Atomy Home MM
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Atomy Home MM, Yangon.
ဒီလ ခဏနားအုံးမယ်နော်
ပစ္စည်း ရောက်မှဘဲ ပြန်ပြောပါမယ်
အော်ဒါတော့မကောက်သေးဘူးနော်
အမှာစရင်းလေးတွေ စုထားကြအုံးနော်😍😍😍
28/09/2022
ဘဝနဲ့ပန်းသီးဖာ
လူတစ်ယောက်ရှိတယ်။ ပန်းသီး တစ်ဖာဝယ်လာတယ်။
စားမယ်ကြံပြီး အသီးဖာကို ဖွင့်လိုက်တယ်။
ရာသီဥတု ပူလွန်းတယ် ထင်ပါရဲ့ ၊ အသီး အချို့ စတင်ပုပ်သိုးလာတာတွေ့လိုက်ရတယ်။
ချွေတာတတ်သူပီပီ၊ အပုပ်သီးကို အရင်ရွေးပြီးစားလိုက်ပါတယ်။
နောက်တစ်နေ့ထပ်ကြည့်တယ်။ ကောင်းတဲ့ပန်းသီးတချို့ ထပ်ပုပ်သွားတာတွေ့လိုက်ရတယ်။
ပုပ်တဲ့အသီးကို ထပ်ရွေးစားလိုက်တယ်။
ဒီလိုနဲ့ အသီးတစ်ဖာလုံးသာကုန်သွားတယ်၊ အကောင်းတစ်လုံးမှ မစားလိုက်ရဘူး။
သူတော်တော်သံဝေဂ ရသွားတယ်။
စားလို့မကုန်နိုင်တဲ့ အပုပ်သီးတွေပါလားလို့ စိတ်ထဲမှာ ရေရွတ်လိုက်တယ်။
ကျွန်တော်တို့ ဘဝမှာလည်း ဒီ ပန်းသီးဖာလိုပါပဲ၊
အကောင်းရှိတယ်။ အဆိုးရှိတယ်။
ဆိုးတာကို လွင့်ပစ်လိုက်၊ ကောင်းတာကို ရွေးစားလိုက်၊
အပုပ်ကြီးကြီးမြင်နေရင်၊ အပုပ်ကိုပဲ စားနေရမယ်။
ဖြစ်သင့်တာက...
အဆိုးကို ဖယ်မယ်၊ အကောင်းကို ကိုင်မယ်၊ အကောင်းမြင်ရင် အကောင်းစားရမယ်။
အဆိုးကြီးကြီးပဲ မြင်နေရင်တော့...
စားလို့မကုန်နိုင်တော့တဲ့ အပုတ်သီးတွေနဲ့ပဲ ပြီးဆုံးသွားမှာပါ။
ကိုယ်ပိုင်ဆင်ချင်နိုင်ဖို့နဲ့ အများစဥ်းစားနိုင်ဖို့ မျဝေလိုက်ပါတယ်။ ကျေးဇူးပါ။
ီ_ဘာ_ဘာ
https://m.facebook.com/story.php?story_fbid=138165235606629&id=100082394604996
25/08/2022
ပင်ပန်းနေပြီလား
မငြီးနဲ့
ငြီးသံက သင့်အတွက်
ဘာမှအသုံးမဝင်နိုင်ဘူး
ပေါက်ကွဲချင်နေပြီလား
မပေါက်ကွဲနဲ့
ဒေါသက သင့်အတွက်
ဘာမှအသုံးမဝင်နိုင်ဘူး
ဝမ်းနည်းနေပြီလား
မငိုနဲ့
မျက်ရည်က သင့်အတွက်
ဘာမှအသုံးမဝင်နိုင်ဘူး
အားလျှော့ချင်နေပြီလား
မလျှော့နဲ့
လျှော့လိုက်တဲ့အားက သင့်အတွက်
ဘာမှအသုံးမဝင်နိုင်ဘူး
နောက်ဆုတ်ချင်နေပြီလား
မဆုတ်နဲ့
ပြန်လှည့်တဲ့ခြေလှမ်းက သင့်အတွက်
ဘာမှအသုံးမဝင်နိုင်ဘူး
တစ်ကယ်တော့ ဘဝဆိုတာ
ရှုံးနိမ့်နေတဲ့အချိန်မှာ
ထုတ်ပြလိုက်တဲ့အရာတွေထက်
အောင်မြင်လာတဲ့အချိန်မှ
ထုတ်ပြလိုက်တဲ့အရာတွေကသာ
ပိုပြီးတန်ဘိုးရှိတာမိုလို့
ဘာပဲဖြစ်လာလာ
အချိန်မတန်သေးလို့
သင့်ရဲ့စိတ်ကို
အမြဲတမ်းပြန်တင်းထားပါ
Crd
05/08/2022
လူတစ်ယောက်
ငွေထုပ်ကြီး ပျောက်သွားတယ်။
အဲ့ဒါနဲ့ ဘေးအိမ်က
ဘုန်းကြီးလူထွက်ကို လှမ်းကြည့်လိုက်တော့
ဘုန်းကြီးလူထွက်က လုံးဝကို သူခိုးရုပ်ပေါက်နေတယ်။
ငွေထုပ်ပိုင်ရှင်က စိတ်ထဲမှာ တွက်လိုက်တယ်။
ငါ့ပိုက်ဆံထုပ် ဒီဘုန်းကြီးလူထွက်ခိုးတာပဲ ဆိုပြီး။
ညနေရောက်တော့ ပိုက်ဆံထုပ်ပြန်တွေ့တယ်။
ဘယ်သူမှ ခိုးတာ မဟုတ်ပါဘူး။
သူ့ဖာသာ အထားမှားတာ။
အာ့နဲ့ ဘေးအိမ်က
ဘုန်းကြီးလူထွက်ကို လှမ်းကြည့်လိုက်တော့
လုံးဝ သူခိုးရုပ် မပေါက်ဘူး။
အဲ့ဒါ " ဆရာကြီးမင်းသိင်္ခရဲ့"
ဝတ္ထု ဇာတ်ကွက်လေး တစ်ခုပါ။
တကယ်တော့ လူတစ်ယောက်က
အထင်ကြီးစရာကောင်းနေတယ်၊
အထင်သေးစရာကောင်းနေတယ်
ဆိုတာ ငါတို့ရဲ့ ရူမြင်ချက်သက်သက်ပါပဲ။
"ငါလေးစားတဲ့လူပဲ" ဆိုပြီး
ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေး ကိုးကွယ်မူ့ မလုပ်သင့်ဘူး
လူတစ်ယောက်ကို လူတစ်ယောက်လို မြင်တာပဲ
အဆင်ပြေပါတယ်။
အဲ့ဒီလူရဲ့ ကောင်းခြင်း၊ ဆိုးခြင်းကို
သင့်ရဲ့ ကိစ္စကြီးတစ်ခုလို လုပ်နေတာက
အချိန်ဖြုန်းခြင်း သက်သက်ပါ။
လူတစ်ယောက်ဆီက ယူစရာအသိပညာရှိရင် ယူလိုက်။
အဲ့ဒိလူက မဟုတ်တာလုပ်နေရင်လည်း
ငါ့ကျရင်တော့ အဲ့လိုအမှားမျိုး မလုပ်ဘူး၊
အဲ့လိုအတွေးမျိူး မတွေးဘူး၊
အဲ့လို စာမျိုးမရေးဘူး ဆိုပြီး သင်္ခန်းစာယူလိုက်။
ဒါဆို မင်းဘဝအတွက် အများကြီး အကျိူးရှိတယ်။
" မင်းက ငါ မဟုတ်သလို
ငါကလည်း မင်း မဟုတ်ပါဘူး။ "
ကိုယ့်အလုပ်ကိုယ် လုပ်ခြင်းဖြင့် ဂုဏ်ယူပါ။
Credit- Eagle
27/02/2022
အခြေအနေ မတူပါ
တခါတုန်းက သိုးတအုပ်ဟာ စားကျက် ထဲမှာ မြက်စားနေ ကြတယ်။
အဲဒီ အချိန်မှာပဲ သမင်တကောင် ရောက်လာပြီး သူတို့နဲ့ အတူတူ မြက်စား နေတယ်။
သမင်ကို တွေ့သွားတော့ သိုးတွေ လှုပ်လှုပ် ရှားရှား ဖြစ်သွားတယ်။
သိုးတွေ လှုပ်လှုပ် ရှားရှား ဖြစ်သံ ကြားတော့ သိုးထိန်းဟာ သိုးအုပ်ကို သေချာ ကြည့်ရှု စစ်ဆေး လိုက်တယ်။
သမင်ကို မြင်တာနဲ့ သမင်ကို ဖမ်းလိုက်ပြီး သားသတ်သမားဆီ ခေါ်သွားတယ်။
သမင်လည်း သူ သေရတော့ မှာကို သိပြီး အော်သံပေးကာ လွတ်မြောက်ဖို့ အတွက် အတင်း ရုန်းကန် တော့တယ်။
သိုးတကောင်က သမင် အတင်း ရုန်းကန် နေတာကို တွေ့တော့
"ဘာလို့ အတင်း ရုန်းနေ တာလဲ၊ သိုးထိန်းက ငါတို့ကို အခုလို အမြဲ ဖမ်းပြီး ပြန်လွှတ် ပေးတာပဲ ဒုက္ခ မပေးပါဘူး" လို့ ပြောလိုက်တယ်။
သမင်က "မင်း နားမလည် ပါဘူး။ သိုးထိန်း မင်းတို့ကို ဖမ်းတာက သိုးမွှေး ရဖို့၊ ငါ့ကို ဖမ်းတာက အသားစားဖို့" လို့ ပြန်ပြော လိုက်ပါတယ်။
မတူညီတဲ့ အခြေအနေ မျိူးမှာ သူတပါး ကြုံနေရတဲ့ ဒုက္ခကို မလှောင်မိ ပါစေနဲ့။
25/02/2022
တစ်နေ့တာအတွက် cafe arabica တစ်ခွက် နဲ့ အလုပ်တွေ ဆက်လုပ်
13/01/2022
ငယ်တုန်းက
ပိုက်ဆံမရှိတော့ဘူးလို့
မိဘကိုအမြဲညာတတ်တယ်
ကြီးလာတော့
ပိုက်ဆံရှိသေးတယ်ဆိုပြီး
မိဘကိုအမြဲညာပြန်တယ်
ငယ်တုန်းက
မိဘပိုက်ဆံနဲ့ မိဘက
ပစ္စည်းဝယ်ခိုင်းရင်
ဈေးအမြဲ ပိုပြောတတ်တယ်
ကြီးလာတော့
ကိုယ့်ပိုက်ဆံနဲ့ မိဘကို
ပစ္စည်းဝယ်ပေးတတ်လာတော့
ဈေးအမြဲ လျော့ပြောပြန်တယ်
ငယ်တုန်းက
အခက်အခဲနည်းနည်းမရှိလိုက်နဲ့
ရှိတာနဲ့အိမ်ပြန်ရောက်တာနဲ့ ငိုယိုပြီး
မိဘကိုတိုင်တန်းတတ်တယ်
ကြီးလာတော့
အပြင်မှာအဆင်မပြေလေ
အိမ်ရောက်ရင်ပြုံးလေပဲ
ကိုယ်ကတဖြည်းဖြည်းနဲ့
ရင့်ကျက်လာသော်လည်း
မိဘတွေကျတော့အိုးမင်းရင့်ရော်သွားပြီ
11/01/2022
ဖယောင်းတိုင်တွေထွန်းပြီး
သေသူကို သတိတရ ဝမ်းနည်းကြပေမယ့်
ဖယောင်းတိုင်မှုတ်ပြီး
မွေးနေ့ပွဲတွေ ကျင်းပကြတယ်။
ခြေကျင်းစွပ်ကို သိန်းချီပေးဝယ်ရတယ်။
ပြီးတော့ ခြေထောက်မှာ စွပ်ကြတယ်။
ဒါပေမယ့်
ဆံပင်ချည် သရေပင်က ရာဂဏန်းပဲ
တန်ဖိုးရှိပြီး ခေါင်းမှာနေရာရတယ်။
ဒါကြောင့် တန်ဖိုးထက်
လုပ်ဆောင်ရမယ့် နေရာက
အဓိက ဖြစ်လာတယ်။
မှန်ကန်တဲ့ အကြံပေးသူဟာ ဆားခါးနဲ့တူတဲ့
မိတ်ဆွေစစ်ဖြစ်တယ်လို့ ယူဆပြီး
အလိုလိုက် အကြိုက်ဆောင်
အချိုသတ်ပေါင်းသူတွေဟာ သကြားလိုပါပဲ။
ဆားခါးက ပိုးပုရွက်မကျဘဲ ၊
သကြားကတော့ ပိုးပုရွက်ကြောင့်
ပျက်စီးခြင်းကိုရောက်ရတယ်။
ကောင်းတဲ့လမ်းကို
ဘယ်သူမှ မသွားချင်ကြဘူး။
မကောင်းတဲ့ လမ်းကိုတော့
အားလုံးသွားကြတယ်။
ဒါကြောင့်
အရက်ရောင်းသူက ဘယ်မှမသွားရဘဲ
နွားနို့ရောင်းသူက အိမ်တိုင်းထိသွားရတယ်။
နံရံပေါ်ကပုံရဲ့ ဝန်ထမ်းထားတာက သံချောင်းလေး။
ဒါပေမယ့်
လူတွေချီးမွမ်းကြတာက
သူ့ပေါ်ချိတ်ထားတဲ့ ဓာတ်ပုံ။
လူတွေက
သူတို့ကို တိရိစ္ဆာန်လို့ ပြောရင်
ထသတ်ချင်ကြပြီး
ကျားလို ခြင်္သေ့လို ရဲရင့်လိုက်တာဆိုရင်တော့
ကျေနပ်နေကြပြန်ပါလေရော ။
မင်္ဂလာပွဲတွေမှာ
လူတွေက အရှေ့ကနေ လိုက်ကြပြီး
မသာပို့ချိန်ကြ နောက်ရောက်သွားကြတယ်။
ဒါကိုမြင်ရတော့ လောကကြီးက
ပျော်နေချိန်မှာ သင့်ရှေ့ကနေကြပြီး
ဝမ်းနည်းချိန်မှာ
နောက်ကို ဆုတ်သွားတတ်ကြတဲ့
သင်ခန်းစာကို ယူမိတယ်။
မွေးမယ် သေမယ် ဖြစ်နေကြအုံးမယ့်
တလောကလုံးမှာ အမြဲတမ်းကျန်ခဲ့မယ့်
ကိုယ့်သမိုင်းလေး ကိုယ်တော့
လက်ရေးလှအောင် အမှန်ကန်ဆုံး
ရေးနိုင်ကြစေချင် ပါတယ်။
#ပညာရှိအဖိုးအို
01/12/2021
➡️တစ်ပါးသူတွေ ပေးတဲ့
➡️စိတ်ဒဏ်ရာတွေကို ရရှိတဲ့အခါ
➡️ကိုယ့်ကိုယ်ကို နှစ်သိမ့်ဖို့မမေ့ပါနဲ့~~~
➡️အကယ်၍
➡️လောကဓံရဲ့ခါးသီးခြင်းတွေကို
➡️ကြုံတွေ့ရတဲ့အခါ
➡️ကိုယ့်ကိုယ်ကို အားတင်းထားဖို့မမေ့ပါနဲ့...
➡️ဘ၀ဆိုတာ
➡️အချိုရော အခါးရော
➡️ပေးတတ်တာ သတိရပါ ~~~
➡️အကယ်၍
➡️တစ်ချို့လူတွေက
➡️ကိုယ့်နာမည် ' ကိုယ့်ဂုဏ်သိက္ခာကို
➡️ချိုးဖဲ့တာမျိုးကြုံ ခဲ့ရင်
➡️ကိုယ့်ကိုယ်ကို ယုံကြည်မှု့ရှိဖို့မမေ့ပါနဲ့...
➡️လောကမှာ
➡️မှန်တာပြောတာထက်
➡️မမှန်တာပြောတဲ့သူတွေက
➡️များးတယ်ဆိုတာ သတိရပါ ~~~
➡️အကယ်၍
➡️လူတွေက ဒါ မင်းအပြစ်ပါလို့
➡️လက်ညိုးထိုးစွပ်စွဲတာမျိုးကြုံ ခဲ့ရင်
➡️ကိုယ့်ကိုယ်ကို နားလည်တတ်ဖို့မမေ့ပါနဲ့...
➡️တစ်လောကလုံး
➡️နားမလည်ရင်တောင်
➡️ကိုယ်လုပ်နေတာ ကိုယ်ကိုယ်တိုင်
➡️နားလည်ဖို့ပဲလိုပါတယ် ~~~
➡️အကယ်၍
➡️ကိုယ် အကူအညီလိုတဲ့အခါ
➡️ကူညီမယ့်သူ မရှိခဲ့ရင် ??
➡️ကိုယ့်ကိုယ်ကို ပြုံးပြဖို့မမေ့ပါနဲ့...
➡️နောက်တစ်ခါ မည်သူ့ဆီကမှ
➡️အကူအညီမယူမိအောင်ကြိုးစားလိုက်ပါ ~~~
➡️ လူ့ဘ၀မှာ
➡️"' လူတိုင်း နိမ့်ကျ ဖူးတယ် "'
➡️"' လူတိုင်း အမြင့်ကိုရောက်ခဲ့ဖူးတယ် "'
➡️"' လူတိုင်း ချစ်ခဲ့ဖူးတယ် "'
➡️"' လူတိုင်း ငိုကြွေးခဲ့ဖူးတယ် "'
➡️"' လူတိုင်း ပျော်ရွင်ခဲ့ဖူးတယ် "'
➡️အကယ်၍
➡️ကိုယ် တစ်ယောက်ထဲမှ
➡️ကြုံတွေ့နေရတယ်လို့ထင်တဲ့အခါ
➡️အပြင်ကို ထွက်
➡️လူတွေကို လိုက်ကြည့်ကြည့်ပါ ~~~
➡️လူတိုင်းလူတိုင်းဟာ
➡️ဘဝကပေးတဲ့သုခ ဒုက္ခတွေ ကိုယ်စီနဲ့ပါ
➡️ကိုယ့်ကိုယ်ကို လေးစားဖို့မမေ့ပါနဲ....
postတွေ မတင်ဖြစ်ပေးမဲ့ ဝယ်ယူအားပေးကြလို့ ကျေးဇူးပါ
31/10/2021
#သူများ
နိုင်ငံသားတွေတော့
စတိုင်ပြောင်းပြီ
ဒီနေ့ ဘီဘီစီသတင်း
ဖတ်ရင်းက
စိတ်ဝင်စားစရာ
သတင်းလေးတစ်ပုဒ်
ဖတ်ဖြစ်ပါတယ် ။
အင်္ဂလန်မှာ
ဒုတိယကမ္ဘာစစ်
နောက်ပိုင်းခေတ် စားတဲ့
ဘဏ်ချေးငွေနဲ့
အိမ်ကြီးကြီး
ကားကောင်းကောင်းတွေ
ဝယ်ပြီးနေတဲ့
လူနေမှုပုံစံကနေ
တော်သင့်သလောက်
အိမ်လေးရယ်
မရှိမဖြစ်လိုမှဝယ်တဲ့
ဂျပန်ကားလေးကိုစီးပြီး
အကြွေးမထူလူမပူရဘဲ
ခပ်အေးအေး နေတဲ့ပုံစံကို
ပြောင်းလဲလာပါတယ်တဲ့ ။
အဲ့ဒီလို
ကြွားဝါရမယ့်ကိစ္စတွေမှာ
ငွေမသုံးပဲ
မရှိမဖြစ်တာလေးကို
စီစစ်ပြီးသုံးတာကို
အင်္ဂလိပ်လို
Frugal Living လို့
ခေါ်ပါတယ် ။
စားစရာဝတ်စရာ
စတာတွေမှာ
ငွေကုန်ကြေးကျများတဲ့
ဇိမ်ခံပစ္စည်းတွေ မလိုအပ်ပဲ ၊
ဝါသနာအရဝယ်တာကို
လျှော့ပြီး
သင့်တင့်မျှတအောင်
နေတာပါ ။
အရင်းရှင်စနစ်ရဲ့
ကျောရိုးဖြစ်တဲ့
လောဘ အလျှောက်
အလွန်အကျွံ ဝယ်ယူ
သုံးစွဲတဲ့
အကျင့်ကနေရှိတာလေးနဲ့
လှအောင်ဆင်ပြီး
ရိုးရိုးရှင်းရှင်းနဲ့
နေလာကြပါတယ် ။
ဒီလို နေကြည့်တော့
ဘာသွားတွေ့သလဲ
ဆိုတော့
ဘဏ်တွေကနေ
အကြွေးယူရတာ
အတိုးပေးရတာနည်း
သွားပြီး
သူတို့နိုင်ငံကလူတွေ
အတွက်ဆို
အသက်၄၀လောက်မှာ
ငွေကြေး စုမိဆောင်းမိ
ဖြစ်သွားပြီး
ပင်စင်ယူ ကိုယ်ဝါသနာ
ပါရာ
လုပ်နေနိုင်သွားပါတယ် ။
ဒါ့အပြင်
အလုပ်ရဲ့ကျေးကျွန်၊
လောဘရဲ့သားကောင်
မဖြစ်တော့ပဲ
မိသားစုအတွက်
အရေးပါတဲ့တစ်ဦးပေါ်
တစ်ဦး အချိန်ပိုပေး
လာနိုင်ပါတယ် ။
ဂျပန်မှာဆိုလည်း
Frugal living ဟာ
အလွန် ခေတ်စားပြီး
အ်ိမ်တွေမှာ မလိုတဲ့
ပစ္စည်းတွေ
အမှိုက်သရိုက်တွေကို
ရှင်းပြစ်ပြီး
အိပ်ရာကိုတောင်
ကုတင်နဲ့ မအိပ်ပဲ မွှေ့ရာလေး
ကြမ်းပေါ်ခင်းအိပ်
မနက်တိုင်း နံရံကပ်ဘီရိုထဲ
ထည့်သိမ်းကြပါတယ် ။
မလိုအပ်တဲ့အရာဆို
သွားပွတ်တံထားတဲ့
ခွက်တောင်မထားပဲ
ရေချိုးခန်းနံရံစောင်းမှာ
စီထားတဲ့အထိပါ ။
အဝတ်အစားဆိုလည်း
ရှိတာကိုသပ်သပ်ရပ်ရပ်
ဝတ်ကြပြီး
စားပွဲတစ်လုံံးထဲရှိတဲ့
ကြမ်းပြင်မှာ စုပြီး
စားကြသောက်ကြ
စာဖတ်ကြပါတယ်။
အရင်က ချမ်းသာတာကို
ငွေကြေး ဘယ်လောက်ရှိတယ်
ဆိုတာနဲ့
တိုင်းတာ ကြပေမယ့်
အခုခေတ်မှာတော့
ချမ်းသာတာကို
ဘယ်လောက် တင်းတိမ်ရောင့်ရဲ
နိုင်သလဲ ဆိုတာနဲ့
တိုင်းတာပါတယ် ။
အလို နည်းခြင်းဟာ
ချမ်းသာခြင်း
အကြောင်းဆိုတာကို
သူတို့ သိလာကြပါပြီ ။
: Nay Myo Oo..
13/10/2021
ပညာတွေတတ်ပြီး
မင်းအနာဂတ်ကို
မင်းမဖန်တီးတတ်ဘူးဆိုရင်
တစ်ခြားတစ်ယောက်ကမင်းရဲ့
အတတ္ပညာ တွေကို ငွေနဲ့ဝယ်ပြီး
သူ့အနာဂတ်အတွက်
ဖန်တီးသွားခဲ့ပါလိမ့်မယ်
ဥာဏ်သာရှိပြီး
အနာဂတ္ကို ပုံဖော်ဖို့
အချိန်တွေကို အသုံးမခ်တတ္ဘူး ဆိုရင်
တစ်ခြားတစ်ယောက်ကမင်းရဲ့
အတွေးအခေါ်တွေကို ငွေနဲ့ ဝယ်ပြီး
သူ့ အနာဂတ္ကို ပုံဖော်သွားခဲ့ပါလိမ့်မယ်
မင်းရဲ့ တန္ဘိုးက....
မင်းလက်ထဲမှာ ရှိပါတယ်
မင်းရဲ့တန်ဘိုး နဲ့မင်းဘဝကို
ပြောင်းလဲနိုင်စွမ်း မရှိခဲ့ရင်
တစ်ခြားတစ်ယောက်က
သူ့ ဘဝ ပြောင်းလဲရေး အတွက်
မင်းရဲ့ တန္ဘိုးကို
သူ အသုံးခ် ပါလိမ့်မယ်
ဘာပဲဖြစ်ဖြစ်
ကိုယ့် ဘဝကို ကိုယ်တိုင် ဖန္တီးပါ
ကိုယ်ပိုင်ဆိုင်တဲ့ အချိန်တွေကို
ကိုယ့် ဘဝအတွက်
အသုံးချနိုင်အောင်ပဲ ကြိုးစားပါ
ကိုယ့် ဘဝကို
တစ်ခြား တစ်ယောက်ရဲ့ဘဝ အတွက်
ပေးဆပ် ရှင်သန်နေရခြင်းမှာ
အမြဲတန်း ပျော်ရွှင် မနေပါနဲ့
မင်းဆီမှာ ဘာမြ မရှိတော့တဲ့ အခါ
လူတိုင်းက မင်းရဲ့ အနာဂါတ္ကို
ဝိုင်းဝန်း ဖန်တီးပေးကြမှာ မဟုတ်ပါဘူး
ဒါပေမယ့်...
မင်းအတွက် သင်ခန်းစာ ယူစရာတွေတော့
သူတို့...
ဖန်တီးပေးကြပါလိမ့်မယ်...။
Credit-OriginalWriter
#သုတရသစာပေများစုစည်းရာ
Click here to claim your Sponsored Listing.
Telephone
Website
Address
Yangon
LYDIAGRACE