Xad.react.
heartbroken is do my everything.
အိမ်တစ်လုံးကို ဆေးသုတ်ဖို့
ဆေးရောင်တွေ အစ အဆုံး စဉ်းစားဖူးလား..
ကိုယ်က စဉ်းစားရုံမက လက်တွေ့ပါ
အကောင်ထည်ဖော်ဖူးတယ်။
သမီးလေးမွေးရင် နေဖို့ ပန်းရောင်လေးတစ်ခန်း နဲ့
သားလေးမွေးရင်နေဖို့ အပြာရောင်တစ်ခန်း..
'သမီးအခန်းက ပို ကျယ်နေတာနော်' လို့
ပြောမိတော့
မိန်းကလေးဆိုတာ ဗာဟီရ များတယ်။
အဲ့လိုအခန်းကျယ်နေမှ ဖြစ်မှာလို့ တုံ့ပြန်သံကြားတော့
သမီးလေးကို ပို ချစ်နေတဲ့ သူ့အတွက်
ကိုယ့်မှာ ပြုံးရသေးတယ်။
ကိုယ်တို့ရဲ့ Master Bedroomက
ခရမ်းနုရောင်ဖျော့ဖျော့လေး..
ဧည့်ခန်းမှာတော့ မျက်စိအေးအောင် အစိမ်းနု၊
ဟင်းမချက်တတ်တဲ့ ကိုယ့်အတွက်
သူ အကျအနပြင်ပေးခဲ့တဲ့ Kitchenအပါအဝင်
ကျန်တဲ့နေရာတွေ အားလုံး အဖြူရောင် များများသုံးခဲ့ကြတယ်။
တိုင်ပင်ဖြည့်ဆည်းခဲ့ကြတဲ့ အဲဒီ့အိမ်လေးဟာ
ကျန်ခဲ့တဲ့ နှစ်တွေတုန်းက
အရောင်းpostတစ်ခုအနေနဲ့ တက်လာတာကို
ကိုယ်က တွေ့ ဖြစ်အောင် တွေ့လိုက်တယ်။
ဘာမှ မဆန်းကြယ်သလို
ဓာတ်ပုံတွေကို တစ်ပုံချင်း
အဆုံးထိ ထိုင်ကြည့်နေရင်း
တိတ်တိတ်လေး ဆုတောင်းပေးခဲ့သေးတယ်။
"ဈေးကောင်းကောင်းနဲ့ မြန်မြန်ရောင်းရပါစေ" ပေါ့။
အပိုင်း ၁ တွေဟာ
ဇာတ်သိမ်းပိုင်း ဖြစ်သွားတာ မဆန်းပါဘူး...
ဇာတ်ပေါင်းခန်း မတိုင်ခင်
ကိုယ်တို့ ပြတ်ပြတ်စဲစဲ ဖြစ်ခဲ့ခြင်းကသာ
ဆန်းကြယ်နေတာပါ။
အချိန်တန်ရင်သူမက ကျွန်တော့်အတွက် သိပ်လှတဲ့ အတိတ်ကလေးဘဲဖြစ်နေခဲ့တော့မှာ✌
ငါ ဥပေက္ခာပြုလိုက်ချင်တဲ့
အရာတွေက
ငါ ချစ်သောအရာတွေပဲ
ဖြစ်နေရပြန်တယ်
တစ်ခါတစ်ခါကျ ဘဝက
မြှားမရှိပဲ စစ်ခင်း နေရသလို..
ခက်ပြီးရင် ခက်ရင်းပါပဲ ။
#ဒဿ. 2024
အချစ်က တဒဂ်လေးဘဲတဲ့
ကျန်တဲ့အချိန်တွေကို သံယောဇဥ်နဲ့ရှေ့ဆက်ရတာတဲ့
ငယ်နဲ့ပတ်သတ်ရင် သံယောဇဥ်က တဒဂ်ဘဲ 💙💙
ရှုပ်ယှက်ခက်နေတဲ့ကမ္ဘာကြီးထဲမှာ
ကောင်းကောင်းတစ်ခုတော့သိတယ် အဲ့ဒါက ငယ့်ကို ချစ်တယ်💙💙💙
ကမ္ဘာဟာ....ခင်ဗျားဖြစ်ကြောင်းး
💙💙💙💙💙💙💙💙💙💙💙
...ကမ္ဘာလေးရေ...
ဖြစ်နိုင်ရင်လေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေလိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရင်ခွင်ဆိုပြီး မင်းကိုအပိုင်သိမ်းလိုက်ချင်တယ်..
◾နိုင်ငံရေးဦးတည်ချက်က မင်းနဲ့အဆင်ပြေခြင်းဖြစ်ပြီး...
◾တရားဥပဒေစိုးမိုးရေးက မင်းစကားနားထောင်ရန်လို့ သတ်မှတ်မယ်.....
◾စီးပွားရေးဦးတည်ချက်မှာ မာလာရှမ်းကော အပါအဝင် စားချင်သမျှဝယ်ကျွေးနိုင်ရေးဖြစ်ပြီး..
◾လူ မှုရေးဦးတည်ချက်ကတော့ နှစ်ဖက်မိဘပြေလည်ရေးပေါ့...
Cosmeticအစုံနဲ့မုန့်တွေရှိရင် မင်းမျက်နှာလေးပြုံးနေတာမို့ ကိုယ့်နိုင်ငံလေးရဲ့ စိမ်းလန်းစိုပြည်ခြင်းမှာ ဘယ်တောတောင်ရေမြေမှမလိုဘူးဆိုတာ သိတယ်......
ကိုယ်ရှင်သန်နေတဲ့ကမ္ဘာလေး စိမ်းလန်းစိုပြည်ဖို့ပြဌာန်းထားသူမို့ မင်းဆိုတဲ့ကမ္ဘာလေး အေးချမ်းရင် ကိုယ်လဲ အပူဒဏ်သက်သာတယ်...
ဦးတည်ချက်အားလုံးက မင်းစိတ်ချမ်းသာရေးမို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရင်ခွင်ဆိုပြီး မင်းမိဘဆီမှာ တောင်းရမ်းခွင့်ပြုပါ.........
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
မေတ္တာတွေသာ မြူမှုန်ဖြစ်ခဲ့ရင် မင်းအေးချမ်းနေမှာပါ😊😊😊
ဒီနေ့ဖြတ်သွားရင်းသစ်ရွက်တစ်ရွက်ကြွေကျတယ် ရော်ရွက်ဘဲဖြစ်မှာပါလေ
လေပြည်လဲတိုက်သွားပုံရတယ်
နွေရောက်နေပြီပဲ သတိတစ်ချက်ပြန်ဝင်လာတယ်
ဒီနေ့အထိ sep 8 ရက်နေ့လို့ထင်နေခဲ့မိတာ
မင်းထားခဲ့တာ ၅လနဲ့ ၁၉ ရက်တောင်ရှိနေပြီဘဲကိုးး😔😔😔
သဲငယ်ကိုလွမ်းတယ်
လွမ်းတိုင်းလဲ ပူလောင်ရပါတယ်
တစ်ခါတစ်ရံ အကို့အဖြစ်က ကိုယ့်ကိုယ် ကိုယ် မီးရှို့သလိုဖြစ်နေတတ်တယ်
ဘာဘဲဖြစ်ဖြစ်လွမ်းပါတယ်😖
ဘယ်သူကဘယ်သူ့ကိုချစ်ခဲ့လဲမသိတော့ဘူး
အချိန်တန်လို့လမ်းခွဲသွားကြတဲ့အခါ
နှစ်ယောက်စလုံးနေသွားကျ ကြမှာပါ
တစ်ယောက်ကဒဏ်ရာတွေနဲ့😖
နောက်တစ်ယောက်ကပျော်စရာတွေနဲ့😶
ကိုယ်ကတော့ ဒဏ်ရာတွေနဲ့ နေသားကျနေပါပြီ😥😩😫
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Mingalardon
Yangon
17/12/2024