Cindy Collection
Enhance your style with Cindy Collection.
24/07/2026
တို့လို့တွဲလောင်း
စာဗူးတောင်းလေးတွေ မဟုတ်ရပေါင်ရှင်
Cindy ရဲ့ရတနာအိတ်လေးတွေပါ။
အမြဲတမ်းအားပေးသူ ညီမလေး၊
အချိန်ကြာကြာကြီးလည်း စောင့်နေပေးတာပါ။
ဘာလေးဖြစ်ဖြစ် အားပေးချင်တဲ့မေတ္တာစိတ်ကို
ခံယူကျေးဇူးတင်ရပါတယ်ရှင်
ကျောက်မျက်ရတနာအဖိုးတန်လေးတွေများစွာ
ထည့်သုံးကြည်နူးပါစေ။
03/07/2026
သင်ယူမှု နှင့် အသက်အရွယ်
ကျမတို့သက်ကြီးပိုင်းအမျိုးသမီးတွေ
တဖြည့်ဖြည်းအသက်ကြီးလာ၊တစစနဲ့ အိုမင်းလာကြတာ အမှန်ပါ။သက်ကြီးရွယ်အိုလာတာနဲ့အမျှ
ကျန်းမာရေးလည်းအထိုက်အလျောက်ချို့ယွင်းလာကြတာပါပဲ။အိုပြီ၊နာပြီ မို့အချိန်မရွေးလည်းအသက်ဆုံးပါးသွားနိုင်တာပါပဲ။
ငယ်စဉ်အခါကပညာတွေ(အတန်းပညာ၊အတတ်ပညာ)သင်ယူလေ့လာတတ်မြောက်ခဲ့ပြီ။
ထိုးထွင်းသိမြင်၊အသုံးချနိုင်ခဲ့ကြပြီ။
အထိုက်အလျောက်သောအောင်မြင်မှုများကို
ရရှိခဲ့သလိုဆုံးရှုံးမှုများကိုလည်းကြုံခဲ့ကြပါပြီ။
ရှင်သန်နေထိုင်ဖို့အချိန်နည်းသွားတဲ့အခါ
ကိုယ့်နောက်ပါမယ့်ကုသိုလ်တရားများကိုလည်း
တီးမိခေါက်မိဖြစ်စေ၊ထဲထဲဝင်ဝင်ဖြစ်စေ
လေ့လာကျင့်ကြံကြဖို့မမေ့လျော့ကြပါ။
ကျမစိတ်ထဲမှာတော့
အိုမင်းလာလို့တရားများကိုသာကျင့်ကြံရမယ် ဆိုတဲ့
အတွေး ကျမမှာမရှိပါ။
ကိုယ်ချစ်ရသူတွေ၊ကိုယ်ကချစ်ရသူတွေအတွက်
ကျန်းမာအောင်နေထိုင်မယ်။
ကိုယ်လုပ်ပေးနိုင်တာလုပ်ပေးမယ်။
ဒါ ကိုယ့်အတွက် blessings ပဲ။
ကိုယ်မသိသေး၊မတတ်သေးတဲ့
အသစ်အသစ်သောပညာရပ်တွေကိုလေ့လာမယ်။
သင်ယူမယ်။အသုံးချလို့ရသလောက်ပြန်လည်အသုံးချမယ်။
ကိုယ်သိသမျှတတ်သမျှလေးတွေမျှဝေပေးမယ်။
“မိမိစိတ်သာအဓိက”မို့ အိမ်မှာနေရင်း၊သင်ယူလေ့လာရင်း၊အလုပ်လုပ်ရင်း ကုသိုလ်စိတ်ကိုသာ
ရှေ့ရှုဖို့ပါပဲ။
သင်ယူဖို့မကုန်နိုင်တဲ့ပညာပင်လယ်ကြီးထဲမှာ
ကူးခတ်ရှင်သန်မယ်။
သင်ယူမှုဆိုတာရပ်ပစ်စရာမဟုတ်ပါဘူး။
လောကကြီးအလယ်မှာနေတတ်အောင်သင်ယူခဲ့သလို
မနေရတော့မယ့်အချိန်အတွက် ထွက်သွားတတ်အောင်လည်းသင်ယူရမှာပါ။
သိချင်တတ်ချင်သေးတဲ့ပညာရပ်တွေအတွက်တော့
ကျမ မှာ”အို”တယ်ဆိုတာမရှိပါ။
☘️ကျမထက်အသက်ငယ်သော၊
ကျမထက်အသက်ကြီးသော၊
နယ်ပယ်အသီးသီးမှ အမျိုးသမီးများ၏
ကြံ့ခိုင်သောစိတ်ဓါတ်နှင့်ကြိုးစားကြံစည်
လုပ်ကိုင်နေကြသူများအားလုံးကို
လေးစားဂုဏ်ယူလျက်ဂါရဝပြုပါတယ်ရှင်☘️@
02/07/2026
Cindy Collection
မကြာမီ August(13th)မှာ(၉)နှစ်ပြည့်ပါတော့မယ်။
အကြောင်းအမျိုးမျိုးကြောင့်
အိမ်ပြင်ထွက်၊ဝင်ငွေမရှာနိုင်သေးတဲ့အမျိုးသမီးတွေအိမ်ထဲမှာပဲနေပြီး အိမ်မှုကိစ္စများဆောင်ရွက်ရင်း
အပိုဝင်ငွေများရစေဖို့ အလုပ်အကိုင်အခွင့်အလမ်း
တချို့ကိုဖမ်းဆုပ်လုပ်ကိုင်နိုင်စေဖို့ရည်ရွယ်ပြီးလက်မှုပညာနဲ့ပါတ်သတ်တဲ့သင်တန်းလေးတွေ
ဖွင့်ဖြစ်ခဲ့ပါတယ်။
ကျမဘဝမှာသွေးသားမတော်စပ်ပါပဲ
ကျမကိုများစွာဖေးမကူညီစောင့်ရှောက်ပေးခဲ့တဲ့၊
လဲကျနေတဲ့ကျမကိုဆွဲကူထူမတ်ပြီးဆက်လက်လျှောက်လှမ်းနိုင်စေခဲ့တဲ့ကျေးဇူးရှင်ညီမလေးတစ်ယောက်ရှိပါတယ်။သူ့နာမည် Cindy ပါ။
လေးစားမြတ်နိုးတန်ဖိုးထားရတဲ့သူပါ။
လိုအပ်နေသောအမျိုးသမီးများအားလုံးကို
မကူညီနိုင်သေးပေမယ့်
နီးစပ်ရာ အမျိုးသမီးအချို့ကိုစိတ်ရင်းစေတနာဖြင့်
ကူညီပေးပါတယ်။
ပညာပေး၊အလုပ်ပေး၊စိတ်ကူးအကြံဥာဏ်ပေးလျက်ပါ။
ကျမ အများကြီးမတတ်ကျွမ်းပါဘူး။
အများကြီးလည်းမသိပါဘူး။
သို့ပေမယ့် ကျမသိသမျှလေး၊တတ်သမျှလေးတွေကို
မျှဝေပေးဖို့ ဝန်မလေးသူပါ။
ဒီရက်ထဲမှာ ဇက်နာလို့အလုပ်တွေခဏနားထားရတာ
(၂)လနီးနီးရှိပါပြီ။
ကျမရဲ့အသက်အရွယ်၊ကျန်းမာရေးအခြေအနေအရ
အများကြီးမလုပ်နိုင်တော့ပေမယ့်(လုံးဝ)ရပ်နားပစ်လိုက်ဖို့တော့ စိတ်ကူးမရိပါဘူး။
ဖြည်းဖြည်း(တော်တော်ဖြည်းဖြည်း)လုပ်နေဦးမှာပါ။
ကျမ ရဲ့လုပ်ငန်းနဲ့ပါတ်သက်ပြီး
သင်ယူချင်သူ၊ပါဝင်လုပ်ကိုင်လိုသူများရှိပါက
လက်တွဲခေါ်ဆောင်ပေးလိုပါတယ်။
စိတ်ဝင်စားပါက ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Carrying a Crimson Rose today.
Cindy Collection မှာ
Hand painting,Fabric painting တွေရေးဆွဲဖန်တီးတဲ့အခါ အမျိုးသမီးတွေအတွက်သာမက
လူငယ်အမျိုးသားလေးတွေအတွက်ကိုပါ
ဖန်တီးရေးဆွဲပေးဖြစ်ပါတယ်။
နောက်ထပ် ……. နောက်ထပ် လာပါဦးမယ်။
Category
Contact the business
Website
Address
Yangon