Jacksan
Learn English With S.M.A
06/04/2026
Grade 5 to 12 ကျောင်းသားများအတွက် အင်္ဂလိပ်စာအခြေခံ ပညာဒါနသင်တန်းဖွင့်လှစ်ပေးပါမည်။
သင်ကြားမည့်ပုံစံ
✅✅✅✅✅✅
✨Facebook Group
✨ Telegram Group
သင်တန်းကာလ နှင့် အချိန်
✅✅✅✅✅✅✅✅✅
၂လကြာမြင့်ပါမည်။
နေ့စဉ် ည ၈နာရီတွင် Video ၂ပုဒ်တင်ပေးပါမည်။
ရရှိမည့်အကျိုးကျေးဇူးများ
✅✅✅✅✅✅✅✅✅
👉 အလယ်တန်း၊အထက်တန်း အင်္ဂလိပ်စာအခြေခံနှင့် ပက်သတ်သည့် သင်ခန်းစာများအားလုံးကို အသေးစိတ်သင်ယူရမည်။
👉 အင်္ဂလိပ်စာဘာသာရပ်အား ခြေခြေမြစ်မြစ် နားလည်သဘောပေါက်သွားရုံသာမက၊အင်္ဂလိပ်ဘာသာစကား၏ တည်ဆောက်ပုံ၊ဖွဲ့စည်းပုံများကို အခက်အခဲမရှိ လွယ်ကူစွာ နားလည်သဘောပေါက်သွားပါမည်။
👉 ဤသင်တန်းကို အချိန်မှန်တက်သော၊သင်ခန်းစာဗွီဒီယိုများကို ပုံမှန်လေ့လာသော ကျောင်းသားသည်၊ဘဝတစ်လျှောက်လုံး အင်္ဂလိပ်စာနှင့် ပတ်သက်သည့် အခက်အခဲမျိူး၊စိုးရိမ်မှုမျိုး နောက်ထပ်လုံးဝရှိတော့မည်မဟုတ်ကြောင်း တိကျစွာ အာမခံပါသည်။
👉အင်္ဂလိပ်စာကြောင်းများကို ဘာသာပြန်သည့်နည်းစနစ်များကို တိတိကျကျ နားလည်သဘောပေါက်သွားမည်ဖြစ်၍
မည်သည့်အချိန်ပြန်ပြန် တစ်ပုံစံတည်းဖြစ်နေခြင်းကြောင့် စကားစုနှင့် ဝါကျအထားအသိုများကို ပိုမိုသဘောပေါက်လာမည်ဖြစ်ပြီး အင်္ဂလိပ် စာကြောင်းများတည်ဆောက်ပုံကို လေ့လာသင်ယူသွားနိုင်မည်ဖြစ်ပါသည်။
👉 ဒါတွေ့၊ဒါမြင်၊ဖြုတ်၊တပ်၊ပြောင်းစနစ်ဖြင့်သင်ကြားမည်မဟုတ်ပဲ သီအိုရီပိုင်းထိ အခြေခံကျကျသင်ကြားပေးထားသောကြောင့် မေးခွန်းဖြေဆိုနည်း၊ဝါကျများဆက်နည်း၊ပေးစာ (Letter) နှင့် စာစီစာကုံး( Essays ) များကို ကိုယ်တိုင်ရေးသားတတ်စေရန် အထောက်အကူပြုမည်ဖြစ်ပါသည်။
တက်ရောက်နိုင်သူများ
✅✅✅✅✅✅✅
👉အလယ်တန်း ၊အထက်တန်းကျောင်းသား ကျောင်းသူများအားလုံး သင်တန်းကြေးသွင်းစရာမလိုပဲ အားနည်းခဲ့သည့် အင်္ဂလိပ်စာနှင့် ပက်သတ်သည့် အခြေခံများအားလုံးကို တနေရာတည်းတွင် ခေါင်းစဉ်ခွဲများဖြင့် တကဏ္ဍခြင်း စနစ်တကျသင်ယူလေ့လာနိုင်ပါမည်။
👉 အလယ်တန်း၊အထက်တန်းကို ပြန်လည်သင်ကြားပေးနေသော ကျောင်းဆရာ၊ဆရာမများ၊ပြင်ပကျူရှင်ဆရာများလည်း ဝင်ရောက်သင်ယူနိုင်ပါသည်။
👉 အင်္ဂလိပ်စာအခြေခံ အားနည်းခဲ့သည်ဟု မိမိကိုယ်ကိုယ်ထင်မြင်ယူဆခဲ့သူများလည်း မိမိအားလပ်ချိန်မှာ အင်္ဂလိပ်စာအခြေခံနှင့် ပက်သတ်သည့်သင်ခန်းစာများကို စိတ်လက်ပေါ့ပါးစွာ သင်ယူနိုင်ပါသည်။
စည်းကမ်းချက်များ
✅✅✅✅✅✅✅
တက်ရောက်လိုသော ကျောင်းသား၊ကျောင်းသူများ၊အင်္ဂလိပ်စာသင်ဆရာများ၊မိမိအင်္ဂလိပ်စာအခြေခံကို အားမရခဲ့သူများအနေဖြင့် ယခုပို့စ်အောက်တွင် Comment ရေးသားခဲ့ပေးပါ။
m.me/Learnwithsmavvip
သို့လည်းစာပို့၍ အပ်နှံထားနိုင်ပါသည်။
(ပညာဒါနကုသိုလ်တွင်ပါဝင်လိုပါက ယခုပို့စ်အား အလယ်တန်း၊အထက်တန်းကျောင်းသားကျောင်းသူရှိသော မိတ်ဆွေသူငယ်ချင်းများအား Mention ၍ သော်လည်းကောင်း ၊ပြန်လည် Share ပေးခြင်းဖြင့်လည်းကောင်း ပါဝင်နိုင်ပါသည်)
IPA ဆိုတာဘာလဲ? (အပိုင်း - ၁)
အင်္ဂလိပ်စကားသံတွေဘယ်လိုဆက်သလဲ
**************************
(အပိုင်း-၁)
အင်္ဂလိပ်စကားပြောတဲ့အခါ အသံတွေ ဘာကြောင့် ဆက်သွားရတာလဲ ?
နိုင်ငံခြားသားတွေ မြန်မြန်ပြောတဲ့အခါ ကိုယ်ဘာကြောင့်နားမလည်တော့တာလဲ ဆိုတာရဲ့ အဖြေ 😉😉😉
*ဒီနေ့တော့ ကျွန်တော် "အင်္ဂလိပ်စကားပြောတဲ့ အခါ ဘာကြောင့် အသံတွေ ဆက်သွားတာလဲ " ဒါမှ မဟုတ် နိုင်ငံခြားသားတွေ စကား မြန်မြန်ပြောတဲ့အခါ ကျွန်တော်တို့ ဘာကြောင့်များ နားမလည်ရသလဲ ဆိုတဲ့ အချက်ကို ရှင်းလင်းပေးသွားမှာပါ။
ကျွန်တော့် Tour Guide ဘဝက ရတဲ့ အတွေ့အကြုံ ဖြစ်လို့ စိတ်ချ ယုံကြည်စွာ လက်ခံ ကျင့်သုံးပါ ၊ ရဲရဲ ဝံ့ဝံ့နဲ့ အင်္ဂလိပ်စကားကို ကိုယ်ကျင်လည်ရာ အသိုင်းဝိုင်းမှာ ဒီနည်းတွေနဲ့ ပြောပါ လို့ ကျွန်တော် ရဲရဲကြီး အာမခံပါရစေ။
ဘာလို့လဲ ဆိုတော့ ဘယ်အင်္ဂလိပ်စကားပြော သင်တန်းမှာမှ ဘယ်အင်္ဂလိပ်စကားပြော စာအုပ်မှာမှ ထည့်သွင်း သင်ကြားခြင်း မပြုခဲ့တဲ့ ဒီ အသံဆက်တဲ့ နည်းလမ်းတွေကို ကျွန်တော့် Facebook ကမိတ်ဆွေတွေကို ရဲရဲကြီး မျှဝေပေးသွားမှာပါ။ အကောင့်ထဲမှာ Junior Tour Guideတွေ အများကြီး ရှိနေတော့ ဒီစည်းကမ်းလေးက သိကို သိရမှာပါ ။
☆☆☆ဘယ်သူမှ မသင်ရဲတဲ့ စကားတွေပြောတဲ့ အခါ အသံတွေ ဒီလို ဆက်သွားတာပါလား ဆိုတဲ့ အကြောင်းကို ကျွန်တော် မျှဝေလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ စလိုက်ရအောင်ဗျာ
■ သိရမည့်အချက်များ
☆ အသံ ၂မျိုး ရှိပါတယ် မြန်မာစကားမှာ
ဗျည်းသံ ရယ် ၊ သရသံရယ်
"ဟာ ဆရာရယ် လာပြန်ပြီ ဒီ ပါဋိတွေ "
အရှင်းဆုံးပြောပြပါ့မယ်
~ ဗျည်းသံ ဆိုတာ "အ" သံ မပါတဲ့ အသံတွေပါ ။
ဥပမာ
က၊ခ၊ဂ၊ဃ၊င --------- အများကြီးပဲ
အင်္ဂလိပ်မှာတော့ A,E ,I ,O,U. က လွဲရင် ကျန်တာ ဗျည်းသံတွေပါ။
အင်္ဂလိပ် အက္ခရာ ၂၆ လုံးရှိတဲ့ အထဲက အဲ့ ၅ လုံးကို
Vowel (ဗှောင်ဝဲလ် ) သရသံ လို့ခေါ်ပါတယ်။
"H နဲ့ Y ကို အင်္ဂလိပ်မှာ Seccond Vowel လို့ခေါ်ပါသေးတယ် သိရအောင် မှတ်ထားပါ။"
ကျန်တဲ့ ၂၁ လုံးက ဗျည်းပေါ့။
ဒီလောက်ဆို ဗျည်းနဲ့ သရ ကွဲလောက်ပြီ ထင်ပါတယ်။
အဲ့တော့ ပြောချင်တာက "အ" သံပါရင် သရ ၊ မပါရင် ဗျည်းပေါ့။
■နောက်ဆုံးသံ (Ending Sound )
ကျွန်တော်တို့ မြန်မာစကားမှာ နောက်ဆုံးသံတွေ မပါပါဘူး။ စကားပြောရင် ပါးစပ်ကြီးတွေ အဟောင်းသားနဲ့ Apple အက်ပဲလ် Book ဘွတ် အဲ့လို အသံတွေ ထွက်ကြပါတယ်။
အင်္ဂလိပ်တွေကျတော့ စကားလုံး တလုံးကို ရွတ်ဆိုတဲ့အခါ Ending Sound လို့ ခေါ်တဲ့ နောက်ဆုံး အဆုံးသတ် အသံလေးတွေ ကို ပီပီ သသ ကို ထွက်ပြီး ရွတ်တက်ကြပါတယ်။ Apple အက်ဖဲလ် ၊ နောက်ဆုံးသံ "လ" အသံလေးကို လျှာလိပ်ပြီးထွက်ပါတယ် ။ နိုင်ငံတော်တော်များများက ဘာသာစကားတွေမှာ Ending Sound တွေပါကြတော့ သူတို့ အင်္ဂလိပ်စာ နဲ့ စကား သင်တဲ့ အခါ မှာ အထူးလေ့ကျင့်စရာ မလိုတော့ပဲ အင်္ဂလိပ်တွေ စကားပြောသလိုပဲ လွယ်လွယ်ကူကူ ပြောနိုင်ကြသွားပါတယ်။ စကားဝဲတာတော့ ဝဲတာပေါ့နော့ ။
အင်္ဂလန်က အင်္ဂလိပ် အစစ်တွေတောင် Accent လို့ခေါ်တဲ့ အသံတွေ မတူကြပါဘူး ။ ဥပမာ London သားတွေပြောတဲ့ အင်္ဂလိပ်စကားကို ကမ္ဘာမှာ အကောင်းဆုံးလို့ သတ်မှတ်ထားပြီး Receipt Pronunciation (RP) လို့ ခေါ်ပါတယ်။ မြန်မာမှာဆို ရန်ကုန်သားတွေ ပြောတဲ့ မြန်မာစကားသံဟာ တကယ့် မြန်မာသံ စစ်စစ်ပါ။
မော်လမြိုင်က ထားဝယ်က လူတွေပြောတာကျ မြန်မာစကားပေမယ့် Accent မတူတော့ ဝဲသွားကြပါပြီ။ ပြောတာတော့ မြန်မာ စကားပဲ ဒါပေမယ့် ရန်ကုန်က လူတွေ ထားဝယ်သူ ထားဝယ်သားစကားဆို နားလည်ဖို့ တော်တော် ခက်ခဲ ပါလိမ့်မယ်။ အင်္ဂလန် လို့ခေါ်တဲ့ UK မှာလည်း ခုနက London သားတွေက Scottland တို့ Ireland တို့ ပြောတဲ့ အင်္ဂလိပ်စကားကို နားလည်ဖို့ မလွယ်ပါဘူး။
အင်္ဂလိပ် ဘာသာစကားကို မိခင်ဘာသာ စကားအဖြစ်ပြောတာချင်းတူတူတောင် ဘာလို့ နားမလည်ရတာလဲ ဆိုတော့ Accent မတူတာပါ။
London ကသူတွေ သူတို့တွေကို တွေ့ရင် အရမ်းချစ်ကြပါတယ်။ ကျွန်တော်တို့ မော်လမြိုင်သူတွေ စစ်တွေသူတွေ မြန်မာစကားပြောရင် "ချစ်စရာကောင်းတယ် ဝဲတာလေးက " ဆိုပြီး အချင်းချင်း ပြန်ပြောတက်ကြပါတယ်။
အဲ့တော့ နိုင်ငံခြားသားတယောက်က ကိုယ့်ကိုယ် လာပြီး အင်္ဂလိပ်စကားပြောတဲ့ အခါ ကိုယ်ဟာ အင်္ဂလိပ်စာ ၊ စကား သင်ဖူးပါရဲ့နဲ့ ဘာလို့ နားမလည်ရတာလဲ ဆိုတဲ့ ပြသနာရဲ့ အဖြေပါ။ ခင်ဗျား ဩစတေးလျ အသံ နားထောင်နေကျဆို လန်ဒန်က လာတဲ့သူအသံကို နားလည်ဖို့ ခဲယဉ်းပါလိမ့်မယ်။ အမေရိကန်တွေကျတော့ ပိုဆိုးတယ် မဝဲဘူး ။
ဒါပေမယ့် မြန်တယ် ၊ မြန်တာမှ အရမ်းကို မြန်တာ ။ သူတို့က သူတို့ ဘာသာစကားကို တကမ္ဘာလုံးပြောနေကြတယ် ဆိုပြီး ပြောချင်သလိုပြောရင် ကျွန်တော်တို့ မြန်မာတွေ ရွာလည်ကုန်ပါပြီ။ နားမလည်တော့ဘူး ။ 🙄🙄🙄
ကံဆိုးတဲ့ သူတွေဆို ပြင်သစ်ပြောတဲ့ အသံ ကို နားထောင်ဖူးပေမယ့် စပိန်တွေ အင်္ဂလိပ်စကား ပြောတဲ့ အခါကျတော့ စိတ်ဓာတ်တွေ ကျပါလေရော ၊ နားမလည်တော့ဘူးလေ ။လူဆိုတာကလည်း အခက်သား ကိုယ်ပြောတာ သူများ နားမလည်ရင် ပထမ ပြန်ထပ်ပြောတယ်၊ အဲ့ဒါမှ ထပ်နားမလည်သေးရင် စိတိတိုလာတယ်၊ ဒေါသထွက်လာတယ် ပြီးတော့ စိတ်ဓာတ်တွေ ကျလာတယ်။
နောက်ကျတော့ အင်္ဂလိပ်စကား ကိုယ်ပြောလိုက်ရင် သူတို့ နားလည်မှာလည်း မဟုတ်ဘူးလေ ဆိုပြီး ဆက်ပြောဖို့ကို မကြိုးစားတော့ပဲ တသက်လုံး မပြောချင်တော့ဘူးဆိုတဲ့ အဆင့်ထိ ရောက်နေတဲ့ သူတွေတောင် ကျွန်တော် တွေ့ဖူးပါတယ်။
အဲ့တော့ဗျာ မိခင်ဘာသာစကား မဟုတ်ပဲ အင်္ဂလိပ်စကားဟာ International Language ဖြစ်လို့ ပြောကြတဲ့ သူချင်း အတူတူ အဲ့လူတွေ အဲ့ နိုင်ငံခြားသားတွေက စကားပြောတဲ့ အခါ အသံတွေဆက်ပြောတော့ ကျွန်တော်တို့ ရွှေမြန်မာတွေ ပိုဆိုးပြီ။ အရင်ကတည်းက မပြောချင်တာ ၊ အဲ့တော့ တဖြည်းဖြည်းနဲ့ ပြောရမှာ ကြောက်လာပြီး နိုင်ငံခြားသားတွေ့ရင် ပညာတက်တွေ ဖြစ်ပါလျက် အင်္ဂလိပ်စာ ၊ စကားကို အတိုင်းတာ တခုထိ တက်ထားသူတွေ ဖြစ်ပါရက်နဲ့ မပြောရဲကြတော့ဘူး။
ကိုယ်ပြောရင် သူတို့ နားလည်မှာလည်း မဟုတ်ပါဘူး ဆိုပြီး မပြောဖြစ်ကြ မပြောရဲကြသူတွေ ကျွန်တော့် Friend တွထဲမှာ အများကြီးပဲ ဆိုတာ ကျွန်တော် ပြောရဲတယ်။
ဟုတ်ပြီ ဒါဆို သူတို့တွေ အင်္ဂလိပ်စကားပြောတဲ့အခါ ဘယ်လို အသံတွေ ဆက်ပြောကြသလဲ ကြည့်ရအောင်!!!!
ကိုရွှေမြန်မာတွေရဲ့ အဓိက ပြသနာက ခုနက ပြောသလို နောက်ဆုံးသံ မပီသတဲ့ ပြသနာက စပါတယ်။
Book ဘွတ်ခ် လို့ ပီပီသသ ထွက်ရမှာကို "ဘွတ်"
ခခွေးသံလေးနဲ့ အဆုံးမသတ်ပဲ ပါးစပ်အဟောင်းသားကြီးတွေနဲ့
Ship ရှစ်ဖ် လို့ "ဖ" သံလေးနဲ့ ပါးစပ်ပိတ် ထွက်ရမှာကို ၈ ထွက်သလို ပါးစပ်ကြီးဖြဲ
အဲ့တော့ မြန်မာတွေ အင်္ဂလိပ်စကားပြောတော့ ဘာနဲ့ သွားတူလဲ သိလား???
ကိုယ်တိုင် အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်း မထိပဲ စကားပြောကြည့်စမ်း ။ ခု ပြောကြည့်
ရယ်စရာကြီး အဲ့လိုဖြစ်သွားတာ
ပီတဲ့. စကားလုံးတွေရှိတယ် Am "အမ်" မ် ပါးစပ်လေးပိတ်ပြီး
Is အစ်ဇ်
Are အာရ်
ကဲကြည့် အဲ့လို စကားလုံးတွေကျ ပီနေရော ။ ပီတော့ ဘာဖြစ်လဲ ????
ခင်ဗျား am ,is ,are သုံးလုံးကို မြန်မြန်ဆိုကြည့်
အမ်မစ်စ်ဇာရ် ဆိုပြီး ထွက်သွားတယ်။
အဲ့လိုဖြစ်နေရမယ် ။ အဲ့ဒါ အသံမှန်
နောက်ဆုံးသံလေးတွေ ပီတော့ နောက်စကားလုံး တလုံးရဲ့ အစသံ က "အ" အသံ ဖြစ်နေတဲ့ အခါ အလိုလို ဆက်မိလျက်သား ဖြစ်သွားတယ်။
အမ်မစ်စ်ဇာရ် ၊ အမ်မစ်စ်ဇာရ် !!
မိုက်တယ်နော် ။
ကျွန်တော့် အကောင့်ထဲက ကောင်မလေး ချောချော လေးတွေ ဘယ်သူမှ ကျွန်မ "မိတ်အပ်" ကြီး လိမ်းထားပါတယ် မပြောဘူး။
မိတ်ကပ် Make up လိမ်းတယ်ပဲ ပြောကြတယ်မလား?
( ဒါမျိုးကျ ပီလိုက်တာ. ;-) )
Look at လွတ်ခတ်ထ် ( look ရဲ့ နောက်ဆုံးသံ "ခ်" အသံလေးပီရင် နောက်က at က "အ" သံနဲ့ အလိုလိုကို ဆက်သွားလိမ့်မယ်။ အဲ့တော့ ပြသနာက ဘာလဲဆိုရင် အင်္ဂလိပ် စကားလုံး တလုံးရဲ့ အသံထွက်ကို မှတ်တော့မယ်ဆို
☆နောက်ဆုံးသံ လို့ခေါ်တဲ့ Ending Sound လေးတွေကို အတိအကျ ထွက်လို့ ရအောင် ကြိုးစားကြပါ။ အရမ်းအရေးကြီးပါတယ်။
☆☆☆မှတ်ရန်☆☆☆☆
စကားလုံးတလုံးရဲ့ Ending Sound နောက်ဆုံးသံဟာ ရိုးရိုးအသံဖြစ်ပြီး
နောက်က လိုက်လာတဲ့ စကားလုံးရဲ့ အသံထွက်သည် " အ" သံလို့ခေါ်တဲ့ Vowel သံနဲ့ စထားရင် စကားပြောတဲ့ အခါ အသံတွေ ဆက်သွားပါတယ်။
ဥပမာ
My name is မိုင်နိမ်းမစ်ဇ်
Pick it up ပစ်ဂစ်ဒပ်
Have a seat ဟက်ဗှစိ(ထ်)
I 'm ok အိုမ် မို ခေ !
I 'm a teacher အိုင်မ် မ 'ထီးချားရ်
I'm a nurse အိုင်မ် မ နားရ်စ်
This is an apple သစ်ဇစ် ဇန် 'နက်ဖှဲလ်
(Sဟာ အစမှာ ရှိရင် စလုံးသံ ထွက်ပြီး နောက်မှ ရှိရင် ဇကွဲ အသံပြောင်းသွားပါတယ် မှတ်ထားပါ)
How much is it ? ဟောင်းမက်ချ် ချစ်ဇ် ဇစ်(ထ်)?
How old are you ? ဟောင်း အိုးလ် ဒါရ် ယူ ?
What's up ? ဝေါ့ဇ် ဇပ်ပ်
What it is ? ဝေါ့ထ် ထစ် ဇစ်ဇ် ?
What are these ? ဝေါ့ထ်အာရ် သိဇ် ???
အဲ့လိုတွေပဲ ထွက်ပါတယ် ။ အဲ့တော့ သူတို့ တွေ စကားမြန်မြန်ပြောလာလေ ကိုရွှေမြန်မာတွေ နားမလည်လေလေပါ။
ဒါ ကျွန်တော့် Tour Guide ဘဝမှာ တွေ့ခဲ့ရတဲ့ အကြီးမားဆုံးသော တွေ့ရှိမှု့ကြီးပါ။ တချို့တွေကျတော့ စကားပြောရင် အသံတွေ အလိုလို ဆက်သွားတယ် ပြင်စရာ ကျင့်စရာ ကို မလိုဘူးဆိုတာ သူတို့တွေက စကားလုံးတလုံးကို အသံထွက်ရင် နောက်ဆုံးသံတွေ ပီသအောင် ထွက်ခဲ့ကြလို့ပါ ။ ရှင်းပါတယ်။
ကဲ
ဒါဟာ မြန်မာတွေ အင်္ဂလိပ်စာ Grammar မှာ Advanced တို့ Upper Intermidiate တို့ အဆင့်ရှိနေပြီး နိုင်ငံခြားသားက ပြောလာရင် နားမလည်ရခြင်းရဲ့ ပြသနာတွေပါ ။ ဝဲတာက တမျိုး အသံတွေ ဆက်သွားတာက တမျိူး ဆိုတော့ ပြသနာ ၂ မျိုးပေါ့ဗျာ ။
ပြောပြီးပြီနော် ခုချိန်က စပြီး စကားလုံးတလုံး အသံထွက်ကို ဆိုရင် နောက်ဆုံးသံ ကို ပါအောင် ပီအောင်ထွက် သူ့ဟာသူ ဆက်မိသလိုကို ဖြစ်သွားမှာ ကျင့်စရာကို မလိုဘူး။
အလုပ်သင် ဧည့်လမ်းညွှန်တွေ အနေနဲ့ ဒီ အသံဆက်ပြီး ပြောတာကို သိကို သိနေရပါမယ်။
မယုံရင် အင်္ဂလိပ် စာတန်းထိုး သီချင်းဖြစ်ဖြစ် Video ဖြစ်ဖြစ် ကြည့်ကြည့် ရှင်းရှင်းကြီးနားလည်သွားလိမ့်မယ်။
You and I ယူအဲန် ဒိုင် လို့ ထွက်တာတွေ
Give it to me ဂစ် ဗှစ်ထ် ထမီ တို့ ထွက်တာတွေ
ဥပမာလေး တခု ပေးမယ် ။ နည်းနည်းတော့ ရိုင်းရင်နားလည်ပေးစေချင်တယ်။
Son of a bitch ဆိုတဲ့ စကားလုံးပါ
ရုပ်ရှင်တွေထဲမှာတော်တော်ပါပါတယ်။
အဲ့ဒါကြောင့်ရှင်းပြပါရစေ။
တကယ်က ခွေးမသားလို့ ဆဲတာပါ
ကျွန်တော်ပြောချင်တာ အသံထွက်ပိုင်း
ဆန်းနဗား ဘစ်ချ် လို့ထွက်တယ်ဗျ
ကျွန်တော် ပြောခဲ့ဖူးသလို အသံထွက်ရင် (Preposition ပရပိုဇေးရှဲန် ) တွေကို မြန်မြန်အသံထွက်ရတယ် မဖိရဘူးဆိုတာကို ဒီစကားနဲ့ သက်သေပြပါ့မယ်။
Of ရဲ့ အသံထွက်အမှန်က. " အော့ဗ်"
ဗလချိုက်အသံ နဲ့ ဆုံးတာပါ။ Off ကျမှ အော့ဖှ် လို့ထွက်ပါတယ်။
ဆန်း န ဗား ( son of a )ဆန်းရဲ့ နောက်ဆုံးသံ နသတ်အသံ ဟာ of ရဲ့ " အ" အသံနဲ့ ဆက်ပြီး နောက်က A နဲ့ ထပ်ဆက်ပါတယ် အဲ့တော့
" ဆန်း န ဗှာ ဘစ်ချ် " လို့ အသံထွက်ရတာပါ။
(သံဃာတော်တွေ အသက်ရွယ်ကြီးသူတွေ ကန်တော့နော်)
ပြောချင်တာက အသံတွေ ဆက်တာ Ending Sound တွေ ပီသစွာ အသံထွက်နိုင်လို့ပါ။ Ending Sound ပီတာနဲ့ စကားပြောနေရင်း သူ့အလိုလို ကို ဆက်သွားမှာပါ။ "အမ်မစ်ဇာရ် " အသံထွက်ရင် ပီသလိုပေါ့ဗျာ ။
■
ဒါတွေဟာ တကယ့် တကယ်စကားပြောလာတဲ့ အခါ မဖြစ်မနေ ကြုံတွေ ရမယ့် အခက်အခဲ တွေပါ။
အရမ်းအရေးကြီးပါတယ်။ ကျွန်တော့် စေတနာကို နိုင်ငံခြားသားနဲ့ ထိတွေ့လုပ်ကိုင်နေရတဲ့ အကောင့်ထဲက သူငယ်ချင်းတွေ အားလုံး သိမှာပါ။
အာရှမှာ မြန်မာလူမျိုးတွေဟာ Accent အကောင်းဆုံးပါ ။ ကိုယ်တွေ နိုင်ငံဘေးက ထိုင်းတို့ ၊အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့ ၊တရုတ်တို့၊ လာအိုတို့ဆိုရင် အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောတက်ရင် တောင် အသံထွက် လေယူလေသိမ်းကြောင့် သူတို့တွေ မျက်နှာငယ်ရရှာတာပါ။ မြန်မာကျတော့ တကယ်တက်သွားရင် အသံထွက်ပိုင်းမှာ ဩချယူရလောက်တဲ့ အထိ ကောင်းပါတယ်။
မြောက်ပေးတာ မဟုတ်ပါဘူး ။ တရုတ်တွေ၊အိန္ဒိယ တွေ အင်္ဂလိပ်စကားပြောတာ ကြားဖူးလား ????
တော်တော်ကို နားထောင်ယူရတာ ၊နားလည်ရ အင်မတန်ခက်တယ် သို့သော်ငြားလည်းပဲ
အဲ့နိုင်ငံသားတွေ ကို စာတော့ သွားပြိုင်မရေးနဲ့ နော်
ခင်ဗျားရှုံးသွားမယ် ။ တော်ရုံစကေးနဲ့ ကမ္ဘာပတ်နေတာ မဟုတ်ဘူးလေနော့ !
