Pyit Tine Htaung
ပစ်တိုင်းထောင် Online Media
Primo Piazza Thailand
16/11/2025
မိသားစုမှာ ဒီလိုလူမျိုးတွေ ရှိခြင်းက ကံကောင်းတယ်
၁။ ကျန်းမာရေး ကောင်းသူတွေ ရှိခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
၂။ ငွေရှာနိုင်သူတွေ ရှိနေခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
၃။ အိမ်မှု့ကိစ္စ တာဝန်ယူနိုင်သူတွေ ရှိနေခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
၄။ အကြံဉာဏ်ပေးနိုင်သော သက်ကြီး ဝါကြီး ပုဂ္ဂိုလ်တွေ ရှိနေခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
၅။ တီတီတာတာနဲ့ စနောက်လို့ရတဲ့ ကလေးငယ်တွေ ရှိနေခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
၇။ ပန်းဥယျဉ်လေးတွေ ပျိုးထောင်ပေးနိုင်သူတွေ ရှိနေခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
၈။ မနက်မိုးလင်း တရာဘာဝနာ အားထုတ်တတ်သော သူများ ရှိနေခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
၉။ အဝေးရောက်ပေမယ့် အမြဲ သတိရကြောင်း ဆက်သွယ်သူတွေ ရှိနေခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
၁၀။ မိသားစုကို အမြဲ ပျော်ရွှင်အောင် ထားနိုင်သူတွေ ရှိနေခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
ပစ်တိုင်းထောင်
အသက်တိုအောင် ပြုလုပ်နေသည့် အချက်များ
၁။ ကိုယ်လက် လှုပ်ရှားမှု့နည်းပြီး အထိုင်များခြင်း
၂။ Ready made အစားအစာများကို နေ့တိုင်းစားနေခြင်း
၃။ စိတ်ဖိစီးမှုများနေခြင်း
၄။ လေ့ကျင့်ခန်း မလုပ်ခြင်း
၅။ အရက်သေစာ နေ့တိုင်းသောက်ခြင်း
၆။ တရား ဘာဝနာ ပွါးများမှု့ မရှိခြင်း
၇။ မိသားစု ၊ မိတ်ဆွေ ၊ သူငယ်ချင်း မရှိခြင်း
၈။ ကောင်းမွန်သော အတွေး မရှိခြင်း
၉။ လေကောင်း လေသန့် မရှုရှိုက်ရခြင်း
၁၀။ အိပ်ချိန်နောက်ပြီး အမြဲ အိပ်ရေးပျက်ခြင်း
ပစ်တိုင်းထောင်
မသေခင် သွားလည်သင့်သော မြန်မာပြည် တောင်ပိုင်းမှ ကျွန်းစုများ 🎗️
18/09/2025
အခမဲ့ ဇနီးကို ပျော်စေနည်း
တချို့က ပြောကြတယ်။ ဇနီးဆိုတာ ငွေကြေး ပြည့်စုံရင် ပျော်ပါတယ်ပေါ့။ ဒါဆို ချမ်းသာတဲ့ ဇနီးတိုင်း ပျော်ရွှင် မနေကြပါ။ ငွေဆိုတာ မိသားစုကို ပျော်ရွှင်စေတာ မှန်ပါတယ်။ အိမ်ထောင်ရေးကို သာယာစေတာလည်း မှန်ပါတယ်။
ဒါပေမယ့် ငွေတခုတည်းနဲ့ မပြီးပြည့်စုံ နိုင်ပါ။ ဇနီးဖြစ်သူကို အခမဲ့ ပျော်စေနိုင်တဲ့ နည်းလေးတွေက
- နှစ်လိုဖွယ် စကားသံများ
- ကြင်နာမှုများ
- ဂရုစိုက်ပေးမှု့များ
- ကူညီပေးမှု့များ
- သူ့ အတွကိ အချိန်ပေးမှု့များ
- တခါတရံ နှစ်သက်မြတ်နိုးစိတ် အကြည့်လေးများ
ဒါတွေက ဇနီးသည်ကို ပျော်ရွှင် စေပါလိမ့်မယ်။
ဇနီးသည် တဦး ပျော်ရွှင်တဲ့ မိသားစုဆိုတာ တိုးတက် ကောင်းမွန်ခြင်းရဲ့ သော့ချက်ပါပဲနော်။
ပစ်တိုင်းထောင်
18/09/2025
အလုပ်ထွက်ပြီး ကိုယ်ပိုင် စီးပွါးရေး မလုပ်သင့်သောသူများ
၁။ ရှုံးမှာကြောက်သူ
ရှိတာလေး ဆုံးရှုံးမှာကြောက်ရင်တော့ ကိုယ်ပိုင်စီးပွါးရေး မလုပ်ပါနဲ့။ စီးပွါးရေး ဆိုတာ လုပ်တိုင်း မမြတ်ပါ။
၂။ အလုပ်ချိန်ပဲ လုပ်ချင်သူ
ကိုယ်ပိုင်စီးပွါးရေးမှာ အလုပ်ချိန်ဆိုတာ မရှိပါဘူး။ အလုပ်ပေါမှုတည်ပြီး လုပ်ရပါတယ်။ နေ့လည်စာ ဆိုတာ ဘယ်ဆီနေမှန်း မသိပါ။
၃။ မကျွမ်းကျင်ရင် မလုပ်နဲ့
အလုပ်ထွက်ပြီး လုပ်တော့မယ်ဆိုရင် ကိုယ်လုပ်မယ့် အလုပ်ကို ကျွမ်းကျင်မှ အလုပ်လုပ်စေချင်ပါတယ်။ မကျွမ်းကျင်ရင် မလုပ်စေချင်ပါဘူး။ ငွေတခုတည်း လုပ်ငန်း လုပ်မရပါ။
၄။ လုံးလ ဝိရိယ
မနက်စောစော မထနိုင်တာတို့ ညစောစော အိပ်ချင်တာတို့ ပိတ်ရက် အပန်းဖြေချင်တာတို့ ပုံမှန် လုပ်ရိုးလုပ်စဉ်တွေ မေ့ပြီး အချိန်တိုင်း အလုပ်ကို အာရုံစိုက် လုံးလ ဝိရိယ ထားနိုင်မှ လုပ်ပါ။
၅။ ကျောထောက်နောက်ခံ
ကိုယ်ပိုင် စီးပွါးရေး လုပ်လို့ ရှုံးသွားခဲ့ရင် ပြန်ထနိုင်ဖို့ နောက်မှ ကျောထောက် နောက်ခံ ရှိရင် ပိုအဆင်ပြေပါတယ်။ မတော်လို့ ရှုံးရင် ပြန်စနိုင်အောင်ပါ။ အကယ်၍ မရှိလဲ လုပ်လို့ ရပေမယ့် ရှိတာ ပိုကောင်းပါတယ်။
ကျော်လင်းနိုင်
ပစ်တိုင်းထောင်
03/04/2025
ဂုတ်ထိပ်တံတား ❤️
အပန်းဖြေမလား ❤️
18/02/2025
အိမ်ဖြူတော် ခိုးဝင်မယ့်သူတွေ တွေ့ရမည့် အတားအဆီး
18/02/2025
ဂုတ်ထိပ်တံတား
26/01/2025
ကောလိပ်ဂျင်နေဝင်း
ခြေထောက်ကွဲခြင်းကုထုံး ❤️
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon
11121