Spicy Mala

Spicy Mala

Share

Spicy Mala Restaurant
Mala Xiang Guo, Hotpot, BBQ, Sichuan & Thai Style Cuisines

Spicy Mala
Mala Xiang Guo, Hotpot & Some Interesting Cuisine

မာလာရှမ်းကော၊ ဟော့ပေါ့ နှင့် အခြား စားဖွယ်စုံများ

Photos from Spicy Mala's post 14/11/2023

မာလာဟင်း လာလာမေးကြတဲ့ customer များအတွက် မာလာဟင်းပွဲလေးပြန်လာပါပြီလို့ 🥰🥰
အရသာပိုင်းကတော့ စိတ်ချသုံးဆောင်နိုင်ပါတယ်ခင်ဗျာ 👍👍👍

စျေးလေးကတော့ ၃၀၀၀/၄၀၀၀/၅၀၀၀/၆၀၀၀ ပါခင်ဗျ

Delivery မှာမယ်ဆိုရင်လည်းပို့ပေးပါတယ်ခင်ဗျ

Spicy Mala
447 မြင်တော်သာလမ်းနှင့်မာန်ပြေ၁၁လမ်းထောင့်၊ ၃ရပ်ကွက် သာကေတ
၀၉-၇၆၄ ၉၆၂ ၈၅၈
၀၉-၇၇၂ ၄၈၈ ၀၈၀

Photos from Spicy Mala's post 26/07/2023

ကျွန်တော်တို့ Spicy Mala (သာကေတ) မှာ

မာလာရှမ်းကော / မောက်ချိုက် ရွေးပွဲများအတွက် ရရှိနိုင်တဲ့ ပစ္စည်းလေးတွေက်ု ချစ်ရတဲ့ မိတ်ဆွေများအတွက် တစုတစည်းတည်း ဖြစ်အောင် စုစည်းပေးထားပါတယ်။

ရွေးပွဲအဖြစ် မိမိနှစ်သက်ရာ ရွေးချယ်ပြီး မှာယူလို့ ရသလို Set Menu ထဲမှာလည်း ထပ်တိုး ပေါင်းထည့်လို့ ရပါတယ် ခင်ဗျ။

ရွေးပွဲများအတွက် မာလာအနှစ်/ မောက်ချိုင်ဟင်းရည်ဖိုး ကို တစ်ပွဲလျှင် နှစ်ထောင်ကျပ် (၂၀၀၀ ကျပ်) ကောက်ခံပါတယ် ခင်ဗျ။

ဆိုင်မှာ ကိုယ်တိုင် စိတ်တိုင်းကျ လာရောက်ရွေးချယ် သုံးဆောင်နိုင်သလို ဖုန်းဆက်မှာတာပဲ ဖြစ်ဖြစ် လိုင်းပေါ်ကနေ ရွေးချယ် မှာယူလို့လည်း ရပါတယ်။

ဆိုင်မှာ လာရောက် သုံးဆောင်မယ်ဆို
Spicy Mala
အမှတ် (၄၄၇) မြင်တော်သာလမ်း
(၃) ရပ်ကွက် (မာန်ပြေ ၁၁ လမ်းထိပ်)
(ခင်မမ ကြားမှတ်တိုင်)
သာကေတမြို့နယ် ရန်ကုန်

ဖုန်းဆက်မှာမယ်ဆိုရင်
09772488080
09764962858
တို့ကို ဆက်သွယ် မှာယူနိုင်ပါတယ်။

Spicy Mala ကို အားပေးတဲ့ မိတ်ဟောင်းမိတ်သစ် အားလုံး ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျ။

ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်းများကိုလည်း ကြော်ငြာပေးဖို့ တောင်းဆိုပါရစေ။

Photos from Spicy Mala's post 12/07/2023

ဆီချက်ခေါက်ဆွဲ ကို ကြက်သားနဲ့ စားမလား …
ဝက်ခြေထောက်ပေါင်း အိအိလေးနဲ့ စားမလား …

Spicy Mala မှာ အကုန်အဆင်ပြေစေရမယ်နော်။

ကြက်သားဆီချက်ခေါက်ဆွဲ - ၁၈၀၀ ကျပ်
ဝက်ခြေထောက်ပေါင်းဆီချက် - ၂၅၀၀ ကျပ်

Spicy Mala
မြင်တော်သာလမ်း နှင့် မာန်ပြေ(၁၁)လမ်းထောင့်
(၃) ရပ်ကွက် သာကေတမြို့နယ် ရန်ကုန်

📲 09764962858

#ဆီချက် #ဝက်ခြေထောက်ပေါင်းဆီချက်

Photos from Spicy Mala's post 09/07/2023

အရသာ ထိထိမိမိ ရှိပြီး မာလာအရသာ ကြိုက်သူတို့ရဲ့ အသည်းစွဲ ချုံကျင်းစတိုင် ငါးမာလာ

Spicy Mala ရဲ့ One of Signature ဟင်းပွဲ ဖြစ်တဲ့ ငါးမာလာကို ထပ်မံမိတ်ဆက်ပေးပါရစေ။

ဒီဟင်းပွဲဟာ စလုံးရဲ့ တရုတ်တန်း (China Town’s People Park Food Court) မှာ မာလာရှမ်းကော၊ မောက်ချိုက်တို့နဲ့အတူ လက်မလည်အောင်ရောင်းရတဲ့ ဟင်းပွဲတစ်မျိုးပါ။

နူးညံ့ပြီးအရသာရှိလှတဲ့ မြန်မာပြည်ရဲ့ထွက်ကုန် ကကတစ်ငါး (သို့) တိလားပီးယားငါး ကို အရွက်၊ ပဲပြား၊မာလာခေါက်ဆွဲတို့ ပါဝင်တဲ့ မာလာအရည်တို့နဲ့ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားပါတယ်။

ငါးတစ်ကောင်လုံး ပါဝင်တာမို့ အနည်းဆုံး ၂ ယောက်ကနေ ၄ ယောက်လောက်အထိ သုံးဆောင်လို့ ရပါတယ်ခင်ဗျ။

မင်မင်တို့ကိုယ်တိုင်လည်း ဆိုင်မှာ ခဏခဏ စားဖြစ်တဲ့ ဟင်းပွဲ မို့ ချစ်ရတဲ့ မိတ်ဆွေများ ကိုလည်း စားစေချင်လို့ပါနော် …

ကကတစ် (ဆိုဒ်ကြီး) ငါးမာလာ - ၂၂,၀၀၀ ကျပ်
ကကတစ် (ပုံမှန်ဆိုဒ်) ငါးမာလာ - ၁၉,၀၀၀ ကျပ်

တိလာပီးယား (ဆိုဒ်ကြီး) ငါးမာလာ - ၁၇,၀၀၀ ကျပ်
တိလာပီးယား (ပုံမှန်ဆိုဒ်) ငါးမာလာ - ၁၅,၀၀၀ ကျပ်

Spicy Mala
မြင်တော်သာလမ်း နှင့် မာန်ပြေ (၁၁)လမ်းထောင့်
(၃) ရပ်ကွက် သာကေတမြို့နယ် ရန်ကုန်

09764962858
09772488080

#ငါးမာလာ #မာလာငါး #မာလာ #ကကတစ် #တိလားပီးယား #သာကေတ

Photos from Spicy Mala's post 01/07/2023

Staff Party အတွက် မာလာရှမ်းကော ၁၃၆ဗူး အော်ဒါ မှာယူပေးသော Seagram Myanmar အဖွဲသားများအား ကျွန်တော်တို့ Spicy Mala မှ ကျေးဇူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

ကြိုက်နှစ်သက်ကြတာ သိရလို့လည်း ဝမ်းသာရပါတယ် ခင်ဗျ။

Seagram Myanmar အဖွဲသားများလည်း အလုပ်အကိုင်အခွင့်အလန်းများ ကောင်းမွန်ပြီး ဆထက်တပိုး တိုးတက်ကြပါစေလို့ ကျွန်တော်တို့ Spicy Mala အဖွဲသားများမှ ဆုမွန်ကောင်း တောင်းပါတယ်။

CHEERS 🥂

03/06/2023

အားလုံး စောင့်မျှော်နေကြတဲ့
ကျွန်တော်တို့ရဲ့ Spicy Mala ဆိုင်ကို

အမှတ် ၄၄၇ မြင်တော်သာလမ်း
(မာန်ပြေ ၁၁ လမ်းထောင့်)
( ခင်မမ ကြားမှတ်တိုင် အနီး)
သာကေတမြို့နယ် ရန်ကုန်

၌ 3 June 2023 မှ စတင် ဖွင့်လှစ်ပြီ ဖြစ်ပါကြောင်း မိတ်ဟောင်းမိတ်သစ် သူငယ်ချင်း အပေါင်းတို့ကို အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျ။

Google Map Location:

Spicy Mala
https://maps.app.goo.gl/QLWeMtUWYX6hu2TR7?g_st=ic

ဖုန်းနံပါတ်

📞 +959764962858

အသစ်လေးကိုလည်း မှတ်ထားပေးကြပါဦးလို့… (အရင်ဖုန်းနံပါတ်က SIM မရတော့လို့ပါ)

ရွေးချယ်စရာတွေ ပိုမိုစုံလင်တဲ့ မီနူး အသစ်လေးကိုလည်း တပါတည်း ထည့်ပေးလိုက်ပါတယ်။

အားလုံးပဲ ပြန်လည် ဆုံတွေ့ကြပါဦးစို့ ……

#မာလာရှမ်းကော #မာလာမောက်ချိုက် #အထောင်း #ဟော့ပေါ့ #ကွေ့တီယို

27/05/2023

ကျွန်တော်တို့ ရဲ့
Spicy Mala ဆိုင်ကို

သာကေတ မြင်တော်သာလမ်း
မာန်ပြေ (၁၁)လမ်းထောင့် သို့

ပြောင်းရွှေ့ပြီး ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ပါကြောင်း မိတ်ဟောင်းမိတ်သစ်အပေါင်းတို့အား အသိပေးအကြောင်းကြားအပ်ပါတယ် ခင်ဗျ။

မာလာရှမ်းကော အပြင် မာလာမောက်ချိုက် နှင့်တကွ တရုတ်ဟင်းလျာများပါ မီနူး စုံလင်အောင် ထည့်သွင်းပေးသွားမှာမို့ လာရောက် အားပေးကြဖို့ ဖိတ်ခေါ်ပါရစေ။

ဆိုင်ဖွငိ့ရက် သေသေချာချာ သိရင် ပြန်ပြီး Update လုပ်ပေးပါ့မယ်နော်။

အားလုံးပဲ ပြန်လည်ဆုံတွေ့ကြပါဦးစို့ …

26/03/2022

အသိပေးအကြောင်းကြားခြင်း

ကျွန်တော်တို့ရဲ့ ၅ နှစ်တာ သက်တမ်းရှိခဲ့ပြီဖြစ်တဲ့ Spicy Mala ဆိုင်ကို (၁/၄/၂၀၂၂) မှ စတင်၍ ခေတ္တရပ်နားမှာ ဖြစ်ကြောင်း အားပေးသူ မိတ်ဆွေ သင်္ဂဟ အပေါင်းတို့အား ဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါတယ်။

ကုန်ကြမ်းပစ္စည်းစျေးနှုန်းနဲ့ အထွေထွေစားရိတ်တွေ ရဲ့ ကမောက်ကမ အခြေအနေအရပ်ရပ်ကြောင့် အခုကာလအတွင်း ခေတ္တရပ်နားထားပြီး အသွင်သစ် Idea အသစ်တွေနဲ့ ပြန်လာပါမယ် ခင်ဗျ။

၅ နှစ်တာ ကာလအတွင်း ကျွန်တော်တို့ Spicy Mala 🌶🌶🌶 မာလာရှမ်းကော ကို စဉ်ဆက်မပြတ် အားပေးခဲ့ကြတဲ့ သူငယ်ချင်းမိတ်သင်္ဂဟ အပေါင်းတို့ အားလုံး အားလုံးကို ကျွန်တော်တို့ Spicy Mala မိသားစု မှ လှိုက်လှဲစွာ ကျေးဇူးအထူးတင်ရှိပါတယ်။

ဆိုင်ပြန်လည် ဖွင့်လှစ်မယ့် အချိန်ကျရင်လည်း ပြန်လည် အားပေးကြပါဦးလို့ ….

08/03/2022

ကျွန်တော်တို့ ရဲ့ အေးခဲပုစွန်တန်ပူရာဗူးတွေ

အိုမား - ပင်လယ်စာလက်လီလက်ကား
ပင်းယ ၁၅ လမ်း ၊ ၅ ရပ်ကွက် တောင်ဥက္ကလာ

မှာလည်း ဝယ်ယူ နိုငိပါပြီ ခင်ဗျ။

စျေးနှုန်းလည်း အတူတူ ပဲ မို့ စိတ်ချစွာ ဝယ်ယူ အားပေးနိုင်ပါတယ်။

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 447, MyinTawThar Road, , (Corner Of ManPyay Street), Ward 3, TharKayTa Township
Yangon
11231

Opening Hours

Monday 10:00 - 21:00
Tuesday 10:00 - 21:00
Wednesday 10:00 - 21:00
Thursday 10:00 - 21:00
Friday 10:00 - 21:00
Saturday 10:00 - 21:00
Sunday 10:00 - 21:00