အဲ့တော့ ကျွန်တော့် Friend တွေအနေနဲ့ Comment မှာ ကိုယ့်အတွေ့အကြုံလေးတွေ ကိုယ် ရေးသွားကြပါ။ နှုတ်ပိတ်မနေကြပါနဲ့။ လူတိုင်းကို Comment ရေးစေချင်ပါတယ်။ အဲ့တာမှ လည်း လူတိုင်းရင်ထဲကို ကျွန်တော် မြင်နိုင်မှာ။ ကျွန်တော်ရေးတာ နားလည်ရင် လည်တယ် ။ မလည်ရင် မလည်ဘူးပဲ ရေးပါ ။ ဗြောင်ပဲ ရှင်းရှင်းပဲ တကယ်တတ်မြောက်ချင်လို့ အချိန်တွေ ပေးထားတာပါ။
သူငယ်ချင်းတို့ရဲ့ အမြင်ကို လွတ်လပ်စွာ ချပြနိုင်တယ် ၊ ရင်ဖွင့်နိူင်ပါတယ်။ လူတိုင်းတယောက်မကျန် Comment လေးတွေရေးကြပါ။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
နေ့စဉ်အသုံးများပြီး
အသံထွက်မှားလွန်းသောစကားလုံးများ
အပိုင်း(၂)
Parrot. /ˈpærət/
Lion /ˈlaɪən/
Onion /ˈʌnjən/
Basket /ˈbɑːskɪt/
Market /ˈmɑːkɪt/
Honest /ˈɒnɪst/
အသံထွက်အရမ်းမှားပြီး နေ့စဉ်ဘဝမှာအသုံးများတဲ့ အင်္ဂလိပ်စကားလုံးများ
"Episode - 1"
ကျွန်တော် အင်္ဂလိပ်ဘာသာစကားနဲ့ ပတ်သက်တဲ့ Knowledge Sharing Videoတွေ ဘာလို့မတင်ဖြစ်ခဲ့တာလဲ?
17/09/2025
အင်္ဂလိပ်စာတတ်ဖို့ ၊အင်္ဂလိပ်စာဖတ်ပါ
🍁🍁🍁🍁🍁🍁🍁🍁🍁
ခေါင်းစဉ်မြင်လိုက်တော့ ခင်ဗျားမျက်မှောင်ကျုံ့သွားတယ်မဟုတ်လား၊ ဘဝင်မကျချင်သလိုဖြစ်သွားတယ်ဆိုပါတော့ ? လွတ်လပ်စွာသဘောကွဲလွဲခွင့်ခင်ဗျားမှာရှိတယ်။ သို့ပေမယ့် အမှန်တရားကတော့ အမှန်တရားပါပဲ။
🎙️ဒီစကားကို ခေတ်အဆက်ဆက် အင်္ဂလိပ်စာပညာရှင်တွေ၊တကယ့် အင်္ဂလိပ်စာတတ်ပေတတ် ပုဂ္ဂိုလ်တွေလို့ ခင်ဗျားတို့ ကျုပ်တို့ ခေတ်အဆက်ဆက် သတ်မှတ်ထားခဲ့ ထားကြဆဲဖြစ်တဲ့ ဆရာကြီးတက်တိုး၊ဆရာဦးသာနိုး၊ဆရာမကြီးဒေါ်ခင်မျိုးချစ်၊ဆရာကြီးဦးခင်မောင်လတ်၊ဆရာကြီးမြသန်းတင့်စသဖြင့် ပညာရှင်ပေါင်းများစွာ ဆယ်စုနှစ်တော်တော်များများကြာအောင် တဖွဖွနဲ့ သူတို့သက်တမ်းတစ်လျှောက်လုံးလိုလိုပြောခဲ့ကြတာ။
🎙️လူတစ်ယောက်အင်္ဂလိပ်စာတတ်ဖို့ ချဉ်းကပ်စရာနည်းလမ်းပေါင်းမြောက်များစွာရှိသော်ငြားလည်းပဲ စာဖတ်တာလောက် ထိရောက်တဲ့နည်း ကျုပ်ဖြင့်မတွေ့ဖူးသေးဘူးဆိုရမှာပဲ။ ဒီနေရာ တချို့မြန်မာလူမျိုးအင်္ဂလိပ်စာ ဝါသနာရှင်တွေရော၊ပညာရှင်တွေပါ ပြန်ထုတ်လေ့ရှိတဲ့ မေးခွန်းက
" အင်္ဂလိပ်စာမတတ်ပါဘူးဆိုမှ အင်္ဂလိပ်လိုချည်းရေးထားတဲ့စာအုပ်ကို ဘယ်လိုလုပ်ဖတ်တတ်မှာတုန်း" တဲ့ဗျား။
🎙️စာဖတ်တယ်ဆိုတဲ့ နေရာမှာ နည်းလမ်းကလည်းလိုသေးသဗျ။အများတကာတွေလုပ်သလို စာအုပ်ဆိုင်တဆိုင်ဆိုင်ထဲ ရောက်ပြီဆိုရင်ဖြင့် စင်ပေါ်မှာတင်ထားတဲ့ အင်္ဂလိပ်ဝထ္ထု ခပ်ထူထူကြီးတအုပ်ကို အသာလှမ်းယူ ပထမစာမျက်နှာ တွေကို လူရှိန်အောင် ခပ်တည်တည်ဖတ်ရင်း နားမလည်တဲ့စကားလုံးတွေ တော်တော်များများပါလာတဲ့အခါ
"ငါတော့ ဒီလိုစာအုပ်တွေဖတ်လို့ရမှာလည်းမဟုတ်ပါဘူးကွာ" ဆိုပြီး စိတ်ပျက်လက်လျှော့လိုက်ကြသူတွေကလည်း အများသားမလား။
🎙️ပထမဆုံးအနေနဲ့ လူတစ်ယောက်အင်္ဂလိပ်လိုချည်းရေးထားတဲ့စာအုပ်တွေကို စဖတ်ဖို့ကြိုးစားတော့မယ်ဆိုရင် သိရမယ်အချက်လေးတွေရှိသေးသဗျ။
✅နံပါတ်(၁) အနေနဲ့ ကိုယ့် English Level ကို သေသေချာချာ သိရမယ်။ ဟုတ်တယ်ဗျ။အဲ့အချက်က အရမ်းအရေးကြီးသလို ကျုပ်တို့အမှုမဲ့ အမှတ်မဲ့မို့သတိမထားမိတာမျိုးနေပါလိမ့်မယ်။ ပုံပမာပေးရရင် ၅တန်းကျောင်းသားက ဆယ်တန်းအင်္ဂလိပ်စာပုံနှိပ်ကိုသွားလှန်လို့ ဘယ်လိုဖြစ်လိမ့်မတုန်း။သူရောက်နေတဲ့အင်္ဂလိပ်စာအဆင့်အတန်း နဲ့ ဝေါဟာရသိမှုမှာ အကန့်သတ်က လိုအပ်ချက်ကို မပြည့်သေးတော့ ၅တန်းကျောင်းသားအနေနဲ့ ဆယ်တန်းစာအုပ်ကို ဘယ်လောက်ပဲကြိုးစားဖတ်ကြည့်ပါစေအုံး နားမလည်စရာများတာကြောင့် ပြန်ချထားမိမှာပဲ။သို့ကြောင့်မို့ စောနကကျုပ်ပြောခဲ့တဲ့ စာအုပ်ဆိုင်ထဲ လူရှိန်အောင် တွေ့ရာ အင်္ဂလိပ်ဝထ္ထုထူထူကြီးကောက်ဖတ်ရင်တော့ ပမာထဲက ၅တန်းကျောင်းသားလို နားမလည်တာများတာကြောင့် ဆက်ဖတ်မိဖို့ ဝန်လေးမိမှာပဲ။ အဲ...ဆယ်တန်းကျောင်းသားတစ်ယောက်ကို ၅တန်း အင်္ဂလိပ်ပုံနှိပ် ပေးဖတ်ကြည့်ပါလား။မျက်လုံးတွေ အရောင်တဝင်းဝင်းတောက်ပြီး မချိတင်ကဲ အံကြီးကြိတ်ပြီး ဒီလိုရေရွတ်မိမယ်ထင်သဗျ။
" တောက်...ငါခုနေ ၅တန်း အင်္ဂလိပ်စာ စာမေးပွဲပြန်ဖြေလိုက်ရလို့ကတော့ကွာ ပထမချည်းရမှာပဲဟေ့"
ဒါကြောင့် အင်္ဂလိပ်လိုချည်းရေးထားတဲ့ စာအုပ်မျိုးကို စပြီးဖတ်ချင်တယ်ဆိုရင်ဖြင့် မျက်စိရှေ့မှာ ခပ်ပါးပါးလျားလျားရေးထားတဲ့ စာအုပ်လေးတအုပ်ဖြစ်ဖြစ်ကောက်ကိုင်လိုက်။
ပထမ တရွက် နှစ်ရွက်ဖတ်ကြည့်လို့ ၇၀ရာနှုန်းလောက် ကိုယ်မသိတဲ့ စကားလုံးတွေ ထပ်ခါ ထပ်ခါတွေ့ရတယ်ဆိုရင် ဘာမှတွေးမနေပဲ အဲ့စာအုပ်ကို စင်ပေါ်မှာသာပြန်တင်ထားခဲ့။
ကိုယ်နားမလည်တဲ့ အရာတွေများစွာကို နားလည်အောင် အဘိဓာန်ကူပြီးဖတ်မယ်လို့လည်း မိုက်မိုက်မဲမဲမတွေးလိုက်နဲ့။အဲ့ဒါ ခင်ဗျားဖတ်ရမယ့် စာအုပ်မျိုးမဟုတ်ပေဘူး။ နောက်ထပ်ကောက်ကိုင်လိုက်တဲ့ တအုပ်က ဝထ္ထုတိုလေးတွေစုစည်းထားတဲ့စာအုပ်သေးသေးလေးပင် ဖြစ်လင့်ကစား ပထမတရွက်နှစ်ရွက်ဖတ်ကြည့်ရတာနဲ့တင် နားလည်တာတွေလည်းများတယ်၊စကားလုံးတော်တော်များများကိုလည်းသိတယ်၊ကိုယ်ဖတ်ရတာလည်းအဆင်ပြေတယ်ဆိုရင် ဝယ်သာလာခဲ့လိုက်တော့။
ဒီနေရာမှာ အမေဒေါ်ခင်မျိုးချစ် ပြောဖူးတဲ့စကားတခွန်း သတိရမိသဗျ။ "ကျွန်မကတော့ သွားရင်းလာရင်း လမ်းဘေးစာအုပ်ဆိုင်တွေ့လို့ စာအုပ်ဝင်ရွေးရင်း ကလေးဖတ်တဲ့ ပုံပြင်စာအုပ်လိုမျိုးဖြစ်နေပါစေ၊ဖတ်ရတာ သဘောကျမိသလိုရှိရင် ဝယ်လာတာပဲ" တဲ့ဗျ.... ကဲ ကြည့်စမ်းပါဦး ဘယ်လောက်ချစ်ဖို့ကောင်းလိုက်တဲ့ အမျိုးသမီးကြီးလည်းဆိုတာ..။
အဲ့ကြောင့် ကိုယ်စဖတ်မိတဲ့ အင်္ဂလိပ်လ်ိုချည်း ရေးထားတဲ့စာအုပ်ဟာ ကိုယ်နားလည်တာတွေများတဲ့ စာအုပ်မျိုးလေးတွေဖြစ်ဖို့ အရေးကြီးသဗျ။အဲ့ကနေ တအုပ်ပြီး တအုပ်ဖတ်သွားရင်း ဒီထက်ပိုထူတဲ့ စာအုပ်မျိုးတွေကို တဆင့်ပြီးတဆင့်ဖတ်ရမှာပေါ့။
✅နံပါတ် ၂ အချက်အနေနဲ့ကတော့ စာဖတ်တဲ့အခါ ကျုပ်တို့မြန်မာတွေလုပ်မိလေ့ရှိတဲ့ အမှားကြီးတခုလည်း ရှိနေပြန်ရော။ အဲ့ဒါက
မူရင်းအင်္ဂလိပ်စာအုပ်ကိုဖတ်တဲ့အခါ စိတ်ထဲကနေ မြန်မာဘာသာပြန်နေတာမျိုးမလုပ်မိစေဖို့ပဲ။
ခင်ဗျားနည်းနည်း နားရှုပ်သွားမယ်ဆိုရင်လည်း ရှင်းပြရသေးသပေါ့။ စာတစ်ကြောင်းမှာ အဓိက စကားလုံးအမျိုးအစားရယ်လို့နှစ်မျိုးပဲပါတယ်။အဲ့ဒါတွေကတော့ ဖတ်မိတာနဲ့ စိတ်ထဲအဓိပ္ပါယ် ဒိန်းကနဲပေါ်တဲ့အထူးတလည် မြန်မာပြန်စရာလည်းမလိုတဲ့ စကားလုံးမျိုးတွေပေါ့။ဥပမာဗျာ။ This is a book. ဆိုတဲ့ ဝါကျမှာ This နဲ့ Book ကိုဖတ်မိရင် ကျုပ်တို့စိတ်ထဲအဲ့ဝါကျကိုတန်းနားလည်သွားတယ်မဟုတ်လား။ ဒီစကားလုံးတွေကို အင်္ဂလိပ်ဘာသာစကားမှာ "Content Words" လို့ ခေါ်သဗျ။မြန်မာလူမျိုးဆိုတာ စာတကြောင်းဖတ်မိရင် တလုံးချင်းစီကို မြန်မာလိုအဓိပ္ပါယ်စိတ်ထဲကောက်ဘာသာပြန်လိုက်မှ နေသာထိုင်သာရှိတဲ့ အမျိုးဗျ။ကဲ ခုတခါစာဖတ်ရင် မြင်လိုက်တာနဲ့စိတ်ထဲတန်းသိ တန်းနားလည်နေစေမယ့် အဓိပ္ပါယ်ပါတဲ့စကားလုံးတွေကို သေချာအာရုံထားဖတ်ရမယ်။ အဲ့စကားလုံးအမျိုးအစားကလည်း ၄မျိုးပဲရှိသဗျာ။
1. nouns
2. Adjectives
3. verbs
4. Adverbs
တွေပေါ့။ ဝါကျထဲက ကျန်တဲ့စကားလုံးတွေ၊တနည်းအားဖြင့် ဆိုရရင်ဗျာ သေသေချာချာဖတ်လည်း ဘာသာပြန်လည်း ဝါကျရဲ့ဆိုလိုရင်းကို ဖော်ပြမပေးနိုင်တဲ့ သဒ္ဒါဖြစ်တည်မှုသက်သက်အရထည့်ထားတာတွေပေါ့။အဲ့လိုစကားလုံးမျိုးတွေကို Grammar Words သို့မဟုတ် Function Wordsတွေလို့ခေါ်တယ်။
ဥပမာ Pronouns, Prepositions, Conjunction, Articles(a,an,the),relative pronouns,စသဖြင့်ပေါ့ဗျာ။သူတို့တွေက စာတကြောင်း စကားတခွန်းဖြစ်လာစေဖို့သာ Forming လုပ်ပေးတဲ့တာဝန်ပဲရှိတာကိုး။
🍁 ခုကစာပြီး စာတကြောင်းချင်းဖတ်တဲ့အခါ သီးသန့်မြန်မာလိုဘာသာပြန်ဖို့မကြိုးစားပဲ ဝါကျထဲက တကယ့်အနှစ်သာရပြည့်တဲ့စကားလုံးလေးတွေ
(Content Words)ကို ပိုအာရုံစိုက်ပြီးဖတ်သွား။ဖတ်နေရင်းနဲ့ အဓိပ္ပါယ်ပါတချိန်တည်း စိတ်ထဲကသိနေလိမ့်မယ်။အချိန်ကုန်လည်း အလွန်အင်မတန် သက်သာလိမ့်မယ်။
✅နံပါတ် ၃ အချက်ကတော့ နည်းနည်းပိုအရေးကြီးသဗျ။စာတကြောင်းဖတ်ရင် သို့မဟုတ် စာတကြောင်းတည်ဆောက်ရင် ကျုပ်တို့အမျိုးက ကိုယ်ကျက်မှတ်ထားတဲ့ စကားလုံး တလုံးချင်းစီကို တွေးပြီး ပြန်စီပြီး ရေးရ ပြောရတာကိုသဘောတော် သိပ်တွေ့သဗျ။
အဲ့ဒါကလည်း ကျုပ်တို့တွေက ငယ်စဉ်ကတည်းက တလုံးချင်းစီ မီးနင်းတွေကျက်ခဲ့ မှတ်ခဲ့ အော်ခဲ့ကြတာဆိုတော့ အင်္ဂလိပ်လိုရေးတော့မယ် ပြောတော့မယ်ဆိုရင် အဲ့တလုံးချင်းစီကိုပြန်စီပြီး ရေးဖို့ ပြောဖို့ ကြိုးစားတော့တာပဲဗျ။ Subject + Verb + Object ဘာညာသာရကာ သဒ္ဒါစည်းမျဉ်းတွေကို မူလတန်းကတည်းက သင်ခဲ့ကြရသူတွေဆိုတော့ ရေးတော့ပြောတော့မယ့်အခါကျ အဲ့ ပုံသေနည်းကြီး ချက်ချင်းကောက်ခါငင်ခါသတိထရပြီး စာစီကြတော့တာပဲ။ တကယ်ဆို စာရေးသားတဲ့အတတ်ကို စာဖတ်ခြင်းကနေသင်ယူရတယ်၊ စကားပြောခြင်းအတတ်ကို နားထောင်ခြင်းကနေ သင်ယူရတယ်ဆိုတဲ့ ဒီခေါင်းစဉ်ကို ကျုပ်တို့ မြန်မာလူမျိုးတွေက သိပ်သဘောမပေါက်ကြဘူးဗျ။တယ်လည်းခက်ကြပါပေတယ်ဗျာ။ စဉ်းစားကြည့်...ကျုပ်တို့ လူရယ်လို့စဖြစ်လာရင် စကားအရင်မပြောဘူးဗျ။ ငိုပဲငိုတတ်တာ။ အဲ့ မွေးကင်းစကနေ တခါလည် ၊နှခါလည်အရွယ်ထိ ကျုပ်တို့လုပ်ခဲ့တာ ကျုပ်တို့ အနားကလူတွေပြောတဲ့စကားတွေဗျ။ အဲ ၂နှစ်လောက်နီးနီးဆို မြန်မာလို မပီကလာ၊ပီကလာနဲ့ ပြောတော့တာပဲဗျို့။ မှားတာမှန်တာလည်း မသိဘူး၊ စကားမပီလို့ သူများရီလည်း ကိုယ်လည်း လိုက်ရီရုံပဲသိတဲ့အရွယ်ဆိုတော့ သုံးနှစ်လောက်အရွယ်ဆို သောက်မြစ်ကပ်ချင်စရာကောင်းလောက်အောင် မြန်မာလိုတွေစပြောတော့တာပဲမဟုတ်လား။
အဲလိုမဟုတ်ပဲ မွေးကတည်းက အမိဝမ်းထဲကျွတ်လာကတည်းက အမေက နို့ထတိုက်ရင်း
"ဟဲ့အကောင် ဒါကနာမ်၊ ဒါက ကြိယာ၊ ဒါကဝိဘတ်၊ဒါက သဗ္မန္ဓ လို့သာ မွေးသမိခင်ကျေးဇူးရှင် မာတာမိခင်က စသင်လိုက်ရင်ဖြင့် ကျုပ်ဖြင့် တွေးတောင် မတွေးရဲပေါင်။ ကိုယ့်အနားက စကားတွေကိုနားထောင်ရင်း လိုက်ပြောရင်းနဲ့ကြောင့်သာ ကျုပ်တို့ စကားဆိုတာ ပြောတတ်လာခဲ့တာမဟုတ်လား။ပြောနေရင်း လိုရင်းကပျောက်သွားပြန်ပြီမို့ ပြန်ဆက်ကြတာပေါ့။
စာဖတ်တာကနေ အင်္ဂလိပ်ဘာသာစကားကို ဘယ်လိုသင်ယူသွားရမယ်ဆိုတာ စိတ်ဝင်စားဖို့တော့ အတော်ကောင်းသဗျ။
ကျုပ်တို့ သတိမထားမိခဲ့ကြလို့သာဗျ။ လူတယောက် စာစဖတ်ပြီဆိုကတည်းက ကိုယ်ဖတ်နေတဲ့စာထဲမှာ စကားစုလေးတွေ တွေ့ရတာပဲ။ ကျုပ်တို့လူမျိုးက သိုးဆောင်းဘာသာစကားကို လူမှန်းသိတတ်စ လေးငါးနှစ်အရွယ်ကတည်းက တလုံးချင်းတပါဒချင်း ကျက်ခဲ့အော်ခဲ့ကြတော့ ကိုယ်မသိတဲ့ စကားလုံးအသစ်တလုံးတွေ့ရင် အဲ့စကားလုံးတစ်လုံးကိုပဲ ထွင်းပြီး မှတ်ကြတာ အကျင့်ပါနေသဗျ။အဲ့ဒါကြောင့် စာဖတ်ရင်း သူ့အလိုလိုတွဲနေတဲ့စကားစုလေးတွေ ကို သတိလေးထားပြီးအစုလိုက် အတွဲလိုက်မှတ်ထားတဲ့ အကျင့်လေးရှိရင် ကိုယ်စာပြန်ရေးတဲ့အခါ၊ စကားပြောတဲ့အခါ ကိုယ်မှတ်ထားတဲ့ အစုအဝေးအတိုင်းပဲ ခေါင်းထဲက ၊ပါးစပ်ကပြန်ထွက်လာရော။ ပမာပေးမယ်ဗျာ၊ ခင်ဗျားလည်းကျုပ်ဆိုလိုတာ ပိုနားလည်သွားအောင်
The entrepreneur sitting at the table is very talented.
ဒီဝါကျမှာ ကိုယ်မသိတဲ့စကားလုံးက entrepreneur ဆိုပါစို့။ အဲ့တစ်လုံးတည်းရွေးမမှတ်ပဲ သူ့နောက်ကပ်လျက်က အထူးပြုစကားစုလေးပါ တွဲမှတ်ကြည့်
"The entrepreneur sitting at the table " စိတ်ထဲကနေသုံးလေးခေါက်လောက်ရွတ်လိုက်ရင် အဲ့စကားလုံးအသစ်နေရာမှာ နောင်တချိန် ကိုယ်သိထားပြီးဖြစ်တဲ့ တခြား noun တခုခုကို အစားထိုးပြီးဖြစ်စေ အနည်းငယ်ပြောင်းပြီးဖြစ်စေ နည်းလမ်းများစွာနဲ့ စာရေးဖို့ စကားပြောဖို့ ပြန်အသုံးမပြုနိုင်ပေဘူးလား?
The girl cooking in the kitchen တို့
The man talking to the lady တို့
The baby crying near the door တို့ ပေါ့ဗျာ။ ဒါပမာပေးတာနော့။
မျိုးစုံအောင် ကိုယ့်နည်းကို့ယ်ဟန်နဲ့ ပြန်သုံးနိုင်တော့ ဟန်ကျတာပေါ့။အဲ့လိုမဟုတ်ပဲ အဲ့စကားစုတစုလုံးရေးဟန် ပြောဟန်ကို အစုအဝေးလိုက်မမှတ်ပဲ တလုံးချင်းစီ လိုက်ဘာသာပြန်လိုက်မှတ်နေဝောာ့ နောက်တခါ ရေးဖို့ ပြောဖို့ဆို တလုံးချင်းစီ ဦးနှောက်ကပြန်စီနေရတော့တာပေါ့။
အဲ့လိုနည်းနဲ့ ဝါကျပေါင်းများစွာထဲမှာရှိနေတဲ့ စကားစုပေါင်းများစွာရဲ့ ဟန်ပန်တွေကိုမျက်စိယဉ်လာပြီး နားထောင်ရင်လည်း သူ့အလိုလို နားရည်ဝလာပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ စကားတစ်ခွန်း၊စာတစ်ကြောင်းဖြစ်အောင် ရေးတတ်၊ပြောတတ်သွားပေမယ်မဟုတ်လား။
ခုတော့ ဘယ့်နှယ်၊ အားအားရှိ သဒ္ဒါရေးထုံးတွေ၊ Pattern တွေ ကျက်မှတ်ပြီး အဲ့ ပုံစံခွက်ကြီးအတိုင်း လိုက်ရေး လိုက်ပြောနေမှတော့ ထူးချွန်ပြောင်မြောက်တဲ့ စာရေးသူ၊စကားပြောသူတွေဖြစ်လာဖို့ နေနေသာသာ
တနိုင်ငံလုံး ဒီတပုံစံတည်းတွေချည်း ရေးသလိုကြီး ဖြစ်နေတာကျသိပ်ဟန်မကျသေးဘူးဗျာ။
ခင်ဗျားပဲတွေးကြည့်စမ်း။ကျုပ်တို့လူမျိုးတွေ ဖေ့စဘုတ်ကြီးပေါ် အကြောင်းပေါင်းသောင်းခြောက်ထောင်၊ရေးကြ ပြောကြဆွေးနွေးကြပြီဆိုရင် ဘယ်မြန်မာက မြန်မာသဒ္ဒါကိုတွေးပြီးရေးကြလို့တုန်း။
ငါကတော့ ဒီနာမ်စကားလုံးလေးကို ဒီဂုဏ်ရည်ပြနာမဝိသေသနလေးနဲ့ အထူးပြုပြီး ဘယ် ဝိဘတ်လေးနဲ့တွဲရေးလိုက်လေမလဲလို့ တွေးမိကြဖူးစ။ ဒါဆို ကျုပ်တို့ မြန်မာစာတွေဘယ်လိုရေးကြ ပြောကြသတုန်း ? နည်းနည်းလေးရော တွေးကြည့်ကြဖူးလေစ။ကိုင်း မခက်ပေလား?
တသက်လုံးဖတ်လာဖူးတဲ့ စာအုပ်တွေ၊ပုံပြင်တွေ၊လူ့ပတ်ဝန်းကျင်ကပြောစကားတွေ၊ သီချင်းတွေ၊ တကယ်စာရေးကောင်းတဲ့ အကျော်အမော်စာရေးဆရာတွေ၊လူပညာရှိတွေ၊ဆိုရိုးစကားတွေကို ဖတ်မိရင်း နားထောင်မိရင်း အကြိမ်ကြိမ်ဖန်ဖန်ကြားခဲ့ကြရင်းနဲ့ပဲ ကိုယ်ပြန်ရေးချင်ပြောချင်တဲ့အခါ အဲ့အစုအဝေးတွေက လိုအပ်တဲ့အခါ သင့်တော်သလို အဖွဲ့အနွဲ့တွေနဲ့ ထွက်လာကြပြီး ရေးကြပြောကြတာပဲ မဟုတ်လား။
ခုတော့ ဘယ့်နှယ် ခင်ဗျားတို့ရှေ့မယ် ရှိတ်စပီးယားရဲ့ ရိုမီယို ၊ဂျူးလိယက်စာအုပ်ကြီးချပေးပြီး ရော့အင်း ဖတ်ကြည့်ဆိုရင် တကမ္ဘာလုံးက စာကောင်းပေမွန်ဖတ်ကြသူတွေသာ ဒီစာရေးဆရာရဲ့ အဖွဲ့အနွဲ့ ဇာတ်လမ်းဇာတ်အိမ်တည်ဆောက်ပုံကောင်းမွန်မှုတွေကြောင့် မပေါင်းလိုက်ရတဲ့ ချစ်သူနှစ်ဦးအကြောင်း ဝမ်းနည်းစိတ်ယိုဖိတ်ပြီး မျက်ရည်ကျချင်ကျသွားမယ် ကျုပ်တို့မြန်မာတွေဆိုရင်ဖြင့် Subject, Verb, Object ခွဲနေတာနဲ့တင် စာပေရဲ့ အဖွဲ့အနွဲ့ နဲ့ ဇာတ်လမ်းဇာတ်ကွက်ရဲ့ အနှစ်သာရဆိုတာ သိလိုက်မယ်တောင် ကျုပ်ဖြင့် မထင်ပေါင်
ဆိုတော့ စာဖတ်ခြင်းကနေ စကားလုံးအစုအဝေးတွေရဲ့ အဖွဲ့အနွဲ့ကို နည်းနည်းချင်းစီသတိထားပြီး ဖတ်ရင်းကနေ ဒီဘာသာစကားရဲ့ တည်ဆောက်ပုံတွေကို Grammar အကြောင်းတွေမစဉ်းစားပဲနဲ့ကို သူ့အလိုလို အဲ့စည်းမျဉ်းတွေကို မသိစိတ်ကပဲ သင်ယူသွားစေတာမျိူးပဲ ဖြစ်ရမယ်လို့ ကျုပ်တော့ယူဆတယ်။
ကဲ ပြောရတာလည်း မောတယ်ဗျာ။ နောက်နေ့တွေ အကြောင်းတိုက်ဆိုင်ရင်ဖြင့် နောက်ထပ်တခါ ပြောရသေးတာပ။ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားလိုက်ကြစို့ရဲ့။
လေးစားချစ်ခင်စွာဖြင့်
ပုသိမ်သားမောင်စိုး
m.me/Learnwithsmavvip
✅ကိုယ့်အင်္ဂလိပ်အသံထွက်မကောင်းလို့ အများကြားမှာမျက်နှာငယ်နေရပြီလား? အင်္ဂလိပ်အသံထွက်ကို Professional အဆင့်ထိသင်ယူချင်တာလား? ဒါမှမဟုတ် IPA တွေရဲ့အကြောင်းကို တခြားသူတွေကိုပြန်သင်ပေးနိုင်လောက်တဲ့အထိ အသေးစိတ်သင်ယူချင်တာလား?
✅ဒါဆိုရင်တော့ နိုင်ငံတကာအသံထွက်သင်္ကေတတွေဖြစ်တဲ့ International Phonetic Alphabetsတွေရဲ့အကြောင်းကို သမိုင်းကြောင်းကအစ အဆင့်မြင့်ထိလေ့လာသင်ယူနိုင်မယ့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ အပြည့်စုံဆုံး IPA Professional Class ကြီးကို Learn With S.M.Aမှ ပထမဆုံးဖွင့်လှစ်ပေးလိုက်ပါပြီ။
🍁ကမ္ဘာကျော်အသံထွက်စနစ်နှစ်မျိုးဖြစ်တဲ့ British နဲ့ American Accent နှစ်ခုစလုံးရဲ့ သဘောသဘာဝတွေ၊ အသံထွက်တဲ့အခါမှာကွာခြားတဲ့ ခြားနားချက်တွေဖြစ်တဲ့ Mouth Position နဲ့ Pronunciation Source တွေ၊ Timing System တွေ အကြောင်းကအစ အသေးစိတ်၊အနုစိတ် ယှဉ်တွဲလေ့လာသင်ယူသွားရမှာဖြစ်ပြီး အင်္ဂလိပ်စကားလုံးတစ်လုံးကို အသံထွက်တဲ့အခါမှာ မဖြစ်မနေသိထားသင့်တဲ့ အသံအနိမ့်အမြင့် အဖိအဖော့တွေရဲ့ အကြောင်းကိုလည်း စိတ်ပါဝင်စားမှုကောင်းစွာနဲ့ အသက်ရှုမှားလောက်အောင်သင်ယူလေ့ကျင့်သွားရမယ့် သင်တန်းကြီးလည်းဖြစ်ပါတယ်။
✅ကိုယ်ထွက်ရမယ့်အသံဟာ စကားသံဖြစ်အင်္ဂါဖြစ်တဲ့ ဘယ်အစိတ်အပိုင်းတွေကို အားပြုပြီးထုတ်လုပ်ရမယ်ဆိုတဲ့အကြောင်းအရာတွေအပြင် အင်္ဂလိပ်စကားလုံးတစ်လုံးရဲ့အသံကိုကြားလိုက်တာနဲ့ IPA သင်္ကေတတွေနဲ့ ကိုယ်တိုင်ချရေးပြနိုင်တဲ့ Levelထိရောက်အောင် သင်ယူမှု၊လေ့ကျင့်မှုများစွာကိုပြုလုပ်ရမယ့်သင်တန်းဖြစ်ပါတယ်။
ဒီသင်တန်းကိုဘယ်သူတွေတက်သင့်လဲ?
🔀လက်ရှိအင်္ဂလိပ်ဘာသာစကားကိုသင်ကြားပေးနေတဲ့ အင်္ဂလိပ်စာဆရာ/ဆရာမတွေ
🔀အင်္ဂလိပ်ဘာသာစကားကို စိတ်ပါဝင်စားစွာသင်ယူလေ့လာနေကြတဲ့ အင်္ဂလိပ်စာ ဝါသနာရှင်ညီအစ်ကိုမောင်နှမတွေ
🔀အင်္ဂလိပ်ဘာသာစကားကို အကောင်းဆုံး အဆင့်မှီဆုံး လေယူလေသိမ်းနဲ့ ယုံကြည်မှုအပြည့်နဲ့ ပိုင်နိုင်စွာ ပြောဆိုတတ်ချင်တဲ့ အင်္ဂလိပ်စကားပြောလေ့လာနေသူတွေ
🔀 အင်္ဂလိပ်အသံထွက်ပိုင်းကို ဆရာကျကျတတ်မြောက်ထားချင်ပြီး တခြားသူများကို ယုံကြည်မှုရှိရှိပြန်လည်သင်ကြားပေးချင်သူတွေ
🔀လက်ရှိကျောင်းတက်နေပြီး အင်္ဂလိပ်စာနဲ့ရေးသားထားတဲ့ ဘာသာရပ်တွေကို မဖြစ်မနေသင်ယူနေရသူတွေ။ အနေနဲ့ မဖြစ်မနေတက်ရောက်လေ့လာသင်ယူသင့်တဲ့ မြန်မာပြည်ရဲ့ ပထမဆုံးနဲ့ အပြည့်စုံဆုံး အင်္ဂလိပ်အသံထွက်ဆိုင်ရာသင်တန်းကြီးလည်းဖြစ်ပါတယ်။
🍁Learn With S.M.A အနေနဲ့ ၂၀၂၄ခုနှစ်မှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အင်္ဂလိပ်ဘာသာစကားသင်ကြားပေးနေတဲ့ ဆရာ/ဆရာမများအတွက်ရည်ရွယ်ပြီး ၂လတာ IPA သင်တန်းကြီးကို ပညာဒါနအနေနဲ့ ပထမဆုံးစတင်ဖွင့်လှစ်ခဲ့ပြီး ယခုအကြိမ်မှာတော့ ပိုမိုပြည့်စုံတဲ့သင်ရိုးတွေနဲ့ပြည်လည်ဖြည့်စွက်ပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်။ပထမအကြိမ် IPA ပညာဒါနသင်တန်းကြီးကိုတက်ရောက်သင်ယူခဲ့ကြတဲ့ သင်တန်းသားတွေရဲ့ Honest Reviews တွေကိုလည်း ဒီပို့စ်ရဲ့ Comment အောက်မှာဖော်ပြပေးလိုက်ပါတယ်။
ဘယ်သူသင်မှာလဲ?
✅✅✅✅✅
ကိုယ်တိုင်က အောင်မြင်တဲ့ အင်္ဂလိပ်ဘာသာစကားပြောဧည့်လမ်းညွှန်တဦးလည်းဖြစ်ပြီး ကမ္ဘာကျော်ခရီးသွားလမ်းညွှန်စာအုပ်များစွာမှာ ဖော်ပြခြင်းခံရပြီး အင်္ဂလိပ်ဘာသာစကားဆိုင်ရာသင်တန်းတွေကို ၂၀၁၆ခုနှစ်ကတည်းက စတင်ဖွင့်လှစ်သင်ကြားပေးနေတဲ့
Saya U Soe Moe Aung
Tour Guide (English)
G-9208
LL.B က သင်ကြားပေးသွားမှာဖြစ်ပါတယ်။
ဘယ်လိုသင်ကြားမလဲ?
✅✅✅✅✅✅
သင်တန်းကာလနှစ်လတာမှာ တပါတ်နှစ်ရက်၂နာရီစာသင်ချိန် သင်ယူရမှာဖြစ်ပြီး လေ့ကျင့်ခန်းတွေကို ကျန်ကြားရက် မိမိအားလပ်တဲ့အချိန်တွေမှာသင်တန်းရဲ့ Telegram Group ထဲမှာ ပေးပို့သွားရမှာဖြစ်ပါတယ်။သင်္ကေတတခုချင်းစီအတွက် Listening Skill ဆိုင်ရာ Videoတွေကအစ နားထောင်တတ် နားလည်တတ်အောင် အသေးစိတ်ပြသ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းပြီးဆုံးတဲ့အခါမှာ IPA Professional Certificate ပေးအပ်သွားမှာလည်းဖြစ်ပါတယ်။
သင်တန်းကြေး နဲ့ စာရင်းပေးရမည့်ပုံစံ
✅✅✅✅✅✅✅✅✅✅
သင်တန်းကာလနှစ်လအတွက် သင်တန်းကြေး ၁၀၀၀၀၀ကျပ်သာ သတ်မှတ်ထားပြီး Learn With S.M.A က ဖွင့်လှစ်ခဲ့ဖူးတဲ့မည်သည့်သသင်တန်းအမျိုးအစားမှာမဆို တက်ရောက်သင်ယူခဲ့ဖူးသူတွေနဲ့ ဆရာဦးဇေယျာဝင်းထုတ်ဝေထားတဲ့ IPA & Phonics ပညာရပ်ဆိုင်ရာ စာအုပ်တအုပ်အုပ်လက်ဝယ်ရှိထားသူတွေအနေနဲ့ သင်တန်းကြေး ၇၀၀၀၀ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။
🍁သင်တန်းရဲ့ IPA သင်ကြားမှုနမူနာ Video တွေကိုသင်တန်းကြေးမသွင်းခင် လေ့လာနိုင်အောင် " Learn With S.M.A Class Inquiry" Group ရဲ့ Guidesမှာ ဝင်ရောက်လေ့လာကြည့်ရှုနိင်ပြီး သင်ကြားပုံနည်းစနစ်တွေကို ကြိုက်နှစ်သက်ပြီဆိုမှ သင်တန်းကြေးပေးသွင်းရမယ့်စနစ်ကို ကျင့်သုံးပေးထားပါတယ်။
✅သင်တန်းကိုတော့ ၁၁.၉.၂၀၂၅ရက်နေ့ ည
အပတ်စဥ် (အင်္ဂါ၊ဗုဒ္ဓဟူး)၈နာရီမှာစတင်သင်ကြားသွားမှာဖြစ်ပါတယ်။
🍁Learn With S.M.A အနေနဲ့ အင်္ဂလိပ်စကားပြော နှစ်လပြတ် Zoom Class တွေကိုလည်း လစဉ်ဖွင့်လှစ်ပေးလျက်ရှိပြီး၊ အလုပ်မအားလပ်တဲ့သူတွေအတွက် အားလပ်ချိန်မှာသင်ယူနိင်တဲ့ Facebook Video Class နဲ့ Telegram Video Class တွေကိုလည်းဖွင့်လှစ်ပေးထားဝာာမို့ Page မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
🍁သင်တန်းနဲ့ပက်သတ်တဲ့ အကြောင်းအရာလေးတွေမေးမြန်းစုံစမ်းချင်တယ်ဆိုရင်တော့
09887788761
09887788762
09887788763
09887788764
တို့ကို ဆက်သွယ်ပြီး
မေးမြန်းစုံစမ်း ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
သင်တန်းအပ်နှံရန်
m.me/Learnwithsmavvip
21/08/2025
IPA Professional Class
မြန်မာပြည်ရဲ့အပြည့်စုံဆုံး
IPA Professional Class (Batch - 2) ကိုပြန်လည်ဖွင့်လှစ်ပါတော့မယ်။ဒီတခါတော့ ပညာဒါနမဟုတ်တော့ပဲ ပညာကိုတန်ဖိုးထားစေချင်တဲ့ရည်ရွယ်ချက်နဲ့ သင်တန်းကြေးသတ်မှတ်ပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်။
သင်တန်းကာလ - ၂လ
သင်တန်းကြေး - ၇၀၀၀၀
သင်တန်းချိန် - ည ၈နာရီ (Tuesday, Wednesday)
သင်တန်းစမည့်ရက် - ၉.၉.၂၀၂၅
(အပတ်စဉ် - အင်္ဂါ၊ဗုဒ္ဓဟူး)
( Learn With S.M.A - VVIP English Courses မှာ သင်တန်းတခုခု တက်ဖူးထားတဲ့သူတွေနဲ့ အစ်ိုးရ
ကျောင်း သို့မဟုတ် မည်သည့်သင်ကြား ရေးနယ်ပယ်က ဆရာ/ဆရာမဖြစ်စေ၊ မည်သည့်ကျောင်းတက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားဖြစ်စေ၊
( ဆရာဦးဇေယျာဝင်း ထုတ် ဝေထားတဲ့ IPA & Phonics စာအုပ် တအုပ်အုပ်လက်ဝယ်ရှ်ိထားသူ )များအတွက်
🍁သင်တန်းကြေး ၅၀၀၀၀ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်)
🟥သင်တန်းကြေးကို လူတိုင်းလက်လှမ်းမှီနိုင်တဲ့ နှုန်းထားနဲ့သတ်မှတ်ပေးထားလို့ အခြား သုံးလေးသိန်းပေးတတ်မှရမယ့် သင်တန်းတွေလောက် ထိရောက်မှုရှိပါ့မလားစိုးရိမ်နေသူတွေအတွက်တော့ ဒီပိုစ့်မှာ တင်ပေးထားတဲ့ Reviews တွေကိုသာ ဖတ်ကြည့်ဖို့တိုက်တွန်းပါရစေ။
🍁ဒီသင်တန်းဖွင့်လှစ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေထဲမှာ အင်္ဂလိပ်စကားကို အင်္ဂလိပ်အသံစစ်စစ်နဲ့ ဖတ်တတ် ပြောတတ်တဲ့သူတွေပေါ်ထွက်လာစေဖို့နဲ့ ပြန်လည်မျှဝေသင်ကြားပေးနိုင်မယ့် ဆရာ/ဆရာမများစွာပေါ်ထွက်လာဖို့ဖြစ်ပါတယ်။
✅မြန်မာနိုင်ငံမှာ အင်္ဂလိပ်အသံထွက်ပိုင်းကို Concept & Theory ထိမိစွာသင်ကြားပေးနိုင်မယ့် ဆရာ၊ဆရာမအသာထားပါဦး၊ IPA Alphabets တွေအကြောင်း သိရှိသူ၊လေ့လာနေသူတွေကို မြန်မာ့လူဦးရေနဲ့ အချိုးချကြည့်ရင် 1% တောင် ရှိမနေတာ ဝမ်းနည်းဖွယ်ကောင်းစွာတွေ့ရပါတယ်။
⛔"ငါတို့ဟာ မြန်မာလူမျိုးတွေပဲ၊အင်္ဂလိပ်စကားပြောလည်း မြန်မာသံပဲထွက်မှာပေါ့" ဆိုတဲ့ So Called အင်္ဂလိပ်စာဆရာများစွာရဲ့ လက်သုံးစကားကို ချေဖျက်ပြချင်တာလည်း ဒီသင်တန်းဖွင့်လှစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းပါပဲ။
ဒီသင်တန်းတက်ပြီးရင် ဘာတွေတတ်သိသွားမလဲ?
❓❓❓❓❓❓❓❓
ဒီနှစ်လသင်တန်း IPA သင်ရိုးကိုပြီးပြည့်စုံစွာသင်ယူတတ်မြောက်ပြီးသွားသူတိုင်းဟာ အင်္ဂလိပ်အသံထွက်ပိုင်းကို တစ်ခြားသူတွေကို လွယ်ကူစွာပြန်လည်သင်ကြားပေးနိုင်တဲ့အဆင့်ရှိတဲ့သူတွေဖြစ်သွားမယ့်အပြင် IPA Alphabets တွေကို ဖတ်တတ်ရုံတင်မကပဲ အင်္ဂလိပ်စကားလုံးတစ်လုံးရဲ့ အသံကိုကြားတာနဲ့ သင်္ကေတတွေနဲ့ အသံထွက်ကိုရေးပြနိုင်လောက်တဲ့အထိကျွမ်းကျင်သွားပါလိမ့်မယ်။
ဒီ IPA ပညာရပ်ကြီးရဲ့ ဖြစ်တည်လာပုံ သမိုင်းကြောင်းတွေအပြင်၊ဒီပညာရပ်ရဲ့ လျှို့ဝှက်မှုတွေသာမက British & American Accent တွေရဲ့ ကွဲပြားပုံတွေကိုပါ ကွက်ကွက်ကွင်းကွက်း နဲ့ ရှင်းရှင်းလင်းလင်းသိမြင်သွားမှာဖြစ်ပါတယ်။
အင်္ဂလိပ်စကားကို မိမိနှစ်သက်တဲ့ လေယူလေသိမ်းနဲ့ပြောဆိုဖတ်ရွတ်တတ်လာရုံတင်မဟုတ်ပဲ Native Speaker တွေရဲ့ လေယူလေသိမ်းနဲ့ ပြောပုံဆိုပုံတွေကိုပါ လွယ်ကူရှင်းလင်းစွာနားထောင်တတ်လာစေပါမယ်။
✅IPA Alphabets တွေရဲ့အကြောင်းကိုသိရုံ၊အသုံးချတတ်ရုံသင်ပေးမယ့်သင်တန်းမျိုးမဟုတ်ပဲ အမှန်တကယ်ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြားပေးမယ့် အထူးသင်တန်းဖြစ်ပါတယ်။IPA တွေအကြောင်းသင်တန်းတက်ဖူးရုံ အပေါ်ယံလေ့လာဖူးရုံဆိုတဲ့သူတွေအတွက်လည်း ဒီပညာရပ်ဟာ ဒီလောက်ကျယ်ဝန်းပါလား၊ဒီလောက်နက်နဲပါလားလို့ တွေးမိတဲ့အထိ အားရပါးရသင်ယူရမယ့်သင်တန်းမျိုးလည်းဖြစ်ပါတယ်။
ယခင်အပါတ်စဉ်ကလို သင်တန်းသားထောင်ချီလက်ခံတော့မှာမဟုတ်ပဲ Zoom Meeting မှာ လက်ခံနိုင်လောက်တဲ့အရေအတွက်ထိပဲ လက်ခံသင်ကြားပေးသွားမှာဖြစ်ပါတယ်။အချိန်မပေးနိုင်ရင်၊သင်တန်းချိန်၊လေ့ကျင့်ချိန်တွေ တတ်နိုင်သလောက်မပျက်ကွက်ဖို့တော့လိုပါမယ်။မလွှဲမရှောင်သာသင်တန်းချိန်တွေပျက်ဖို့ရှိရင်လည်း Telegram Group ထဲမှာ Zoom Recorded Videos တွေနဲ့ သင်ကြားမှု PDF Filesတွေကို ပေးပို့ပေးသွားမှာဖြစ်ပါတယ်။
ဒီသင်တန်းတက်ဖို့ ဘာတွေလိုမလဲ?
✅✅✅✅✅✅✅✅✅
အင်္ဂလိပ်ဘာသာစကားရဲ့ အသံထွက်ပိုင်းကို ဆရာတဆူဖြစ်တဲ့ထိ တတ်မြောက်အောင် သင်ယူဖို့ စိတ်ပိုင်းဖြတ်ထားဖို့ပဲလိုပါမယ်။ ပညာအရည်အချင်း၊English Levelကန့်သတ်ထားခြင်းမရှိပါ။
အင်္ဂလိပ်အသံထွက်ပိုင်းကို အဆင့်တန်းမှီစွာလေ့လာလိုတဲ့ မည်သည့်နယ်ပယ်ကမဆိုတက်ရောက်နိုင်ပါတယ်။
သင်တန်းအပ်နှံရန်
m.me/Learnwithsmavvip
မှ တဆင့်
အမည်ရင်း-
ဖုန်းနံပါတ်-
တို့ကိုရေးသားပေးပို့ပြီးသင်တန်းအပ်နှံနိင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
ဖုန်း
09 88 77 88 761
09 88 77 88 762
09 88 77 88 763
09 88 77 88 764
09 88 77 88 715
09 88 77 88 725
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Address
No. 42-, Third Floor, East Horse Race Course Road, Tamwe Township, Near UAB Bank
Yangon
11211