ProHub
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ProHub, Business service, Yangon.
တစ်နေ့မှာ ရာဇဝတ်မှုကျူးလွန်တဲ့လူတစ်ယောက်ကို စစ်သည်တော်တွေကဖမ်းဆီးပြီး ဘုရင့် ရှေ့မှောက်ကို ခေါ်လာကြတယ်. ဘုရင်က စစ်ဆေးမေးမြန်းတဲ့အခါ ရာဇဝတ်သားက အပြစ်ကျူးလွန်ခဲ့ကြောင်းဝန်ခံလိုက်ပါတယ် . ဒီတော့ ဘုရင်က သူ့ကိုသေဒဏ်အမိန့်ချမှတ်လိုက်ပါတော့တယ်. ဒါပေမယ့် ဘုရင်ကသူ့ကို ရွေးချယ်စရာ ၂ ခု ပေးလိုက်ပါသေးတယ်. ကြိုးပေးကွက်မျက်တာကိုခံမလား ဒါမှမဟုတ် သံတိုင်အတုတ်ကြီးတွေနဲ့ကာရံထားပြီး အရမ်းကိုမှောင်မိုက်နေတဲ့အခန်းကြီးထဲကိုဝင်မလား ပေါ့ .
ရာဇဝတ်သားဟာ ကြိုးပေးကွက်မျက်တာကိုခံယူဖို့ပဲ ရွေးချယ်လိုက်ပါတော့တယ် . ဒီတော့ သူကြိုးစင်ပေါ်ရောက်လို့ သူ့လည်ပင်ကို ကြိုးကွင်းစွပ်ပြီး မျက်နှာကိုအဝတ်နဲ့စည်းခါနီးမှာ ဘုရင်ကိုတစ်ခုခွင့်တောင်းတယ်.
" အရှင်မင်းကြီး မှောင်မိုက်နေတဲ့အခန်းကြီးထဲမှာ ဘာရှိသလဲဆိုတာကို သိချင်ပါတယ် ပြောပြပေးတော်မူပါ . မသေခင် အသေဖြောင့်အောင် သိသွားပါရစေ " လို့လျှောက်ထားသတဲ့
အဲ့အခါဘုရင်က အခုလိုပဲပြန်ဖြေပါတယ် " လွပ်လပ်ခြင်း ။ မင်း အဲ့ဒီအခန်းထဲကိုဝင်မယ်ဆိုရင် မင်းသေဒဏ်ကနေလွတ်မြောက်ပြီး လွတ်လပ်ရာကို ထွက်သွားနိုင်တယ် " တဲ့. ပြီးတော့ဆက်ပြောတယ် " မင်းရဲ့ရှေ့က အရင်လူတွေအကုန်လုံးကလည်း ကြိုးပေးကွက်မျက်တာကိုပဲရွေးချယ်ခဲ့ကြတယ် ဘာလို့လဲဆိုတော့ မင်းတို့က မမြင်ရတဲ့အရမ်းကို အရမ်းကြောက်နေခဲ့ကြတာကိုး " တဲ့
ဒါလေးဟာ ပုံပြင်လေးဆိုပေမယ့် အကြောက်တရားနဲ့ပတ်သတ်တဲ့ အဓိပ္ပါယ်ကိုဖော်ပြပေးသွားတာပါ . ကျွန်တော်တို့ဟာ အမှောင်ထုကို ကြောက်ကြတယ် . အတော်များများပါပဲ . အမှောင်ထုထဲကို မီးနဲ့ထိုးကြည့်လို့ကြောက်စရာဘာမှမရှိဘူးဆိုရင်ကြောက်ပါ့မလား? ဘယ်သူမှကြောက်မယ်မထင်ပါ .
ဒါဆို မမြင်ရတဲ့အရာတွေကို တွေးကြောက်ပြီး ကျွန်တော်တို့ ဘာတွေကိုများ ဘယ်လောက်တောင် ဆုံးရှုံးခဲ့ကြပြီးပြီပါလိမ့်နော် ?
#ဆရာဗန်းမော်သိန်းဖေ၏အောင်မြင်မှုပန်းတိုင်သို့ခြေလှမ်း၅၀ စာအုပ်မှကောက်နှုတ်ချက်တစ်ခု
Click here to claim your Sponsored Listing.
Category
Website
Address
Yangon