7th Computing
Our 7th Computing group is always willing to provide you with high-quality & world-class development Your satisfaction on our services is our ultimate mission.
We deliver high quality web/software development, training and consultancy services across a wide range of technologies. We form the partnership with world-wide companies to provide ultimate values for customers.
28/05/2026
ယနေ့ကျရောက်တဲ့ အီဒုလ်အဿွဟာ(ကုရ်ဘာနီအိးဒ် )နေ့တွင် အစ္စလာမ်ဘာသာဝင်များအားလုံး ကျန်းမာပျော်ရွှင်ကြပါစေကြောင့် 7th Computing မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
www.7thcomputing.com
#ကုရ်ဘာနီအိးဒ်
01/05/2026
ယနေ့ကျရောက်တဲ့ မေဒေး (ကမ္ဘာ့အလုပ်သမားနေ့) မှာ လုပ်ငန်းခွင်အသီးသီးရှိ ကာယ၊ ဉာဏအလုပ်သမားအားလုံးကို 7th Computing က လေးစားစွာဖြင့် ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။
www.7thcomputing.com
#အလုပ်သမားနေ့
30/04/2026
🙏ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏
မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် ကဆုန်လပြည့်နေ့၊၂၀၂၆ ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ကျရောက်သော ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် အခါသမယတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း 7th Computing မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
www.7thcomputing.com
#ကဆုန်လပြည့်နေ့
23/04/2026
ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေကို Odoo ERP တစ်ခုတည်းနဲ့ ရိုးရှင်းအောင် ပြောင်းလဲလိုက်ပါ။
Odoo ဟာ ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုသူ သန်းပေါင်းများစွာရှိတဲ့ Open-source ERP (Enterprise Resource Planning) Software တစ်ခုဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုရဲ့ အရောင်း၊ စာရင်းကိုင်၊ ပစ္စည်းလက်ကျန်၊ ထုတ်လုပ်မှုနဲ့ ဝန်ထမ်းရေးရာ စတဲ့ လုပ်ငန်းရေးရာတွေကို ချိတ်ဆက်လုပ်ဆောင်ပေးတဲ့ All-in-one Business Software တစ်ခုလည်း ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခု ကြီးထွားလာတာနဲ့အမျှ ဌာနအသီးသီးက စာရင်းဇယားတွေကို တစ်စုတစ်စည်းတည်း ထိန်းချုပ်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။ ဌာနချင်း ချိတ်ဆက်မှုမရှိတာ၊ စာရင်းမှားယွင်းတာနဲ့ အချိန်ကုန်တာတွေကို Odoo ERP က အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်။
🚀 Odoo ERP ကို ရွေးချယ်လို့ ဘာအကျိုးကျေးဇူး ရနိုင်မလဲ?🤔
✅All-in-One Solution: အရောင်း (Sales)၊ စာရင်းကိုင် (Accounting)၊ ပစ္စည်းလက်ကျန် (Inventory) နဲ့ ဝန်ထမ်းရေးရာ (HR) အားလုံးကို App တစ်ခုတည်းမှာ ချိတ်ဆက်ထားလို့ အချက်အလက်မှားယွင်းတဲ့ ပြဿနာတွေမရှိတော့ဘူး။
✅ Real-time Insights: လုပ်ငန်းရဲ့ အခြေအနေကို ဘယ်နေရာရောက်ရောက် ဖုန်း (သို့) Laptop ရှိရုံနဲ့ အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်မယ်။
✅Cost-Effective: လုပ်ငန်းအရွယ်အစားအလိုက် လိုအပ်တဲ့ App တွေကိုပဲ ရွေးချယ်သုံးနိုင်လို့ မလိုအပ်ဘဲ ငွေကုန်ကြေးကျများတာမျိုး မရှိတော့ဘူး။
✅ User-Friendly: အသုံးပြုရတာ လွယ်ကူပြီး ရှင်းလင်းတဲ့ Interface ရှိလို့ ဝန်ထမ်းတွေအတွက် သင်ယူရတာ မြန်ဆန်စေပါတယ်။
လုပ်ငန်းငယ်လေးကနေ ကုမ္ပဏီကြီးတွေအထိ စိတ်ကြိုက်အသုံးပြုနိုင်တဲ့ Odoo ERP နဲ့ သင့်လုပ်ငန်းကို ဒီနေ့ပဲ Digital Transformation အနေနဲ့ စတင်ပြောင်းလဲလိုက်ပါ။
Odoo ERP အကြောင်း အသေးစိတ် သိရှိလိုတာမျိုး ဒါမှမဟုတ် သင့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် လုပ်ဆောင်မှုများ ဆွေးနွေးလိုပါက 7th computing ကိုအခုပဲ ဆက်သွယ်လိုက်ပါ။
7thComputingCo.,Ltd
🏠 No.1217, 5th Floor, Pinlon Road, 35th Ward, North Dagon Township, Yangon, Myanmar
☎️ 09446890387/09260023714
📧 www.7thcomputing.com
13/04/2026
မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ်ကူးမှစ၍ ၇ ရက်သားသမီးများ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း 7th Computing မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
www.7thcomputing.com
09/04/2026
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သော မဟာသင်္ကြန်ပွဲတော်နှင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် ကျွန်ုပ်တို့ 7th Computing ရုံးအား [၁၁.၄.၂၀၂၆] ရက်နေ့မှ [၁၉.၄.၂၀၂၆] ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ပြီး
[၂၀.၄.၂၀၂၆] ရက်နေ့မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
www.7thcomputing.com
30/03/2026
“ဝယ်ယူရေးမှာ စာရင်းတွေရှုပ်ပြီး ပစ္စည်းပြတ်တာ၊ ငွေပိုပေးရတာတွေကို ရပ်တန့်လိုက်ပါ”
လုပ်ငန်းတစ်ခုရဲ့ အမြတ်အစွန်းဟာ "ဝယ်ယူရေး (Purchase)" စနစ်တကျရှိမှုအပေါ်မှာ အများကြီး မူတည်နေပါတယ်။ Odoo Purchase Module က သင့်လုပ်ငန်းရဲ့ ဝယ်ယူမှုအဆင့်ဆင့်ကို စနစ်တကျ ပြောင်းလဲပေးမှာပါ။
📌 အမှာစာမှားယွင်းမှုကင်းစင်ခြင်း : RFQ (Request for Quotation) မှသည် PO(Payment Order) အထိလုပ်ငန်းစဉ်တစ်ခုလုံးကိုစနစ်တကျ မှတ်တမ်းတင်နိုင်လို့ လက်ရေးစာရင်းတွေကြောင့် ဖြစ်ရတဲ့ အမှားအယွင်းတွေကို ရပ်တန့်ပေးနိုင်ပါတယ်။
📌 ငွေပေးချေမှု တိကျခြင်း : မှာယူထားတဲ့ပစ္စည်း၊ လက်ခံရရှိတဲ့ပစ္စည်းနဲ့ Vendor က တောင်းခံတဲ့ Invoice ကို စနစ်က အလိုအလျောက် တိုက်ဆိုင်စစ်ဆေးပေးလို့ ငွေပိုပေးရတာမျိုး လုံးဝမဖြစ်စေရပါဘူး။
📌 ပစ္စည်းပြတ်လပ်မှု မရှိခြင်း : လက်ကျန်ပစ္စည်း နည်းလာတာနဲ့ စနစ်က အလိုအလျောက် သတိပေးမှာဖြစ်လို့ လုပ်ငန်းလည်ပတ်မှု မပြတ်တောက်အောင် ကူညီပေးပါတယ်။
📌 ကုန်ကျစရိတ်သက်သာခြင်း : ဘယ် Supplier က ဈေးအသက်သာဆုံးနဲ့ အမြန်ဆုံးလဲဆိုတာကို Report ထုတ်ကြည့်နိုင်လို့ ဝယ်ယူခြင်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်အကောင်းဆုံး ချမှတ်နိုင်ပါတယ်။
"ရှုပ်ထွေးတဲ့ဝယ်ယူရေးလုပ်ငန်းစဉ်တွေကို Odoo နဲ့ ရိုးရှင်းအောင် ပြောင်းလဲလိုက်ပါ။"
Odoo ရဲ့ Purchase moduleအကြောင်း အသေးစိတ် သိရှိလိုတာမျိုး ဒါမှမဟုတ် သင့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် လုပ်ဆောင်မှုများ ဆွေးနွေးလိုပါက 7th computing ကိုအခုပဲ ဆက်သွယ်လိုက်ပါ။
7thComputingCo.,Ltd
No.1217, 5th Floor, Pinlon Road, 35th Ward, North Dagon Township, Yangon, Myanmar
www.7thcomputing.com
10/03/2026
Happy Hour မှာ လူဘယ်လောက်ကျကျ Odoo ရှိရင် အေးဆေးပဲ
🍻 Bar & Pub ပိုင်ရှင်တွေအတွက် အလုပ်အရှုပ်ဆုံးအချိန်ဟာ စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်သလို၊ အမှားအယွင်းအများဆုံးအချိန်လည်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သင့်ဆိုင်မှာ Odoo POS (Point of Sale) ရှိနေရင်တော့ အော်ဒါတွေ ဘယ်လောက်တက်တက်၊ လူတွေ ဘယ်လောက်ကျပ်ကျပ် ခေါင်းကိုက်စရာမလိုဘဲ အေးဆေးပဲပေါ့။
ဘာကြောင့် Odoo က Bar & Pub တွေအတွက် အကောင်းဆုံးဖြစ်ရတာလဲ?
🍻Odoo ရဲ့ စနစ်ဟာ ရိုးရှင်းတယ်၊ မြန်ဆန်တယ်၊ ပြီးတော့ စိတ်ချရပါတယ်။ အထူးသဖြင့် လိုအပ်ချက်တွေကို အထိမိဆုံး ဖြည့်ဆည်းပေးနိုင်တဲ့ အချက် (၄) ချက်ရှိပါတယ်-
🚀 Quick Order & Tablet Service: စားပွဲဆီသွားပြီး Tablet နဲ့ အော်ဒါကောက်ရုံနဲ့ Bar Counter မှာရှိတဲ့ Printer ကနေ ဘာဖျော်ရပေးရမလဲဆိုတာ ချက်ချင်းထွက်လာမှာပါ။
🚀 Floor Plan Management: ဆိုင်ရဲ့ အခင်းအကျင်းအတိုင်း စနစ်ထဲမှာ ပုံဖော်ထားလို့ ဘယ်ဝိုင်းက အော်ဒါမှာပြီးပြီလဲ၊ ဘယ်ဝိုင်းက Check-out လုပ်တော့မှာလဲဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။
🚀 Split Bills Like a Pro: သူငယ်ချင်းတစ်စု လာသောက်တဲ့အခါ "ငါက ဒါသောက်တာ၊ သူက ဟိုဟာသောက်တာ" ဆိုပြီး ခွဲရှင်းချင်ရင်လည်း Odoo မှာ စက္ကန့်ပိုင်းအတွင်း Split Bill လုပ်ပေးနိုင်ပါတယ်။
🚀 Inventory Tracking (Real-time): အရက်ပုလင်းတွေ၊ ကော့တေးစပ်တဲ့ ပါဝင်ပစ္စည်းတွေကို အစက်ချမကျန် Inventory မှာ အလိုအလျောက် နုတ်ပေးသွားမှာပါ။ ဘယ်ပစ္စည်း ပြတ်တော့မလဲဆိုတာ ကြိုသိနိုင်ပါတယ်။
🕰️Happy Hour မှာ လူအပြည့်ကျ၊ အသံကျယ်ကျယ်၊ အလုပ်များများ ဖြစ်နေချိန်မှာ Odoo ကိုအသုံးပြုထားရင် လုပ်ငန်းလည်ပတ်မှုက ချောချောမွေ့မွေ့ဖြစ်သွားပြီး ပိုမိုအဆင်ပြေစွာနဲ့စီမံခန့်ခွဲလို့ ရနိုင်ပါတယ်။
"Happy Hour မှာ ဝန်ထမ်းတွေ ပြာယာခတ်မနေဘဲ Customer တွေကို ပြုံးပြုံးရွှင်ရွှင် ဝန်ဆောင်မှုပေးနိုင်ဖို့ Odoo ကို သုံးလိုက်ပါ။"
Odoo ရဲ့ Industries မှ Bar & Pub အကြောင်း အသေးစိတ် သိရှိလိုတာမျိုး ဒါမှမဟုတ် သင့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် လုပ်ဆောင်မှုများ ဆွေးနွေးလိုပါက 7th computing ကိုအခုပဲ ဆက်သွယ်လိုက်ပါ။
7th Computing Co.,Ltd
No.1217, 5th Floor, Pinlon Road, 35th Ward, North Dagon Township, Yangon, Myanmar
www.7thcomputing.com
06/03/2026
Odoo Inventory
လုပ်ငန်းတစ်ခုမှာခေါင်းအခဲရဆုံး ကိစ္စဟာ ကုန်ပစ္စည်းလက်ကျန် စီမံခန့်ခွဲမှုပါပဲ။ပစ္စည်းကရှိနေရဲ့သားနဲ့ ရှာမတွေ့တာ၊ လက်ကျန်ပြတ်သွားမှ သိရတာ၊ ဒါမှမဟုတ် စာရင်းနဲ့ အပြင်က ပစ္စည်း မကိုက်ညီတာမျိုးတွေ ကြုံဖူးပါသလား။ဒါတွေကိုစနစ်တကျမစီမံနိုင်ရင် လုပ်ငန်းအတွက် ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။ Odoo Inventory System ကတော့ဒီလိုပြဿနာတွေ အတွက် အဖြေပါပဲ။
📦Odoo Inventory ကသင့်လုပ်ငန်းအတွက်ဘာတွေလုပ်ပေးနိုင်လဲ?
🎯 ကုန်ပစ္စည်းတွေကိုတိတိကျကျ အချိန်နဲ့တစ်ပြေးညီ ကြည့်နိုင်မယ်။
🎯 barcode scanner သုံးပြီးပစ္စည်းအဝင်/အထွက် များကို စစ်ဆေးလို့ရတဲ့အတွက် လုပ်ငန်းခွင် အမှားအယွင်းတွေ လျော့လာမယ်။
🎯 ပစ္စည်းအနည်းငယ်ကျန်ရင် Purchase Order ကို အလိုအလျောက် ဖန်တီးပေးပြီး အရောင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတွက်ချက်ပေးမယ်။
💻Odoo Inventory ကို အသုံးပြုခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ
Stock-out မဖြစ်တော့ခြင်း: ပစ္စည်းပြတ်လပ်မှုကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
စရိတ်သက်သာခြင်း: ပိုလျှံနေတဲ့ Stock တွေကို လျှော့ချနိုင်လို့ အရင်းအနှီး ကုန်ကျစရိတ် တွေ လျော့နည်းသွားမယ်။
တိကျမှုရှိခြင်း: လူကြောင့်ဖြစ်တဲ့ အမှားတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးပါတယ်။
✨ဘယ်လိုလုပ်ငန်းတွေအတွက် အသင့်တော်ဆုံးလဲ?
🛒 Online Shop များ
🏭 ကုန်ထုတ်လုပ်ငန်း (Manufacturing)
📦 လက်လီ/လက်ကား ဖြန့်ချိရေး (Retail & Wholesale)
🚚 Logistics နဲ့ Distribution လုပ်ငန်းများ
💼 Odoo Inventory အကြောင်း အသေးစိတ် သိရှိလိုတာမျိုး ဒါမှမဟုတ် သင့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် လုပ်ဆောင်မှုများ ဆွေးနွေးလိုပါက 7th computing ကို အခုပဲ ဆက်သွယ်လိုက်ပါ။
7th Computing Co.,Ltd
No.1217, 5th Floor, Pinlon Road, 35th Ward, North Dagon Township, Yangon, Myanmar
www.7thcomputing.com
02/03/2026
“တောင်သူလယ်သမားနေ့’’
နေပူပူ၊မိုးရွာရွာမှာ စိုက်ပျိုးရေးကို အားသွန်ခွန်စိုက်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံ အရပ်ရပ်ရှိ ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံး ယနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှာကျရောက်သော တောင်သူလယ်သမားနေ့တွင် စိတ်ချမ်းသာ၊ကိုယ်ကျန်းမာရှိကြပြီး ကျန်းမာသုခအဖြာဖြာနှင့် ပြည့်စုံ၍ စီးပွားလုပ်ငန်းများ ဒီရေကဲ့သိုတိုးတက်ပါစေကြောင်း 7th Computing မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
#တောင်သူလယ်သမားနေ့
27/02/2026
💭 ဘာလို့ ကုမ္ပဏီတွေက အရောင်းပိုင်းအတွက် Odooကို ရွေးချယ်ကြတာလဲ?
🔑 ယနေ့ခေတ် Digital Business လောကမှာ အရောင်းပိုင်းကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်းဟာ လုပ်ငန်းအောင်မြင်မှုရဲ့ အဓိကသော့ချက်ပါ။
❌ Customer စာရင်းတွေ ရှုပ်ထွေးနေတာ
❌ အရောင်းဝန်ထမ်းတွေ ဘယ်အဆင့်ရောက်နေမှန်း မသိရတာ
❌ Quotation တစ်စောင်ထုတ်ဖို့ အချိန်အကြာကြီး စောင့်နေရတာ
💻 Odoo CRM နဲ့ဆိုရင်…
✅ Follow-up မမေ့တော့ဘူး။
✅ Quotation ပို့တာ မြန်မယ်။
✅ ဘယ်သူတွေဝယ်မလဲ အတိအကျသိမယ်။
အဲ့ဒီအတွက် ကုမ္ပဏီများစွာက Odoo ကို ရွေးချယ်အသုံးပြုလာကြပါတယ်။
CRM (Customer Relationship Management)
Odoo ရဲ့ CRM ဟာ Potential Customer (Leads) တွေကို စနစ်တကျ စီမံပေးပါတယ်။
💻 My Pipeline: အရောင်းအဆင့်ဆင့်ကို (Lead ➡️ Qualified ➡️ Proposition➡️ Won) ဆိုပြီး အရှင်းသား မြင်နေရလို့ Follow-Up လုပ်ရမည့် Customer များကို ချက်ချင်းသိနိုင်ပါတယ်။
ဒါ့အပြင် ဖုန်းခေါ်ရမယ့်အချိန်၊ Email ပို့ရမယ့်အချိန်တွေကို Reminder ပေးထားလို့ အခွင့်အရေးကောင်းတွေကို လက်လွတ်မသွားစေတော့ပါဘူး။
🧾 My Quotation: အဓိက အားသာချက်ကတော့ Details ကျပြီး Professional ဆန်တဲ့ Quotation တွေကို မိနစ်ပိုင်းအတွင်း ဖန်တီးနိုင်ခြင်း…
ဝယ်ယူသူကို တခြားပစ္စည်းလေးတွေပါ အကြံပြုတဲ့ (Suggest products) စနစ်ပါဝင်လို့ အရောင်းပမာဏကို ပိုတိုးလာစေခြင်း…
📈 Reporting: ဘယ်ဝန်ထမ်းက အရောင်းအကောင်းဆုံးလဲ? ဘယ်လက Target ပြည့်လဲ? ဆိုတာတွေကို Dashboard မှာ Graph တွေ၊ Chart တွေနဲ့ အချိန်နဲ့တပြေးညီ ကြည့်နိုင်ခြင်း…
Odoo ကို သုံးစွဲခြင်းက လုပ်ငန်းရဲ့ အရောင်းပိုင်းကို စနစ်တကျ ထိန်းကျောင်းနိုင်ပြီး လုပ်ငန်းခွင် ပိုမိုမြန်ဆန်သွက်လက်ဖို့ အတွက် odoo ကိုအခုပဲ စတင်အသုံးပြုလိုက်ပါ။
7th Computing Co.,Ltd
No.1217, 5th Floor, Pinlon Road, 35th Ward, North Dagon Township, Yangon, Myanmar
www.7thcomputing.com
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. (1217), 5th Floor, 35th Ward, Pinlon Road, North Dagon Township
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |