Wai Yan

Wai Yan

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wai Yan, Real Estate, Yangon.

17/10/2023

မိမိကိုယ်ကို ဒီမေးခွန်းလေးတွေ မေးကြည့်ပါ။

1️⃣ ဘဝမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ ပြဿနာတွေ အဖြေရှာမရတာတွေ ကြုံလာတဲ့အခါ ... တနေရာရာ သို့မဟုတ် တဦးတယောက်စီကနေ အားကိုးရာ ရှာမိလား။ ( YES or NO )

2️⃣ မိမိရဲ့ဘဝကို မိမိကိုယ်တိုင်မကိုင်တွယ်နိုင်ဘူးလို့ တွေးမိပြီး ကိုယ့်ကိုကိုယ် အားမရဖြစ်မိလား။ ( YES or NO )

3️⃣ အကျဉ်းအကြပ် အခြေအနေနှင့်အချိန်အခါ ကျရောက်တိုင်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်လေ့ရှိလား။ ( YES or NO )

4️⃣ ညအိပ်ယာဝင်ချိန်တွေမှာ "ငါ့ဘဝဒီတိုင်းကြီးဆက်သွားလို့မဖြစ်ဘူး" ၊ "ငါဘာဆက်လုပ်ရမလဲ" ၊ "ဘယ်လိုနည်းလမ်းတွေရှာရမလဲ" ၊ "ငါဒီပုံစံအတိုင်းဆက်မနေနိုင်ဘူး" စတဲ့ အတွေးများဖြင့် တိုးတက်ကောင်းမွန်စေမယ့် ထိရောက်တဲ့အပြောင်းအလဲတခုကို မျှော်လင့်တောင့်တနေလား။ ( YES or NO )

5️⃣ မိမိကိုယ်ကို ယခုအခြေအနေနှင့်အချိန်အခါထက် ပိုသာလွန်တဲ့ စိတ်ချမ်းသာပျော်ရွှင်မှုတွေ ပေးချင်လား။ ( YES or NO )

အထက်ပါ မေးခွန်းငါးခုမှာ တခုလောက်ကိုသာ YES လို့ ဖြေခဲ့ရုံနဲ့ ဒီသင်တန်းကို လုံးဝ လက်လွှတ်မခံသင့်တော့ပါဘူး။
..................................................
ဘယ်လိုလူတွေ မတက်သင့်ဘူးလဲ ❌

1️⃣ Mental စိတ်ပိုင်းဆိုင်ရာနယ်ပယ်အား စိတ်မဝင်စားသူတွေ ၊
2️⃣ Spiritual စိတ်ဝိဉာဉ်နယ်ပယ်အား စိတ်မဝင်စားသူ‌တွေ ၊
3️⃣ မိမိကိုယ်ကို အားမကိုးချင်သူတွေ ၊
4️⃣ Action လက်တွေ့လုပ်ဆောင်ချက်တွေကို လိုက်မလုပ်ချင်သူ‌တွေ ၊
5️⃣ စိတ်တံခါးကိုပိတ်ထားပြီး အတွေးအခေါ်အသစ် အယူအဆအသစ် ရှုထောင့်အသစ်တွေကို မသင်ယူချင်သူတွေ ။
................................................
ဘယ်လိုလူတွေ တက်ရောက်နိုင်သလဲ ✅

1️⃣ သင်ခန်းစာအားလုံးကို မြန်မာလို သင်မှာဖြစ်တဲ့အတွက် English စကားမတတ်လည်း တက်ရောက်နိုင်ပါတယ် ၊
2️⃣ Energy work, Spiritual work တွေမှာ အတွေ့အကြုံ လုံးဝ မရှိသူတွေလည်း တက်ရောက်နိုင်ပါတယ် ၊
3️⃣ Energy work, Spiritual work တွေမှာ ခြေလှမ်းထားပြီး အတွေ့အကြုံ အတန်အသင့်ရှိသူတွေလည်း တက်ရောက်နိုင်ပါတယ် ၊
4️⃣ အင်တာနက်ချိတ်ဆက်နိုင်ပြီး Facebook အသုံးပြုနိုင်လျှင် တက်ရောက်နိုင်ပါတယ် ၊
5️⃣ မိမိဘဝမှာ Tools တွေကို ပြန်လည်၍ လက်တွေ့အသုံးချမယ်ဆိုလျှင် တက်ရောက်နိုင်ပါတယ်။
...................................................
သင်တန်းကို တာဝန်ယူမှာက ဘယ်သူလဲ❓

ခန့်ဇေယျာဟိန်း ( ဆရာခန့် ) သည်
Client များ၏ဘဝ၌ ကောင်းကျိုးချမ်းသာရလာဒ်များ ပိုမိုတိုးတက်ရရှိစေရန်
Coaching ပညာရပ်များကို အသုံးချ၍ Coach အဖြစ် လေးနှစ်တာ ရပ်တည်နေဆဲဖြစ်ပြီး

အထူးပြုနယ်ပယ်တရပ်အနေဖြင့်
Client များ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်နှင့် Energy Field မှ Energy Block ( စွမ်းအင်ဘလော့ခ် ) များအား ရှာဖွေဖော်ထုတ်၍သန့်ရှင်းခြင်းအား ပြုလုပ်ပေးနေသည်မှာ နှစ်နှစ်တာ ကာလ ရှိခဲ့ပါပြီ။

ယခု 2023 တွင်
1️⃣ ၁၂ လတာ Group Clearing Event အဖြစ် "12 Months GCE" သင်တန်း
2️⃣ လေးပတ်တာ "1:1 Unlimited Abundance" သင်တန်း
3️⃣ ခြောက်လတာ "1:1 VIP Client Program" သင်တန်း
4️⃣ လေးပတ်တာ "1:1 Intuitive Living Life Upgrade" သင်တန်း
5️⃣ 1:1 Intuitive Energy Clearing Session
6️⃣ 1:1 Intuitive Tarot Coaching Session
7️⃣ 1:1 Intuitive Consultation Session

စတဲ့ service ခုနှစ်မျိုးကို Client များအား အဆက်မပြတ် ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။.................................................

DIAMOND IN THE ROUGH 💎
Energy, Human Power : Online Class
သင်တန်းကြေး = သုံးသောင်းကျပ်
ဘဝတသက်တာသုံးရမယ့် Tools 14 ခု။

မနက်ဖြန် 18th Oct မှာ သင်တန်းစတင်မှာဖြစ်ပြီး စုစုပေါင်း သင်တန်းကာလ ၁၄ ရက်ကြာမြင့်ပါမယ်။

သင်ခန်းစာများကို အသံဖိုင်များဖြင့် သင်ကြားပေးမှာဖြစ်ပြီး ... မိမိအားလပ်ချိန် အချိန်မရွေး ပြန်လည်နားဆင်၍အလုပ်လုပ်နိုင်ပါတယ်။

သင်ခန်းစာများကို လေ့လာသင်ယူဖို့ တနေ့လျှင် ၁၅ မိနစ် မှ ၃၀ မိနစ်သာ အချိန်ပေးရန်လိုအပ်ပါတယ်။
..................................................

Always Remember,

"ယုံကြည်ပါ ၊ စတင်လိုက်ပါ ၊ ထို့နောက် သင်လုပ်နိုင်တယ်ဆိုတာ သိလာပါလိမ့်မယ်"

Many Blessings 💛✨

12/10/2023

How to check !!!!
ကျနော်အခုပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ ကျနော့်ရဲ့clients တွေ၊ ကျနော့်pageရဲ့followersတွေအတွက် မိမိကိုယ်ကို မိမိမှာရှိတဲ့ energy blockတွေကို ဘယ်လိုစစ်ဆေးမလဲ ဆိုတဲ့ ါကြောင်းအရာကိုရှင်းပြပေးသွားမှာ ဖစ်ပါတယ်..ကျနော်အရင်ရက်တွေတုန်းကလဲ energy blockဆိုဆာဘာလဲ /energy blockဇစ်မြစ်ကြီး၄ခုအကြောင်းကို ပြောပြခဲ့ပီးဖစ်ပါတယ်။
ကျနော်တို့ ကမ္ဘာပေါ်ရှိလူသားတိုင်းမှာ energy blockအနည်းဆုံးတစ်ခုစီရှိတတ်ကြပါတယ်…energy blockမရှိတဲ့ လူသားရယ်လို့ မရှိနိုင်ပါဘူးး အဲ့ဒီenergy blockတွေကို ကျနော်တို့ကအဆင့်၃ဆင့်နဲ့ စစ်ဆေးနိုင်မှာပဲဖစ်ပါတယ်။
Step-1️⃣မှာ ကိုယ့်ရဲ့ဘဝ မှာ ဘယ်ကဏ္ဍကိုစစ်ဆေးချင်တာလဲ ?ကဏ္ဍတစ်ခုကိုအရင်ဆုံးရွေးထုတ်ရမှာပါ…
Step-2️⃣ကကြတော့ရှေ့မှာ ကိုယ်ရွေးချယ် ထားတဲ့ ကဏ္ဍမှာကိုယ့်စိတ်တိုင်းကျ အလုပ်ဖစ်နေရဲ့လား ? အလုပ်ဖစ်တယ် ဆိုရင် အဖြေကတော့ Yes or No ရှိတဲ့အထဲမှ..ကျနော်ကတော့ Noနဲ့ ပြောပြမှာပဲဖစ်ပါတယ်..No လို့ဖြေထားရင်ထပ်မေးရမယ့်မေးခွန်းက
Step-3️⃣အနေနဲ့ ငါဟာငါ့ဘဝရဲ့ငွေကြေးကဏ္ဍမှာ ငါ့ကို အကျိုးမဖစ်ပဲ ပိတ်ဆို့ တားဆီးဆနဲ့ အတွေးအခေါ်၊ အယူအဆ၊ ယုံကြည်မှုတွေက ဘာတွေလဲ ?
ကျနော်အခုပြောပြပေးခဲ့တာကတော့ လူတစ်ယောက်ရဲ့ဘဝမှာ ကဏ္ဍအသီးသီးရှိတဲ့ အနက်မှ ငွေကြေးကဏ္ဍနဲ့ ဥပမာထားပြောပြပေးခဲ့တာပဲဖစ်ပါတယ်။
ကျနော်တို့ လူသားတွေမှာကဏ္ဍပေါင်းများစွာရှိတဲ့ အထဲမှလူသားတွေကအများဆုံးကဏ္ဍသုံးခုနဲ့ပြဿနာရင်ဆိုင်နေရပါတယ်။ထို့သုံးခုထဲမှာ ကျနော်ကငွေကြေးကဏ္ဍကိုအပေါိမှာ ဥပမာထားရှင်းပြခဲ့ပီးဖစ်ပါတယ်။
အကုန်လုံးကိုခြုံပီး အချက်၂ချက်နဲ့ ပြန်လည်ရှင်းပြပေးရမယ်ဆိုရင် မိမိကိုယ်ကို အရင်ဆုံးမေးခွန်း လေးတွေမေးရမှာ ပဲဖစ်ပါတယ်..
အရင်ဆုံး ဘဝရဲ့အခန်းကဏ္ဍကိုရွေးထုတ်ရပါမယ်..

-ဒီကဏ္ဍမျာငါဟာ ငါ့စိတ်တိုင်းကျ အလုပ်ဖစ်နေလား ?
နောက်ထပ်မေးခွန်းကို ထပ်မေးဖို့ဆိုရင် အပေါ်မှာ ရှိတဲ့ မေးခွန်းရဲ့ အဖြေပေါ်မူတည်နေပါတယ်.. အကယ်၍Noဆိုတဲ့ အဖြေနဲ့ကျနော်ဆက်ပီး ပြောပြချင်ပါတယ်…
အဲ့တော့
Step-3အနေနဲ့ နောက်ထပ်မေးခွန်းတစ်ခုအနေနဲ့
-ငါ့ရဲ့ဘဝမှာငွေကြေးကဏ္ဍမှာ အလုပ်မဖစ်အောင်ပိတ်ဆို့တားဆီးနေတဲ့ အတွေးအခေါ် ၊အယူအဆ၊ ယုံကြည်ချက်တွေက ဘာတွေဖစ်မလဲ ?
အဲ့တော့ အဓိကအားဖြင့်က မေးခွန်း၂ ဆင့်ပါပဲ..
အဓိကလုပ်ရမယ့် ခြေလှမ်း က step 3ဆင့်ပါပဲဖစ်ပါတယ် …

10/10/2023

What is energy block ?

Energy blockအကြောင်းကိုစပီးပြောပြ
ရမယ်ဆိုရင်သူ့မှာ အပိုင်း(၂)ပိုင်းရှိပါတယ်။အဲ့ဒီအပိုင်း(၂)ကတော့
➡️Energy
➡️block တို့ပဲဖြစ်ပါတယ်။
ပထမဆုံးပြောပြချင်တာကတော့ energyပဲဖြစ်ပါတယ်။Energy မှာမှ လူတစ်ယောက်ရဲ့ energy sources 4ခုရှိပါတယ်။
1️⃣ဦးနှောက်ထဲကအတွေး(thinking)
2️⃣စိတ်ရဲ့ခံစားချက်(emotion)
3️⃣ပြောတဲ့စကား (language)
4️⃣လက်တွေ့လုပ်ဆောင်ချက်(action)
ဆိုပီး ၄မျိုးရှိပါတယ်။လူတစ်ယောက်အတွက်သူ့ရဲ့ energy ကိုပြောပြပါဆိုလို့ရှိရင်
အဲ့ဒီsources 4ခုကိုပြောပြရမှာပဲဖြစ်ပါတယ်။
အခုပြောပြောပြမှကတော့ Energy blockပဲဖြစ်ပါတယ်။Energy blockကိုပြောပြရမယ်ဆိုလို့ရှိရင် energy blockက လူတစ်ယောက်ရဲ့ energy sources 4ခုက အဲ့ဒီလူတစ်ယောက်ကို ကောင်းကျိုးမပေးပဲနဲ့ ကောင်းကျိုးဖြစ်စေတဲ့အရာတွေကို ပိတ်ဆို့ထားတဲ့အရာကို energy blockလို့ခေါ်ပါတယ်။ဥပမာအနေနဲ့ပြောပြရမယ်ဆိုရင် လူတစ်ယောက်က သူ့ကိုယ်သူ မလှဘူး၊မချောဘူး၊ကြည့်မကောင်းဘူး ဆိုတဲ့ခံစားရတဲ့ ခံစားချက်ရှိတယ်၊ အတွေးအခေါ်ရှိတယ်၊အဲ့တာကိုစိတ်ထဲကပဲဖြစ်ဖြစ်၊ပါးစပ်ကပဲဖြစ်ဖြစ် အဲ့ဒီ မချောဘူး၊ မလှဘူး၊ ကြည့်မကောင်းဘူးဆိုတဲ့စကားကိုပြောလေ့ရှိတယ်။အဲ့ဒီအတွေးအခေါ်၊ခံစားချက်အားလုံးသည် energy blockတွေပဲဖြစ်ပါတယ်။အဲ့ဒီ energy blockတွေက လူတစ်ယောက်အပေါ်အကျိုးသက်ရောက်မှုရှိတယ်။အဲ့ဒီလူကိုဘာဖစ်စေမှာလဲဆိုတော့သူ့ရဲ့ဘဝမှာ သွားလာ၊နေထိုင်ရတာ မပျော်ရွှင်မှုကိုဖြစ်ပေါ်စေတယ်။ဘာလို့လဲဆိုတော့ သူ့ကိုယ်သူမချောဘူး၊ မလှဘူး၊ ကြည့်မကောင်းဘူး၊သူနှစ်သက်နေတဲ့သူကသူ့ကိုပြန်မနှစ်သက်ဘူး၊ သူကအချစ်ရေးမှာ အဆင်ပြေမှာမဟုတ်ဘူး ဆိုတဲ့ အဲ့ဒီအတွေးတွေ၊ပြောစကားတွေနဲ့ သူက blockဖြစ်နေတာပါ။နောက်ထပ် ဥပမာအနေနဲ့ပြောပြရမယ်ဆိုရင် စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ ပြောပြချင်ပါတယ်။အဲ့ဒီလုပ်ငန်းရှင်က သူ့ကိုယ်သူ ငါက စီးပွါးရေးလုပ်တာမကောင်းဘူး၊ ညံ့တယ်၊ မတော်ဘူး၊ငါကစီးပွါးရေးဖြစ်ထွန်းမှာ မဟုတ်ဘူး အဲ့ဒီအတွေးတွေနဲ့ခံစားနေရတယ်။
သူကိုယ်တိုင်ကလဲအဲ့ဒီစကားလုံးတွေပြောတယ် ဆိုပါစို့ အဲ့ဒီအရာတွေအားလုံးကသူ့အတွက်
Energy block တွေပါပဲ။အဲ့ဒီ energy blockတွေရဲ့အကျိုးဆက်ကတော့သူ့ရဲ့စီးပွါးရေးမှာအကျိုးဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းဘူး၊တိုးတက်သင့်သလောက်မတိုးတက်ပဲနဲ့ ဆုတ်ယုတ်မှုတွေနဲ့ကြုံလာနိုင်ပါတယ်။
Energy block ကိုဆက်ပြောရမယ်ဆိုလို့ရှိရင် အဓိကအားဖြင့် လူတစ်ယောက်မှာရှိနေတဲ့ အဲ့ဒီလူတစ်ယောက်ကိုအကျိုးကျေးဇူးမပေးတဲ့ အဲ့ဒီလူရဲ့တက်လမ်းတွေကိုပိတ်ဆို့နေတဲ့၊ အဲ့ဒီလူကို ဘက်စုံ ဆုတ်ယုတ်အောင်နောက်ပြန်ဆွဲချနေတဲ့ သူ့ရဲ့အတွေးအခေါ်၊အယူအဆ၊စိတိခံစားချက်၊သူပြောတဲ့စကားနဲ့သူလုပ်နေတဲ့ action အဲ့တာတွေအားလုံးကို energy block လို့ခေါ်ပါတယ်…

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon