AYA Bank

AYA Bank

Share

ဧရာဝတီဘဏ် မှ နွေးထွေးစွာကြိုဆိုပါတယ်။

Your Trusted Partner - စိတ်ချယုံကြည် ဧရာဝတီ

AYA Bank received its banking license from the Central Bank of Myanmar on 2 July 2010 and commenced operations on 11 August 2010, with the opening of the Naypyitaw Head Office.

02/06/2026

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ မိတ်ဆွေများ နှင့် မိတ်ဖက်လုပ်ငန်းရှင်များ၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပိုမိုလွယ်ကူစွာလုပ်ဆောင်နိုင်ရန်အတွက် ၂၀၂၆၊ ဇွန်လ၊ (၂) ရက် (အင်္ဂါနေ့) မှစ၍ ဧရာဝတီဘဏ် စစ်ကိုင်းဘဏ်ခွဲကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာသတင်းကောင်းပါးလိုက်ပါသည်။

ဧရာဝတီဘဏ်၏ ဘဏ်လုပ်ငန်း နှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများအားလုံးကို ယခင်အတိုင်း စိတ်ချယုံကြည်စွာ ရယူနိုင်ဖို့ မိတ်ဟောင်းမိတ်သစ်မိတ်ဆွေများကို ဖိတ်ခေါ်လိုက်ပါသည်။

စစ်ကိုင်းဘဏ်ခွဲလိပ်စာ- ဦးပိုင်အမှတ်- (၃၇/ခ)၊ ပန်းဘဲတန်းရပ်၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။

ဖုန်း- 072-23025 , 072- 23026, 072- 23027, 072- 23028, 072-23029

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

02/06/2026

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ မိတ်ဆွေများ နှင့် မိတ်ဖက်လုပ်ငန်းရှင်များ၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပိုမိုလွယ်ကူစွာလုပ်ဆောင်နိုင်ရန်အတွက် ၂၀၂၆၊ ဇွန်လ၊ (၁) ရက် (တနင်္လာနေ့) မှစ၍ ဧရာဝတီဘဏ် မန္တလေးဘဏ်ခွဲ (၂၀) ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာသတင်းကောင်းပါးလိုက်ပါသည်။

ဧရာဝတီဘဏ်၏ ဘဏ်လုပ်ငန်း နှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများအားလုံးကို ယခင်အတိုင်း စိတ်ချယုံကြည်စွာ ရယူနိုင်ဖို့ မိတ်ဟောင်းမိတ်သစ်မိတ်ဆွေများကို ဖိတ်ခေါ်လိုက်ပါသည်။

ဧရာဝတီဘဏ် မန္တလေးဘဏ်ခွဲ (၂၀) လိပ်စာ- အမှတ် -(၄၁၆)၊ ဦးပိုင်(၂၀)၊ အကွက်အမှတ်- (၁၉၂)၊ ၈၉လမ်း၊ ၂၂ လမ်း x၂၃ လမ်း ကြား၊ သီရိမာလာ အရှေ့ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီး။

ဖုန်းနံပါတ်- 024069134, 024069135, 024069136, 024069137, 024069138

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

01/06/2026

အတူမျှဝေတဲ့ ခရီးလမ်းတွေက ပိုပြီး အဓိပ္ပာယ်ရှိပါတယ် ✨

ဘဝရဲ့ ခရီးလမ်းသစ်တိုင်းကို စိတ်အေးချမ်းသာစွာနဲ့ လျှောက်လှမ်းနိုင်ဖို့ AYA Auto Loan က အတူရှိနေပါတယ်။

အိပ်မက်တွေဆီကို ယုံကြည်စိတ်ချစွာနဲ့ အတူတူ မောင်းနှင်လိုက်ကြရအောင်။

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

Photos from AYA Bank's post 31/05/2026

🏆 “AYA TRI NATIONS CUP 2026” အမျိုးသမီးဘောလုံးပြိုင်ပွဲကြီး၏ Official Kick-Off နှင့် Title Sponsor ၊ Main Sponsor စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် AYA Bank တို့ ပူးပေါင်းစီစဉ်သည့် “AYA TRI NATIONS CUP 2026” Official Kick-Off Event နှင့် Title Sponsor၊ Main Sponsor စာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို မေလ (၃၀) ရက်နေ့က သုဝဏ္ဏ ဘောလုံးကွင်း၌ အသင်းသားများ၊ တာဝန်ရှိသူများနဲ့ အတူအောင်မြင်စွာ ကျင်းပခဲ့ပါသည်။

အခမ်းအနားမှာ Title Sponsor ဖြစ်သည့် AYA Bank ၏ Chief Executive Officer ဖြစ်သူ ဒေါ် Jasmine သဇင်အောင်က ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ပူပေါင်းခဲ့ခြင်း ရည်ရွယ်ချက်နှင့် တဖက်တလှမ်းမှ ပံ့ပိုးကူညီရန် အခွင့်အလမ်းရရှိခြင်းအတွက် ကျေးဇူးအထူးတင်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

AYA Bank မှ Title Sponsor အဖြစ်လည်းကောင်း၊ AYA Pay မှ Main Sponsor အဖြစ်လည်းကောင်း ပါဝင်ပံ့ပိုးထားသည့် သဘောတူစာချုပ်ကို AYA Bank မှ Chief Executive Officer ဒေါ် Jasmine သဇင်အောင် နှင့် ဦးနေလင်းထွဋ် (Chief Business Officer)၊ Myanmar Football Federation မှ ဒုဥက္ကဌ ဦးထိပ်ခွန်နောင်မြင့်ဝေနှင့် အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင် တို့ အပြန်အလှန် စာချုပ်ချုပ်ဆိုကာ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ယခုပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမယ့် Myanmar, Uzbekistan နှင့် Thai နိုင်ငံ လက်ရွေးစဉ်အသင်းများ ၏ သုံးနိုင်ငံကြား အားကစားစိတ်ဓာတ်မှတစ်ဆင့် ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်မယ့် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါသည်။ အထူးသဖြင့် မြန်မာ့အမျိုးသမီး ပရော်ဖက်ရှင်နယ် ဘောလုံးလက်ရွေးစင်အသင်းကြီး အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲစင်မြင့်ထက်ကို လှမ်းတက်နိုင်ဖို့အတွက် AYA Bank အနေနဲ့ ရေရှည် အစဉ်တစိုက် အပြည့်အဝ ပံ့ပိုးကူညီပေးလျက်ရှိပါသည်။

ပွဲစဉ်ဇယားနှင့် ကျင်းပမယ့်ရက်များကတော့
⚽ မြန်မာ vs ဥဇဘက်ကစ္စတန် | ၃ ဇွန်လ ၂၀၂၆ (ညနေ ၅:၀၀ နာရီ)
⚽ ထိုင်း vs ဥဇဘက်ကစ္စတန် | ၆ ဇွန်လ ၂၀၂၆ (ညနေ ၅:၀၀ နာရီ)
⚽ မြန်မာ vs ထိုင်း | ၉ ဇွန်လ ၂၀၂၆ (ညနေ ၅:၀၀ နာရီ)
📍 နေရာ - သုဝဏ္ဏအားကစားကွင်း

ပွဲစဉ်လက်မှတ်များကိုလည်း AYA Pay ကနေတစ်ဆင့် အလွယ်တကူ ကြိုတင်ဝယ်ယူနိုင်ပါပြီ။ AYA Pay နဲ့ ၅,၀၀၀ ကျပ်နှင့်အထက် ပေးချေသူများအတွက်လည်း အမြင့်ဆုံးကျပ်သိန်း (၃,၀၀၀) ဆုမဲကြီးကို ကံစမ်းနိုင်မယ့် "အိပ်မက်တွေ တကယ်ဖြစ်လာဖို့ AYA Pay ကို သုံးကြစို့" အစီအစဉ်၏ Digital Ticket (၁) စောင် ကိုပါ ရရှိနိုင်မှာဖြစ်ပါသည်။

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

29/05/2026

၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ AYA Bank Cup အမျိုးသားဘောလုံးပြိုင်ပွဲကြီးအပြီး ၁၀ နှစ်အကြာ ၂၀၂၆ ခုနှစ်မှာတော့ ... ပိုမိုတောက်ပြောင်တဲ့ အားမာန်တွေနဲ့အတူ “AYA Bank Tri-Nations Cup” အမျိုးသမီးဘောလုံးပြိုင်ပွဲကြီးကို ဧရာဝတီဘဏ်က Title Sponsor အနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ထပ်မံသယ်ဆောင်လာပါပြီ။ 🏆

ရင်ခုန်စိတ်လှုပ်ရှားရမယ့် ပွဲစဉ် (၃) ပွဲနဲ့အတူ ကွင်းထဲမှာ အားမာန်အပြည့်နဲ့ ယှဥ်ပြိုင်ကစားကြမယ့် ပွဲစဉ်ဇယားနှင့် ကျင်းပမယ့်ရက်များကတော့

⚽ မြန်မာ vs ဥဇဘက်ကစ္စတန် | ၃ ဇွန်လ ၂၀၂၆ (ညနေ ၅:၀၀ နာရီ)
⚽ ထိုင်း vs ဥဇဘက်ကစ္စတန် | ၆ ဇွန်လ ၂၀၂၆ (ညနေ ၅:၀၀ နာရီ)
⚽ မြန်မာ vs ထိုင်း | ၉ ဇွန်လ ၂၀၂၆ (ညနေ ၅:၀၀ နာရီ)

📍 နေရာ - သုဝဏ္ဏအားကစားကွင်း

🎟️ လက်မှတ်ဝယ်ယူဖို့ - ပွဲလက်မှတ်တွေကို AYA Pay ကနေတစ်ဆင့် အလွယ်တကူ ကြိုတင်ဝယ်ယူနိုင်ပါပြီ။ လက်မှတ်မကုန်ခင် အမြန်ဆုံးဝယ်ယူထားဖို့တော့ လိုပါလိမ့်မယ် 🙌

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

29/05/2026

ပညာရေး၊ စီးပွားရေးနှင့် အခြား ငွေကြေးဆိုင်ရာ စစ်ဆေးမှုများအတွက် လိုအပ်သော သင့်အကောင့်အတွက် Bank Statement ကို AYA Mobile Banking မှတဆင့် လွယ်ကူစွာ ရယူနိုင်ပါပြီ။ ⬇️

✨ Bank Statement ရယူနည်း
1️⃣ AYA Mobile Banking Home Screen မှ Account ကို နှိပ်ပါ။
2️⃣ အကောင့်စာရင်းထဲမှ Bank Statement ထုတ်ယူလိုသော Account ကို ရွေးချယ်ပါ။
3️⃣ Statement ခလုတ်ကို နှိပ်ပါ။
4️⃣ ရယူလိုသော Statement အတွက် Start Date & End Date ကို ရွေးချယ်ပါ။
5️⃣ သင့် 6-လုံး PIN ကို ထည့်သွင်းပြီး အတည်ပြုပါ။
6️⃣ အောင်မြင်ပါက သင့် Register လုပ်ထားသော Email သို့ PDF Statement ပေးပို့ပါမည်။
7️⃣ ထို့နောက် သင့် Bank Statement ကို အချိန်မရွေး ကြည့်ရှုနိုင်ပါပြီ။ ✅

✨ လွယ်ကူ အဆင်ပြေပြီး အချိန်ကုန်သက်သာစေမယ့် AYA Mobile Banking ဖြင့် အခက်အခဲမရှိ Bank Statement ကိုတိုက်ရိုက်ရယူလိုက်ပါ။

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

28/05/2026

ချစ်ရသူနဲ့ ဖုန်းပြောဖို့လား ?

မိဘတွေကိုပဲ ဖုန်းဘေလ်ဖြည့်ပေးမလား?

အားလုံးအတွက် AYA Mobile Banking က အဆင်သင့်ရှိနေပါပြီ။ ✨

အော်ပရေတာ အားလုံးအတွက် မိမိစိတ်ကြိုက် ရွေးချယ်ပြီး အချိန်မရွေး၊ နေရာမရွေး အလွယ်ကူဆုံး ဝယ်ယူနိုင်ပါတယ်။ 😍

📱 AYA Mobile Banking နဲ့ ဖုန်းဘေလ်ဖြည့်နည်း

· Home Screen မှာရှိတဲ့ Mobile Top-up ကို နှိပ်ပါ။

· ဖုန်းနံပါတ် ရိုက်ထည့်ပြီး မိမိဖြည့်သွင်းလိုသော ငွေပမာဏ ကို ရွေးချယ်ပါ။

· Continue to Review ကိုနှိပ်ပြီး အချက်အလက်များ စစ်ဆေးကာ Confirm Transfer ကို နှိပ်ပါ။

· မိမိရဲ့ Transaction PIN ကို ရိုက်ထည့်လိုက်တာနဲ့ ဖုန်းဘေလ်ဖြည့်ခြင်း အောင်မြင်သွားပါပြီ။ ✅

အဆင့်မြှင့်တင်ထားတဲ့ Digital Experience ကို အပြည့်အဝ ခံစားနိုင်ဖို့ အခုပဲ AYA Mobile Banking ဗားရှင်း အသစ် ကို Download လုပ်ထားလိုက်ရအောင်။

👉 Download Link: https://ayabank.com/ayamobilebankingdl

AYA Bank – Your Trusted Partner 💙

#လွယ်ကူရိုးရှင်း

28/05/2026

ယနေ့ကျရောက်သော အစ္စလာမ်ဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ်အီးဒ်နေ့တွင် ကျန်းမာချမ်းသာပြီး လိုရာဆန္ဒများပြည့်ဝကြပါစေကြောင်း ဧရာဘဏ်မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

Photos from AYA Bank's post 27/05/2026

AYA Mobile Banking ကိုအသုံးပြုပြီး
Credit Card၊ Prepaid Card၊ Debit Card များရဲ့ Card PIN ကို

⏰ အချိန်မရွေး

📍 နေရာမရွေး

လွယ်ကူ၊ရိုးရှင်းစွာ ပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။

အဆင်ပြေမြန်ဆန်တဲ့ Digital Experience နဲ့ Card PIN ပြောင်းလဲသတ်မှတ်နည်း ကို App ထဲကနေပဲ အလွယ်တကူ ပြုလုပ်လိုက်ပါ💙

ပြုလုပ်နည်းအဆင့်ဆင့်ကို အောက်ပါပုံများတွင် ကြည့်ရှု့နိုင်ပါတယ် 🙌

💡 ပိုမိုလုံခြုံ၊ ပိုမိုလွယ်ကူတဲ့ Card Management အတွက်
AYA Mobile Banking ကိုအသုံးပြုလိုက်ပါ

👉 Download Link: https://ayabank.com/ayamobilebankingdl

စိတ်ချယုံကြည် ဧရာဝတီ 💙
Your Trusted Partner

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 416, Maharbandoola Road & Maharbandoola Garden Street, Kyauktada Township
Yangon
111

Opening Hours

Monday 09:30 - 15:00
Tuesday 09:30 - 15:00
Wednesday 09:30 - 15:00
Thursday 09:30 - 15:00
Friday 09:30 - 15:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00