Audio Guide
အော်ဒီယိုလမ်းညွန်
26/04/2026
Karaoke Mini Mixer ရှိရင်လုံလောက်ပြီ။
🔹 Line Amplifier; Amplifier ကိုအသံမြှင့်ပေးနိုင်ခြင်း။
🔹 Wireless Connectivity: Bluetooth စနစ်ဖြင့် ဖုန်း/
Android TV တို့ဖြင့် ချိတ်ဆက်ပြီး သီချင်းနားထောင်
နိုင်ခြင်း။
🔹 3 Bands EQ: Bass/Mid/Treble အသံအနိမ့်အမြင့်
ကို စိတ်ကြိုက်ချိန်ညှိနိုင်ခြင်း။
🔹 Two Amplifer Support: Amplifier နှစ်လုံးကို အသံ
တပြိုင်နက် ပို့ပေးနိုင်ခြင်း။
🔹 Subwoofer Support: Active Subwoofer ဖြင့် ချိတ်
ဆက်အသုံးပြုနိုင်ခြင်း။
🔹 Dual Microphone Input: မိုက်နှစ်လုံးအသုံးနိုင်ခြင်း။
🔹 Digital Echo: သီချင်းဆိုသံလှအောင် ပြုပြင်ပေးသည့်
Echo သံကို အနည်းအများ ချိန်ညှိနိုင်ခြင်း။
🔹 Separate Volume: သီချင်းသံနှင့် မိုက်သံကို သီးခြား
အတင်အချ ချိန်ညှိနိုင်ခြင်း။
🔹 Dual Supply: AC/DC နှစ်မျိုးစလုံးသုံးနိုင်ခြင်း။
🔹 Compact Design: အရွယ်အစားသေးငယ်ပြီး နေရာ
မယူခြင်း။
🚨 အသေးစိတ်သိရှိလိုပါက Messenger ကနေဖြစ်စေ။
Viber ကနေ ဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ စုံစမ်းနိုင်ပါ
သည်။ ငွေကြိုလွဲရန်အဆင်မပြေသူများ ဆိုင်တွင်လာ
ရောက် ဝယ်ယူနိုင်ပါသည်။
💸 160,000Ks (Mini Mixer+ AC Adaptor)
📞 09770145241 (Mobile/ Viber)
🩸 Audio Guide
25/04/2026
သေးတယ်ဆိုကြလို့ပါ။
Audio Guide ရောင်းနေတဲ့ Karaoke Mini Mixer လေး ရဲ့ အရွယ်အစားကို သေးတယ်ဆိုကြလွန်းလို့ ကိုကြီးရွေဘတို့ အသုံးများလှတဲ့ ကိုကြီးပေါက်စီတို့ရဲ့ လက်ထွက် တစ်ခုဖြစ်တဲ့ ZK-MT21 Class D Amplifier လေးနဲ့နိူင်းယှဉ်ပေးထားပါတယ်။
09770145241
Audio Guide
24/04/2026
ငယ်မူငယ်သွေး ပြန်လည်ဖေါ်ထုတ်ကြည့်မိခြင်း။
လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ဝန်းကျင်က သည်းသည်းလှုပ်လေ့
လာဆည်းပူးခဲ့တဲ့ ပညာရပ်တွေကို ခေတ်ပေါ်နည်းပညာရပ်တွေနဲ့ပေါင်းစပ်ပြီး သူငယ်ပြန်ကြည့်မိပါတယ်။ လိုချင်တဲ့ အချက်အလက်တွေကို စုစည်း။ ပုံစံထုတ်ဖို့ စဥ်းစားပြီးတဲ့ခါ Block Diagram ဆွဲချ။ သီအိုရီတွေအရ အဆင့်အလိုက် လိုအပ်တဲ့ တွက်ချက်မူ့တွေအသေးစိတ်လုပ်။ သုံးစွဲမယ့် Component တွေကို သေချာရွေးချယ် ဝယ်ယူရှာဖွေပြီးမှ Schematic ဆွဲ။ PCB Layout နေရာချလိုက်တယ်။ PCB ဆိုဒ်က တစ်ပေကျော်နေတော့ ပုံဆွဲထားတဲ့ Soft Copy ပေးပြီး Board ပြားထုတ်ဖို့အပြင်အပ်လိုက်တယ်။
Board ပြားရောက်လာတော့မှ Component တွေ အဆင့်အလိုက်တစ်ခုချင်းတပ်ဆင်။ Visual Check သေချာလုပ်ပြီးတဲ့ခါ Stage တစ်ခုချင်းစီကို Power up ပြီး Voltage တိုင်းတာစစ်ဆေး။ အားလုံး အဆင်ချောပြီဆိုမှ သက်ဆိုင်ရာ Input တွေကနေ Test Frequency (Sine Wave 1KHz) ပေးသွင်းပြီး မိမိတွက်ချက်ထားတဲ့ ကိန်းဂဏန်း ရလာဒ်အတိုင်းထွက်မထွက် တိုင်းတာစစ်ဆေးကြည့်ပါတယ်။ လွဲချော်မူ့တွေကို ပြန်လည်ဆန်းစစ် ပြုပြင်ရပါတယ်။ အားလုံးအဆင်ချောပြီဆိုတော့ အသံထုတ်ပြီး နားထောင်ကြည့်တဲ့ခါ ထွက်လာတဲ့ ရလဒ်ကတော့ အားရစရာ။ Audio Circuit တွေဆင်တဲ့အခါ (အထူးသဖြင့် Mic Pre Circuit တွေ)အမျိုးမျိုးအဖုံဖုံနဲ့ နေရာပေါင်းစုံကလာတဲ့ Noise တွေ မိမိစက်ထဲ ဝင်
မလာအောင် ဘက်ပေါင်းစုံကနေ သေသေချာချာ တွက်ချက်စီမံရတာက စိန်ခေါ်မူ့အတော်ကြီးပါတယ်။
Circuit ကို Body သံအိမ်ခွံထဲမထည့် Chassis Ground မချထားပဲ အလွတ်စမ်းကြည့်တာတောင် ဘာ Noise မှမပါဘူးဆိူတော့ လက်တည့်စမ်းရကျိုးနပ်ပါတယ်။ နောက်ရက်ကြမှ ရိုက်ထားတဲ့ အသံစမ်း Video File တင်ပေးပါမယ်။ ပြည်ပကနေ စက်တွေတင်သွင်းရတာ ခက်ခဲလွန်းလို့သာ စက်ထဆင်ရတာ ထုတ်လုပ်ပြီးရောင်းချဖို့က ကိုယ်ကလည်း Quality ဆိုကောင်းမှသုံးချင်တာနဲ့ လိုအပ်တဲ့ပစ္စည်းတွေက စုံစုံလင်လင်ဝယ်လို့မရ။ အကြမ်ဖျင်းတွက်ကြည့်တာတောင် ကုန်ကြမ်းဖိုးတင် လက်ရှိကိုယ်ရောင်းနေတဲ့ စက်ထက်တောင် ကုန်ကြစားရိတ်ကပိုများနေလေတော့...............။
Audio Guide
24/04/2026
Amplifier သုံးနေသူတိုင်း ရှိထားရမယ့် Mini Mixer.
အိမ်မှာ Amplifier တွေ။ စပီကာတွေနဲ့ သီချင်းနားထောင်တဲ့ခါ Bass သံပျော့တာ။ Vocal သံဆူညံ့နေတာ။ Treble သံနည်းလို့ Sharp သံပျောက်နေတာ စပီကာနဲ့ Amplifier အသံထွက် မကိုက်လို့ အသံထွက်မလှတာမျိုးတွေကြုံနေမှသာ ဒီစက်ကိုကြားမှာခံသုံးပါ။ ဒီစက်က Amplifier နဲ့ စပီကာကို အလိုက်ဖက်ဆုံးဖြစ်အောင် အသံကိုတွဲချိတ်ပေးပြီး အသံ Colour တွေလှပလာအောင် လုပ်ပေးပါလိမ့်မယ်။
အိမ်မှာ Amplifier တွေ။ စပီကာတွေကို ဖုန်းထဲကသီချင်းတွေ ဖွင့်တဲ့ခါ ဖုန်းကပို့တဲ့ အသံကနည်းနေလို့ Amplifier ကနေ Volume များများလိုက်တင် ပေးရလို့ အသံတွေဆူလာတာ။ ဖုန်းကို ကြိုးတန်းလန်းကြီး ဖွင့်ရလို့အခက်ကြုံနေမှသာ ဒီစက်ကိုကြားမှာခံသုံးပါ။ ဒီစက်က ဖုန်းကို ကြိုးချိတ်စရာမလိုပဲ Bluetooth စနစ်နဲ့ချိတ်ဆက်ပြီး Amplifier ကနေ Volume အများကြီးမတင်ရပဲ အသံကို လိုသလောက်ပေးပို့ပါလိမ့်မယ်။
အိမ်က Amplifier မှာ Subwoofer နဲ့ချိတ်ဖို့ Subwoofer Preout မပါလို့ ကြုံရာအပေါက်နဲ့ထိုးဖွင့်လို့ Woofer သံစစ်စစ်မထွက်တာမျိုးကြုံနေမှသာ ဒီစက်ကို ကြားမှာခံသုံးပါ။
ဒီစက်က Active Subwoofer အသံစစ်စစ်ကိုထုတ်ပေးရုံမက Subwoofer အသံကိုပါလိုသလို ချိန်ပေးပါလိမ့်မယ်။
အိမ်က Amplifier မှာ မိုက်ထိုးစရာအပေါက်မပါတာ။ ပါပြန်တော့လည်း မိုက်သံက ကြည်ကြည်လင်လင်မဟုတ်ပဲ အသံမလှတာမျိုးကြုံနေမှသာ ဒီစက်ခံသုံးပါ။ ဒီစက်က မိုက်သံကို အကြည်လင်ဆုံးနဲ့ အပြတ်သားဆုံးထုတ်ပေးမှာဖြစ်သလို သီချင်းသီဆိုတဲ့အခါ အသံလှလှဖန်တီးပေးဖို့ Echo Control နဲ့ Mic Volume Control လည်းပါတာကြောင့် သီချင်းသံနဲ့ မိုက်သံ အနည်းအများကို လိုသလိုချိန်ညိုနိုင်ပါလိမ့်မယ်။
အသံပိုင်းအတွက် အခက်ခဲတွေကြုံနေရတဲ့သူတွေ Audio Guide ယိုးဒယားကနေသွင်းလာတဲ့ 2026 မော်ဒယ်အသစ် Karaoke Mini Mixer လေးတစ်လုံးကို မဖြစ်မနေ အရအမိ သာ ဝယ်သုံးလိုက်ပါ။
မှတ်ချက်။ ငွေကြိုလွဲနဲ့သာရောင်းပါတယ်။ ငွေကြိုလွဲဖို့အဆင်မပြေရင် ဆိုင်မှာလာဝယ်နိုင်ပါတယ်။ ဆိုင်လိပ်စာ Profile မှာတင်ပေးထားပါတယ်။
160,000Ks
09770145241 (Mobile/Viber)
Audio Guide
23/04/2026
ဝယ်သူပြောသွားတဲ့ ကျွန်တော်ရောင်းတဲ့စက်အကြောင်း။
ကျန်ခဲ့တဲ့လတုန်းက မိတ်ဆွေတစ်ဦးက Audio Guide ကရောင်းချနေတဲ့ Karaoke Mini Mixer လေးကိုသုံးစွဲကြည့်ပြီး အဆင်ပြေလွန်းလို့ နောက်ထပ် နှစ်လုံး ဆိုင်မှာထပ်လာဝယ်တုန်းက စကားစမြည်ပြောခဲ့ပါတယ်။ ဆရာကြီး ဟိုတလောက တစ်လုံးဝယ်သွားပြီးပြီမလား။ အခုနှစ်လုံးတောင် ထပ်လာဝယ်တာ ဘယ်နေရာမှသုံးဖို့လည်းမေးကြည့်တာ ပစ္စည်းကြိုက်လို့ နောင်တစ်ချိန်သုံးနိုင်အောင် အပိုဆောင်ထားဖို့နဲ့ သူ့မိတ်ဆွေတွေကို လိုအပ်တဲ့ခါပေးနိုင်အောင် ဝယ်ကြောင်းဆိုလေရဲ့။
သူဆီမှာ ဈေးကွက်ထဲက တွေ့သမျှ ကြီးကြီးရော သေးသေးရော နာမည်မျိုးစုံ ပုံစံမျိုးစုံစက်တွေ ဝယ်သုံးဖူးခဲ့ပေမယ့် သုံးရတာ တစ်ခုမဟုတ်တစ်ခုမှာ သူ့စိတ်နဲ့မတွေ့ခဲ့ အဆင်မပြေဖြစ်နေရာကနေ မိတ်ဆွေတစ်ဦးလမ်းညွန်လို့ Audio Guide က Karaoke Mini Mixer ကို မရဲတရဲနဲ့ ဝယ်သုံးခဲ့ပါကြောင်း။ စက်သုံးစွဲပုံအညွန်းပါထည့်ပေးလိုက်ပေမယ့် စက်ရောင်းသူရဲ့ မိမိရောင်းချနေတဲ့စက်အပေါ် ဘယ်လောက်ထိ သိတက်နားလည်သလဲဆိုတာသိချင်လို့ စက်ကိုမသုံးတက်ဟန်နဲ့ ဖုန်းဆက်ပြီး အခြားသူရောင်းတဲ့ စက်တွေဝယ်တုန်း
ကလို စက်ရောင်းသူရဲ့ အသိပညာကို သွေးတိုးစမ်းခဲ့ဘူးပါကြောင်း။ ထူးခြားတာက Audio Guide ကိုမေးတဲ့အခါမှာ အခြားသူတွေလိုမဟုတ်ပဲ ကိုယ်ရောင်းတဲ့စက်ရဲ့ အလုပ်လုပ်ပုံ အသုံးပြူပုံ တွဲဖက်အသုံးပြုပုံအပြင် စက်ဝယ်သူရဲ့ အိမ်မှာရှိနေတဲ့ စက်တွေ။ စပီကာတွေအကြောင်းကိုပါ စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးပြီး အကျိုးအကြောင်းနဲ့ အဆိုးအကောင်း။ ဆောင်ရန် ရှောင်ရန်တွေကိုပါ စေတနာထားပြီး ပြောပြပေးနေတာကပင် စက်ဖိုးပေးရတဲ့ငွေထက်တောင် တန်နေပြီဖြစ်ကြောင်းဆိုခဲ့ပါတယ်။
Audio Guide ရဲ့စက်ကိုသုံးကြည့်တဲ့အခါမှာလည်း အခြားစက်အသေးတွေလိုမဟုတ်ပဲ Audio Line In/Line Out တွေက Audio အသံကို စနစ်တကျ သုံးစွဲကြတဲ့ Audio သမားစစ်စစ်တွေအကြိုက်တွေ့စေတဲ့ RCA ခေါင်းတွေနဲ့သာ လာတာဖြစ်လို့ သိပ်သဘောကျပါကြောင်း။ အချို့စက်သေးလေးတွေက Audio Line In/Line Out ကို RCA ခေါင်းတွေနဲ့ မလာပဲ 3.5mm Jack ခေါင်းလေးတွေနဲ့သာလာကြလို့ Audio အသံထုတ်ယူရာမှာ ခေါင်းတွေက မထိတထိနဲ့ အသံလွတ်တက်လို့ စိတ်ပျက်ခဲ့တာများလှပါကြောင်း။ သူ့ဆီမှာ ရှိနေတဲ့ စက်အသေးလေးတွေက Audio Line In ကိုတစ်လိုင်းသာပါလို့ အခက်တွေ့နေတာ Audio Guide ရဲ့ စက်မှာ Audio Input အဖြစ် Bluetooth အပြင် Audio Line In နှစ်စုံပါတာကြောင့် စက်များများဖြင့် ချိတ်ဆက်ထားပြီး ကြိက်ရာလိုင်းကို အလွယ်တကူရွေးသုံးလို့ရတာကြောင့် သူလို Audio ဝါသနာရှင်မျိုးအတွက် အလွန်အဆင်ပြေလှပါကြောင်းလည်း ဆိုလေပါတယ်။
Audio Guide ရဲ့စက်ကို သူ့ဆီက Amplifier ချိတ်လိုက်ရမှာလည်း ဘာလေသံမျိုး ဘာ Noise သံမှမကြားရပဲ သီချင်းသံကိုကြည်ကြည်လင်လင်ပြတ်ပြတ်သားသားကြားလိုက်ရတာက သူအလွန်သဘောကျပါကြောင်း။ သူ့ဆီကစက်သေးသေးကြီးကြီးတော်တော်များများက Amplifier နဲ့ချိတ်လိုက်တာနဲ့တင် လေတိုးသံ/Noise သံတွေထွက်လာပြီး သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်အကူးမှာ ကြားနေရတဲ့ Noise အသံတွေက ညဘက် သီချင်းသံတိုးတိုးလေးကို Feel နဲ့နားထောင်ချိန်မှာ အလွန်စိတ်ဒုက္ခပေးတာခံနေရတာ Audio Guide ရဲ့စက်သုံးလိုက်
တော့မှာ ဒီဒုက္ခတွေကင်းသွားပါကြောင်း။ အခြားစက်သေးတွေမှာက Bass/Treble သာပါပြီး Control တွေအတင်အချလုပ်တဲ့အခါမှာ အသံကသိသိသာသာကြီး ပြောင်းမသွားကြပဲ Audio Guide ရဲ့စက်မှာက Bass/Treble အပြင် ဘယ်စက်သေးမှာမှ ချိန်လို့မရတဲ့ Mid အသံပါ Audio Guide ရဲ့စက်မှာ ချိန်လို့ရလို့ Eq သုံးစရာပင်မလိုတော့ပဲ အသံတိုးတိုးလေးမှာပင် Vocal သံ လျော့ထားပြီး။ Bass/Treble လှလှနဲ့ ချိန်ပြီး သုံးနိုင်သွားပြီး Control တွေကို အတင်အချလုပ်ကြည့်ရာမှာ တစ်ခုခြင်းစီက သိသိသာသာ အသံပြောင်းလဲမူ့ရလို့ အတော်ကိုအကျိုးဖြစ်တယ်ဆိုပြန်ပါတယ်။
စက်မှာပါတဲ့ Control တွေကအခြားစက်တွေလို လှည့်တဲ့အခါမှာ ပေါ့ပေါ့ရွတ်ရွတ်နဲ့အပေါစားမဆန်ပဲ စီးစီးပိုင်ပိုင်နဲ့ လှည့်ရတာ အလွန်ကျေနပ်ပြီး အရည်သွေးကောင်းဆိုတဲ့ အရသာကို ရလို့ကျေနပ်မိပါကြောင်း။ Audio Guide ရဲ့စက်မှာက စက်အသုံးပြုပုံအညွန်းစာရွက်ရော Video နဲ့ပါပြပေးထားလို့ သုံးရတာအလွန်အဆင်ပြေကြောင်းနဲ့ စက်နဲ့အတူ AC Adaptor ပါထည့်ပေးထားလို့ ဘာမှလိုက်ရှာဝယ်ထည့်စရာမလိုပဲ ပလပ်ထိုးတန်းသုံးနိုင်တာက စက်သုံးစွဲသူတွေအတွက် အထူးကို အဆင်ပြေကြောင်း သေသေချာချာကြီး အချိန်ပေးပြီး Review လုပ်ပေးသွားပါတော့တယ်။
09-770145241(Mobile/Viber)
Audio Guide
21/04/2026
Karaoke Mini Mixer
အရပ်ထဲမြင်တွေ့နေရတဲ့ စက်ပွဲတွေလိုက်ဖွင့်နေတဲ့ Control တွေ တပြုံကြီးပွထနေတဲ့ Mixer အကြီးတွေက Amplifier တွေနဲ့ အလျားတူတဲ့ 18လက်မဆိုဒ်ကို ပုံမှန်ဆိုဒ် Standard ဆိုဒ်လို့ခေါ်ပါတယ်။ Audio Guide ကရောင်းချနေတဲ့ စက်က Mini Mixer လို့နာမည်ပေးထားမှတော့ စက်အကြီးတွေထက်သေးလို့ပေါ့ဗျာ Mini ဆိုတာက မြန်မာလို အသေးစားလို့ ခေါ်ပါတယ်။ မျက်စိထဲမြင်အောင်ပြောပြရရင် ငယ်ငယ်ဖတ်ခဲ့ကြတဲ့ သိုင်းဝတ္ထုနဲ့ အရွယ်အစားအတော်နီးစပ်ပါတယ်။
ကြောင်ဖြူဖို့နက်ဖို့ဆိုတာထက် ကြွက်ခုတ်ဖို့က အဓိကကျတယ်လို့ဆိုကြရင် စက်သေးဖို့ ကြီးဖို့ထက် ကိုယ့်အတွက် အလုပ်ဖြစ်ဖို့က အရေးကြီးပါတယ်။ သေးသေးဆို အဖြစ်မရှိလောက်ဘူး စက်ဆိုကြီးမှဆိုတဲ့သူများအနေနဲ့ စက်အကြီးတွေဖြစ်တဲ့ Proffeional Mixer တွေကို ပိုက်ဆံအိတ်ကို
အရင်ဆုံးကြီးကြီး ဖေါင်းအောင်လုပ်ပါ။
လူကြီးမင်းတို့ မေးမေးနေတဲ့ ဈေးချိုချိုနဲ့ဝယ်လို့ရတဲ့ လက်
ဖဝါးပေါ်တင်ယူသွားလို့ရတဲ့ Antenna တိုင်ထိုးထိုးထောင်
ထောင်လေးပါတဲ့ Bluetooth Receiver တွေ DIY Amplifier Board ပေါက်စလေးတွေ ထက်တော့ သေချာ
ပေါက်အရွယ်အစားကြီးပါတယ်။ Audio Guide ရဲ့ Karaoke Mini Mixer နဲ့ ဈေးကွက်ထဲက ဘယ်ဟာက လက်တွေ့မှာပိုအလုပ်ဖြစ်တယ် တည်ဆောက်မူနဲ့ အသံ အရည်အသွေးပိုကောင်းဆိုတာကတော့ သုံးဖူးသူတွေကိုသာ စုံစမ်းကြည့်ပါ။
160,000Ks(Mixer+AC Adaptor)
09770145241(Mobile/Viber)
Audio Guide
20/04/2026
လွန်ခဲ့တဲ့ အနှစ် 25/30 ဝန်းကျင်လောက်က မိမိရဲ့ လက်တွဲဖေါ်အား မိမိအိမ်၏ စတိုခန်းထဲရှိ ပုံးတစ်ခုထဲတွင် ပြန်လည်တွေ့ဆုံမိတဲ့အခါ အံ့ဩဝမ်းသာမှင်သက်မိပါတယ်။
Audio Guide
19/04/2026
Mini Mixer လေးက ဘာတွေလုပ်ပေးနိုင်လဲဆိုတော့.....။
🔹 Line Amplifier; Amplifier ကိုအသံမြှင့်ပေးနိုင်ခြင်း။
🔹 Wireless Connectivity: Bluetooth စနစ်ဖြင့် ဖုန်းကို
ချိတ်ဆက်ပြီး သီချင်းနားထောင်နိုင်ခြင်း။
🔹 3 Bands EQ: Bass/Mid/Treble အသံအနိမ့်အမြင့်
ကို စိတ်ကြိုက်ချိန်ညှိနိုင်ခြင်း။
🔹 Two Amplifer Support: Amplifier နှစ်လုံးကို အသံ
တပြိုင်နက် ပို့ပေးနိုင်ခြင်း။
🔹 Subwoofer Support: Active Subwoofer ဖြင့် ချိတ်
ဆက်အသုံးပြုနိုင်ခြင်း။
🔹 Dual Microphone Input: မိုက်နှစ်လုံးအသုံးနိုင်ခြင်း။
🔹 Digital Echo: သီချင်းဆိုသံလှအောင် ပြုပြင်ပေးသည့်
Echo သံကို အနည်းအများ ချိန်ညှိနိုင်ခြင်း။
🔹 Separate Volume: သီချင်းသံနှင့် မိုက်သံကို သီးခြား
အတင်အချ ချိန်ညှိနိုင်ခြင်း။
🔹 Dual Supply: AC/DC နှစ်မျိုးစလုံးသုံးနိုင်ခြင်း။
🔹 Compact Design: အရွယ်အစားသေးငယ်ပြီး နေရာ
မယူခြင်း။
🚨 အသေးစိတ်သိရှိလိုပါက Messenger ကနေဖြစ်စေ။
Viber ကနေ ဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ စုံစမ်းနိုင်ပါ
သည်။ ငွေကြိုလွဲရန်အဆင်မပြေသူများ ဆိုင်တွင်လာ
ရောက် ဝယ်ယူနိုင်ပါသည်။
💸 160,000Ks (Mini Mixer+ AC Adaptor)
📞 09770145241 (Mobile/ Viber)
🩸 Audio Guide
18/04/2026
Karaoke Mini Mixer များပေးပို့ရန်အသင့်။
သင်းက်ြန်ကာလအတွင်း Karaoke Mini Mixer/ မိုက် နှင့် အခြားပစ္စည်းမှာယူထားသူများကို မနက်ဖြန် 19ရက်နေ့တွင် Royal Express Delivery ရုံးပြန်ဖွင့်ပြီဖြစ်သဖြင့် ဝယ်ယူသူများထဲ အိမ်အရောက်ပို့ဆောင်ပေးပါမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
09-770 145 241 (Mobile/Viber)
Audio Guide
ငယ်ဘဝရဲ့ အပိုင်းအစများ။
ခုနှစ်တန်း ရှစ်တန်း အထက်တန်းကျောင်းသားဘဝမှာ ကိုယ့်အိမ်နံပါတ်ဖြစ်တဲ့ 1005 စာလုံးကို ကတ်ထူစက္ကူပြား ပေါ်မှာ LED စာလုံးနဲ့ပုံဖေါ် ပြီး LED တွေကို ကြေးနန်းကြိုးနဲ့ ခဲတွေလိုက်ဆော်ပြီး ဆက်တယ်။ LED တွေကို မီးပြေးအဖြစ် မောင်းနှင်ဖို့ ပုံထဲက ဆားကစ်ပတ်လမ်းကို သုံးခဲ့တယ်။ ဒီပတ်လမ်းအတိုင်းဆင်ဖို့ ဆားကစ်ဘုတ်ပြား PCB/Universal Board မရှိတော့ ခုပုံထဲကလို ကြေးနန်းကြိုးတွေနဲ့ ပစ္စည်းတစ်ခုချင်းကို စိတ်ရှည်လက်ရှည်နဲ့ ခဲဆော်ပြီး 1005 ရဲ့ ဂဏန်းတစ်လုံးခြင်းကို ဘယ်မှညာသို့ မီးပြေးသွားတဲ့ ပုံစံအတိုင်းသီတင်းကျွတ်မှာ မီးထွန်းခဲ့ဘူးတာ အမှတ်ရသွားစေပါတယ်။
မှတ်ချက်။ အဲ့ဒီအချိန်တုန်းက ဈေးကွက်ထဲ ရောင်းချနေတဲ့ဘုရားနောက်ခံက ရောင်တော်ဖွင့် မီးအဝိုင်းတွေကို ဒီဆားကစ်နဲ့ပဲ ပြုလုပ်တပ်ဆင်ရောင်းချကြပါတယ်။ နောက်ပိုင်းကြမှသာ 555/4017 IC အတွဲကိုသုံးပြီး မီးပြေးအမျိုးမျိုးပုံစံပြောင်းတွေကို ထုတ်လုပ်လာကြပါတယ်။
Credit to original uploader for this video.
Audio Guide
15/04/2026
အသုံးလိုလို့ ပြည်တွင်းဈေးကွက်ထဲက လိုက်ရှာကြည့်တော့ ကိုယ်သုံးချင်တဲ့ပုံစံအတိုင်း အပြည့်အဝ မရတဲ့စက်တွေ ဖြစ်နေလို့ ယိုးဒယားကနေ လှမ်းဝယ်ပြီး မရအရ အဆင့်ဆင့် သယ်လိုက်ရတဲ့ Lab Power Supply လေးက နောက်ဆုံးတော့ လက်ဝယ် ရောက်လာလေပြီ။ သူ့ရဲ့ စွမ်းဆောင်ရည် Performance နဲ့ Function တွေ ကတော့ အားရစရာပါပဲ။
ငယ်ငယ်တုန်းက Electronic Circuit တွေ လက်တည့်စမ်းတုန်းက Lab Power Supply ကို မိမိဘာသာတပ်ဆင်ပြီး သုံးခဲ့ရတယ်။ သုံးရတာ အလွန်ကထိကထများသလို အမှားအယွင်းမခံ အကဲသိပ်ဆပ်တော့ သုံးလိုက် ပျက်လိုက် ပြင်လိုက်နဲ့ ပတ်ချာကိုလည်နေတာပါပဲ။ ခုခေတ်ကြတော့ နည်းပညာမြှင့်လာကြပြီး Power Supply ကို အနုစိတ်ချိန်ညှိသုံးလို့ရသလို အကာအကွယ်တွေ Function တွေ စုံနေတာပဲ။
Audio Guide
15/04/2026
ပစ္စည်းတစ်ခုရဲ့ အရည်အသွေးဆိုတဲ့အရာကြီးကို
1)ထုတ်ပိုးမူ့ပါကင် ကိုကြည့်ရင်သိနိုင်တယ်။
2)ထိတွေ့ကိုယ်တွယ် ခံစားကြည့်ရင်သိနိုင်တယ်။
3)သုံးထားတဲ့ နည်းပညာကို ကြည့်ရင် သိနိုင်တယ်။
4)လက်တွေ့ ယှဉ်သုံးကြည့်လိုက်တဲ့ခါ ပိုပြီး သိနိုင်တယ်။
အရည်အသွေးဆိုတာ တန်ကြေးနဲ့ တိုက်ရိုက်အချိုးကြတဲ့ခါရောင်းတဲ့သူရော သုံးတဲ့သူတွေကရော သူ့ထက်ငှာ အပြိုင်ဈေးပေါတာနောက်ပဲ လိုက်နေကြတဲ့ခါ ဆူလွယ်နပ်လွယ် ပစ္စည်းတွေနဲ့ပဲထိတွေ့ခွင့်ရနေကြတော့ အရည်အသွေးဆို
တာ ဘာလဲမသိကြတော့တာ မထူးစမ်းတော့ပါလေ။
မှတ်ချက်။ ရောင်းရန်မဟုတ်ပါ။
Audio Guide
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
#1005 Aung Tha Pye 13th Street, 7Block, Thakata
Yangon
11231
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |