Take a Journey

Take a Journey

Share

In this channel, will upload variety of vlogs for travel vlog, review, fun, entertainment, informative and all sort of thing.

Budget Events Planning & Gifts for you

13/09/2025

🏕️🌿Dalat Camp 🍂🏕️ ခဏတာ စိတ်အပန်းဖြေ ဖို့ တစ်ညတာ သွားချင်တဲ့သူလေးတွေအတွက်။ 🍂Daltat ရောက်ရင် မဖြစ်မနေ သွားသင့်တဲ့ နေရာထဲတော့ မပါပါဘူး။ 🌻ဒီနေရာလေး က လုံးဝပန်းခင်းကြီး ဆုသွားဖို့နေရာလေးတွေ Research လုပ်တော့ ပထမဆုံးသွားချင်တဲ့နေရာလေးဆိုလဲမမှာဘူး။ ချောင်းလေးတွေရှိတယ်။ ToToro အရုပ်လေးတွေ ရှိတယ် မျက်စိတစ်ဆုံး အဝါရောင်ပန်းလေးတွေ camp ⛺️ အဖြူလေးတွေ မီးပုံလေးတွေ စက်ဘီးစီးလို့ရတဲ့အိမ်လေးတွေ တောင်တန်းတွေကြားထဲမှာ သီးသန့် ဖွက်ထားတဲ့နေရာလေး။ local တွေတောင် တစ်ကူးတစ်ကသွားကြရတဲ့နေရာလေး။ 🍂ဒီ​နေရာလေးက ဘယ်လိုခံစားရလဲဆိုတော့ မြင်သာအောင်ပြောရရင် အရမ်း Romance ဖြစ်တဲ့ ရုပ်ရှင်လေးတစ်ခုကြည့်လိုက်ရသလိုပဲ ပန်းခင်းကြီးရယ်ကောင်းကင်ပြာကြီးရယ် စက်ဘီးလေး တစ်စီးစီးပြီး couple လေးတွေ သွားသင့်တဲ့နေရာလေးတစ်ခုဆု Honest Review ပေးပါမယ်နော်။ ဝင်ကြေးတစ်ယောက်ကို 100.000 vnd မြန်မာငွေနဲ့ဆို ဝင်ကြေး ၁၇၀၀၀ လောက်ရှိမယ် 🍵 ကြိုက်နှစ်သက်ရာ Drink သောက်လို့ရမယ်။ကော်ဖီသောက်ရုံ အလှခံစားရုံဆိုရင်တော့ ဒီဆိုင်က မတန်ပါဘူး မသွားသင့်ပါဘူး။ 🏕️ Location ကလဲ မြို့ထဲကနေဆို တော်တော်လေးဝေးတဲ့ထဲမှာပါတယ်။ ကားငှါးရင်လဲ တစ်ခါထဲ အသွားအပြန်ငှါးထားမှ အဆင်ပြေလောက်မှာ ဆုတို့တုန်းက ညနေဘက်ပဲသွားတော့ ကားစောင့်ပေးထားလို့တော်သေးတယ်။ လမ်းက လုံးဝတောင်အောက်မှာဆိုတော့ကွာ ညရောက်ရင်တောင် ပြန်ဖို့ကားငှါးဖို့ခက်တဲ့နေရာလေးလို့ပြောချင်ပါတယ်။ရောက်ရောက်ချင်းမှာလဲ ရုပ်ရှင်လေးတစ်ပုဒ်လိုခံစားရမယ်တွေးထားပေမယ့်။ 🌻🌻🌻🌻🌻ပန်းလေးတွေမြင်ရမယ်ထင်ခဲ့တာကနေ စိုက်ခင်းကြီးပဲတွေ့ခဲ့ရပါတယ်။ ကားခကလဲ အသွားအပြန် vnd 500.000 မြန်မာငွေ 850,00 ဝင်ကြေးက ဆုတို့ သွားတုန်းက ၄ ရောက်ဆိုတော့ vnd 400.000 မြန်မာငွေ 68000 မတန်ဘူးလို့ခံစားလိုက်ရတယ်။ ပန်းလေးတွေ စိုက်ထားပြီးရင်တော့ လှလာမလားမသိဘူးပေါ့နော်။ 🌿🌻ဒီနေရာလေးကိုကြည့်ပြီး သွားချင်တယ်လို့ခံစားရလားပြောပေးသွားဦးနော်။

Photos from Take a Journey's post 12/09/2025

Vietnam ရောက်ရင် ဒူးရင်သီးကတော့
မဖြစ်မနေကိုစားသင့်တာပါ ရန်ကုန်မှာတုန်းက 1 kg ၈ သောင်း ၁ သိန်းပေးရတယ်။ အခုဒီမှာ တစ်လုံးလုံးမှ မြန်မာ ပ်ုက်ဆံ နှစ်သောင်းပဲပေးခဲ့ရတယ်။ 🤭

Photos from Take a Journey's post 11/09/2025

Vietnam ရောက်ရင်ဘာစားသင့်လဲ။

အခုဆို blogger တွေကြားထဲ မှာ အရမ်းလှလို့ လာသင့်တဲ့ Vietnam မြို့လေး ဆိုပြီး ခဏခဏ တွေ့ရတယ်ပေါ့နော်။

အဲ့ဒါနဲ့အတူ အစားသောက်က စားမကောင်းဘူး အဆင်မပြေဘူးဆိုတဲ့ status လေးတွေလဲခဏခဏတွေ့ရတယ်။

ဆုက အခုစားကောင်းတဲ့ ဟာလေးပြောပြမယ်နော်။

Dalat ရောက်တော့ ပထမဆုံး စ Try ကြည့်တဲ့ ပုံစားထမင်းဆိုင်ပါ။

တစ်ကယ်ကိုမြန်မာချက်တဲ့ဟင်းတွေအတိုင်းပဲ အရသာကလဲထိထိမိမိလေး တစ်ခုရှိတာက နဲနဲတော့ချိုတယ်
အချို မကြိုက် ငံငံစပ်စပ် ကြိုက်တဲ့သူတော့ နဲနဲ မကောင်းလောက်ဘူးထင်တယ်နော်။

လူတွေဆိုကြိတ်တိုးနေတာပဲ လာစားကြတာ။ တစ်ကယ်လို့ Vietnam လာလို့ ဘာစားရမှန်းမသိတော့ဘူးဆိုရင်တော့ ဒီပုံစား ဆိုင်လေး Try ကြည့်ပါလို့။

မုန်လာချဉ်တွေ အရွက်ကြော်တွေလဲပါတော့ ဆုတော့ တော်တော်လေးကြိုက်တယ်။

တစ်ပွဲမှ VND 50.000 ကျသင့်မှာပါ sgd နဲ့ဆို 2$ လာဆိုတော့ sg ကအမျ်ုးတွေကတော့ တော်တော်တန်ပြီး စားသင့်တာနော်။

မြန်မာစာလေး လွမ်းနေတဲ့သူလေးတွေကတော့ ခဏတာ အာသာပြေသွားမှာပါ။

08/09/2025

ဆုကိုလာလာအမေးများတဲ့ Dalat ရောက်ရင်
စျေးသက်သက်သာနဲ့ ဘယ်မှာနေလို့ရလဲဆိုတဲ့မေးခွန်းလေးပါ။

ဒီလိုအရမ်းလှတဲ့အိမ် ၃ ထပ်တိုက်ကိုမှကွာ တစ်ရက်ကို ၁ သိန်းခွဲပဲ ရှိတယ်ဆို ယုံပါ့မလား။

ဆုတို့ ၁၀ ရက်စာအတွက် sg 500 ပဲ​ပေးရပါတယ်။

တစ်ရက်ကိုမှ မြန်မာငွေ ၁ သိန်းခွဲလောက်ပဲကျသင့်မှာဖြစ်ပါတယ်။

Facilities အပြည့်ပါတယ်။ မိသားစုလိုက် လုံးဝ Private နေရမယ် အိမ်လေးနာမည်ကတော့ Demia Home လို့ခေါ်ပါတယ်။

အိမ်ရှင်ကလဲ တစ်အား သဘောကောင်း ဆုတို့မလာခင်ထဲက လည်ရမယ့်နေရာတွေ List လုပ်ပေးတယ်။

ကားကအစ အကုန်ကူညီပြီးစီစဉ်ပေးတယ်ပေါ့နော်။ ဆုတည်းဖူးတဲ့ Air bnb ထဲမှာဆို သဘောအကောင်းဆုံး အိမ်ရှင်ပဲ။

Dalat မြို့ရောက်လို့ ဘယ်မှာ တည်းရမလဲ စဉ်းစားနေတဲ့သူလေးတွေ ဒီနေရာလေးကို Fully recommend ပေးပါတယ်နော်။

Photos from Take a Journey's post 08/09/2025

မြို့တစ်မြို့ ဆိုတာထက် ပိုတဲ့ မြို့လေး
လေဆိပ်ပေါ်က ဆင်းလိုက်ထဲက နွေးထွေးသွားရတဲ့ခံစားချက်လေး
လမ်းတစ်လျှောက်မှာလဲ မိုးလေးတွေတစ်ဖျောက်
ဖျောက်ရွာနေတဲ့လမ်းမှာ တောင်တန်းပြာကြီးရယ်
အုံ့မှိုင်း​နေတဲ့​ကောင်းကင်ကြီးရယ်

အသက်ရူဖို့တောင် မေ့လောက်သွားတဲ့အထိ
အော်လှလိုက်တာ အေးချမ်းလိုက်တာဆိုပြီး ပါးစပ်က တစ်ဖွဖွ ရွတ်မိတဲ့အထိ။

ကမ္ဘာတစ်ဖက်မှာတော့ တစ်ကယ်ကိုလုံလောက်စွာ အေးချမ်းနေလေရဲ့။

လမ်း​ဘေးမှာလဲ အ​လေ့ကျ​ပေါက်​နေတဲ့ပန်းပင်​လေး​တွေ

အိမ်ဖြူဖြူ​လေးရယ် တောင်တန်း​တွေရယ် တစ်ကယ်ကို​အေးချမ်း​နေ​လေရဲ့။

Dalat ဆိုတဲ့မြို့​လေး ဆု​နေတဲ့ လမ်း​ထဲက အိမ်​လေး​တွေ ကိုရိုက်ထားတာပါ။

Stay ရှောင်ဖို့ပဲဖြစ်ဖြစ် လည်ဖို့ပဲဖြစ်ဖြစ် ဒီမြို့​လေးကို မဖြစ်မ​နေလာသင့်ပါတယ်လို့။

မထင်မှတ်ထားတဲ့ စျေး​နဲ့ ဆု​နေ​နေတဲ့ Room Tour လေး vlog လေးလဲ stay tuned နော်။

Vietnam လာဖို့ရှိရင် အားမနာတမ်းသိချင်တာ​လာ​မေးလို့ရပါတယ်ရှင်။

Photos from Take a Journey's post 06/09/2025

ဒီလိုပုံလေးတွေ ရိုက်ဖို့ ဘယ်လောက်ကုန်ကျမလဲ ။
ဂျင်းအထည့်မခံရအောင် ပြောပြပေးပါမယ်။ 🤔🤔

Vietnam ရောက်ရင် Sapa က Cat Cat village မှာဒီလိုလေးတွေ ရိုက်လာတာတွေ့လို့ ဆုလဲ တစ်ခါလောက်တော့ Try ကြည့်မယ်ဆိုပြီး Try ခဲ့တဲ့ အတွေ့အကြုံလေးကို Share ပေးပါမယ်။
ဆုက ပုံမှန် ဆို ပုံရိုက်တာထက် Activity လုပ်ရတာကြိုက်တဲ့သူမို့ ဒီဟာက ဆုအတွက် လုံးဝ First time ပါ။
cat cat village ဆိုတဲ့ရွာလေး တောင်တွေကြားထဲက ဓါတ်ပုံရိုက်ဖို့သီးသန့်လုပ်ထားတဲ့ရွာလေးတစ်ရွာလို့တောင်ပြောချင်ပါတယ်။ အကုန်လုံးက သူတို့ ရိုးရာဝတ်စုံတွေဝတ်ဆင်ပြီး ဓါတ်ပုံရိုက်ကြတာများပါတယ်။
တောင်အောက်ကိုသွားဖို့ ဆိုင်ကယ်၊ taxi ၊ လမ်းလျှောက်သွားကြပါတယ်။ ဒီနေရာမှာဆုအကြံပေးချင်တာက ဓါတ်ပုံရိုက်ဖို့သွားတာ ဆို ကားပဲငှါးသွားပါ vnd 70,000 ဆိုရပါတယ်။ မြို့ထဲကနေ ပြောတာပါနော်။ တစ်ချို့ကားတွေက VND ၃၀၀.၀၀၀ ထိတောင်းတတ်လို့ မစီးပါနဲ့နော်။ 🤩စျေးစစ်ပါ။
တောင်ဆင်းလမ်းတစ်လျှောက် ဆိုင်တွေရှိပါတယ်။ တွေ့တွေ့ချင်း လမ်းထိပ်မှာ ဆိုင်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အဲ့ဆိုင်တွေက အထဲကို အများကြီး ထပ်ဝင်ရဦးမှာပါ။ အဲ့မှာ မငှါးဘဲ အထဲထိ ပို့ခိုင်းပါနော် ကားကို။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်သာဝင်ကြည့်ပါ။ စျေးတွေမေးပါ။ တစ်ချ်ု့ဆိုင်တွေက Dress တွေပဲငှါးတာပါ။ တစ်ချ်ု့ဆိုင်တွေကတော့ make up, hair, dresses, camera ဆိုပြီး All in one package တွေရှိပါတယ်။
Dress ပဲသီးသန်းငှါးမယ်ဆို ၁၅၀,၀၀၀ ကစရှိပါတယ် ဆိုင်ကယ်သမားတွေနဲ့ချိတ်ထားပြီး ၁၅၀ဆိုပြီး စျေးခေါ်ပါလိမ့်မယ်။ အဲ့ဒါက Dress တိုင်းအတွက်မဟုတ်ပါဘူး ကိုယ်ရွေးတဲ့ပေါ်မှာမူတည်ပြီးစျေးတတ်သွားမှာပါ။အဲ့ဒါသူတို့ရဲ့ Trap ပါ။

ဆုတို့က first time try တာမို့ all in one combo package ကိုပဲဝယ်လိုက်ပါတယ် တစ်ယောက်ကို VND 1,600,000 ကျသင့်ပါတယ်။
ဆုတို့ သားအမိ ၃ ယောက်မို့ တစ်ယောက်ကို vnd 1000 နဲ့စစ်လိုက်တာ ရသွားပါတယ်။ Total 3,000,000 ပေါ့နော်။ ဆုသတိထားမိသလောက် သူတို့ကစစ်တိုင်းရပါတယ်။ သွားဖြစ်ရင်စစ်သာစစ်ပါ။
အပြင်ဆိုင်ဟာနဲ့နှိုင်းယှဉ်တွက်ပြမယ်နော်။
Dress က depends on ဆို​တော့ ရိုက်ရင်တော့သေချာပေါက် 500,000 vnd ကနေ 700,000 လောက်ရှိမှာပါ။
Hair, makeup ကလဲ 300,000vnd ။ camera fees က လဲ 300,000 ဆိုတော့ combo packages က်ု ဝယ်လိုက်တာပိုတန်တယ်ပေါ့နော်။

အဲ့နေရာကနေ ရွာထဲမှာ ဓါတ်ပုံရိုက်ဖို့ ဝင်ကြေး 150,000Vnd ထပ်ပေးရပါတယ်။

ရွာအောက်ထဲဆင်းဖို့ နောက်ထပ် ကားလေးတွေရှိပါတယ် တ​ယောက်ကို vnd 10,000 ပါ။ တစ်ချ်ု့လမ်းလျှောက်ကြပါတယ် ငွေသုံးလိုက်ပါ။ အပင်ပန်းမခံပါနဲ့။ dress ကြီးတွေနဲ့ဆိုတော့ အဝေးကြီ လျှောက်ရမှာ အဆင်လည်း မပြေဘူး ပြီးတော့ ဓါတ်ပုံရိုက်ဦးမှာဆိုတော့။ 🤭 energy ချွေတာလိုက်ပါ။

ကားနဲ့စီးသွားတာတောင် နောက်ထပ် တောင်အောက်ကို လမ်းလျှောက်ထပ်ဆင်းရပါသေးတယ်။

မြင်းပေါ်မှာ ထပ်ရိုက်ရင် 50,000vnd ထပ်ပေးရပါသေးတယ်။
Total
Taxi -70,000, Photo fees -1000,000 , Entrance Fees -150,000 , horse fees , 50,000, shuttle bus ,10,000 အသွားအပြန် (20,000)

တစ်ယောက်ကို မြန်မာငွေ ၂ သိန်း ၂ သောင်းကျော်လောက်ကျသင့်မှာပါ။ ဆုတို့ကသားအမိ ၃ ယောက်ဆိုတော့ ၆ သိန်းလောက်ပလုံသွားပါတယ်။

ဖုန်းနဲ့ရိုက်တတ်ရင်တော့ ဖုန်းနဲ့ပဲရိုက်ပါ 300,000vnd
သက်သာမှာပါ။

ဆု honest review ပေးရရင် cameraman ကစိတ်မရှည်ပါဘူး။ ဆုတို့ သားအမိ ၃ ယောက်ရိုက်တာ locations အတူတူ post အတူတူပါပဲ ကိုယ်ပဲလားထင်ပြီး account ထဲဝင်ကြည့်တော့လဲအတူတူပါပဲ။

ဆုတို့ရွေးတဲ့ဆိုင်တစ်ခုကောင်းတာ က Dress ကတော်တော်ရွေးချယ်စရာများပါတယ်

အလှပြင်တာလဲတော်တော်လှပါတယ်။

တစ်ခုရှိတာက ဓါတ်ပုံဆရာနဲ့ဆို ရင်တော့ အဓိကအလှဆုံးနေရာတွေမှာရိူက်လို့ရမှာပါ။ ကိုယ့်ဖုန်းနဲ့ကိုယ်ဆိုရင် အဲ့နေရာတွေရိုက်ဖို့မလွယ်ပါဘူးနော်။

ပုံကရိုက်ထားသလောက် Raw တွေပေးတယ်။ တော်တော်လေးအဆင်ပြေပါတယ်။
မြန်မာမှာဆို ပုံထပ်လိုချင်ဘယ်လောက်ဆိုပြီးထပ်တောင်းတာ 🥹 ပုံက သူတို့စီ ပြန်ပို့ရင် ပြန်ပြင်ပေးတယ် ဆိုပေမယ့် စောင့်ရတာ စိတ်မရှည်လို့ က်ုယ့်ဘာသာပဲ ပြင်လိုက်ပါတယ်။ 😁

အခုရိုက်ရတဲ့စျေးက
မြန်မာနိုင်ငံက ထက် စျေးသက်သာတယ်လို့ခံစားရပါတယ်။ တစ်ခါလောက်တော့ Try ကြည့်သင့်ပါတယ်။
ဆုပုံရဲ့ Result လေး​တွေလဲ ပြပေးထားတယ်နော်။
အဆုံးထိကြည့်ပေးကြလို့ကျေးဇူးပါ။

03/09/2025

ဘားအံသွားမယ့်သူလေးတွေရှိကြလား။ Tour နဲ့မဟုတ်ပဲ ကိုယ်တ်ုင်သွားမယ့်သူလေးအတွက် video လေးပါ။ #ဘားအံ

02/09/2025

ဒီ​နေ့ Vietnam နိုင်ငံ Independence day လေးပါ။ သူတို့နိုင်ငံက ဘယ်လောက်ချစ်စရာကောင်းလဲဆို နိုင်ငံသားဖြစ်တဲ့အတွက် တစ်ယောက်ကို VND 100,000 ဆီပေးတယ်တဲ့။ အိမ်တွေတိုင်း၊ လမ်းတွေတိုင်း မှာ အလှံနီလေးတွေ လူတွေကလဲ အနီရောင်ဝတ်ဆုံတွေဝတ် မီးပန်းတွေဖောက် ပျော်ပွဲရွှင်ပွဲတွေလုပ်ပြီးပျော်နေကြတာ။ ပျော်နေတာကိုကြည့်နေရင်း….ရှိုက်ခနဲတစ်ချက်ဖြစ်ပြီး ငိုမိသွားတဲ့အထိပဲနောက်များမှ ဒီ Vietnam မြို့လေးရဲ့ အရမ်းလှတဲ့ရူခင်းလေးတွေ လူတွေရဲ့ ဖော်ရွေတာတွေ အများကြီးပြောပြပေးချင်ပါတယ်။ စားလေးဖတ်ပေးတဲ့အတွက်ကော video လေးကြည့်ပေးတဲ့အတွက်ကောကျေးဇူးပါနော်။

31/08/2025

Curious to watch a stunning, spectacular show for free? #နိုင်ငံခြားရောက်မြန်မာ

29/08/2025

Vietnam မှာ Stay ရှောင်မယ့်သူလေးတွေ အတွက် Vietnam မှာ ဂျင်းအထည့်မခံရအောင် ဘယ်လိုစျေးဝယ်ရမလဲ ပြောပြပေးသွားမှာပါ။ #နိုင်ငံခြားရောက်မြန်မာ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


North Okkalapa
Yangon