AtoZ
@AtoZcollection A to Z Collection
10/12/2021
အပြတ်အသတ်အောင်မြင်ခဲ့တဲ့ Silent Strike
နိုင်ငံသားအားလုံးကို ဂုဏ်ပြုလျက်
လက်ခုပ်သံတွေလဲ ကြက်သီးထလောက်အောင်ပါပဲ
"ဆိတ်သုဥ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ"
"ငါတို့မြို့ကို ငါတို့ပိုင်တယ်။
ငါတို့ငြိမ်ချင် ငြိမ်မယ်။
ငါတို့ လှုပ်ချင်လှုပ်မယ်။"
Let our silence makes loud noise!
02/12/2021
Happy Sweet December ❤️
Sorry for late
Idiots က ရွှေကြာရုပ်ရှင်ထဲမှာ ပါခဲ့တယ်နော
ရွှေကြာ OST က သူတို့ပဲ ဆပ်ထားတာ
ရွှေကြာ movie သွားကြည့်တော့
ရေမွန်က ရုတ်တရက်ကြီးထွက်လာလို့
ရုပ်ရှင်ရုံထဲ "အားးး ငါ့ဘဲ" ဆိုပြီး အော်မိသေးတာ
မှတ်မိသေးတယ် ကိုယ်အဲ့လောက်ထိ ကြိုက်ခဲ့တာ
အခု အဲ့ ရွှေကြာ သီချင်းကို ကိုယ်လိုက်ရှာတော့
ဘယ်သူမှလဲ မတင်ပေးကြဘူး
ဘယ်သူမှလဲ သတိမထားမိကြဘူး😭
ကိုယ်တစ်ယောက်ပဲ သတိထားမိခဲ့တာထင်တယ်
မင်မင့် အကြိုက်ဆုံး Idol အတွက်
သတိထားမိအောင် တင်ပေးလိုက်ပါတယ်
I don't own this video and Credit to the original
23/06/2021
Raymond သီချင်းကို စ နားထောင်တုန်းက
ကိုယ်က တကယ်ငယ်သေးတာ 6 တန်း 7 တန်းအရွယ်ကိုယ်ပထမဆုံးတွေ့ဖူးတဲ့ အနုပညာရှင်
ကိုယ်နေတဲ့ တစ်လမ်းကျော်မှာက
ကိုယ့်သူငယ်ချင်းရဲ့အိမ်၊ သူ့အိမ်က
ဦးစောခူဆဲအိမ်နဲ့ ဘေးချင်းကပ်ရက်
သူကလဲ တစ်ခါတစ်လေ အဲ့အိမ်ကို လာလာလည်နေကြ
တစ်နေ့ သူငယ်ချင်းအိမ်မှာ ဆော့နေတုန်း
သူက ရောက်ချလာကော ကားပေါ်က ဆင်းလာတော့သူငယ်ချင်းက "ဟဲ့ ဟိုမှာ ရေမွန်လေ"တဲ့
ကိုယ့်မှာ ပြာယာခက်ပြီး သစ်ပင်နဲ့အပြေးလေးကွယ်ပြီး လိုက်ချောင်းရတာအမော
အကျီ အမဲ ဂျင်းနက်ပြာလေး ၀တ်ထားတာ
သိပ်လိုက်ဖက်တာပဲ ဒါတောင် ကိုယ်က ဗျက်ကနဲ
သူ့နောက်ကြောပဲတွေ့ခဲ့ရတာ
မှတ်မှတ်ရရ ကိုယ် 10 တန်းအောင်အောင်ပြီးချင်း
သရဲကြီးညဆိုပြီး ယုဇနပလာဇာမှာ Show အသေးလေး
လုပ်တာ ကိုယ်နဲ့ကိုယ့်အစ်မကအစ ကိုယ့်အမေအဆုံး
သူ့ကို ကြိုက်လွန်းလို့ အဲ့ညကို မျက်နှာတွေမှာ
သရဲပုံချယ်ပြီး သွားကြတာပေါ့
အဲ့ပွဲမှာ သူ့ကို စဉ်အောက်ကနေ အဲ့လောက် နီးနီးကပ်ကပ်မြင်ဖူးလိမ့်မယ်လို့ကို မထင်ခဲ့တာ
ကိုယ့်မှာ မျက်ရည်ကျမတတ် သီချင်းတွေတောင်
လိုက်မဆိုနိုင်ဘူး စဉ်အောက်ကနေ
တောင့်တောင့်ကြီးရပ်ပြီး သူ့ကို ပြုံးကြည့်နေခဲ့တာ
"အော ဒီလူသားက ဘာတွေနဲ့များ ငါ့ကို ပြုစားခဲ့ပါလိမ့်"လို့တောင် တွေးမိခဲ့တာ
အဲ့နောက်ပိုင်း သူ့ကိုအရမ်းကြိုက်လွန်းလို့
သူ့သီချင်းတွေနဲ့ပဲ ကြီးပြင်းခဲ့တာ
သူ့သီချင်းတိုင်းရဲ့ စာသားတိုင်းက အဓိပ္ပါယ်အရမ်းရှိပြီး
စိတ်ဓာတ်ကျမိတဲ့အချိန်နားထောင်မိရင်
ကိုယ့်ကိုယ်ကိုယ်တောင် သတ်သေမိနိုင်တဲ့အထိ
၀မ်းနည်းမှုတွေ ရူးသွပ်မှုတွေ ပုံပြီးပေးနိုင်လွန်းလို့
အဲ့ဒါနဲ့တစ်ဆက်ထဲ သူ့ သီချင်း Playlist တစ်ခုပြောင်းမိတာနဲ့ နွေးထွေးမှုက တစ်ခါထဲ တွဲပါတာ
အဲ့လောက်ထိ သူ့အသံက
ကိုယ့်အပေါ် လွှမ်းမိုးမှုတွေ ပေးခဲ့ပြီး
ကိုယ့်ဘေးမှာ ထိုင်ပြီး ကိုယ့်အတွက် ရှေ့ဆက်ဖို့
ခွန်အားပေး သီချင်းဆိုပေးနေသယောင်ထိ
သူ့အသံက ဆွဲဆောင်မှုရှိလွန်းလို့ အရမ်းကြိုက်ခဲ့တာ
ကိုယ်က သူ့ကို ရူးသွပ်တာထက်ကို ပိုခဲ့တာ
သူ့သီချင်းကို ကြားလိုက်တာနဲ့ အပြင်မှာ ဖြစ်ဖြစ်
အိမ်မှာ ဖြစ်ဖြစ် "အားးးးး ရေမွန် ငါသူ့ကို အရမ်းကြိုက်တာ အသေကြိုက်တာ သူက အရမ်းမိုက်တာ" ဆိုပြီး အော်လွန်းလို့ ဘေးအိမ်တွေဆီက
မျက်စောင်းထိုးခံနေကြ
ကိုယ့်မှာ သူနဲ့ ဓာတ်ပုံရိုက်ဖို့ အခွင့်အရေး
ဘယ်လောက်ရခဲ့ခဲ့ တွဲမရိုက်နိုင်ဘူး
သူနဲ့အရမ်းရင်းနှီးတဲ့သူတွေကိုလည်း
ကိုယ်နဲ့မိတ်ဆက်ပေးဖို့ အကြိမ်ကြိမ်ပြောမိပေမယ့်
သူ့ကိုဆို သွားမတွေ့ရဲဘူး
အရမ်းကြိုက်လွန်းလို့
သူ့ရှေ့မှာ ပေါက်ကရလုပ်မိမှာစိုးလို့
သူစိတ်ပျက်သွားမှာစိုးလို့ သူ့ကို အမြဲ ငေးကြည့်နေခဲ့တာ
အဲ့ဒီလူကြီးက အခုတော့ ကိုယ်တွေကို ကောင်းကင်ကနေ
ပြန်ပြုံး ငေးကြည့်နေပြီထင်ပါရဲ့.....
ကိုယ့်ချစ်သူကတောင် ကိုယ်က သူ့ကို
အရမ်းကြိုက်တတ်တာ သိလို့ စနောက်ပြီး
"Raymond နဲ့ ငါ့ကို ဘယ်သူရွေးမလဲ" မေးလိုက်တိုင်း
"သေချာပေါက် Raymond ကို ရွေးမှာပေါ့"လို့ ဖြေခဲ့တာ
Rest In Power Raymond
You will be missed, you will always be alive
in our hearts 💕
02/02/2021
AtoZ collection Page သည်
Civil Disobedience လုပ်ကြသော
ပြည်သူ့၀န်ထမ်းများနှင့်အတူ ရပ်တည်သွားပါမည်။
စစ်အာဏာရှင်စနစ် မုချ ကျဆုံးပါစေ။
31/01/2021
Don't you miss the school?
As for me, miss the school so much 🦋🦋🦋
ကျောင်းတော်ကြီးကို မလွမ်းကြဘူးလား?
ငါကတော့ အရမ်းလွမ်းတာပဲ 🦋🦋🦋
13/01/2021
Happy Karen New Year 🦋🦋🦋
သည်နေ့ဟာ ကရင်လူမျိုးများရဲ့ ၂၇၆၀ ပြည့်
နှစ်သစ်ကူးနေ့ ဖြစ်ပါတယ် 🌸🌸🌸
ပုံမှန်အားဖြင့် မနက် အစောပိုင်း ၅ နာရီလောက် ထပြီး အာလင်ကားဆင့်မှာ အလံသွားတင်လေ့ရှိပေမယ့်
ယခု ကိုဗစ်ကာလ အခြေအနေမှာတော့
စည်းကမ်းနှင့်အညီ ကရင်နှစ်သစ်ကို ကြိုဆိုကြတဲ့အတွက် ညီအစ်ကို မောင်နှမများအားလုံးကို တကယ် ကျေးဇူးတင်မိပါတယ် 💟💟💟
တစ်ဆက်တည်းမှာလည်း ပြည်တွင်းစစ်ထဲ ပြေးလွှားနေရသော ကရင်မိသားစုများအတွက် ဘေးရန်ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော 🤗🤗🤗
ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက် ပျော်ရွှင်စရာနှစ်သစ် ဖြစ်ပါစေလို့လည်း
မင်မင်ဆုတောင်းပေးလိုက်ပါတယ် 💕💕💕
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon