Princess TULIP

Princess TULIP

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Princess TULIP, Photographer, Bangkok.

07/02/2026

တစ်စုံတစ်ခုကို ပိုင်ဆိုင်ပြီး
စိက်ဆေးရဲနေရခြင်းထက်
ဘာတစ်ခုမှမပိုင်ဆိုင်ဘဲ
စိက်ချမ်းသာခြင်း ပိုကောင်းပါတယ်။

06/02/2026

ထူးဆန်းလွန်းတဲ့အချစ်

Photos from Princess TULIP's post 18/01/2026

12/01/2026

ရာသီလာခြင်းဆိုင်ရာ ပြဿနာ အဖြေရှာ

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

Q. တချို့အမျိုးသမီးတွေက ရာသီလာခါနီးဆိုရင် ဒေါသထွက်တာလို စိတ်ဝေဒနာတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်ဆရာ။ အဲဒါကို ဘယ်လို လျှော့ချသင့်ပါသလဲ ဆရာ။

A. တချို့က ရာသီလာခါနီးအချိန်မှာ လူသတ်ချင်တဲ့စိတ်တွေ
ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီအချိန်ကျရင် သူဟာ သူမဟုတ်တော့ဘဲ ဘယ်သူရောက်လာမှန်း မသိလောက်အောင် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်လာတတ်ပါတယ်။ စိတ်တင်မကဘဲ ခန္ဓာကိုယ်ကလည်း ၀၀ဖိုင့်ဖိုင့်ကြီး ဖြစ်နေပြီလို့ ခံစားရတတ်ပါတယ်။

နေရတာ ခေါင်းကိုက်တယ်၊ မူးတယ်၊ ပျို့တယ်၊ ရင်သားတွေ တင်းတယ်၊ စိတ်တိုလွယ်တယ်၊ စိတ်က တင်းကျပ်နေတယ်၊ အိပ်လို့ မပျော်တော့ဘူး၊ စိတ်တွေ ဂယောက်ဂယက်ဖြစ်လာတယ်။

ပြဿနာမျိုးစုံနဲ့ ထောင်ကျနေတဲ့ အမျိုးသမီးတွေကို လိုက်ပြီး သုတေသနလုပ်တဲ့အခါကျတော့ သူတို့ရာဇ၀တ်မှု ကျူးလွန်လိုက်တဲ့အချိန်က ရာသီလာခါနီး တစ်ပတ်အလို၊ နှစ်ပတ်အလိုလောက်မှာ ဖြစ်တာကို သွားတွေ့ရပါတယ်။ ဒါကို PMS ( Premenstrual Syndrome ) ဒါမှမဟုတ် Premenstrual Tension လို့ ခေါ်ပါတယ်။ ဒါက ရာသီလာခါနီး ဟော်မုန်းတွေ အပြောင်းအလဲဖြစ်တဲ့ဒဏ်ကို ဒီမိန်းကလေးတွေက မခံနိုင်တာပဲ ဖြစ်ပါတယ်။

အမျိုးသမီးတိုင်း ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပေမယ့်
တချို့အမျိုးသမီးတွေက ခံနိုင်ရည်ရှိပြီး တချို့က ခံနိုင်ရည်မရှိတတ်ပါဘူး။ တကယ်တော့ ရာသီအကြိုမှာ ဖြစ်တဲ့ဝေဒနာတွေက ရောဂါတစ်ခု
မဟုတ်ပါဘူး၊ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တာပဲ ဖြစ်ပါတယ်။ ဒါက ကြောက်စရာကောင်းတဲ့ ရောဂါမဟုတ်ဘဲ သဘာ၀တရားဆိုပြီး ရင်ဆိုင်ကျော်လွှားဖို့ပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ စိတ်ကို ဘယ်လိုထားရမယ်၊ ဘယ်လို ပြင်ဆင်ရမယ်ဆိုတာ သိသွားရင် ဘာမှ ပြဿနာ မရှိတော့ပါဘူး။

အရေးကြီးတာက ဒီအချိန်မှာ စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။
စိတ်ရော ကိုယ်ပါ ဖြေလျှော့တတ်ဖို့လည်း လိုပါတယ်။
တရားထိုင်တာ၊ ယောဂကျင့်တာ စတဲ့ ဖြေလျှော့နည်းတွေ အများကြီးရှိပါ တယ်။ ဗီတာမင် B6 မှီဝဲပေးရပါမယ်။
Evening Primose Oil ကို မှီဝဲပေးရင် အများကြီး အထောက်အကူပြုပါတယ်။
အဲဒီအချိန်မှာ အိပ်ရာထဲ ခွေခေါက်မနေဘဲ လမ်းလျှောက်လေ့ကျင့်ခန်း
လုပ်ပေးရပါမယ်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

Q. ရာသီလာတဲ့အခါ တချို့အမျိုးသမီးတွေက သွေးဆင်းများတတ်ပါတယ်။ အဲဒါက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

A. ဆယ်ကျော်သက်တွေမှာ ဟော်မုန်းတွေမမှန်လို့
သွေးဆင်းများတတ်ပါတယ်။ စိတ်ဖိစီးမှု၊ စိတ်ဆင်းရဲတာနဲ့ ၀မျးနညျးတာကွောင့ျလညျး သွေးဆင်းများတတ်ပါတယ်။ တစ်ခါတလေ ရောဂါတွေကြောင့်လည်း သွေးဆင်းများတတ်ပါတယ်။ သားအိမ်ထဲမှာ အလုံးဖြစ်နေရင်၊ အသားပိုထွက်နေရင်၊ နေရာလွဲမှား သားအိမ်အတွင်းသား ( Endometriosis ) ရောဂါရှိရင်၊ မျိုးပွားအင်္ဂါမှာ ပိုး၀င်ရောင်ရမ်းနေရင်
သွေးဆင်းများတတ်သလို တစ်ခါတစ်ရံ သားအိမ်ထဲမှာ သန္ဓေတားပစ္စည်း ထည့်ထားရင်လည်း သွေးဆင်းများတတ်ပါတယ်။ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတွေကြောင့်လည်း သွေးဆင်းများတတ်ပါသေးတယ်။

ဒါကြောင့် သွေးဆင်းများတာကို မပေါ့ဆပါနဲ့။ တစ်ခါတလေ ဘာရောဂါမှမရှိဘဲ၊ ဘာအကြောင်းကြောင့်မှန်း မသိဘဲ သွေးဆင်းများနေတာမျိုးလည်း ရှိတတ်ပါတယ်။ သွေးတွေ အများကြီးဆင်းရင် သွေးအားနည်းတတ်ပါတယ်၊ မောပန်းနေတတ်ပါတယ်။ ပုံမှန်အတိုင်း လမ်းလျှောက်နေရင်း ရင်တွေ တုန်လာတတ်ပါတယ်။ ဒါကြောင့် မပေါ့ဆဘဲ ဆရာ၀န်နဲ့ ပြသင့်ပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

Q. တချို့တွေမှာ ရာသီ လုံး၀မလာတဲ့ အခြေအနေဆိုတာ ရှိတတ်ပါတယ်။ အဲဒါကရော ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

A. တစ်ခါတလေ မျှော်သာမျှော် ပေါ်မလာတဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါက ဓမ္မတာ ရာသီပဲ ဖြစ်ပါတယ်။ တချို့ကလေးမလေးတွေ အပျိုဖော်၀င်ရမယ့်အရွယ် မ၀င်ဘဲ ရာသီမလာတာ ဖြစ်တတ်ပါတယ်။ အသက် ၁၆ နှစ် ပြည့်တဲ့အချိန် ရာသီမလာတာက တစ်ခါတလေ ဟော်မုန်းတွေမမှန်လို့ ဖြစ်နိုင်သလို မွေးလမ်းကြောင်းအပေါက်မပါတာ၊ ပိတ်ဆို့နေတာ၊ သားအိမ်မပါတာ၊ သားအိမ်အပေါက်မပါတာ၊ သားဥအိမ်မပါတာ တို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် အသက် ၄၅ နှစ်ကျော်မှ
သွေးဆုံးရမယ့်အစား ရှားရှားပါးပါး ငယ်ငယ်ကလေးနဲ့ သွေးဆုံးသွားတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ နောက်တစ်ချက်က ကိုယ်၀န်ရှိနေလို့လည်း ဖြစ်နိုင်ပါတယ်။

11/01/2026

စရိုက်မတူတဲ့ လူတွေကြားမှာ
ဒေါသကို ထိန်းပြီး
နေနေရတဲ့ စိတ်ဒုက္ခကလည်း မလွယ်ကူပါဘူး ။

ကိုယ်ထိန်းနေတာကို
တဖက်လူက နားလည်သိတတ်သွားရင် အဆင်ပြေတာပေါ့ ။

မသိတတ်ရင်တော့ ကိုယ့်စိတ်ကို ကုသိုလ်ဖြစ်အောင်နေဖို့
မနည်းကြိုးစားရပါဦးမယ် ။

10/01/2026

လူတွေဟာ နီးလွန်းရင် မမြင်နိုင်ကြတော့ဘူး
အထူးသဖြင့် ကိုယ့်ဘေးနားက လူတွေရဲ့ တန်ဖိုးကိုပေါ့

ကိုယ့်အပေါ် အမြဲကောင်းတဲ့သူကို
ကြာလာတော့ သာမှန်ဖြစ်စဉ်တစ်ခုလို
အရေးမကြီးသလို သဘောထားမိကြတယ်

ဒါဟာ သူ့စေတနာကို စော်ကားခြင်း တစ်မျိုးပဲ
တန်ဖိုးကို နားမလည်ဘူး

ကိုယ်ရင်ဖွင့်တိုင်း နားထောင်ပေးတဲ့ သူ့ရဲ့တန်ဖိုး
ကိုယ်ခက်ခဲတိုင်း ကူညီတတ်တဲ့ သူ့ရဲ့တန်ဖိုး

ဒါတွေကို လစ်လျှူရှုမိတယ်

ဒါဟာ နီးကပ်လွန်းလို့ မမြင်တာ
လွယ်လွယ်ရနေလို့ ပေါသွားတာလို့ပဲ ထင်ပါတယ်

ဒါ့ကြောင့်နဲ့ပဲ လူတွေဟာ
ကိုယ့်အပေါ် နှစ်တွေများစွာတိုင်
ကောင်းပေးခဲ့သူကို ပစ်ပြီး
မနေ့တနေ့ကမှ တွေ့တဲ့ လူတစ်ယောက်ဆီ
ပါသွားတတ်ကြတယ်

ကိုယ်တိုင်ကရော အဲ့သလို လူမျိုးဖြစ်နေမလား
ကိုယ်စာပို့တိုင်း Reply တန်းပြန်ပေးတာဟာ
သူ့အတွက် အရေးကြီးလို့ မဟုတ်ဘူး
ကိုယ့်အပေါ် အလေးထားတဲ့စိတ်ရှိလို့ တန်ဖိုးထားလို့ပဲ ။

ကိုယ်ချိန်းတဲ့အခါတိုင်း အမြဲလာတွေ့ပေးတာဟာ
သူအမြဲအားနေလို့ မဟုတ်ဘူး သူ့ရဲ့ လုပ်စရာတစ်ချို့ကို ဖျက်ထားခဲ့ရတာလဲ ဖြစ်နိုင်တာပဲ ။

ကိုယ်လိုအပ်တိုင်း အကူညီပေးတာဟာ
သူသိပ်အဆင်ပြေနေလို့ မဟုတ်ဘူး
ကိုယ့်ကို အဆင်ပြေစေချင်တာ

ကိုယ်ပြောသမျှတိုင်း နားထောင်ပေးတာဟာ
သူ့မှာပြောစရာ မရှိလို့ မဟုတ်ဘူး
ကိုယ့်ရဲ့ မပြည့်ဝမှုတွေကို
သည်းခံပေးတာဟာ နုံအလို့ မဟုတ်ဘူး

ဆုံးရှုံးသွားမှ တန်ဖိုးနားလည်မဲ့သူ မဖြစ်စေနဲ့
ကိုယ်သိရှိနားလည်ချိန်ဆို သူတို့ဟာ
သင့်ဘေးနားမှာ ရှိနေတော့မှာ မဟုတ်ဘူး

ကိုယ့်အတွက် အဖိုးတန်တဲ့ အရာတွေဟာ
ကိုယ့်ဘေးနားမှာပဲ ရှိနေတတ်ပါတယ်
ကိုယ့်အပေါ် ကောင်းပေးသူ
နွေးထွေးသူတွေကို တန်ဖိုးထားဆက်ဆံပါ

ဒီလိုလူမျိုးဟာ
ဘဝမှာ များများစားစား မတွေ့ရတတ်ပါဘူး။

လေးစားရသောမူရင်ရသားသူခင်များ
ယခု page မှာ ထပ်မံရှယ်ခွင့်ပြုပါလို့
ခွင့်တောင်းပါရစေ🙏🙏🙏🙏🙏

#မူရင်းရေးသားပူဇော်သူအားဂါဝရပြုကူးယူမျှဝေပူဇော်ပါသည် #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်

05/01/2026

လူတစ်ယောက် စိတ်ပူတယ်
စိုးရိမ်တယ်ဆိုတာ
သူ့ရင်ထဲမှာ သူရှိနေလို့ပါ

မဟုတ်ရင်
သွေးမတော် သားမစပ်
ဒါမျိုးတွေ ဘယ်သူဖြစ်နေမလဲ

အဲ့ဒါကျတော့
ချစ်တယ် ဆိုတာမျိုးမဟုတ်တော့ဘူး

သံယောဇဥ် ဆိုတာမျိုးဖြစ်သွားပြီး

ဂရုစိုက်ပါ
စိတ်ပူတယ်
နေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးနေတတ်တာမျိုးပါ

အနေဘယ်လောက်ဝေးဝေး သွေးအေးမသွားပါဘဲ
အချိန်ပေးနေတတ်တာမျိုးပါ

ပျောက်နေရင်ရှာမယ်
မတွေ့ရင် စိုးရိမ်နေမယ်
တစ်ခါတစ်ခါ မကြာမကြာသတိရနေတတ်တာမျိုးပေါ့

သူသိသိ မသိသိ ကိုယ့်ရင်ထဲမှာ
သူရှိနေတာတော့ သ/ခွောနပေါပွီ

မညာဘဲပြောရရင် သူ့ပုံလေးတွေကို တစိမ့်စိမ့်ကြည့်၍ တရိပ်ရိပ်သာယာနေမိသလိုမျိုးပါ

ကိုယ်အမြဲဆုတောင်းနေမိသည်က
ချစ်တဲ့သူတိုင်းလဲ ညားကြပါစေ
ညားတဲ့သူတိုင်းလဲ ချစ်ကြပါစေလို့ပါ ...

Photos from Princess TULIP's post 05/01/2026

မင်း လိုချင်တဲ့ ဖိနပ်တစ်ရံက မင်းခြေထောက်နဲ့ မတော်ဘူး ဆိုပါစို့။ အဲဒီဖိနပ်ကို စီးချင်ဇောနဲ့ မင်းခြေထောက်ကို ဓားနဲ့ လှီးဖြတ်ပြီး အတင်းထိုးထည့်မလား။ ဘယ်သူမှ မလုပ်ကြဘူးနော်။ အဲဒီဖိနပ်ကို စွန့်လွှတ်ပြီး ကိုယ်နဲ့တော်မယ့် နောက်တစ်ရံကို ရှာကြမှာပဲ။

ဒါပေမဲ့ အချစ်ရေးမှာကျတော့ လူအများစုက အဲဒီလို မလုပ်ကြဘူး။ ကိုယ့်ကို တန်ဖိုးမထားတဲ့သူ၊ ကိုယ့်ကို နာကျင်စေတဲ့သူ၊ ကိုယ့်နဲ့ ဘယ်လိုမှ အဆင်မပြေတဲ့ သူတစ်ယောက်ရဲ့ ဘဝထဲကို ဝင်ဆံ့ဖို့အတွက် ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေ၊ ကိုယ့်ရဲ့ ကောင်းမွန်တဲ့ စိတ်ထားတွေ၊ ကိုယ့်ရဲ့ တန်ဖိုး တွေကို လှီးဖြတ်ပြီး အတင်း ဝင်တိုးတတ်ကြတယ်။

မိတ်ဆွေ မှတ်ထားပါ "အချစ်စစ်ဆိုတာ မင်းကို သိမ်ငယ်သွားအောင် ဘယ်တော့မှ မလုပ်ဘူး။" သူ့ဆီက Message တစ်စောင်ရဖို့ တစ်နေကုန် ဖုန်းကို ထိုင်စောင့်နေရတယ်၊ သူ စိတ်ဆိုးမှာကြောက်လို့ ကိုယ့်ဆန္ဒတွေကို မြိုသိပ်ထားရတယ်၊ ငါ့ကို ချစ်လားဆိုတဲ့ မေးခွန်းကို မရဲတရဲ မေးနေရတယ်ဆိုရင် အဲဒါ အချစ် မဟုတ်ပါဘူး။ အဲဒါ စိတ်ဒုက္ခ ပါ။

ဥပမာ - စာတစ်စောင် ပြန်ဖို့ဆိုတာ စက္ကန့်ပိုင်းပဲ ကြာတာပါ။ မအားလို့ဆိုတာ ဆင်ခြေတစ်ခုပါပဲ။ လူတစ်ယောက်က မင်းကို တကယ် အရေးစိုက်တယ်ဆိုရင် သူရတဲ့ အချိန်လေးမှာတောင် မင်းကို စာပြန်ပါလိမ့်မယ်။

သူ မင်းကို စာမပြန်တာ မအားလို့ မဟုတ်ပါဘူး။ မင်းက သူ့အတွက် Priority (ဦးစားပေး) မဟုတ်လို့ပါ။ မင်းကို မချစ်နိုင်တဲ့သူကို မင်းအချစ်တွေနဲ့ ပြောင်းလဲဖို့ မကြိုးစားပါနဲ့။
မင်းရဲ့ အချစ်က ရှားပါးပါတယ်။ တန်ဖိုးရှိပါတယ်။

အဲဒီ တန်ဖိုးကြီးမားတဲ့ အရာကို လက်ခံဖို့ အသင့်မဖြစ်သေးတဲ့၊ တန်ဖိုးမသိတဲ့ သူတွေလက်ထဲ မထည့်လိုက်ပါနဲ့။ ရထားတစ်စင်း ထွက်သွားတဲ့အခါ လိုက်မပြေးပါနဲ့။ ပြေးလိုက်ရင် မောမယ်၊ လဲမယ်၊ ကျန်ခဲ့မယ်။ ဘူတာရုံမှာပဲ စိတ်ရှည်ရှည် ဆက်စောင့်နေလိုက်ပါ။ နောက်ထပ် ပိုကောင်းတဲ့၊ ပိုသန့်ရှင်းတဲ့ ရထားတစ်စင်း သေချာပေါက် ရောက်လာပါလိမ့်မယ်။

Min Khant (Verse)

02/01/2026

ကျောက်ကပ် ကျောက်တည်ခြင်းအကြောင်း
======

(၁) ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ ဘယ်လိုဝေဒနာတွေ ခံစားရလေ့ရှိပါသလဲ။

ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ လူနာဟာ...

နံရိုးအောက် ခါးအနောက်ပိုင်းနဲ့ ဘေးဘက်တွေမှာ စူးပြီးအောင့်မယ်။ ရံဖန်ရံခါ ဝမ်းဗိုက်အောက်ပိုင်းနဲ့ ပေါင်ခြံတွေအထိ အောင့်တတ်ပါတယ်။

နာကျင်မှုဟာ လှိုင်းလုံးတွေဆင့်လာသလို တဖြည်းဖြညါးတိုးပြီး နာလာတတ်ပါတယ်။

ဆီးသွားတဲ့အခါမှာ ပူတာ၊ ကျင်တာ၊ အောင့်တာ ဖြစ်တတ်သလို.....ဆီး အနီရောင်၊ အညိုရောင်၊ ပန်းရောင်တွေ သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဆီးထဲမှာ အမှုန်တွေပါနေတတ်ပြီး ဆီးအနံ့ဟာလည်း အနံ့ဆိုးထွက်နေတာမျိုး ဖြစ်နိုင်ပါတယ်။

မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ပြီး တကယ်သွားတဲ့အခါ ဆီးနည်းနည်းဘဲ ထွက်တာမျိုးနဲ့

ချမ်းတုန်ဖျားပြီး ပျို့တာ အန်တာမျိုးအထိလည်း ဖြစ်တတ်ပါတယ်။....

(၂) ဘာကြောင့် ကျောက်ကပ်မှာ ကျောက်တည်ရတာလဲ။

ကျောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းများ (ဥပမာ၊ ၊ calcium, oxalate, uric acid) ခန္ဓာကိုယ်တွင်း များပြားလာပြီး ဆီးမှတစ်ဆင့် ကောင်းမွန်စွာမစွန့်ပစ်နိုင်တဲ့အခါ ဆီးလမ်းကြောင်းမှာ ကျောက်တည်ပါတယ်။

အဆိုပါဓာတုပစ္စည်းများကို လွယ်လွယ်နဲ့ ကျောက်မဖြစ်သွားအောင် တားဆီးပေးတဲ့ဓာတ်အချို့ အားနည်းရင်လည်း ကျောက်တည်စေပါတယ်။....

(၃) ကျောက်ကပ် ကျောက်တည်ခြင်းဟာ ဘယ်လိုလူတွေမှာ အဖြစ်များသလဲ။

လူတိုင်း ကျောက်တည်နိုင်တယ်ဆိုပေမယ့် အသက် ၃၀၊ ၄၀ အရွယ် အမျိုးသားတွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။

အောက်ပါအချက်အလက်တွေဟာ ကျောက်ကပ်ကျောက်တည်တာကို အဖြစ်များစေပါတယ်...

ရေသောက်နည်းခြင်း
ကျောက်ဖြစ်စေသော ဓာတုပစ္စည်းပါဝင်သည့် အစားအစာများ စားသုံးမှု များပြားခြင်း (ဥပမာ အသားနီ၊ ကလီစာ၊ ပင်လယ်စာ အလွန်အမင်းစားသုံးခြင်း)
အချိုနှင့် အငန်ဓာတ် လွန်ကဲစွာစားသုံးခြင်း
ကျောက်ကပ်ကျောက်တည်သည့် မိသားစုမျိုးရိုးရှိခြင်း
ဆီးလမ်းကြောင်း ကျဥ်းခြင်း/ ပိတ်ခြင်း

ဒါ့အပြင် အချို့ရောဂါတွေဟာလည်း ကျောက်ကပ်ကျောက်တည်ခြင်းကို အားပေးစေပါတယ်။

သွေးတိုး
ဆီးချို
အဝလွန်ခြင်း
သွေးတွင်း Calcium ဓာတ်မြင့်မားခြင်း
အရိုးပွရောဂါ
ဂေါက်ရောဂါ
ကျောက်ကပ်အရည်အိတ်တည်ခြင်း
နာတာရှည် ဝမ်းလျှောခြင်း
parathyroid ရောဂါ
cystic fibrosis ရောဂါ
Inflamatory bowel disease
အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ဖြတ်တောက်ထားသောလူနာများ

အချို့သောဆေးဝါးများဟာလည်း ကျောက်ကပ်ကို ကျောက်တည်စေနိုင်ပါတယ်။

ဆီးဆေးများ (ဥပမာ၊ ၊ furosemide)
Calcium အားဖြည့်ဆေးများ
Vitamin C အားဖြည့်ဆေး
ဝမ်းပျော့ဆေးများ
ဝက်ရူးပြန်နှင့် အတက်ရောဂါတွင် အသုံးပြုသော Topamax နှင့် Dilatin
ပိုးသတ်ဆေးများ Ciprofloxacin & Ceftriaxone....

(၄) ကျောက်ကပ်မှာ ကျောက်တည်ဖို့ အချိန်ဘယ်လောက်ကြာသလဲ။

နှစ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။ တကယ်လို့ ကျောက်ကပ်ထဲမှာ ကျောက်ရှိနေပြီဆိုရင်လည်း ဘာဝေဒနာမှ မခံစားရပါဘူး။ အဲဒီကျောက်ဟာ ကျောက်ကပ်ကနေ ပြုတ်ထွက်တော့မယ်ဆိုမှ နာကျင်မှုကို ခံစားရတာဖြစ်ပါတယ်။

(ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်လိုပါပဲ)....

(၅) ကျောက် ပြုတ်ထွက်ကျဖို့ အချိန်ဘယ်လောက်ကြာသလဲ။

အရွယ်အစားပေါ် မူတည်ပါတယ်။ 4mm ထက်သေးတဲ့ကျောက်တွေဟာ ကျောက်ကပ်ကနေ အပြင်အထိထွက်ကျဖို့ တစ်ပတ်၊ နှစ်ပတ်လောက်သာ ကြာမြင့်တတ်ပြီး 4mm ထက်ကြီးတဲ့ ကျောက်တွေကတော့ သုံးပတ်လောက်အထိ ကြာမြင့်တတ်ပါတယ်။

အသက်ကြီးပြီး ဆီးကျိတ်ကြီးနေတဲ့အမျိုးသားတွေမှာတော့ (ဆီးကျိတ်ဟာ ဆီးလမ်းကြောင်းကို ဖိမိနေတာကြောင့်) ကျောက်ထွက်ကျဖို့ အချိန်ပိုကြာမြင့်တတ်ပါတယ်။....

(၆) ကျောက်ကပ်ကျောက်တည်ခြင်းကို ဘယ်လိုကုသလို့ ရပါသလဲ။

အရွယ်အစားသေးငယ်တဲ့ ကျောက်တွေအတွက် အဓိကက ရေများများသောက်ပါ။ တစ်ရက်ကို ရေ ၂ လီတာမှ ၃ လီတာခွဲအထိ သောက်ပါ။

နာကျင်မှု လျော့ကျစေဖို့အတွက်တော့ ဆရာဝန်က သင့်တော်တဲ့အကိုက်အခဲပျောက်ဆေး ပေးပါလိမ့်မယ်။ ကျောက်မြန်မြန်ကျဖို့အတွက် ဆီးလမ်းကြောင်း ပျော့ပျောင်းစေမယ့် Alpha Blocker လို ဆေးမျိုးလည်း ညွှန်ကြားနိုင်ပါတယ်။

အရွယ်အစားကြီးမားပြီး သူ့အလိုလိုပြုတ်ကျဖို့ ခဲယဥ်းနေတဲ့ ကျောက်တွေအတွက်ကတော့ . . .

အသံလှိုင်းနဲ့ ကျောက်ခြေနည်း (ESWL)
အရေပြားမှာ အပေါက်လေးဖောက်ပြီး ခွဲစိတ်ကုသနည်း (Percutaneous Nephrolithotomy)
ဆီးလမ်းကြောင်းမှတစ်ဆင့် မှန်ပြောင်းထည့်၍ ခွဲစိတ်ကုသနည်း (Ureteroscope) စတဲ့နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

Parathyroid ရောဂါကြောင့် ကျောက်တည်တဲ့လူနာတွေမှာတော့ လည်ပင်းနားက parathyroid အကျိတ်ကို ခွဲစိတ်ကုသဖို့အထိလည်း လိုအပ်နိုင်ပါတယ်။ ....

(၇) ကျောက်မတည်အောင် ဘယ်လိုကာကွယ်ရမလဲ။

ခုနကပြောခဲ့သလို ရေများများသောက်ပါ။ တစ်နေ့ကို 2 L အနည်းဆုံးသောက်ပါ (ရေသန့်ဘူး ၂ ဘူးစာ) မိမိရဲ့ဆီးဟာ ဖွေးပြီးကြည်နေရင် သင့်မှာ ကျောက်တည်ဖို့အခွင့်အလမ်း နည်းပါလိမ့်မယ်။

အသားနီဓာတ်၊ ဆား နဲ့ oxalate ပါဝင်သော အစားအစာများကို လျှော့စားပါ။

Calcium ပါဝင်သော အစားအသောက်များကိုတော့ ပုံမှန်အတိုင်း စားသုံးနိုင်ပါတယ်။ အစားအစာထဲမှာပါဝင်တဲ့ ကယ်လစီယမ်ထက် Calcium အားဆေးတွေ သောက်သုံးခြင်းက ပိုမို၍ ကျောက်ဖြစ်စေကြောင်း တွေ့ရှိထားရပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ အားဆေးတွေ မသောက်သင့်ပါဘူး။

Citrate ပါဝင်တဲ့ အသီးဖျော်ရည်များ (ဥပမာ သံပုရာသီး၊ လိမ္မော်သီး၊ ရှောက်သီး၊ သံပုရိုသီး၊ ဖရဲသီး) စတဲ့ဖျော်ရည်များသောက်သုံးခြင်းဟာ ကျောက်ကပ်ကျောက်တည်နှုန်းကို လျော့ကျစေပါတယ်။

ကော်ဖီသောက်သုံးခြင်းကလည်း ကျောက်တည်ဖို့ အခွင့်အလမ်းနည်းစေကြောင်း တွေ့ရှိထားရပါတယ်။....

(၈) သောက်ဆေးနဲ့ရော ကျောက်မဖြစ်အောင် ကာကွယ်လို့ရပါသလား။

ကျောက်တည်ထားတဲ့အတွက် ခွဲစိတ်ကုသပြီး ရရှိလာတဲ့ကျောက်ကို ဓာတ်ခွဲကြည့်တဲ့အခါ သင့်ရဲ့ကျောက်ဟာ...

Calcium Stone ဖြစ်နေမယ်ဆိုရင် ဆရာဝန်က သင့်ကို Thiazide အမျိုးအစားဆီးဆေး (သို့) phosphate ပါဝင်သော ဆေးတစ်မျိုးမျိုး ညွှန်ကြားပါလိမ့်မယ်။

Uric Acid Stone ဖြစ်နေမယ်ဆိုရင်တော့ allopurinol လိုဆေးမျိုးကို ညွှန်ကြားပါလိမ့်မယ်။

Struvite Stone ဆိုရင်တော့ သင့်ရဲ့ဆီးလမ်းကြောင်းမှာ ဘက်တီးရီးယားပိုးမွှားတွေ ကင်းစင်နေအောင် ပိုးသတ်ဆေးတစ်မျိုးမျိုး သောက်ရမှာပါ။

Cystine Stone အတွက်ဆိုရင် သင့်ဆီးထဲမှာရှိတဲ့ cystine ဓာတ်ပျော်ဝင်နှုန်း နည်းစေမယ့် ဆေးတစ်မျိုးမျိုး ညွှန်ကြားပါလိမ့်မယ်။

(*** အထက်မှာပြောခဲ့တဲ့ဆေးတွေဟာ မိမိရဲ့ကျောက်ကို စနစ်တကျ လေ့လာစမ်းသပ်ပြီးမှ ဆရာဝန်က ညွှန်ကြားရတာမို့ မိမိသဘောဖြင့် မသောက်ရပါ ***)....

ဒီလောက်ဆိုရင်တော့ ကျောက်ကပ်ကျောက်တည်ခြင်းနဲ့ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတအချို့ ရရှိမယ်လို့ မျှော်လင့်ပါတယ်။

ပြည်သူများ ကျောက်ကပ်ကျောက်တည်ခြင်းမှ ကင်းဝေးကြပါစေ....။

ကျောက်ကပ်အထူးကုဆရာဝန်ကြီးတစ်ဦး
တယ်လီကျန်းမာ

Credits: References from Mayo and Cleveland Clinic website

(၁၂၊ ၁၊ ၂၀၂၂) ရက်နေ့က တင်ခဲ့သောပိုစ့်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

Photos from Princess TULIP's post 29/12/2025

မောတယ်အိပ်လိုက်တော့မယ်🤫

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการถ่ายภาพ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

ทีมทำอาหาร

เสื้อผ้า

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok