYA SOMPO Insurance – Your Partner for Life
11/05/2026
ကျွန်တော်တို့ရဲ့ အာမခံခရီးလမ်းတစ်လျှောက် အတူတကွ လက်တွဲကြိုးစားခဲ့ကြတဲ့ မိတ်ဖက်ကိုယ်စားလှယ်တွေကို ဂုဏ်ပြုအသိအမှတ်ပြုတဲ့ “Better Experience, Better Opportunities” ပွဲလေးကို AYA SOMPO အာမခံ မန္တလေးနှင့် နေပြည်တော်ရုံးခွဲတို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
တစ်နှစ်တာအတွင်း အတူတကွ ကြိုးပမ်းခဲ့ကြတဲ့ လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ကာ ရှေ့ဆက်လျှောက်လှမ်းမည့် နည်းဗျူဟာ ရည်မှန်းချက်အသစ်များနှင့်အတူ ပိုမိုကောင်းမွန်သော အတွေ့အကြုံများနှင့်အခွင့်အလမ်းများကိုပါ ဆွေးနွေးမျှဝေခဲ့ကြပါတယ်။ ထို့အပြင် မိတ်ဖက်ကိုယ်စားလှယ်များအတွက် ယခုထက်သာလွန်သော အာမခံဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ရည်ရွယ်၍ AI-powered feature ဖြစ်တဲ့ iVA Bot – Insurance Virtual Assistant ကို ထပ်မံမိတ်ဆက်ခဲ့ပါတယ်။
AYA SOMPO အာမခံအနေနဲ့ အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာရှိကြတဲ့ မိတ်ဖက်ကိုယ်စားလှယ်တွေရဲ့ ယုံကြည်မှု၊ ကြိုးစားအားထုတ်မှုနဲ့ ပံ့ပိုးမှုများကို အမြဲတန်ဖိုးထားကာ အသိအမှတ်ပြုပေးလျက်ရှိပါတယ်။
လူမှုအသိုင်းအဝိုင်းအတွက် တန်ဖိုးရှိတဲ့အရာများကို ဖန်တီးရင်း အောင်မြင်တဲ့ အာမခံကိုယ်စားလှယ်တစ်ဦးအဖြစ် career တစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ https://ayasompo.com/our-partners/မှာ ဝင်ရောက်လေ့လာပြီး ကျွန်တော်တို့ AYA SOMPO အာမခံနဲ့အတူ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
AYA SOMPO Insurance - Your Partner for Life
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 245, Corner Of Maha Bandula Road And 46th Street, Botahtaung Township
Yangon
11161
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |