Quiz.Geeks

Quiz.Geeks

Share

General Knowledge General knowledge page လေးတခုပါ။ အသိဗဟုသုတတွေမျှဝေဖို့ပါပဲ။

08/04/2024
20/03/2024

&ambition

ကျွန်တော်တက်ကျမ်းတွေအများကြီးဖတ်ဖူးတယ် တူညီတဲ့အချက်ကရည်မှန်းချက်ကြီးသူ အောင်မြင်သူတွေနဲ့ပေါင်းသင်းဖို့
အားပေးကြတယ် သူတို့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုတွေက ကိုယ့်ဘဝမှာအကျိုးသက်ရောက်ဖို့အတွက်ကြိုးစားကြတယ် ဘာမှမရှိတဲ့ဘဝကနေ ၁၀နှစ်အတွင်းဦးတေဇလိုချမ်းသာရမယ် မချမ်းသာရင်သတ်သေမယ်ဆိုတဲ့ဆန္ဒဇောနဲ့ တောက်လောင်နေသူတွေလဲရှိသလို တွေ့လဲတွေ့ဖူးတယ် ကျွန်တော့်အတွက်ကတော့ ဆန့်ကျင်ဘက်မြင်မိတယ် ရည်မှန်းချက်ဆိုတာကူးစက်ပြန့်ပွားတဲ့
သဘောရှိတယ် ရည်မှန်းချက်ကြီးလွန်းတဲ့သူတွေကို
ဖြစ်နိုင်ရင် ကျွန်တော်ရှောင်တယ်
သူတို့နဲ့အပေါင်းအသင်းဖြစ်သွားရင် သူတို့ရဲ့လမ်းကြောင်းကိုခင်ဗျား
ပြောင်းသွားလိမ့်မယ် တခါမှခင်ဗျားမတွေးဖူးတဲ့အတွေးတွေတွေးပြီး ခင်ဗျားအစစ်က ပျောက်သွားလိမ့်မယ် မရောက်လာသေးတဲ့မနက်ဖြန်အတွက်စိုးရိမ်ပြီး ဖြစ်ချင်တဲ့လောဘဆိုတဲ့စိတ်က ခင်ဗျားကိုတမြေ့မြေ့သတ်နေလိမ့်မယ်
ခင်ဗျားမိဘကဆရာဝန်ဖြစ်စေချင်လို့ ခင်ဗျားအခုဆရာဝန်ဖြစ်နေသလိုပဲ စစ်ဗိုလ်ကြီးဖြစ်စေချင်လို့ စစ်ဗိုလ်ကြီးဖြစ်နေသလိုပဲ ခင်ဗျားမိဘရဲ့အတ္တနဲ့ ရည်မှန်းချက်ကိုဖြစ်မြောက်အောင်ခင်ဗျားက
ဖြည့်ဆည်းပေးနေရတာဖြစ်တယ် အများစုကကိုယ်ဘာဖြစ်ချင်လဲဆိုတဲ့
ကိုယ့်ရဲ့အစစ်အမှန်ကိုရှာမတွေ့ကြဘူး နောက်ဆုံးမှာကျွန်တော်တို့က ကျွန်တော်တို့ရဲ့အစစ်အမှန်တွေပျောက်ဆုံးပြီး ကျွန်တော်တို့ဖတ်ခဲ့တဲ့စာတွေ, ကျွန်တော်တို့ဘဝမှာတနည်းနည်းနဲ့
မသိစိတ်ထဲဝင်နေတဲ့ မိသားစုအသိုင်းအဝိုင်းရဲ့အယူဝါဒတွေက ကျွန်တော်တို့အစစ်အမှန်ဟန်ဆောင်ပြီး ဖုတ်ကောင်တွေလိုဝင်စီးနေကြတယ် လောင်းရိပ်ကြီးတွေ ကိုယ်စီရှိနေကြတယ် ကိုယ့်ရဲ့အစစ်အမှန်ရှာတွေ့တဲ့သူတွေက အရမ်းရှားပါတယ် ကျွန်တော်လဲရှာမတွေ့နိုင်သေးဘူး ရှာဖွေနေတုန်းပဲ
ဒီနေရာမှာဂျီးဇပ်ပြောခဲ့တဲ့စကားတခွန်း အရမ်းနှစ်သက်မိတယ်
ငှက်ကလေးတကောင်က မနက်ဖြန်အတွက်မပူဘူးတဲ့ လူသားတွေကသာ မတော်လောဘဇောတိုက်ပြီး စားဖို့, နေဖို့ရှိနေတာတောင် ကိုယ့်ကိုယ်ကိုယ်
လုံခြုံစိတ်ချမှုရှိတယ်လို့မခံစားရဘူး မစားနိုင်, မအိပ်နိုင် ငါအသုံးမကျခဲ့လို့ကွာဆိုပြီး အတိတ်မှာရှင်သန်နေကြတယ် ဒီလိုလုပ်ရင် တချိန်အကျိုးအမြတ်ထွက်နိုင်မယ်ဆိုပြီး မရောက်သေးတဲ့
မနက်ဖြန်မျှော်ကိုးမှုနဲ့ အနာဂတ်မှာရှင်သန်နေကြတယ် လက်ရှိပစ္စုပ္ပန်မှာလုပ်စရာရှိတာပုံမှန်လုပ်ပြီး ရှင်သန်ဖို့မေ့နေကြတယ်
မရောက်သေးတဲ့အနာဂတ်ကို ကိုယ့်အစစ်အမှန်မဟုတ်ပဲ ရည်မှန်းချက်ထားတာ အန္တရာယ်ကြီးလွန်းပါတယ် ရူးသွပ်ပူလောင်မှုရဲ့မြစ်ဖျားခံရာ အရင်းအမြစ်ဖြစ်တယ် ခင်ဗျားကတခြားလူတယောက်ရဲ့အတ္တကို ကျွေးမွေးနေတာ အခြားလူတယောက်ဖြစ်စေချင်တဲ့ရည်မှန်းချက်ပြည့်အောင်
ကြိုးစားအကောင်အထည်ဖော်နေတာဖြစ်တယ် ခင်ဗျားတချိန် ဘယ်သူမှမဖြစ်လို့လဲ ဘာမှမဖြစ်ပါဘူး ရည်မှန်းချက်မရှိပဲ ကိုယ့်ဘဝကိုအလွတ်လပ်ဆုံး ရှင်သန်လို့ရတယ် ရည်မှန်းချက်ကြီးမားတဲ့လူကသာ
မနက်ဖြန်ဆိုတဲ့နှောင်ကြိုးတွေနဲ့ တုပ်နှောင်ပြီးရှင်သန်နေတာဖြစ်တယ်
တခုလိုချင်တခုပေးရမယ် အနာခံမှအသာစံရမယ်ဆိုတာကတော့
လူတိုင်းသိပါတယ် သက်တောင့်သက်သာရှိမှ,မရှိမှုတော့ကွာမှာပေါ့ ရာခိုင်နှုန်းချကြည့်လိုက်ရင် ဒီဖက်ကပိုအလေးသာပါတယ်
တကိုယ်ရေအမြင်တော့ ရည်မှန်းချက်ကြီးကြီးမားမား မထားတဲ့သူက ပိုပြီးငြိမ်းချမ်းမှုရှိတယ်လို့မြင်မိပါတယ်

Photos from Quiz.Geeks's post 31/12/2023

New Year ကိုပထမဆုံးကြိုကြရမယ့်နိုင်ငံက Kiribati က Kiritimati Island ပါ၊ Christmas Island လို့လည်းလူသိများကြတယ်။ မိုက်စ်တယ် ဒီညနေ 16:30 ဆို 2024ထဲရောက်နေလောက်ပြီ
US territory ထဲက Howland and Baker islands တွေက last တဲ့ နက်ဖြန် Monday 18:30 မှ 2024 ထဲရောက်မှာ။ မဆိုးဘူး သူများထက်အသက်တရက်ပိုငယ်တာပေါ့ 😁😁😁😃😃😃

30/12/2023

March 30, 1867 မှာ US က Russia ကနေ US က Alaska ကိုအလကားနီးနီး ဝယ်ခဲ့နိုင်ခဲ့တယ်။ $ 7.2 million နဲ့ပါ။ အဲ့အကြောင်းတွေကထားပါ။ Louisiana Purchase ဘာညာပါရှိသေး အာ့လည်းတန်တာပဲ။
ခုကတခြားကိစ္စပါ။
Russia က Tomorrow Island နဲ့ US က Yesterday Isle က 3 မိုင်ပဲကွာဝေးပါတယ်။ Isle အသုံးက ပျွန်းအသေးမျိုးပါပဲ ဒါမယ့်သူ့ကိုသုံးရင် နာမည်တခုနဲ့တွဲသုံးကြပါတယ်။ Isle of ဘာညာပေါ့။ ကြားမှာ Bering Sea ပဲခြားတာပါ။ ဒါပေမယ့် သူတို့နှစ်နေရာက time difference က 21 hours ကွာပါတယ်။
ညာကြောင့်လည်းဆိုတော့ Pacific Ocean ကိုဖြတ်တဲ့ International Date Line ရဲ့ တဖက်တချက်စီမှာရှိနေကြလို့ပါ။ Calender အရလည်းကွာသွားတာပေါ့။
ပျော်စရာကြီး သွားလည်ကြပါလား ဒီနေ့ Saturday ဆို ဟိုဘက်ရောက်ရင် Sunday ဖြစ်နေမှာ။

28/12/2023

စာမေးပွဲတီထွင်ခဲ့တဲ့သူထက် နင်ကပိုဆိုးပဲ
🤧🤧🤧

Photos from Quiz.Geeks's post 28/12/2023

ဘာလို့ကွဲနေကြတာလဲ။ အသေးစိတ်လည်းရှာမဖတ်ချင်တော့လို့။ တခါတခါ facts တွေကိုတန်းမယုံသင့်တာတော့အမှန်ပဲ။ အီသီယိုးပီးယားမှာ အဲ့လိုရှိတာ ခုမှကြားဘူးတာပါ။ Just for Knowledge

22/12/2023

ကနေဒါကို Netherland ကခုထိ Tulip bulbs ဟမ် ခေတ္တာပန်းလား နှစ်တိုင်း ထောင်နဲ့ချီပို့နေဆဲပါ။ gift of thankful ပေါ့။ 1944-45 WWII မှာ Netherland Dutch တွေကိုကလွတ်မြောက်ဖို့ကူညီခဲ့တာ ကနေဒါ စစ်သား 7600 ကျော်သေခဲ့ရတာ ခုထိကျေးဇူးမမေ့ဘူးလေ။ လေးစားစရာပါ။

Photos from Quiz.Geeks's post 21/12/2023

Boxing Day
************

Boxing Day ဆိုလို့လက်ဝှေ့ထိုးတဲ့နေ့လို့မထင်လိုက်ပါနဲ့။ အဲ့နေ့တော့ရောက်သေးပါဘူး Dec 26 မှပါ ကြိုရေးတာ။
အမှန်တော့ Boxing Day က Europe ဘက်မှာစပါတယ်။ Servants တွေ နောက်အလုပ်သမားတွေအတွက် အလုပ်ရှင်တွေကလက်ဆောင်ပေးကြတာပါ။
ဟုတ်လည်းဟုတ်သား 25 ရက်နေ့သူတို့ ပါတီ ဘာညာပေးတာ အကုန်ကူလုပ် service ပေးထားရတာလေ။
အဲ့အတွက် အိမ်ရှင်တွေ အလုပ်ရှင်တွေက နောက်နေ့ 26 မှာ သူတို့အလုပ်သမားတွေအတွက် Box တွေပေးလိုက်တတ်ကြတယ် လက်ဆောင်တွေပေါ့။ သူတို့နားရက်နဲ့တကွ မိသားစုတွေနဲ့ Box တွေဖွင့်ပြီးပျော်ကြတဲ့နေ့ပေါ့လေ။ အိမ်ကညီမလေးတယောက်တောင်မိသားစုနဲ့ဆုံကြဖို့ပြန်သွားပြီ။
ခုခေတ်မှာတော့ တမျိုးထူးလာတာတွေက Black Friday လို Boxing Day မှာ Big Sale လုပ်လာကြတယ်။ နောက် အားကစားပွဲတွေပါလုပ်လာကြပါတယ်။




#

19/12/2023

ကမ္ဘာပေါ်မှာ အသေးဆုံး မြို့လေးက Croatia 🇭🇷 မှာရှိတဲ့ HUM ဆိုတဲ့မြို့လေးပါပဲ။
Istra ဆိုတဲ့ County စီရင်စုအောက်မှာရှိတဲ့ Buzet ဒေသန္တရအုပ်ချုပ်ရေးနယ်ထဲ့မှာရှိပါတယ်။
ဧရိယာက 5.0 sq mi ( 13.0 km per square) ရှိပြီး Elevation က ပင်လယ်ရေမျက်နှာပြင်အထက် 1,145 ft ( 349 m ) ရှိပါတယ်။

18/12/2023

When is Kayin New Year?

Kayin New Year is a public holiday in Myanmar observed on the first day of Pyathoe, the tenth lunar month in the Myanmar calendar. This means it usually falls in December or January in the western calendar and can occur in both months in the same year or not at all in some years.

ဒီနှစ် 2023 ရဲ့ကရင်နှစ်သစ်ကူးက မရှိဘူးပြောလို့မရသလို holiday လည်းမရှိပါဘူး။ 2024 ရဲ့ January 11 December 30 မှာပဲရှိမှာပါ။ ပြာသိုလရဲ့ပထမနေ့ကိုယူတာပါ။
ကရင်နှစ်သစ်ကူးကို public holiday အဖြစ်စသတ်မှတ်ခဲ့တာ 2009 မှာပါ ( ငါကိုးတန်းဟ 😝😝😝 ) တကယ်စကျင်းပ ခဲ့တာ 1938 ကတည်းကပါ။ ဗြိတိသျှတွေက ကရင်အမျိုးသားနေ့ Karen National Day တောင်းဆိုကြတာကို နှစ်သိမ့် appeasing လုပ်တဲ့အနေနဲ့စခဲ့ပါတယ်။ 2022 မှာလည်း တနှစ်တည်း ၂ ခါရှိခဲ့ပါတယ်။

Photos from Quiz.Geeks's post 13/12/2023

Dutch, Holland အသင်းနဲ့ အာဆင်နယ် Gunners တို့ရဲ့ဂန္တဝင်ကစားသမား Dennis Bergkamp ကို ဂုဏ်ပြုတဲ့အနေနဲ့ တခါမှမရှိသေးတဲ့ 8 Euro banknote ကိုသူ့ပုံနဲ့ The Royal Enschede printing company ကထုတ်လိုက်ပါပြီ။ သူရဲ့ 1998 ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ Argentina ကိုသွင်းယူခဲ့ဂိုးကို ဂုဏ်ပြုတာလို့သိရပါတယ်။ နိုင်ငံအသင်းမှာ နံပါတ် 8 ကိုဝတ်ဆင်ပြီးကစားခဲ့သူပါ။
အာဆင်နယ် legend ကြီးက နယ်သာလန်အတွက် 79 ကြိမ်ကစားခဲ့ပြီး 37 ဂိုးသွင်းခဲ့ပါတယ်။
ခုသူဟာ Phillip Cocu, Ronald Koeman, Dirt Kuyt နဲ့ Henric Larsson တို့နဲ့အတူ ဘောလုံးအသင်းတခုကို ဝယ်ဖို့ကြိုးစားတာ အဆင်မပြေဘူးလို့သိရပါတယ်။ Wycombe Wanderers ဆိုတဲါအသင်းကို တဖက် အပြိုင်ဝယ်ယူသူကရသွားပါတယ်။
ဘောလုံးအသင်းပိုင်ရှင်ဖြစ်ချင်နေသူပါ။

Edit - ပထမဆုံး Limited အနေနဲ့ ၁၀ ရွက်ကို ရွှေ ၂၃ ကာရက်နဲ့လုပ်ထားတာကို ၂၃ ရက်နေ့မှာ Amsterdam မှာစ release မယ်တဲ့။
Euro ကိုက်ဘူးချင်လက်တာ 😁😁😁

13/12/2023

Psychologically
ကောက်နှုတ်ချက်များအရ (ကိုယ်လည်းမသိဘူး😁)
21 ရာစုမှာ
လူတွေဟာ သူတို့ရဲ့လိင်ကိစ္စကို Relationship တစ်ခုရဲ့
အဓိက အချက်အဖြစ် ခံယူလာကြတယ်။
လူအများစုဟာ သူတို့ရဲ့ Relationship တွေမှာ
အနည်းဆုံးပျှမ်းမျှ သက်တမ်း သုံးလအကြာလောက်မှာတင်
တစ်ဦးနဲ့တစ်ဦး လမ်းခွဲတက်ကြတယ်။
လူတစ်ယောက်ဟာ Relationship ထားတဲ့
အကြိမ်ရေများလာတဲ့အခါ
ခံစားချက်တွေ ရှုပ်ထွေးလာပြီး လူအများစုဟာ
ချစ်ခြင်းမေတ္တာရဲ့ သဘောတရားအစစ်အမှန်ကို
ရှာဖွေပြီး မခံစားတက်ကြတော့ပါ။

🍀ဘယ်သူရေးမှန်းလည်း မသိဘူး🥴

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon