DreamVerse

DreamVerse

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DreamVerse, Writer, Yangon.

03/10/2025

ကြောင်ဖြူလေး

သောက်လက်စကော်ဖီတွေအေးစက်တဲ့အထိ တွေးတောနေမိတဲ့ မရေမရာအတွေးများစွာရယ် အခန်း အပြင်ဘက် ပြတင်းပေါက် ကို မျှော်ကြည့်လိုက်တဲ့အခါ
မိုးစက်တွေ နဲ့ တိမ်တွေငိုနေကြတယ်
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်လျှက်ပင်
ရှိနေတယ် ထိုအခိုက်တန့်တွေဟာ
အနားမှာဘယ်သူမှ မရှိတော့တဲ့ ခံစားချက်မျိုး

ပျောက်သွားတဲ့ ကျနော့်ကြောင်လေးပြန်လာမလားမျှော်နေမိတယ် အဲ့ကြောင်ဖြူလေးသာရှိရင် ဒီလိုအထီးကျန်နေလောက်မှာမဟုတ်ဘူးလို့
ဝမ်းနည်းစွာ
နာရီလက်တံတွေရေတွက်နေမိတယ်
လွန်ခဲ့တဲ့လက အတူတူရှိနေစဉ်က သတိမထားမိတဲ့ကြောင်လေးရဲ့ တန်ဖိုးကို
နားလည်စပြုလာတယ်
ဒီလိုအတွေးတစတစနဲ့ မိုးတွေသည်းလာပြန်တယ် ပျောက်သွားတဲ့ကြောင်လေးကိုစောင့်မျှော်နေရင်း အေးစက်စက်ကော်ဖီ
တစ်ခွက်ကိုသောက်နေတဲ့ လူတစ်ယောက်ရဲ့ အထီးကျန် မိုးနေ့အပိုင်းစ တစ်ခု။

june 12/21

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00