LogixOwl
Knowledge sharing about hacking, programming, and other iT fields...
28/02/2023
Phishing Alert !!!
ဒီလို Page Name နဲ့ mention လုပ်လာရင် Link ထဲမဝင်ဖို့ပြောပါရစေ အထူးသဖြင့် Page တွေကို mention ပီး Verify Account လုပ်ခိုင်းနေတာပါ ကိုယ်ကမသိဘဲ Email & Password အမှန်ထည့်မိလိုက်ရင် ကိုယ့်ရဲ့ facebook account access ကို မသမာသူက ရရှိသွားမှာဖြစ်ပါတယ်
Hello !!! မေ့နေကြပီလား Nov တစ်လလုံး အိပ်ပျော်နေတာ ဒီနေ့မှနိုးတယ်:3 ဆိုတော့ Laptop Upgrade လေးတစ်ခုနဲ့ပြန်အစပြုမယ်ဗျာ .... ဒီ Video က PC Setup အကြမ်းစားရှိတဲ့လူတွေ SSD Built-in ရှိပီးသား လဲပီးသားလူတွေအတွက်မဟုတ်ပါဘူး Laptop အဟောင်း
ကိုင်ထားတဲ့လူတွေ Upgrade လုပ်ဖို့ပိုက်ဆံအများကြီးမသုံးနိုင်တဲ့လူတွေအတွက် SSD လဲလိုက်ရုံနဲ့ဘယ်လောက်ထိအဆင်ပြေနိုင်လဲဆိုတာ Before & After ကို Comparison လုပ်ပြထားပါတယ် ... အဲ့တော့ ကျနော့်ရဲ့ Dell Laptop အဟောင်းလေးကို HDD to SSD လဲလိုက်ပါတယ် ... အမျိုးအစားကတော့ 2.5" 256 GB SSD Brand ကတော့ Silicon Power ပါ ဈေးနှုန်းကတော့ 1 သိန်းဝန်းကျင်ပါ
Before
DELL logo to Login Screen - 1 m 24 s
Login Screen to Main - 26 s
Chrome Opening Time - 1 m approx
After
DELL logo to Login Screen - avg 20 s 4.2x
Login Screen to Main - avg 7 s 3.7x
Chrome Opening Time - avg 7 s 8.5x
ဆိုတော့ HDD to SSD လဲပီးတဲ့အခါ Laptop က အသစ်တစ်လုံးနီးပါးလို သွက်သွားတဲ့အတွက် အချိန်ကုန်လည်း ပိုသက်သာသလို productivity လည်းပိုဖြစ်လာတယ်လို့ ခံစားမိပါတယ်
Android နဲ့ ရင်းနှီးသွားရအောင် Click me ဆိုတဲ့ app လေးတစ်ခုရေးကြမယ်
ဒီမှာကတော့ ထူးထူးခြားခြားဘာမှ ပါမှာမဟုတ်ပါဘူး
Click me ဆိုတဲ့ button လေးတစ်ခုပါမယ် သူ့ကိုနှိပ်လိုက်တဲ့အခါမှာ နောက်ထပ် page တစ်ခုကိုသွားမယ် ဒါပါပဲ
26/10/2022
ပရိုဂရမ်းမင်းရဲ့ အမည်ပေးကင်ပွန်းတပ်
Programming language တိုင်းမှာ developer တွေလိုက်နာရမယ့် standard rules ကိုယ်စီရှိကြပါတယ်။ အဲ့ဒီ rules တွေ syntax တွေထဲကမှ Naming conventions လို့ခေါ်တဲ့ variables, classes, functions, interfaces, file names အစရှိတာတွေကို အမည်ပေး ကင်ပွန်းတပ်ခြင်းကလည်း developer တွေအတွက် အရေးပါတဲ့ ဥပဒေသတစ်ခုဖြစ်ပါတယ်။
မလိုက်နာရင် ဘာဖြစ်မှာလဲ?
ဘာမှတော့ မဖြစ်ပါဘူး၊ ဒါပေမယ့် language တစ်ခုရဲ့ standard naming conventions ကို လိုက်နာခြင်းအားဖြင့်တော့ name တစ်ခုကိုမြင်တာနဲ့ ဒါကတော့ constant variable ဖြစ်တယ်၊ ဒါကတော့ class name၊ ဒါကတော့ function စသဖြင့် အလွယ်တကူခွဲခြားသိမြင်နိုင်ပါတယ်။
အဲ့တော့ မေးခွန်းကိုပြန်ဖြေရရင် naming conventions ကိုသေချာမလိုက်နာတဲ့အခါ ကိုယ့်ရဲ့ codes တွေက complex ဖြစ်ပြီး နောင်တချိန် ကိုယ်ပြန်ကြည့်ရင်တောင် confuse ဖြစ်စေပါတယ်။ ဒီတော့ ကိုယ့်ရဲ့ codes တွေက hard to maintain ဖြစ်ပြီး Bad codes ဖြစ်သွားပါတယ်။
a, b, a1, b3, myFunction(), PERSONclass, … စတာတွေကတော့ bad naming examples တွေလို့ ပြောနိုင်ပါတယ်။
ဟုတ်ပြီ၊ ဘယ်လို လိုက်နာရမှာလဲ?
ပထမဆုံးအနေနဲ့ အသုံးများတဲ့ case types တွေကို ဥပမာနဲ့ သုံးသင့်တဲ့နေရာတွေကို ပြောပြေပေးသွားပါမယ်။ (language အပေါ်မူတည်ပြီး ပြောင်းလဲမှုတွေလည်းရှိနိုင်ပါတယ်၊ ဒါကြောင့် ဒီ မှာကတော့ Java, Kotlin, Android ကို ဦးတည်ပြီး ပြောပြမှာဖြစ်ပါတယ်)
1. Camel Case (camelCase)
First letter ကို small letter နဲ့စရပါတယ်။ တကယ်လို့ name က word တစ်ခုနဲ့မပြည့်စုံရင် နောက်ထပ် word တွေရဲ့ အစ စာလုံးကို capital letter နဲ့ လိုက်ပေးရပါတယ်။
Examples - age, firstName,findViewById.
များသောအားဖြင့်တော့ variable names တွေ function names တွေမှာ အသုံးပြုလေ့ရှိပါတယ်။
2. Pascal Case (PascalCase)
ဒါကတော့ camel case လိုပဲ ဒါပေမယ့် first letter က အစ capital letter နဲ့ စပြီး word တိုင်းရဲ့ အစမှာ captial letter သုံးပေးရပါတယ်။
Examples - Person, ActivityMain, DefaultUserRepository
များသောအားဖြင့် class names, interface names တွေမှာ သုံးရပါတယ်။ java or kotlin file names ပေးတဲ့အခါမှာလည်း Pascal case ကို သုံးရပါတယ်။
3. Snake Case (snake_case)
သူကတော့ small letter တွေချည်းရေးရပါတယ်။ word တစ်ခုနဲ့တစ်ခု ကြားမှာတော့ underscore (_) ထည့်ပေးရပါတယ်။
Examples - first_name, activity_main.xml
Android မှာဆိုရင်တော့ layout files ကအစ resource files တွေ file name ပေးတဲ့နေရာမှာသုံးရပါတယ်။ Flutter မှာ file name တွေ ပေးရင်လည်း snake_case လေးတွေနဲ့ ပေးရပါတယ်။
4. Macro Case (MACRO_CASE)
သူလည်း snake_case လို word တွေကို underscore (_) နဲ့ဆက်ရပါတယ်။ ဒါပေမယ့် all capital letter ပါ။
Example - MAX_SIZE, DEFAULT_SPEED
သူလည်း များသောအားဖြင့် ကြိုပြီး ကြေညာရတဲ့ variable ဒါမှမဟုတ် constant variable တွေမှာ သုံးပေးရပါတယ််။
5. Kebab Case (kebab-case)
Small letters word တွေကို hyphen (-) နဲ့ ဆက်ပေးရပါတယ်။ (snake_case လို)
Example - container, my-body
သူ့ကိုတော့ css naming တွေမှာ အများဆုံးမြင်တွေ့နိုင်ပါတယ်။
Types တွေကတော့ ဒီလောက်ပါပဲ တခြား types တွေလည်းရှိသေးပေမယ့် အသုံး နဲလို့ ထည့်မပြောတော့ပါဘူး။ ဒီလိုမျိုး case type တွေ ခွဲရေးရုံနဲ့တော့ မပြီးသေးပါဘူး။ နာမည်ပေးတဲ့ အခါမှာလည်း သူ့ကို သုံးမယ့်နေရာနဲ့ အနီးစပ်ဆုံးဖတ်ရလွယ်အောင်၊ နားလည်လွယ်အောင်ပေးဖို့လည်း လိုပါသေးတယ်။
ဥပမာ -
val a = “Mg Mg”
val b = 25
val c = Person(name = a, age = b)
ဒီ Kotlin code ကိုကြည့်မယ်ဆိုရင် a က ဘာလဲ? b က ဘာလဲ? မြင်ရုံနဲ့ မသိနိုင်ပါဘူး။ သူတို့ရဲ့ purpose ကို name ဖတ်ရုံနဲ့ ဘာတွေလုပ်တယ် ဘာတွေရှိမယ် မခန့်မှန်းနိုင်တော့တဲ့အခါမှာ bad code တွေဖြစ်လာပါတယ်။ ဒီဥပမာမှာ code ကို အစအဆုံး သေချာလိုက်ကြည့်မှသာ a က name ကို ဆိုလိုမှန်း b က age ကို ရည်ညွှန်းမှန်း သိရပါတယ်။ ဒါက 3 ကြောင်းပဲ ရှိတဲ့ code snippet လေးမလို့ တကယ့် လက်တွေ့မှာ ရာချီ ထောင်ချီ code တွေ များလာတဲ့အခါမှာ naming က ကကျိုးကကြောင်လုပ်နေရင် တော်တော်လေးကို တိုင်ပတ်ပါတယ်။
တခါတလေမှာ naming ကို မလိုအပ်ပဲ အရှည်ကြီးတွေလည်းပေးမိတတ်ပါတယ်။
ဥပမာ -
val progressBarDashboardLoading: ProgressBar = findViewById(R.id.progressBarDashboardLoading)
ဒီ Android ဥပမာမှာ ဆိုရင်လည်း မလိုအပ်ပဲ naming က သက်တောင့်သက်သာမရှိလောက်အောင်ကို ရှည်လျားလွန်းနေပါတယ်။ ဆိုလိုချင်တဲ့အဓိပ္ပာယ်ကတော့ dashboard screen မှာရှိတဲ့ loading progress bar ပေါ့။ ဒါပေမယ့် ဒီလို pbLoading ဆိုပြီး အတိုရေးမယ်ဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်။ (ဥပမာ ပြခြင်းသာ)
ပြီးတော့ xml မှာ id name တွေပေးရင် (xml သုံးသေးသူများအတွက်သာ 😄) view type ပေါ်မူတည်ပြီး ရေးလေ့ရှိတဲ့ အတိုကောက်လေးတွေရှိကြပါတယ်။
TextView => tv
Button => btn
CheckBox => cb
LinearLayout => ll
Spinner => spn
RadioButton => rb
စသဖြင့် prefix လေးတွေနဲ့ ပေးမယ်ဆိုရင် အများကြီး best practice ဖြစ်စေမှာပါ။
ကဲ မင်မင်လည်းလက်ညောင်းသွားပြီဆိုတော့ ဒီနေ့တော့ ဒီလောက်ပါပဲ။ နောက်အပတ်တွေမှာလည်း Technical contents လေးတွေ Android tutorial or contents လေးတွေ တင်ပေးသွားဖို့ရှိလို့ page ကို follow လုပ်ထားနိုင်ပါတယ်ခင်ဗျ။ အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ရင်း နှုတ်ဆက်လိုက်ပါတယ်။
Laptop အားအဝင် နှေးနေရင် ဒီနည်းကိုကြည့်ပါ
Android project structure တစ်ခုကို အကြမ်းဖျင်း ကြည့်ရအောင်
13/10/2022
Translated Article
ကျနော်တို့ နေ့စဉ်ဘဝမှာ Mobile App ပေါင်းများစွာကိုသုံးနေကြပါတယ် ဒါပေမယ့် အဲ့App တွေက ဘာတွေလဲ အဲ့ App တွေကို develop လုပ်တဲ့နေရာမှာ ဘယ်လိုအမျိုးအစားတွေရှိလဲဆိုရင်ရုတ်တရက်ဆို ဖြေရခက်တတ်ပါတယ်။ စိတ်မပူပါနဲ့ ကျနော်ဒီနေ့မှာ Mobile App မှာ ဘယ်လိုအမျိုးအစား တွေရှိလဲ နဲ့ သူတို့တွေရဲ့ အားသာချက် အားနည်းချက်တွေကိုအကြမ်းဖျင်းပြောပြပေးသွားမှာပါ
Mobile App တွေကိုအမျိုးအစားခွဲကြည့်မယ်ဆိုရင်
1. Native App
2. Web App
3. Hybrid App ဆိုပီးသုံးမျိုးခွဲခြားနိုင်ပါတယ်
အသေးစိတ်ကိုပုံတစ်ပုံချင်းစီအောက်မှာ ဖတ်ရှုနိုင်ပါတယ်ဗျ
ref link - https://clevertap.com/blog/types-of-mobile-apps/
Page Active မဖြစ်တာကြာပီဆိုတော့ content လေးတွေနည်းနည်းပြန်တင်မယ်ဗျာ ခုတလော Android Development နဲ့ပတ်သက်ပီး လုပ်ဖြစ်နေတာဆိုတော့ Android နဲ့ဆိုင်တဲ့ content လေးတွေတင်ပေးချင်တယ်စိတ်ဝင်စားကြလားမသိဘူး
Google Sheets Tutorial အပိုင်း (၈)
ပြလိုတဲ့ Sheets တွေကို public ကို share လုပ်ရင် secure ဖြစ်အောင်ဒီလို share ပါ
အပိုင်း (၁) Video
https://fb.watch/6SsQWcQsz6/
အပိုင်း (၂) Video
https://fb.watch/v/1FrxwUiYj/
အပိုင်း (၃) Functions Basic အကြောင်း
https://fb.watch/v/2Vz-jwwEI/
အပိုင်း (၄) Using VLOOKUP & ISERROR Functions
https://fb.watch/72zCEOtDHj/
အပိုင်း (၅) Using HLOOKUP, TRANSPOSE, ARRAYFORMULA Functions & Data-Validation
https://fb.watch/aYSckmVMSU/
အပိုင်း (၆) How to use Filter in Google Sheets
https://fb.watch/b67nya5cCu/
အပိုင်း (၇) Customized column range ယူနည်းနဲ့ Sorting အသုံးပြုနည်း
https://fb.watch/blZHu3K0lt/
ဒါကတော့ သင်ခန်းစာလိုက်လုပ်မယ်ဆိုရင် Data တွေ Copy ကူးလို့ရအောင် link ချပေးထားပါတယ်
ကိုယ်တိုင် လိုက်လုပ်ကြည့်ပြီး မရတာရှိရင် comment မှာ မေးသွားလို့ရပါတယ်
23/02/2022
Google sheets သင်ခန်းစာ အပိုင်း (၈) ဖြစ်တဲ့ how to share specific sheets securely ဆိုတဲ့ video ကို youtube မှာတင်ပေးထားပါပြီနော်
https://www.youtube.com/watch?v=hVtnGVmCt7c
Fb မှာတော့ မနက်ဖြန် တင်ပေးပါမယ်
Google Sheets Tutorial အပိုင်း (၇)
Customized column range ယူနည်းနဲ့ Sorting အသုံးပြုနည်း
အပိုင်း (၁) Video
https://fb.watch/6SsQWcQsz6/
အပိုင်း (၂) Video
https://fb.watch/v/1FrxwUiYj/
အပိုင်း (၃) Functions Basic အကြောင်းပါ
https://fb.watch/v/2Vz-jwwEI/
အပိုင်း (၄) Using VLOOKUP & ISERROR Functions
https://fb.watch/72zCEOtDHj/
အပိုင်း (၅) Using HLOOKUP, TRANSPOSE, ARRAYFORMULA Functions & Data-Validation
https://fb.watch/aYSckmVMSU/
အပိုင်း (၆) How to use Filter in Google Sheets
https://fb.watch/b67nya5cCu/
ဒါကတော့ သင်ခန်းစာလိုက်လုပ်မယ်ဆိုရင် Data တွေ Copy ကူးလို့ရအောင် link ချပေးထားပါတယ်
https://docs.google.com/spreadsheets/d/1opaUUijkzSKK7RyeedIAq-fiVxtOa4WUCg4zC1VmipQ/edit =2068410945
ကိုယ်တိုင် လိုက်လုပ်ကြည့်ပြီး မရတာရှိရင် comment မှာ မေးသွားလို့ရပါတယ်
Click here to claim your Sponsored Listing.