Princess Irrawaddy

Princess Irrawaddy

Share

Breakfast Special For You

06/06/2026

ပိုင်ရှင်ကို မျှော်နေပါတယ်နော်

31/05/2026

Crd #

စားသောက်ကုန် အလေအလွင့် ဖြစ်တာကို လျှော့ချဖို့ (Food waste လျှော့ချဖို့) နေ့စဉ်ဘဝမှာ အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ အဆင့်ဆင့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။✅🧑🏻‍🍳

၁။ စျေးမဝယ်ခင် ပြင်ဆင်ပါ
အိမ်မှာ ဘာရှိလဲ အရင်စစ်ဆေးပါ: ရေခဲသေတ္တာနဲ့ မီးဖိုချောင်ထဲမှာ ရှိပြီးသား အစားအစာတွေကို အရင်ကြည့်ပါ။
ဝယ်ရမယ့် စာရင်း (Shopping List) ရေးပါ: တစ်ပတ်စာ ချက်ပြုတ်မယ့် Menu ကို ကြိုတင်စဉ်းစားပြီး လိုအပ်တာကိုပဲ စာရင်းလုပ် ဝယ်ယူပါ။ ဒါမှ မလိုအပ်ဘဲ အလွန်အကျွံ ဝယ်မိတာမျိုး မဖြစ်တော့ပါဘူး။

၂။ စနစ်တကျ သိုလှောင်ပါ
ရေခဲသေတ္တာကို မှန်ကန်စွာ အသုံးပြုပါ: သားငါးတွေကို ခဲခန်း (Freezer) ထဲ ထည့်ပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို လတ်ဆတ်မှု ကြာရှည်အောင် သီးသန့် အကန့်တွေမှာ စနစ်တကျ သိမ်းဆည်းပါ။

"First In, First Out" (အရင်ဝယ်တာ အရင်စားပါ): သက်တမ်းကုန်ဆုံးခါနီး ပစ္စည်းတွေ ဒါမှမဟုတ် အရင်ဝယ်ထားတဲ့ အစားအစာတွေကို ရေခဲသေတ္တာရဲ့ အရှေ့ဘက်မှာ ထားပြီး အရင်ဆုံး ချက်ပြုတ်စားသောက်ပါ။

၃။ အစားအစာ ချက်ပြုတ်ခြင်းနှင့် စားသောက်ခြင်း
အတိုင်းအတာ ပမာဏ မျှတပါစေ: ကိုယ်စားနိုင်မယ့် ပမာဏလောက်ပဲ ချင့်ချိန်ချက်ပြုတ်ပါ။

ဟင်းကျန်တွေကို ပြန်လည်အသုံးပြုပါ: မကုန်ဘဲ ကျန်နေတဲ့ ဟင်းတွေကို နောက်ရက်မှာ နွှေစားတာမျိုး၊ ဒါမှမဟုတ် တခြားဟင်းပွဲ အသစ်တစ်ခု (ဥပမာ- ထမင်းကြော်၊ စွပ်ပြုတ်) အဖြစ် ပြောင်းလဲချက်ပြုတ်စားသောက်ပါ။

၄။ အမှိုက်အဖြစ် မရောက်ခင် စဉ်းစားပါ
သစ်သီးနှင့် ဟင်းသီးဟင်းရွက် အခွံများ: မုန်လာဥနီခွံ၊ ဂေါ်ဖီထုပ်အပြင်ခွံ စတာတွေကို စွပ်ပြုတ်ရည် (Broth) လုပ်တဲ့နေရာမှာ ပြန်သုံးနိုင်ပါတယ်။

မြေသြဇာ ပြုလုပ်ပါ (Composting): တကယ်ကို စားလို့မရတော့တဲ့ အစားအစာအကြွင်းအကျန်တွေ၊ သစ်သီးခွံတွေကို အမှိုက်ပုံးထဲ ပစ်မယ့်အစား အပင်တွေအတွက် သဘာဝမြေသြဇာအဖြစ် ပြောင်းလဲအသုံးပြုနိုင်ပါတယ်

Kipsmile





゚

20/05/2026

ကိုယ့် Team ရဲ့ အပျော်လေးတွေ 🤍💜

09/05/2026

Happy Mothers Day

မြေဖြူခဲကိုင်သော အမေ ....
တံဇဥ်ကိုင်တဲ့ အမေ ....
Keyboard ကိုင်တဲ့အမေ ....
မီးဖိုနားက အမေ ...
ဆေးထိုးအပ် နားကျပ်ကိုင်တဲ့ အမေ..
စိပ်ပုတီးကိုင်တဲ့ အမေ....
ကဗျာတွေစာတွေရေးတဲ့အမေ...
ဂစ်တာတွေ piano တွေတီးတဲ့အမေ
အားလုံးကောင်းကျိုးသယ်ပိုးတဲ့အမေ
အမေမဟုတ်ပေမယ့် အမေစိတ်နဲ့
ဖန်တီးနေကြတဲ့ အမေ ...

တစ်ကမ္ဘာလုံးက
" မွန်မြတ်တဲ့ အမေ များ " အားလုံးကို
ကျေးဇူးတင်ဂုဏ်ပြုပါတယ်

( ဆယ်စုနှစ်မက အတူရှိခဲ့တဲ့
ဧရာဝတီရဲ့ customer ကိုလည်း
" အမေ " တစ်ယောက်လို
လေးစားဂုဏ်ပြုရပါတယ် )

04/05/2026
01/05/2026

ကျေးဇူးတင်ပါတယ်

ဧရာဝတီမြစ်လိုပါဘဲ
အချိန်တိုင်း မရပ်မနား စီးဆင်းနေတဲ့
အလုပ်ကြိုးစားသူတွေရဲ့လက်တွေကြားမှာ ကျမတို့ရဲ့
ကမ္ဘာကြီးက လှပနေဆဲပါ ။

မမြင်ရတဲ့နေရာတွေမှာ
မကြားရတဲ့အသံတွေနဲ့
မနက်အလင်းနဲ့အတူ
စတင်သူတွေ
မီးဖိုရဲ့အပူရှိန်ကိုမမူဘဲ
ဖန်တီးနေကြသူတွေ ၊
တိတ်တဆိတ်နဲ့တာဝန်ထမ်းဆောင်
နေသူတွေ -
လူတိုင်းဟာ တန်ဖိုးရှိတဲ့
ဇာတ်ကောင်တွေပါ

ဒီနေ့ Mayday နေ့လေးမှာ
Princess Irrawaddy မှ --
တစ်ဦးတစ်ယောက်စီတိုင်းရဲ့
လက်ရာ ... ကြိုးစားမူ ...
စိတ်စေတနာတို့ကို
လေးစားဂုဏ်ယူစွာနဲ့
ကျေးဇူးတင်ရပါတယ်
ကျေးဇူးတင်ပါတယ်နော်

30/04/2026

" FIRST date " ကအရေးကြီးတယ်နော်
ဘယ်မှခေါ်မသွားနဲ့
Princess Irrawaddy ကိုသာ
ခေါ်ခဲ့စမ်း သားတို့သမီးတို့ ...

ကိုယ့်လူအကြောင်း
အကုန်သိခွင့်ရသွားနိူင်တယ် ...

No .1
စောစောထ မထလည်းသိရမယ်
ယူပြီးမှ အိပ်ပုတ်ကြီးရင်
စိတ်ညစ်ရမယ်...တော်တို့ရေ

No .2
ဆိုင်က ကိုယ်တိုင်သွားမှာ
ငွေရှင်းစံနစ်ဆိုတော့ အကဲခတ်ပေါ့
ကိုယ့်သထာလား မသထာဖူးလား ?
ကိုကိုရေ .... ဘာစားချင်တယ်
သွားမှာပေးလို့လည်းချွဲလို့ရသေးတယ်

No .3
ကိုယ့်လူ လက်ကြောတင်းမတင်း
လည်းအကဲခတ်လို့ရတယ်
အချိုပွဲတွေ ရေနွေးတွေဘာညာက
သွားယူရတာဆိုတော့အပီအပြင်သာ
အကဲခတ်ပစ် လင်ဗန်းကိုင်ပြီး
တုံချိချိ လျှောက်လား
ကျွမ်းကျင်လား အသေသာရှိူး
အဲ့ဆိုင်က customers တွေကို
အငြိမ်မနေရဖူး အသေမောင်းတာ
🤣

No .4
" မနေနိူင်မူ " ဒါသိပ်အရေးကြီးတဲ့
အချက်နော်
လက်ထပ်ပြီးမှ အိမ်ကလူက
နေနိူင်လိုက်တာဆိုတာ
သိပ်ကြားရတာဘဲ
အဲ့ဒါသိဖို့ အကြောင်းတခု ဖြစ်လာတတ်သေးတယ်
ဘေးဝိုင်းက တခုခုလှမ်းခေါ်တာကို
သူကပါမနေနိူင်မထိုင်နိူင်
Waiter တွေကိုခေါ်ပေးတတ်ရင်
ဘာမှစဥ်းစားမနေနဲ့တော့
ယူသာယူပစ် စိတ်အေးရပြီလေ .

No. 5
စီးပွားရေးဆိုတာ
အိမ်ထောင်ရေးမှာမရှိမဖြစ်
လိုအပ်ချက်

ကြားဖူးတယ်မလား ?
" မပြည့်စုံမူက တံခါးခေါက်လာရင်
အချစ်ဆိုတာကြီးက
နောက်ဖေးပေါက်ကထွက်ပြေးရော " တဲ့လေ

ဆိုင်လေးက မကျဥ်းတကျဥ်းဆိုတော့
ဆိုင်က manpower အားလုံးရဲ့
စီမံဆောင်ရွက် management
လုပ်နေတာကို ကိုယ့်လူက
ကိုယ့်ကိုလည်းကြည့်
သူတို့ကိုလည်းစိတ်ဝင်တစား
လိုက်ကြည့်နေရင်တော့
အိမ်ထောင်ဖက်တော်ဖို့
စိတ်သာချလိုက်တော့

တသက်လုံး
ကိုယ်ချစ်တဲ့သူနဲ့
ပြည့်ပြည့်စုံစုံတွေရော
ကြင်ကြင်နာနာတွေရော
ဘဝခရီးရှည်ကြီး
လက်တွဲလျှောက်လို့ရပြီပေါ့

အဲ့ဒါကြောင့်
First date ကို ဧရာဝတီကိုသာ
ခေါ်လာခဲ့ ...
လိုအပ်ရင်ပြော
တဆိုင်လုံး ဝိုင်းရှိူးပေးမယ်
အကဲခတ်ပေးမယ်
ကြိုလာပြောထားကြ 😁

( အောက်ကပုံထဲကလို
ကိုရေပျော် ဆိုရင် သိပ်ပျော်ရမှာ 🤣)

26/04/2026

ဆန်ခေါက်ဆွဲတိုင်းက
အလိုက်ဖက်ဆုံးက
" ရွှေပဲရွက် "
ဒုတိယ အလိုက်ဖက်ဆုံး
အနံ့အရသာအရှိဆုံးက
" ကြက်သဟင်းရွက် " ပါ
အာဟာရတန်ဖိုးကလည်း
အမြင့်ကြီး ... စျေးကနေ ဒါတွေရလာတဲ့နေ့ဆို အလိုလိုပျော်နေမိတာ
ခေါက်ဆွဲတွေပြင်ဆင်ပေးရင်း
ကိုယ်ပါ သွားရည်ယိုရတယ်
😇

သိပြီးပြီလား? လူအများစုက သံဓာတ်ပြည့်ဝဖို့ အမဲသားကိုပဲ အားကိုးလေ့ရှိကြပေမဲ့ တကယ့်တကယ်တော့...
"ကြက်သဟင်းရွက်" ဟာ အမဲသားထက် သံဓာတ်ပမာဏ ပိုမိုကြွယ်ဝစွာ ပါဝင်နေပါတယ်။
သံဓာတ်ပမာဏ နှိုင်းယှဉ်ချက် (၁၀၀ ဂရမ်ချင်း တူညီလျှင်)
အာဟာရတန်ဖိုးအရ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိသိသာသာ ကွာခြားတာကို တွေ့ရမှာပါ -
• အမဲသား: သံဓာတ် ၂.၆ မီလီဂရမ် ခန့်သာ ပါဝင်ပါတယ်။
• ကြက်သဟင်းရွက်: သံဓာတ် ၁၅.၇ မီလီဂရမ် အထိ ပါဝင်ပါတယ်။
ဒါဟာ အမဲသားနဲ့ယှဉ်ရင် ၆ ဆနီးပါး ပိုများနေတာကြောင့် အပင်ထွက်အစားအစာတွေထဲမှာ သံဓာတ်အကြွယ်ဝဆုံး အရင်းအမြစ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဈေးနှုန်းသက်သာပြီး အလွယ်တကူ ရရှိနိုင်တဲ့ ဒီအရွက်ကို စားသုံးပေးခြင်းဖြင့် အောက်ပါကောင်းကျိုးများကို ရရှိနိုင်ပါတယ် -
• ✅ သွေးအားကောင်းစေခြင်း: သွေးနီဥဆဲလ် ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး သွေးအားနည်းရောဂါ (Anemia) ကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။
• ✅ အရိုးနှင့် သွားများ ခိုင်မာစေခြင်း: ကယ်လ်စီယမ် (Calcium) ဓာတ်ကြွယ်ဝလို့ အရိုးပွခြင်းကို တားဆီးပေးပြီး သွားတွေကို သန်မာစေပါတယ်။
• ✅ ကိုယ်ခံအားစနစ် မြှင့်တင်ပေးခြင်း: ဗီတာမင် A၊ C နဲ့ Antioxidants တွေ ပါဝင်တာကြောင့် ရောဂါဘယတွေကို တိုက်ဖျက်နိုင်စွမ်း ရှိပါတယ်။
• ✅ အစာခြေစနစ်ကို အားပေးခြင်း: အမျှင်ဓာတ် (Fiber) ပါဝင်မှုမြင့်မားလို့ ဝမ်းချုပ်ခြင်းကို ကင်းဝေးစေပြီး အူလမ်းကြောင်းကို သန့်စင်ပေးပါတယ်။
ခံတွင်းမြိန်စေမည့် ချက်ပြုတ်နည်းလမ်းများ
ခါးသက်သက်အရသာရှိပေမဲ့ နည်းစနစ်ကျကျ ချက်ပြုတ်မယ်ဆိုရင် အရမ်းကို ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက် ဖြစ်လာမှာပါ -
1. ကြက်ဥနှင့် ရောကြော်ခြင်း: ခရုဆီ၊ ကြက်သွန်ဖြူတို့နဲ့ ဆီသတ်ပြီး ကြက်ဥထည့်ကြော်ရင် ကလေးရော လူကြီးပါ နှစ်သက်မယ့် အရသာရရှိမှာပါ။
2. အသားနုတ်နုတ်စင်း ဟင်းချို: ဝက်သား သို့မဟုတ် ကြက်သားနုတ်နုတ်စင်းလေးနဲ့ ဟင်းချိုချက်သောက်ရင် ခံတွင်းရှင်းပြီး လန်းဆန်းစေပါတယ်။
3. ငါးခြောက်/ပုစွန်ခြောက်နှင့် ချဉ်စပ်ဟင်း: ငါးခြောက်လေးခပ်ပြီး ချဉ်စပ်ဟင်းအဖြစ် ချက်စားရင်လည်း မြိန်ယှက်စေပါတယ်။
4. တို့စရာအဖြစ် စားသုံးခြင်း: အစိမ်းလိုက်ဖြစ်စေ၊ ရေနွေးဖျောပြီးဖြစ်စေ ငရုတ်သီးထောင်း၊ ငါးပိရည်တို့နဲ့ တွဲဖက်စားနိုင်ပါတယ်။
ဒီလို အကျိုးကျေးဇူးများတဲ့ ကြက်သဟင်းရွက်အကြောင်းကို မိသားစုနဲ့ သူငယ်ချင်းတွေ သိအောင် မျှဝေပေးလိုက်ပါဦးရှင်။

17/04/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ...

အချိန်တွေတော့
ပြောင်းလဲသွားပေမယ့်
မပြောင်းလဲတဲ့အရာကတော့
ဧရာဝတီတို့ရဲ့ ကိုယ်ပိုင်အရသာ နဲ့
Customers တို့ရဲ့ ယုံကြည်မူ
ဖြစ်ကြမူပါဘဲ ...

နှစ်ရှည်လများစွာ အတူလက်တွဲခဲ့ကြတဲ့ ဧရာဝတီရဲ့
🤍🧡 မိတ်ဆွေအပေါင်း
❤🤍 Supplier အပေါင်း
💛💛 ကိုယ် Team ကလုပ်ဖော်ကိုင်ဖက်များ အားလုံး

နှစ်သစ်မှာ
စိတ်ချမ်းသာပြီး
ကျမ်းမာပျော်ရွင်မူများနဲ့
အောင်မြင်မူအသစ်
စည်းစိမ် ဓန ပညာအသစ်များ
ပြည့်ဝပါစေလို့
လေးစားတန်ဖိုးထားစိတ်နဲ့
ဆုတောင်းပေးလိုက်ပါတယ်

လာမယ့်နေ့ရက်တွေမှာလည်း
အရသာတစ်ခွက်ချင်းစီထဲမှာ
အာရုံစိုက်မူ နဲ့ ချစ်ခင်မေတ္တာကို
ထဲ့သွင်းပြီး အတူဆက်လက်
လျှောက်လှမ်းသွားကြမယ်လို့
ဆန္ဒပြုလိုက်ရပါတယ်

#မင်္ဂလာနှစ်သစ်ပါနော်
#ရိုးရာအစားစာများ
#ရန်ကင်းမြို့နယ်
#ကယန်းချက်ကြက်သားခေါက်ဆွဲ

15/04/2026

to
Breakfast --> Breakfast

သင်္ကြန်တွင်း အနားယူရင်း
ဒါလေးပြောပြချင်သွားတယ်
ကျမတို့ method လေး
Share ပေးတာပေါ့

အိမ်တော်တော်များက
စျေးဝယ် - ပြင်ဆင် - ချက်ပြုတ်
ဒီသုံးခုကို တစ်ရက်ထဲလုပ်လေ့ရှိကြတယ်

အဲ့နည်းကြောင့်
ချက်ပြုတ်သူတိုင်းက
အရသာရှိရှိမစားနိူင်ဘူးပေါ့
အိမ်ကအမေဆိုလည်း
မောသေးတယ်
မစားသေးဖူးတဲ့ 😢...

ကျမတို့နည်းက
သားငါးလာရင် အရသာနှပ်
Chiller ထဲခဏ
Frezeer ထဲသိမ်းထားပါတယ်

ထောင်းထုတာ
ကြက်သွန်နီကြော်
အသီးရွက်သင်
အိတ်နဲ့ချွေပြုပြီးထဲ့
ငရုပ်သီးဆိုအညှာချွေ
ဗူးထဲ စက္ကူ tissue ခံပြီးထဲ့
တပါတ်ခံပါတယ်

အဲ့လိုနဲ့ မနက်ချက်မယ်ဆို
ညကို Freezer ကနေ chillerကို ရွှေ့

မနက်ကတည်းက
မနက်စာစားရင်း
တခါထဲဆက်ချက်သွားရင်
မနက်စာရော
နေ့လည် ညစာပါ ချက်ပြီးသွား
နိုင်ပါတယ်

မုန့်ဟင်းခါးဆိုလည်း
ဆီသတ်နှစ် ....
ကုလားပဲနှစ် ...
ဌက်ပျောအူပြုတ်ရေအေးစိမ်ခဲထား
ရေနွေးတည် တခုပြီးတခု
ဖောက်ထဲ့ ၁၅ မိနစ်ဆို
ဝေလသီချင်းလို
အလိုလိုလွမ်းရင်းကျက်ပါပြီ 😁

အိမ်ရှင်မတွေ အတွက်
အိမ်သားတွေနဲ့တူတူ
ရုပ်ရှင်ကြည့်ပါ
ရေနွေးထိုင်သောက်ရင်း
စကားစမြည်ရယ်မောနေပါ
မီးဖိုထဲချည်း အချိန်ကုန်မခံပါနဲ့

အိမ်သားတချို့မနိုးခင်ချက်ထား
သူတို့နိုးလာရင်
ရှိူးစမိုးနဲ့
သူငယ်ချင်းတွေလို
ရီကာမောကာနေပါ
ဘဝကိုဖြတ်သန်းပါ

ကိုယ့်ကိုကိုယ်
အိမ်ထောင်တာဝန်နဲ့ချည်း
မနစ်မျှောပါနဲ့လို့
ဒီလို အသက် 56 နှစ်
ခေး သုံးယောက်အမေက
လက်ဆင့်ကမ်းပါတယ်

( အောက်ကပုံက
တနှစ်လုံး အားလုံးရဲ့
Breakfast ကိုသာယာအောင်
ဖန်တီးပေးရတဲ့
Chefs တယောက်ရဲ့
လက်စားချေ အနေနဲ့
Sedona ရဲ့ Breakfast ကို
ဇိမ်ရှိရှိ လက်ဆေးပြီး
သွားစားလာတာပါလို့ ...😁)

Telephone

Website

Address


No 16, Kyauk Kone Road, Yankin
Yangon

Opening Hours

Monday 06:00 - 11:30
Tuesday 06:00 - 11:30
Wednesday 06:00 - 11:30
Thursday 06:00 - 11:30
Friday 06:00 - 11:30
Saturday 06:00 - 11:30
Sunday 06:00 - 11:30

Alerts

Be the first to know and let us send you an email when Princess Irrawaddy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.