Knowledge For U

Knowledge For U

Share

knowledge fr U မိတ်ဆွေများအားလုံးကို ကျေးဇူး

07/07/2022

😎 ကဒါဖီ - ဂျွန်ဝစ် - ပိုပေါ့ နဲ့ မအလ ရှင်းတမ်း 😎
•••••••••••••••••\\\\••••••••••••••\\\\•••••••••\\\\

John Wick ရဲ့ခွေးလေးကိုသတ်ခဲ့တဲ့ Losef က
သူအသတ်ခံရခါနီးမှာ ငါမင်းကိုဘာလုပ်မိလို့လဲ။
ငါသတ်မိတာ ခွေးလေးတစ်ကောင်ပါ လို့ ဆင်ခြေ
ပေးတယ်။ သူနားမလည်တာက Daisy ဟာ
John Wick အတွက် သူ့ဇနီးကချန်ခဲ့တဲ့ နောက်ဆုံး
တွယ်နှောင်ရာလေးပဲ။ ခွေးလေးတစ်ကောင်ကို
သတ်မိလို့ တစ်ဂိုဏ်းလုံးကို ပြန်သတ်တယ်ဆိုတာကို
Producer တွေက သဘောမကျကြဘူး။ ကြောင်တယ်
လို့ ပြောကြတယ်။ အဲဒီအခန်းတွေကို ဖြတ်ခိုင်း
တယ်။ ဒီအခန်းတွေသာမပါရင် John Wick က
John Wick မဟုတ်တော့ဘူးလို့ ဒါရိုက်တာ
Chad Stahelski နဲ့ David Leitch က အသေအလဲ
ငြင်းခဲ့ရတယ်။ လူတွေရဲ့ အမြင်အပေါ်မူတည်ပြီး
အလေးထားမှုတွေ ပြောင်းလဲတတ်ကြတယ်။
တခြားသူတွေအတွက်တော့ Daisy ဟာ
ခွေးတစ်ကောင်ပဲ။ John Wick အတွက်တော့
Daisyဟာ သူ့ဘဝအကျိုးအကြေထဲက အစားထိုး
အစိတ်အပိုင်းသစ်တစ်ခု။ ဒါမျိုးကို မခံစားရဘူးရင်
နားလည်မှာမဟုတ်ဘူး။

လူတွေဟာ ကိုယ်လုပ်တဲ့အပြစ်ကို ဖော့ပစ်ပြီး
သူတစ်ပါးရဲ့နစ်နာမှုကိုလျှော့တွေးတဲ့နည်းနဲ့
အတ္တာနုဝါဒဘေးကို ရှောင်ရှားတတ်ကြတယ်။
ငါသတ်မိတာခွေးတစ်ကောင်ပါလို့ Losef
ဆင်ခြေပေးသလိုပေါ့။ အဲဒီလိုပဲ ငါကနိုင်ငံ့
ထိပ်ပိုင်းရာထူးလေးခဏယူတာပါ ဘယ်သူ့ကိုမှ
မထိခိုက်ပါဘူး၊ ထိခိုက်လည်း နည်းနည်းပေါ့ဆိုတဲ့
အာဏာရူးတွေရှိကြတယ်။ ပြည်သူတွေ ခံစားရလည်း
ခဏပေါ့ အဆင်ပြေအောင်ငါလုပ်ပေးမှာပါ၊
နောက်တော့သူတို့နားလည်လာမှာပါဆိုပြီး
ကိုယ့်ကိုယ်ကိုယ် ပြန်လိမ်နေကြရသူတွေရှိတယ်။
လစ်ဗျားအာဏာရှင် ဂဒါဖီကို လမ်းပေါ်ဆွဲချပြီး
ရိုက်ကြတုန်းက မလုပ်ပါနဲ့၊ ငါ့ကိုမပစ်ပါနဲ့၊
ငါမင်းတို့ကိုဘာလုပ်ခဲ့မိလို့လဲ လို့ အော်သတဲ့။
ငါမင်းတို့ကို ဘာလုပ်ခဲ့မိလဲ တဲ့။ တကယ်ကြီးလား။
ဂဒါဖီက အဆိုးဆုံးအာဏာရှင်တော့ မဟုတ်ဘူး။
ဒါပေမဲ့သူစစ်ဆာခဲ့တာကြောင့် မလိုအပ်ဘဲ
သေခဲ့ရတာ ဘယ်နှယောက်တောင်လဲ။ သူ့စိတ်
ထဲမှာတော့ ငါ့မှာ အပြစ်မရှိဘူး။ ငါလုပ်တာတွေ
မှန်တယ်လို့ ကိုယ့်ကိုယ်ကိုယ်လိမ်ထားတဲ့။
ဘယ်လောက်ထိ အလိမ်အောင်မြင်လဲဆိုတာ
သူ့ဘာသာပဲသိလိမ့်မယ်။

ကမ္ဘောဒီးယားဆိုတဲ့ အေးချမ်းတဲ့နိုင်ငံလေးကို
ငရဲလိုမွှေပစ်ခဲ့တဲ့ Pol Pot ကတော့ သူ့ကိုယ်သူ
လိမ်ရုံမကဘူး၊ အနားကလူတွေကိုပါ တကယ်
ယုံအောင်ရိုက်သွင်းထားတယ်။ သူ့ကိုယ်ရံတော်
တွေဆို ခေါင်းဆောင်ကြီးက နိုင်ငံအပေါ်တကယ်
စေတနာရှိတယ်။ အောက်ခြေက စာမတတ်
ပေမတတ် စစ်သားတွေက လျှောက်သတ်လို့
နာမည်ပျက်ရတာလို့ယုံကြတယ်။ ပိုပေါ့ကြောင့်
ကမ္ဘောဒီးယားမှာ လူဦးရေ ၁.၇ သန်း သေခဲ့ရတယ်။
ကျောင်းဆရာ၊ဆရာမ၊ ဘုန်းတော်ကြီး၊ ဆရာဝန်
ပညာတတ်မှန်သမျှ အကုန်ရှင်းပစ်ခဲ့တာကို
သူ့အမိန့်မပါဘဲ ဘယ်သူကလုပ်မှာလဲ။ ပိုပေါ့ရဲ့
ညာလက်ရုံး Nuon Chea ရဲ့ သမီးဆိုရင်
သူ့အဖေမမှားဘူး၊ အဖေက တိုင်းပြည်ကို တကယ်
ကောင်းစေချင်တဲ့သူရဲကောင်းလို့ သေတဲ့အထိ
ခံငြင်းသွားတယ်။ ဒါပေမဲ့ ထုံးနဲ့မြေကြီးရောပြီး
ဖို့ထားခဲ့ပြီး အလောင်းရာချီ ကျင်းနက်ကြီးတွေက
သက်သေပဲ။

လူဟာ မဟုတ်တာ မမှန်တာလုပ်မိရင် ဘေးကြီး
၎ ပါး ဆိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် စွပ်စွဲ
ပြစ်တင်မိတယ်၊ အများက စွပ်စွဲပြစ်တင်ရှုပ်ချတယ်၊
သက်ဆိုင်ရာ မင်းအစိုးရရဲ့ အပြစ်ပေးမှုကို
ခံရတယ်၊ သေလွန်တဲ့အခါ မကောင်းတဲ့ဘဝကို
ရောက်ရတယ်။ တမလွန်ဆိုတာကို မေ့ထားလို့
ရတယ်။ ကိုယ်ကိုယ်တိုင်က အုပ်ချုပ်သူ ဖြစ်နေရင်
အပြစ်ပေးခံရမှာကို မှုစရာမလိုသလို ပြည်သူ
ကိုလည်း ပါးစပ်ပိတ်အောင်လုပ်လို့ရတယ်။
ဒါပေမဲ့ ကိုယ့်လုပ်ရပ်က ကောင်းမကောင်း
ကိုယ့်ကိုယ်ကိုယ်သိနေတယ်။ လူတွေဟာ
အတ္တာနုဝါဒဘေးက လွတ်ဖို့အတွက် ကိုယ့်ကိုယ်
ကိုယ်ကော ပတ်ဝန်းကျင်ကလူတွေကိုပါ
လိမ်ကြရတယ်။ ခဏတာတော့ ရလိမ့်မယ်။
ကြိုက်တဲ့ ဆင်ခြေပေးလို့ရတယ်။ ငါ့အပြစ်က
သေးသေးလေးပါလို့ ဖော့တွေးထားလို့ရတယ်။
ဒါပေမဲ့ အ​ကြွေးပေးရမယ့်နေ့ရောက်လာရင်တော့
ငါသတ်မိတာ ခွေးလေးပါလို့ ပြောလို့မရသလို
ငါဘာလုပ္ခဲ့မိလို့လဲလို့ အသနားခံလို့ မရပါဘူး။

👉 Credit to Elvis

23/06/2022

#ယူနီဖောင်းဝတ်နိုင်ငံတော်(သို့မဟုတ်)..........
.. .......... ...... ကျွန်ုပ်တို့"ပြည်"တည်ခြင်း*
▪▪▪▪▪▪✍▪▪▪▪▪▪

ခေတ်တစ်ခေတ်ကို ဖြို ဖျက်ဖို့
ခပ်ညံ့ညံ့ သမ္မတဆိုသူတွေ....... လိုတယ်။
. ဖုန်းတောင်းယာစကာများနဲ့
.. ပြည့်တန်ဆာ လတ်လတ်ဆတ်ဆတ်တွေ.. လိုတယ်။
ပြီးတော့ -
ခမ်းခမ်းနားနားလိမ်လည်လှည့်ဖျားတတ်တဲ့
သမိုင်းရေးဆရာအတုတွေ...... လိုတယ်။
ဘယ်လိုမဆို...
ရောင့်ရဲနေထိုင်တတ်ပါတယ်ဆိုတဲ့
. ခန္တီပါရမီရင့်သန်သော ဘာမဆိုခေါင်းညှိမ့်တတ်တဲ့
လုပ်သားပြည်သူဆိုသူများလည်း
အများအပြား လိုအပ်လှပေသပေါ့....... ။

ခေတ်တစ်ခေတ်ကိုတည်ဆောက်ဖို့
အ,ဂတိမဲ့ဦးနှောက်ပိုင်ရှင်တွေ..... လိုတယ်။
နိုင်ငံတော်ပုန်ကန်တတ်သူများနဲ့
သွေသားကောင်းမွန်တဲ့မိခင်လောင်းတွေ... လိုတယ်။

ပြီးတော့ -
ရိုးရိုးသားသားတီထွှင်ကြံဆတတ်တဲ့
အသိပညာ အတတ်ပညာရှင်တွေနဲ့
. အနုပညာသည်တွေ....... လိုတယ်။
ဘယ်လိုမဆို..
အမှား အမှန် ဝေဖန်ချင့်ချိန်ပြီး
မခံချင်စိတ်မွေးမြူ တတ်တဲ့
လုပ်သားပြည်သူဆိုသူများလည်း
အများအပြား လိုအပ်လှပေသပေါ့.... ။

အခုတော့ - (ကျွန်ုပ်တို့မှာ.... )
တစ်ဗိုလ်တက်တစ်ဗိုလ်ဆင်း
မပြို မပျက် မချင်း၊အနာရင်းနေတဲ့
ခေတ်တစ်ခေတ်ကို
တည်ဆောက်လိုက်၊"ပြည်"ဖောက်လိုက်နဲ့

#ပကတိ........ နာကျင်စွာ !... ။ ။

*သားအောင်စုံ*

22/05/2022

#ရေဒီယို_ကို_နားထောင်ပါ_©
_____________📻 ______________ !!!*

ရုတ်တရက် ဆို Don William's Listen to the radio
ကို ညွှန်းမှာလားလို့ ထင်စရာ။ No ! No! No! .......
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရေဒီယိုကို နားထောင်ပါ ။
တစ်ခါတလေ ပြန်စဉ်းစားကြည့်မိတယ် ။
ရေဒီယို နဲ့ ကျွန်တော် ဘယ်တုန်းကများ စတင်ထိတွေ့၊ရင်းနှီး
ခဲ့ပါလိမ့်လို့ ? ကြာခဲ့ပြီလေ ။
၁၉၆၉/၇၀ ဝန်းကျင် ။
အဲ့ဒီ ပစ္စည်းလေးထဲက အသံထွက်တယ်။ သီချင်းတွေ၊
သတင်းတွေ၊ ဇာတ်လမ်းပမာ နားဆင်စရာ၊ ဘဝကြေးမုံ
ဇာတ်လမ်းစုံ၊ အသံလွှင့် ဇာတ်လမ်း၊ ကလေးအတွက် ပုံပြင်လေး
တွေ . . .. ကြားရတယ် ။ သြော်! ရေဒီယိုဆိုတာ ဒါမျိုးလေးကို။

TV မရှိသေး။ FM ဝေလာဝေး ။
ရေဒီယိုက ကျွန်တော်တို့ကို သုတ/ရသ ပညာ များစွာပေးခဲ့တယ်။

မြန်မာ သီချင်း ( ခေတ်ဟောင်း/ခေတ်နှောင်း/ကာလပေါ်) သီချင်း
တွေနဲ့ ရင်းနှီးအောင်၊ အင်္ဂလိပ် သီချင်းကောင်းကောင်းတွေ
နားထောင်တတ်အောင် ကျေးဇူးပြု ခဲ့ ။ အဲဒီကမှ Stereo ကို
ကူးခဲ့ ။ ၈၈ ကာလမှာ BBC, VOA,RFA, ပေါ်မှာ တစ်နိုင်ငံလုံး
ပုံအော နားထောင်ခဲ့ကြ ။
ရေဒီယိုဟာ အစွမ်းထက်ပြီး/အဆိပ်ပြင်းပါတယ် ။
ဒါပေမဲ့ ဒီနေ့ ရေဒီယိုရဲ့ အခန်း ကဏ္ဍဟာ ဘာလဲ ?
ရေဒီယိုဟာ ရှေးဟောင်းပစ္စည်းတစ်ခု/ ဝါဒဖြန့် ကိရိယာ တစ်ခု
အဖြစ်ပဲ သူ့ကို သဘောထားလိုက်ကြတော့မှာလား ?

{ FM တွေကို ကြိုးကိုင်ထားတဲ့ $ တလွဲ မီဒီညာ ကောင်တွေ/
Lobby တွေကို ခဏထားခဲ့၊ နောက်မှ အသေသတ်!}

လောလောဆယ်ကတော့ -
ကြို က်သည်ဖြစ်စေ၊ မကြို က်သည်ဖြစ်စေ၊
"မချစ်သော်လည်း အောင့်ကာ နမ်း" ဆိုသလိုပေါ့လေ ။
"Listen to the radio " လုပ်ကြည့်ပါ။
အနည်းဆုံးတော့ မျက်စိ အညောင်း သက်သာတယ် ။ 😑 ။
➡ 22/5/08 (Tuesday )*

12/03/2022

အချိန်တွေ ကြာလာတာနဲ့ အမျှ စိတ်ရော ကိုယ်ပါ ထိခိုက်ပြီး အနည်းအများ နွမ်းလာပါပြီ ။
burnout ဖြစ်လာတယ်လို့ ခေါ်ပါတယ် ။
စိတ်တို စိတ်ဆတ် ခေါင်းကိုက် အိပ်မပျော် စတာတွေကနေ ကိုယ့်ဘာသာလဲ self care တွေ လျော့လာပါပြီ ။
အဲချိန်မှာ နဂို ရှိပြီးသား ရောဂါတွေ
ခေါင်းထောင်လာတတ်သလို
ကိုယ်ခံအားလဲ ကျလာတတ်ပါတယ်။

‼️ အိပ်ပါ ။

အိပ်ရေးဝဖို့ အရေးကြီးပါတယ်။ စိတ်ဖိစီးမှု သိပ်များပါတယ် ။ ညတိုင်း စိတ်သောက ရှိနေတယ်။ ကြိုးစားပြီး ၅-၆ နာရီရအောင် အိပ်ပေးပါ။

‼️ရေများများသောက်ပေးပါ။

ရေသောက်နည်းရင် ခန္ဓာကိုယ် လည်ပတ်မှူတွေ ဇီဝ ဖြစ်စဉ်တွေ ထိခိုက်ပါတယ်။ ရေဘူးချထားပါ သောက်ပေးပါ။

‼️အရမ်း စိတ်ဖိစီးလာတဲ့ အခါ ခနတဖြုတ် disconnect လုပ်လိုက်ပါ။

နာရီဝက် / ၄၅ မိနစ် မျက်စိမှိတ်ထား ဖုန်း ဘေးချထားပါ။ နှစ်သက်တာ တခုခု လုပ်ပါ။ ဂိမ်းဆော့ သီချင်းဖွင့် လေ့ကျင့်ခန်း အပင်ရေလောင်း တခုခု လုပ်ပါ။ ယောဂ ဆော့တတ်ရင် ယောဂ လုပ်နေလိုက်ပါ။

‼️ချစ်ခင်သူတွေနဲ့ ဖုန်း ဖြစ်ဖြစ် တခုခု နဲ့ ဆက်သွယ်ပြီး
ရင်ထဲ စိတ်ထဲ ရှိတာတွေ ပြောလိုက်ပါ။

‼️ စိတ်ပင်ပန်းစေတဲ့ negative people တွေ negative thoughts တွေနဲ့ ခပ်ကင်းကင်းနေလိုက်ပါ ။

‼️ ကျန်းမာစေတဲ့ အစာအာဟာရတွေ အချိန်မှန်စားပေးပါ။

စိတ်ဖိစီးရင် အစာကို ပုံမှန်မစားဖြစ်တော့ပါဖူး။ အဖတ် များများ မစားနိုင်ရင်တောင် အာဟာရပြည့်တဲ့ အသီးအနှံတွေ soup တွေ များများစားပေးပါ။

‼️ သောက်နေကြ အားဆေးတွေ ဆေးတွေ ပုံမှန်သောက်ပေးပါ။

ရေရှည်ပွဲမှာ လဲလို့ မဖြစ်တာမို့ အထောက်အကူ အနည်းငယ် ဖြစ်စေချင်လို့ ရေးလိုက်တာပါ။ ကိုယ့်ဘာသာလည်း burnout recovery ဆိုပြီး ရှာဖတ်လို့ရပါတယ်။
လက်နက်မရှိပါဖူး။ စိတ်နှလုံးနဲ့ပဲ တိုက်တဲ့ပွဲပါ။
အားပြည့်နေဖို့ လိုပါတယ်။
✔️Your mental health must be your first priority . ✔️

05/03/2022

#မိမိအပါအဝင်နေဝင်ချိန်နီးသူများအတွက်အသိပေးခေါင်းလောင်းသံ #

၆၀ တန်း နှင့် ၇၀ တန်း ဝင်တော့မယ့်သူများ သို့/-

လူကြီးတော်တော်များများဟာ
သူတို့အကုန်လုံးသိတယ် တတ်တယ်ဆိုပေမယ့် အိုလာရင် ရင်ဆိုင်ရမှာတွေကို
အဆင်သင့် မဖြစ်ကြသေးပါဘူး။

-လူဟာ အသက်၆၀ထဲ ဝင်လာပြီဆိုရင်
စအိုပါပြီ။ နောက်လာမယ့် အချိန်တွေကို
သတိရှိနေရမယ်၊ ပြင်ဆင်ထားရမယ်၊
ဒါမှ မတုန်လှုပ် မခြောက်ခြားမှာပါ။

- ပထမဆုံးနေဝင်ချိန်

အဖော်တွေ တဖြည်းဖြည်း နည်းလာတော့မယ်၊
ပြီးတော့ ကိုယ့်အထက် လူကြီးတွေက အရင်သွားနှင့်တာတွေ ကြုံရပါပြီ။
ဘော်ဒါတွေကလဲ ကိုယ့်ဟာကိုယ် အနိုင်နိုင်ဖြစ်နေကြပါပြီ။
ကိုယ့်ထက်ငယ်တဲ့လူတွေကတော့ သူ့အလုပ်နဲ့သူ ရှုပ်နေကြတာ တွေ့ရပါမယ်။

ဇနီး၊ ခင်ပွန်း တို့ကလဲ သွားနှင့်တဲ့သူ သွား
နှင့်ကြတာ ဖြစ်လာနိုင်တယ်။

အဲဒီအချိန်မှာ ကိုယ့်အဖို့ကတော့ အထီးကျန်ရက်တွေပဲ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ ကိုယ်လုပ်ရမှာကတော့ တယောက်တည်း နေထိုင်တတ်ဖို့နဲ့ အထီးကျန်ဘဝကို ရင်ဆိုင်နိုင်ဖို့ပါပဲ။

- ဒုတိယလာမယ့်နေဝင်ချိန်

ပတ်ဝန်းကျင်က ကိုယ့်ကိုသတိထားနေမယ့်ရက်တွေ တဖြည်းဖြည်း နည်းလာတော့မယ်။

အရင်လုပ်ငန်းကြီးတွေ ဘယ်လောက် အောင်မြင်ခဲ့ (အောင်မြင်ခဲ့)ဘယ်လောက်ပဲ နာမည်ကြီး (ကြီး) အိုလာရင် ကိုယ်ဟာ သာမာန်အဖိုးကြီး၊အဖွားကြီး နေရာရောက်သွားပါပြီ။

နောက်ပြီး...
ဒေါင့်တဒေါင့်မှာ အေးအေးဆေးဆေး နေတတ်အောင်လည်း ကျင့်ရပါ့မယ်။

လူစုံတက်စုံနဲ့ ပျော်ပျော်ပါးပါး ပွဲတွေလဲ ကျဲလာတော့မယ်။

ပြီးတော့..
နောက်ပေါက်ကလေးတွေရဲ့ ပျော်ရွှင် ဆူညံ
သောင်းကျန်းမှုတွေကို မနှစ်မြို့ခြင်း၊အပြစ်တင်ခြင်းမျိုး မလုပ်မိအောင် စိတ်ကိုထိန်းရမယ့် အချိန်ပါ။

- တတိယလာမယ့်နေဝင်ချိန် ရှုခင်း

တတိယလာမယ့်လမ်းကတော့ အန္တရယ်တွေနဲ့ပါ။
အရိုးကျိုးနိုင်တယ်၊နှလုံးသွေးကြောတွေ ပိတ်သွားနိုင်ပြီး မှတ်ဉာဏ်တွေ အားနည်းကာ သတိတွေမေ့လာမယ်။

ပြီးတော့...
ကင်ဆာအမျိုးမျိုးကလည်း ကိုယ့်ကို လာပြီး မိတ်ဆက်နေနိုင်တယ်။

ရောဂါတွေနဲ့ သွားရမယ့်ဘဝကို ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပြီး၊ အရင်သူငယ်ချင်းတွေရဲ့နေရာမှာ ခုရောဂါတွေက ဘော်ဒါတွေ ဖြစ်နေတော့မှာ။

ငါဘာရောဂါမှ မရှိဘူး၊ ငါဒေါင်ဒေါင်မြည်ပဲလို့လည်း အတွေးတိမ် မနေပါနဲ့တော့။

အတတ်နိုင်ဆုံး အားကစားလေးတွေ လုပ်ပြီး... ကိုယ့်ဟာကိုယ် စိတ်နဲနဲလျှော့ထားလိုက်ဖို့က အဓိကပါ။

- စတုတ္ထလာမယ့်နေဝင်ချိန်

ဘဝကို ကုတင်ပေါ်မှာ ဖြတ်သန်းရတော့မယ်လို့ ကြိုတွေးထားရမယ်။
အမေ ပထမဆုံးခေါ်လာတဲ့ ကုတင်ပေါ်က ဘဝကို ခုပြန်စရတော့မယ်လို့ ပြောလို့ရပြီ။

ဘဝတလျှောက်လုံး အပျော်တွေ၊အခက်အခဲတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး နောက်ဆုံး နဂိုနေရာ ပြန်ရောက်သွားတာပါ။
(အဲဒါကတော ကုတင်ပေါ် ပါပဲ) ။

ပြီးတော့..
သူများပြုစုတာကို လက်ခံရတော့မှာပါ။

ဒါပေမယ့်..
အမေပြုစုတာနဲ့တော့ တူနိုင်မယ် မထင်ဘူး။

ကိုယ်လာတုန်းကတော့ အမေ့ပြုစုမှုအောက်မှာ ကြီးပြင်းခဲ့ရပေမယ့်...
ကိုယ်သွားရမယ့်အချိန်ကျရင် ကိုယ့်အနားမှာ ပြုစုမယ့်သူက ဆွေမျိုးသားချင်းတွေဖြစ်မှာ မသေချာသလို၊ ရှိခဲ့ရင်လည်း..
အမေပြုစုခဲ့သလို နွေးထွေးမှာမဟုတ်ဘူးလို့ လက်ခံထားပါ။

ဖြစ်နိုင်ခြေအများဆုံးကတော့..
မျက်နှာက အပြုံးလေးနဲ့စိတ်ထဲကကျိန်ဆဲနေမယ့် လူနာပြုစုတဲ့ လူနဲ့မတွေ့နိုင်ဘူးလို့ ပြောလို့မရပါ။

ဒါပေမယ့်..
ကိုယ်က ခေါင်းငုံ့ သည်းခံပြီး ပြုစုပေးမယ့်သူကို ကျေးဇူးတင်နေ ရမှာပါ။

- ပဉ္စမလာမယ့်နေဝင်ချိန်ရှုခင်း

ဒီတခါကတော့ လူလိမ်တွေ စတွေ့ရတော့မယ်။
လိမ်မယ့်သူတွေက လူကြီးတွေမှာ အိုစာမင်းစာတော့ရှိမယ် ဆိုတာသိပြီး ဖုန်းနဲ့တမျိုး၊စာတိုက်ကနေတဖုံ နည်းမျိုးစုံနဲ့ လိမ်ဖို့ ကြိုးစားမှာပါ။

မအိုဆေး မနာဆေး၊ယတြာ‌ ချေ မယ် စတာတွေနဲ့ ပိုက်ဆံကို ကလော်ထုတ်ဖို့ ကြိုးစား ကြအုန်းမှာ...။

ဒါကြောင့်..
မိမိ အိုစာမင်းစာကို သတိနဲ့ မြဲမြဲဆုပ်ကိုင်နိုင်အောင် ကြိုးစားပါ။

နောက်ဆုံး ညမမှောင်ခင်...။

လူ့ဘဝရဲ့ နေဝင်ချိန်လမ်းဟာ အလင်းရောင်တဖြည်းဖြည်းနဲ့ လျော့ပါးလာပါပြီ။
လမ်းဟာ တဖြည်းဖြည်းလည်း လျှောက်ရ ခက်လာမယ်။ ၆၀ကျော်တာနဲ့ အရာရာကို လက်လွှတ်ဖို့ အဆင်သင့်လုပ်ထား ရပါမယ်။

ကျန်ရှိနေတဲ့ ကိုယ့်အပေါ်ကောင်းတဲ့လူတွေကို တန်ဘိုး ထားတတ်ရပါမယ်။

ဘဝကြီးကို အာရုံကောင်းလေးတွေနဲ့ ခံစားသွားရမယ်။

ပတ်ဝန်းကျင်နဲ့သွားပြီး အငြင်းပွားတာတွေ မလုပ်တော့ပဲ၊ သားသမီး မြေးမြစ်တွေနဲ့ပါ အငြင်းအခုံမဖြစ်မိအောင် နေရပါမယ်။

အဆိုးဆုံးကေတာ့...
ကိုယ့်ကိုကိုယ် မောက်မာ မနေဘို့က အဓိကပါ...။

အိုတာကို လက်ခံလာရမှာ ဖြစ်ပြီး၊ စကားပြောဆိုရာမှာလည်း အမိန့်ဆန်ဆန် မပြောမိဖို့ သတိထားရမှာပါ..။

အဲဒီမှာ စကားလုံး အဓိပ္ပါယ်တွေက သူတပါးကို ထိခိုက်စေမယ့် စကားလုံးတွေကို ရှောင်ကျဉ်တာ အကောင်းဆုံးပါ။

အသက်ကြီးလာရင် တဖက်သားကို"ပိုလို့" တောင် သနားညှာတာသင့်ပြီး...။

နောက်ဆုံးရက်ကျန်လေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်ကျော်နိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်...။

Credit uploader& photographer. 🗣

17/02/2022

မြန်မာနိုင်ငံက ကျောင်းထိုင် ဘုန်းကြီးတွေ ကြည့်လိုက် စီးပွားရေးသမားထက် ဆိုးတယ်

ဟိုတုန်းက..ပြင်သစ် ဥရောပကနေလာပြီး

ဗုဒ္ဓဘာသာထဲဝင် ရဟန်းဝတ် ပြီးတော့

ထေရဝါဒတွေ တက်နေတဲ့

နိုင်ငံခြားသား ကိုယ်တော်တပါးက ပြောဖူးတယ်..

ဘာပြောတုန်းဆိုတော့...

ကိုယ်တော်တို့..တဲ့

တပည့်တော် ပြောတဲ့စကား ကြားရင်

ရီများ ရီမလား မသိဘူး..တဲ့၊ ပြောပရစေ..တဲ့၊

“အရှင်ဘုရား စကားတွေ ခံမနေပါနဲ့ဘုရား၊

အများအတူတူ ဆွေးနွေးနေကြတာပဲ..

ပြောပါ ရပါတယ်.." ဆိုတော့၊

“အရှင်ဘုရားတို့ နောင် နှစ်ပေါင်း ရာချီ

ကြာလာလို့များ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့

အနှစ်သာရ စစ်စစ်မှန်မှန်ကို လေ့လာလိုတယ်

သိလိုတယ် လိုက်စားလိုတယ်ဆိုရင်

အရှင်ဘုရားတို့ အနောက်ဥရောပကို

လာလေ့လာရလိမ့်မယ်” တဲ့..

အဲတော့ ကျန်တဲ့ကိုယ်တော်တွေက

ပြုံးတော့ ပြုံးတာပဲ၊ ဒါပေမယ့်

သူက ပြောထားပီးသား ဆိုတော့

"အရှင်ဘုရား ဘယ်လိုအမြင်နဲ့

ဘယ်လိုအတွေးအခေါ်နဲ့ ပြောတာလဲဘုရား၊

ပြန်ရှင်းပါဦး.." ဆိုတော့

“အရှင်ဘုရားတို့ အခု မြန်မာနိုင်ငံမှာ ကြည့်ရတာ

ဘာသာရေးခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေ၊

လူတွေဘက်မှာပါတဲ့ ဘာသာရေး ခေါင်းဆောင်တွေ၊

အသင်းတွေ အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ ရှိတယ်၊

ရဟန်းတွေ သာမဏေတွေ ဘက်မှာလဲ

ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်"

ဒါကို သူက ရည်ညွှန်းတယ်၊

"အရှင်ဘုရားတို့ဆီမှာ ရှိနေတဲ့ အချို့

ဘာသာရေး ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေက

ရုပ်ဝတ္ထုတွေ အပေါ်မှာပဲ တန်ဘိုးထားပြီးတော့

ရုပ်ဝတ္ထု ကြီးပွားကြောင်းတွေ နောက်ကနေပဲ

တစိုက်မတ်မတ်နဲ့ လိုက်နေကြတယ်.."

ဟုတ်တာပေါ့၊

တချို့ ကားတစီးရှိတဲ့ ဘုန်းကြီးကလဲ နှစ်စီးရှိ၊

တိုက်တတိုက်လုံး ရှိတဲ့ သူကလဲ တိုက်နှစ်လုံး

ရှိချင်တယ်၊ အဲသလိုနဲ့ပဲ ရုပ်ဝတ္ထုတွေကိုပဲ

အထင်ကြီးပြီး ရုပ်ဝတ္ထုတွေနောက် လိုက်ပြီးတော့

ကြီးပွားအောင် လုပ်၊ ဒါတွေကို မြင်တဲ့အတွက်ကြောင့်

"အရှင်ဘုရားတို့ဆီ တဖြေးဖြေး တဖြေးဖြေးနဲ့

ပျက်တာကနေ နောက်ပိုင်းကျ လိုက်စားမယ့်သူတွေ

နည်းသွားမယ်၊ အခု တပည့်တော်တို့ ဥရောပကနေ

လာကြတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက တပါးဖြစ်ဖြစ်

နှစ်ပါးဖြစ်ဖြစ် လာသမျှ ပုဂ္ဂိုလ်တွေက

ဒီရုပ်ဝတ္ထုတွေရဲ့ကြီးပွား တိုးတက်ကြောင်းတွေ၊

ရုပ်ဝတ္ထုတွေ ကြီးပွားမှုတွေက တကယ့်ချမ်းသာ

အစစ်မဟုတ်ဘူး ဆိုတာတွေ သိပြီးသားဖြစ်တော့

ဘယ်ဟာ ချမ်းသာအစစ်လဲ၊ ဘာသာဝါဒတွေထဲမှာ

ချမ်းသာအစစ် ဘယ်နေရာမှာ ရှိနိုင်သလဲ

ဘယ်ဝါဒမှာ ရှိနိုင်သလဲ လေ့လာလိုက်တဲ့အခါမှာ

ထေရဝါဒ ဗုဒ္ဓဘာသာမှာ အနှစ်သာရ တကယ့်ငြိမ်းချမ်းမှုဆိုတာ

ရှိတယ်ဆိုတာ သိတဲ့အတွက်ကြောင့် တပည့်တော်တို့က

ဟို ရုပ်ဝတ္ထုတွေက တန်ဘိုးမရှိဘူးဆိုတာ

သိပြီးသားလည်း ဖြစ်လို့

ဒီဘက်က နာမ်ဘက် စိတ်ရဲ့ငြိမ်းချမ်းမှု ရဖို့

ရအောင်တပည့်တော်တို့က လာရှာကြပြီ၊

တပါးဆို တပါး တကယ်ကို အသိနဲ့ ရှာကြတော့

တဖြေးဖြေး တဖြေးဖြေးနဲ့ တပည့်တော်တို့က

များလာခဲ့ရင် တပည့်တော်တို့တတွေက

ဒီအနှစ်သာရကိုပဲ ဦးစားပေးကြတော့မှာ..

ဒါ့ကြောင့် တဖြေးဖြေးနဲ့ တပည့်တော်တို့ဆီမှာ

အင်အားတွေ များလာနိုင်ပြီးတော့

အရှင်ဘုရားတို့ဆီမှာ ထေရဝါဒရဲ့ အနှစ်သာရ

လိုက်တဲ့ ပုဂ္ဂိုလ်တွေက နည်းသွားမှာမို့လို့

နောက် နှစ်များ ရာချီ ထောင်ချီ ကြာလာခဲ့ရင်တော့

အရှင်ဘုရားတို့ဆီက ထေရဝါဒဗုဒ္ဓဘာသာရဲ့

အနှစ်သာရ ရလိုသိလိုတဲ့ ပုဂ္ဂိုလ်တွေ

အနောက်ဥရောပ လာရမယ် ထင်တယ်"..တဲ့၊

#မစိုးရိမ်တိုက်သစ်
#မဟာနာယကဆရာတော် #ဦးဝါသေဋ္ဌာဘိဝံသ။ သြဝါဒများထဲမှကောက်နူတ်ချက်

Photos from Knowledge For U's post 10/02/2022

🙏 ဒါဟာ ထေရဝါဒ သာသနာတော်အတွက်...

🙏 ကြီးမားတဲ့ ဆုံးရှုံးမှူ တစ်ရပ်ပါ...

🙏 နိုင်ငံတော်ရဲ့ရတနာတစ်ပါး ဆုံးပါးမှူလည်းဖြစ်ပါတယ် -

😐 ဒါကိုမျက်ကွယ်ပြု နေတဲ့ ဝစီပိတ် နိုင်ငံတော်ကို

🗣 ကျွန်ုပ် လွန်စွာ အံသြမိပါကြောင်း.....

📸 crd- original uploaders.

31/05/2021

အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့မှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ
လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!

ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။
ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။
ဘယ်သူကမှ မင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!!

ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself !!!

ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာ္ဘပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
အဲ..မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။
ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာရှိတာ ကိုယ်ဆက်လုပ်။

Forget !!!

မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့)
အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ် မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲ့တဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသားဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကိုရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကိုရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!

လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!

မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကို လက်ခံပါ။
မင်းဘေးနားက လူတွေကို အရှိကိုအရှိအတိုင်းလက်ခံပါ။

Reject !!!

ငြင်းပါ။
မလုပ်နိုင်တဲ့အရာတစ်ခုအတွက် ငြင်းပါ။
မဖြစ်နိုင်တဲ့ အရာတစ်ခုအတွက် ငြင်းပါ။
စိတ်မပါတဲ့အရာတစ်ခုအတွက် ငြင်းပါ။

Prepare !!!

ပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပါ။
ဘဝထဲက ဘယ်အရာကိုမဆို စွန့်လွှတ်ဖို့ ပြင်ဆင်ပါ။
ကောင်းတဲ့အရာတွေအတွက် ပြောင်းလဲဖို့ ပြင်ဆင်ပါ။
အခြေအနေပေးရင် ကူညီတတ်ဖို့ ပြင်ဆင်ပါ။

Don´t feel so much !!!

တစ်ချိန်ကျရင် ပြောင်းလဲသွားမယ့်အရာတွေချည်းပဲ။
ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံပါနဲ့။
ကိုယ့်အကြောင်းသိတာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုသနားမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ (အတ္တကို မဆိုလို)။
ကိုယ့်အကြောင်းကိုယ် စိတ်ဝင်စားပါ။
တစ်ယောက်တည်းနဲ့လည်း အားအင်တွေရှိပါစေ။
Only one ... but lion ဆိုတဲ့စကားအတိုင်းလေ....။

Credit : Hurricane
Photo Credit : ရွှေအိမ်စည်
From : ပေါင်းသင်းဆက်ဆံမှုစွမ်းရည်

Source' ရာပြည့်အောင်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Built(12)c4/dagonmyothit(north)
Yangon